ကျွန်မက ဧည့်ခံမယ်
Vol. 3 Ch. 23
မင်ယွဲ့နဲ့ လီဟွမ်တို့က ကိုယ့်ကမ္ဘာလေးထဲမှာနေနေတော့ တခြားသူတွေက သူတို့ကို လစ်လျူရှုထားတော့ စိတ်အေးလက်အေးနဲ့ အေးဆေးပါပဲ။
မင်ယွဲ့မှာ မိတ်ဆွေမရှိဘူးလို့ပြောရင်တော့ မမှန်ပြန်ဘူး။ သူက အဆင့်အတန်းမြင့်တဲ့ အတော်ဆုံးကျောင်းသားဖြစ်တာကိုး။ ကျောင်းမှာဆိုရင် အတော်ဆုံးသူတစ်ယောက်က တခြားသူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်တတ်တာပဲ။
ဒါပေမယ့် အခုတော့ ကွဲကာကြာပြီဖြစ်တဲ့အပြင် အထက်တန်းကျောင်းပြီးကတည်းက သုံးလေးနှစ်လောက်ရှိပြီမို့လား။ တစ်ယောက်နဲ့တစ်ယောက် နည်းနည်းစိမ်းသွားပြီ။
ဒါ့ပြင် သူတို့အားလုံးက လူကြီးတွေပဲ။ ရှန်တီးယန်းက သူ့ချစ်သူမိသားစုက ကုမ္ပဏီပိုင်ရှင်တွေလို့ပြောတာကြားတော့ လောကီအမြင်တွေရှိလာကြမှာပဲ။ သူ့နဲ့ ဆက်သွယ်ရေးလမ်းကြောင်းလည်း ဖောက်ချင်ကြမှာပေါ့။
အလုပ်ခွင်ဝင်ပြီးမှသိတာက တစ်ခါတစ်ရံ ရွေးချယ်မှုတွေက ကြိုးစားအားထုတ်မှုထက် ပိုအရေးကြီးတတ်တယ်။ တစ်သက်လုံးကြိုးစားရတာထက် တစ်ခြားသူတစ်ယောက်ရဲ့ မွေးဖွားလာမှုက ပိုတန်ဖိုးရှိတတ်တယ်ဆိုတာကိုလေ။
သင်တစ်သက်လုံးအလုပ်လုပ်နေရတဲ့ ကုမ္ပဏီကြီးက မွေးကင်းစကလေးတစ်ယောက်ပိုင်ဆိုင်တာမျိုး ဖြစ်နေတတ်တယ်။
သူတို့က အစကတည်းက ရှုံးနေကြတာပဲ။
ဒါကြောင့် သူတို့တွေ လမ်းမြောင်ယူချင်တာ၊ အကူအညီပေးမယ့်သူရှိချင်တာက နားလည်နိုင်တယ်။ မင်ယွဲ့လည်း သူတို့မှားတယ်လို့မထင်ဘူး။ ဒါပေမယ့် သူတို့နဲ့တော့ မရင်းနှီးနိုင်ဘူး။
"ညီလေး၊ ငါတို့စားမယ့်ဟင်းတွေကို ရွေးပေးပါ။ ဒီနေ့ ငါ့ချစ်သူက ဧည့်ခံတာမို့လို့ ရှက်မနေနဲ့"
ရှန်တီးယန်းက ဟင်းအမယ်အနည်းငယ်ကို သာမန်ဆန်ဆန်ရွေးပြီး မီနူးစာအုပ်ကို ဘေးကလူထံပေးလိုက်တယ်။
လူတိုင်းက ယဉ်ကျေးစွာနဲ့ ဟင်းတစ်ခွက်စီရွေးပြီး မင်ယွဲ့ဆီလာချိန်လည်း ရောက်လာပြီ။
"မင်ယွဲ့၊ အရင်တုန်းက အနောက်တိုင်းစားသောက်ဆိုင်ခေါ်တာနဲ့မလာဘဲ အခုတော့ ကျောင်းသားဟောင်းတွေတွေ့ဆုံပွဲလာတယ်"
ရှန်တီးယန်းက ပြုံးပြုံးရွှင်ရွှင်နဲ့ပြောတယ်။
