အခန်း (၁၀၈)
Vol. 8 Ch. 108
လခြမ်းသဏ္ဍန်မီးတောက်ဓားဟာ မီးလုံးများနှင့် ထိတွေ့မိသွားသည့်တိုင်အောင် အရှိန်ပြင်းပြင်းဖြင့် ဖုတ်ကောင်ဆီသို့ ဆက်သွားနေပြီး ဒီအချိန်တွင်ပဲ မီးလုံးတွေကို စုပ်ယူသွားသည်။
ဖုတ်ကောင်က ဝင်လာတဲ့တိုက်ခိုက်မှုကို မြင်ပြီး ဘေးဘက်သို့ ခုန်ဆင်းကာ ရှောင်တိမ်းလိုက်တယ်။ ဒါပေမယ့် မြေပြင်ပေါ်မဆင်းခင်မှာ ကျင်းရွှီယန်းက အနောက်မှာ ပေါ်လာခဲ့ပြီး သူရဲ့ဓားရှည်ကို ဒေါင်လိုက်ခုတ်ချလိုက်တော့ ဖုတ်ကောင်ရဲ့ကိုယ်က နှစ်ခြမ်းကွဲသွားခဲ့တယ်။
အနက်ရောင်သွေးများနှင့် ပုပ်ပွနေသောအသားစများက အဝတ်အစားများပေါ်မှာ ပက်ကျဲထားသလိုဖြစ်နေသော်လည်း သူ့မျက်လုံးတွေကနီရဲကာ အေးစက်နေပြီး သူ့မျက်နှာမှာလည်း ဘာအမူအရာကိုမှ ထုတ်ဖော်မပြပေ။ သူက ခေါင်းကိုလှည့်ပြီး မိုးကြိုးစွမ်းအင်နဲ့ ဖုတ်ကောင်ဆီ ဦးတည်သွားလိုက်တယ်။
"ရားးး" မိုးကြိုးအမျိူးအစား ဖုတ်ကောင်က အန္တာရယ်နှင့် နီးကပ်လာတာကို သတိပြုမိသလိုမျိူး သူ့မျက်နှာဘက်ကိုလှည့်ပြီး ဟောက်သံထုတ်လာသည်။
ကျိူးလီဇီသည် မြေပြင်ပေါ်မှ အားတင်းလို့ထပြီး မိုးကြိုးအမျိူးအစားဖုတ်ကောင်ရဲ့ နောက်ကျောဘက်သို့ ရေမြှားပေါင်းများစွာ ပစ်ချကာ ခိုးဝင်တိုက်ခိုက်ရန် ကြိုးစားလိုက်တယ်။
"ဘုန်းး"
သူမရဲ့ ရေမြှားများက ဖုတ်ကောင်ကို မထိနိုင်မီတွင်ပဲ မီးလုံးတစ်ခုက အရင်ထိမှန်သွားတယ်။ နောက်အခိုက်အတန့်တွင်တော့ ဖုတ်ကောင်ဟာ အနက်ရောင်မီးလျှံများဖြင့် ဖုံးလွှမ်းခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ကျိူးလီဇီက ရေအကာရံတစ်ခုအား လှမ်းမခေါ်လိုက်နိုင်မီတွင်ပဲ အနီးနားပတ်ဝန်းကျင်ရှိအပူချိန်က သိသိသာသာ မြင့်တက်လာတယ်။ အပူချိန်မြင့်မားမှုကြောင့် သူမရဲ့ရေမြှားများဟာ ရေငွေ့အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဖုတ်ကောင်က ပြာများအဖြစ်သို့ ပြောင်းသွားပြီးနောက်တွင်တော့ ခပ်ဝါးဝါး အရိပ်တစ်ခု ရုတ်တရက် ပေါ်လာတယ်။ သူမရဲ့စိတ်က အသိမဝင်မီတွင်၊ သူမရဲ့ခန္ဓာကိုယ်ကတော့ ရေအကာကွယ်ကို အလိုလိုပုံဖော်နေပြီဖြစ်သည်။
" ဒုတ် ခရစ် "
"အာ့"
ရေအကာရံများဆီ ရိုက်ခတ်လာမှုကြောင့် သူမဟာ အနောက်သို့ တွန်းကန်ခံရကာ လွင့်ထွက်သွားခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူမရဲ့ခါးမှာ ရစ်ပတ်ထားတဲ့ သန်မာတဲ့လက်တစ်စုံကြောင့် နံရံကိုမရိုက်မိဘဲ မြေပေါ်ကျသွားခဲ့ပါတယ်။
