← Chapters

အခန်း (၁-၃)

Vol. 1 Ch. 1-3

အခန်း (၁-၃)

Vol. 1 Ch. 1-3

အခန်း - (၁ )

ဒိုင်း.. ဒိုင်း.. ဒိုင်း

ရားးး

အနောက်မိုးကုပ်စက်ဝိုင်းဘက်တွင် နေလုံးကြီးဝင် ရောက်သွားသည်နှင့်အမျှ သေနတ်သံများနှင့် ပေါက်ကွဲသံများလည်း ရောထွေးလို့နေကာ ဧရိယာအတွင်းရှိ ဖုတ်ကောင်များရဲ့ ဟိန်းဟောက်သံများမှာတော့ နေရာအနှံ့ပြားကို ပဲ့တင်ထပ်နေခဲ့တယ်။ ပုပ်သိုးနေသော အသားရဲ့အပုပ်နံ့က သံချေးနံ့လှိုင်လှိုင်ထနေသော သွေးနံ့များနှင့် ရောနှောနေကာ လူသားများစွာ၏ စိတ်အစဉ်အား ပြင်းထန်စွာ ထုံကျင်သွား‌ စေနိုင်သည်။

သုံးထပ်စတိုးဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်နေသော လူအုပ်စုများစွာသည် မရေမတွက်နိုင်သော ဖုတ်ကောင်များစွာဖြင့် ဝန်းရံခံထားရတယ်။ သူတို့ရဲ့ သေနတ်တွေကို ပစ်ခတ်နေပြီး သူတို့ရဲ့ စွမ်းရည်တွေကို စတင်ကာအသုံးပြု လိုက်တဲ့အချိန်မှာစ၍ သေခြင်းတရားရဲ့ အငွေ့အသက်က ပိုမိုပြင်းထန်လာလေတယ်။

ရှုပ်ထွေးတဲ့ပရမ်းပတာဖြစ်ရပ်များကြားတွင်တာ့ ပိန်လှီနေ သော အမျိုးသမီးတစ်ဦးက ဖုတ်ကောင်တစ်ကောင်ရဲ့ ဦးခေါင်းကို ဓားမြှောင်နှင့် ထိုးစိုက်ပစ်လိုက်တယ်။ သူမရဲ့ မျက်နှာမှာ ပင်ပန်းနွမ်းနယ်မှုအရိပ်အ‌ယောင်တွေ ထင်ဟပ်နေပြီး ချွေးစက်များလည်း တစ်ကိုယ်လည်း ရွှဲရွှဲစိုနေပေမယ့် သူ့အဝတ်တွေမှာဖုံးလွှမ်းကပ်ငြိနေတဲ့ ဖုန်တွေ၊ ပုပ်ပွနေတဲ့ အသားတွေကို စိတ်ထဲထည့်မနေဘဲ သူမရဲ့နဖူးက ချွေးစက်တွေကို လက်ဖမိုးနဲ့ဖိ သုတ်ပစ်လိုက်တယ်။

သူမ အသက်ရှုမဝနိုင်ခင်အချိန်မှာပဲ့ နောက်ထပ်ဖုတ်ကောင်တစ်ကောင်က သူ့မရဲ့နံဘေးနားကို ခုန်အုပ်လာခဲ့တယ်။ ဖုတ်ကောင်ရဲ့ တိုက်ခိုက်မှုကို သတိပြုမိလိုက်ပြီးနောက်တွင် သူမရဲ့ နောက်ဆုံးသော လက်ကျန် ခွန်အားကို အသုံးပြုလို့ သူမရဲ့ ဦးခေါင်းကို ဦးတည်နေသော ချွန်ထက်တဲ့ လက်သည်းများကို ရှောင်တိမ်းရင်းနဲ့ ဘေးဖက်သို့ ခုန်ထွက်လိုက်သည်။

မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင်တော့ သံချေးတက်နေသော အရာဝတ္ထုတစ်ခုကသူမ၏ပခုံးကို ဓားဖြင့်ထိုးလိုက်သလိုဖြစ်သွားစေပြီး ဒဏ်ရာမှ သွေးများ စိမ့်ထွက်လာကာ မြေပြင်ပေါ်သို့ ယိုစီးကျသွားပြီး သူမရဲ့ မျက်နှာမှာလဲ ဖြူဖျော့လာခဲ့တယ်။ သွေးရဲ့အနံ့က ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များစွာကို ပို၍ပင် စိတ်လှုပ်ရှားလာစေပြီး သူမကို မြန်မြန်ဆန်ဆန်ပဲ့ ခုန်အုပ်လာစေသည်။

သူမရဲ့ လက်ဖဝါးကို မြှောက်ကာ ဖုတ်ကောင်များဆီသို့ ရေဓါးများစွာကို ပစ်လိုက်ပြီး ဖုတ်ကောင်တွေရဲ့ ဦးခေါင်း သုံးလုံးကို တစ်ပြိုင်နက်တည်းဖြင့် အောင်မြင်စွာ ဖြတ်တောက်ပစ်လိုက်နိုင်သည်။

သူမနှင့် မနီးမဝေးရှိ အုပ်စုအလယ်တွင် အကာအကွယ်ပေးခံထားရသော အမျိုးသမီးတစ်ဦးဟာတော့ အေးစက်စက်နဲ့ မုန်းတီးသောမျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေခဲ့တယ်။ အားအင်ကုန်ခန်းပြီး ကန့်သတ်ချက်တွေနဲ့ နီးကပ်နေတဲ့ ခပ်ပိန်ပိန်အမျိုးသမီးနဲ့ မတူတာက ဒီအမျိုးသမီးဟာ ခွန်အားနဲ့ စွမ်းအင်တွေ ပြည့်နေပါသေးတယ်။ သူမရဲ့ အဖြူရောင်ဝတ်စုံက တခြားသူတွေထက်တော့ ပိုပြီးသန့်ရှင်းတယ်။

