← Chapters

အခန်း ၃၇၄

Vol. 25 Ch. 374

အခန်း ၃၇၄

Vol. 25 Ch. 374

အခန်း-(၃၇၄)

ကျန်းယွမ်ရဲ့ စကားတွေကို ကြားလိုက်ရတဲ့အချိန်မှာတော့ အဖွဲ့သားတွေအားလုံးရဲ့ မျက်လုံးတွေက ပြူးကျယ်လို့သွားသည်။သူတို့တွေဟာ နှုတ်ကနေ ဘာစကားတစ်ခွန်းမှ ထုတ်မပြောကြဘူးဆိုရင်တောင် ဒီကိစ္စရဲ့ လေးနက်ပြီး ပြင်းထန်မှုကို သိလိုက်ကြပါတယ်။

ဝမ်ဟောင်သာ တကယ်ပဲ အဲဒီလိုကြောက်မက်ဖွယ်ကောင်းလှတဲ့ စမ်းသပ်မှုမျိုးကို လုပ်နေခဲ့မယ်ဆိုရင်တော့ သူ့ကို အသက်ရှင်လျက် ချန်ထားခဲ့လို့ မရတော့ဘူး။ မဟုတ်ရင်တော့ အနာဂတ်မှာ သူယူဆောင်လာခဲ့မယ့် ဒုက္ခတွေဟာ လူသားတွေအတွက် ရင်ဆိုင်ဖို့ကို ကြီးမားလွန်းလှတဲ့ ကပ်ဆိုးကြီးဖြစ်လာပါလိမ့်မယ်။

"ကောင်းပြီ ၊ ငါတို့ အရင်ပြန်သွားသင့်တယ်။ ငါတို့သာ အရမ်းကြာသွားရင် ဝမ်ဟောင်က သံသယဝင်သွားလိမ့်မယ်" ဟု ကျန်းယွမ်က သတိပေးလိုက်သည်။

သူ့ရဲ့ စကားကို အားလုံးက သဘောတူ ခေါင်းငြိတ်လိုက်ကြပြီး သူတို့တူးထားတဲ့ ဥမင်လိုဏ်ခေါင်းကနေ ထွက်သွားကြတယ်။ ဖုန်းယွင်နှင့် ချန်ချန်းဖုန်းကတော့ အလုပ်သမားတွေနဲ့ဆက်လက် ရောနှောကာ နေပြီးတော့ အသွင်ယူကာ ကျန်ရစ်ခဲ့ကြပါတော့တယ်။

နောက်တစ်နေ့မနက်အစောပိုင်းတွင် ၊ ကျိူးလီဇီနှင့် ကျင်းရွှီယန်းက မနက်စာစားပြီးနောက်တော့ ဖူကွေ့အား အမြုတေများ၊ အစားအစာနှင့် ကန်ရေအချို့ပေးပြီးနောက်တွင် နေရာလွတ်မှ ထွက်ခွာလာကြသည်။

သူတို့နှစ်ယောက် အပြင်ဘက်မှာ ပြန်ပေါ်လာတဲ့အခါတွင် နေက မထွက်သေးပေမယ့် ကောင်းကင်က အရောင်ပြောင်းသွားပါပြီ။ ဒီပတ်ဝန်းကျင် ဧရိယာတစ်ခုလုံးကိုတော့ သူတို့နှစ်ဦးက မနေ့ကတင် သေသေချာချာ သုတ်သင်ရှင်းလင်းထားခဲ့ကြတာ ဖြစ်တာကြောင့် ဇွန်ဘီတစ်ကောင်တစ်လေကိုမှ မြင်တွေ့ရခြင်း မရှိတော့ပါဘူး။

မော်တော်ဆိုင်ကယ် တစ်စီးကို နှစ်ယောက်သားက အတူစီးပြီး လေယာဉ်ရပ်နားကွင်း ဧရိယာကို အရင်ဆုံး ဦးတည်မောင်းနှင်ခဲ့ကြတယ်။ လေယာဉ်စီးပြီး လင်အန်းမြို့ အခြေစိုက်စခန်းကို ပြန်ဖို့ သူတို့ စီစဉ်ထားကြပါတယ်။ ဒီနေ့က ဝမ်ဟောင်နှင့် သူတို့ရဲ့ သဘောတူညီချက်ထားရှိခဲ့တဲ့ ဒုတိယနေ့ပါ။ တကယ်လို့ သူတို့သာ ဒီနေ့မှာ အခြေစိုက်စခန်းဆီကို အချိန်မီ ပြန်ရောက်သွားနိုင်ခဲ့မယ်ဆိုရင် အသက်ရှင်ကျန်ရစ်သူတွေကို ပြောင်းရွှေ့ပေးဖို့အတွက် အချိန်ငါးရက်တိတိ ရရှိအုံးမှာပါ။

