အခန်း (၃၃၄-၃၃၆)
Vol. 23 Ch. 334-336
အခန်း-(၃၃၄)
ဘော့စ်လင်းက ခုန်ပြီး အနီးဆုံးဇွန်ဘီကို လက်သီးနဲ့ချိန်လိုက်တယ်။ သူ့ရဲ့လက်သီးက ဇွန်ဘီတစ်ကောင်ရဲ့ခေါင်းကို ကြေမွသွားအောင် ရိုက်ချလိုက်နိုင်သလို မြေပြင်ကလည်း အက်ကွဲသွားသည်။
"ဂါးး"
လတ်ဆတ်သောအစာတွေက သူတို့အရှေ့တည့်တည့်ကို ရောက်ရှိလာတာကြောင့် ဇွန်ဘီများက စိတ်လှုပ်ရှားစွာဖြင့် ဟိန်းဟောက်ကြသည်။ သူတို့ရဲ့လက်သည်းများကိုဆန့်ထုတ်ကာ ဘော့စ်လင်းရဲ့ဦးခေါင်းကို ချိန်ရွယ်လိုက်ကြသည်။
ဘော့စ်လင်းက ဒါကိုမြင်တော့ သူ့ခန္ဓာကိုယ်ကိုနှိမ့်ချပြီး ဇွန်ဘီရဲ့မေးရိုးကို လက်သီး ပြင်းပြင်းနဲ့ထိုးလိုက်သည်။
" ဂျွတ် "
သူ့ရဲ့ လက်သီးချက်ကြောင့် ဇွန်ဘီရဲ့လည်ပင်းကကျိုးသွားပြီး ပုပ်နေတဲ့ ဦးခေါင်းက မီတာအတော်များများအထိ လွင့်ထွက်သွားသည်။။
"ဘော့စ် ၊ ကျွန်တော်တို့ကိုလည်း ပျော်ခွင့်ပေးပါအုံး"
ဘော့စ်လင်းရဲ့အဖွဲ့ဝင်တွေကလည်း သူတို့ရဲ့ဓားတွေနဲ့ တိုက်ပွဲမှာ ပါဝင်လာကြသည်။ သူတို့ရဲ့လက်နက်တွေကို ဝှေ့ယမ်းလိုက်တဲ့အခါမှာပဲ ဇွန်ဘီတွေရဲ့ခေါင်းတွေက ခုတ်ထစ်ခံလိုက်ရသည်။
ဒါကိုမြင်တော့ အဆောက်အဦးရဲ့ထိပ်မှာရပ်နေတဲ့လူတစ်ယောက်က သူ့ဘေးနားက အမျိုးသမီးတစ်ယောက်ဘက် လှည့်ပြီး "အစ်မ ၊ အဲဒီအဆင့်မြင့်ဇွန်ဘီကို ဂရုစိုက်သင့်လား" လို့ မေးလိုက်သည်။
သူ့စကားတွေကိုကြားတော့ လင်ဖေးက "ကျင်ဇီချင်၊ အဲဒီဇွန်ဘီက အနည်းဆုံးတော့ အဆင့်သုံး ဒါမှမဟုတ် လေးမှာ ရှိနေတယ်။ မနေ့ကမှ အဆင့်တစ်ကို ရောက်တာလေ။ အဲဒီဇွန်ဘီကို ဖြုတ်ချနိုင်လောက်အောင်အထိ မင်းမှာ ခွန်အားရှိတယ်လို့ ထင်လား" လို့ ပြောလိုက်သည်။
ကျင်ဇီချင်က သူ့ကို လှမ်းကြည့်ပြီး "ကျွန်တော် မလုပ်နိုင်ဘူး။ ဒါပေမယ့် ကျွန်တော့်အစ်မကတော့ လုပ်နိုင်တယ်" လို့ ပြန်ဖြေသည်။
ကျင်ဟွမ်းက ခဏလောက်စဉ်းစားပြီးမှ "ကျွန်မကြိုးစားကြည့်မယ်။ ကျွန်မသာ မအောင်မြင်ရင် နောက်ဆုတ်လိုက်သင့်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့လုံခြုံရေးက ဦးစားပေးပဲ" လို့ ပြောလိုက်သည်။