“ကျွန်တော်တို့ ဆက်မထိန်းနိုင်တော့ဘူး ခေါင်းဆောင်၊ ကျွန်တော်တို့ လွတ်မြောက်ဖို့ နည်းလမ်းရှာရမယ်” ယောက်ျားတစ်ယောက်က ရုတ်တရက် အော်လိုက်တယ်။

ထိုကြွေးကြော်သံက သူမာဘာမှမလုပ်ဘူးဆိုရင် ဒီမှာပဲ့သေသွားနိုင်တယ်ဆိုတာကို အဲဒီ မိန်းမကိုအားသဘောပေါက်သွားစေခဲ့တယ်။

‘မဟုတ်ဘူး၊ ငါဒီမှာမသေနိုင်ဘူး’ သူမရဲ့ ရင်ထဲမှာ အရမ်းထိတ်လန့်တုန်လှုပ်သွားသလို စိတ်ထဲမှာလဲ တွေးတောလိုက်မိတယ်။

ခဏလောက်စဉ်းစားလိုက်ပြီးသည့်အခါ၌ သူမ၏မျက်လုံးများကတော့ ပိန်လှီသောအမျိုးသမီးရဲ့ နောက်ကျော‌ပေါ်ကို ကျရောက်သွားခဲ့တယ်။ ‘ဒီမိန်းမသေသွားရင် ငါလိုချင်တဲ့လူနဲ့ အတူနေနိုင်လိမ့်မယ်။ သူမရဲ့ ရှက်စရာကောင်းတဲ့အတိတ်အကြောင်းကိုလည်း ဘယ်သူကလည်း သိမှာမဟုတ်တော့ဘူး။’

ထိုအတွေးက သူမရဲ့ စိတ်ထဲ ကူးလူးသွားတာနှင့် သူမ လက်သီးများကို စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ထားလိုက်မိတယ်။ ပိန်လှီနေသောအမျိုးသမီးဆီသို့ သူမ နီးကပ်သွားသည့်အချိန်မှာ သူမ၏အဖွဲ့ခေါင်းဆောင်က သတိပေးလိုက်တယ် “အားလုံးပဲ့ စစ်ကူတွေက ဒီမှာရောက်လာနေပြီ ခဏလောက်တော့တောင့်ခံထားပါအုံး ငါတို့ ဘေးကင်းသွားပါလိမ့်မယ်”

ဒါကိုကြားတော့ အမျိုးသမီးက ခေါင်းကို လှည့်ကြည့်လိုက်ရာ လမ်းတစ်လျှောက် ဖုတ်ကောင်တွေကို ရှင်းလင်းရင်း သူတို့ဆီကို အပြေးအလွှား လာနေကြတဲ့ အမျိုးသားတစ်စုကို တွေ့လိုက်ရတယ်။ အဖွဲ့ကို ဦးဆောင်နေသူကို မြင်လိုက်ရသောအခါတွင်တော့ သူမ၏ မျက်လုံးများက ရွှင်လန်းမှုနှင့် စိုးရိမ်မှုတို့ဖြင့် ရောထွေးနေကာ တဖျပ်ဖျပ်ခတ်လာခဲ့တယ်။

‘မဟုတ်ဘူး၊ သူ မရောက်လာခင်မှာ ငါ သူမကို သတ်ရမယ်’လို့ တွေးတောလိုက်ပြီးတာနဲ့ သူမ မျက်လုံးထဲတွင် ရက်စက်မှုကြောင့် အလင်းတန်းများ တောက်ပလာခဲ့တယ်။

အခုချိန်ကတော့ သူမရဲ့ အတားအဆီးကို ဖယ်ရှားရန်အတွက် တစ်ခုတည်းသာရှိသော အခွင့်အရေးချိန်ပင် ဖြစ်သည်။

သူမစိတ်ထဲ‌တွေးလိုက်ပြီးတဲ့နောက်မှာပဲ့ သူမသည် ပိန်လှီသောအမျိုးသမီးဆီသို့ ပြေးသွားပြီး အားအပြည့်ဖြင့် မဆိုင်းမတွပဲ့ အနောက်ကနေ တွန်းပစ်လိုက်တယ်။

သူမ၏ ရုတ်တရတ် တိုက်ခိုက်မှုကြောင့် ပိန်လှီသော အမျိုးသမီးက သတိမထားမိဘဲ ဖုတ်ကောင်များဆီသို့ မိမိကိုယ်ကို တွန်းပို့သလိုဖြစ်သွားကာ အိမ်ခေါင်မိုးပေါ်မှ ပြုတ်ကျသွားခဲ့တယ်။ သူမတော့ ဆုံးခန်းတိုင်ပြီဆိုတာ သိလိုက်ပြီး သူမကို ဘယ်သူက ထိခိုက်နစ်နာစေခဲ့တာလဲဆိုတာကိုစေဖို့ သူမ မယုံကြည်နိုင်စွာဖြင့် ခေါင်းကို လှည့်ကြည့်လိုက်မိတယ်။

မုန်းတီးမှုအပြည့်နဲ့ သူမကို စိုက်ကြည့်နေတဲ့ သူမရဲ့သူငယ်ချင်းဖြစ်သူကို ငေးကြည့်ရင်း မယုံနိုင်စွာနဲ့ မေးလိုက်မိတယ်။

ကံမကောင်းစွာနဲ့ပဲ သူမဟာ ဖုတ်ကောင်အုပ်ထဲကို ပြုတ်ကျသွားသည့်အခိုက်မှာပဲ့ သူမရဲ့ ခန္ဓာကိုယ်က တကွဲတပြားစီ ဖြစ်သွားသဖြင့် သူမ အနေနဲ့တော့ အဲဒီအဖြေကို ဘယ်တော့မှ မရနိုင်တော့ပါဘူး။

