← Chapters

ထုတ်ပယ်ခံရခြင်း၏ နောက်ကွယ်

Vol. 2 Ch. 19

ထုတ်ပယ်ခံရခြင်း၏ နောက်ကွယ်

Vol. 2 Ch. 19

ကျေးရွာသူကြီး၏ မျက်နှာထက်တွင် ပီတိအပြုံးတို့က နေရာယူထားသည်။ သူ၏ မြေးဖြစ်သူမှာလည်း စာသင်ဝိုင်းတွင် ပါဝင်နေသည်မဟုတ်ပါလား။ ဆိုးသွမ်းလှသော ထိုကောင်လေးမှာ ယခုမူ ငြိမ်သက်စွာဖြင့် ပညာဗဟုသုတ ရှာမှီးနေချေပြီ။

"ပညာသင်ကြားတယ်ဆိုတာ တကယ်ကို မွန်မြတ်တဲ့အလုပ်ပဲ လီအောက်ရွာက ကလေးတွေက အားလပ်ရက်မှာတောင် ဒီလောက် စာသင်ချင်စိတ် ရှိကြတာ အံ့ဩစရာပဲ"

ဟု မြို့နယ်အရာရှိတစ်ဦးက ချီးကျူးစကားဆိုသည်။

"အရင်ကလည်း ယန်ကျန်းတက္ကသိုလ်က ကျောင်းသားတစ်ယောက် ဒီရွာက ထွက်ခဲ့ဖူးတယ်မလား တကယ့်ကို ပညာတတ်တွေ ထွက်

ထွန်းတဲ့ မြေမြတ်ပဲ"

ရွာသူကြီးမှာ ထိုစကားကို ကြားရသည့်အခါ အားရပါးရ ပြုံးလိုက်ပြီး-

"အမှန်အတိုင်း ပြောရရင် အခု ဒီစာသင်ဝိုင်းလေးကို ဦးဆောင်နေတာက အဲဒီ ပီကင်းတက္ကသိုလ်ကျောင်းသူ မင်ယွဲ့ပါပဲ အခု လမ်းခင်းဖို့ ငွေလှူတာလည်း သူပဲလေ"

မင်ယွဲ့၏ အိမ်သစ်ကြီးတွင် ပရိဘောဂအသစ်များဖြင့် ပြည့်နှက်နေပြီး သူမ၏ဖခင် မင်လျံသည် အိမ်ရှေ့တွင် လူအချို့နှင့် စကားပြောနေသည်။ ထိုစဉ် မင်ယွဲ့နှင့် ရွယ်တူဖြစ်သူ မင်ကျူး ရောက်ရှိလာ၏။

သူမသည် ယခင်က ဒုတိယတန်းစား တက္ကသိုလ်တစ်ခုသို့သာ တက်ရောက်ခဲ့ရသူဖြစ်ရာ ထူးချွန်သော မင်ယွဲ့အပေါ် အမြဲတစေ မနာလိုဝန်တိုစိတ် ရှိနေခဲ့သူဖြစ်သည်။

"ဦးလေးလျံ... ကျွန်မကြားတာတော့ မင်ယွဲ့က မြို့မှာ အလုပ်ပြုတ်သွားပြီဆို သူ့အလိမ်အညာတွေကို မယုံပါနဲ့ဦး"

မင်ကျူး၏ အသံမှာ ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

သူမသည် မင်ယွဲ့ အလုပ်ထုတ်ခံရသည့် သတင်းကို ကြားထားသဖြင့် မင်ယွဲ့၏ ဖခင်ကို လူပုံအလယ်တွင် အရှက်ခွဲရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

မင်လျံသည် သမီးဖြစ်သူ အလုပ်ပြုတ်သွားသည်ကို အမှန်တကယ် မသိရှိခဲ့ပေ။ သို့သော် သူသည် ပြင်ပလူများရှေ့တွင် အားငယ်သော အမူအရာကို လုံးဝ မပြသခဲ့ဘဲ-

"ယွဲ့ယွဲ့က ငါ့ကို အကုန်ပြောပြပြီးသားပါ ဘာဖြစ်လို့လဲ"

ဟု ခပ်တည်တည်ပင် တုံ့ပြန်လိုက်သည်။

"ဦးလေးကလည်း... မင်ယွဲ့က ကုမ္ပဏီက ခွင့်စောစောပေးလို့ ပြန်လာတာဆိုပြီး အားလုံးကို လိမ်နေတာလေ"

မင်ကျူးက အသံကို ပို၍မြှင့်ကာ ပြောဆိုလိုက်သည့်အခါ ဘေးမှ ရွာသားအချို့ကလည်း ဝိုင်းဝန်းမေးမြန်းလာကြသည်။

