အခန်း (၈၂)
Vol. 6 Ch. 82
အခြားစစ်သားများကလည်း သူ့စကားကိုကြားတော့ လေးနက်စွာ ခေါင်းညိတ်သည်။ သူတို့ရဲ့တုံ့ပြန်မှုကိုမြင်တော့ ကျိူးလီဇီက တခစ်ခစ်ရယ်ပြီး သူမရဲ့ကျောပိုးအိတ်ထဲက ဆပ်ပြာတုံးနှစ်တုံးကို သံအိုးကြီးတွေထဲ ရေမဖြည့်ခင်မှာ အရင်ယူလိုက်တယ်။
ရေဖြည့်ပေးပြီးတာနဲ့ ကျင်းရွှီယန်းက သူမကို သန့်ရှင်းတဲ့ နေရာကို ဆွဲထုတ်သွားပြီး "အာ့ဇီ အနားယူလိုက်ပါ။ နောက်မှ ဆက်ပြီး ဖုတ်ကောင်တွေကို ရှင်းကြမယ်"
ကျိူးလီဇီက မြေပြင်ပေါ်ထိုင်ရင်း ခေါင်းညိတ်ပြကာ
"အစ်ကိုယန်း မင်းတစ်ခုခုစားချင်လား" လို့ မေးတယ်။
ကျင်းရွှီယန်းက သူဗိုက်ကိုပွတ်သပ်ပြီးပြန်ဖြေတယ် "သူတို့ကို တစ်ခုခု ချက်ခိုင်းလိုက်မယ်။ ဗိုက်ဆာနေရင်လည်း မင်းဗိုက်ကိုထိန်းထားဖို့ တစ်ခုခုအရင်စားထားလိုက်"
"ကောင်းပြီ"
ကျင်းရွှီယန်းက ကျန်းယွမ်ကိုရှာဖို့သွားပြီး ကျိူးလီဇီကတော့ သူမရဲ့ကျောပိုးအိတ်ကို အကာကွယ်အဖြစ်အသုံးပြုကာ သူမရဲ့နေရာလွတ်မှ အသင့်စားခေါက်ဆွဲတစ်ဘူးကို ထုတ်ယူလိုက်တယ်။ အဖုံးကိုဖွင့်ပြီး လက်ဖဝါးကို ဖြန့်လိုက်သည်။
ရေဘော်လုံးလေးက သူမရဲ့လက်အထက်တွင် လွင့်မျောနေကာ တဖြည်းဖြည်းချင်း ဆူပွက်လာတယ်။ ရေကပွက်ပွက်ဆူပွက်လာသောအခါမှ ဘူးထဲသို့ထည့်ကာ စောင့်နေသည်။ သုံးမိနစ်လောက်ကြာတော့ အဖုံးကိုခွာပြီး ဟင်းခတ်အနှစ်ထည့်လိုက်တယ်။
သူမက ခေါက်ဆွဲမွှေနေစဉ်တွင် စစ်သားများက ခေါက်ဆွဲခြောက်ရဲ့ ထူးခြားသောရနံ့ကို ဖမ်းမိလိုက်ပြီး သူမကို အလိုလို လှည့်ကြည့်လာကြတယ်။ သူမ ခေါက်ဆွဲမွှေနေတာကိုမြင်တော့ ခက်ခက်ခဲခဲနဲ့ တံတွေးမျိုချပစ်လိုက်ကြတယ်။
ကျင်းရွှီယန်း ဒါကိုသတိပြုမိတဲ့အခါ သက်ပြင်းသာချပြီး "ဆက်မတိုက်ခင် ခေါက်ဆွဲနည်းနည်းချက်စားရအောင်" လို့ပြောလိုက်တယ်။
"ဟုတ်ကဲ့ ဗိုလ်ကြီး" စစ်သားတွေက တညီတညွတ်ထဲ ပြန်ဖြေကြတယ်။
သူတို့က ချက်ပြုတ်နေတုန်းမှာ ပိုင်ရီကျီး နဲ့ သူ့အဖွဲ့ကတော့ နံရံမှာထိုင်ပြီး စဉ်းစားနေကြတယ်။