နာရီဝက်လောက်အကြာမှာတော့ သူတို့နှစ်ယောက်ဟာ လေယာဉ်ရပ်နားကွင်း ဧရိယာကို ရောက်လာကြသည်။ ဒီနေရာက လေယာဉ်တွေ ရပ်ထားဖို့ကိုပဲ အသုံးပြုတာဆိုတော့ လျှောက်သွားနေကြတဲ့ ဇွန်ဘီ အနည်းငယ်ပဲ ရှိတယ်။ ဇွန်ဘီတွေကို ရှင်းလင်းပြီးတဲ့နောက်မှာတော့ ကျိူးလီဇီသည် လေယာဉ်အတက်အဆင်း လှေကားတွေ ၊ လေယာဉ်ပြုပြင်ထိန်းသိမ်းရာမှာ အသုံးပြုတဲ့ စက်တွေနှင့် ကိရိယာတွေ အပါအဝင် အရာအားလုံးကို သူမရဲ့ နေရာလွတ်ထဲမှာ သိမ်းဆည်းလိုက်တယ်။

ထိုအလုပ်တွေ ပြီးသွားတဲ့ အခါမှာတော့ သူတို့နှစ်ယောက်ဟာ လေယာဉ်ဆင်းသက်ရာနေရာကို သွားပြီး အဲဒီမှာရပ်နားထားတဲ့ လေယာဉ်တွေအားလုံးကို သူမရဲ့ နေရာလွတ်ထဲ သိမ်းဆည်းလိုက်ပြန်တယ်။ ပြီးတော့ လောင်စာဆီဖြည့်တဲ့နေရာကိုလည်းသွားပြီး လောင်စာဆီတိုင်ကီအားလုံးကိုလည်း သိမ်းဆည်းလိုက်တယ်။

မနက်ကိုးနာရီမှာ သူတို့ရဲ့တာဝန်ကို အပြီးသတ်နိုင်ခဲ့ပြီး ပြန်ဖို့အတွက် ပြင်ဆင်ခဲ့ကြတယ်။ ဒါပေမယ့် ခရီးသည်စောင့်ဆိုင်းရာနေရာကို ဖြတ်မောင်းသွားတဲ့အခါတွင် အဆောက်အဦးထဲမှာ ဇွန်ဘီအုပ်ကြီးတွေနဲ့ ပြည့်နှက်နေတာကို တွေ့လိုက်ရတယ်။

ဒီဇွန်ဘီတွေဟာ ပထမဆုံးမိုးရွာသွန်းမှာဆီကနေ ခွန်အားနှင့် စွမ်းအားမြင့်တင်ဖို့အတွက် အခွင့်အရေး မရခဲ့တာကြောင့် အားနည်းနေပြီး လူသားတွေရဲ့ အသားကို မစားသောက်ရတာလည်း ကြာပြီဖြစ်တာပြီး ရက်တွေ ကြာလာလေလေ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ ကုန်ခမ်းပြီး အလိုအလျောက်ပဲ စွမ်းအင်ကုန်ခမ်းပြီး သေဆုံးသွားကြလိမ့်မယ်ဖြစ်သည်။

သူတို့ကို ဒီအတိုင်း ပစ်ထားခဲ့ရင်တောင်မှ လူသားတွေအတွက် ဘာအန္တရာယ်မှ ရှိလာမှာ မဟုတ်ဘူးဆိုပေမယ့် ကျင်းရွှီယန်းကတော့ "အာဇီ ၊ ကိုယ့်ကို ဒီနေရာမှာ ခဏလောက်စောင့်နေပေးပါအုံး။ အဆောက်အဦးထဲက ဇွန်ဘီတွေကို ကိုယ် သွားရှင်းလိုက်အုံးမယ်" လို့ ပြောလာသည်။

"ကောင်းပါပြီ"

