← Chapters

အခန်း (၇၈)

Vol. 6 Ch. 78

အခန်း (၇၈)

Vol. 6 Ch. 78

‎ကျိူးလီဇီက အားလုံးကိုသိမ်းပြီးသွားတဲ့အခါမှာတော့

‎ပိုင်ရီကျီးတို့အဖွဲ့ကို မတွေ့ရတော့ပါဘူး။ လမ်းလျှောက်သွားကာ “အစ်ကိုယန်း စီနီယာပိုင်တို့အဖွဲ့က ဘယ်မှာလဲ” လို့ မေးလိုက်တယ်။

‎

‎

‎"သူတို့က ဒဏ်ရာရသွားတယ်၊ ဒါကြောင့် အပြင်မှာပဲ့စောင့်နေခိုင်းလိုက်တယ်။ သူတို့ကသာ ငါတို့ကို ဆွဲမချရင် မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်တယ်" လို့ ကျင်းရွှီယန်းက ပြန်ဖြေတယ်။

‎

‎

‎ကျိူးလီဇီက ခေါင်းသာညိတ်ပြီး ဘာမှမပြောဘူး။

‎

‎

‎ဂိုဒေါင်ဧရိယာမှ ထွက်ခွာပြီးနောက်တွင် ထုတ်လုပ်မှုဧရိယာသို့ သွားကြတယ်။ အဆောက်အဦးအပြင်ဘက်တွင် လှည့်လည်သွားလာနေသော ဖုတ်ကောင်အချို့အပြင် မည်သည့် ဖုတ်ကောင်များကိုမျှ မတွေ့ခဲ့ရပါ။

‎

‎

‎"လူအိုချင်၊ အခြေအနေ ဘယ်လိုလဲ"‎ လို့ ကျင်းရွှီယန်းက မေးလိုက်တယ်။

‎

‎

‎ချင်လူဇီက "ဧရိယာရှင်းပါတယ်" လို့ မပြောခင် သူ့ခေါင်းထဲက စိတ်မြေပုံကို ခဏလောက် အရင်စစ်ကြည့်လိုက်တယ်။

‎

‎

‎ထို့နောက် သူက လမ်းကြောင်းများစွာကို ညွှန်ပြပြီး "ဖုတ်ကောင်အများစုကအဲဒီနေရာတွေမှာ စုစည်းနေတယ်။ စားသောက်ခန်း သို့မဟုတ် အိပ်ဆောင်ရှိနေမယ်လို့ ကျွန်တော်ထင်တယ်"

‎

‎

‎ထိုစကားကိုကြားသောအခါတွင် စစ်သားများသည် ထုတ်လုပ်မှုဧရိယာကို စစ်ဆေးပြီး ထွက်ခွာတော့မည်ဟု ယူဆလိုက်ကြတယ်။ ဒါကြောင့် သူတို့ဗိုလ်ကြီးရဲ့နောက်ထပ်‌ ပြောလာမဲ့အမိန့်ကို သူတို့ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပါဘူး။

‎

‎

‎"ငါတို့က ထုတ်လုပ်မှုဧရိယာကို စစ်ဆေးပြီးတာနဲ့ အဲဒီနေရာကို သွားပြီး ဖုတ်ကောင်တွေကို ရှင်းပစ်မယ်" လို့ ကျင်းရွှီယန်းက ဆိုပါတယ်။

‎

‎

‎"ကပ္ပတိန်၊ ဖုတ်ကောင်အရေအတွက်က အနည်းဆုံး 20,000 မဟုတ်ရင် 30,000ရှိလိမ့်မယ်" ချင်လူဇီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက သူ့သူငယ်ချင်းကို ကြည့်လိုက်ပြီး "လူအိုချင် ငါ့ဆုံးဖြတ်ချက်က အန္တရာယ်များတယ်ဆိုတာကို ငါသိပါတယ်။ ဒါပေမယ့် အခွင့်အလမ်းတွေက အမြဲတမ်း အန္တရာယ်နဲ့ ဘေးချင်းကပ်နေတယ်"

