← Chapters

အခန်း (၃၆)

Vol. 3 Ch. 36

အခန်း (၃၆)

Vol. 3 Ch. 36

အခန်း-(၃၆)

‎ပိုင်ရီကျီး က ဘာတွေတွေးနေမှန်းမသိလိုက်ဘဲနဲ့

‎ ကျိူးလီဇီ က သူမရဲ့ လက်ဖဝါးကို သူ့လက်ဖဝါးပေါ်တင်လိုက်ပြီး "စီနီယာ၊ ငါ အဆိပ်ကို ဖယ်ပေးမယ်၊ ခနလောက် သည်းခံပါ" လို့ ပြောလိုက်တယ်။

‎

‎

‎မျက်လုံးတွေကိုမှိတ်ထားရင်း သူ့ခန္ဓာကိုယ်ထဲကို သူမ စွမ်းအင်ကြိုးတစ်ချောင်း ပို့လိုက်တယ်။

‎

‎

‎ကုသခြင်းအမျိုးအစားစွမ်းရည်များက အဆိပ်အတောက်များကို ကုသရန်နှင့် ဒဏ်ရာများကို ကုသရန်အတွက် အကောင်းဆုံးဖြစ်သော်လည်း ရေအမျိုးအစားနှင့် သစ်သားအမျိုးအစားစွမ်းရည်များကလည်း ကုသခြင်းကို လုပ်ဆောင်နိုင်သည်။

‎

‎

‎စွမ်းအင်သုံးစွဲမှုသည် ပိုမိုမြင့်မားသောကြောင့် စွမ်းရည်အသုံးပြုသူများအားလုံးက ကုသခြင်းဆိုင်ရာဂုဏ်သတ္တိများကို ရရှိနိုင်မည်မဟုတ်ပါ။ မပြောင်းလဲနိုင်သော စွမ်းရည်ရှိသူများသာ လုပ်နိုင်မည်ဖြစ်သည်။

‎

‎

‎ယခုအချိန်တွင်တော့ ကျိူးလီဇီ သည် သူမရဲ့ ယခင်ဘဝကကဲ့သို့ပင် သူမရဲ့ ရေစွမ်းရည် ပြောင်းလဲသွားခြင်း ရှိမရှိ မသိခဲ့ပေ။ ထို့ကြောင့် သူမကြိုးစားခြင်းသာလုပ်နိုင်သည်။ သူမ မလုပ်နိုင်ရင်တော့ သူ့အတွက် ကန်ရေများများကို တိုက်လိုက်ပြီး သူ့ကိုယ်သူ ထိန်းထားခိုင်းလိုက်မယ်။

‎

‎

‎ခဏအကြာ၌ သူမသည် ပိုင်ရီကျီး ရဲ့ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်ကို ခံစားလိုက်ရတယ်။ သူမရဲ့ ရေစွမ်းအင်က မဲနယ်ရောင်စွမ်းအင်ကို ထိတွေ့လိုက်သောအခါတွင် သူမရဲ့ ခန္ဓာကိုယ်က ရုတ်တရက် ထုံကျင်သွားတယ်။ သူမ ဓာတ်လိုက်သွားသလိုပဲ့။

‎

‎

‎ထိုအရာက သူရဲ့ မိုးကြိုးစွမ်းအင်တစ်မျိုးဖြစ်ကြောင်း သဘောပေါက်လိုက်ကာ ၎င်းကို ရှောင်ရှားခဲ့ပြီး အခြားစွမ်းအင်ကို ရှာဖွေလိုက်သည်။

‎

‎

‎ ကျိူးလီဇီ က အမျိုးသမီးရဲ့ အဆိပ်စွမ်းအင်ကို ရှာဖွေရန် အလုပ်များနေချိန်တွင် ပိုင်ရီကျီး မှာတော့သူ့ရဲ့စိတ်ထဲ နစ်မွန်းလုနီးပါး ဖြစ်နေတယ်။

‎

‎

‎သူ့ခန္ဓာကိုယ်မှာ သူမဘာတွေလုပ်နေမှန်းမသိပေမယ့် ခဏကြာတိုင်း ထုံကျင်မှုကသူ့ဆီပျံ့နှံ့လာသလို ခံစားရတယ်။

‎

‎သူ့ကိုယ်သူ လွတ်မြောက်ဖို့ တွန်းလှန်ရန် ကြိုးစားရင်း နဖူးနှင့် တစ်ကိုယ်လုံးကို ချွေးများ ဖုံးလွှမ်းသွားခဲ့သည်။

‎

‎တစ်ချိန်တည်းမှာပင်၊ ကျိူးလီဇီ သည်လဲ

‎ ပိုင်ရီကျီး ရဲ့ခန္ဓာကိုယ်အတွင်း၌ မီးခိုးရောင်စွမ်းအင်ကို နောက်ဆုံးတွင် တွေ့ရှိခဲ့တယ်။ သူမ ရဲ့စွမ်းအင်ကိုသုံးပြီး သူ့ခန္ဓာကိုယ်ထဲက အဆိပ်တွေကို တွန်းထုတ်လိုက်တယ်။ အဆိပ်ထုတ်ရန် ထွက်ပေါက်မရှိသည်ကို သိလိုက်ရသောအခါ သူမ မျက်မှောင်ကြုတ်လိုက်မိတယ်။