ကိုယ်က ဘုရင်လိုထင်နေတာလား။ ကိုယ်စားချင်ရင် တခြားသူတွေကိုပါ အတူစားခိုင်းလို့ရတယ်လို့ထင်နေတာလား။
လီဟွမ်က စိတ်ထဲမှာ မပြတ်ပြောနေတယ်။ ရှန်တီးယန်းကို ကြည့်ရတာ အင်မတန်မှ စိတ်မသက်သာဘူး။
သူ့ချစ်သူကပေးမှာဆိုတာ သိရင် လာမှာမဟုတ်ဘူး။
"မင်္ဂလာပါ၊ အရင်တုန်းက တွေ့ဖူးတယ်၊ ကျွန်တော် လျိုကျွန်းပါ"
လျိုကျွန်းက ပြုံးပြီး မင်ယွဲ့ဆီလက်တန်းထုတ်လိုက်တယ်။ စကားပြောနေတဲ့ လူစုကလည်း ချက်ချင်းတိတ်ဆိတ်သွားတယ်။
ရှန်တီးယန်းရဲ့ မျက်နှာလည်း ပြောင်းသွားတယ်။ အတူလာတဲ့ ကျောင်းသားဟောင်းတွေထဲမှာ လျိုကျွန်းက ဘာလို့ မင်ယွဲ့ကို ပထမဆုံးနှုတ်ဆက်တာလဲ။
"စိတ်ကုန်လိုက်တာ” လို့ သူက စိတ်ထဲမှာကျိန်ဆဲလိုက်တယ်။
မင်ယွဲ့နဲ့ လီဟွမ်တို့လည်း လေထုအပြောင်းအလဲကို သတိထားမိကြတယ်။
မင်္ဂလာပါ မင်ယွဲ့
မင်ယွဲ့က လက်မထုတ်ဘဲ သူ့ရှေ့က အချိုရည်ကိုကောက်ယူလိုက်တယ်။နှုတ်ဆက်တာကိုမသိချင်ယောင်ဆောင်တဲ့သဘောအနေနဲ့ပေါ့
"ကဲ၊ အားလုံး ရှန်တီးယန်းနဲ့ လျိုကျွန်းမန်နေဂျာကို တို့ကြစို့"
အတန်းမှူးက ချက်ချင်းထရပ်ပြီး အရှိန်ပြန်ယူဖို့ ကြိုးစားတယ်။
လျိုကျွန်းရဲ့ ပြုံးနေတဲ့အပြုံးက ပိုကျယ်လာတယ်။ ဒီလတ်တလော ဘွဲ့ရထားတဲ့သူတွေက တကယ်ပဲ အထင်သေးစရာကောင်းတယ်။ ထမင်းတစ်နပ်စျေးနဲ့တင် သူ့ကိုချော့မော့နေကြတယ်။ "မန်နေဂျာ လျိုကျွန်း" လို့ လွယ်လွယ်ကလေးခေါ်နေကြတာကို ကြားရတော့ သူတော်တော်ကျေနပ်နေတယ်။
"မဟုတ်ပါဘူး၊ အခုတော့ ကျွန်တော်က မန်နေဂျာပဲရှိသေးတယ်"
သူက နှိမ့်ချနေပေမယ့် စကားလုံးတွေကတော့ "ဒါက အခုပဲ" ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်နေတယ်။ အနာဂတ်မှာ ဒီလိုမဟုတ်တော့မှာပါလို့ ဆိုလိုနေသလိုပဲ။
"ဦးလျိုကျွန်း ဒါတော့ နှိမ့်ချလွန်းပါတယ်။ မကြာခင်မှာ ဖြစ်လာမှာပါပဲ။ ဆက်ပြီးခေါ်ကြရအောင်။ ဦးလျိုကျွန်း၊ သောက်ကြစို့"
အတန်းမှူးနဲ့ ရှန်တီးယန်းရဲ့ ရင်းနှီးတဲ့သူငယ်ချင်းတချို့ ထရပ်လာကြတယ်။ တချို့ယောက်ျားလေးတွေလည်း ညီအစ်ကိုခေါ်ကြတယ်။
မလာခဲ့ရင် ကောင်းမှာပဲ။ မင်ယွဲ့က ဒီလိုမျိုးအခြေအနေတွေကို သိပ်မကြိုက်ဘူး။
