← Chapters

ကျောင်းသို့ပြန်သွားခြင်း

Vol. 1 Ch. 6

ကျောင်းသို့ပြန်သွားခြင်း

Vol. 1 Ch. 6

ဘွဲ့နှင်းသဘင်ဓာတ်ပုံရိုက်တာက မနက် ၁၀ နာရီမှာ မလို့ မင်ယွဲ့က သိပ်မလောနေဘူး

သူမ ၈ နာရီထပြီး ယန်းတက္ကသိုလ်ကို ကားစီးသွားတယ်။

"ဒါဘယ်သူလဲ။ ငါတို့ဌာနမှာ ဒီလိုလူရှိလား?"

"ဒီဌာနကမဟုတ်ဘူးထင်တယ်။ ဒီလိုလှတဲ့လူသာရှိရင် မမှတ်မိစရာအကြောင်းမှ မရှိတာ

မင်ယွဲ့ကျောင်းထဲဝင်လာတာနဲ့ ကျောင်းဝန်းထဲက ကျောင်းသားတွေရဲ့အာရုံစူးစိုက်မှုတွေရတယ်။

"ငါတို့ဌာနအလှမယ် လျုးယွဲ့ တောင်မှ ဒီအလှမယ်ကို မမှီဘူး။"

လျုးယွဲ့ရဲ့မျက်နှာဟာ ချက်ခြင်းပြောင်းသွားတယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာ မင်ယွဲ့ကို မျက်စိရှေ့မရှိအောင်လုပ်ထားတာမကြာသေးဘဲ နောက်ထပ် "ငှက်ကြတ်သူမ" တစ်ယောက်ထပ်ပေါ်လာပြန်ပြီ။

"မင်ယွဲ့”

ဝမ်ကျန်းက မင်ယွဲ့ကိုမြင်တော့ ဝမ်းသာပျော်ရွှင်စွာပြေးလာတယ်။

"ဖြေးဖြေးပါ"

ခုနက ရေခဲတောင်ပန်းလိုအလှမယ်က သူငယ်ချင်းကိုမြင်တော့ ပွင့်လင်းသွားသလို ပြုံးရေးပေါ်လာတယ်။ မျက်လုံးလေးတွေကွေးသွားပြီး နှုတ်ခမ်းနီလေးကြွတက်လာတယ်။ တကယ်ပဲ မြေပြင်လောကမှာ မရှိသေးတဲ့အလှတရားပါပဲ။

"အရမ်းလှတယ်~"

အနီးအနားက ကောင်လေးတွေ၊ ကောင်မလေးတွေ ငေးကြည့်သွားတယ်။

"မင်းက မင်ယွဲ့လား”

လျုးယွဲ့က အံ့အားသင့်သံနဲ့အသံမြှင့်မေးတယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာ နှစ်ယောက်က တစ်ယောက်တည်းဆိုတာ မထင်ထားမိဘူး။

"ဘာဖြစ်လို့လဲ”

မင်ယွဲ့ အခုတော့ သူမကိုရှောင်မနေတော့ဘူး။ နှစ်ပေါင်းများစွာသည်းခံထားတာက အခြားသူတွေကို ပျော်ရွှင်စေရုံပဲရှိပြီး သူမကဘာမှမရခဲ့ဘူး။

လျုးယွဲ့ နဲ့ သူမရဲ့ခစားသူတွေ မျက်လုံးကြီးတွေပြူးကြည့်ကြတယ်။ မင်ယွဲ့ ဒီလိုအသံကျယ်ကျယ်နဲ့ပြောရဲမယ်လို့ မထင်ထားမိကြဘူး။

"မင်း လျုးယွဲ့ကို ဒီလိုစကားပြောရဲသလား?" သူမရဲ့ခစားသူတစ်ယောက်က ရှေ့တိုးပြီးပြောတယ်။

မင်ယွဲ့ မျက်လုံးအနည်းငယ်မော့ကြည့်ပြီး သရော်စကားဆိုတယ်။

"ခွေးတွေကတောင် ဟောင်လို့ရတယ်။ ငါဘာလို့စကားမပြောရမှာလဲ?"

