← Chapters

တိုက်ဆိုင်မှု

Vol. 12 Ch. 120

တိုက်ဆိုင်မှု

Vol. 12 Ch. 120

"အဘိုးကြီးပိုင်ကတော့ ကံကောင်းလွန်းတယ်ဗျာ။ သားဖြစ်သူကလည်း ထူးချွန်၊ တပည့်တွေကလည်း တစ်ယောက်ထက်တစ်ယောက် အစွမ်းထက်၊ အခု နောက်ဆုံးပိတ် တပည့်လေးကလည်း ဒီလောက်တောင် ပါရမီပါတာပဲ"

ဆရာကြီးစုန့်က မနာလိုဖြစ်လွန်း၍ သက်ပြင်းကို အကြိမ်ကြိမ် ချနေတော့သည်။

"မင်ယွဲ့... သမီး အပြင်ကို အရင်ထွက်နှင့်လို့ရပြီပထမပိုင်း အကဲဖြတ်မှုမှာ သမီးက အဆင့် ၄ ရတယ် နေ့လယ်ကျရင် ကျပန်းစစ်ဆေးမယ့် ဒုတိယပိုင်းမှာ ပြန်ဆုံကြတာပေါ့ ကံကောင်းပါစေ"

ဒုတိယဥက္ကဋ္ဌ ပိုင်က လေသံပျော့ပျောင်းစွာဖြင့် ဆိုလိုက်သည်။

သင်တန်းသားတစ်ဦးစီအတွက် မိနစ်နှစ်ဆယ်သာ အချိန်ရသဖြင့် မင်ယွဲ့ကို ကြာရှည်စွာ စကားပြော၍ ဆွဲထားရန် မသင့်တော်သောကြောင့် ဖြစ်သည်။ မင်ယွဲ့ အပြင်သို့ ထွက်လာချိန်တွင် အခန်း (၉) ရှေ့၌ စောင့်ဆိုင်းနေကြသူများက သူမ၏ မျက်နှာအမူအရာကို ကြည့်ကာ ရလဒ်ကို ခန့်မှန်းရန် ကြိုးစားကြသော်လည်း သူမ၏ တည်ငြိမ်လှသော မျက်နှာထားကြောင့် မည်သူမျှ အဖြေမထုတ်

နိုင်ကြပေ။

ခန်းမကြီးအတွင်းသို့ ရောက်ရှိလာသောအခါ ပိုင်ကျင်းနှင့် ယွမ်ပေါ့တို့မှာ ထောင့်တစ်နေရာတွင် စောင့်ဆိုင်းနေသည်ကို မင်ယွဲ့ လှမ်းမြင်လိုက်ရသည်။ ၎င်းတို့နှစ်ဦး (တစ်ဦးနှင့် တစ်ကောင်) မှာ မြင်ရသူအပေါင်းကို စွဲမက်စေသော ပန်းချီကားတစ်ချပ်ကဲ့သို့ အေးချမ်းလှပနေသည်။

"သွားကြရအောင်"

"အေးလေ... အရင်ဆုံး ထမင်းသွားစားကြမယ်

ဒုတိယပိုင်းက နေ့လယ်မှစမှာ"

ပိုင်ကျင်း၏ စကားကို မင်ယွဲ့က ခေါင်းညိတ် ထောက်ခံလိုက်သည်။

၎င်းတို့နှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်ကာ ခန်းမထဲရှိ မိန်းကလေးတစ်ဦးက မျက်လုံးလေးများ တောက်ပလျက် -

"အဲ့ဒီနှစ်ယောက်က တကယ့်ကို အဆင့်အတန်းရှိတာပဲ သူတို့ဆီက အကောင်လေးကလည်း ချစ်စရာကောင်းလိုက်တာ"

"နင် သိလို့လား... ဟိုယောကျ်ားလေးက ဘယ်သူလဲဆိုတာ"