"မင်လျံ... ရှောင်ယွဲ့က တကယ်ပဲ အလုပ်ပြုတ်သွားတာလား ဒါဆို နင်က ဘာလို့ ဒီလောက်တောင် အလှူအတန်းတွေ လုပ်နေရတာလဲ"

မင်လျံသည် ရုတ်တရက် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး လူအုပ်ကို အေးစက်စွာ

ကြည့်ကာ-

"ငါ့သမီးက သူ့အတန်းဖော်တွေနဲ့ ကုမ္ပဏီထောင်ထားတာ သူကိုယ်တိုင်က သူဌေးမပဲ၊ သူ ပြန်ချင်တဲ့အချိန် ပြန်လာတာ ဘာဆန်းသလဲ"

ထိုစကားကို ကြားလိုက်ရသည့်အခါ မင်ကျူးမှာ တောင်ထိပ်မှ ချောက်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ စိတ်ကူးထားသော ကလဲ့စားချေမှုမှာ တစ်ခဏအတွင်း ပြိုလဲသွားရ၏။

"မဖြစ်နိုင်တာ... ဒါ မဖြစ်နိုင်ဘူး—"

သူမ၏ အော်ဟစ်သံမှာ နာကျင်မှုနှင့် မယုံကြည်

နိုင်မှုတို့ကြောင့် တုန်ယင်နေသည်။

"နောက်တစ်ခါ ငါ့သမီးအကြောင်းကို မဟုတ်မတရား လျှောက်ပြောရင်တော့ ငါ တရားစွဲမှာပဲ ငါ့မှာ ပိုက်ဆံရှိတယ်၊ ငါ ဘာမှ မကြောက်ဘူး"

ဟု မင်လျံက ပြတ်သားစွာ ပြောဆိုလိုက်ရာ မင်ကျူးမှာ အရှက်ရစွာဖြင့် လူအုပ်ကြားမှ ထွက်ခွာသွားရတော့သည်။

ကျန်ဟင်ထံမှ ဖုန်းဝင်လာပြီး ကုမ္ပဏီအတွက် ဝန်ထမ်းခေါ်ယူမှုများ ပြီးစီးလုနီးပြီဖြစ်ကြောင်း အကြောင်းကြားလာသည်။

မင်ယွဲ့သည် ကုမ္ပဏီ၏ ပထမဦးဆုံးခြေလှမ်းအဖြစ် ဂိမ်း လုပ်ငန်းကို ရွေးချယ်လိုက်သည်။

၎င်းသည် သာမန်ဂိမ်းမျိုးမဟုတ်ဘဲ မူကြိုအရွယ်မှ အထက်တန်းအထိ ကျောင်းသားများအတွက် ပညာဗဟုသုတနှင့် ဖျော်ဖြေမှုကို ပေါင်းစပ်ထားသည့် ဂိမ်းမျိုး ဖြစ်စေရန် သူမ ရည်မှန်းထားသည်။

ယန်ကျန်းတက္ကသိုလ်မှ ထူးချွန်သော ကျောင်းသားများကို ဝန်ထမ်းအဖြစ် ခေါ်ယူထားပြီးဖြစ်ရာ နည်းပညာပိုင်းတွင် အားကိုးထိုက်လှသည်။

နှစ်သစ်ကူးကာလ နီးကပ်လာပြီဖြစ်သဖြင့် မင်ယွဲ့သည် ကျန်ဟင်နှင့် ဝမ်ကျန်းတို့ကို အလုပ်နားခွင့်ပေးလိုက်ပြီး တစ်ဦးလျှင် ငွေကျပ် ငါးထောင် (ယွမ်) စီကို နှစ်သစ်ကူး ဆုကြေးအဖြစ် လွှဲပြောင်းပေးလိုက်သည်။

"ဒါ နင်တို့နှစ်ယောက်ရဲ့ ပထမဦးဆုံး လစာပဲ"

ကုမ္ပဏီမှာ တရားဝင် မလည်ပတ်သေးသော်လည်း သူမနှင့်အတူ လက်တွဲလုပ်ကိုင်နေကြသော သူငယ်ချင်းများအား လက်ဗလာဖြင့် အိမ်မပြန်စေလိုသော မင်ယွဲ့၏ စေတနာပင် ဖြစ်သည်။

ဝမ်ကျန်းကမူ ဝမ်းသာအားရဖြင့် သူမထံသို့ ချစ်စဖွယ် အီမိုဂျီလေးများ ပေးပို့ကာ ကျေးဇူးတင်

စကား ဆိုနေတော့သည်။

မင်ယွဲ့သည် ပြတင်းပေါက်မှတစ်ဆင့် နှင်းများ ဝေနေသော ကျေးရွာလေး၏ မြင်ကွင်းကို ငေးကြည့်ရင်း ပြုံးမိသည်။ သူမ၏ အနာဂတ် ရည်မှန်းချက်များသည် ယခုမှ စတင် တောက်ပလာချေပြီ။

All Chapters