‎

‎

‎"ဖုတ်ကောင်တွေက အရမ်းတိုးတက်မြန်တယ်။ ငါတို့ ပိုပြီးမသန်မာဘူးဆိုရင် နောက်တစ်ခါ ဖုတ်ကောင်တွေနဲ့ တိုက်ခိုက်ရင်တော့ ပိုခက်ခဲသွားလိမ့်မယ်။ ငါ့မျက်လုံးထဲမှာတော့ အဲဒီဖုတ်ကောင်တွေက အမြုတေတွေရဲ့ အရင်းအမြစ်တွေပဲ။ ငါတို့အတွက် အမြုတေတွေရဲ့ အရေးပါပုံကို မင်းသိနေပြီပဲ့"

‎

‎

‎" နယ်မြေရှင်းလင်းဖို့ကို အမိန့်ပေးဝံ့မှတော့ လူတိုင်း လုံခြုံအောင်လုပ်ပေးဖို့လည်း နည်းလမ်းရှိတယ်။ မင်းငါ့ကို သိတာ က နှစ်အတော်ကြာပြီ။ ရှုံးတဲ့ တိုက်ပွဲကို မြင်ဖူးလား" သူကမေးတယ်။

‎

‎

သူ့စကားကိုကြားသောအခါတွင် ‎ချင်လူဇီက စကားမပြောနိုင်တော့ဘူး။ သူ့သူငယ်ချင်းက အရင်ကထက် ပိုအရှက်မဲ့လာတယ်။ အခုလည်း ရှက်တောင်ရှက်မနေဘဲ သူ့ကိုယ်သူ ချီးကျူးနေတယ်။

‎

‎

‎သူ့ရဲဘော်များကိုကြည့်လိုက်တော့လည်း အားလုံးက ခေါင်းညိတ်ပြတာကို မြင်လိုက်ရတယ်။ သူတို့အားလုံးက အသင်းခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်ပြီး သူ့နောက်ကိုလိုက်ဖို့ ဆန္ဒရှိနေတာကြောင့် သူက ဘယ်လိုလုပ်ပြပြန်ဆန့်ကျင်နိုင်ပါ့မလဲ။

‎

‎

‎"ကျွန်တော်နားလည်ပါတယ်။ လူတိုင်းရဲ့ လုံခြုံရေးကို စောင့်ကြည့်ဖို့ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ" ဟု ပြောကာ သူက သက်ပြင်းတစ်ချက်ချသည်။

‎

‎

‎သူ့ပခုံးကို ပွတ်ကာ ကျင်းရွှီယန်းက ပြုံးပြီး ပြောလိုက်တယ်"မင်းကို ငါ့ ယုံကြည်နိုင်တယ်ဆိုတာ ငါသိတယ်"

‎

‎

‎သဘောတူညီမှုတစ်ခုရပြီးနောက်တွင် ဝိန့်မိုက အဆောက်အဦးတံခါးကိုဖွင့်ကာ ထုတ်လုပ်ရေးဧရိယာသို့ ဝင်ရောက်သွားခဲ့သည်။ ရှောင်ချီက ပြီးစီးထားတဲ့ အထည်တွေကို မြင်ပြီး "ဗိုလ်ကြီး၊ ကျွန်တော်တို့ အထည်တွေကို ယူသင့်လား"

‎

‎

‎ကျင်းရွှီယန်းက ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်တယ်။ "ကောင်းပြီ"

‎

‎

‎ရှောင်ချီက အထည်အချို့ကိုသွားယူစဉ်တွင် ကျိူးလီဇီကစက်အချို့ကို စုဆောင်းခဲ့တယ်။ သူမက ဝါဂွမ်း၊ လျှော် သို့မဟုတ် ဝါးမျိုးစေ့အချို့ကိုရယူပြီး သူမရဲ့နေရာ၌ စိုက်ရန်စီစဉ်ထားသောကြောင့် အပင်များကို အထည်အဖြစ် ပြုပြင်နိုင်ရန် စက်အချို့ လိုအပ်သည်။

‎

‎

‎ပြီးသွားတဲ့အခါမှာတော့ မီးစက်ကြီးတွေကို တွေ့လိုက်ပြီး သိမ်းလိုက်ပြန်တယ်။ နောက်တော့ သူမက အနောက်တံခါးမှ ထွက်လာကာ ကွင်းကျယ်ကြီးထဲတွင် တန်းစီနေသော ဆိုလာပြားများကို တွေ့လိုက်ရသည်။ သူမ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တော့ ဘယ်သူကိုမှ မတွေ့ ဘူး။