ဘေးမှ လူငယ်တစ်ဦးက မေးလိုက်ရာ မိန်းကလေးက မသိကြောင်း ဖြေသည်။

ထိုအခါ လူငယ်က ခပ်ထေ့ထေ့ ပြုံးလိုက်ရင်း -

"သူက ဒုတိယဥက္ကဋ္ဌ ပိုင်ရဲ့သား 'ပိုင်ကျင်း' လေ

နင်တို့လို နယ်ကလာတဲ့လူတွေက ဘာမှ သိတာမဟုတ်ဘူး"

လူငယ်မှာ မိမိကိုယ်ကို မြို့တော်သူ မြို့တော်သား ဖြစ်ကြောင်း ဂုဏ်ယူနေသူ ဖြစ်သည်။ သို့သော် မိန်းကလေးမှာလည်း အရှုံးမပေးဘဲ ပြန်လည် ချေပလိုက်သဖြင့် ခန်းမအတွင်း အငြင်းပွားသံများဖြင့် ဆူညံသွားတော့သည်။

မင်ယွဲ့နှင့် ပိုင်ကျင်းတို့သည် ဂီတအစည်းအရုံး ရုံးချုပ်အနီးရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာသော်လည်း လူများမှာ ကြိတ်ကြိတ်တိုး စည်ကားနေသည်။ အကဲဖြတ်ပွဲကြောင့် လူအများက ကြိုတင် ဘိုကင် လုပ်ထားကြသဖြင့် ၎င်းတို့အတွက် ထိုင်ခုံလွတ် မရှိတော့ပေ။

"မင်ယွဲ့..."

ထိုစဉ် နက်ရှိုင်းသြဇာရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းတို့ လှည့်ကြည့်

လိုက်သောအခါ မိုဟန်ကျီကို တွေ့လိုက်ရသည်။

ပိုင်ကျင်း၏ လက်ထဲရှိ ယွမ်ပေါ့မှာ မိုဟန်ကျီကို မြင်သည်နှင့် အငြိမ်မနေဘဲ ရုန်းကန်နေတော့သည်။

မင်ယွဲ့က ယွမ်ပေါ့၏ နားရွက်လေးကို အသာအယာ ဆွဲလိုက်ရင်း 'ငြိမ်ငြိမ်နေစမ်း' ဟု စိတ်ချင်း ဆက်သွယ်ကာ သတိပေးလိုက်ရသည်။

"အမှုဆောင်အရာရှိချုပ် မို..."

"ဟန်ကျီလို့ပဲ ခေါ်ပါ"

မိုဟန်ကျီက မင်ယွဲ့ကို ကြည့်ကာ လေသံကို လျှော့၍ ဆိုသည်။

သူတို့ကြားတွင် 'ဥက္ကဋ္ဌမို' ဟု ခေါ်ဝေါ်နေခြင်းက အလှမ်းကွာဝေးလွန်းသည်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။

မိုဟန်ကျီ၏ နောက်တွင် ရပ်နေသော လက်ထောက်လင်းမှာမူ ပြုံးပျော်နေတော့သည်။

ယနေ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ချိန်းဆိုမှုကို ဖျက်လိုက်သဖြင့် ဥက္ကဋ္ဌမှာ ဒေါသထွက်နေခဲ့သော်လည်း၊ မစ္စမင်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် နွေဦးလေပြေကဲ့သို့ အေးမြသွားသည်ကို သူ သတိထားမိလိုက်သည်။

"ဟန်ကျီ... ရှင်က ဒီကို ဘာလာလုပ်တာလဲ”

"စီးပွားရေးကိစ္စ ဆွေးနွေးဖို့ပါ မင်းကရော ဘာကိစ္စရှိလို့လဲ”

မိုဟန်ကျီက ပိုင်ကျင်းကို တစ်ချက် ဝေ့ကြည့်ရင်း မေးလိုက်သည်။

"ဟန်ကျီ... ဒါက ကျွန်မရဲ့ စီနီယာအစ်ကို ပိုင်

ကျင်းပါ"

