← Chapters

မန်နေဂျာ ရှီယန်လျို့စိုင်

Vol. 2 Ch. 16

မန်နေဂျာ ရှီယန်လျို့စိုင်

Vol. 2 Ch. 16

"မင်ယွဲ့... နင် ဒီမှာ ဘာလာလုပ်တာလဲ"

ဟိုက်ဖုအဆောက်အအုံ၏ ခန့်ညားထည်ဝါသော အဝင်ဝတွင် မင်ယွဲ့ကို မြင်လိုက်ရသည်နှင့် လျူးယွဲ့ ၏ အသံမှာ အလိုအလျောက် မြင့်တက်သွားတော့သည်။

သူမ၏ဘေးတွင် ရပ်နေသော ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် အလယ်အလတ်အရွယ် အမျိုးသားက မျက်မှောင်ကြုတ်လိုက်ပြီး-

"ယွဲ့ယွဲ့..."

ဟု သူမကို အချက်ပြကာ တိုးတက်တိတ်ဆိတ်စေရန် တားဆီးလိုက်သည်။

သူ၏ နောက်ကွယ်တွင် ရှိနေကြသော စီးပွားရေးသမား အချို့မှာလည်း လျူးယွဲ့၏ ရုတ်တရက် အော်ဟစ်လိုက်မှုအပေါ် မနှစ်မြို့သော အမူအရာများ ပြသကြသဖြင့် လျူးယွဲ့သည် သူမ၏ ပြုမူပုံမှာ ဤကဲ့သို့သော နေရာမျိုးနှင့် မဆီလျော်ကြောင်း ချက်ချင်း သတိပြုမိသွား၏။

လျူးယွဲ့သည် ဘွဲ့ရတော့မည်ဖြစ်၍ သူမ၏ မိသားစုပိုင် ကုမ္ပဏီတွင် အလုပ်လုပ်ရန် ပြင်ဆင်ထားသူဖြစ်သည်။

သူမ၏ မိသားစုလုပ်ငန်းမှာ ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်းဖြစ်သော်လည်း သူမသည် ပီကင်းတက္ကသိုလ်တက်ခဲ့သော်ငြား ဘာသာရပ်ဆိုင်ရာတွင် အားနည်းလွန်းသဖြင့် သူမ၏ ဦးလေးဖြစ်သူ ကုမ္ပဏီတွင်သာ အလုပ်သင် ဝင်နေရခြင်း ဖြစ်သည်။

ယခုတစ်ခေါက်တွင် သူမ၏ ဦးလေးဖြစ်သူက လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးရန် လာရောက်စဉ် သူမ၏ အမြင်ကျယ်စေရန် တစ်ပါတည်း ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

"ဦးလေး... သမီးရဲ့ အတန်းဖော်ကို ဒီမှာ မမျှော်လင့်ဘဲ တွေ့လိုက်ရလို့ အံ့ဩသွားတာပါ"

လျူးယွဲ့သည် စိတ်ကိုပြန်ထိန်းကာ လေသံကို လျှော့၍ ပြောလိုက်သည်။

"အတန်းဖော် ဟုတ်လား..."

သူမ၏ ဦးလေးသည် မင်ယွဲ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်လိုက်၏။

သူ၏ မျက်နှာထက်တွင် ယဉ်ကျေးသိမ်မွေ့သော အပြုံးတစ်ခု ရှိနေသော်လည်း ထိုအပြုံးနောက်ကွယ်မှ အထင်အမြင်သေးမှုကို မင်ယွဲ့ ခံစားမိနေသည်။ လျူးယွဲ့၏ အပေါ်ယံဆန်သော မထီမဲ့မြင်ပြုမှုထက် ဤကဲ့သို့ ယဉ်ကျေးသယောင်ဖြင့် နှိမ်ချလိုသော ဦးလေးဖြစ်သူ၏ အမူအရာကို သူမ ပို၍ မနှစ်မြို့ပေ။

"သမီးက အင်တာဗျူး လာတာလား ဦးလေးနဲ့ အတူတူ အထဲကို လိုက်ခဲ့မလား"

သူတို့ ရောက်ရှိလာသည့်အခါတွင် လုံခြုံရေးဝန်ထမ်းများမှာ အလိုအလျောက် ဘေးသို့ ဖယ်ပေးကြသည်။ ပုံမှန်အားဖြင့် အဆောက်အအုံပိုင်ရှင်နှင့် လူကုံထံများကိုသာ ဦးစားပေးလေ့ရှိသည်မဟုတ်ပါလား။

"မလိုပါဘူး"