“အားးးး” အသားတွေက စုတ်ပြဲသွားပြီး အရိုးတွေကလည်း ကြေမွသွားသလို သူမကလည်း နာကျင်စွာအော်ဟစ်ခဲ့တယ်။ အရှင်လတ်လတ် စားသောက်ခံလိုက်ရတဲ့ ဝေဒနာက သူမကို နှိပ်စက်ရုံသာမကဘဲ သူမရဲ့စိတ်ကိုပါ နှိပ်စက်နေတယ်။

ဖုတ်ကောင်တွေဆီ မျိုချမခံရခင်မှာ နောက်ဆုံးကြားလိုက်ရတာက သူမရဲ့နာမည်ကို အသည်းအသန်အော်ဟစ်လိုက်တဲ့ လူတစ်ယောက်ရဲ့အသံပဲ့ “ အာ့ဇီ ”

‘ငါ့ကိုဘယ်သူခေါ်နေတာလဲ’

ဒါကတာ့ သူမက ထာဝရအမှောင်ထဲသို့ ဆွဲချမခံရမီ သူမရဲ့ နောက်ဆုံးအတွေးပါပဲ့။

အခန်း - (၂)

ဟွာရှား ၏အကြီးဆုံးမြို့များထဲမှတစ်ခုဖြစ်တဲ့ လင်းအန် မြို့ကတော့ မြူမှုန်ဖြင့်ထူထပ်စွာ ဖုံးလွှမ်းခံထားရတယ်။ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းပေါ်ရှိ နေရောင်က သွေးများ ဖြည်းညှင်းစွာ ဖုံးလွှမ်းလာသည်နှင့်တူပြီးနီရဲကာတောက်ပနေတယ်။

နီရဲတောက်ပနေသော နေရောင်ခြည်ရဲ့အောက်တွင် မြို့က တစ္ဆေမြို့သကဲ့သို့ဖြစ်လာပြီး အလွန်ကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ဖြစ်‌နေခဲ့သည် ။ ခွေးဟောင်သံတောင် မကြားရဘူး၊ ကားသံတွေ ဒါမှမဟုတ် အလုပ်သွားတဲ့လူတွေရဲ့ ခြေသံတွေကို ကြားဖို့နေနေသာသာ အရာအားလုံးကအရမ်းကိုတိတ်ဆိတ်လွန်းနေခဲ့တယ်။

နေက ပိုမြင့်လာတာနှင့် မြူခိုးများကလည်း တဖြည်းဖြည်း ကွယ်ပျောက်သွားကာ ဝင်ရောက် လာသော ပျက်စီးခြင်းရဲ့အငွေ့အသက်က မငြိမ်မသက်သော လေထုကို ပိုမို ပေါ်လွင်လာစေခဲ့သည်။

မြူခိုးတွေ လုံးဝပျောက်ကွယ်သွားပြီးတဲ့အချိန်မှာတော့ ဆေးရုံရဲ့ ရေခဲတိုက်မှာ သိမ်းဆည်းထားတဲ့ အလောင်းတစ်လောင်းက ရုတ်တရက်ကြီး ရွေ့လျားသွားတယ်။ ပကတိမျက်စိဖြင့်ပင် မမြင်နိုင်သော အရှိန်ဖြင့် အသားကပုပ်ပုပ်သွားသော်လည်း ခန္ဓာကိုယ်က တောင့်တောင့်တင်းတင်းနဲ့ ရွေ့လျားနေပြီး ထမ်းစင်ကိုသာ ချန်ထားခဲ့သည်။ အလောင်းရဲ့ မျက်လုံးများသည် နို့ရည်များကဲ့သို့ ဖြူလာကာ လက်သည်းများနှင့် သွားများကတော့ ချွန်ထက်သော ဓားသွားများကဲ့သို့ ပိုရှည်ပြီးရင်း ပိုလို့ရှည်လာခဲ့တယ်။

အလောင်းကြီးက ရွေ့လျားလာခဲ့ပြီး တောရိုင်းတိရစ္ဆာန်နှင့် ဆင်တူသည့် ခပ်နိမ့်နိမ့် ဟိန်းသံတစ်ခုလဲ ထွက်လာခဲ့တယ်။ အနီးနားရှိ အရသာတစ်မျိုးကို ခံစားလိုက်ရသဖြင့် တောင့်တင်းနေသော အလောင်းကိုယ်ထည်က တံခါးဆီသို့ အမြန်ပြေးသွားခဲ့တယ်။ သက်ရှိလူသားများ၏ အနံ့က ရွေ့လျားနေသောအလောင်းကို ပိုမိုနီးကပ်လာအောင်လက်ယပ်ခေါ်နေသလိုဖြစ်နေပုံရပြီး အလောင်းကောင်ရဲ့ဗီဇအတွင်းရှိ ဆာလောင်မှုကို လှုံ့ဆော်ပေးနိုင်လေသည်။

သံတံခါးဖြင့် ပိတ်ဆို့ထားတာကြောင့် ပုပ်သိုးဆွေးမြေ့နေသော လက်များကို မြှောက်ကာ တံခါးကို တိုက်၍ လွတ်နေသော စင်္ကြံတွင်း၌ ပဲ့တင်ထပ်သော အသံတစ်ခုကို ထွက်လာစေခဲ့ သည်။

ဘန်းး

အနီးနားရှိအစောင့်စခန်းမှ အိပ်ပျော်နေသော အစောင့်သည် ထိုင်ခုံပေါ်မှ ပြုတ်ကျလုနီးနီးဖြစ်စေခဲ့တဲ့ အသံကြောင့် တုန်လှုပ်သွားကာ လန့်နိုးလာခဲ့တယ်။ လုံခြုံရေးကင်မရာရဲ့ မော်နီတာကို မစစ်ဆေးနိုင်ခင်မှာပဲ အသားရဲ့အပုပ်နံ့က သူ့နှာခေါင်းကို ညစ်ညမ်းသွားစေခဲ့တယ်။