"ယွဲ့ယွဲ့၊ မစားတော့ပါဘူး၊ အိမ်ပြန်ကြရအောင်"
လီဟွမ်က မူလက ကျောင်းသားဟောင်းတွေနဲ့ ပြန်လည်ဆုံတွေ့ဖို့၊ မင်ယွဲ့ကို လက်စားချေပေးဖို့ ရည်ရွယ်ခဲ့တာ။ ဘယ်သူသိမလဲ ရှန်တီးယန်းနဲ့ သူ့ချစ်သူတို့က ဘယ်သူကပိုင်သလဲဆိုတာ ငြင်းခုံနေကြတာကိုး။
သူက အဲ့လိုတွေ မဖြစ်ချင်ဘူး။
"ကျွန်မတို့မှာ ကိစ္စရှိလို့ အခု ထွက်ခွာတော့မယ်။ အားလုံးပဲ အနေတော်စားသောက်ကြပါ"
မင်ယွဲ့နဲ့ လီဟွမ်က ထရပ်ပြီး ထွက်ခွာဖို့ပြင်ဆင်နေတယ်။
"ခဏစောင့်ပါ၊ အခုထိမစားရသေးဘူးလေ”
ရှန်တီးယန်းက မိတ်ကပ်သုတ်ထားတဲ့ မျက်လုံးလေးတွေနဲ့ မင်ယွဲ့ကိုကြည့်တယ်။
"ကျွန်မတို့တွေ အရင်သောက်ကြ ပြောကြမှ စားရမယ်ထင်တယ်။ ဒီကျောင်းသားဟောင်းတွေတွေ့ဆုံပွဲကို မွေးနေ့ပွဲလုပ်နေသလိုပဲ။ လီဟွမ်နဲ့ကျွန်မက မနှောင့်ယှက်တော့ပါဘူး။ ကျွန်မတို့ ဗိုက်ဆာနေတယ်၊ စာပေဗဟုသုတလည်း မရှိဘူးလေ"
မင်ယွဲ့ရဲ့ မျက်နှာအမူအရာက ကြည့်ရတာ အတော်လေးတင်းမာနေတယ်။
ခဏအကြာက ရယ်စရာပြောနေတဲ့ လူစုတောင် အခုတော့ တိတ်ဆိတ်သွားပြီ။
အောက်က လူတော်တော်များများက အခုထိ သေချာပြင်ဆင်ပြီး ထွက်ခွာဖို့ပြင်ဆင်နေကြတယ်။
အထက်တန်းကျောင်းသားဘဝရဲ့ လန်းဆန်းတဲ့နေ့ရက်တွေက သူတို့ကို စစ်မှန်တဲ့ဘဝရဲ့ ဇကာတစ်ခုပေးထားတယ်။ ဒီခေတ်က လူတွေကိုမြင်တဲ့အခါမှာပေါ့။ ဒီနေ့ ဒီထမင်းကို လာမစားရင် ကောင်းမှာပဲ။ ဇကာ ကွဲသွားသလိုပဲ၊ အရာအားလုံးက ရုပ်ဆိုးနေတယ်လို့ ထင်ရတော့တာပေါ့။
"မင်ယွဲ့၊ သူတို့က ယဉ်ကျေးလို့ပြောတာပါ"
လျိုကျွန်းက ခုံမှာလျောင်းပြီး ပေါ့ပေါ့ပါးပါးပြောလိုက်တယ်။
သူက ငြင်းလို့မရအောင် ချောမောလှပပေမယ့် မင်ယွဲ့ကတော့ သူ့ကို အရမ်းရွံစရာကောင်းတယ်လို့ထင်တယ်။ သူဝင်လာကတည်းက လှပတဲ့ ကျောင်းသားဟောင်းတချို့အကြား၊ အထူးသဖြင့် သူ့အကြားမှာ မျက်လုံးတွေပြေးနေတာ သူမမြင်ဘူးလို့မထင်နဲ့။
"တောင်းပန်ပါတယ်၊ ကျွန်မက ယဉ်ကျေးချင်တဲ့စိတ်မရှိပါဘူး"
သူမှာ ယဉ်ကျေးမှုမရှိသရွေ့ ဘယ်သူမှ သူ့ကို ဒီထမင်းကို စားခိုင်းလို့မရဘူး။ သူကတော့ ဒါကို တကယ်ကို မလိုအပ်ဘူး။
