ကုမ္ပဏီ၏ အစပျိုးခြင်း
Vol. 2 Ch. 14
"ဒီကလေးမလေးကတော့ကွယ်... အလုပ်ထဲဝင်တာ မကြာသေးဘူး၊ ဘာလို့ ဒီလောက်တောင် လက်ဖွာရတာလဲ"
မင်ယွဲ့ ဝယ်လာပေးသော တန်ဖိုးကြီးပစ္စည်းများကို ကြည့်ရင်း ဦးလေးဖြစ်သူမှာ နှမြောတသစွာဖြင့် ဆူပူလေတော့သည်။
"ဦးလေးရယ်... အခု ကျွန်မမှာ ပိုက်ဆံရှိနေပြီပဲဟာ"
မင်ယွဲ့က ပြုံးလျက် ပြန်ပြောလိုက်၏။
မိမိတို့အပေါ် စေတနာထားခဲ့သော ဦးလေးတို့မိသားစုကို အဆင်ပြေသည့်အခါ ပြန်လည်
ကျေးဇူးဆပ်ခြင်းမှာ သဘာဝကျသော ကိစ္စရပ်
တစ်ခုပင် ဖြစ်သည်။
"နင်ကတော့လေ..."
ဒေါ်ဒေါ်ဖြစ်သူမှာ မင်ယွဲ့က မိမိတို့မိသားစုကို အလေးထားသည်ကို ဝမ်းမြောက်မိသော်လည်း တစ်ဖက်တွင်လည်း လက်ထဲရှိငွေများကို ဖြုန်းတီးပစ်မည်ကို စိုးရိမ်နေမိသည်။
လူကြီးများ၏ အမြင်တွင် မင်ယွဲ့သည် အသက် ၂၂ နှစ် အရွယ်ရောက်နေပြီ ဖြစ်သော်လည်း ကလေးတစ်ယောက်ကဲ့သို့ပင် မြင်နေကြဆဲ ဖြစ်သည်။
"အေးလေ... တို့တစ်သက်လုံး ရှာရင်တောင် သိန်းတစ်သောင်း (တစ်သန်း) ဆိုတာ ဘယ်လိုမှ မရနိုင်ဘူး
နင် ထီပေါက်တာက နတ်ကောင်းနတ်မြတ် မစတာပဲ၊ ဒီလိုအခွင့်အရေးမျိုးက နောက်တစ်ခါ လွယ်လွယ်နဲ့ ရမှာမဟုတ်ဘူး အိမ်ဆောက်တာတင် သိန်းပေါင်း ရာနဲ့ချီ ကုန်မှာလေ
မြို့ကြီးပြကြီးမှာ နေရတာကလည်း အသုံးစရိတ် ကြီးတယ်မဟုတ်လား ကျန်တဲ့ပိုက်ဆံကို ဘဏ်ထဲမှာပဲ ပုံသေအပ်ထားလိုက်ပါအေ"
ဘဏ်သည်သာ အလုံခြုံဆုံးဟု ယူဆထားကြသော ရှေးလူကြီးများ၏ ထုံးစံအတိုင်း မဆင်မခြင် မသုံးစွဲရန်နှင့် ငွေစုထားရန်သာ တတွတ်တွတ် ဆုံးမနေကြတော့သည်။
"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... ကျွန်မ နားလည်ပါတယ်"
မင်ယွဲ့မှာ မပြီးနိုင်မချင်း နားပူခံရမည့်အရေးကို ကြောက်သဖြင့် အလိုက်သင့်ပင် ခေါင်းညိတ် ဝန်ခံလိုက်ရတော့သည်။
"ရှောင်ယွဲ့က တကယ့်ကို သိတတ်တဲ့ ကလေးမလေးပဲ မင်းတို့အတွက်လည်း ပစ္စည်းတွေ အများကြီး ဝယ်လာပေးသေးတယ်"
အိမ်ရှေ့ကွင်းပြင်၌ စုရုံးနေကြသော အိမ်နီးချင်းများကလည်း မင်ယွဲ့ ပြန်ရောက်လာသည်ကို သိသဖြင့် အတင်းအဖျင်းစကားပြောရန်နှင့် အကဲခတ်ရန် ရောက်ရှိလာကြသည်။
"လာကြပါ... လာကြပါ... ခဏ ထိုင်ကြဦး"
ဒေါ်ဒေါ်ဖြစ်သူက ထိုင်ခုံများ ထုတ်ပေးကာ ဧည့်ခံလိုက်သည်။ ကျေးလက်ဓလေ့အရ အိမ်နီးချင်း အချင်းချင်း ဝင်ထွက်သွားလာကာ စကားစမြည်ပြောကြခြင်းမှာ ရိုးရာတစ်ခုကဲ့သို့ပင် ဖြစ်နေချေပြီ။
"ရှောင်ယွဲ့က ကျောင်းတက်နေတုန်းပဲ မဟုတ်လား ဘယ်တော့ ဘွဲ့ရမှာလဲ"
သွေးမတော် သားမစပ်သော်လည်း ရွာလူကြီးတစ်ဦးက ခင်မင်စွာ မေးမြန်းလိုက်သည်။
"လာမယ့် ဇွန်လဆိုရင် ဘွဲ့ရပါပြီ အဘိုး"