သူတို့အနီးနားတွင်တော့ ထရပ်ကားများနှင့် သံချပ်ကာယာဉ်များကို စောင့်ကြပ်ရန်အတွက် သူတို့ရဲ့ဗိုလ်ကြီးက စွမ်းရည်မရှိသော စစ်သားအများအပြားကို တာဝန်ပေးထားသည်။ သူတို့ထဲမှ တစ်ယောက်ကတော့ ဖုန်းယွင်ရဲ့ဘေးမှာထိုင်ပြီး ဖုတ်ကောင်အဖြစ်ပြောင်းသွားတာကို စောင့်ကြည့်နေတယ်။
"အိုး…"
သူ့ဘေးမှ ညည်းသံတိုးတိုးလေးကိုကြားတော့ စစ်သားက သူ့ခေါင်းကို လှည့်ကြည့်လိုက်တာ ဖုန်းယွင်ရဲ့ နီမြန်းနေတဲ့ပါးပြင်နဲ့ နှုတ်ခမ်းဖြူဖျော့ဖျော့တွေကို တွေ့လိုက်ရတယ်။ သူက အိတ်ကပ်ထဲမှ သာမိုမီတာကို ဆွဲထုတ်ပြီး ဖုန်းယွင်ရဲ့ နားထဲတွင် ထည့်ကာ မြည်သံကို စောင့်နေသည်။
"၃၈.၃ ဒီဂရီ၊ ဒီကလေးက နောက်ဆုံးတော့ အဖျားကျသွားပြီ" ဟု ရေရွတ်လိုက်တယ်။
သာမိုမီတာကို သန့်ရှင်းရေးလုပ်ပြီးနောက် အိတ်ကပ်ထဲသို့ ပြန်ထည့်ကာ အဖျားကျဆေးတစ်ပုလင်းနှင့် ရောင်ရမ်းခြင်းအတွက် ဆေးတစ်ပုလင်းကို ထုတ်ယူလိုက်သည်။
ဖုန်းယွင်ရဲ့ ပါးစပ်ကိုဖွင့်လိုက်ပြီး အဖျားဆေးပြားနှစ်ပြားနှင့် ရောင်ရမ်းခြင်းအတွက် ဆေးတောင့်တစ်တောင့်ကို ထည့်လိုက်တယ်။
ဖုန်းယွင်က သတိလစ် နေတဲ့အတွက် စစ်သားက သူ့ကို ရေသောက်ဖို့ ကူညီခဲ့ရပါတယ်။ သူ့ခန္ဓာကိုယ်ကို မှီထားခိုင်းပြီး ဂရုတစိုက်ရေတိုက်ခဲ့သည်။ ရေက ဖုန်းယွင်ရဲ့ နှုတ်ခမ်းကို ထိလိုက်တာနဲ့ ကုန်းပေါ်မှာ သောင်တင်နေတဲ့ ငါးတစ်ကောင်လို လောဘတကြီးနှင့်ရေကကိုသောက်လိုက်တယ်။
ဖုန်းယွင်ရဲ့ ပါးစပ်ထောင့်ကနေ ရေတွ ဖိတ်ကျလာတာကို မြင်တော့ စစ်သားက "ဟေ့ ဖြေးဖြေးသောက်ပါ မင်းက ဖြုန်းတီးနေတာပဲ" လို့ပြောလိုက်တယ်။
ဒီအချိန်တွင်တော့ ဖုန်းယွင်က သူ့စကားအား မကြားရပေ။ ဂရုမစိုက်ဘဲ ပုလင်းတစ်ခုလုံးကို စက္ကန့်ပိုင်းအတွင်း ပြီးအောင် ဆက်သောက်ပြီးရင်း ဆက်သောက်နေသော်လည်း သူက မကျေနပ် သေးပုံရသည်။
စစ်သားက ဘာမှမပြောနိုင်တော့ဘူး။ သူက သူ့ရဲဘော်ဘက်ကိုလှည့်ပြီး "အစ်ကိုစီခိုင် နောက်ထပ် ရေတစ်ပုလင်း လောက်ထပ်ယူလို့ရမလား၊ ဒီကလေးက ငါးတစ်ကောင်လိုပဲ့ သောက်နေတယ်" ဟု မေးသည်။
ဒါကိုကြားတော့ လီစစ်ခိုင်က ရယ်ပြီး "ခဏစောင့်"
