← Chapters

အခန်း (၃၁)

Vol. 3 Ch. 31

အခန်း (၃၁)

Vol. 3 Ch. 31

အခန်း-(၃၁)

‎

‎ကျင်းရွှီယန်း က ကျန်းယွမ် ကို စိုက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ တံခါးလက်ကိုင်ကို ဆုပ်ကိုင်ရင်း ကျန်းယွမ် ကလည်း တံခါးကို တွန်းဖွင့်လိုက်တယ်။

‎

‎

"ဂါးးး"

‎

‎

‎ဖုတ်ကောင်တွေ အလျင်စလို မရုန်းထွက်လာနိုင်သေးခင်မှာပဲ့ ကျင်းရွှီယန်း ဟာ သူ့ဓားရှည်ကို ဆွဲထုတ်ပြီး အခန်းထဲကို ပြေးဝင်သွားတယ်။ လျင်မြန်သော ခုတ်ချက်ကြောင့် ပုပ်ပွနေသော ခေါင်းသုံးလုံး ကြမ်းပြင်ပေါ်သို့ လှိမ့်ကျသွားတယ်။

‎

‎

‎မည်းနက်သောသွေးများက မြေပြင်ပေါ်တွင် စီးဆင်းနေပြီး ကျင်းရွှီယန်း ကတော့ သူ့လက်ကောက်ဝတ်ကို လှုပ်ရှား က အလောင်းများကို မီးရှို့လိုက်တယ်။ မိနစ်ပိုင်းအတွင်းမှာပဲ့ ခန္ဓာကိုယ်နှင့် သွေးများမှာ ပြာများအဖြစ်သို့ ရောက်ရှိသွားသည်။

‎

‎

‎အနက်ရောင်ပြာများဘေးတွင်ရပ်နေသော ကျင်းရွှီယန်း က "လူတိုင်းကိုအကြောင်းကြားပါ- ဒီညဒီမှာနေမယ်"

‎

‎

‎"ဟုတ်ကဲ့ ဗိုလ်ကြီး"

‎

‎ချင်လူဇီ နှင့် ကျန်းယွမ် သည် အခန်းမှ ထွက်သွားပြီး အောက်ထပ်သို့ ဆင်းလာခဲ့တယ်။

‎

‎

‎သူတို့ထွက်သွားပြီးနောက်တွင် ကျင်းရွှီယန်း သည် အခန်းကိုစစ်ဆေးကြည့်လိုက်တော့ဗီရိုအတွင်းမှ အမျိုးသားနှင့် အမျိုးသမီးအဝတ်အစားများစွာကို တွေ့လိုက်ရသည်။ လက်ဝတ်ရတနာထားတဲ့ဆီသို့ လျှောက်လာစဉ်၌ သူ့မျက်လုံးများကတော့ လက်စွပ်တစ်စုံဆီကို စိုက်ကြည့်မိနေတယ်။

‎

‎

‎လက်ဝတ်ရတနာသေတ္တာလေးရဲ့ မှန်ပုံးကိုဖွင့်လိုက်ပြီးတော့ လက်စွပ်ကို ကောက်ကိုင်ကာ အနီးကပ်ကြည့်လိုက်တယ်။ လက်စွပ်များက ရိုးရှင်းပြီး နီလာနှင့် စိန်ဖြင့် ပြုလုပ် အလှဆင်ထားသည်။

‎

‎

‎လှပသော၊ ခိုင်ခံ့သော၊ ဒီဇိုင်းကို ရှာတွေ့တော့ သူ ယောက်ျားလက်စွပ်ကို ယူပြီး သူ့လက်သူကြွယ်ပေါ်မှာ ဝတ်ကြည့်လိုက်သည်။ ဒါကသူ့နှင့်ကိုက်ညီတယ်။

‎

‎

‎သူနှင့်သူမက ဤလက်စွပ်တစ်စုံကို တွဲဝတ်ထားသည့် အနာဂတ်ကို စိတ်ကူးကြည့်ရင်းနဲ့ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ပေါ်လာသည်။ ဒါပေမယ့် အခုချိန်မှာတော့ သူ စိတ်ကူးကိုထိန်းထားမှရအုံးမယ်။