ကျင်းရွှီယန်းက သူ့ရဲ့အနက်ရောင်မီးတောက်ကိုသုံးပြီး အဆောက်အဦးထဲက ဇွန်ဘီအားလုံးကို မီးရှို့နေချိန်တွင် ကျိူးလီဇီက အပြင်ဖက်မှာ စောင့်ဆိုင်းနေခဲ့တယ်။ ဇွန်ဘီတွေ အားလုံးက ပြာပုံအတိဖြစ်သွားတဲ့အခါမှ သူက လှမ်းခေါ်သည် "အာဇီ ၊ ဒီကိုလာပြီး ပစ္စည်းတွေလာသိမ်းလိုက်ပါအုံး"

သူတို့နှစ်ယောက်ဟာ နားလည်မှုရှိရှိဖြင့် လိုက်လျောညီထွေစွာ အတူတကွ အလုပ်လုပ်ခဲ့ကြသည်။ တစ်ယောက်က ဇွန်ဘီတွေကို မီးရှို့နေပြီး နောက်တစ်ယောက်က ထောက်ပံ့ရေးပစ္စည်းတွေကို စုဆောင်းနေပါတယ်။ခရီးသည် နားနေဆောင် အဆောက်အဦးတစ်ခုလုံးကို ရှင်းလင်းဖို့ ငါးနာရီကြာခဲ့ပါတယ်။ ပြီးသွားတဲ့အခါမှ လေဆိပ်ကနေ သူတို့နှစ်ဦး မြန်မြန်ထွက်လာကြသည်။

လမ်းတွေမှာ ပိတ်ဆို့နေတဲ့ ဇွန်ဘီတွေမရှိတော့တဲ့အတွက် အခြေစိုက်စခန်းကို ပြန်ရောက်ဖို့ တစ်နာရီခွဲပဲ ကြာခဲ့ပါတယ်။ သူတို့နှစ်‌ယောက် အခြေစိုက်စခန်းကို ပြန်ရောက်လာချိန်မှာတော့ အချိန်က ညနေ သုံးနာရီနီးပါး ရှိနေပါပြီ။

သူတို့နှစ်ဦး ပြန်လည်ရောက်ရှိလာတာကို စခန်းရဲ့ စောင့်ကြည့်ရေး ရုံးခန်းမှာ တပ်စွဲထားတဲ့ စစ်သားတွေကမြင်နိုင်တာကြောင့် ချက်ချင်းပဲ ဂိတ်တံခါးကို ဖွင့်ပေးလာခဲ့တယ်။သူတို့နှစ်ဦးရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာရှိမရှိ သေချာစွာ စစ်ဆေးမှုခံယူတဲ့နောက်မှာတော့ အစောင့်စစ်သားတစ်ယောက်က သူတို့ထံ လျှောက်လာပြီး "ဗိုလ်ကြီးကျင်း ၊ နောက်ဆုံးတော့ မင်းပြန်လာပြီ" လို့ စိတ်လှုပ်ရှားစွာဖြင့် နှုတ်ဆက်စကား ဆိုလာတယ်။

ဒါကိုကြားတော့ ကျင်းရွှီယန်းက မျက်ခုံးပင့်ပြီး "တစ်ခုခုလိုအပ်လို့လား" လို့ ခပ်အေးအေးပဲ မေးလိုက်တယ်။

အစောင့်စစ်သားက သူ့နှာခေါင်းသူ ကုတ်ပြီး "ဗိုလ်ကြီးကျင်း ၊ ခင်ဗျားနှင့် ဒုဗိုလ်မှူးတို့ကြားက သဘောတူညီချက်အကြောင်းကို ကျွန်တော်တို့ ကြားထားပါတယ်။ ခင်ဗျားတို့လင်အန်းမြို့ အခြေစိုက်စခန်းကို ပြန်တော့မယ့်အချိန်ကြရင် ခင်ဗျားတို့နောက်ကိုပဲ ကျွန်တော်တို့အစောင့်စစ်သားတွေ လိုက်ခဲ့လို့ရမလားလို့ တွေးနေတာပါ" လို့ ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