"မကြာတော့ဘူးပဲ အခုတောင် နိုဝင်ဘာ ရောက်တော့မှာဆိုတော့"
"ဟုတ်ကဲ့ရှင့်"
မင်ယွဲ့သည် သစ်သီးအချို့ကို ဆေးကြောကာ လူကြီးများရှေ့တွင် ချပေးလိုက်သည်။
ယခုအခါ ရာသီဥတုမှာ အေးမြလာပြီး ရံဖန်ရံခါ တိုက်ခတ်လာသော လေပြေအေးလေးများက စိတ်ကို ကြည်လင်လန်းဆန်းစေသည်။
"ရှောင်ယွဲ့ကတော့ မြို့ကြီးပြကြီးမှာ အလုပ်
လုပ်တော့မှာဆိုတော့ ရှေ့တန်းရောက်ပြီပေါ့"
"မင်မိသားစုကတော့ ဖုန်းရွှေ ကောင်းလို့ပဲ ဖြစ်မှာပါ"
လူအများ၏ ဝမ်းသာအားရ ချီးမွမ်းသံများမှာ ဝန်းကျင်တစ်ခုလုံး ပျံ့လွင့်နေသည်။
အိမ်တွင် ငါးရက်ခန့် နေထိုင်ပြီးနောက် မင်ယွဲ့သည် ယန်ကျန်းမြို့သို့ ပြန်လာခဲ့သည်။ ဒုတိယအကြိမ် လေယာဉ်စီးခြင်းဖြစ်၍ ယခင်ကကဲ့သို့ စိတ်လှုပ်ရှား တုန်လှုပ်ခြင်း မရှိတော့ပေ။
နံနက်ပိုင်းတွင် လီအောက်ကျေးရွာ၏ မြေနံ့ကို ရှူရှိုက်ခဲ့ရသော်လည်း ညနေပိုင်းတွင်မူ ခေတ်မီဆန်းသစ်သော မြို့ပြကြီး၏ မီးရောင်စုံအောက်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဤအပြောင်းအလဲမှာ သူမအတွက် အိပ်မက်တစ်ခုကဲ့သို့ပင်။
သူမသည် တိုက်ခန်းဝန်းအတွင်းသို့ မျက်နှာဖတ်
စနစ် ဖြင့် ဝင်ရောက်ခဲ့ပြီးနောက် အတန်းခေါင်းဆောင်နှင့် ကိုယ်ပိုင်လုပ်ငန်း စတင်ရန်
အတွက် ဆွေးနွေးရန် ပြင်ဆင်လိုက်သည်။
ရေချိုးသန့်စင်ပြီးနောက် အတန်းခေါင်းဆောင်ထံသို့ ဖုန်းဆက်လိုက်၏။ အတန်းခေါင်းဆောင်သည် ဖျတ်လတ်ထက်မြက်သူဖြစ်ရုံသာမက ဘာသာရပ်ဆိုင်ရာတွင်လည်း ထူးချွန်သူဖြစ်သည်။ သူသည် ကိုယ်ပိုင်လုပ်ငန်း ထူထောင်ရန် ပြင်းပြသော ရည်မှန်းချက် ရှိသော်လည်း အရင်းအနှီး မရှိခြင်းက အဓိက အဟန့်အတား ဖြစ်နေခဲ့သူ ဖြစ်သည်။
မြို့ငယ်လေးမှ ယန်ကျန်းကဲ့သို့ မြို့ကြီးသို့ ရောက်ရှိလာသူပီပီ သူသည် ဇာတိသို့ ပြန်ကာ ပိတ်လှောင်မခံလိုပေ။ ဖွံ့ဖြိုးသော မြို့ပြများသည် လူငယ်တို့၏ သစ်လွင်သော အတွေးအခေါ်များကို ပိုမိုလက်ခံနိုင်ပြီး လွတ်လပ်စွာ ရှင်သန်ခွင့် ပေးထားသည်မဟုတ်ပါလား။
မင်ယွဲ့သည် အတန်းခေါင်းဆောင်ကို သူမ၏ စိတ်ချရသော သူငယ်ချင်းတစ်ဦးအဖြစ် ယုံကြည်သဖြင့် ထီသိန်းသုံးသောင်း (သုံးသန်း) ပေါက်သည့်အကြောင်းကို အမှန်အတိုင်း ပြောပြလိုက်သည်။
သူတို့နှစ်ဦးသည် အနာဂတ် ရည်မှန်းချက်ချင်း ထပ်တူကျသွားကြသည်။ ကုမ္ပဏီအမည်၊ ဝန်ထမ်းခေါ်ယူရေး၊ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် အနာဂတ် အမြင်များအထိ တက်ကြွစွာဖြင့် အသေးစိတ် တိုင်ပင်ဆွေးနွေးကြတော့သည်။ ဤသည်မှာ မင်ယွဲ့အတွက် ကိုယ်ပိုင်အင်ပါယာတစ်ခု တည်ဆောက်ရန် ပထမဦးဆုံးသော ခြေလှမ်းပင် ဖြစ်တော့သည်။