အပြောင်းအလဲကြီး
Vol. 1 Ch. 5
"အမ ကျွန်မတို့ ဆိုင်ရဲ့ ဈေးနှုန်းတွေက ရုံးချုပ်ကသတ်မှတ်ထားတာပါ။"
"ဟယ်လို... ငွေရှင်းမယ်။"
"အမ စုစုပေါင်း ၁၇၈ဝ ယွမ်ပါ။ ဒီမှာ ဘေလ်ပါ။"
မင်ယွဲ့ လက်ငွေအလုံအလောက်မရှိတော့ မိုဘိုင်းပေ့ချ်နဲ့ပဲ ရှင်းလိုက်ရတယ်။ မနေ့ညက ပြေးလာရတာနဲ့ ဝင်ငွေအနည်းငယ်ရထားတာ ကံကောင်းတယ်။
"ဟယ်လို?"
မင်ယွဲ့ အဝတ်အစားတွေနဲ့ ထွက်လာတော့မယ်ဆိုတုန်း တစ်ယောက်ယောက်က ရပ်တန့်လိုက်တယ်။
အဲဒီ အမျိုးသမီးက ဒီအဝတ်ကို သူမ ရမသွားတာနဲ့ ဂုဏ်သိက္ခာကျသွားသလိုခံစားရလို့ ပြောလိုက်တာက-
"ငါ ဒီအဝတ်ကို မင်းဆီက ဝယ်မယ်။ နှစ်ထောင်ပေးမယ်။"
မင်ယွဲ့ က သူမကို စိတ်နာသူလို့ထင်မိတယ်။
"အမကြီးရေ မဝယ်ခင် ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက်ပါလား? ဒီအဝတ်က S size ပါ။"
"မင်းကမှ အမကြီး
"ဒါဆို... အန်တီ..."
"ငါဝတ်လို့ရတယ် မရဘူးဆိုတာ မင်းနဲ့မဆိုင်ဘူး။ ငါဝယ်ချင်တာပဲ။"
မင်ယွဲ့ တကယ်နားမလည်ဘူး။ ချမ်းသာတဲ့လူတွေက ငွေသုံးစရာမရှိလို့လား။ ဒါမှမဟုတ် ဒီလိုနေရာမှာ စိတ်ထွက်ပြီး ငြင်းခုန်နေကြတာလား။
"မရောင်းဘူး။"
အမျိုးသမီးက ဆက်ပြီးအကြောင်းမဲ့ပြောနေပြီး လက်နဲ့ ရိုက်ဖို့ကြိုးစားတယ်။
မင်ယွဲ့က သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်တယ်။ မျက်နှာတွေအေးစက်သွားတယ်။
"အန်တီ... ဆက်ပြီးအကြောင်းမဲ့လုပ်နေရင် ရဲခေါ်မယ်နော်။"
"ဒုက္ခရောက်တယ်။"
နောက်က ဒေါသထွက်နေတဲ့သူကို လျစ်လျူရှုပြီး မင်ယွဲ့ လှည့်ထွက်သွားတယ်။ စင်တာထဲလှည့်ပြီး လဲစရာအဝတ်အစားအနည်းငယ် ထပ်ဝယ်လိုက်တော့ တစ်ပြားမှမကျန်တဲ့ဆင်းရဲသားဘဝပြန်ရောက်သွားတယ်။
"မင်ယွဲ့ ဆံပင်ညှပ်လိုက်တာနော်။ အရမ်းလှသွားပြီ။"
အသံကြားတော့ အဘွားလီက တံခါးဖွင့်ပေးရင်းပြောတယ်။
"အဘွားလီ”
မင်ယွဲ့ က သူဝယ်လာတဲ့သစ်သီးကို ပေးလိုက်တယ်။
"မလိုပါဘူးကွယ်။ ကိုယ့်အတွက်ကိုယ်ဝယ်စား
အဘွားအတွက်တော့ ပိုက်ဆံအပိုမသုံးနဲ့။"