သူတို့အဖွဲ့တွင် ရေအမျိုးအစားစွမ်းရည်အသုံးပြုသူ နှစ်ဦးရှိတာကြောင့် ရေပြတ်လပ်မှုအတွက် မစိုးရိမ်ခဲ့ကြပေ။ ဒါနဲ့ပဲ့ ကားပေါ်တက်ပြီး ရေပုလင်းသုံးလုံးကို ပြန်ယူလိုက်တယ်။
ပိုင်ရီကျီး နဲ့ သူ့အဖွဲ့ကို သူဖြတ်သွားရင်း သက်ပြင်းချလိုက်တယ်။ စက်ရုံမှာ ဒီကလေးတွေ တွေ့ကြုံခဲ့ရတာကို သူ အတိအကျ မသိပေမယ့် သူတို့ရဲ့အခြေအနေကို ကြည့်ရတာတော့ သူတို့အမှားတွေကြောင့် သူတို့ထဲက တစ်ယောက် သေဆုံးတာ ဖြစ်ရမယ်။
ကိုယ့်အမှားကြောင့် သူငယ်ချင်းတစ်ယောက် သေသွားတာကို ကြည့်ရတာ လွယ်လွယ်နဲ့ လက်ခံနိုင်တဲ့အရာတော့ မဟုတ်ပါဘူး။ သူလည်း မစ်ရှင်အတွင်းမှာ ရဲဘော်ရဲဘက်တွေ ဆုံးရှုံးခဲ့ရတယ်။ ဒဏ်ရာဒဏ်ချက်တွေကို ခံနိုင်ရည်ရှိဖို့ သူ့လည်း ၂ နှစ်ကြာအောင် ကုသခဲ့ရပါတယ်။
ကံမကောင်းစွာနဲ့ပဲ၊ သူတို့ရဲ့ လက်ရှိအခြေအနေက ဝမ်းနည်းကြေကွဲဖို့ အချိန်မရှိခဲ့ဘူး။ သူတို့က ကျရှုံးမှုများကို လက်ခံလို့၊ ပိုအားကောင်းလာကာ ရှင်သန်ရမည်—မဟုတ်ရင်တော့ သူတို့သည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ဖယ်ရှားခံရမည်ဖြစ်တယ်။
ရေဓာတ်ခန်းခြောက်နေတာကြောင့် နှုတ်ခမ်းကွဲအက်နေတာကို သတိထားမိတော့ သူက ရေနှစ်ပုလင်းကို သူတို့ရှေ့မှာ ချထားပြီး “မင်းတို့အသက်ဆက်ရှင်ရမယ် ဒါမှ မင်းတို့ရဲ့သူငယ်ချင်းရဲ့ စွန့်လွှတ်အနစ်နာခံမှုက အချည်းနှီးမဖြစ်သွားမှာ” လို့ ပြောလိုက်တယ်။
ထိုစကားပြောပြီးတာနဲ့ သူ ထွက်ခွာလာလိုက်တယ်။ ဖုန်းယွင် ရဲ့ နံဘေးကို ရောက်သွားပြီးနောက် သူ့ရဲဘော်ကို ရေပေးကာ ထိုင်လိုက်တယ်။
ဖုန်းယွင်ကို ရေသောက်ဖို့ ကူညီပေးရင်း အသံတိုးတိုးနဲ့မေးလာတယ် ယင်းယွိီရှန်းက "အစ်ကိုစီခိုင်က ဘာလို့ သူတို့ကို ဂရုစိုက်နေတာလဲ"
"သူတို့က ကလေးတွေပဲ" လီစီခိုင်က ခပ်ပြုံးပြုံးနဲ့ ပြန်ဖြေသည်။
သူ့အဖြေကိုကြားတော့ ယင်းယွိီရှန်းက သူပြောမဲ့စကားတွေကို မျိုချလိုက်တယ်။ မောက်မာသူ၊ အကြင်နာကင်းမဲ့၊ ကျေးဇူးကန်းတတ်သူတွေကို သူမကြိုက်ဘူး။