"ဘယ်သူ့ကိုခွေးလို့ခေါ်တာလဲ?"

"ဘယ်သူ့ကိုပြောတာလဲဆိုတာ ဘယ်သူကပြန်ပြောတာလဲ။"

ဝမ်ကျန်းက မြန်မြန်ပြောလိုက်တယ်။ သူငယ်ချင်းအရှုံးမပေးချင်ဘူး။

မင်ယွဲ့ ကျန်တဲ့အခန်းဖော်နှစ်ယောက်လည်း ရောက်လာတယ်။ ဒီမှာငြင်းခုန်နေတာကိုမြင်တော့ ရှေ့မတိုးဘဲ တိတ်တိတ်လေးဝေးရာကိုရွေ့သွားကြတယ်။

မင်ယွဲ့က မြင်တယ်။ ဒါပေမယ့် ဂရုမစိုက်ဘူး။

"ဘာလို့များ ရုတ်တရက်ဒီလိုရဲရဲဝံ့ဝံ့စကားပြောရဲသွားတာလဲ။ မိတ်ကပ်တောင်ဆိုးလာတယ်။ ဘယ်သူဌေးနောက် ကပ်လိုက်နေတာလဲ အဲ့လိုလုပ်ရဲနေတယ်ဆိုတော့ မကြောက်ဘူးလား?"

လျုးယွဲ့က မကောင်းတဲ့သဘောနဲ့ပြောတယ်။

ပတ်ဝန်းကျင်က ကျောင်းသားတွေလည်း အပြန်အလှန်စကားစမြည်ပြောဆိုကြတယ်။

"တကယ်ဖြစ်နိုင်လား?"

သူတို့အားလုံးက လူကြီးတွေပဲ။ လျုးယွဲ့စကားရဲ့အဓိပ္ပာယ်ကို သဘောပေါက်ကြတယ်။ အလှမယ်ဘယ်လောက်ပဲလှလှ သူတို့နဲ့မဆိုင်ရင် စိတ်ဝင်စားမှုက သဘာဝအတိုင်းနည်းသွားတယ်။

"လျုးယွဲ့... မင်းပါးစပ်တကယ်ညစ်ပတ်တာပဲ ဒါကြောင့်မင်း တစ်ချိန်ထက်တစ်ချိန် ပိုပိုရုပ်ဆိုးလာတာ။ နောက်ဆုံးအချိန်က မင်ယွဲ့နဲ့ ဌာနအလှမယ်ဘွဲ့ မင်းနီးပါးဆုံးရှုံးမယ့်အရာကို မင်းဒီလောက်ကြာကြာ စွဲမက်နေဖို့လိုသေးလား?"

"ဝမ်ကျန်း... မင်းဘာပြောတယ် ဌာနအလှမယ်ဆိုတာ အမြဲတမ်းလျုးယွဲ့ပါပဲ။"

လျုးယွဲ့ရဲ့ခစားသူတွေက အမြဲတမ်း သူမကိုပဲ မှီခိုနေရတယ်။ အစားအသောက်နဲ့ပျော်ပျော်ပါးပါးအတွက် သူမကို အားပေးအားမြောက်လုပ်ကြတယ်

"ဘွဲ့ဝတ်စုံတွေဝတ်ပါ။ ပုံရိုက်တော့မယ်။"