အဘွားရဲ့ လပြည့်လစာက တစ်လ ယွမ်၆ဝဝဝ ရတယ်။ လုံလောက်ပါတယ်။ အလုပ်မရှိတဲ့ မင်ယွဲ့ထက် အတော်ပိုကောင်းတယ်။
ဒါပေမယ့် သူမက မင်ယွဲ့ကို အရမ်းဂရုစိုက်တယ်။ ဒါကြောင့် မင်ယွဲ့အနေနဲ့ သူမနဲ့အချိန်ပိုဖြုန်းပေးတာ၊ အိမ်မှုကိစ္စလေးတွေကူလုပ်ပေးတာ၊ သစ်သီးဝယ်ပေးတာလေးတွေပဲလုပ်နိုင်တယ်။
မင်ယွဲ့က တံခါးကိုတိုးဖွင့်ပြီး အဘွားလီရဲ့အိမ်ဝင်ပေါက်မှာ အရာတွေထားခဲ့ပြီး သူမရဲ့အိမ်ကိုပြန်ဝင်သွားတယ်။
"ဒီကလေး။"
မင်ယွဲ့က အဝတ်အသစ်တွေအားလုံးလျှော်ပြီး အိပ်ရာပေါ်လှဲကာ ပြတင်းပေါက်မှာ လေတိုက်လို့ လှုပ်ရှားနေတဲ့အဝတ်တွေကိုကြည့်ရင်း စိတ်ထဲမှာ စိတ်လှုပ်ရှားမိတယ်။ ဒါက စနစ်ကြီးကနေ ရရှိခဲ့တဲ့ ပထမဆုံးရွှေတုံးပဲ။ သူမရဲ့ဘဝက နောက်ပိုင်းမှာ တိုးတက်ကောင်းမွန်လာမှာပဲ။
အိပ်ပျော်တော့မယ့်အချိန် ဖုန်းသံကြားပြီး နိုးသွားတယ်။
"ဟယ်လို? ဘွဲ့နှင်းသဘင်ဓာတ်ပုံ? အိုကေ။"
အတန်းမှူးကြောင့်ပါ။ သူတို့ဌာနက ဓာတ်ပုံရိုက်ဖို့ စောနေတယ်တဲ့။ အလေးပေးပြီးခေါ်နေတာက ကျောင်းပြန်ဖို့နဲ့ အချိန်ပေးဖို့ပဲ။
အတန်းဖော်တွေကတော့ သူမအလုပ်ထုတ်ခံရတာ မသိကြသေးဘူးထင်တယ်။
အတန်းမှူးဖုန်းပြောပြီးတာနဲ့ အခန်းဖော် ဝမ်ကျန်းက ဖုန်းဆက်လာတယ်။
"မင်ယွဲ့ မင်းမနက်ဖြန်အားလား? ငါသွားလည်မယ်ဟေ့။"
သူမနဲ့ အဆင်ပြေဆုံးအခန်းဖော်ပဲ။
"အိုကေ။ မနက်ဖြန် ဟုန်ဝေရပ်ကွက်ကိုလာတွေ့နော်။ အတူထွက်လည်မယ်။"
မနက်ဖြန်ထွက်ဖို့ ပိုက်ဆံလိုတယ်ဆိုတာ သတိရလို့ ပင်ပန်းနွမ်းနယ်တဲ့ကိုယ်ကို ညပြေးဖို့ဆွဲထုတ်လိုက်တယ်။
ပြန်ရောက်ပြီး လှဲတော့ ည ၁၁ နာရီကျော်သွားပြီ။
ည ၁၂ နာရီမှာ စနစ်ကြီးကဆုချပေးမယ်ကို စောင့်နေတယ်။
"ဒင်း - ဒီနေ့ရဲ့တွက်ချက်မှု:
အခြေခံလှမ်းရေ ၁၃ဝဝဝ၊ ဆုကြေး ၁၃ဝဝဝ ယွမ်။
ဆံပင်ပြောင်း၊ ဆွဲဆောင်မှု +၁
အဝတ်အစားပြောင်း၊ ဆွဲဆောင်မှု +၁
စုစုပေါင်း ဆွဲဆောင်မှုတိုး ၂ ပွိုင့်၊ လက်ရှိ ဆွဲဆောင်မှု ၆၂ ပွိုင့်။
ဆွဲဆောင်မှု ၁ ပွိုင့်ကို ဆုကြေး ၁ဝဝဝဝ ယွမ်။
ဒီနေ့စုစုပေါင်း: ၃၃ဝဝဝ ယွမ်။
ဘဝလက်တွဲဖော်... ဆက်ကြိုးစား!!!"