ကျင်းရွှီယန်းက သူ့ခန္ဓာကိုယ်ကို ကူရှင်အဖြစ်အသုံးပြုကာ ကျယ်လောင်သောအသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားသည်။
လဲကျသွားသောအခါ ခေါင်းငုံ့လိုက်တော့ သူရဲ့အာ့ဇီကချောင်းဆိုးနေကာ သွေးများကိုလည်းတွေ့လိုက်ရသည်။ သူမရဲ့ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ကြည့်လိုက်တော့ ဒေါသနှင့် ရူးသွပ်မှုတို့က ပေါက်ကွဲသွားတယ်။
"အာ့ဇီ အဆင်ပြေရဲ့လား" လို့ သူက တုန်လှုပ်ခြောက်ခြားစွာမေးလိုက်သည်။
ကျိူးလီဇီဟာ သူမရဲ့ကိုယ်တွင်းအင်္ဂါများ ကွဲအက်သွားသလို ခံစားနေရပြီး ပါးစပ်မှ သွေးများ ချောင်းဆိုးထွက်လာတယ်။ ဤအခိုက်အတန့်တွင် သူမကိုကိုင်ထားတဲ့ အမျိုးသားရဲ့ ထူးဆန်းမှုကို သူမ သတိမထားမိလိုက်ပေ။ သူမရဲ့ တစ်ခုတည်းသော အာရုံမှာ ကန်ရေတစ်ပုလင်းကို ထုတ်ယူပြီး သောက်ခြင်းဖြစ်သည်။
နွေးထွေးသော စွမ်းအင်များက သူမရဲ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာတော့ နာကျင်မှုက လျော့ပါးလာပြီး အသက်ကိုပြင်းပြင်းရှူလိုက်တယ်။
နောက်ဆုံးတော့ သူမရဲ့မျက်နှာမှာ သွေးရောင်အချို့ ပြန်လည်ရရှိလာတာကို မြင်လိုက်ရသဖြင့် ကျင်းရွှီယန်းရဲ့ မျက်လုံးများက အံ့သြမှုကြောင့် တုန်လှုပ်သွားရပြီး ပုလင်းအလွတ်ကို စူးစူးစိုက်စိုက်ကြည့်နေသည်။
သူမအတွက် အသက်အန္တရာယ်မရှိတော့ကြောင်းကို အတည်ပြုပြီးနောက်မှ သူက သူမကို လှဲချစေလိုက်ပြီး "အာ့ဇီ နေကောင်းအောင်နေပြီး ဒီမှာပဲ့စောင့်နေပါ။ ကျန်တာတွေကို ကိုယ် ဂရုစိုက်လိုက်ပါ့မယ်" လို့ ပြောလိုက်တယ်။
ကျိူးလီဇီရဲ့ လက်ရှိအခြေနေအရဆိုရင် သူ့ကို ဆွဲချလိုက်ရုံသာ ရှိတော့သည်။ ထို့ကြောင့် သူမက ခေါင်းညိတ်ကာ "အစ်ကိုယန်း သတိထားပါ" ဟု ခပ်တိုးတိုးပြောလိုက်တယ်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြပြီး လှည့်လိုက်တယ်။ သူတို့နှင့် ဆယ့်ငါးမီတာအကွာတွင် ရပ်နေတဲ့ ကလေးငယ်ကို မြင်လိုက်သောအခါတွင် သူ့မျက်လုံးများကို မှေးကျဉ်းလိုက်၏။
