← Chapters

အခန်း ၃၅၀

Vol. 24 Ch. 350

အခန်း ၃၅၀

Vol. 24 Ch. 350

အခန်း-(၃၅၀)

ကမ္ဘာပျက်ပြီး တစ်လကြာပြီးနောက်တွင်တော့ အသက်ရှင်ကျန်ရစ်သူအများစုဟာ အသက်ဆက်ရှင်နိုင်ဖို့အတွက် ဘီစကွတ် ဒါမှမဟုတ် ပေါင်မုန့်ခြောက်အနည်းငယ်သာ စားသောက်နေကြရသည်။ ဒါကြောင့် သူတို့ဟာ နွေးနွေးထွေးထွေး ကြက်ဥပြုတ်တစ်လုံးရတဲ့အခါ ကျေးဇူးတင်လွန်းလို့ ငိုယိုနေခဲ့ကြပါတယ်။

တံတိုင်းထိပ်တွင်ရပ်ကာ အသက်ရှင်ကျန်ရစ်သူများရဲ့အခြေအနေကိုကြည့်နေတဲ့ ရွှီချွန်းက သက်ပြင်းချလိုက်သည်။ သူက ဝမ်ဟန်လီဘက်သို့ လှည့်ပြီး "ဟန်လီ၊ ငါတို့မှာ ကြက်ဥဘယ်နှစ်လုံး ကျန်သေးလဲ" ဟု မေးလိုက်သည်။

"ခေါင်းဆောင် ၊ ကျွန်တော်တို့ဆီမှာ ကြက်ဥတွေ မရှိတော့ပေမယ့် ကြက်ဥမှုန့် ဗူ ၅၀၀ လောက်တော့ ကျန်ပါသေးတယ်" ဟု ဝမ်ဟန်လီက ပြန်ဖြေသည်။

"ငါတို့အဖွဲ့တွေ ဂိုဒေါင်တွေဆီကနေ ကောက်ပဲသီးနှံအားလုံးကို သယ်ယူပို့ဆောင်ပြီးတာနဲ့ အနီးအနားမှာ မွေးမြူရေးခြံရှိမရှိကို စစ်ဆေးသင့်ပါတယ်။ တိရစ္ဆာန်တွေသာရနိုင်ရင် ကြက်ဥ ဒါမှမဟုတ် အသားကုန်သွားမှာကို စိတ်ပူစရာမလိုတော့ဘူး" ဟု ရွှီချွန်းက ပြောလိုက်သည်။

ဒါကိုကြားတော့ ဝမ်ဟန်လီ ခဏလောက် တိတ်ဆိတ်သွားပြီးမှ "ခေါင်းဆောင် ၊ ကျွန်တော်တို့တွေ တိရစ္ဆာန်တွေရဖို့က မဖြစ်နိုင်ဘူးလို့ ထင်တယ်" လို့ ပြောလိုက်တယ်။

"ဘာလို့ အဲ့လိုပြောတာလဲ" ဟု ရွှီချွန်းက မေးလိုက်သည်။

"ကမ္ဘာပျက်ကပ်ကြီးစတင်ပြီးကတည်းက တိရစ္ဆာန်တွေကို သိပ်မတွေ့ရသလောက်ပါပဲ။ အာ... မဟုတ်ပါဘူး။ တိတိကျကျပြောရရင် တိရစ္ဆာန်တွေကို လုံးဝမတွေ့ရဘူး။ ပုံမှန်အားဖြင့်ဆိုရင် နွေရာသီမှာ ခြင်တွေ အရမ်းများလေ့ရှိပါတယ်။ ဒါပေမယ့် အခုကတော့ ခြင်တစ်ကောင်မှတောင် မတွေ့ရတော့ဘူး။ တိရစ္ဆာန်တွေ အများစုက သေကုန်ပြီထင်တယ်" ဟု ဝမ်ဟန်လီက လေးနက်စွာဖြင့် သူ့ထင်မြင်ချက်ကို ပြန်ဖြေခဲ့သည်။

ဒါကိုကြားလိုက်ရတဲ့အချိန်မှာ ရွှီချွန်းရဲ့မျက်လုံးတွေက အံ့အားသင့်မှုတွေနဲ့အတူ တောက်ပသွားတယ်။ ဝမ်ဟန်လီရဲ့ ထောက်ပြမှုကို ခံရပြီးနောက်မှာပဲ ဒီထူးဆန်းတဲ့အခြေအနေကို နောက်ဆုံးတော့ သူသဘောပေါက်သွားတယ်။