"ကောင်းပြီ" ကျင်ဇီချင် နှင့် လင်ဖေးက ခေါင်းညိတ်သည်။
သူမရဲ့မောင်နှင့်ယှဉ်လိုက်ရင် ကျင်ဟွမ်းရဲ့စွမ်းရည်က မကြာသေးခင်ကမှ နိုးထလာခဲ့တာဖြစ်တာကြောင့် အဆင့်မြင့်ဇွန်ဘီကို သတ်နိုင်လိမ့်မယ်လို့ သူမမှာ ယုံကြည်မှုမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သူမရဲ့စွမ်းရည်မှာက ကန့်သတ်ချက်တွေ အများကြီးရှိပြီး အသုံးပြုလိုက်တိုင်းမှာလည်စ စွမ်းအင်အများကြီး သုံးစွဲရပါတယ်။
သူတို့သုံးယောက်သည် အဆင့်မြင့်ဇွန်ဘီနှင့် ပိုနီးသွားအောင် တခြားအဆောက်အဦးတွေဆီ ခုန်တက်သွားကြသည်။ သူတို့ တိတ်တိတ်ဆိတ်ဆိတ် ရွေ့လျားနေချိန်မှာပဲ ဇွန်ဘီက သူ့ရဲ့ လက်တံကို အသုံးပြုပြီး စွမ်းရည်အသုံးပြုသူတွေကို ဖမ်းဆွဲနေခဲ့တယ်။
"အားးးး" ဇွန်ဘီရဲ့လက်တံဖြင့် သူ့ရဲ့ဦးခေါင်းကို ဖမ်းကိုင်ခံလိုက်ရသော စွမ်းရည်အသုံးပြုသူက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"က..ကယ်ပါ... ကျွန်တော့်ကို..."
သူ့စကားမဆုံးခင်မှာပဲ သူ့ခေါင်းက ဆွဲဖြုတ်ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်ကြီးကတော့ မြေပြင်ပေါ် ကို " ဘုန်း " ပြုတ်ကျသွားပါတယ်။ သူ့ရဲ့လည်ပင်းကနေ ခပ်နွေးနွေးသွေးတွေ စီးကျလာပြီး သိပ်မကြာခင်မှာပဲ သူ့ခန္ဓာကိုယ်ဟာ ပတ်ဝန်းကျင်က ဇွန်ဘီတွေရဲ့ ဝိုင်းဝန်းကိုက်ခဲကာ စားသောက်ခံလိုက်ရသည်။
အဝေးတစ်နေရာမှာ ရပ်နေတဲ့ အဆင့်မြင့်ဇွန်ဘီကတော့ လက်ထဲကဦးခေါင်းကို အရသာခံရင်း အရသာရှိရှိ မြိန်ရေယှက်ရေစားလိုက်သည်။
ဤမြင်ကွင်းကိုမြင်သောအခါ စစ်သားများနှင့် စွမ်းရည်အသုံးပြုသူများအားလုံးသည် ကျောရိုးတစ်လျှောက်စိမ့်တက်သွားအောင်အထိ ထိတ်လန့်သွားရသည်။ သူတို့ရဲ့မျက်နှာများက ဖြူဖျော့သွားပြီး စိတ်မခိုင်တဲ့ သူအချို့ဆိုရင်တော့ ဒီမြင်ကွင်းကိုတောင် မကြည့်ရဲတော့ပဲ ထိုနေရာမှာတင်အော့အန်ကြတော့သည်။
အဆင့်မြင့်ဇွန်ဘီက အစာစားနေချိန်မှာ ကျင်ဟွမ်းနှင့်သူမရဲ့အဖွဲ့သည် မီတာနှစ်ဆယ်အကွာက အဆောက်အဦးကို ရောက်နှင့်နေပါပြီ။
"အစ်မ ၊ ဒီကနေ လုပ်လို့ရမလား" ဟု ကျင်ဇီချင်က တိုးတိုးလေး မေးလိုက်သည်။
