Chapters

ဘယ်နေရာမှာ မှားသွားတာလဲ

Vol. 10 Ch. 99

ဘယ်နေရာမှာ မှားသွားတာလဲ

Vol. 10 Ch. 99

မင်ယွဲ့သည် သူမ၏ ကိုယ်ပိုင်ကားလေးကို မောင်းနှင်လျက် ရှင်းယောင်လုပ်ငန်းစု သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သည်။

ခန့်ညားထည်ဝါလှသော ကုမ္ပဏီအဆောက်အဦးကြီးအတွင်းသို့ သူမ ဝင်လှမ်းလိုက်သည်နှင့် ဧည့်ကြိုဝန်ထမ်းများ၏ မျက်ဝန်းအစုံမှာ အံ့ဩမှင်သက်မှုကြောင့် ဝိုင်းစက်သွားရတော့သည်။

ယခုအခါတွင်မူ ယွမ်ပေါ့သည် ပုံရိပ်ယောင်ခန္ဓာကိုယ်ကို စိတ်ကြိုက်ဖန်တီးနိုင်ပြီဖြစ်ရာ မင်ယွဲ့၏ ပုခုံးပေါ်တွင် လက်ဖဝါးခန့်သာရှိသော ပန်ဒါရုပ်သေးသေးလေးအသွင်ဖြင့် ငြိမ်သက်စွာ ထိုင်နေသည်။

ထိုအဖြူအမဲရောင် အလုံးလေးမှာ အလွန်ပင် ချစ်စဖွယ်ကောင်းလှသဖြင့် မင်ယွဲ့သည် ၎င်းအား အသွေးအသားရှိသော ခန္ဓာကိုယ်အစစ်အမှန် ဝယ်ပေးနိုင်မည့်နေ့ကိုပင် မျှော်လင့်နေမိသည်။

"ယွဲ့ယွဲ့... နင့်ရဲ့ အချစ်ကြယ်က ထွန်းလင်းနေတယ်ဟ၊ နဖူးစာဖူးစာရှင်က မကြာခင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့မှာ”

ပန်ဒါလေးက စကားပြောလာခြင်းဖြစ်သည်။

ယွမ်ပေါ့ ပေါ်လာပြီးနောက်ပိုင်း မင်ယွဲ့၏ သိပ္ပံနည်းကျ အယူအဆများမှာ တစ်စစီ ပြိုကွဲပျက်စီးနေရပြီ ဖြစ်သည်။

"ပါးစပ်ပိတ်ထားစမ်းပါ ယွမ်ပေါ့ရာ... ဖူးစာနတ်

ဖက်တဲ့ နတ်သားအလုပ်ကို လုမလုပ်နဲ့ နင်က ငွေကြေးနတ်သားပဲ လုပ်စမ်းပါ”

မင်ယွဲ့က တိုးတိုးလေး ပြန်လည်နှိမ်လိုက်သည်။

သူမအတွက်မူ ငွေရှာခြင်းသည်သာ အဓိကကျသော ရည်မှန်းချက် မဟုတ်ပါလော။

လက်ထောက်လင်သည် မင်ယွဲ့အား ကြိုဆိုရန် ကိုယ်တိုင်ဆင်းလာခဲ့သည်။

သူသည် သူမအား ဥက္ကဋ္ဌသီးသန့် ဓာတ်လှေကားဆီသို့ ဦးဆောင်ခေါ်သွားရာ ဝန်ထမ်းများကြားတွင် ဟိုးလေးတကျော်ကျော် ဖြစ်သွားတော့သည်။

"အဲ့ဒီ မိန်းကလေးက ဘယ်သူလဲ လက်ထောက်လင်ကတောင် ကိုယ်တိုင်ဆင်းကြိုရတယ်ဆိုတော့ ဥက္ကဋ္ဌမိုနဲ့ ဘယ်လိုပတ်သက်နေတာလဲ”

"အတွင်းရေးမှူးအသစ်များလား ဒါမှမဟုတ် လက်ထောက်လင်ရဲ့ ရည်းစားလား”