‎

‎

‎ထိုအတွေးဖြင့် သူသည် လက်စွပ်ကို ဖြုတ်ကာ သေတ္တာငယ်လေးထဲသို့ ပြန်ထည့်လို့ အတွင်းအိတ်ထဲသို့ ထည့်လိုက်တယ်။ ထို့နောက် အောက်ထပ်သို့ဆင်းကာ မီးဖိုချောင်ထဲသို့ ၀င်သွားတယ်။

‎

‎

‎မီးဖိုချောင်အတွင်းတွင် ချင်လူဇီ က စားသောက်ခန်းအတွင်းရှိ ရိက္ခာများကို စစ်ဆေးနေပြီး ကျန်းယွမ် ကတော့ စစ်သားများအား အကြောင်းကြားရန် သွားခဲ့သည်။

‎

‎

‎မကြာမီတွင် ထရပ်ကားများနှင့် သံချပ်ကာယာဉ်များသည် ဗီလာထဲသို့ ဝင်လာကာ ဝင်ပေါက်အနီးတွင် ရပ်ထားလိုက်ကြသည်။ ကားပေါ်မှ ထွက်လာကြပြီးနောက် တိုင်တွင်ထူထဲသော ဝိုင်ယာကြိုးများကို တွေ့ရှိပြီး တံခါးသော့ခတ်ရန် အသုံးပြုခဲ့သည်။

‎

‎

‎ပြီးသည်နှင့် သူတို့ဟာ ဗီလာအတွင်းသို့ ဝင်ရောက်လာကြပြီး ဇိမ်ခံအလှဆင်မှုများနှင့် ပရိဘောဂများကို တွေ့လိုက်ရတယ်။

‎

‎

‎မောပန်းနေသော်လည်း လူတိုင်းက တစ်အိမ်လုံးကို အသေချာစစ်ဆေးဆဲဖြစ်သည်—အချို့က ဂိုဒေါင်ကို စစ်ဆေးတယ်၊ အချို့က ခေါင်မိုးထပ်ပေါ်တက်သွားပြီး ကျန်သူများက ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ကြတယ်။

‎

‎

‎ထိုအချိန်တွင် ရှောင်ချီ က အပေါ်ထပ်သို့တက်သွားပြီး အိပ်ခန်းတစ်ခုထဲသို့ ဝင်သွားသည်။ အိတ်ခ်ျ- အမှတ်တံဆိပ် နှစ်ထပ်ကုတင်ကို မြင်သောအခါမှာတော့ မျက်လုံးများ ပြူးကျယ်သွားခဲ့တယ်။

‎

‎

‎သာမာန်မိသားစုမှ ဆင်းသက်လာသူတစ်ယောက်အနေနဲ့ ဤကဲ့သို့ ဇိမ်ခံအိမ်ကြီးနှင့် ဤကဲ့သို့ ကုတင်တစ်လုံးကို မြင်ဖူးခြင်းမျိုးကို မပြောနဲ့ရှိမှန်းတောင်မသိပေ။

‎

‎

‎သူက လမ်းလျှောက်လာကာ ပျော့ပျောင်းတဲ့ အဝတ်သားကို လက်အုပ်ကိုင်ပြီး"ဒါကို ငါနဲ့အတူ ယူသွားနိုင်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ..."

‎

‎

‎နောက်အခိုက်အတန့်မှာပဲ့ ကုတင်က ရုတ်တရက် ပျောက်သွားတယ်။ မျက်စိရှေ့မှာတင်ပျောက်ကွယ်သွားသောကြောင့် သတိမထားမိဘဲ မျက်နှာပေါ် ထိန့်လန့်မှုပေါ်ပေါ်လာကာ မြေပြင်ပေါ်ဖင်ထိုင်ရက်ကျသွားပြီး အံ့သြတုန်လှုပ်စွာဖြင့်ဒီတိုင်း ရပ်တန့်နေမိတယ်။

‎

‎

‎"အိပ်ရာက ဘယ်ရောက်သွားတာလဲ"

‎

‎

‎သူ့စိတ်ထဲ ထိုအတွေးဝင်သွားသည်နှင့် တပြိုင်နက် ကွက်လပ်တစ်ခုဖြစ်နေသည့် ပုံရိပ်တစ်ခုက သူ့ခေါင်းထဲတွင် ပေါ်လာသည်။ ဤနေရာရဲ့အလယ်တွင် ပျောက်နေသောကုတင်ကို သပ်သပ်ရပ်ရပ်ချထားတာတွေ့လိုက်ရတယ်။