ဖုန်းထဲမှာ ဘဏ်ကအကြောင်းကြားစာ ရောက်လာတာနဲ့ မင်ယွေ့ အိပ်ပျော်သွားတယ်။
—
"မင်ယွဲ့”
ဝမ်ကျန်းက ရှေ့ကလူကို သူမရဲ့အခန်းဖော်လို့တောင် မှတ်မိတာမဟုတ်ဘူး။
"မင်း ဘယ်လိုလို့ ဒီလောက်လှနေရတာလဲ? ငါမင်းကို အရမ်းချစ်ဖို့ကောင်းနေတာပါပဲ လာပါဦး”
သူမက ခုန်ပေါက်ပြီးလာပွေ့တယ်။
"ငါပြောသားပဲ နင်ကိုယ့်ကိုယ်ကိုယ်သေချာပြင်ဆင်ဖို့။ အခုကြည့်လေ၊ ဘယ်လောက်လှလဲ။"
"အိုကေ။ မနက်စာစားပြီးပြီလား?"
မင်ယွဲ့ပြုံးရင်းပြောပြီး သူမကိုဆွဲခေါ်ကာ ရပ်ကွက်ထိပ်က မနက်စာဆိုင်ကိုခေါ်သွားတယ်။
"မင်ယွဲ့... အိမ်နေရာအသစ်ပြောင်းမလား? ဒါက ရပ်ကွက်ဟောင်းပဲ။ မိန်းကလေးတစ်ယောက်တည်း ဒီမှာနေရင် သိပ်မစိတ်ချရဘူး။"
"ငါ့အိမ်ရှင်က အတော်ကောင်းတယ်။ ဒီမှာပဲ ခဏနေဦးမယ်
မင်ယွဲ့မှာ အခု ပိုက်ဆံမလုံလောက်သေးဘူး။ ဒါပေမယ့် လုံလောက်တဲ့အခါ ပြောင်းမှာသေချာတယ်။
"ပိုက်ဆံမလုံလောက်လို့လား? ငါအရင်ချေးပေးမယ်လေ နင်အဆင်ပြေတဲ့အချိန်မှ ပြန်ပေးနော်။"
ဝမ်ကျန်းရဲ့မိသားစုက ဒေသခံပဲ။ ချမ်းသာတဲ့မိသားစုတော့မဟုတ်ပေမယ့် မင်ယွဲ့အတွက်တော့ သူတို့မိသားစုအခြေအနေက အတော်ကောင်းတယ်။
မင်ယွဲ့ရဲ့မိဘတွေက တစ်လ ယွမ် ၃ဝဝဝ ကျပ်နှုန်းပေးတယ်။
မင်ယွဲ့ရဲ့လစာက ကိုယ်တိုင်ရှာဖွေစားသောက်တဲ့ပုံစံပဲ။ ပထမနှစ်မှာ မိဘတွေက တစ်လ ယွမ် ၁ဝဝဝ ပေးတာကလွဲရင် အလုပ်ခွဲဝင်လုပ်နိုင်တဲ့အခါ မိဘတွေဆီကပိုက်ဆံမယူတော့ဘူး။ သူမရဲ့မိသားစုအခြေအနေက သာမန်ပဲ။ မိဘတွေ ပိုက်ဆံစုပြီး လုပ်စားရင်းနာမကျန်းဖြစ်မှာကိုလည်း စိုးရိမ်တယ်။ ဒါဆို ပိုဆိုးသွားမယ်။
"မလိုပါဘူး။ ငါ့မှာ သုံးစရာပိုက်ဆံရှိတယ်။"
ဝမ်ကျန်းကတော့ အနည်းငယ်သံသယဝင်နေတယ်။
"မင်းအလုပ်စပြီးတာနဲ့ အိမ်ငှားရတယ်၊ အဝတ်အစားဝယ်ရတယ်။ ဘယ်မှာပိုက်ဆံကျန်မှာလဲ?"
သူမက မင်ယွဲ့အလုပ်အတွက် အဝတ်အသစ်ဝယ်တယ်လို့ထင်တယ်။ အလုပ်ထုတ်ခံရတာမဟုတ်ဘူးပေါ့။
"ကျန်းကျန်း... ငါအလုပ်ထုတ်ခံရတယ်။"
ဝမ်ကျန်းက ယန်းတက္ကသိုလ်မှာ သူမရဲ့အခင်ဆုံးသူငယ်ချင်းပဲ။ နောက်ဆုံးတော့ အမှန်အတိုင်းပြောဖို့ဆုံးဖြတ်လိုက်တယ်။
"ဘာကြောင့်လဲ?"
သူငယ်ချင်းရဲ့ထူးချွန်မှုကို သိတဲ့အတွက် မင်ယွဲ့အလုပ်ထုတ်ခံရမယ်လို့ လုံးဝမယုံဘူး။
"လျူးယွဲ့ကို မှတ်မိသေးလား? သူမက ကုမ္ပဏီရှယ်ယာရှင်ရဲ့သမီးပဲ။"
"သူမက မင်းကို ရည်ရွယ်ပြီးဒုက္ခပေးတာလား?"