အနံ့အသက်ဆိုးကြောင့် မျက်မှောင်ကြုတ်လိုက်မိပြီး သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ထံ လှည့်ကြည့်လိုက်ချိန်မှာတော့ ပုပ်ပွနေသော မျက်နှာဖြင့် သူ့ဆီသို့ အပြေးအလွှားလာနေသည့်အရာကို မြင်လိုက်ရတယ်။

"ရားး" ပုပ်ပွနေသော အလောင်းကောင်က သူရဲ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ ချွန်ထက်သော သွားတန်းများကို ပြသနေတယ်။

အစောင့်က မတုံ့ပြန်နိုင်ခင်မှာပဲ့ ဖုတ်ကောင်ရဲ့ သွားတွေက အစောင့်ဖြစ်သူရဲ့လည်ပင်းထဲကို နစ်မြုပ်သွားပြီး စိမ့်စမ်းရေလိုမျိူး သွေးတွေက စီးကျလာခဲ့တယ်။အသားကို ကိုက်ဖြတ်ခံလိုက်ရသည်နှင့် သွေးချောင်းဆိုးလိုက်မိပြီး မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်သွားရတယ်။

သူသည် တုန်ရီနေသောလက်ကို တံခါးဆီသို့ ဆန့်ထုတ်လိုက်ကာ ပျော့ညံ့တဲ့ အသနားခံသောအသံဖြင့် "ကူ...ကူညီပါ"

ခဏအကြာတွင် အသားတွေ စုတ်ဖြဲခံရတဲ့အသံနဲ့ အရိုး ကိုက်နေတဲ့ အသံတွေဟာ အခန်းထဲမှာ ပြည့်လျှံသွားခဲ့တယ်။ ကြမ်းပြင်ပေါ်မှာတော့ သွေးများကစီးကျ‌နေကာ ပုပ်ပွနေသော အလောင်းကောင်ဟာတော့ အစောင့်ရဲ့ ဦးနှောက်တွင်သာ သူ့ရဲ့ခေါင်းကို နစ်မြုပ်ထားလိုက်တော့တယ်။

အလားတူ အခြေအနေများဟာ မြို့ရဲ့ထောင့်တိုင်းနေရာတိုင်းတွင် ဖြစ်ပွားသွားခဲ့တယ်။

နာရီဝက်မပြည့်ခင်မှာပဲ ကြောက်ရွံ့စရာကောင်းတဲ့ အဖြစ်အပျက်တွေ စတင်ဖြစ်ပေါ်လာပြီး နေရာတိုင်းကို အရူးအမူး ပျံ့နှံ့သွားခဲ့တယ်။ နေရာအနှံ့ရှိ လူများရဲ့ ကြောက်လန့်တကြား အော်သံများနှင့် ပုပ်ပွနေသော အလောင်း‌ကောင်များ၏ ဟိန်းဟောက်သံများဟာ ရောနှောသွားခဲ့သည်။

ဤအခိုက်အတန့်၌ လင်းအန် တက္ကသိုလ်ရှိ အမျိုးသမီးအဆောင်အခန်းတစ်ခုအတွင်းရှိ မိန်းကလေးတစ်ဦးကတော့ သူမ၏အိပ်ယာပေါ်တွင် အိပ်နေတယ်။ သူမရဲ့ အဖျားကြီးခြင်းကြောင့် အိပ်မက်ဆိုးတစ်ခုအတွင်း နစ်မြုပ်နေခဲ့ပြီး သူမရဲ့ မျက်နှာမှာတော့ အေးစက်သော ချွေးများဖြင့် ရွှဲရွှဲစိုနေခဲ့တယ်။

သူမသတိလစ်နေချိန်တွင် သူမရဲ့အခန်းအပြင်ဘက်ကအခြေအနေကတော့ သက်ရှိငရဲကာလကို ကျဆင်းသွားခဲ့ပြီးဖြစ်သည်။ လူတို့ရဲ့အော်ဟစ်အကူအညီတောင်းသံများက သက်ရှိလူသားများကို စားသောက်နေသည့် ပုပ်ပွနေသော အလောင်းကောင်များရဲ့ဟိန်းဟောက်သံများနှင့်အတူ ရောထွေးနေသည်။

ဒုန်းးး

စင်္ကြံမှာ မိန်းကလေးတစ်ယောက်ဟာ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းကလေးကို တံခါးဆီသို့ ဆောင့်တွန်းပစ်လိုက်တယ်။ သူမသည် သူမရဲ့ အတန်းဖော်တစ်ဦးကို အကာအရံအဖြစ် အသုံးပြုရန်အတွက်ကြောင့်သာ သူမရဲ့ သူငယ်ချင်းများနှင့်အတူ ထွက်ပြေးရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။

မြေပြင်ပေါ်သို့ ကျသွားသောမိန်းကလေးက လဲကျသွားသည်နှင့် သူမ၏ ကောက်ကွေးနေသော ခြေကျင်းဝတ်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး "ခွေးမ နင် ငါ့ကို ဘယ်လိုလုပ်ပြီး တွန်းဝံ့တာလဲ " ဟု ဒေါသတကြီး အော်ဟစ်လိုက်တယ်။

သူမခေါင်းကို မော့ကြည့်လိုက်တော့ သူမကို တွန်းလှဲလိုက်သော လူတစ်စုက မဆိုင်းမတွပဲ့ ပြေးထွက်သွားပြီးပြီကို မြင်လိုက်ရတယ်။ နောက်ကျကျန်ခဲ့ချိန်တွင်တော့ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့က သူမရဲ့နှလုံးသားထဲတွင် ချက်ချင်းပဲ့ပျံ့နှံ့သွားခဲ့တယ်။

သူမသည် ထိတ်လန့်တကြားဖြင့် သူတို့ရဲ့ နောက်ကျောကို စိုက်ကြည့်လိုက်တယ်။ စိတ်ပျက်လက်ပျက်ဖြစ့် တုန်တုန်ယင်ယင်နဲ့ သူမပြောလိုက်တယ် "ခ-ခဏ‌လေး ၊ ငါ့-ငါ့ကိုစောင့်ပါ"

