ဇွန်ဘီအုပ်ကြီးရဲ့ကြားမှာ ခန္ဓာကိုယ်တစ်ခုလုံးကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင်အထိ ကိုက်ဖြတ်စားသောက်ခြင်းခံရတဲ့ ကျိူးလီဇီသည် နောင်တတွေ အမုန်းတရားတွေများစွာနဲ့ သေဆုံးသွားခဲ့သည်။ မှောင်မိုက်ခြင်းဆိုတဲ့ အရာကြီးက သူမကို ဖုံးလွှမ်းသွားပြီးတဲ့နောက်မှာတောင် သူမရဲ့ မျက်လုံးတွေ ပြန်ဖွင့်လာနိုင်ခဲ့ပြီး ကမ္ဘာပျက်ကြီးရဲ့ အစောပိုင်းကာလမှာ သူမ ပြန်နိုးထလာနိုင်ခဲ့တယ်။ သူမသည် ငရဲဆိုတဲ့နေရာကနေ တွားသွား၍ထွက်လာကာ ကလဲ့စားချေဖို့လုပ်ဆောင်ပြီး ပိုကောင်းတဲ့ဘဝကြီး ပိုင်ဆိုင်နိုင်ဖို့ကိုလည်း သူမကြိုးစားခဲ့သည်။ သူ့ရဲ့ချစ်ရသူမိန်းကလေးက ဇွန်ဘီအုပ်ကြီးကြားကိုပြုတ်ကျပြီး ဟိုဟိုဒီဒီက ဇွန်ဘီပေါင်းစုံက သူမကို ဆုတ်ဖြဲစားသောက်နေတာကို မျက်စိအရှေ့တင် မြင်ရပြီးနောက်မှာတော့ သူ့ဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်သွားခဲ့ရသည်။ သူမအတွက် ကလဲ့စားချေရန် လူသားတွေရဲ့နောက်ဆုံးသော မျှော်လင့်ချက်ကြီးကို သူလက်နဲ့ကိုယ်တိုင်ပဲ ဖျက်ဆီးပစ်ခဲ့တယ်။ ကမ္ဘာကြီးကို အမှောင်ထုက လုံးဝဝါးမြိုလိုက်တဲ့နေ့မှာပဲ ဒီကမ္ဘာမှာ နောက်ဆုံးအချိန်ထိရှင်သန်န်ိုင်ခဲ့တဲ့ သူ့ရဲ့အသက်ကိုစွန့်လွှတ်လိုက်သည်။ မျက်လုံးတွေ ပြန်ဖွင့်လာနိုင်ပြီး အသက်ပြန်ရှင်သန်ခွင့်ရတဲ့အချိန်မှာတော့ သူမကိုလုံးဝ အဆုံးရှုံးမခံဖို့ရန် သူဆုံးဖြတ်ချက်ချလိုက်သည်။ ကမ္ဘာကြီးက ရှင်သန်နေတဲ့ ငရဲအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။သူတို့ကရော အတိတ်ဘဝက နောင်တ တရားတွေကို ပြန်ဖြည့်ဆည်းနိုင်မှာလား...။

