← Chapters

အခန်း (၁၀၇)

Vol. 8 Ch. 107

အခန်း (၁၀၇)

Vol. 8 Ch. 107

‎

‎ကျန်းယွမ်ရဲ့စကားကိုကြားလိုက်ရတာနဲ့ မန်နေဂျာဝမ်ဟာ ခံစားရခဲ့သမျှ ဒေါသနှင့်အရှက်တရားအားလုံးဟာ သူ့ဆီက‌နေပျောက်ကွယ်သွားခဲ့သည်။ သူက စစ်သားတွေကို လျင်မြန်စွာ ဦးညွှတ်ပြီး "ကျေးဇူးတင်ပါတယ် ရဲဘော်"လို့ အားကျိူးမာန်တက်ပြောလိုက်တယ်။

‎

‎

မန်နေဂျာဝမ်က ‎ကျန်တဲ့လွတ်မြောက်လာသူတွေနှင့်ပူးပေါင်းပြီးသွားတဲ့နောက်တော့ ကျန်းယွမ်က သူ့ရှေ့ရှိအဖွဲ့ကိုကြည့်ကာ "မင်းတို့အားလုံးကကောဘယ်လိုလဲ" လို့မေးတယ်။

‎

‎

တုံ့ဆိုင်းသွားကြသော်လည်း နောက်ဆုံးတွင်တော့ စည်းကမ်းများကို လိုက်နာရန်သာ ‎လူတိုင်းကသဘောတူလိုက်ကြသည်။

‎

‎

‎အမျိုးသမီးစစ်သည်များ မရှိသောကြောင့် အမျိုးသမီးများကတော့ နှစ်နာရီသာ စောင့်ဆိုင်းလိုက်ရပြီး အမျိုးသားများအားလုံးကတောါ စစ်ဆေးရန် သဘောတူခဲ့ကြတယ်။

‎

‎

‎အသက်ရှင်ကျန်ရစ်သူအုပ်စုရဲ့ အရေအတွက်ကများလာတာကြောင့် ချူကျိမြောင်က သက်ပြင်းချလိုက်ကာ "ဒီစစ်သားတွေက အဲဒီလူတွေကို သူတို့ရဲ့ ရိက္ခာတွေ ဝေငှပေးလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူတို့ရဲ့ ရိက္ခာတွေကတော့ တစ်ပတ်လောက်တောင် ကြခံမှာမဟုတ်ဘူး"လို့ ပြောလိုက်တယ်။

‎

‎

ဟန်ဂျီယင်းက ‎ဒါကိုကြားတော့ "ဒါက သူတို့ရဲ့တာဝန်ပဲ့လေ ဒါကြောင့် ရိက္ခာတွေဝေတာက ပုံမှန်ပါပဲ" လို့ ပြောလိုက်တယ်။

‎

‎

‎လီယောင်ကတော့ ဒါကိုကြားတဲ့အခါ သူရဲ့ ခေါင်းကိုခါယမ်းပြီး " ဟန်ဂျီယင်း အခုက အရင်နဲ့မတူတော့ဘူး။ အစိုးရဌာနမှာရှိတဲ့ ထိပ်တန်းအရာရှိတွေက လူသားတွေဖြစ်နေသေးသလား ဒါမှမဟုတ် ဖုတ်ကောင်တွေ ဖြစ်သွားပြီလားဆိုတာတောင် ငါတို့မသိသေးဘူး"

‎

‎

‎“အထက်လူကြီးတွေဆီက အမိန့်မရှိဘဲ ဆက်သွယ်ရေးလဲမရှိရင် ဘယ်သူက ထိန်းထားနိုင်မှာလဲ ၊ စစ်တပ်ကို သတင်းပို့ဖို့နှင့် ဘယ်တော့မှ ပြန်မသွားဖို့ကို ဆုံးဖြတ်လိုက်ရင် ဘယ်သူကမှ အတင်းအကြပ် ခိုင်းစေနိုင်မှာ မဟုတ်ဘူး"