"ငါတို့လူသားတွေအတွက် လိုအပ်တဲ့ပရိုတင်းရဖို့က ဟင်းသီးဟင်းရွက်တွေကို မှီခိုနေလို့ မရဘူး။ တိရစ္ဆာန်အသားတွေကိုလည်း စားသုံးဖို့လည်း လိုသေးတယ်။ တိရစ္ဆာန် တွေအားလုံးသာ သေဆုံးသွားရင် ဒီကိစ္စက လူသားတွေရဲ့ အနာဂတ်ကို ထိခိုက်နိုင်တယ်" ဟု ရွှီချွန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ခေါင်းဆောင် ၊ အခြေအနေတွေကို စစ်ဆေးဖို့ နတ်ဆိုးအဖွဲ့ဝင်တွေဆီ အကူအညီတောင်းလိုက်ရင်ကောင်းမလား။ လင်အန်းမြို့နဲ့ ယွန်ရှန်းမြို့ကြား နယ်စပ်ကနေ မဝေးတဲ့နေရာမှာ မွေးမြူရေးခြံတစ်ခု ရှိတယ်" ဟု ဝမ်ဟန်လီက အကြုံပြုသည်။

ဒါကိုကြားတော့ ရွှီချွန်းက ခဏစဉ်းစားလိုက်ပြီးမှ "ကောင်းပြီ၊ ဒီကိစ္စကို မင်းဆီထားခဲ့မယ်" လို့ ပြောလိုက်တယ်။

"နားလည်ပါပြီ"

နောက်တစ်နေ့နံနက်စောစောတွင် ဝမ်ဟန်လီသည် နတ်ဆိုးအဖွဲ့ရဲ့ နေအိမ်သို့ သွားရောက်လည်ပတ်ခဲ့သည်။

သူ တံခါးကိုခေါက်လိုက်တဲ့အချိန်မှာပဲ သူ့ရဲ့လက်ပတ်နာရီကို ကြည့်လိုက်တယ်။ မနက်ခုနစ်နာရီကျော်ပြီး မိနစ်နှစ်ဆယ်ရှိနေပြီမို့ ကလေးတွေက လေ့ကျင့်ရေးကွင်းကို သွားနေကြပြီ။ ဒါကြောင့်ပဲ ကုရှကျယ်လည်း နိုးနေသင့်ပြီလို့ သူတွေးလိုက်တယ်။

"ဘယ်သူလဲ" လို့ တစ်ယောက်ယောက်က အက်ရှရှအသံနဲ့ မေးလာတာကို ကြားလိုက်ရတဲ့အထိ သူ ခဏစောင့်လိုက်ရတယ်။

မကြာခင်မှာပဲ တံခါးကပွင့်လာပြီး ရုန်ချင်ယုက သမ်းဝေနေရင်း ပေါ်လာတယ်။ သူဖြစ်နေတာကို မြင်တော့ ဝမ်ဟန်လီက ပြုံးပြီး နှုတ်ဆက်လိုက်တယ် "မင်္ဂလာပါ ရဲဘော်ရုန်။ ရဲဘော်ကု အိမ်မှာရှိလား"

ရုန်ချင်ယုက ခေါင်းကုတ်ပြီး "ကုရှကျယ်က မိုအာနဲ့အတူ လေ့ကျင့်ရေးကွင်းကို သွားတာပဲ" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ ဝမ်ဟန်လီက ခေါင်းညိတ်ပြီး "နားလည်ပါပြီ။ ရဲဘော်ကုက အိမ်မှာမရှိဘူးဆိုတော့ ကျွန်တော် မင်းကို နောက်ထပ် မနှောင့်ယှက်တော့ပါဘူး"

ပြောပြီးသည်နှင့် သူကခေါင်းတစ်ချက်ညိတ်ကာ လေ့ကျင့်ရေးကွင်းပြင်ရှိရာဆီသို့ ခြေလှမ်းလှည့်ကာ ထွက်ခွာသွားခဲ့ပါတော့တယ်။ သူ့ရဲ့ကျောကိုကြည့်ပြီး ရုန်ချင်ယုက မျက်လုံးများကို မှေးစင်းလိုက်သည်။ သူ့ရဲ့ မျက်ဝန်းတွေထဲမှာတော့... စောစောက ရှိနေခဲ့တဲ့ အိပ်ချင်မူးတူး ပုံစံမျိုးတွေ လုံးဝမရှိတော့ဘဲ ထက်မြက်လှတဲ့ အရိပ်အယောင်တွေသာ လွှမ်းမိုးလို့နေခဲ့ပါပြီ။

ဝမ်ဟန်လီသည် မိနစ်သုံးဆယ်အကြာတွင် လေ့ကျင့်ရေးကွင်းပြင်ဆီသို့ ရောက်ရှိလာခဲ့သည်။ သူ့ကားကို ပါကင်ထိုးပြီး အဆောက်အဦးဆီသို့ လျှောက်သွားခဲ့သည်။

" ဘုန်းးး"