ခြေကျင်းဝတ်မှာ နာကျင်နေသော်လည်း မတ်တပ်ရပ်ပြီး ရှေ့ကို တိုးသွားခဲ့သည်။ ကံမကောင်းစွာနဲ့ပဲ သူမနောက်ကိုလိုက်နေတဲ့ ပုပ်ပွနေတဲ့ အလောင်းကောင်တွေဆီကနေ လွတ်မြောက်နိုင်ဖို့အတွက်တော့ သူမရဲ့ အရှိန်အဟုန်က အရမ်းကိုနှေးကွေးလွန်းနေခဲ့တယ်။

အရေးပေါ်ထွက်ပေါက်မှ ခြေလှမ်းအနည်းငယ်သာ သွားရသေးသည့်အချိန်တွင် ပုပ်ပွနေသောလက်တစ်ဖက်က သူမရဲ့ဗိုက်ထဲသို့ ရုတ်တရက် ဖောက်ဝင်လာခဲ့တယ်။ သူမသည် တုန်လှုပ်ချောက်ချားမှု‌ကြောင့် စိတ်တွေ ထုံထိုင်းနေပြီး ပုပ်ပွနေသော လက်ကို ကြောင်စီစီဖြင့် စိုက်ကြည့်နေမိတယ်။

ပုပ်နေသောလက်က သူမရဲ့အူများကို ဆုပ်ကိုင်ကာ သူမ၏ခန္ဓာကိုယ်မှ ဆုတ်ခွာသွားပြီးသည့်အချိန်ကြမှ နာကျင်မှုက စတင်ရောက်ရှိလာပြီး ထိုအချိန်မှပင် သူမက စူးစူးဝါးဝါးအော်ဟစ်လိုက်တယ်"အားးးး"

ဖြစ်ပျက်နေတာတွေကို သူမ နားမလည်နိုင်ခင်မှာပဲ့ ပုပ်ပွနေတဲ့ အလောင်းကောင်တွေက သူမဆီကို ပြေးဝင်လာကြတယ်။အရှင်လတ်လတ် ကိုက်စားမခံရမီတွင် သူမ မြေပြင်ပေါ်သို့ တွန်းချခံလိုက်ရသည်။ သူမရဲ့ ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာကွဲအက်သွားကာ အသက်က‌တော့သေဆုံးသွားပြီး ပျက်ဆီးနေပြီးသော ခန္ဓာကိုယ်ကိုသာ ချန်ထားခဲ့သဖြင့် သူမရဲ့ အော်ဟစ်သံများက မှိန်ဖျော့သွားခဲ့သည်။

အသက်ရှင်ကျန်ရစ်သူများက တက္ကသိုလ်မှ လွတ်မြောက်ရန် သို့မဟုတ် ပုပ်ပွနေသော အလောင်းကောင်များဆီမှ ပုန်းအောင်းနိုင်ရန်အတွက် နေရာများကို ရှာဖွေခြင်းမပြုနိုင်မီတွင် တစ်နေကုန်လုံး၌အသက်ရှင်နေရက်နဲ့ ငရဲအချိန်ကို ကြာမြင့်စွာဖြတ်သန်းခဲ့ရသည်။

အနောက်ဖက်မိုးကုပ်စက်ဝိုင်းတွင် နေကပြန်ဝင်သွားသည်နှင့် မြူမှုန်များဟာလည်း တစ်ဖန်ပြန်လည်စုရုံးလာပြန်ကာ အကန့်အသတ်ဖြင့်ရှိ နေပြီးသား အမြင်အာရုံကို ပိုမိုအဟန့်တားဖြစ်စေခဲ့သည်။

အမျိုးသမီးအိပ်ဆောင် အဆောက်အအုံအတွင်းတွင်တော့ လူအုပ်စုများစွာသည် သော့ခတ်ထားသော အခန်းများအတွင်း၌ ပုန်းအောင်းနေကြတယ်။

ဘယ်သူကမှ ကျယ်လောင်စွာ အသက်မရှူဝံ့ဘဲ အပြင်ဖက်က ပုပ်ပွနေတဲ့ အလောင်းများက သတိထားမိသွားမှာကိုလည်း စိုးရိမ်တဲ့အတွက် စကားလည်းမပြောရဲကြ‌ပေ ။ ဖြစ်ပျက်နေတာကို ဘယ်သူမှ မသိသလို အစိုးရကလည်း သူတို့ကို ကယ်ဆယ်ဖို့ အကူအညီ ပေးမလာခဲ့ဘူး။

လေထုထဲတွင်ရှိသောဖိနှိပ်ချုပ်ချယ်မှုများကြောင့် တိတ်ဆိတ်မှုကကြီးစိုးကာ လူတိုင်းကအသက်ရှူကြပ်သည့်ခံစားချက်ရှိနေပြီး ပုပ်ပွနေသော အလောင်းများကတော့ ပစ်မှတ်များပျောက်ကွယ်သွားတာကြောင့် ဧရိယာတစ်လျှောက် ဦးတည်ချက်မဲ့စွာဖြင့် လှည့်လည်သွားနေကြသည်။

နောက်ဆုံးတွင်တော့ နေက မိုးကုပ်စက်ဝိုင်းအောက်ကနေ ပျောက်ကွယ်သွားတဲ့အခါတွင် လဟာ ညကောင်းကင်မှာ တစ်ဖန် မြင့်မားစွာ‌ပေါ်ထွက်လာခဲ့သည်။ သာမာန် လှပသော အဖြူရောင်လနှင့် မတူဘဲ သွေးရောင် ဆေးဆိုးထားသကဲ့သို့ ကြီးမားပြီး နီရဲနေတယ်။