လက်ထောက်လင်သည် ဝန်ထမ်းများ၏ ဝီချက်

ဂရုထဲတွင် ခိုးကြောင်ခိုးဝှက် နားစွင့်နေရင်း ရယ်မောမိသည်။ သူက ဂရုထဲတွင် တိုက်ရိုက်ပင် ဝင်ရောက်ပြောဆိုလိုက်သည်။

"ငါက အဲ့ဒီလောက် အဆင့်အတန်း မြင့်လို့လား။ အလုပ်လုပ်နေတုန်း အတင်းပြောနေရင် လစာအဖြတ်ခံရမယ်လို့ ဥက္ကဋ္ဌကို တိုင်လိုက်မှာနော်”

စက္ကန့်ပိုင်းအတွင်းမှာပင် ဂရုထဲရှိ လူငါးရာခန့်မှာ ကြောက်လန့်တကြားဖြင့် ထွက်ခွာသွားကြရာ လူလေးဆယ်ခန့်သာ ကျန်တော့သည်။

လက်ထောက်လင်က ကျန်ရှိနေသောသူများကို အတင်းအကျပ် အလုပ်ပြန်ဝင်ခိုင်းသဖြင့် ကုမ္ပဏီတစ်ခုလုံး တိတ်ဆိတ်

ငြိမ်သက်သွားတော့သည်။

ရုံးခန်းအတွင်းသို့ ရောက်သောအခါ မိုဟန်ကျီနှင့် မင်ယွဲ့တို့သည် တူညီသော ဘဏ္ဍာရေးနယ်ပယ်မှ ဖြစ်သဖြင့် စကားလက်ဆုံ ကျနေကြသည်။ မိုဟန်ကျီ၏ နက်ရှိုင်းလှသော အတွေ့အကြုံများနှင့် လမ်းညွှန်မှုများက မင်ယွဲ့အား များစွာ ဗဟုသုတ ဖြစ်စေသည်။

"မစ္စမင်ယွဲ့... ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် စက်ကိရိယာတွေကို လိုက်ကြည့်ရအောင်”

မိုဟန်ကျီသည် မင်ယွဲ့အား အဌမထပ်ရှိ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနသို့ ခေါ်ဆောင်သွားသည်။ လုံခြုံရေးတံခါးများစွာကို ဖြတ်သန်းပြီးနောက် မင်ယွဲ့သည် အဆင့်မြင့်နည်းပညာများ၏ ရှေ့မှောက်သို့ ရောက်ရှိသွားခဲ့သည်။

ကွန်ပျူတာဖန်သားပြင်ပေါ်မှ ရှုပ်ထွေးလှသော ကိန်းဂဏန်းများ၊ လည်ပတ်နေသော စက်ရုပ်လက်တံများနှင့် တိကျလှသော တိုင်းတာရေး ကိရိယာများကို ကြည့်ရင်း မင်ယွဲ့ ရင်ထဲတွင် တုန်လှုပ်ချောက်ချားဖွယ်ရာ ဂုဏ်ယူမှုကို ခံစားလိုက်ရသည်။ ယခင်က ဆရာရန် ပြောပြခဲ့သော ရှင်းယောင်လုပ်ငန်းစု၏ အင်အားကို သူမ ယခုမှပင် လက်တွေ့မျက်မြင် တွေ့ရှိရတော့သည်။

သိပ္ပံနှင့် ပညာရေးဖြင့် နိုင်ငံတော်ကို ပြန်လည်ဦးမော့စေခြင်း၊ စက်မှုလုပ်ငန်းဖြင့် တိုင်းပြည်ကို အားကောင်းစေခြင်း ဟူသော စကားလုံးများ၏ အဓိပ္ပာယ်မှာ ဤနေရာတွင် ပို၍ပင် ထင်ရှားပီပြင်နေတော့သည်။ မိုဟန်ကျီသည် ဤခေတ်မီလှသော နည်းပညာအင်ပါယာကို တည်ဆောက်ခဲ့သူဖြစ်ရာ သူ၏ ရည်မှန်းချက်မှာ မည်မျှအထိ ကြီးမားနက်ရှိုင်းမည်ကို မင်ယွဲ့ ခန့်မှန်းကြည့်နေမိတော့သည်။