"မင်ယွဲ့ရယ်... အားမနာပါနဲ့ နင်က စာလည်း သိပ်တော်တာပဲ၊ ဘာလို့ အလုပ်မရသေးတာလဲ

ငါ့ဦးလေး ကုမ္ပဏီမှာ အလုပ်ဝင်ဖို့ ပြောပေးရမလား"

လျူးယွဲ့က ပြုံးလျက် ပြောဆိုနေသော်လည်း မင်ယွဲ့၏ အမြင်တွင်မူ ထိုအမျိုးသမီးမှာ ဟန်ဆောင်ကောင်းလွန်းလှသည်။

"ငါ ဘာလို့ အလုပ်လက်မဲ့ ဖြစ်နေရသလဲဆိုတာ နင် အသိဆုံး မဟုတ်ဘူးလား အဲဒီအတွက်လည်း နင့်ကို ကျေးဇူးတင်ရမှာပေါ့"

လျူးယွဲ့၏ မျက်နှာ ပျက်သွားသည်။

သူမ ထင်ထားသည်မှာ သူမ၏ ဦးလေးက ဤအဆောက်အအုံကြီးတွင် ကုမ္ပဏီဖွင့်ထားသူဖြစ်ကြောင်း သိပါက မင်ယွဲ့အနေဖြင့် သူမကို ပြန်လည် အာခံရဲမည်မဟုတ်ဟု ဖြစ်သည်။

"မင်ယွဲ့... ကျေးဇူးကန်းမနေနဲ့ ငါ့ဦးလေး ကုမ္ပဏီက ဒီမှာ ရှိတာ နင် ဘယ်ကုမ္ပဏီမှာ အလုပ်လျှောက်ချင်တာလဲ ပြောလေ၊ ငါ့ဦးလေးက အဲဒီက လူတွေနဲ့ ရင်းနှီးတာမို့ တစ်ခွန်းလောက် ပြောပေးရုံနဲ့ အဆင်ပြေသွားမှာ"

လျူးယွဲ့၏ စကားများမှာ အကောက်ဉာဏ်များဖြင့် ပြည့်နှက်နေသည်။

သူမသည် မင်ယွဲ့ကို ကူညီလို၍ ပြောနေခြင်းမဟုတ်ဘဲ သူမ၏ ဦးလေးမှာ ဤနေရာတွင် သြဇာရှိကြောင်း ပြသကာ မင်ယွဲ့ကို ဖိအားပေးနေခြင်းသာ ဖြစ်သည်။ အကယ်၍ မင်ယွဲ့က သူမကို ဆန့်ကျင်ပါက ဤအဆောက်အအုံအတွင်းရှိ မည်သည့်အလုပ်ကိုမျှ ရရှိစေမည်မဟုတ်ဟု သွယ်ဝိုက်၍ ခြိမ်းခြောက်နေခြင်း ဖြစ်သည်။

"မစ္စလျူးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်ဘာသာရပ်ဆိုင်ရာမှာ ငါ့ထက် ညံ့တဲ့လူတွေတောင် အလုပ်ရနိုင်သေးတာပဲ၊ ငါ့အတွက်တော့ ပူစရာ မလိုပါဘူး"

မင်ယွဲ့က စကားတစ်လုံးမကျန် ပြန်လည်ချေပလိမ့်မည်ဟု လျူးယွဲ့ မထင်ထားခဲ့ပေ။

"မင်ယွဲ့... နင် တကယ်ပဲ အောက်ခြေလွတ်နေတာပဲ ငါ့မှာ ငွေရှိတယ်၊ အဆက်အသွယ်ရှိတယ်

နင့်မှာကော ဘာရှိလို့လဲ"

လျူးယွဲ့၏ စကားများသည် သူမ၏ ဦးလေးနှင့်အတူ ရှိနေကြသော ကိုယ်ပိုင်အားထုတ်မှုဖြင့် ချမ်းသာလာကြသည့် စီးပွားရေးသမားများ၏ စိတ်ကို ထိခိုက်သွားစေသည်။

သူတို့၏ ဘဝအစတွင် လျူးယွဲ့ကဲ့သို့ မာန်မာနကြီးပြီး အရည်အချင်းမရှိသော လူကုံထံသားသမီးများ၏ နှိမ်ချမှုကို ခံခဲ့ရဖူးသည်

မဟုတ်ပါလား။

သူတို့၏ အကြည့်တို့သည် လျူးယွဲ့အပေါ် ရန်လိုသော အရိပ်အယောင်များ ပေါ်လာသော်လည်း သူမကမူ သတိမမူမိသေးပေ။ သို့သော် သူမ၏ ဦးလေးဖြစ်သူမှာ ဝါရင့်စီးပွားရေးသမားပီပီ အခြေအနေ မဟန်တော့သည်ကို ချက်ချင်း သိလိုက်သည်။

