အခန်း (၃၄)
Vol. 3 Ch. 34
အခန်း-(၃၄)
ကျိူးလီဇီ သည် သူမရဲ့ အာကာသအတွင်းရှိအချိန်နှင့် အာကာသက မည်ကဲ့သို့ အလုပ်လုပ်တာကို နားမလည်ဘဲ ရှာဖွေရန် ရည်ရွယ်ချက်လဲမရှိပေ။ သူ့မနေရာက သူ့အတွက် အကျိုးရှိ နေသရွေ့ တော့ အဆင်ပြေတယ် ဒါကပဲ့ အရေးကြီးတယ်။
သစ်ပင်မှ မထွက်သွားမီတွင် အနက်ရောင် နှာခေါင်းစည်း ကို ၀တ်ထားလိုက်တယ်။ ထို့နောက် သူမသည် ကျောပိုးအိတ်ကို နေရာလွတ်တွင် သိမ်းဆည်းကာ ကိုယ့်ကိုကိုယ် ကာကွယ်ရန်အတွက် အထက်တန်းကျောင်းနေဖက်ထံမှ လက်ဆောင်ဖြစ်သော စတန့်သေနတ်တစ်လက်ကို ထုတ်ယူလိုက်တယ်။
ပစ္စည်းကိုကိုင်လိုက်တော့ လွမ်းဆွတ်တမ်းတမှုတွေက သူမအပေါ်ကို လွှမ်းခြုံသွားတယ်။ သူ့ကို နောက်ဆုံးတွေ့ခဲ့တာ နှစ်တွေကြာခဲ့ပြီ။ သူသည် ကမ္ဘာပျက်ကပ်မှ လွတ်မြောက်ခဲ့သလား၊ သို့မဟုတ် ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခြင်းလားသူမသိ။
အတွေးတွေကို ဖယ်လိုက်ပြီး အာရုံစူးစိုက်ကြည့်နိုင်ဖို့ အသက်ပြင်းပြင်းရှူလိုက်တယ်။
ထိုနေရာသည် ဖုတ်ကောင်များကင်းစင်ကြောင်း သေချာပြီးနောက်မှ သူမသည် အောက်ဆင်းကာ ဟောပြောပွဲခန်းမ အဆောက်အအုံဆီသို့ သွားလိုက်တယ်။ အရှေ့တံခါးက ဝင်သွားမယ့်အစား သန့်စင်ခန်းရဲ့ ပြတင်းပေါက်ကနေ ဝင်သွားတယ်။
သန့်စင်ခန်းထဲကို ဝင်လိုက်တာနဲ့ ရေမရှိတာကြောင့် မသန့်ရှင်းရသေးတဲ့ အိမ်သာတွေရဲ့ အနံ့အသက်ကိုချက်ချင်းပဲ့ ခံစားလိုက်ရပါတယ်။
သူမရဲ့နှာခေါင်းကို အနံ့ဆိုးများဝင်ရောက်လာသောကြောင့် နေရာတွင်ပင် အန်လုနီးပါးဖြစ်သွားတယ်။
သူမသည် လတ်ဆတ်သောလေကို ရှူရှိုက်ရန် စင်္ကြံဆီသို့ အမြန်ပြေးသွားခဲ့တယ်။ လေထုထဲတွင် ပုပ်အက်နံစော်နေသေးသော်လည်း သန့်စင်ခန်းအတွင်းရှိ ရွံရှာဖွယ်အနံ့အသက်ထက် ပို၍ ခံနိုင်သေးတယ်။
သူမရဲ့ဗိုက်က ငြိမ်သက်သွားပြီးနောက် အသက်ရှုအောင့်ပြီး အတွင်းထဲသို့ အမြန်ပြန်ဝင်ခဲ့သည်။ သူမ အိမ်သာခန်းရဲ့နံရံပေါ်သို့တက်ကာ လေဝင်လေထွက်ပြွန်အဖုံးကိုဖွင့်လိုက်သည်။
ပေါ့ပါးသော ခုန်ချက်နှင့်အတူ သူမသည် ပိုက် အထဲသို့ တိုးဝင်သွားသည်။ ကံကောင်းထောက်မစွာဖြင့် သူမရဲ့ ပိန်ပါးသော ခန္ဓာကိုယ်က သူမအား ကောင်းမွန်စွာဖြတ်သန်းသွားလာနိုင်စေခဲ့သည်။