ကောင်လေးရဲ့ နက်မှောင်နေတဲ့ မျက်လုံးများ နှင့် သူ့ရဲ့ခန္ဓာကိုယ်ပေါ်ရှိ အပြာရောင်အသားအရည်ကြောင့်သာ မဟုတ်ရင် မည်သူကမှ သူ့ကို ဖုတ်ကောင်လို့ထင်ကြမည်မဟုတ်ဘူး။ သို့သော် အရွယ်ရောက်ပြီးသော ဖုတ်ကောင်များနှင့် နှိုင်းယှဉ်ပါက ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားသော ကလေးများက ပို၍ပင် အန္တရာယ်များသည်။
ဖုတ်ကောင် ကောင်လေးက အနက်ရောင်မျက်လုံးများဖြင့် သူ့ကိုကြည့်ကာ ပြုံးနေတယ်။ နှုတ်ခမ်းချင်း ခွာလိုက်တော့ နှုတ်ခမ်းတွေကွဲထွက်လာပြီး အတွင်းဘက်က ချွန်ထက်နေတဲ့သွားတွေပေါ်လာသည်။ကွဲရာက နားရွက်အထိရောက်သွားတော့ မျက်နှာကကွဲထွက်သွားတယ်။
ဒါကိုမြင်တော့ ကျင်းရွှီယန်းက တိုးတိုးလေး ရေရွတ်လိုက်တယ် "အဆင့်သုံး ဖုတ်ကောင်"
ယုတ္တိကျကျဆိုရရင်တော့ စက်ရုံထဲမှာ ကောင်လေးတစ်ယောက် ပေါ်လာနိုင်ခြေက သုညနီးပါးဖြစ်သည်။ ဒီဖုတ်ကောင် ကောင်လေးရဲ့ အသွင်အပြင်ကလည်း ကွဲလွဲနေသည်။ ပြီးတော့ သူ့ရဲ့အဝတ်အစားများကလည်း သပ်ရပ်မှု ရှိနေတာကို အခြေခံပြီး ကြည့်မယ်ဆို ဖုတ်ကောင်များ အကိုက်ခံရခြင်း မရှိသလို မိုးရေကြောင့် စိုစွတ်နေပုံလည်း မပေါ်ပေ။
ဒါကိုတွေးမိတော့ သူ့စိတ်ထဲမှာ ပေါ်လာတဲ့ပုံရိပ်တစ်ခုကြောင့် သူ့မျက်လုံးတွေက ခဏလောက် တလက်လက်ဖြစ်သွားခဲ့တယ်။ သူက စိတ်ခံစားမှုများကို ထိန်းချုပ်ရန်အတွက် ဓားရှည်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်တယ်။
ခဏအကြာတွင် သူ့စိတ်ကငြိမ်သက်သွားသော်လည်း သူ့မျက်လုံးထဲက အေးစက်မှုတွေကတော့ ပိုပြင်းထန်လာသည်။
သူက ဒူးကိုကွေးပြီး ဖုတ်ကောင်ဆီကို ဦးတည်ကာခုန်လိုက်တယ်။ သူရဲ့ဓားရှည်ကို ခုတ်ချလိုက်တော့ ဖုတ်ကောင်ကလည်း သူ့ရဲ့လက်များကို မြှောက်လိုက်သည်။
" ကလန် "
ဖုတ်ကောင်ရဲ့လက်များတွင် ဖုံးအုပ်ထားသည့် သတ္တုများကို မြင်လိုက်ရသဖြင့် ကျင်းရွှီယန်းက သူရဲ့ဓားရှည်ထဲသို့ စွမ်းအင်ကို ပေးပို့လိုက်တယ်။ အနက်ရောင်မီးလျှံက ပိုမိုပြင်းထန်လာပြီး သတ္တုလက်မောင်းများကို ဖြည်းညှင်းစွာ အရည်ပျော်သွားစေသည်။
ဖုတ်ကောင်ရဲ့မျက်လုံးများဟာ တစ်ခဏမျှ တောက်ပသွားပြီး သူ့ရဲ့လက်ကိုမြောက်ကာ အရှေ့က်ိုတွန်းထုတ်လိုက်ပြီး ကျင်းရွှီယန်းရဲ့ရင်ဘတ်ကို ချိန်ရွယ်ကာ ခြေထောက်ဖြင့်ကန်လိုက်သည်။ ဝင်လာသော တိုက်ခိုက်မှုကို မြင်လိုက်ရသဖြင့် ကျင်းရွှီးယန်းကလည်း ခြေထောက်ကို မြှောက်ကာ ပြန်ကန်လိုက်တယ်။
" ဒုတ် "