"ဟုတ်တယ်။"
မင်ယွေ့ကအစက မသိခဲ့ဘူး။ လျုးယွဲ့က ဒီလိုမှကျေနပ်မယ်ထင်လို့လား။ သူမကိုအလုပ်ထုတ်ပြီးတာနဲ့ အကြောင်းရင်းကိုတောင်ပြောပြလိုက်တယ်။ တကယ်ပဲ သေချာသေသေချာချာ သေစေချင်တာပဲ။
ဒါကြောင့်လားမသိ။ ချမ်းသာတဲ့လူတွေရဲ့ကစားနည်းပဲ။ သူမကို လှန်မထွက်နိုင်တဲ့ပုရွက်ဆိတ်လေးတစ်ကောင်အဖြစ်မြင်ပြီး စိတ်တိုင်းကျညှဉ်းပန်းနှိပ်စက်ခွင့်ရတယ်လို့ထင်တယ်။
"တကယ်ပဲ မျက်နှာရုပ်ဆိုးသလို စိတ်နှလုံးပါဆိုးတယ်။"
ဝမ်ကျန်းက စဉ်းစားစရာမလိုဘဲပြောလိုက်တယ်။
"သူမက ငါတို့ဌာနရဲ့ ဌာနပန်းပဲ။" မင်ယွဲ့က နှစ်နှစ်ကာကာပြောတယ်။ သူမအသံထဲမှာ ဘာမှမပါဘူး။ စိတ်ခံစားချက်လား၊ သရော်စကားလား မသိဘူး။
ဝမ်ကျန်းက မင်ယွဲ့ကို ဒီလိုမြင်ရတော့ အနည်းငယ်အံ့အားသင့်သွားတယ်။
"မင်ယွဲ့... မင်းတော်တော်ပြောင်းလဲသွားပြီ။ ဒါပေမယ့် ဒီဌာနပန်းဆိုတာ မင်းကပဲ သူမကိုပေးထားတာမဟုတ်လား? မင်းအခုပုံစံနဲ့ဆို ကျောင်းပန်းတောင်ဖြစ်နိုင်တယ်။"
မင်ယွဲ့က သူမကိုယ်တိုင်ပြောင်းလဲသွားတဲ့အကြောင်းရင်းကို သိပါတယ်။
သေချာတာပေါ့။ သူမပြောင်းလဲသွားတယ်။ ကြောက်စရာမလိုတော့ဘူး။ အလှကိုလည်း မဖုံးအုပ်ထားရတော့ဘူး။
ဒီအရာအားလုံးက စနစ်ကြီးကပါလာတဲ့ ယုံကြည်မှုကြောင့်ပဲ။
"သွားကြရအောင်။ မင်းအလုပ်ထွက်တာကိုအထိမ်းအမှတ်တည့် ဒီအစ်မ ဒီနေ့ကြီးကြီးမားမားတစ်ခုလုပ်ကြမယ်။ နင့်ကို မိတ်ကပ်တစ်ဆက်စာ ဝယ်ပေးမယ်
"မလိုပါဘူး။ ငါ့မှာပိုက်ဆံရှိတယ်။"
မင်ယွဲ့က ဒီနေ့လမ်းမလျှောက်ခိုင်းဘဲ Didi ခေါ်တယ်။
နှစ်ယောက်က လူသွားလမ်းပေါ်ရောက်လာတယ်။
"မင်ယွဲ့ ဒီဟာလေးကောင်းတယ် ငါသုံးနေကြပဲ”
ဝမ်ကျန်းက ယွမ် ၁၈ဝဝ တန်အရေပြားထိန်းသိမ်းရေးပစ္စည်းစုံတစ်စုံကိုညွှန်ပြောတယ်။
မင်ယွဲ့က သူ့ပုံစံနဲ့မတူပဲ နောက်ဆုံးတော့ သူမကိုယ်တိုင်ပဲ သူ့အတွက်သူဝယ်လိုက်တယ်။
ဝမ်ကျန်းက သူမကိုခေါ်ပြီး လျောက်ကြည့်ပြီးနှုတ်ခမ်းနီ၊ မျက်လုံးခြယ်ဆေး၊ ပါးနီ တွေ အကုန်လုံးဝယ်ခိုင်းတယ်။
စုစုပေါင်း ယွမ် ၃ဝဝဝ ကုန်တယ်။
"ငါကမင်းကိုလက်ဆောင်ပေးမယ်လို့ပြောတာကို ဘာလို့ကိုယ့်ဘာသာဝယ်ရတာလဲ”