"ကဲ... ကဲ... အားလုံးက ယွဲ့ယွဲ့ရဲ့ အတန်းဖော်တွေပဲဟာ ကူညီနိုင်တာရှိရင် ဦးလေး အစွမ်းကုန် ကူညီပေးပါ့မယ် ငါ့တူမလေးက ပညာရေးမှာအနည်းငယ် ညံ့ပေမဲ့ သူ့အဖေက သူ့အနာဂတ်

အတွက် အကုန်စီစဉ်ပေးထားပြီးသားပါ ဒါပေမဲ့ သမီးတို့လို ကြိုးစားတဲ့ လူငယ်တွေကိုတော့ ဦးလေး တကယ်ပဲ အထင်ကြီးပါတယ် အားလုံးက ဒီလိုအဆင့်ကို ဖြတ်သန်းလာရတာပဲလေဆက်ပြီး ကြိုးစားကြပါ"

ဤစကားများမှာ အလွန်ပင် ပါးနပ်လှသည်။

ပထမဦးစွာ ကူညီမည်ဟု ကတိပေးကာ မိမိကိုယ်မိမိ အထက်စီးမှ ထားလိုက်သည်။

ထို့နောက် လျူးယွဲ့သည် ချမ်းသာသော မိသားစုမှ လာသူဖြစ်၍ မင်ယွဲ့တို့ကသာ မနာလိုဖြစ်နေသယောင် ပုံဖော်လိုက်ပြီး နောက်ဆုံးတွင် ချီးမွမ်းစကားဖြင့် အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။

"မလိုပါဘူး"

မင်ယွဲ့၏ အကြည့်တို့နောက်သို့ လိုက်ကြည့်လိုက်သည့်အခါ ဓာတ်လှေကားမှာ ပထမထပ်သို့ ဆိုက်ရောက်လာပြီး ဝဝဖိုင့်ဖိုင့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦး ထွက်လာသည်။

ဤသူမှာ ဟိုက်ဖုအဆောက်အအုံ၏ လက်ရှိတာဝန်ခံဖြစ်ကြောင်း ယွမ်ပေါ့က သူမကို မနေ့ကတည်းက အသိပေးထားခဲ့ခြင်း ဖြစ်သည်။

"မစ္စမင်... ကျွန်တော် အခုပဲ အဋ္ဌမထပ်ကို လိုက်ပို့ပေးပါ့မယ်"

ထိုသူ၏ အမည်မှာ ရှီယန်လျို့စိုင် ဖြစ်ပြီး သူ၏ အမည်နှင့် လိုက်ဖက်စွာပင် ဟိုက်ဖုအဆောက်အအုံ၏ ရတနာများကို သေချာစွာ စောင့်ကြပ်နေသူ ဖြစ်သည်။

"မန်နေဂျာရှီယန်... ဒီမိန်းကလေးက ကျွန်တော့်

တူမရဲ့ အတန်းဖော်ဆိုတာ သိလို့လား"

လျူးယွဲ့၏ ဦးလေးသည် အခြေအနေကို အကဲခတ်ရင်း ချက်ချင်းပင် လှမ်းမေးလိုက်သည်။ လမ်းပိတ်ခံလိုက်ရသဖြင့် ရှီယန်လျို့စိုင်မှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရ၏။

"ခင်ဗျားက ဘယ်သူလဲ လမ်းဖယ်စမ်းပါ"

အခြားနေရာများတွင် အိမ်ငှားများကို ဖော်လွေစွာ ဆက်ဆံရမည်ဖြစ်သော်လည်း ဟိုက်ဖုအဆောက်အအုံတွင်မူ ထိုသို့ မဟုတ်ပေ။

သူသည် ပုံမှန်အားဖြင့် အိမ်လခကောက်သည့် ကိစ္စများကို တိုက်ရိုက်မလုပ်သဖြင့် လျူးယွဲ့၏ ဦးလေးကဲ့သို့သော အိမ်ငှားအသေးစားများကို မှတ်မိနေခြင်း မရှိပေ။

"ကျွန်တော်က စတုတ္ထထပ် အခန်း (A) က ကွမ်ယွဲ့မီဒီယာရဲ့ တာဝန်ခံပါ"