ဆရာနဲ့ဓာတ်ပုံဆရာက ဝေးဝေးကနေလာကြတယ်။

သူတို့တွေချက်ချင်းကွဲပြီး သက်ဆိုင်ရာအတန်းတွေဆီသွားကြတယ်။

မင်ယွဲ့ရဲ့ကျန်တဲ့အခန်းဖော်နှစ်ယောက်လည်း ဖြေးဖြေးချင်းလာကြတယ်။

"မင်ယွဲ့... မင်းအခုမိတ်ကပ်ဘယ်လိုပြင်တတ်သွားတာလဲ? ငါမင်းကိုမကဲ့ရဲ့ပါဘူး။ ဒါပေမယ့် မင်းမိသားစုအခြေအနေကကောင်းတာမဟုတ်ဘူး။ ဒီအဝတ်တွေက အကုန်အကျများမှာပဲ။ မင်ယွဲ့ရဲ့မိဘတွေ မင်းကိုတက္ကသိုလ်ပြီးအောင်ထောက်ပံ့ဖို့ကြိုးစားရတဲ့အလုပ်ကို မင်းထိုက်တန်ရဲ့လား?"

"ရှောင်လင်းလင်း... မင်းမစွက်ဖက်နဲ့။"

ဝမ်ကျန်းက မြန်မြန်ရှေ့တိုးပြီး မင်ယွေ့ကိုကာကွယ်တယ်။

"ကျန်းကျန်း... မင်းတို့ဆက်ဆံရေးကောင်းတယ်ဆိုတာငါသိတယ်။ ဒါပေမယ့် တကယ့်သူငယ်ချင်းက သူ့အတွက်စဉ်းစားပြီး သူ့အတွက်အကောင်းဆုံးလုပ်ပေးသင့်တယ်။ လူ့လောကထဲဝင်ပြီးခါစမှာ ဒီလောက်အပေါ့အပါးလုပ်တာက သူ့အတွက်မကောင်းဘူး။"

နောက်ထပ်အခန်းဖော် ကျိုးရှီယန်က မျက်ခုံးကြုတ်ပြီးပြောတယ်။

"ငါ့မိဘတွေကို နင်တို့ဂရုစိုက်လွန်းလို့ ငါ့မိဘတွေရဲ့အကောင့်ထဲ ငွေလွှဲထည့်ပေးလိုက်ပါလား။"

မင်ယွဲ့ကပြောတယ်။

ပတ်ဝန်းကျင်က ကျောင်းသား နှစ်ယောက်၊ သုံးယောက်က မကြာခဏ ဒီဘက်ကိုကြည့်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်ယွဲ့ရဲ့ ပြောင်းလဲမှုက ကြီးလွန်းလို့။ သူတို့စိတ်ဝင်စားကြတယ်။

"မင်ယွဲ့”

ရှောင်လင်းလင်းက မခံမရပ်နိုင်အောင်အော်တယ်။

"သူတို့က ငါ့ရဲ့မိဘတွေမဟုတ်ဘူး။"

"ဒါဆိုမင်းဘာလို့စွက်ဖက်နေရတာလဲ?"

မင်ယွဲ့ ကသာမန်အတိုင်းပြောတယ်။

"ဖုန့်-"

နားထောင်နေတဲ့ကျောင်းသားတွေ မထိန်းနိုင်တော့ပဲရယ်မိကြတယ်။ ချက်ချင်းပါးစပ်ကိုအုပ်ပြီး မပီမသပြောကြတယ်။

"တောင်းပန်ပါတယ်။ မင်းကိုမရယ်ပါဘူး။"

ဒါကရိုးရိုးလေးပဲ။ ကန့်ကွက်လွန်းတဲ့အမူအရာတစ်ခုပါပဲ။

ရှောင်လင်းလင်းနဲ့ ကျိုးရှီယန်ရဲ့မျက်နှာတွေ ပိုပိုပျက်လာကြတယ်

"ငါတို့က မင်းရဲ့အခန်းဖော်တွေအနေနဲ့ မင်းကိုသတိပေးတာပါ။ မင်းနားမထောင်ရင်တော့ ပြီးပြီပေါ့။"