‎

‎

‎ချင်လူဇီက ဒီနေရာတွင် ဖုတ်ကောင်များမရှိဟုပြောသောကြောင့် သူမတစ်ယောက်တည်းလာဝံ့ခြင်းဖြစ်သည်။ လက်ဝှေ့ယမ်းကာ ဆိုလာပြားများကို သူမရဲ့ အာကာသထဲသို့ သိမ်းယူလိုက်တယ်။ သူမက ၎င်းတို့ကို ခွဲထုတ်ဖြုတ်ယူရန် ပင်ပန်းခံပြီးအားထုတ်စရာတောင် မလိုအပ်ခဲ့ပါ။

‎

‎

‎ပြီးသွားသောအခါ သူမသည် အဆောက်အဦးသို့ ပြန်သွားတော့ ကျင်းရွှီယန်းက သူမကို ရှာဖွေနေတာကို တွေ့လိုက်ရသည်။ သူမဆီကို ပြေးလာပြီး လက်ကို ကိုင်လိုက်တယ်။

‎

‎

‎"အာ့ဇီ မင်းဘယ်သွားနေတာလဲ"လို့ မျက်မှောင်ကြုတ်ကာ မေးလာတယ်။

‎

‎

‎ကျိူးလီဇီက သူ့ကို သူမအနားကိုဆွဲခေါ်လိုက်ပြီး "အစ်ကိုယန်း အနောက်ဖက်မှာ မီးစက်တွေအများကြီးနဲ့ ဆိုလာပြားတွေ အများကြီးတွေ့ခဲ့တယ်၊ အဲဒါတွေကို တစ်နေ့လိုအပ်နိုင်တယ်၊ ဒါကြောင့် ငါအားလုံးကိုယူခဲ့တယ်"

‎

‎

‎

‎သူမစကားကိုကြားတော့မှ ကျင်းရွှီယန်းက သက်ပြင်းချလိုက်ပြီး "မင်း ကိုယ့်ကိုအရင် အကြောင်းကြားသင့်တယ်။ မင်းတစ်ယောက်တည်းသွားတာက အန္တရာယ်ရှိတယ်"

‎

‎

‎ကျိူးလီဇီက သူ့ကို ခဏလောက်ကြည့်နေပြီးမှ ခေါင်းညိတ်လိုက်ပြီး "အစ်ကိုယန်း နောက်တစ်ခါဆိုရင် မင်းကို ငါပြောပြမယ်" လို့ပြောလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက သူမခေါင်းကို ပုတ်ပေးကာ "အာ့ဇီ မင်းရဲ့လွတ်လပ်ခွင့်ကို ကန့်သတ်ဖို့ ကိုယ်မရည်ရွယ်ပါဘူး။ မင်းရဲ့ လုံခြုံရေးအတွက် ကိုယ်စိတ်ပူတယ်"

‎

‎

‎“သိပါတယ်” သူမက ပြုံးပြီး ခေါင်းညိတ်တယ်။

‎

‎

‎အရေးပေါ်အခြေအနေမျိုးမှာဆို သူမက သူမရဲ့နေရာကို ဝင်ရောက်နိုင်သောကြောင့် သူမရဲ့ဘေးကင်းရေးအစီအမံများကို နှလုံးမသွင်းခဲ့ပေ။ သို့သော် ကျင်းရွှီယန်းကတော့ သူမရဲ့ အာကာသထဲသို့ ဝင်နိုင်သည်ကို မသိဘဲ သူ့အတွက်တော့ သူမကို စိတ်ပူရတာက ပုံမှန်ပါပဲ။

‎

‎

‎သူမက သဘောတူပြီး စိတ်အနှောက်အယှက်မဖြစ်တာကိုမြင်တော့ ကျင်းရွှီယန်းက "သွားကြရအောင်။ ကိုယ်တို့ မမှောင်ခင်မှာပဲ့ အရင်ဆုံး ဖုတ်ကောင်တွေကို ရှင်းပစ်သင့်တယ်" လို့ပြောလိုက်တယ်။