သူသည် မိမိကိုယ်မိမိ ချက်ချင်း မိတ်ဆက်

လိုက်သည်။

ဤနေရာတွင် အိမ်ငှားစာချုပ်များမှာ ပုံမှန်အားဖြင့် တစ်နှစ်မှ သုံးနှစ်အထိသာ ချုပ်ဆိုရခြင်း ဖြစ်သည်။ သူ၏ ရန်ပုံငွေ မလောက်ငသဖြင့် တစ်နှစ်စာချုပ်သာ ချုပ်ဆိုထားခဲ့ရာ လာမည့်လတွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။ ထို့ကြောင့် မန်နေဂျာရှီယန်နှင့် ရင်းနှီးအောင် ကြိုးစားနေခြင်း ဖြစ်သည်။

ဤနေရာတွင် အိမ်လခမှာ အဆမတန် ကြီးမားသော်လည်း ရရှိမည့် အကျိုးကျေးဇူးများမှာ များပြားလှသည်။ ဤအဆောက်အအုံအတွင်း ခြေချနိုင်ခြင်းမှာ လုပ်ငန်းနယ်ပယ်အတွင်းသို့ ဝင်ရောက်နိုင်သည့် လက်မှတ်တစ်ခု ရရှိခြင်းနှင့် တူညီလှသည်။

"သိပါပြီ ဒီနေ့ ကျွန်တော့်မှာ အလွန်အရေးကြီးတဲ့ ဧည့်သည်တော် ပါနေလို့ နောက်မှပဲ ပြောကြတာပေါ့"

ရှီယန်လျို့စိုင်က ပြုံး၍ ပြောလိုက်သော်လည်း သူ့ကို အရေးတယူ မရှိလှပေ။

သူ ရောက်ရှိလာစဉ်ကပင် ဟိုက်ဖုအဆောက်အအုံ၏ ပိုင်ရှင်သစ်ဖြစ်သူ မစ္စမင် လမ်းပိတ်ခံနေရသည်ကို မြင်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူက မစ္စမင်ဘက်မှ ရပ်တည်ကာ လက်စားချေပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"မစ္စမင်... အပေါ်ကို ကြွပါ"

သူတို့ လေးဦးသား ဓာတ်လှေကားအတွင်းသို့ ဝင်ရောက်သွားကြသည်။ ရိုးရှင်းသော်လည်း အဓိပ္ပာယ်နက်ရှိုင်းသော ထိုစကားတစ်ခွန်းကြောင့် ကျန်ရစ်သူအားလုံးမှာ ဆွံ့အသွားရတော့သည်။

“ဧည့်သည်တော် ဘယ်လို ဧည့်သည်တော်မျိုးလဲ”

လုံခြုံရေးဝန်ထမ်းမှာမူ မိမိအနေဖြင့် မည်သူ့ကိုမျှ အထင်မသေးဘဲ ကောင်းမွန်စွာ ဆက်ဆံခဲ့မိသဖြင့် သက်ပြင်းချကာ စိတ်အေးသွားတော့သည်။

"ယွဲ့ယွဲ့... နင့်အတန်းဖော်က တကယ်တော့ ဘယ်သူလဲ”

ဦးလေးဖြစ်သူနှင့်အတူ ရှိနေကြသော စီးပွားရေးသမားများမှာလည်း သိချင်စိတ်ဖြင့် နားစွင့်နေကြသည်။

"ဦးလေးရယ်... သူက ဘာအဆင့်ရှိမှာမို့လို့လဲတောသူမ တစ်ယောက်ပါပဲ"

လျူးယွဲ့က မထီမဲ့မြင် ပြန်ပြောလိုက်သည်။

"မစ္စတာဆန်း... ကျွန်တော့်အဖေကလည်း တောသားတစ်ယောက်ပါပဲ ကျွန်တော်တို့ရဲ့ အမြင်ချင်း မတူတာကြောင့် ဒီလုပ်ငန်းအကြောင်း ဆက်ဆွေးနွေးဖို့ မလိုတော့ဘူး ထင်ပါတယ်"

မင်ယွဲ့၏ အကြောင်းကို စုံစမ်းရန် ပြင်နေသော စီးပွားရေးသမားတစ်ဦးမှာ လျူးယွဲ့၏ စကားကို ကြားလိုက်ရသည်နှင့် စိတ်ပျက်စွာဖြင့် လှည့်

ထွက်သွားတော့သည်။

"မစ္စတာလီ... နေပါဦး ယွဲ့ယွဲ့က ကလေးဆန်လို့ပါ၊ ကျွန်တော်တို့က..."

သူ စကားမဆုံးမီမှာပင် မစ္စတာလီမှာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

All Chapters