‎

‎

‎"ဒီပစ္စည်းတွေကို သူတို့ကရှာတွေ့တာ အခွင့်အရေးအရဆိုရင်တော့ ဒါကိုသူတို့ပိုင်တယ်။ ကျန်ရစ်သူတွေကို ပေးဝေတာက တော့ အကြင်နာတရားနှင့် သူတို့ရဲ့အလုပ်အလေ့အထကြောင့်ဖြစ်နိုင်တယ်။ ဒါပေမယ့် သူတို့ကသာ မမျှဝေချင်ဘူးဆိုရင်တောင်မှ ဘယ်သူက အပြစ်ပြောနိုင်မှာလဲ"လို့ ပြောလိုက်တယ်။

‎

‎

‎ဒီစကားတွေကိုကြားလိုက်တဲ့အခါမှာတော့ ဟန်ဂျီယင်းက ငြိမ်သက်သွားတယ်။ တိုင်းပြည်နှင့်လူမျိုးကို ကာကွယ်ရန်အတွက် စစ်သားများက မိမိကိုယ်မိမိ စတေးသင့်သည်ဟု ထင်နေသေးသော်လည်း လီယောင်ရဲ့စကားကိုလည်း ပြန်ချေပ၍မရနိုင်ဘူး။

‎

‎

‎ အသက်ရှင်ကျန်ရစ်သူများကို စီမံခန့်ခွဲရန်နှင့် ထောက်ပံ့ရေးပစ္စည်းများဝေငှရန်အတွက် စစ်သားများက အလုပ်များနေချိန်တွင် ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့ကတော့ မျိုးစေ့စက်ရုံရှိ အဆင့်နှစ်ဖုတ်ကောင်များကို တိုက်ခိုက်နေကြသည်။

‎

‎

‎"ဘုန်းး"

‎

‎

‎ရေမြှားများစွာနှင့် တိုက်မိချိန်တွင်တော့ ယောဂပူဖောင်းအရွယ်အစားရှိတဲ့ မီးလုံးတစ်လုံးက ပေါက်ကွဲသွားခဲ့သည်။ ရေက မီးလုံးများကို ငြိမ်းစေပြီး တစ်ချိန်တည်းတွင်ပဲ ရေမြှားများကလဲ လေထဲတွင် ရေငွေ့အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

‎

‎

‎မီးအမျိုးအစား ဖုတ်ကောင်က ကျိူးလီဇီရဲ့ တိုက်ခိုက်မှုများကို နှိမ်နှင်းနိုင်တာကို တွေ့လိုက်ရသဖြင့် "အာ့ဇီ ပြိုင်ဘက်တွေကို လဲလှယ်ရအောင်" လို့ ကျင်းရွှီယန်းက အော်ပြောလိုက်တယ်။

‎

‎

" ခရစ် ဘုန်းးး"

‎

‎

ကျင်းရွှီယန်း ‎ဒီစကားကို ပြောလိုက်ပြီးတာနှင့် ချက်ချင်း ကောင်းကင်ကနေ မိုးကြိုးတစ်စင်းကျလာတယ်။

‎

‎

‎လေထုထဲက စွမ်းအင်အတက်အကျကို ခံစားလိုက်ရပြီး မိုးကြိုးနှင့်မထိမီတွင်ပဲ ရှောင်သွားခဲ့သည်။ မြေပြင်ပေါ်မှာ ကျန်နေတဲ့ နက်ရှိုင်းသော အက်ကွဲကြောင်းများကို မြင်လိုက်ရတော့ ကျင်းရွှီယန်းရဲ့ မျက်လုံးများက အေးစက်သွားခဲ့သည်။

‎

‎

‎ဖုတ်ကောင်က နောက်ထပ်တိုက်ခိုက်ရန်အတွက် ပြင်ဆင်နေတာကို သတိပြုမိလိုက်တာနဲ့ သူတို့နှစ်ဦးသားက အကြည့်ချင်းဖလှယ်ကာ ဆန့်ကျင်ဘက်ဆီသို့ ပြေးသွားလိုက်ကြတယ်။