သူတို့က ဒေါသထွက်ပြီး လက်ကိုင်ပဝါကိုခါပြီးထွက်သွားကြတယ်။

မင်ယွဲ့က သူတို့ကြောင့်လုံးဝမထိခိုက်ဘူး။ ဘွဲ့ဝတ်စုံကိုဝတ်တယ်။

"မင်ယွဲ့ သူတို့ကိုမဂရုစိုက်နဲ့။ လူ့လောကထဲဝင်တာနဲ့ သင့်တော်တဲ့ဝတ်စားဆင်ယင်မှုလုပ်သင့်တယ်။ လိုအပ်တဲ့မိတ်ကပ်နဲ့ ယဉ်ကျေးတဲ့အဝတ်အစားက အလုပ်ခွင်ရဲ့ ရှိသင့်တာတွေပဲ။ ဒါတွေအားလုံးက မရှိမဖြစ်လိုအပ်တဲ့အရာတွေပါပဲ။ ပိုက်ဆံဖြုန်းတာမဟုတ်ဘူး။"

ဝမ်ကျန်းက သူမစိတ်မကောင်းဖြစ်မှာစိုးလို့ နှစ်သိမ့်ပေးတယ်။

"ငါစိတ်မကောင်းဖြစ်နေတယ်လို့မင်းထင်လား?"

"မဟုတ်ဘူးလား?"

"မဟုတ်ဘူး။ ရှောင်လင်းလင်းရဲ့အဝတ်တစ်ထည်မှ ယွမ် ၁ဝဝဝ မကျော်ဘူးလား? ငါသူမရဲ့ပညာပေးဟန်ကို သိပ်မုန်းတယ်။ ရွံစရာကောင်းတယ်။"

မင်ယွဲ့က ကျန်တဲ့အခန်းဖော်နှစ်ယောက်ကို အမြဲတမ်းမကြိုက်ဘူး။ ဒါပေမယ့် အရင်ကတော့ အပြီးအပိုင်မကွဲဘဲသည်းခံထားတယ်။

သူတို့ကို ဒီလောက်ကြာသည်းခံခဲ့တာကို တကယ်နောင်တရတယ်။ သူတို့ကိုဆဲရတာ အရမ်းကောင်းတယ်။ စိတ်လွတ်လက်လွတ်ဖြစ်သွားသလိုပဲ။

စီစဉ်ပြီးတာနဲ့ သူတို့ဌာနက အစဉ်လိုက်ရပ်နေတယ်။ သက်ဆိုင်ရာအတန်းတွေက သူတို့နေရာမှာရှိနေတယ်။

ပထမဆုံးရိုက်တဲ့ပုံက ဌာနတစ်ခုလုံးရဲ့ ရှည်လျားတဲ့ဘွဲ့ဓာတ်ပုံပါ။ ဒီနေ့ သူတို့ဌာနပဲ ဓာတ်ပုံရိုက်နေတာ။

ဒီနောက် ဘာသာရပ်အလိုက် ဓာတ်ပုံရိုက်တယ်။ နောက်ဆုံးတော့ အတန်းအလိုက် ဓာတ်ပုံရိုက်တယ်။

ဓာတ်ပုံရိုက်ပြီးတာနဲ့ ကောင်လေးအများကြီးက ပန်းပွင့်တွေကိုင်ပြီးလာကြတယ်။

နှစ်စဉ်ဘွဲ့ဓာတ်ပုံရိုက်ချိန်က ချစ်သူစုံတွဲတွေ ချစ်ခြင်းမေတ္တာပြသဖို့ အကောင်းဆုံးအချိန်ပဲ။

ကွန်ပျူတာသိပ္ပံဌာနရဲ့ လူကြိုက်များတဲ့ကောင်လေး လင်းကျင်းက ချန်ပီယံနှင်းဆီပန်းတစ်ပွင့်ကိုင်ပြီး လာနေတယ်။ လူတိုင်းရဲ့အာရုံကိုဆွဲဆောင်တယ်။

လျုးယွဲ့က ဒီမှာစောင့်နေပြီးသားပဲ။ ဒါက သူမမနေ့ညက လင်းကျင်းကို အထူးတောင်းဆိုထားတာပါ။ သူကပန်းယူလာရမယ်။ မဟုတ်ရင် အခြားသူတွေမှာရှိပြီး သူမမှာမရှိရင် ရှက်စရာဖြစ်မယ်။

"လာတဲ့အတွက်ကျေးဇူးတင်ပါတယ်!"