လျိုကျွန်းရဲ့ မျက်နှာက နည်းနည်းမည်းသွားတယ်။ ဒီနေ့ မြို့ငယ်လေးကမိန်းကလေးတစ်ယောက်ကြောင့် မျက်နှာပျက်ရမယ်လို့ သူမမျှော်လင့်ထားဘူး။
သူ့မိသားစုကလည်း မြို့ငယ်လေးကဆင်းသက်လာတာကို သူမေ့နေသလိုပဲ။
"မင်ယွဲ့၊ မင်းဒီလိုမလုပ်သင့်ဘူး။ ကျောင်းသားဟောင်းတွေတွေ့ဆုံဖို့ အခွင့်အရေးရခဲတယ်၊ မင်းက ပျော်ရွှင်မှုကိုဖျက်နေတယ်"
အတန်းမှူးက မင်ယွဲ့ကို မထီမဲ့မြင်ပြုပြီးကြည့်တယ်။ ဒီနည်းနဲ့ပဲ ရှန်တီးယန်းရဲ့အဖွဲ့ထဲကို ဆွဲသွင်းနိုင်မယ်ထင်နေသလိုပဲ။
"အတန်းမှူး၊ ကျွန်တော့်မှာ အလုပ်ရှိလို့ ဒီထမင်းကိုတော့ ကျွန်တော်မစားတော့ပါဘူး"
အတန်းထဲက ယောက်ျားလေးတွေ ထရပ်လာတယ်။ သူတို့က မူလက အတူတကွစုဝေးဖို့ စီစဉ်ထားတာ။ အထက်တန်းကျောင်းသားဟောင်းတွေနဲ့ အခွင့်အရေးရှိမလားလို့ မျှော်လင့်နေကြတယ်။ ဟိုတယ်ထဲမဝင်ခင်မှာ ဒီလိုနှိုးဆော်မှုမျိုး ကြုံရမယ်လို့ သူတို့မမျှော်လင့်ထားဘူး။ တစ်ခြားတစ်ယောက်အတူတကွစုဝေးဖို့ စောင့်ဆိုင်းတယ်ဆိုတာ သူတို့ဘယ်တော့မှမကြားဖူးဘူး။
ငါလည်း မစားတော့ဘူး။
"အတန်းမှူး၊ ကျွန်တော့်မှာ အလုပ်ရှိလို့ အခုထွက်ခွာရတော့မယ်"
......
လူတွေက တဖြည်းဖြည်း ထရပ်ပြီး ထွက်ခွာဖို့ပြင်ဆင်နေကြတယ်။
သူတို့တွေ စိတ်ပျော်ရွှင်စွာနဲ့ ပါတီကိုလာခဲ့ကြတာ။ သူတို့ရဲ့ဟောပြောချက်တွေကိုနားထောင်ရင်း ဒေါသကိုချုပ်ထိန်းထားရတယ်။ အခု မင်ယွဲ့မင်ယွဲ့ထွက်ခွ**ထွက်ခွာတော့ာတော့မယမယ်ဆိုတော့ သူတို့်ဆိုတော့ သူတို့တကယ်ပဲတကယ်ပဲ မခံန မခံနိုင်တော့ဘူး။
အရင်က ရှန်တီးယန်းနဲ့ လျိုကျွန်းကို ချော့မော့နေတာမနေနိုင်တော့ဘူး
အရင်က ရှန်တီးယန်းနဲ့ လျိုကျွန်းကို ချော့မော့နေတဲ့ သူတွ သူတွေကတော့ေကတော့ တစ တစ်ခုခ်ခုခုပြုပြောမနေတော့ဘူး။
"မင်း...း။
"မင်း... မင်း"
မင်း"
အတန်းမှူးက အရမ်းဒေါသထွက်နေတယ်။ သူက အရင်ကတည်းက သူ့ရာထူးကိုအသုံးချပြီး မောက်မာတာ၊ လူတွေကိုနှိပ်စက်တာ၊ အာဏာအလွဲသထွက်နေတယ်။ သူက အရင်ကတည်းက သူ့ရာထူးကိုအသုံးချပြီး မောက်မာတာ၊ လူတွေကိုနှိပ်စက်တာ၊ အာဏာအလွဲသုံးစားလုပ်တာကြ ကြိုက်တယ်။ အထက်တန်းကျောင်းပြီးပြီးချင်း ဒီလောက်နှစ်တွေကြာပြီးနောက်မှာတောင် သူမပြောင်းလဲသေးဘူး။