ကွင်းပြင်ကျယ်ကြီးထဲ မရောက်သွားခင်မှာပဲ ပြင်းထန်လှတဲ့ ပေါက်ကွဲသံတစ်ခုကို သူ ကြားလိုက်ရတယ်။

လေ့ကျင့်ရေးကွင်းထဲမှာတော့ ရုန်မိုအာက နည်းပြတစ်ယောက်နဲ့ တိုက်ခိုက်နေခဲ့တယ်။ နှစ်ယောက်စလုံးက မီးအမျိုးအစား စွမ်းရည်အသုံးပြုသူတွေ ဖြစ်ပေမယ့် သူတို့ရဲ့ စွမ်းရည်တွေကို အသုံးပြုပုံကတော့ ကွဲပြားပါတယ်။

နည်းပြက လိမ္မော်ရောင်မီးတောက်ဖြင့် ဖုံးအုပ်နေတဲ့ သတ္တုလက်အိတ်တစ်စုံကို ဝတ်ဆင်ထားပြီး ၎င်းကပဲ သူသည် နီးကပ်တိုက်ခိုက်ရေးသမားအမျိုးအစားဖြစ်ကြောင်း လက္ခဏာတစ်ရပ်ဖြစ်သည်။ သူသည် ဒူးများကိုကွေးကာ လေထဲသို့ ခပ်မြင့်မြင့်ခုန်တက်လို့ ရုန်မိုအာကို အားပြင်းပြင်းနဲ့ လက်သီးတစ်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။

" ဒုန်းးး ဘုန်းးး"

ဝင်ရောက်လာသော တိုက်ခိုက်မှုကို မြင်သောအခါတွင် ရုန်မိုအာက ဘေးဘက်သို့ ခုန်ရှောင်လိုက်ရင်း လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ နောက်တစ်ခဏတွင်တော့ အနီရောင် မီးလုံးနှစ်လုံးဟာ နည်းပြထံကို အရှိန်မြင့်မြင့်ဖြင့် ပျံသန်းသွားသည်။

" ဘုန်းးးး”

အက်ကွဲနေသော မြေပြင်ပေါ်တွင် ရပ်နေစဉ်မှာပဲ နည်းပြသည် လက်တစ်ဖက်ကို မြှောက်ကာ ကိုယ်ပိုင်မီးလုံးတစ်လုံးကို ပစ်လွှတ်လိုက်ခြင်းဖြင့် တိုက်ခိုက်မှုကို ကြားဖြတ်လိုက်သည်။ မီးလုံးများအချင်းချင်း ထိပ်တိုက်တွေ့သည်နှင့် ပေါက်ကွဲသွားပြီး ပတ်ဝန်းကျင်တွင် ဖုန်မှုန့်လှိုင်းကြီးတွေ အလိပ်လိုက် ထွက်ပေါ်သွားခဲ့ရတော့သည်။

သူမ မြေပြင်ပေါ်သို့ ပြန်လည်သက်ဆင်းလိုက်စဉ်မှာပဲ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပေမဲ့... နည်းပြဆရာက ဘယ်နေရာမှာ ရှိနေသလဲဆိုတာကို ရုန်မိုအာ ရှာမတွေ့ခင်မှာတင် လေပြင်းတစ်ချက်က သူမရဲ့နားရွက်ကိုဖြတ်၍ တိုက်ခတ်လာတာကို ခံစားလိုက်ရသည်။

" ဒုန်းး”

နောက်တစ်စက္ကန့်မှာတော့... သူမ ဘာမှ ပြန်လည်မတုံ့ပြန်နိုင်ခင်မှာတင်၊ နည်းပြဆရာရဲ့ ပြင်းထန်လှတဲ့ ကန်ချက်တစ်ချက်ကြောင့်... သူမဟာ မီတာအနည်းငယ်အကွာအထိ လွင့်ထွက်သွားခဲ့ရပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားခဲ့ရပါတော့တယ်။

ဒါကိုမြင်တော့ နည်းပြက နေရာမှာတင်

ရပ်ပြီး "ရဲဘော်ရုန်၊ မင်းရဲ့စွမ်းရည်ကို မှီခိုလွန်းတယ်။ သေရေးရှင်ရေးအခြေအနေမှာဆို မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်နဲ့ ခံနိုင်ရည်က မင်းရဲ့စွမ်းရည်ထက် ပိုအရေးကြီးတယ်" လို့ ပြောလိုက်တယ်။

မြေပြင်ပေါ်မှာ လှဲလျောင်းနေရင်းဖြင့်... ရုန်မိုအာဟာ သွေးတစ်လုပ် အန်ထုတ်လိုက်မိတယ်။ သူမက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ခေတ္တမျှ အနားယူလိုက်မှပဲ... သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ စွမ်းအင်တွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တော့တယ်။