ပုပ်ပွနေသော အလောင်းများကတော့ နီရဲသော လရောင်အောက်တွင် လရောင်ကိုခံလိုက်မိသည်နှင့် တပြိုင်နက်တည်း အလောင်းများကတော့ သိသိသာသာကို တုန်လှုပ်သွားခဲ့ကြတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေက ပိုမြန်လာပြီး သွက်လက်လာကာ သူတို့ရဲ့ တစ်ချိန်က တောင့်တင်းတဲ့ ခြေလက်တွေကတော့ အကွေးအဆန့် အနည်းငယ်လုပ်လာနိုင်ခဲ့တယ်။

အခန်းတွင်း၌ သတိလစ်နေခဲ့သော မိန်းကလေးဟာ နောက်ဆုံးတွင် မျက်လုံးများပွင့်လာခဲ့သည်။ မရင်းနှီးသေးသော မျက်နှာကျက်ကို စိုက်ကြည့်ရင်း သူ့ကိုယ်သူ တွန်းကန်လို့ထကာ ကြောင်တက်တက်ဖြင့် လှည့်ပတ်ကြည့်လိုက်မိသည်။

ခေါင်းကို ကိုင်ကာ "ငါ မသေသေးဘူးလား" ဟု အသံကျယ်ကျယ်ဖြင့် သူမ ရေရွတ်လိုက်တယ်။

အခန်း - (၃)

ပျော့ပျောင်းသောကုတင်ပေါ်တွင် ထိုင်နေပြီး သူမရဲ့ခန္ဓာကိုယ်မှာနာကျင်မှုအား ခံစားရနေတာကို ကောင်မလေး သိိနိုင်ရန်အတွက် အချိန်အတော်ကြာမြင့်ခဲ့သည်။ နာကျင်မှုကိုခံစားနိုင်ခြင်းက သူမ အသက်ရှင်နေပြီး အိပ်မက်လည်းမမက်ကြောင်းကို သက်သေပြနေတဲ့ ထင်ရှားသော လက္ခဏာဖြစ်သည်။ ပြန်လည်မွေးဖွားခြင်းကဲ့သို့သော ရဲရင့်တဲ့ အတွေးတစ်ခုက သူမ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာတယ်။

သူမ ခေါင်းကိုငုံ့ကာ သူမရဲ့ဝတ်ဆင်ထားတဲ့အဝတ်အစားများကိုကြည့်လိုက်တော့ ကမ္ဘာပျက်ကပ် မတိုင်မီက သူမဝတ်လေ့ရှိသော ကာတွန်းညအိပ်ဝတ်စုံများကို ဝတ်ထားတာ တွေ့လိုက်ရသည်။ စိတ်ထဲတွင် အတွေးများ ခိုင်မာလာသဖြင့် တုန်လှုပ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားရသည်။

ကုတင်ပေါ်ကို လက်ထောက်အားပြုလို့ထကာ သူမ စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ ပြက္ခဒိန်ကို လှမ်းကြည့်ကာ သူမ အမြန်ကောက်ကိုင်လိုက်ပြီး " ၂၁၈၈၊ မေ ၅ ရက်၊ ကမ္ဘာပျက်ကပ်စတင်တဲ့နေ့" ဆိုပြီး အသံကျယ်ကျယ်နဲ့ ရေရွတ်လိုက်တယ်။

သူမ မသေသွားခင်က နောက်ဆုံးသော မှတ်ညဏ်တွေကို ပြန်တွေးရင်း ကျိူးလီဇီ သူမရဲ့ လက်သီးတွေကို တင်းတင်းကြပ်ကြပ်ဆုပ်ထားလိုက်တယ်။ ကောင်းကင်ဘုံက သူမကို ဒုတိယအကြိမ်အခွင့်အရေး ပေးခဲ့တဲ့အတွက် သူမဟာ လက်စားချေပြီး ဒီတစ်ကြိမ်မှာ တော့ ကောင်းကောင်းမွန်မွန် ရှင်သန်သွားဖို့ ကောင်းကင်ဘုံကို ကတိပြုခဲ့ပါတယ်။

အတွေးတွေ နဲ့အတူ သူမရဲ့ ပျော့ညံ့တဲ့ ခန္ဓာကိုယ်ကို ဗီရိုထံဆွဲခေါ်သွားပြီး ကျောပိုးအိတ်ကို ဆွဲထုတ်လိုက်တယ်။ သူမရဲ့ ပျော့ညံ့တဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက သူမကို လေးလံတဲ့ ဝန်တွေကို သယ်ဆောင်ဖို့ ခွင့်မပြုတာကြောင့် အတွင်းခံအ၀တ်တွေနဲ့ သန့်ရှင်းတဲ့အဝတ်အစားတွေကိုပဲ ထုပ်ပိုးထားလိုက်တယ်။

အခန်းထဲမှာ ရှာတွေ့နိုင်တဲ့ ဆေး၊ အစားအသောက်နဲ့ ရေသန့်ဘူးတွေ အားလုံးကို စုဆောင်းပြီး ကျောပိုးအိတ်ထဲကို ထည့်လိုက်တယ်။

အရာအားလုံးကို ထုပ်ပိုးပြီးတာနှင့် သူမသည် ညဝတ်အင်္ကျီများကို ဖယ်ရှားကာ အနက်ရောင် အားကစားဘောင်းဘီ၊ တီရှပ်အနက်နှင့် အနက်ရောင်ဖိနပ်တစ်ရံကို ပြောင်းလဲဝတ်ဆင်ခဲ့လိုက်တယ်။

မှန်ကို ဖြတ်လျှောက်သွားခိုက်တွင် သူမရဲ့ ပုံရိပ် ရောင်ပြန်ဟပ်မှုက သူမကို အာရုံစူးစိုက်စေခဲ့သည်။ သူမရဲ့ခါးထိရှည်တဲ့ အနက်ရောင်ဆံပင်ရှည်ရှည်သည် ညနက်ရဲ့ကောင်းကင်ကဲ့သို့ နက်မှောင်တောက်ပကာ ချောမွေ့နေပြီး သူမရဲ့နောက်တွင် ဝဲဖျာနေတယ်။