ကျင်ဟွမ်းက ခေါင်းညိတ်ပြီး "ငါ စမ်းကြည့်ပါ့မယ်" လို့ ပြောလိုက်တယ်။
သူမ ဒီလိုပြောပြီးတဲ့နောက်မှာ လက်ကိုမြှောက်ပြီး သူမရဲ့စွမ်းအင်ကို လက်ဖဝါးပေါ်မှာ စုစည်းလိုက်တယ်။ နောက်တစ်စက္ကန့်မှာတော့ ဖောက်ထွင်းကာမြင်နေရတဲ့ ပူဖောင်းတစ်ခုလို စွမ်းအင်လုံးလေးက သူမရဲ့လက်ဖဝါးပေါ်ကနေ အဆင့်မြင့်ဇွန်ဘီဆီကို အရှိန်အဟုန်နဲ့ ပျံဝဲသွားသည်။
ရုတ်တရက် အန္တရာယ်တစ်ခု နီးကပ်လာတာကို အာရုံခံမိတဲ့ ဇွန်ဘီက ကိုယ်ကိုလှည့်ပြီး အဲဒီတိုက်ခိုက်မှုကို ကာကွယ်ဖို့ လက်နှစ်ဖက်ကို မြှောက်လိုက်တယ်။ ဒါပေမယ့် ပုံမှန်နဲ့မတူဘဲ ဘာတိုက်ခိုက်မှုကိုမှ မမြင်ရတာကြောင့် ဇွန်ဘီက ဇဝေဇဝါဖြစ်နေပြီး အခြေအနေကို သိရအောင် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပါတယ်။
အဲဒီအချိန်မှာပဲ ကျင်ဟွမ်းက "ပြီးပြီ" လို့ ပြောလိုက်တယ်။
နောက်တစ်ခဏမှာ ဖောက်ထွင်းမြင်ရတဲ့ ပူဖောင်းလို အကာအကွယ်အတားအဆီးတစ်ခုက အဆင့်မြင့်ဇွန်ဘီရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ပြီး ပိုပိုသေးငယ်လာပါတယ်။
သူ့ရဲ့ခန္ဓာကိုယ်ကို တစ်ခုခုဖိညှပ်ထားသလို ခံစားလိုက်ရတာကြောင့် ဇွန်ဘီသည် ပါးစပ်ဟပြီး ဟိန်းဟောက်လိုက်သည်။ တစ်ဆက်ထဲမှာပဲ လက်မောင်းတွေကို အားကုန်လွှဲယမ်းပြီး အတားအဆီးကနေ လွတ်မြောက်နိုင်အောင် ကြိုးစားနေပါတယ်။
"ဂါးးး"
ဇွန်ဘီက အတားအဆီးကို အတင်းအကျပ်ထိုးဖောက်နိုင်ဖို့ တိုက်ခိုက်နေတာကြောင့် ကျင်ဟွမ်းရဲ့နဖူးမှာ ချွေးအေးတွေနဲ့ ရွှဲလာနေတယ်။ သူမသည် အတားအဆီးကို ဆက်လက်ထိန်းချုပ်ထာစပြီး ပိုသေးငယ်သွားအောင် လုပ်ခဲ့သည်။ ဇွန်ဘီရဲ့ ခုခံမှုကြောင့် အတားအဆီးရဲ့ အရွယ်အစားကို ဆက်လက်ကျုံ့ဝင်သွားအောင်လုပ်ဖို့က သူမမှာ စွမ်းအင်အမြောက်အမြား အသုံးပြုနေရပါတယ်။
"ဂါးးးး" ဇွန်ဘီဟာ ထိတ်လန့်တကြားဖြင့် နောက်ထပ်တစ်ကြိမ် အပြင်းအထန်ဟိန်းဟောက်လိုက်သည်။
အတားအဆီးက ဖောက်ထွင်းကာမြင်ရတဲ့အတွက် ဘာတွေဖြစ်နေမှန်းကို ဘယ်သူကမှ မသိကြပါဘူး။ အဆင့်မြင့်ဇွန်ဘီက ဝုန်းဒိုင်းကြဲပြီး အော်ဟစ်နေတာကိုပဲ သူတို့မြင်ကြသည်။