‎

‎

‎မီးအမျိုးအစားဖုတ်ကောင်က သူရဲ့ပါးစပ်ကိုဖွင့်လိုက်သောအခါတွင် မီးလုံးများက ဖုတ်ကောင်ဆီကနေ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာခဲ့သည်။ ဓားရှည်ကို ကိုင်ထားတဲ့ ကျင်းရွှီယန်းက မီးလုံးကို ဓါးဖြင့်ခုတ်ပိုင်းလိုက်တယ်။

‎

‎

" ဝှစ် ဘုန်းး ဘုန်း "

‎

‎

‎မီးလုံးဟာ သူရဲ့ဓားနှင့် တစ်ခြမ်းစီ အခွဲခံလိုက်ရကာ ဘေးနှစ်ဖက်ဆီသို့ကွဲထွက်သွားပြီးနောက်တွင် နံရံနှင့် တိုက်မိလို့ ပေါက်ကွဲသွားခဲ့တယ်။ မီးလုံးအရွယ်အစားက သေးငယ်သွားတာကြောင့် ဖရဲသီးအရွယ်အစားရှိတဲ့ အပေါက်တစ်ပေါက်သာ ကျန်ရှိခဲ့ပြီး နံရံကို ဖျက်ဆီးနိုင်ခြင်း မရှိပေ။

‎

‎

‎ကျင်းရွှီယန်းက သူ့ဓားဆီကို စွမ်းအင်တွေ ပို့လိုက်ပြီးနောက်တော့ အနက်ရောင်မီးတောက်ဟာ ဓားကို ချက်ချင်းပဲ ဖုံးလွှမ်းသွားခဲ့တယ်။ ဖုတ်ကောင်ရဲ့လည်ပင်းကို ချိန်ရွယ်ကာ သူရဲ့ဓားကို ခုတ်လိုက်စဉ်တွင်ပဲ ဖုတ်ကောင်က သူရဲ့လက်ကို မြှောက်ကာ ကျင်းရွှီယန်းရဲ့တိုက်ခိုက်မှုကို တားဆီးရန်အတွက် မီးနံရံတစ်ခုကို ဖန်တီးလိုက်သည်။

‎

‎

" ဘုန်းး"

‎

‎

‎စွမ်းအင်နှစ်ခု တိုက်မိခြင်းကြောင့် စွမ်းအင်လှိုင်းများက လေပြင်းများကိုတိုက်ခတ်စေပြီး အပျက်အစီးများနှင့် ဖုန်မှုန့်များ လွင့်ပျံသွားစေတယ်။

‎

‎

‎တစ်ချိန်တည်းမှာပဲ ကျိူးလီဇီကလည်း သူမရဲ့လက်ကို လှုပ်ရှားလိုက်ပြီးတဲ့နောက်တော့ ရေဓါးများစွာဟာ မိုးကြိုးအမျိုးအစားဖုတ်ကောင်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားခဲ့သည်။ သူမက တိုက်ခိုက်ရန်အတွက် ရေဓါးတွေကို ဖုတ်ကောင်ဆီသို့ လွတ်ပြီးသည့်အခိုက်တန့်တွင်ပင် ဓားမြှောင်ကို ကိုင်ကာ ရေဓါးသွားများနောက်သို့ သူမက

‎အနီးကပ်လိုက်လာခဲ့တယ်။

‎

‎

‎ဝင်လာသော ရေဓါးသွားများကို မြင်လိုက်ရတဲ့အခါမှာ မိုးကြိုးစွမ်းအင်သုံး ဖုတ်ကောင်က သူ့လက်ကို မြှောက်ကာ အောက်သို့ ပြန်ချတဲ့ လှုပ်ရှားမှုပြုပြီး မိုးကြိုးနဲ့ပစ်လိုက်သည်။