အကယ်၍ အခြားသော စွမ်းရည်အသုံးပြုသူများသာ ဖုတ်ကောင်များရဲ့ ရိုက်နှက်ခြင်းကိုခံခဲ့ရပါက ၎င်းတို့၏ရဲ့ အရိုးများက ကျိုးသွားမည်ဖြစ်သည်။ ဒါပေမယ့် လူတစ်ယောက်အတွက်ကတော့ ဒီတိုက်ခိုက်မှုကနာကျင်ပေမယ့်
သူရောက်နေတဲ့အဆင့်ကြောင့် သူ့အရိုးတွေကို ချိုးဖို့က မလုံလောက်ပါဘူး။
ကန်ချက်အား ပိတ်ဆို့ခံလိုက်ရပြီးတဲ့နောက်မှာတော့ ဖုတ်ကောင်က ကျင်းရွှီယန်းဆီကို ပစ်မှတ်ထား၍ လက်သီးချက်များ ဆက်တိုက်ပေးပို့ခဲ့သည်။ ဒီတစ်ခါမှာတော့ သူက တိုက်ခိုက်မှုကို မတားတော့ဘဲ နောက်ပြန်ဆုတ်သွားလိုက်တယ်။
မြေပြင်ပေါ်သို့ ဆင်းသက်စဉ်တွင်ပဲ ကျင်းရွှီယန်းက လက်ကို မြှောက်လိုက်ကာ ဓားရှည်ကို ခုတ်ချလိုက်တယ်။ ဤတစ်ကြိမ်တွင်တော့ မီးလုံးများအစား မီးနဂါးနှစ်ကောင်က ပေါ်လာပြီး ဖုတ်ကောင်ဆီသို့ ပျံသန်းသွားခဲ့သည်။
တိုက်ခိုက်မှုရဲ့အန္တရာယ်ကို အာရုံခံကာ ဖုတ်ကောင်က ဘယ်ညာ ရှောင်တိမ်းလိုက်တယ်။ သို့သော် ကျင်းရွှီယန်းက သူ့စွမ်းအင်နှင့် ချိတ်ဆက်ထားတာကြောင့် မီးနဂါးများရဲ့ လှုပ်ရှားမှုကို သူကထိန်းချုပ်နိုင်သည်။
ဖုတ်ကောင်က မည်သည့်ဘက်ကိုမဆို ရှောင်တိမ်းသွားပါစေ မီးနဂါးတွေက အနီးကပ်လိုက်နေတယ်။ ငါးမိနစ်လောက် ပြေးပြီး လိုက်ပြီးတဲ့ နောက်မှာတော့ ဖုတ်ကောင်ရဲ့အရှေ့မှာ ရေခဲနံရံတစ်ခု ရုတ်တရက် ပေါ်လာတယ်။
"ဘုန်းး ဘုန်းး"
လမ်းကြောင်းကို ပိတ်ဆို့ခံထားရသဖြင့် ဖုတ်ကောင်ဟာ မလွတ်မြောက်နိုင်တော့ဘဲ မီးနဂါးတွေရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
"ရားးး"
ကျင်းရွှီယန်းရဲ့ အနက်ရောင်မီးလျှံများဟာ ခါတိုင်းနှင့်မတူဘဲ ဖုတ်ကောင်များကို ပြာပုံအဖြစ်သို့ပြောင်းစေရန်အတွက် တစ်မိနစ်ပင်မကြာတော့ပါ။ သူ့လက်ကို ဝှေ့ယမ်းကာ မီးအမျိုးအစားဖုတ်ကောင်ဆီက အနက်ရောင်မီးများကို ပြန်စုတ်ယူလိုက်တယ်။
အနက်ရောင်မီးတောက်ကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်စုပ်ယူပြီးနောက်တော့ သူ့ရဲ့စိတ်စွမ်းအင်ထဲမှာ တဆတ်ဆတ် နာကျင်လာတယ်။ စွမ်းအင်များက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပြန်သည်။
အဝေးက ကျိူးလီဇီကတော့ ကန်ရေသုံးပုလင်းကိုသောက်ပြီးတဲ့နောက်တော့ မတ်တပ်ရပ်လိုက်တယ်။ ရေခဲနံရံက သူမရဲ့ နောက်ဆုံးစွမ်းအင်များကို ကုန်ဆုံးသွားစေသည်။
ထိုနေရာ၌ ရပ်နေသော သူမသည် သူ့ရဲ့နောက်ကျောကို စူးစူးစိုက်စိုက်ကြည့်နေတယ်။