‎

‎

‎ထိုပုံရိပ်က သူ့ကို ထိန့်လိုက်သွားစေပြီး သူ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။ သေတ္တာက သူ့ခေါင်းထဲမှာပဲ့ ရှိတယ်။

‎

‎

‎သူ့ခြေထောက်တွေကိုမကာ ပြေးဆင်းသွားလိုက်ပြီး ဖြူဖပ်ဖြူရော်မျက်နှာနဲ့အတူ အောက်ထပ်ကို ပြေးဆင်းလာရင်း နှလုံးခုန်သံတွေက တဒိန်းဒိန်းခုန်နေတယ်။

‎

‎

‎ဧည့်ခန်းကို စစ်ဆေးနေသော စစ်သားများက သူအော်သံကြောင့် လန့်သွားသည်။ လှည့်ကြည့်လိုက်တော့ သရဲတစ္ဆေတွေ လိုက်ဖမ်းနေသလိုမျိူး ပြေးနေတာကို တွေ့လိုက်ကြပြီး သူ့အမူအရာကို သတိပြုမိလိုက်ကြတယ်။

‎

‎

‎"ရှောင်ချီ ဘာဖြစ်နေတာလဲ" သူတို့ထဲက တစ်ယောက်က မေးတယ်။

‎

‎

‎ ရှောင်ချီ က သူတို့ကိုကြည့်ရင်း တုန်တုန်ယင်ယင်အသံနဲ့ "ငါ-ငါ့ခေါင်း-"

‎

‎

‎"မင်းခေါင်းကဘာလဲ" တခြားစစ်သားက မေးတယ်။

‎

‎

‎"ငါ့ခေါင်းထဲမှာ တစ်ခုခုရှိနေတယ်" ရှောင်ချီက မျက်ရည်များဝဲလာပြီး မျက်လုံးများ နီရဲလာသည်။

‎

‎

‎စစ်သားများကလည်း ချက်ချင်းပင် အလျင်အမြန် သူ့အခြေအနေကို စစ်ဆေးရန်အတွက် အမြန်သွားလိုက်ကြတယ်။

‎

‎

‎အမြန်စစ်ဆေးပြီးတဲ့နောက် သူတို့ထဲမှ တစ်ယောက်က မျက်မှောင်ကြုတ်ကာ "ရှောင်ချီ မင်းခေါင်းမှာ ဘာပြဿနာမှ မရှိပါဘူး"

‎

‎

‎ရှောင်ချီ က အရူးအမူး ခေါင်းယမ်းပြီး "မဟုတ်ဘူး၊ အထဲမှာပဲ့"

‎

‎စစ်သားက မျက်လုံးကို မှိတ်ထားပြီး "မင်းခေါင်းထဲကို တစ်ခုခု ဝင်သွားတာလား" လို့ မေးတယ်။

‎

‎

‎ရှင်းပြရန်ခက်ခဲသဖြင့် ရှောင်ချီ သည် သူတို့ကို ကျော်ဖြတ်ကာ ဧည့်ခန်းသို့ အမြန်ပြေးသွားခဲ့သည်။ သူ့လက်ကို ဆိုဖာပေါ်တင်လိုက်ပြီး "ဒီဆိုဖာကို သိမ်းထားနိုင်ရင် ကောင်းမယ်..."

‎

‎

‎နောက်တစ်စက္ကန့်တွင်တော့ ဆိုဖာက သူတို့မျက်စိရှေ့မှ ပျောက်ကွယ်သွားတယ်။

‎

‎

‎ဒါကိုမြင်တော့ စစ်သားတွေက ထိတ်လန့်သွားပြီး သူတို့ထဲက တစ်ယောက်က "ဘာကြီးလဲ၊ ဆိုဖာက ဘယ်မှာလဲ" လို့ အော်တယ်။

‎

‎

‎ရှောင်ချီ က သူတို့ဘက် လှည့်ပြီး "ငါ့ခေါင်းထဲမှာ ရှိနေပြီ"

‎

‎

‎"ဘာလဲ"

‎

‎

‎စစ်သားတွေက အံသြသွားတယ်။ သူ့ခေါင်းက ဒီလောက်ကြီးတဲ့ဆိုဖာတစ်ခုကို သူ့အထဲမှာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။