"မင်းရဲ့စွမ်းရည်ကိုသုံးပြီး ရန်သူကို အလျင်စလိုတိုက်ခိုက်မယ့်အစား မင်းရဲ့စွမ်းရည်ကို တတ်နိုင်သမျှပိုကြာကြာထိန်းသိမ်းထားနိုင်တဲ့ အကောင်းဆုံးတိုက်ခိုက်ရေးပုံစံကို ရှာဖွေသင့်တယ်။ နောက်ထပ်ရွေးချယ်စရာတစ်ခုကတော့ မင်းရဲ့ခံနိုင်ရည်နဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားကို လေ့ကျင့်ပြီး လက်နက်သုံးပြီး တိုက်ခိုက်ဖို့ပဲ" ဟု နည်းပြက သူမကိုလမ်းညွှန်ပြသည်။

ရုန်မိုအာက မတ်တပ်ရပ်လိုက်ပြီး နှုတ်ခမ်းမှ သွေးများကို သုတ်ကာ "ဆရာ၊ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။

ဖုန်မှုန့်တွေငြိမ်သွားတဲ့အခါမှ ကုရှကျယ်က သူမဆီလျှောက်လာပြီး "မိုအာ၊ မင်းအဆင်ပြေရဲ့လား" လို့ မေးလိုက်တယ်။

ရုန်မိုအာက ခေါင်းညိတ်ပြပြီး "ကျွန်မ အဆင်ပြေပါတယ်" လို့ ပြန်ဖြေလိုက်တယ်။

သူမ မစ်ရှင်တစ်ခုအတွင်းမှာ အသက်ဘေးနဲ့ ကြုံတွေ့ခဲ့ရပြီး... ဒဏ်ရာအပြင်းအထန်ရကာ သုံးရက်တိုင်တိုင် သတိမေ့မြောနေခဲ့ရာကနေ ပြန်လည်နိုးထလာခဲ့တာ အခုဆိုရင် ၅ ရက်တိတိ ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒီနေ့ကတော့ သူမရဲ့ ဒုတိယမြောက်လေ့ကျင့်ရေးနေ့ပါ။ သူမရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး အထူးထူးခြားခြား ဘာမှ မခံစားရပေမယ့် သူမရဲ့ စွမ်းအင်တွေကို ထိန်းချုပ်ဖို့တော့ အရင်ကထက် ပိုခက်ခဲလာတာကို သတိထားမိလိုက်တယ်။

ဒီအကြောင်းစဉ်းစားရင်းနဲ့ သူမဟာ အဆင့်မြင့်ဇွန်ဘီကြောင့် အမာရွတ်ကျန်နေတဲ့ သူမရဲ့လက်မောင်းကို ထိလိုက်တယ်။ ရောဂါပိုးဝင်တာကြောင့် ဆရာဝန်တွေက ပုပ်နေတဲ့အသားတွေကို ဖြတ်ထုတ်လိုက်ရပြီး သူမရဲ့လက်မောင်းမှာ ရှည်လျားပြီး ရုပ်ဆိုးတဲ့ အမာရွတ်တစ်ခု ကျန်ခဲ့တယ်။ ဒဏ်ရာကအနာကျက်သွားပြီဆိုပေမယ့် အဲဒီအမာရွတ်နားက အပူချိန်က သူမ၏ခန္ဓာကိုယ်ရဲ့ ကျန်နေရာတွေထက် အပူချိန်နိမ့်နေခဲ့သည်။

သူ့ရည်းစားက အတွေးယာဥ်‌ကြောထဲ ပြန်နစ်မြုပ်သွားတာကို သတိထားမိတော့ ကုရှကျယ်က စိုးရိမ်တကြီးနဲ့ မေးလိုက်တယ် "မိုအာ၊ ဘာဖြစ်တာလဲ"

သူ့အသံကိုကြားတော့ ရုန်မိုအာက အတွေးထဲကနေ ရုန်းထွက်လာခဲ့ပြီး ပြုံးရင်းပြောလိုက်တယ် "ရှကျယ် ၊ ကျွန်မနည်းနည်းပင်ပန်းနေလို့ပါ"

“ဒါဆိုရင် ခဏလောက် အနားယူကြရအောင်" ဟု သူက ပြောလိုက်သည်။

"အိုကေ"

သူတို့နှစ်ယောက် အနားယူရာနေရာကို လျှောက်သွားတော့ ဝမ်ဟန်လီက ပြုံးပြီး ချဉ်းကပ်လာတာကို တွေ့လိုက်ရတယ်။ ကုရှကျယ်က သူ့ကိုမြင်တော့ "ရဲဘော်ဝမ်၊ တိုက်ဆိုင်လိုက်တာ" လို့ နှုတ်ဆက်လိုက်သည်။

All Chapters