‎

‎

‎"ကောင်းပြီ"

‎

‎

‎ချင်လူဇီကို ရေဒါနှင့် လမ်းပြအဖြစ်အသုံးပြုပြီး ဖုတ်ကောင်များကို ပိုမိုထိရောက်စွာရှင်းလင်းနိုင်ခဲ့ကာ ဖုတ်ကောင်များစုဝေးရာနေရာနှင့် အဆောင်များကိုရှာဖွေခဲ့ကြသည်။

‎

‎

‎သူတို့ နီးကပ်လာတာနဲ့အမျှ ဖုတ်ကောင်တွေကလည်း ဟိန်းဟောက်သံတွေနဲ့အတူ သံမဏိတံခါးဆီကို အပြေးအလွှား ပြေးဝင် လာကြတယ်။

‎

‎

‎တံခါးရှေ့မှာရပ်နေတဲ့ ကျင်းရွှီယန်းက

‎" ရှန်းကျင်းဇီ၊ ကုန်းပိုင် စမ်းသပ်မှုတစ်ခုလုပ်ဖို့ မင်းတို့နှစ်ယောက်ကို ငါလိုအပ်တယ်"

‎

‎

‎ထိုစကားကိုကြားလျှင် နှစ်ယောက်သားက ရှေ့တိုးကာ “ဗိုလ်ကြီး ကျေးဇူးပြု၍ အမိန့်ပေးပါ” ဟုဆိုသည်။

‎

‎

‎"မင်းတို့နှစ်ယောက်က စွမ်းအင်တွေ နိုးထခါစဖြစ်ပြီး စွမ်းအင်သိပ်မရှိသေးဘူး။ ဒါကြောင့် မင်းတို့နှစ်ယောက်ကို အတူတူအလုပ်လုပ်ခွင့်ပြုဖို့ ငါမှာစိတ်ကူးရှိတယ်" လို့ ကျင်းရွှီယန်းက ပြောလာတယ်။

‎

‎

‎ဖုတ်ကောင်အုပ်ကို လက်ညှိုးထိုးပြပြီး ‎" ရှန်းကျင်းဇီ ငါမင်းကို မီးလုံးဖန်တီးပြီး ဖုတ်ကောင်တွေကို ပစ်စေချင်တယ်။ တစ်ချိန်တည်းမှာပဲ ကုန်းပိုင်က လေဆင်နှာမောင်းတစ်ခု ဖန်တီးပြီး မီးလုံးနဲ့ ပေါင်းလိုက်မယ်။ အဲဒါကလေဆင်နှာမောင်းကို စုပ်ယူပြီးတဲ့နောက်မှာ မီးလုံးရဲ့ တိုက်ခိုက်နိုင်စွမ်းက တိုးလာနိုင်မလားဆိုတာကို ငါကြည့်ချင်တယ်"

‎

‎

‎သူ့စကားကိုကြားတော့ စစ်သားတွေရဲ့ မျက်လုံးများက တောက်ပလာတယ်။ သူတို့က စွမ်းအင်ဖြင့်ဆိုရင် တစ်ယောက်တည်းကသာ တိုက်ခိုက်နိုင်မည်ဟု ထင်ခဲ့ကြပြီး သူတို့ရဲ့ စွမ်းရည်များကို သူတို့ရဲ့ဓါးများဖြင့် ပေါင်းစပ်ကာ ကပ္ပတိန်ကို အတုယူရန်ပင် ကြိုးစားခဲ့ကြသေးသည်။ ဒါပေမယ့် သူတို့ရဲ့ စွမ်းအင်တွေကို အသုံးချနည်းဟာ ကန့်သတ်ထားသလိုပါပဲ။

‎

‎

‎ရှန်းကျင်းဇီ နှင့် ကုန်းပိုင် တို့ကတော့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းညိတ်သည်။

‎

‎

ရှန်းကျင်းဇီက ‎သူ့လက်ကိုမြှောက်လိုက်ပြီး မီးလုံးတစ်လုံးကို ဖန်တီးလိုက်တယ်။

‎

‎

‎

‎

‎

All Chapters