‎

‎

‎ရှောင်ချီ က သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်မိပြီး အခု အဓိပ္ပါယ်မရှိတာတွေ ပြောနေပုံပေါ်တယ်။

‎

‎

‎သူတို့ရဲ့ သံသယအမူအရာတွေကို သတိထားမိတော့ ရှောင်ချီက စိတ်ပျက်လက်ပျက်နဲ့ "ငါမရူးပါဘူး၊ ဆိုဖာက ငါ့ခေါင်းထဲမှာ တကယ်ရှိတယ်"

‎

သူတို့‎ရှုပ်ယှက်ခတ်နေကြစဉ်တွင် ကျင်းရွှီယန်း က မီးဖိုချောင်ထဲမှ ထွက်လာပြီး "ရှောင်ချီ စိတ်အေးအေးထားပါ"

‎

‎

‎သူ့ကပ္ပတိန်ရဲ့အသံကိုကြားတော့ ရှောင်ချီ က မျက်ရည်တွေအပြည့်နဲ့ သူ့ဘက်ကိုလှည့်ပြီး "ဗိုလ်ကြီး၊ ငါသေတော့မယ်ထင်တယ်"

‎

‎

‎ကျင်းရွှီယန်း က အသက်ပြင်းပြင်းရှူကာ စစ်သားငယ်၏ ပြင်းထန်သော အပြုအမူကို မျက်စောင်းထိုးကာ "မင်းမသေပါဘူး။ မင်း က အာကာသပုံစံ စွမ်းရည်ကို နိုးထလာခဲ့တာ။ မင်းရဲ့စိတ်ကို အာရုံစူးစိုက်ပြီး ပစ္စည်းတွေ ထုတ်ယူဖို့ စဉ်းစားကြည့်ပါ" လို့ပြောလိုက်တယ်။

‎

‎

‎ထူးထူးဆန်းဆန်းအခြေအနေကြောင့် ထိတ်လန့်တုန်လှုပ်သွားသော်လည်း ရှောင်ချီ က ခေါင်းညိတ်ပြပြီး ညွှန်ကြားသည့်အတိုင်း လုပ်လိုက်သည်။ တစ်စက္ကန့်ကြာတော့ ဧည့်ခန်းထဲမှာ ဆိုဖာက ပြန်ပေါ်လာတယ်။ ထို့နောက် အတွေးတစ်ခုဖြင့် ကုတင်ကြီးကလည်း သူ့ဘေးတွင် ပေါ်လာသည်။

‎

‎

‎ရှောင်ချီက သက်ပြင်းတစ်ချက်ချကာ ရင်ဘတ်ကို ပွတ်သပ်ရင်း "ကျေးဇူးတင်ပါတယ်ဘုရား၊ ငါမသေတော့ဘူး..."

‎

‎

‎ကျင်းရွှီယန်း ရဲ့ အကြည့်က ကုတင်ပေါ်တွင် တဝဲလည်လည် ဖြစ်နေပြီး "မင်းရဲ့နေရာက ဘယ်လောက်ကြီးလဲ"

‎

‎

‎ကုတင်ရဲ့အရွယ်အစားပေါ်မူတည်ပြီးကြည့်ရရင် နေရာလွတ်က အလွန်ကြီးမားရမည်။ ရှောင်ချီ ခဏလောက် စိတ်ပိုင်းဆိုင်ရာ တွက်ချက်ပြီးနောက်မှ "ဗိုလ်ကြီး အရွယ်အစားအတိအကျတော့ မသေချာဘူး၊ ဒါပေမယ့် အမြင့် ၁၀ မီတာရှိပြီး စတုရန်းမီတာ ၁၀၀ လောက်ရှိမယ်ထင်တယ်"

‎

‎ကျင်းရွှီယန်း မျက်ခုံးပင့်လိုက်တယ်။ သူသိထားသည့်အတိုင်းဆိုရင် အဆင့်သုညအာကာသစွမ်းရည်အသုံးပြုသူအများစုက ၁၀ မှ ၃၀ စတုရန်းမီတာမှ ၂ မီတာမှ ၃ မီတာအမြင့်ရှိသောနေရာများကိုသာပိုင်ဆိုင်နိုင်သည်။

‎

All Chapters