သူတို့သူငယ်ချင်းက အန္တရာယ်ကြုံလာတဲ့အခါမှာ ကယ်တင်ဖို့ ဘာမှမလုပ်ခဲ့ကြဘူး။ အဲဒီအစား၊ သူတို့က သူ့တိုကိုယ်သူတို့ ကာကွယ်ရန်အတွက် သူ့တို့သူငယ်ချင်းကို စွန့်ပစ်ခဲ့သည်။ သူတို့ရဲ့ ကပ္ပတိန်ကြောင့်သာမဟုတ်ရင် ဒီကလေးဟာ အဖျားကြောင့် သေဆုံးသွားမယ် ဒါမှမဟုတ် ဖုတ်ကောင် ဖြစ်သွားလိမ့်မယ်။
စစ်မြေပြင်တွင် အားနည်းသောအသင်းဖော်တစ်ဦးက ရက်စက်ပြီး သစ္စာမဲ့သူကဲ့သို့ ကြောက်စရာမဟုတ်ပေ။ ဒီလိုလူတွေနဲ့ ဆိုရင်ဘယ်အချိန် သစ္စာဖောက်ခံရမယ်၊ နောက်ကျောကို ဓားနဲ့ထိုးမယ်ဆိုတာကို ဘယ်သူမှမသိကြဘူး။
သူ့မကျေမနပ်ဖြစ်နေတာကို သတိပြုမိတော့
လီစီခိုင်က သူ့ပုခုံးကိုပုတ်ပြီး ပြောလာတယ်"မင်းမကြိုက်ရင် သူတို့နဲ့ မဆက်ဆံနဲ့။ ငါတို့က သူတို့ကို ကျန်းနင်မြို့ကို လိုက်ပို့ပြီးတာနှင့် သူတို့နဲ့ ဘာမှမဆိုင်တော့ဘူး"
ယင်းယွိီရှန်းက သူ့စကားကိုကြားတော့ သက်ပြင်းချလိုက်ပြီး "ငါတို့ရဲ့ကပ္ပတိန်က ဘာတွေတွေးနေမှန်းမသိဘူး။ ငါတို့ရဲ့ လက်ရှိအခြေအနေအရဆို ဒီမြို့ကနေ အသက်ရှင်လျက်နဲ့ ထွက်သွားမလားတောင် မသိတော့ဘူး"
"ဒီတာဝန်က မူလကတည်းက ငါတို့ရဲ့တာဝန်မဟုတ်ဘူး၊ ပစ်မှတ်ဒဏ်ရာရနေရင် (သို့) သေနေရင် ဘယ်လိုဒုက္ခကြုံရမယ်ဆိုတာလည်း မသိဘူး။ အဲဒီလို စွန့်စားရမယ့်အစား၊ ငါတို့ရဲ့ မူလအစီအစဉ်အတိုင်း ဆန်းချိုမြို့ကို သွားတာက ပိုကောင်းမယ်"
"ငါတို့ရဲ့ ကပ္ပတိန်မှာ အစီအစဉ်ရှိရမယ်။ အဲဒါကြောင့် သူက ဒီမစ်ရှင်ကို လင်းယုန်အဖွဲ့ဆီကနေ ယူခဲ့တယ်။ အခု ငါတို့ လုပ်ရမှာက သူ့ကိုယုံကြည်ပြီး အမိန့်ကို လိုက်နာဖို့ပါပဲ" ဟု
လီစီခိုင်က ပြောလိုက်တယ်။
ယင်းယွိီရှန်းက သက်ပြင်းတစ်ချက်ကို ထုတ်လိုက်ပြီး "ငါ့ရဲ့မိသားစုက အသက်ရှင်ကျန်ရစ်သူစခန်းကို ရောက်နေဖို့ မျှော်လင့်ပါတယ်" လို့ တိုးတိုးလေး ရေရွတ်လိုက်တယ်။
"ဒီမစ်ရှင်ပြီးသွားတဲ့အခါကြရင် မင်းနဲ့အတူ ငါလိုက်ရှာပေးမယ်" လို့ လီစီခိုင်က ကမ်းလှမ်းခဲ့ပါတယ်။
ယင်းယွိီရှန်းက ခေါင်းယမ်းပြီး "ဒီမစ်ရှင်ကို လွတ်မြောက်ပြီးမှ ပြောကြရအောင်"
သူပြောပြီးတာနဲ့ပဲ့ ဖုန်းယွင်က ညည်းတွားကာ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လာတယ်။