"တပ်ကြပ်ကြီး၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ" ဟု စစ်သားတစ်ဦးက မေးလိုက်သည်။
"အဆင့်နိမ့် ဇွန်ဘီတွေကိုပဲ ဆက်ပြီးသတ်ထားကြ။ ငါတို့မှာက အဆင့်မြင့်ဇွန်ဘီကို သတ်နိုင်တဲ့ အရည်အချင်း မရှိဘူး။ ငါ အခြေစိုက်စခန်းကို ဆက်သွယ်ထားပြီးသွားပြီ၊ အခုအချိန်မှာတော့ စစ်ကူတွေရောက်လာတဲ့အထိ သူတို့ကို တတ်နိုင်သမျှ ကြာကြာ ထိန်းထားနိုင်ဖို့ပဲ" ဟု ဝမ်ဟဲက ပြောလိုက်သည်။
"နားလည်ပါပြီ"
လူတိုင်းရဲ့အကြည့်တွေအောက်မှာ အဆင့်မြင့်ဇွန်ဘီရဲ့ခန္ဓာကိုယ်ဟာ ဘောလုံးတစ်လုံးရဲ့ သဏ္ဌာန်ဖြစ်သွားတဲ့အထိ ဖြည်းဖြည်းချင်း ဖိညှစ်ခံနေရပါတယ်။
"ဂျွတ် ဂျွတ် ပေါက် "
ဇွန်ဘီတွေရဲ့ ဟိန်းဟောက်သံတွေကြားမှာပဲ အရိုးတွေ ကျိုး ကြေသွားတဲ့သံနှင့် အသားတစ်စစီတိုင်းက ဖိညှစ်ခံလိုက်ရတဲ့အသံတွေကို အတိုင်းသားကြားနေရသည်။
အဆောက်အဦးအပေါ်ထပ်မှာတော့ ကျင်ဟွမ်းရဲ့မျက်နှာက သွေးမရှိသလို ဖြူဖျော့သွားပြီး လည်ချောင်းထဲမှာ သွေးအရသာကို ခံစားနေရပြီဖြစ်သည်။ သူမအနေနဲ့ အဲဒီဇွန်ဘီကို သတ်နိုင်မှာ မဟုတ်တော့ဘူးလို့ တွေးလိုက်တဲ့အခါမှာပဲ အဝေးတစ်နေရာရှိ ဇွန်ဘီကြီးက အစိပ်အစိပ်အမွှာမွှာ ကြေမွှသွားတာကို မြင်လိုက်ရသည်။
ဒါကိုမြင်တော့ ကျင်ဇီချင်က "အစ်မ မင်းလုပ်နိုင်သွားတယ်" လို့ အော်ပြောလိုက်သည်။
ဇွန်ဘီက သူမရဲ့လက်ချက်နဲ့ သေသွားတာကိုမြင်တော့ ကျင်ဟွမ်းရဲ့နှုတ်ခမ်းတစ်စုံက အသာအယာ ကွေးညွှတ်သွားတယ်။ အဆင့်သုညပဲရှိသေးတဲ့ အာကာသစွမ်းရည်အသုံးပြုသူတစ်ယောက်က အဆင့်မြင့်ဇွန်ဘီတစ်ကောင်ကို သတ်နိုင်တယ်ဆိုတာ မကြားဖူးသေးတဲ့ ကိစ္စရပ်တစ်ခုပါ။ ဒီတစ်ခုတည်းနဲ့တင် သူမရဲ့စွမ်းရည်က ဘယ်လောက်အားကောင်းလဲဆိုတာကို သိသာနေပါပြီ။
သူမရဲ့ အာကာသအမျိုးအစားစွမ်းရည်ကို တခြားစွမ်းရည်တွေလိုမျို ပစ္စည်းတွေသိမ်းဆည်းဖို့ အသုံးမပြုနိုင်ပေမယ့် သူမသည် အာကာသကို ထိန်းချုပ်ပြီး တိုက်ပွဲမှာ အသုံးပြုနိုင်ပါသည်။ အားနည်းချက်ကတော့ စွမ်းအင်နှင့် စိတ်ခွန်အား မြင့်မားစွာ သုံးရစွဲတာကြောင့် တိုက်ပွဲအတွင်းမှာ အလွန်အန္တရာယ်များပါတယ်။ ဒါပေမယ့် ဒီလိုအသုံးပြုလိုက်မယ်ဆိုရင်တော့ သူမရဲ့စွမ်းရည်ဟာ အလွန်အစွမ်းထက်တဲ့ စွမ်းရည်တစ်ခုဖြစ်လာပါတယ်။