"ရှန်တီယန်းက ကျေးဇူးတင်စရာကောင်းအောင်ထမင်းဧည့်ခံကျွေးမွေးတာကို မင်းတို့က ဒီလိုလုပ်တာလား”
“ငါတော့မစားတော့ဘူး စားနေရင်းအသက်တိုမှာစိုးလို့”
မင်ယွဲ့က လီဟွမ်ကိုဆွဲပြီး အပြင်ကိုထွက်သွားတယ်။
မင်ယွဲ့က လီဟွမ်ကိုဆွဲပြီး အပြင်ကိုထွက်သွားတယ်။ လီဟွမ်ကရှယ်ပြုံးနေတယ် မင်ယွဲ့ကဒီနေ့တဂယ်မိုက်တယ်လို့ခံစားနေရတယ်
ပြန်တဲ့သူကပြန် နဲ့ဆိုတော့ တံခါးအဖွင့်အပိတ်မှာ လေထုက နွေးလိုက် အေးလိုက်ဖြစ်နေတယ်
ရှန်တီယန်းကတော့ သူတို့တဂယ်ပြန်မယ်မထင်ပေမယ့် အခုပြန်သွားတော့ ဒေါသထွက်နေပြီး အံကြိတ်ကာ ပြောလိုက်တယ်
"ကဲ၊ ကဲ စားကြရအောင်"
“သူတို့မစားလည်းငါတို့ပဲ စားကြတာပေါ့ ဒီဟော်တယ်မှာ သူတို့တွေ ဝယ်စားနိုင်ကြမှာမဟုတ်ဘူး နောက်မှ နောင်တရနေကြမှာ”ဟုအတန်းမှူးက လှောင်ပြောင်တယ်။
ကိုယ်ပိုင်သီးသန့်အခန်းတွင်းဠ်
အဲ့အခန်းမှာတော့ ဆူညံပျော်ရွင်နေကြတယ်
"ယွဲ့ယွဲ့ ငါတို့ တခြားဟာမှာစားရအောင်” လီဟွမ်ကအကြံပြုတယ်”
မင်ယွဲ့က ခုနကထွက်လာတဲ့ ကျောင်းသားဟောင်းတွေကို ကြည့်ပြီး စဉ်းစားနေရင်း
"ငါ”
"ငါဧည့်ခံမယ် ငါတို့ကြီးပဲတွေ့ဆုံပွဲလုပ်ကြရင်ကော”
ယွဲ့ယွဲ့ဟာ ပျော်ရွင်မှုကို ဖျက်ဆီးချင်တာမဟုတ်ဘူး သူက လူတိုင်းကိုရှိမနေစေချင်ရုံပဲ”
"ဟုတ်တယ်နော် ဒါမယ့် ဒီဆိုင်လား ဒီဆိုင်ကအတော်စျေးကြီးမယ့်ပုံပဲ “
"ဟုတ်တယ်ဒီမှာက တဂယ်စျေးကြီးတာနော် အရင်တစ်ခါ ငါ့ဦးလေးသူတို့မိတ်ဆွေကို ဧည့်ခံတုန်းကဆိုရင် သီးသန့်အခန်းအသေးယူတာတောင် သုံးသောင်းကျော်ကျသွားတယ်”
သူတို့ထဲက အတော်များများက တက္ကသိုလ်မတက်ခဲ့ဘူး နှစ်အတော်လေး အလုပ်လုပ်ပြီး ရှာဖွေစုဆောင်းခဲ့ကြတဲ့သူတွေပီပီ စျေးကြီးတဲ့အစားအစာတွေအပေါ် ငွေသုံးဖို့ကို တွန့်ဆုတ်နေကြတယ်
"ဒီမှာပဲစားကြရအောင်၊ ငါကျွေးပါမယ်”
သူတို့အခန်းတံခါးက ပွင့်နေဆဲဖြစ်တော့ အထဲက ပျော်ရွင်သံတွေက အပြင်ဘက်ထိ ကြားနေရဆဲပဲ