လင်းကျင်းက ရှေ့ဆက်လျှောက်လာတယ်။ လျုးယွဲ့က ဝမ်းသာစွာ ပန်းပွင့်တွေကို ပွေ့ဖက်လိုက်တယ်။

ပန်းနဲ့ချစ်စရာကောင်လေးနဲ့ အလှမယ်က ချစ်ခြင်းမေတ္တာအပြန်အလှန်ပြသမှုတစ်ခုရဲ့ပုံရိပ်ပါပဲ။

"သူကဘယ်သူလဲ?"

လင်းကျင်းက ကြည့်လိုက်တယ်။ ဝမ်ကျန်းက ချက်ချင်းဘေးတိုးပြီး မင်ယွဲ့ရှေ့မှာရပ်ကာကွယ်လိုက်တယ်။

လျုးယွဲ့ရဲ့မျက်နှာက ပန်းပွင့်တွေကိုပွေ့ဖက်ထားတုန်း လှုပ်ခါသွားတော့မလိုပဲ။ ဘာလို့ သူမနေရာတိုင်းမှာရှိနေရတာလဲ?

"လင်းကျင်းကျောင်းသား... ဒါက စီးပွားရေးစီမံခန့်ခွဲမှုဌာနက မင်ယွဲ့ပါ။"

ဒါကိုကြားတော့ လင်းကျင်းရဲ့မျက်နှာအမူအရာပြောင်းသွားတယ်။ အံ့အားသင့်မှု၊ ရှက်ရွံ့မှု၊ နောင်တရမှုတွေရှိနေတယ်။

မင်ယွဲ့က သူမမျက်နှာအမူအရာပြောင်းသွားတာကိုမြင်တယ်။ သူမနဲ့မရင်းနှီးတဲ့သူတစ်ယောက်က သူ့အပေါ်ခံစားချက်ရှိပုံရတယ်ဆိုတာ နားမလည်ဘူး။

လျုးယွဲ့က လင်းကျင်းရဲ့မျက်လုံးထဲက နောင်တရမှုကိုကြည့်ရင်း ရင်ထဲမှာစူးရှသွားတယ်။

"မင်ယွဲ့ မင်း တန်းရှင်းနည်းပညာကုမ္ပဏီကနေ အလုပ်ထုတ်ခံရတယ်လို့ကြားတယ်။"

လျုးယွဲ့က လူတွေကို ဘယ်နေရာမှာအနာကျင်ဆုံးဖြစ်အောင်ထိုးဖောက်တတ်တယ်။ အရင်မင်ယွဲ့ဖြစ်ခဲ့ရင် သူမငိုကြွေးနေရမှာပဲ!

လျုးယွဲ့ရဲ့စကားကိုကြားတော့ လူအများက နားစွင့်နေပြီးကြည့်နေကြတယ်။ လင်းကျင်းရဲ့အာရုံပါ လျုးယွဲ့စကားကြောင့်ဆွဲသွားတယ်။

လျုးယွဲ့က သက်သာရာရတယ်။

"ဒါက မင်းကျေးဇူးပဲ မဟုတ်လား မလျုးယွဲ့?"