ဆူညံသံမဖြစ်စေဖို့အတွက် သူမရဲ့ လှုပ်ရှားမှုကို နည်းပါးအောင် ထိန်းထားလိုက်သည်။ အပေါက် တစ်ခုတွေ့လိုက်တိုင်း သူမက တည်နေရာကို စစ်ဆေးရန် ဝင်သွားခဲ့သည်။
မိနစ်လေးဆယ်ကြာပြီးနောက်တွင်တော့ သူမသည် ဟောပြောပွဲခန်းမအထက်က ပိုက်ထဲသို့ ရောက်ရှိသွားခဲ့တယ်။အောက် ကို ငုံ့ကြည့်လိုက်တော့ ကျောင်းသားတွေဟာ ထောင့်တစ်နေရာမှာ စုပြုံကာနေကြတယ်—တချို့က အိပ်ပျော်နေပြီး တချို့ကတော့ ကြောင်တက်တက်နဲ့ထိုင်နေကြတယ် ။
သူမသည် လေဝင်လေထွက်အဖုံးကိုဖြည်းညှင်းစွာ ဖယ်လိုက်ပြီး ခေါင်းကို ငုံ့ကြည့်လိုက်တယ်။
ဘယ်ဘက်သို့ အနည်းငယ်လှည့်ကြည့်လိုက်တော့ နံရံအကာ အနောက်ရှိ စားပွဲပေါ်မှာ ကျောင်းသားအမျိုးသမီးတစ်ဦးကို အနိုင်ကျင့်နေသည့် ဆရာချောင် ကို တွေ့လိုက်ရတယ်။
ကောင်မလေးက ငိုနေပေမယ့် မအော်ရဲဘူး။ သူမ နှုတ်ခမ်းကို ကိုက်လို့သာ အရှက်တရား သည်းခံနေပြီး သူမရဲ့ အပေါ်မှ သားရဲကတော့ ခွေးရူးကဲ့သို့ ခါးကို လှုပ်ယမ်းနေတယ်။
ဤမြင်ကွင်းကို သူမမြင်လိုက်သည့်အခိုက်တွင် ကျိူးလီဇီ ရဲ့မျက်လုံးများက အေးစက်သွားသည်။
ကမ္ဘာပျက်ကပ်တွင်တော့ အမျိုးသမီးများသည် အမျိုးသားများရဲ့ ကစားစရာများအဖြစ်သို့ မကြာခဏ အဆင့်လျှော့ချခံခဲ့ရတယ်။ အမျိုးသမီး စွမ်းရည်အသုံးပြုသူများပင်လျှင် အရှက်ရခြင်းနှင့် စော်ကားခံရခြင်းမှ ကင်းလွတ်နိုင်ခြင်းမရှိပါ။
သူမရဲ့ လက်သီးများကို တင်းတင်းဆုပ်လိုက်ရင်း စ်ိတ်ကိုတည်ငြိမ်အောင် ထိန်းထားရတယ်။
ခဏအကြာတွင်မှ သူမ ညာဘက်ကို လှည့်ကြည့်လိုက်တော့ ပိုင်ရီကျီး နှင့် သူ့အဖွဲ့ကို တွေ့လိုက်ရတယ်။ သူတို့သည် နိုးနေသော်လည်း လက်ကို ကြိုးဖြင့် ချည်ထားခံရပြီး ပါးစပ်ကို ပိတ်ခံထားရတယ်။ နံရံကို မှီထားကာ ခွန်အားများ ဆုံးရှုံးသွားသလိုပင် အားနည်းနေပုံရသည်။
ထိုအချိန်တွင် ကျိူးလီဇီ သည် အမျိုးသမီးရဲ့စွမ်းရည်ကပြောင်းလဲသွားသည့်စွမ်းရည်ဖြစ်ကြောင်း ၈၀% သေချာသွားတယ်။ သူမမှာ ဘယ်လိုစွမ်းရည်မျိုးရှိလဲဆိုရင် အဆိပ်နဲ့ ရူပဗေဒ ကြားမှာ ဖြစ်နိုင်ချေရှိတယ်။