ထိုအစောင့်စစ်သားက ဒီလိုမျိုးပြောလိုက်တာကိုကြားတော့ ကျင်းရွှီယန်းနှင့် ကျိူးလီဇီတို့ နှစ်ယောက်စလုံးက အံ့အားသင့်သွားကြတယ်။သူတို့နှစ်ယောက်က ခဏလောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီးမှ ကျိူးလီဇီက မေးလိုက်တယ်"ရဲဘော် ၊ ဘာဖြစ်လို့ ရုတ်တရက်ကြီး ကျွန်မတို့နောက်ကို လိုက်ခဲ့ချင်ရတာလဲ"

သူမရဲ့ အမေးစကားကိုကြားတော့ စစ်သားက ထိုစုံတွဲဆီကို ပိုနီးကပ်သွားပြီး တိုးတိုးလေးပြောတယ် "ရဲဘော် ၊ အမှန်အတိုင်းပြောရရင်တော့ လင်အန်းမြို့ အခြေစိုက်စခန်းရဲ့ သတင်းက အသက်ရှင်ကျန်ရစ်သူတွေကြားမှာ ပျံ့နှံ့နေပြီး အဲဒီကောလာဟလတွေကို ကျွန်တော်တို့လည်း ကြားခဲ့ရတယ်"

" ဟုတ်လား ၊ ဘယ်လို ကောလာဟလတွေများလဲ" ဟု စိတ်ဝင်စားစွာနဲ့ ကျိူးလီဇီက ထပ်မံ စူးစမ်းလိုက်ပြန်တယ်။

အစောင့်စစ်သားက သူမရဲ့မေးခွန်းကို မဖြေဘဲ "ရဲဘော် ၊ လင်အန်းမြို့ အခြေစိုက်စခန်းမှာ အစောင့်တွေအဖြစ် အလုပ်လုပ်မယ်ဆိုရင် လစဉ် လစာနဲ့ ရိက္ခာတွေလည်း ရမယ်ဆိုတာက အမှန်လား" လို့ ထပ်မေးလိုက်တယ်။

ဒါကိုကြားတော့ ကျိူးလီဇီက ခေါင်းညိတ်ပြပြီး "ဒါကတော့ အမှန်ပဲ။ အစောင့်တွေတင်မကဘူး။ အခြေစိုက်စခန်းအတွက် အလုပ်လုပ်ပေးတဲ့သူတိုင်းပေါ့ စွမ်းရည်အသုံးပြုသူတွေပဲဖြစ်ဖြစ်၊ သာမန်လူတွေပဲဖြစ်ဖြစ် လစဉ်လစာနဲ့ ရိက္ခာတွေ ရရှိမှာပါ။ လစာနဲ့ ရိက္ခာပမာဏက သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ လုပ်နိုင်စွမ်းပေါ်မှာတော့ မူတည်တာပေါ့" လို့ ပြန်ဖြေလိုက်တယ်။

ဒါကိုကြားတော့ အစောင့်စစ်သားက မျှော်လင့်ချက်အပြည့်နဲ့ ထပ်မေးပြန်တယ် "ရဲဘော် ၊ ကမ္ဘာပျက်မတိုင်ခင်တုန်းက Global Group ရဲ့ ကုမ္ပဏီတစ်ခုမှာ လူ့စွမ်းအားအရင်းအမြစ်မန်နေဂျာအဖြစ် အလုပ်လုပ်ခဲ့တဲ့ အစ်ကိုတစ်ယောက် ကျွန်တော့်မှာရှိတယ်။ လင်အန်းမြို့အခြေစိုက်စခန်းကိုသာသွားရင် အခြေစိုက်စခန်းက သူ့ကို ငှားမှာလား"

ကျိူးလီဇီက ခဏလောက်စဉ်းစားပြီးမှ"ကျွန်မသိသလောက်တော့ လင်အန်းအခြေစိုက်စခန်းက အခုထိကို ဝန်ထမ်းတွေကို ခေါ်ယူနေတုန်းပဲ။ ပြီးတော့ HR ဝန်ထမ်းတွေကိုလည်း ဝန်ထမ်းခေါ်ယူမှုစာရင်းမှာ ထည့်ထားထာတွေ့လိုက်တယ်။ ဝန်ထမ်းအတွက် နေရာလွတ်တွေရှိနေသေးရင်တော့ အခြေစိုက်စခန်းက ရှင့်ရဲ့အစ်ကိုကို ခန့်အပ်ပါလိမ့်မယ်။ ဒါပေမယ့် ရှင့်ရဲ့အစ်ကိုက HR ဝန်ထမ်းအနေနဲ့ အလုပ်မလုပ်နိုင်ဘူးဆိုရင်တောင် တံတိုင်းတည်ဆောက်တဲ့ နေရာမှာ အလုပ်ဝင်လုပ်နိုင်တယ်" လို့ ပြောလိုက်တယ်။