"ကြိုးစားမှုကို အသိအမှတ်ပြုတယ်။ ငါ့မှာပိုက်ဆံရှိတယ်။ ပိုက်ဆံမရှိရင် ငါကြောင့်ကြမှာမဟုတ်ဘူး။ ငါတို့က မိသားစုလိုပဲ။"
မင်ယွဲ့ပြောပြီး သူမရဲ့ပခုံးပေါ်လက်တင်လိုက်တယ်။
"အိုကေ။ အခက်အခဲရှိရင် ငါ့ကိုပြောပြရမယ်နော်။ သွားမယ်၊ မင်းကိုညစာကျွေးမယ်။ ဒီတစ်ခါတော့ ကြောင့်ကြစရာမလိုဘူးနော်။"
ဝမ်ကျန်းက ဟော့ပေါ့စတိုးတစ်ခုကိုခေါ်သွားတယ်။
ဒီနေ့က စနေနေ့။ ကောင်လေးဝန်ထမ်းတစ်ယောက် လာလာနေတယ်။
မင်ယွဲ့က သူတို့ကိုကြည့်ရင်း သူမရဲ့အရင်အလုပ်ခွဲကာလကို သတိရမိတယ်။
"ယွမ်ပေါ့... ကျေးဇူးတင်ပါတယ်!"
တီဗီဇာတ်လမ်းတွဲကြည့်နေတဲ့ ယွမ်ပေါ့က အသံကြားတော့ အာရုံပြန်ရောက်လာတယ်။
"ဘုရားတွေကိုယ်စား မင်းကိုကာကွယ်ပေးမယ်။ ကျေးဇူးတင်စရာမလိုဘူး!"
မင်ယွဲ့ရဲ့စိတ်ခံစားချက်အနည်းငယ်က တန်းပြီးပြိုကွဲသွားတယ်။
"ဘယ်ဘုရားလဲ? ကြွယ်ဝချမ်းသာမှုဘုရားလား?"
"အော်မနေနဲ့။ ကာတွန်းကြည့်နေတယ်”
မင်ယွဲ့က သူမရဲ့စိတ်ထဲက အချက်အလက်စီးဆင်းမှုကို မြင်နေရသေးတယ်။ ဒါကယွမ်ပေါ့ဆိုတာ သူမသိတယ်။
“ဒီည နင့်အိမ်မှာ အတူတူအိပ်ကြမလားမင်ယွဲ့မနက်ဖြန်ကျောင်းကိုအတူသွားမယ်။ ဓာတ်ပုံရိုက်မယ်။"
ဝမ်ကျန်းက အကြံပေးတယ်။
"မဟုတ်ဘူး။ မနက်ဖြန်ကျောင်းမှာတွေ့မယ်။"
ဘာဖြစ်လို့လဲဆိုတော့ သူမက ပိုက်ဆံရှာဖို့ပြေးနေရတဲ့သူပဲ။ အခြားသူအိမ်မှာနေရင် အဆင်မပြေဘူး။
ဝမ်ကျန်းက သူမက အခြားသူတွေကို ဒုက္ခမပေးချင်တဲ့သူဆိုတာသိလို့ အတင်းမတိုက်တွန်းဘူး။
ဝမ်ကျန်းကားပေါ်တက်သွားတာကိုကြည့်ပြီး မင်ယွဲ့လည်း ကားတစ်စီးပေါ်တက်တယ်။ ဒါပေမယ့် ဦးတည်ရာက ရပ်ကွက်မဟုတ်ဘဲ ရပ်ကွက်ကနေ ကီလိုမီတာလေးခုလောက်ဝေးတဲ့ ပန်းခြံတစ်ခုအနီးမှာရပ်လိုက်တယ်။
မင်ယွေ့က ပြေးတယ်၊ ရပ်တယ်၊ လမ်းလျှောက်တယ်။ နောက်ဆုံးအိမ်ပြန်ရောက်တယ်။
"ဒီနေ့စုစုပေါင်းလှမ်းရေ ၉၇၆၁၊ ဆုကြေး: ၉၇၆၁ ယွမ်။"
ဒီနေ့ကုန်ကျစရိတ်နုတ်ပြီး မင်ယွဲ့အကောင့်မှာ ယွမ် ၃၉၆ဝဝ ကျန်သေးတယ်။
မင်ယွဲ့က သူမအကောင့်ထဲကလက်ကျန်ကိုကြည့်ရင်း စိတ်သက်သာရာရတယ်။