မင်ယွဲ့က လုံးဝမဆုတ်မနစ်ဘူး။ ဒီလိုစိတ်ဓာတ်က သူ့ကို အရင်က တီရှပ်နဲ့မျက်မှန်ကြီးတပ်ပြီး အခြားသူတွေနဲ့မဆက်ဆံတဲ့သူနဲ့ ဆက်စပ်ဖို့ခက်စေတယ်။

ဒါကိုကြားတော့ လျုးယွဲ့က သူမရဲ့မိသားစုနောက်ခံက သူမကိုအခြားသူတွေထက်သာစေတာကို ပျော်ရွှင်သင့်ပေမယ့် မင်ယွဲ့ရဲ့အေးစက်တဲ့ပုံစံကိုကြည့်ရင်း ရင်ထဲမှာပိတ်ဆို့သွားတယ်။

သူမက မင်ယွဲ့ကို စိတ်ပျက်အားငယ်ပြီး လျှောက်ပြောနေတာမြင်ချင်တယ်။

မမျှော်လင့်ဘဲ သူမက ပန်းခြံထဲကမြင့်တောင်ပန်းတစ်ပွင့်လိုပဲတည်ရှိနေသေးတယ်။

လင်းကျင်းက သဘောပေါက်သွားတယ်။ သူမနောက်ကွယ်ကအဓိပ္ပာယ်ကို သူနားလည်သွားတယ်။ လျုးယွဲ့ကို အနည်းငယ်မသင့်တင့်တဲ့သဘောနဲ့ပြောတယ်။

"ငါအခုမင်းကိုကြိုက်တယ်။ ဘယ်တော့မှ ဒီလောက်ဝါကြွားတဲ့သူကို မကြိုက်နိုင်ဘူး။"

သူက လျုးယွဲ့ကိုပွေ့ဖက်ပြီး ရင်းနှီးစွာပြောတယ်။

"ဘယ်သူ့ကိုဝါကြွားတယ်လို့ခေါ်တာလဲ?"

လင်းကျင်းက မင်ယွဲ့ကိုကြိုက်တယ်ဆိုတာ သူမမကြားဖူးပေမယ့် လက်ရှိအခြေအနေအရ အခြားတစ်ယောက်က မင်ယွဲ့ပဲဖြစ်ရမယ်။ ဝမ်ကျန်းက အခု တကယ်ပဲ ဒီစုံတွဲနှစ်ယောက်ရဲ့မျက်နှာကို ကုတ်ချင်နေပြီ။

"လင်းကျင်း... အတိတ်ကိုမေ့လိုက်ပါ။ သွားကြရအောင်။"

လျုးယွဲ့က အနည်းငယ်စိတ်ရှုပ်ထွေးသလိုပြောတယ်။

မင်ယွဲ့က ဒီမှာ သူမမသိတဲ့တစ်ခုခုရှိတယ်လို့ခံစားရတယ်။ ဒါက ဘာကြောင့် လျုးယွဲ့က သူမကိုဒီလောက်မကြိုက်တာနဲ့ဆက်စပ်နေတယ်။

"မသွားခင် ရှင်းရှင်းလင်းလင်းပြောကြရအောင်။နင်ဘာလို့ ဒီလောက်ထိငါ့ကိုဒုက္ခပေးနေရတာလဲ”

မင်ယွဲ့က ဒါကိုပြောနေတုန်း လင်းကျင်းကိုကြည့်နေတယ်။

တကယ်တော့ လင်းကျင်းက ဒီနေ့ မင်ယွဲ့ရဲ့ပြန်လည်ထူထောင်လာတဲ့အလှကို အံ့အားသင့်နေတယ်။ ပထမဆုံးအကြိမ်မြင်ရတဲ့ချစ်ခြင်းမေတ္တာခံစားချက်ကို ပြန်သတိရမိတယ်။ အခုတော့ သူမက အရမ်းစူးရှလွန်းပြီး သူမမှားယွင်းမှုကိုလက်မခံတာကို သူမရဲ့အလှကို တကယ်ပျက်စီးစေတယ်လို့ခံစားရတယ်။

"မင်ယွဲ့... ငါမပြောဘူးဆိုတာနင့်အတွက်လေ ဘာလဲနင်ကအရှက်ကွဲချင်လို့လား”

All Chapters