‎

‎

‎အဆိပ်ကို ဖယ်ထုတ်ဖို့အတွက် သူ့လက်ချောင်းမှာ ရှရာတစ်ချက်ပေးဖို့ တွေးနေချိန်မှာပဲ သူမရဲ့ စွမ်းအင်နဲ့ အဆိပ်တွေကို သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုဆီသို့ တွန်းပို့နေတဲ့ စွမ်းအားတစ်ခုကို ခံစားလိုက်ရတယ်။ အခြေအနေကို ထိန်းချုပ်နိုင်လိုက်ပြီဟု ထင်ကာ သူမရဲ့ စွမ်းအင်ကို အမြန်ပြန်ဆွဲထုတ်လိုက်သည်။

‎

‎

‎"အင်းးး"

‎

‎

‎မျက်လုံးဖွင့်လိုက်သည်နှင့် တပြိုင်နက် သူရဲ့ညည်းတွားသံကို ကြားလိုက်ရပြီး သူ့ခန္ဓာကိုယ် တုန်ခါနေချိန်တွင် ကြွက်သားများက တင်းမာလာတာကို တွေ့လိုက်ရသည်။

‎

‎

‎ဆေးကုသမှုခံယူရင်းနဲ့ ဒဏ်ရာရသွားမှာကို စိုးရိမ်တာကြောင့် သူ့အခြေအနေကို စစ်ဆေးဖို့ လက်လှမ်းမိခဲ့တယ်။ ဒါပေမယ့် သူမ သူ့ကို မထိခင်မှာ သူ့ကိုယ်သူ တွန်းကန်ပြီး သူ့အဝတ်အစား‌တွေကို ဆွဲဝတ်လိုက်တယ်။

‎

‎

‎သူ့ကိုယ်သူ ၀တ်စားဆင်ယင်နိုင်သည်ကို မြင်လိုက်ရသဖြင့် ကျိူးလီဇီ က သက်ပြင်းတစ်ချက်ချကာ " စီနီယာ အဆိပ်ကို အခုချက်ချင်း ရှင်းပစ်လိုက်ပြီ" ဟု ပြောသည်။

‎

‎

‎ဤသို့ပြောပြီးနောက် ကုလားထိုင်ကိုကြည့်ပြီး လျှောက်သွား လိုက်တယ်။ သူမ သူ့ကို လှမ်းကြည့်လိုက်တော့ အဝတ် ဝတ် နေသေးတာကို တွေ့လိုက်ရတော့ ကျောပိုးအိတ်ကို နေရာကနေ အမြန်ထုတ်လိုက်တယ်။

‎

‎

‎ထို့နောက် သူမသည် လမ်းလျှောက်လာပြီး ရေဘူးတစ်ဘူးကို ကမ်းပေးကာ "စီနီယာ ရေအရင်သောက်သင့်တယ်" လို့ပြောလိုက်တယ်။

‎

‎

‎ပိုင်ရီကျီး သည် နှလုံးခုန်မြန်နေဆဲဖြစ်ပြီး သူရဲ့ရှက်စရာကောင်းသောအခြေအနေကို သူမအား မမြင်စေချင်ပေ။ လှည့်မကြည့်ဘဲ ရေကိုယူကာ "ကျေးဇူးတင်ပါတယ်" ဟု အသံကျယ်ကျယ်ဖြင့် ပြောလိုက်တယ်။

‎

‎

‎ကျိူးလီဇီ က သူ့နောက်ကျောကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

‎

‎

‎သူ့လို မာနကြီးတဲ့လူတစ်ယောက်အတွက်တော့ သူ့ရဲ့အရှက်ရစရာကောင်းတဲ့အနေအထားကို တခြားသူတွေကို မပြချင်လောက်ဘူး ။ သူမ ခဏလောက်တွေးပြီး နေရာလွတ်မှ သန့်ရှင်းသော တီရှပ်တစ်ထည်ကို ထုတ်ယူကာ ရေဘူးဘေးတွင် ထားလိုက်တယ်။

‎

‎

‎"စီနီယာ၊ ငါမင်းကိုအဲဒီမှာစောင့်နေမယ်။ မင်းရဲ့အသင်းဖော်တွေကို ကယ်တင်ဖို့ လိုနေသေးတယ်။ ဒါကြောင့် မင်း-"

‎

‎

‎သူမစကားမဆုံးခင်မှာ သူက “ငါသိတယ်” လို့ တားတယ်။

‎

‎

‎သူ့ကို နောက်ထပ် တစ်ချက်ကြည့်လိုက်ပြီးနောက်မှ သူမ တံခါးဆီသို့ လျှောက်သွားပြီး သူ့ကိုနောက်ကျောပေးလို့ စောင့်နေသည်။

‎

All Chapters