မင်ယွဲ့က မိတ်ဆက်ပေးလိုက်ရာ အမျိုးသားနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အပြန်အလှန် ခေါင်းညိတ် နှုတ်ဆက်ကြသည်။

ပိုင်ကျင်းသည် မိုဟန်ကျီ၏ အကြည့်များမှာ မိမိအပေါ်တွင် သံသယနှင့် စိုးရိမ်စိတ်များ ရှိနေသည်ကို ခံစားလိုက်ရသည်။

"ထိုင်ခုံ မရှိဘူးလား”

မိုဟန်ကျီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဆိုင်တစ်ခုလုံး လူပြည့်နေသည်ကို တွေ့ရသည်။ လက်ထောက်လင်းကလည်း အခြေအနေကို ပါးနပ်စွာ ရှင်းပြသည်။

"ကျွန်တော်တို့ရဲ့ သီးသန့်ခန်းမှာပဲ အတူတူ စားကြမလား”

မိုဟန်ကျီက အကြံပြုလိုက်ရာ လက်ထောက်လင်းက ချက်ချင်းပင် ရှေ့မှသွား၍ အစီအစဉ်များ ပြုလုပ်ပေးတော့သည်။

မင်ယွဲ့ကလည်း အချိန်မရှိသဖြင့် အားနာနာနှင့်ပင် သဘောတူလိုက်ရသည်။

"ကျေးဇူးတင်ပါတယ် လက်ထောက်လင်းကျေးဇူးပဲ ဟန်ကျီ... နောက်တစ်ခါကျရင် ကျွန်မ ပြန်ကျွေးပါ့မယ်"

မင်ယွဲ့က ပြုံးလျက် ကတိပေးလိုက်သည်။

သူမ၏ စကားကြောင့် မိုဟန်ကျီ၏ မျက်နှာမှာ အေးစက်နေသော်လည်း မျက်ဝန်းများထဲတွင်မူ အပြုံးရိပ်များ ထင်ဟပ်သွားသည်။ သူသည် ဤကတိကို တကယ်ပင် အလေးအနက် မှတ်သားထားပုံရသည်။

သီးသန့်ခန်းအတွင်းသို့ ရောက်သောအခါ ယွမ်ပေါ့သည် ဟင်းနံ့များကို ရရုံနှင့် သွားရည်ကျနေတော့သည်။

မင်ယွဲ့က လက်အိတ်စွပ်ကာ ကြက်ပေါင်တစ်ခုကို ခွံ့ကျွေးလိုက်ရာ ပိုင်ကျင်းက သူမ၏ ခွေးကလေးမှာ လူနှင့် တူလွန်းလှသည်ဟု ထူးထူးဆန်းဆန်း တွေးမိနေသည်။

စားသောက်ပြီးနောက် ပိုင်ကျင်းက ပိုက်ဆံရှင်းရန် ပြင်သော်လည်း ဝန်ထမ်းက -

"လူကြီးမင်းတို့အတွက် ကျသင့်ငွေကို ရှင်းပြီးပါပြီခင်ဗျာ"

ဟု ဆိုသဖြင့် မည်သူဖြစ်ကြောင်း မင်ယွဲ့ ချက်ချင်း သိလိုက်သည်။

မိုဟန်ကျီ၏ စေ့စပ်သေချာမှုနှင့် ရက်ရောမှုကြောင့် မင်ယွဲ့မှာ သူ့ကို ပြန်လည် ကျွေးမွေးရန်သာ စိတ်ထဲတွင် မှတ်ထားလိုက်တော့သည်။

သူတို့နှစ်ဦးသည်လည်း အနားယူပြီးနောက် ဒုတိယပိုင်း အကဲဖြတ်မှုအတွက် ဂီတအစည်းအရုံးသို့ ပြန်လည် ထွက်ခွာခဲ့ကြလေသည်။

All Chapters