ဆံပင်ကိုမြင်လိုက်ပြီးတာနဲ့ ချက်ချင်းဖြတ်ပစ်ဖို့ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်းတွင် သူမက ရေကိုအခြေခံသည့်စွမ်းရည်ရရှိကာ နေ့တိုင်းဆံပင်ကိုဆေးကြောနိုင်မည်ကိုသူမ သိပေမဲ့လည်း ရှည်လျားသောဆံပင်က တိုက်ပွဲအတွင်းတွင် သူမရဲ့လှုပ်ရှားမှုနှင့် အမြင်အာရုံကို ဟန့်တားစေနိုင်သောကြောင့် ရှည်လျားသောဆံပင်က အနှောင့်အယှက်ဖြစ်လာနိုင်တယ်။

ရေချိုးခန်းထဲမှာ ရှာမတွေ့ခင် အခန်းထဲမှာပဲ့ ကတ်ကြေးကို အချိန်အတော်ကြာအောင် ရှာဖွေလိုက်ရတယ်။ မှန်ရှေ့မှာ မတ်တပ်ရပ်ပြီး ဆံပင်ရှည်တွေကို တတ်နိုင်သလောက်တို‌ နေအောင် ညှပ်ပစ်လိုက်တယ်။

မညီမညာတဲ့ အဆုံးတွေနဲ့ ဆံပင်သွားတာတွေ ပျက်စီးသွားတာတွေကို သူမ ဂရုမစိုက်ဘူး။ သူမရဲ့ အမြင်အာရုံ သို့မဟုတ် လှုပ်ရှားမှုကို အဟန့်အတားမရှိသရွေ့ မည်သည့်ပုံစံကမဆို အဆင်ပြေမည်ဖြစ်သည်။

ပြီးသွားသောအခါ မူးဝေမှုက သူမကို လွှမ်းခြုံသွားတာကြောင့် နံရံကို လက်ထောက်ကာ ထိန်းထားလိုက်ရသည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းပြီးနောက်တွင် ရေချိုးခန်းမှ ဗီရိုကို လှမ်းကြည့်လိုက်ပြီး ဒစ်ဂျစ်တယ်သာမိုမီတာကို ရှာခဲ့သည်။

သူမသည် သာမိုမီတာကို နားထဲသို့ထည့်လိုက်ကာ ပျော့ပျောင်းသော မြည်သံကို ကြားပြီးနောက်တွင် ယူကာ ဖန်သားပြင်ကို ကြည့်လိုက်ပြီး သူမ၏ သံသယများကို အတည်ပြုလိုက်သည်။

39.3 ဒီဂရီစင်တီဂရိတ် သူမမှာ အဖျားရှိနေတယ်။

ကျိူးလီဇီ သည် သူမရဲ့ ဖျားနေတဲ့ အပူချိန်ကို မြင်လိုက်ရသောအခါတွင် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိတယ်။ သူမရဲ့ လက်ရှိအခြေအနေတွင် အိပ်ဆောင်မှ ထွက်ခွာရန်က မဖြစ်နိုင်ပေ။

သူမရဲ့ ပထမဆုံးဦးစားပေးမှာ ဆေးသောက်ပြီး အနားယူရန်ဖြစ်သည်။ အဖျားသက်သာပြီးသွားမှ လှုပ်လှုပ်ရှားရှား လုပ်နိုင်လိမ့်မယ့်။ အချိန်မနှောင်းမီတွင် သူမ တက္ကသိုလ်နယ်မြေမှ ထွက်သွားရမည်။

ဆုံးဖြတ်ချက်ချပြီးနောက် ရေချိုးခန်းထဲမှထွက်လာကာ သူမရဲ့ ကျောပိုးအိတ်ထဲမှ ရေတစ်ပုလင်းနှင့် ပေါင်မုန့်တစ်တုံးကိုထုတ်ကာ ယူစားလိုက်သည်။

မုန့်တစ်ဝက်ကိုစားပြီး ရေအနည်းငယ်သောက်ပြီးနောက် ဆေးကိုမျိုချလိုက်တယ်။ ထို့နောက် သူမသည် အရာအားလုံးကို ကျောပိုးအိတ်ထဲသို့ ပြန်ထည့်ကာ အခန်းတံခါးကိုပိတ်ဆို့ရန်အတွက် စားပွဲကိုရွှေ့လိုက်တယ်။

ဖုတ်ကောင်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလောက်အောင် တံခါးက လုံခြုံတယ်လို့ သူမသေချာသွားတာနဲ့ ကုတင်ပေါ် လှဲချလိုက်ပြီး မျက်လုံးကိုမှိတ်ထားလိုက်တယ်။

သိပ်မကြာခင်မှာပဲ သူမဟာ ပေါ့ပါးစွာ အိပ်ပျော်သွားခဲ့တယ်။ သူမ မသိလိုက်ဘဲ လေထဲတွင် အခိုးအငွေ့များသည် ရေဝဲတစ်ခုက စုပ်ယူလိုက်သလိုပင် သူမခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း စိမ့်ဝင်သွားခဲ့သည်။

လုံးဝမအိပ်နိုင်ဘူးလို့ သူမထင်ခဲ့ပေမယ့် ဆေးရဲ့အာနိသင်ကြောင့် မျှော်လင့်ထားတာထက် ပိုနက်ချိုက်စွာ အိပ်ပျော်နိုင်ခဲ့ပါတယ်။ သူမ နိုးလာသောအခါတွင် အပြင်ဘက်ကောင်းကင်က မှောင်နေဆဲဖြစ်ပြီး ရံဖန်ရံခါ ဖုတ်ကောင်များရဲ့ ဟိန်းဟောက်သံများကတော့ အဝေးဆီမှ တိုးတိုးတိတ်တိတ် ပဲ့တင်ထပ်နေတယ်။