သူမရဲ့ယခင်ဘဝတွင် ပိုင်ရီကျီးရဲ့ အမဲလိုက်ခြင်းကို နှစ်ပေါင်းများစွာ ခံနိုင်ရည်ရှိသော သူတစ်ဦးအကြောင်း သူမကြားခဲ့ဖူးသည်။ သူမက အခြားစွမ်းရည်အသုံးပြုသူများရဲ့ စွမ်းအားများကို ချိုးနှိမ်နိုင်စွမ်းရှိတယ်။
ပစ်မှတ်သည် တူညီသော အဆင့် သို့မဟုတ် သူမရဲ့ အဆင့်အောက်တွင် ရှိနေသမျှ ကာလပတ်လုံး ဆန့်ကျင်ဖက်က စွမ်းအင်အသုံးပြုသူတွေဟာ စွမ်းရည်ကို လုံးဝ အသုံးမချနိုင်ပေ။ သူမရဲ့ ရှားပါးသော ရူပဗေဒစွမ်းရည်အပြင်၊ သူမက ပြောင်းလဲနိုင်သောစွမ်းရည်—အဆိပ်ကိုလည်း ရရှိခဲ့သည်။
လက်ရှိအခြေအနေနှင့် သူမရဲ့ယခင်ဘဝက သဲလွန်စများကို သုံးသပ်ကြည့်ရလျှင် ထိုစွမ်းအားရှင်က ဤမိန်းမဖြစ်နိုင်သည်။
အတွေးဆုံးသွားသောအခါတွင် သူမရဲ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ အဲဒီအချိန်တွင် ထိုအမျိုးသမီးက ပိုင်ရီကျီး အား တစ်ခုခုလုပ်ခဲ့တာကြောင့် သူ့ခေါင်းအတွက် ကြီးမားသောဆုကြေးငွေကို ထုတ်ပေးခံရတာဖြစ်နိုင်တယ်။
မေးစေ့ကို ပွတ်သပ်ကာခဏလောက်စဉ်းစားလိုက်ပြီး အဖုံးကိုပြန်ပိတ်လိုက်ကာ ဟောပြောပွဲခန်းမဘေးက အခန်းဆီ တွားသွားလိုက်တယ်။ ဆယ်မိနစ်အကြာတွင်တော့ သူမ လေဝင်လေထွက်ပိုက်မှ ခုန်ဆင်းပြီး သူမရဲ့အဝတ်များကို ပုတ်ခါလိုက်သည်။
ဖုန်ထူထပ်နေသော အဝတ်အစားများကို ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်တယ်။ သူမ အရမ်းညစ်ပတ်နေမယ်ဆိုတာကို သူမ သိခဲ့ရင် အဝတ်အစားတွေပြောင်းလိုက်ဖို့ မတွေးပဲ့နေမှာ မဟုတ်ပါဘူး။
ကျိူးလီဇီ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ အခန်းရဲ့ထောင့်မှာ စားပွဲခုံနဲ့ ထိုင်ခုံတွေကို တွေ့လိုက်ရတယ်။ ထိုအမျိုးသမီးကို သတ်လိုပါက အခြားအရာတစ်ခုခုဖြင့် လွမ်းမိုးခံရသောအခါတွင် သူမကို တိုက်ခိုက်ရမည်။ ဒါကြောင့် လောလောဆယ် ပုန်းဖို့ပဲ့ ဆုံးဖြတ်လိုက်တယ်။
သူမ ပုန်းဖို့ နေရာရှာနေတုန်းမှာ အနောက်ခန်းထဲက ပိုင်ရီကျီး ကတော့ သူ့ရှေ့က အမျိုးသမီးကို စိုက်ကြည့်နေတယ်။
အမျိုးသမီးက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး " ပိုင်ရီကျီး မင်းတကယ်ကိုပဲ့ ကျောင်းတွင်းဆွဲဆောင်မှုအရှိဆုံးဘွဲ့နဲ့ ထိုက်တန်ပါတယ်။ မင်းခန္ဓာကိုယ်ကို ကြည့်လိုက်ပါအုံး။ မင်းက အရမ်းအရသာရှိရမယ်"