‎

‎

" ခရစ် "

‎

‎

‎မိုးခြိမ်းသံကိုကြားတော့ ကျိူးလီဇီက သူမရဲ့လက်တွေကို ဝှေ့ယမ်းလိုက်တာ ချက်ချင်းပဲ သူမရဲ့ရေဓါးတွေက ကွေ့ဝိုက်ပြီး အပေါ်ကို ပျံတက်သွားခဲ့တယ်။

‎

‎

‎" ဘုန်းး"

‎

‎

‎ရေဓါးသွားနှင့် မိုးကြိုးတို့ ဆုံတွေ့သွားတဲ့အခိုက်တွင် ရေဓါးသွားများက မိုးကြိုးဆီမှ လျှပ်စစ်ဓာတ်ကို စုပ်ယူလိုက်ပြီး ပိုမိုမြန်ဆန်စွာ လည်ပတ်ကြသည်။ တစ်ချိန်တည်းမှာပင် ကျိူးလီဇီကလည်း ဖုတ်ကောင်ရဲ့အရှေ့တွင် ပေါ်လာခဲ့သည်။

‎

‎

‎ရေဓါးတွေကို လက်တစ်ဖက်တည်းနဲ့ ထိန်းချုပ်ရင်း ကျန်လက်ဖက်ဖြင့်လည်း သူမရဲ့ ဓားမြှောင်ကိုမြှောက်ကာ ဖုတ်ကောင်ရဲ့ လည်ပင်းဆီ ခုတ်ချလိုက်တယ်။ ဓားမြှောင်က ဖုတ်ကောင်ရဲ့ ဦးခေါင်းကို မခုတ်ထစ်နိုင်မီတွင် ဖုတ်ကောင်က နောက်သို့ဆုတ်၍ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

‎

‎

‎ဒါကိုမြင်တော့ ကျိူးလီဇီရဲ့ မျက်လုံးတွေထဲမှာ အံ့သြမှုတွေ ပြည့်နက်သွားခဲ့တယ်။ တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးမပေးဘဲ လက်ကောက်ဝတ်ကို လှုပ်ရှားကာ ဓားမြှောင်ရဲ့ ဦးတည်ရာကို ချက်ချင်းပြောင်းလိုက်သည်။ သူမရဲ့လက်ကို အောက်သို့ဆွဲချလိုက်သောအခါတွင်တော့ ဖုတ်ကောင်က အန္တရာယ်ကို ခံစားလိုက်မိတယ်။

‎

‎

‎

‎ သူမရဲ့ ဓားမြှောင်က ဖုတ်ကောင်ရဲ့ရင်ဘတ်ကိုထိုးစိုက်မိသွားပြီး ဖုတ်ကောင်က အနောက်ကိုပြန်ခုန်ဆုတ်လိုက်တဲ့အခါမှာပဲ့ အနက်ရောင်သွေးများ ထွက်လာကာ မြေပြင်ကို စွန်းထင်းသွားစေခဲ့သည်။

‎

‎

‎"ဂါးးးး"

‎

‎

‎ဖုတ်ကောင်က သူ့ရဲ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာကိုမြင်သောအခါ ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ ကျိူးလီဇီကတော့ ပြုံးပြီး "မပြီးသေးဘူး" လို့ ပြောလိုက်တယ်။

‎

‎

‎

‎သူမစကားဆုံးတာနှင့် ရေဓါးတွေကလည်း ဖုတ်ကောင်ရဲ့အနောက်ကနေ ပြေးဝင်လာပြီး လက်မောင်းကို ထိုးစိုက်ကုန်တယ်။

‎

‎

‎"ရားးးးး"