အိပ်ရာပေါ်မှထထိုင်ကာ အပူချိန်ကို စစ်ဆေးရန် သာမိုမီတာကို ကောက်ယူလိုက်သည်။ သူမရဲ့ အဖျားက ၃၇.၈ ဒီဂရီစင်တီဂရိတ်အထိ လျော့ကျသွားတာကြောင့် သက်ပြင်းတစ်ချက်ချလိုက်တယ်။

တက္ကသိုလ်မှ အမြန်ဆုံးထွက်ခွာရန် လိုအပ်သောကြောင့် ရေပုလင်းနှင့် ကျန်မုန့်တစ်ဝက်ကို ထုတ်ယူလိုက်သည်။ အစာစားပြီးတာနဲ့ မျက်လုံးကိုမှိတ်ပြီး ခန္ဓာကိုယ်အတွင်းက စွမ်းအင်တွေကို ခံစားသိရှိဖို့ ကြိုးစားလိုက်တယ်။

နောက်အခိုက်အတန့်တွင် အံ့သြစွာဖြင့် မျက်လုံးများဖွင့်လာသည်။ ရေများ ဖုံးလွှမ်းနေသော သူမရဲ့ လက်ဖဝါးကို စိုက်ကြည့်နေမိတယ်။ သူမရဲ့ လက်ဖဝါးမှ ရေများ ဆက်လက် စိမ့်ထွက်နေပြီး သူမ၏ လက်ချောင်းများမှ တဆင့် ကြမ်းပြင်ပေါ်သို့ စီးကျသွားသည်။

“တကယ်ပဲ ငါ့စွမ်းအင်ကို ငါစောစောနိုးထနိုင်ခဲ့တယ်” လို့ မယုံကြည်နိုင်စွာ ရေရွတ်ရင်း သူ့အသံက ကြည်နူးမှုအပြည့်နဲ့ဖြစ်‌နေတယ်။

ကမ္ဘာပျက်ကပ်တွင်တော့ ဆေးဝါးနှင့် အစားအစာမှလွဲ၍ ရေသည် အသက်ရှင်သန်ရန်အတွက် အရေးကြီးဆုံး အရင်းအမြစ်များထဲမှ တစ်ခုဖြစ်တယ်။

သူမရဲ့ နိုးထလာတဲ့ စွမ်းရည်ကြောင့် ရေပြတ်သွားမှာကို စိုးရိမ်စရာ မလိုပါဘူး။ သူမ အဆင့်တစ်သို့ တိုးသွားသည်နှင့် သူမ တစ်နေ့လျှင် ရေနှစ်လီတာအထိထုတ်ယူလာနိုင်ပြီး အသက်ရှင်သန်ရန်က လုံလောက်ပါတယ်။

ရေနည်းနည်းကိုသောက်ပြီး အစားအစာနဲ့ လဲလှယ်ဖို့လည်း ရေနည်းနည်းချွေတာနိုင်မှာပါ။ ဖုတ်ကောင်များကို သတ်ရန် သူမရဲ့ စွမ်းရည်ကို အသုံးပြုနိုင်ဖို့က အဆင့် ၅ သို့ ရောက်ဖို့ကိုလိုအပ်နေသေးတယ်။

ဤကန့်သတ်ချက်ကြောင့် ရေစွမ်းရည်ကို အများအားဖြင့်တော့ အရန်စွမ်းရည်အဖြစ် ခွဲခြားသတ်မှတ်ထားကြတယ်။ ရေစွမ်းအင်အသုံးပြုသူများက အဆင့်ငါးတွင်သာ တိုက်ခိုက်ရန် လုံလောက်သော ရေကိုထုတ်ယူနိုင်သည့် စွမ်းအင်ရှိမည်ဖြစ်သည်။

သူမရဲ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာပြီး ကျောပိုးအိတ်ထဲက ပုလင်းအလွတ်တစ်ခုကို လှမ်းယူလိုက်တယ်။ သူမ လက်ချောင်းကို ပုလင်းရဲ့နှုတ်ခမ်းဝပေါ် တင်လိုက်ပြီး သူမရဲ့ စွမ်းအင်ကို စီးဆင်းစေရင်း သူမရဲ့ လက်ချောင်းထိပ်တွင် အာရုံစူးစိုက်ထားလိုက်သည်။

ခဏကြာတော့ သူမရဲ့လက်ချောင်းဆီကနေတဆင့် ပုလင်းထဲကို ရေတွေ တဖြည်းဖြည်း စီးကျလာတယ်။ ရေစီးနှုန်းက သူမ မျှော်လင့်ထားတာထက်ကို ပိုကောင်းနေတယ်။

သူမရဲ့အတိတ်ဘဝတွင် စွမ်းရည်နိုးထလာသောအခါက သူမထုတ်လုပ်နိုင်သည့်ရေပမာဏမှာအနည်းငယ်မျှသာဖြစ်သည်။ သူမသည် တစ်နေ့လုံးတွင် ပုလင်းတစ်ဝက်ကိုသာ ဖြည့်နိုင်ခဲ့ပြီး အားအင်ကုန်ခန်းသွားခဲ့တယ်။

ယခုမူ ပုလင်းတစ်ခုလုံး ဖြည့်ပြီးသည့်တိုင် သူမ ပင်ပန်းနွမ်းနယ်မှု လုံးဝမခံစားရပေ။ သူမရဲ့ ခန္ဓာကိုယ်ရှိ စွမ်းအင် အနည်းငယ်ကသာ လျော့နည်းသွားတာကို သူမ ခံစားနိုင်သည် ။ ဤရှာဖွေတွေ့ရှိမှုက သူမကို အံ့အားသင့်စေခဲ့တယ်။

ယခုဘဝနှင့် သူမရဲ့အတိတ်ဘဝအကြား ကွာခြားချက်များအတွက် အကြောင်းရင်းကို သူမရှာဖွေရန် ကြိုးစားစဉ်တွင် သူမ၏ အမြင်အာရုံက မှုန်ဝါးသွားခဲ့သည်။

All Chapters