သူမစကားကိုကြားသောအခါတွင် မိုဘင်းရှမ် ရဲ့မျက်လုံးများက ပြူးကျယ်သွားပြီး သူမသည် ရှုပ်ထွေး နေသော အသံများ ဆက်တိုက်ထုတ်လာသည် "ဟွန်း ဟွန်း"
ဒီမိန်းမက သူလိုချင်တဲ့ ယောက်ျားကို မထိနိုင်ဖို့ သူမ ခန္ဓာကိုယ်ကို လှုပ်ရှားဖို့ ကြိုးစားပေမယ့် သူ့ခန္ဓာကိုယ်ထဲက အဆိပ်တွေကြောင့် ကြွက်သားတွေက မလှုပ်ရှားနိုင်တော့ဘူး။
ဆူညံသံကြောင့် စိတ်ဆိုးပြီး အမျိုးသမီးက လက်ကို မြှောက်ကာ ပြင်းထန်စွာ ပါးရိုက်လိုက်တယ်။ ရိုက်ခတ်သံက ကျယ်လောင်ပြီး လူတိုင်းကို ထိတ်လန့်စေခဲ့ပါတယ်။ ကျောင်းသားတွေက လှမ်းကြည့်ပေမယ့် ဘယ်သူမှ မကူညီရဲကြဘူး။ ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့သည် သူတို့ရဲ့ နှလုံးသားများနှင့် မျက်လုံးများထဲမှာ ပြည့်နှက်နေတယ်။
အချိန်အကြာကြီး စိုက်ကြည့်မိရင် ငြိပါသွားမှာကို စိုးရိမ်ပြီး အကြည့်တွေကို အလျင်အမြန် ရွှေ့လိုက်တယ် ဒါမှမဟုတ် ခေါင်းကို ဒူးမှာ မြှုပ်ပစ်လိုက်တယ်။
ပြင်းထန်စွာ ပါးရိုက်ခံလိုက်ရတာကြောင့် မိုဘင်းရှမ် မူးဝေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
အမျိုးသမီးက သူမရဲ့ဆံပင်ကိုဆွဲပြီး ခေါင်းကို မော့ခိုင်းတယ်။ မိုဘင်းရှမ် ရဲ့ ရောင်ရမ်းနေတဲ့ ပါးပြင်ကို ကြည့်ပြီး သူမ တံတွေးထွေးလိုက်ကာ "နင် ကိုယ့်ကိုကိုယ်သာ ပိုကောင်းအောင်နေပါ မင်းကို အကိုချောင် ဆီကို ပို့လိုက်တာ ဒါမှမဟုတ် ငါ့ရဲ့ အသင်းဖော်တွေကို မင်းရဲ့ ခန္ဓာကိုယ် အရသာကို ခံစားခွင့်ပေးလိုက်မယ်" လို့ ပြောလိုက်တယ်။
သူမစကားပြီးသောအခါတွင် မိုဘင်းရှမ် ကို မြေပြင်ပေါ်သို့ လွတ်ချပြီး မတ်တပ်ရပ်လိုက်တယ်။ သူက ကျောင်းသားတွေကို ကြည့်ပြီး "မင်းတို့နှစ်ယောက် လာခဲ့" လို့ပြောလိုက်တယ်။
ညွှန်ပြခံနေရသဖြင့် ကျောင်းသားများလည်း မိမိတို့ကိုယ်ကို အားတင်းလို့ထကာ လမ်းလျှောက်သွားရုံသာ ရှိတော့သည်။ သူမရှေ့မှာ သူတို့ရပ်လိုက်တဲ့အခါ အမျိုးသမီးက ပိုင်ရီကျီး ကို လက်ညှိုးထိုးပြပြီး "သူ့ကို အနောက်ခန်းဆီ ခေါ်သွားလိုက်"