‎

‎

‎ဤတစ်ကြိမ်တွင်တော့ ကျယ်လောင်သောဟိန်းဟောက်သံကထွက်လာပြီး ကျိူးလီဇီကို စိုက်ကြည့်နေတဲ့ ဖုတ်ကောင်ရဲ့အနက်ရောင်မျက်လုံးများကတော့ အလင်းရောင်များနှင့်အတူ တောက်ပလာခဲ့သည်။ သူရဲ့ခန္ဓာကိုယ်ကို ကိုင်းကာ ဖုတ်ကောင်က ပါးစပ်ကျယ်ကျယ်ဖွင့်လို့ သူမဆီသို့ ပြေးဝင်လာခဲ့သည်။

‎

‎

‎ဒါကိုမြင်တော့ ကျိူးလီဇီက ဒူးကိုကွေးပြီး ခုန်ထွက်ကာ ဖုတ်ကောင်ရဲ့တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်တယ်။ မြေပြင်ပေါ် ခြေမချခင်မှာ မီးလုံးကြီးတစ်ခုက သူ့မဆီသို့ အပြေးဝင်လာတာကို တွေ့လိုက်ရတယ်။

‎

‎

‎"အာ့ဇီ သတိထား"

‎

‎

‎" ဘုန်းး ဘုတ် "

‎

‎

‎ ကျင်းရွှီယန်းရဲ့ သတိပေးသံကို သူမကြားလိုက်တဲ့အချိန်မှာတော့ မီးလုံးက သူမရဲ့ခန္ဓာကိုယ်ကို ထိမှန်သွားပြီဖြစ်သည်။ သူမဟာ မီတာအတော်ဝေးအောင်အထိကို လွင့်သွားပြီး အဆောက်အဦးတစ်ခုနှင့် တိုက်မိသွားတယ်။

‎

‎

‎သူမရဲ့ခန္ဓာကိုယ်က နံရံကနေလျှောကျလာပြီး အောက်ကို‌ေရာက်တဲ့အချိန်မှာပဲ ပါးစပ်မှ သွေးများ ချောင်းဆိုးကာထွက်လာသည်။ "အဟွတ် အဟွတ်"

‎

‎

‎ဒါကိုမြင်တော့ ကျင်းရွှီယန်းရဲ့‎မျက်လုံးတွေက အနီရောင်ပြောင်းသွားပြီး သူ့ရဲ့ဓားရှည်ကို ဖုံးအုပ်ထားတဲ့ အနက်ရောင် မီးတောက်တွေဟာတော့ ဓာတ်ဆီ လောင်းထည့်လိုက်သလိုပဲ့ ရုတ်တရက်ကြီး တစ်ဟုန်းဟုန်းတောက်လောင်လာခဲ့တယ်။

‎

‎

‎"ရားးး"

‎

‎

‎မီးအမျိုးအစား ဖုတ်ကောင်ဟာ ကျင်းရွှီယန်းရဲ့ နောက်ကျောကို ပစ်မှတ်ထားကာ မီးလုံးနှစ်လုံးကို ပစ်ပြီးနောက် ဟိန်းဟောက်လိုက်သည်။

‎

‎

‎ကျိုးလီဇီက ခေါင်းကို မော့လိုက်တာနဲ့ပဲ တိုက်ခိုက်မှုကို မြင်လိုက်ရတယ်။ "အစ်ကိုယန်း" လို့အော်ရင်း သူမရဲ့မျက်လုံးတွေက မှိတ်ကျသွားတယ်။

‎

‎

သူတော့ ‎မီးလုံးကြောင့် ဒဏ်ရာရသွားလိမ့်မယ်လို့ သူမကထင်လိုက်တယ်။ သူမ ထင်မှတ်ထားသလိုမဖြစ်လာပဲ မီးလုံးတွေက သူ့ကိုမထိလာနိုင်ခင်မှာပဲ့ သူ့ရဲ့ဓားကို အလျားလိုက် ခုတ်လိုက်တော့ လခြမ်းပုံသဏ္ဍာန်ရှိတဲ့ မီးဓားတစ်ချောင်းက မီးလုံးတွေဆီကို ပြေးဝင်သွားခဲ့တယ်။

‎

‎

‎"ဘုန်းးး"

All Chapters