"စခန်းရဲ့ တည်ဆောက်ရေး လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ကိုင်မယ့် အလုပ်သမားတိုင်းရဲ့ လုပ်ခကတော့ ယာယီနေထိုင်သူဖြစ်မယ်ဆို တစ်နေ့ အမြုတေတစ်ခု နဲ့ ထမင်းတစ်နပ် ။ အမြဲတမ်းနေထိုင်တဲ့သူဆိုရင်တော့ အမှတ် ၁၅ မှတ်နဲ့ တစ်နေ့ကို ထမင်းနှစ်နပ် ရရှိလိမ့်မယ်"

ဒီလိုပြောလိုက်ပြီးတဲ့နောက်မှာပဲ သူမရဲ့ အိုင်ဒီကတ်နှင့် အမှတ်ကတ်ကို ထုတ်ယူလိုက်တယ်။ပြီးတော့ အစောင့်စစ်သားကို ကတ်နှစ်ခုလုံးပြပြီး "ပြီးတော့ အမြဲတမ်းနေထိုင်သူအဖြစ် မှတ်ပုံတင်ပြီးရင်တော့ အိုင်ဒီကတ်နဲ့ အမှတ်ကတ်တွေ ရရှိပါလိမ့်မယ်" လို့ ရှင်းပြလိုက်တယ်။

"တကယ်လို့ ရှင်တို့သာ အခြေစိုက်စခန်းအတွက် အလုပ်လုပ် ပေးရင် ရှင်တို့ရဲ့ နေ့စဉ်ရမှတ်တွေကို ရှင်တို့ရဲ့အမှတ်ကတ်ထဲကို လစဉ်အလိုအလျောက်ထည့်ပေးလိမ့်မယ်။ ရိက္ခာနဲ့ပတ်သက်လို့ကတော့ ရှင့်တို့ရဲ့ဝေစုကိုရဖို့အတွက် ဝန်ထမ်းစီမံခန့်ခွဲမှုအဆောက်အဦးကိုသွားရမယ်။ အခြေစိုက်စခန်းမှာ အလုပ်မလုပ်ချင်ဘူးဆိုရင် မစ်ရှင်ခန်းမမှာပေးထားတဲ့ မစ်ရှင်တွေကိုလက်ခံပြီး မစ်ရှင်တစ်ခုခုလုပ်လို့ရတယ်။ ရှင်တို့လက်ခံလိုက်တဲ့ မစ်ရှင်ရဲ့ တာဝန်ပြီးသွားရင်တော့ ရှင့်ရဲ့လုပ်အားခအတွက် ရမှတ်တွေကိုအမှတ်ကတ်ကိုသုံးပြီး လက်ခံနိုင်တယ်"

သူမရဲ့ အသေးစိတ်လှတဲ့ ရှင်းပြချက်ကို နားထောင်လိုက်ရတဲ့ အခါမှာတော့ ထိုစစ်သားရဲ့မျက်လုံးတွေက တလက်လက် တောက်ပလို့သွားပြီး "ရဲဘော် ၊ ဒါဆိုရင် အမှတ်တွေကိုရော ဘယ်လိုနေရာတွေမှာ အသုံးပြုနိုင်တာလဲ" လို့ ဟု စိတ်လှုပ်ရှားစွာနဲ့ မေးမြန်းလိုက်တော့တယ်"

"ဒီအမှတ်တွေကို အသုံးပြုပြီးတော့ စားစရာ ၊ ရေနဲ့ အခြားပစ္စည်းအသုံးအ‌ဆောင်တွေကို ဝယ်နိုင်တယ်လေ။ ပြီးတော့ ရှင်တို့ နေထိုင်ဖို့အတွက် အခန်းတွေကို ငှားရမ်းတာမျိုး ဒါမှမဟုတ် အိမ်ဝယ်ဖို့အတွက်လည်း အသုံးပြုနိုင်တယ်" ဟု ကျိူးလီဇီက အပြုံးဖြင့် အားလုံးကို တိတိကျကျ ပြန်ဖြေပေးခဲ့သည်။

All Chapters