ကျင်ဟွမ်းက သူမမှာရှိတဲ့ နောက်ဆုံးစွမ်းအင်ကို အသုံးပြုပြီး ဖောက်ထွင်းမြင်ရတဲ့ အတားအဆီးကိုပြန်ရုတ်သိမ်းကာ အမြုတေကို ကောက်ယူလိုက်သည်။ နောက်တစ်ခဏမှာတော့ မျက်လုံးမှိတ်ပျသွားပြီး သူမ မေ့မြောသွားသည်။
ကျင်ဇီချင်က သူမကိုလှမ်းဖက်လိုက်ရင်း "အစ်မ " ဟု အော်ဟစ်လိုက်သည်။
လင်ဖေးက အောက်ကတိုက်ပွဲကိုကြည့်ပြီးပြောလိုက်တယ် "အဆင့်မြင့်ဇွန်ဘီမရှိရင် ပြဿနာမရှိတော့ဘူး။ အရင်ပြန်ကြရအောင်"
"ကောင်းပြီ" ကျင်ဇီချင်က ခေါင်းညိတ်ပြီး သူ့အစ်မကို ကျောပိုးလိုက်သည်။
သူတို့သုံးယောက် တိုက်ပွဲဧရိယာကနေ ထွက်ခွာပြီး အခြေစိုက်စခန်းကို ပြန်သွားနေတဲ့အချိန်မှာ စစ်သားတွေနှင့် စွမ်းရည်အသုံးပြုသူတွေကတော့ ကြောင်အအနဲ့ ကျန်ရစ်ခဲ့ကြသည်။အဆင့်မြင့်ဇွန်ဘီက ရုတ်တရက်ကြီး ဘာကြောင့် ဘောလုံးတစ်လုံးလိုဖြစ်သွားကာ ပေါက်ကွဲသွားရတဲ့ အကြောင်းရင်းကို သူတို့ လုံးဝ နားမလည်နိုင်ပါဘူး။
"တပ်ကြပ်ကြီး၊ ဒါ..."
အခန်း-(၃၃၅)
ဝမ်ဟဲက ပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို ဝေ့ဝဲကာကြည့်ပြီး "တစ်ယောက်ယောက်က ထူးခြားတဲ့ စွမ်းရည်တစ်မျိုးအသုံးပြုပြီး ဇွန်ဘီကို သတ်လိုက်တာ ဖြစ်ရမယ်" ဟု ပြောလိုက်သည်။
စစ်သားတွေကတော့ တစ်ယောက်မျက်နှာကို တစ်ယောက် ဇဝေဇဝါနဲ့ကြည့်လိုက်ကြသည်။အကယ်၍ တစ်ယောက်ယောက်ကသာ ဒီလောက်အဆင့်မြင့်တဲ့ ဇွန်ဘီကို လွယ်လွယ်နဲ့ သတ်နိုင်ခဲ့တယ်ဆိုရင် ဒီလောက်အစွမ်းထက်တဲ့လူနဲ့ပတ်သက်ပြီး သူတို့ဘာကြောင့် သတင်း အးအနလေးတွာင် မရကြတာလဲ ဆိုပြီးတွေးနေကြသည်။
နာရီဝက်အကြာမှာတော့ စစ်ကူအဖွဲ့သည် နောက်ဆုံးတော့ ရောက်လာခဲ့ပါတယ်။ သူတို့ကို ကူညီပေးနိုင်တဲ့ စွမ်းရည်ရှိတဲ့ စစ်သားတွေ ထပ်ရောက်လာတာကြောင့် လေးနာရီအကြာမှာပဲ ဇွန်ဘီတွေကို ဖယ်ရှားနိုင်ခဲ့ပါသည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ကို ကျဆုံးထိခိုက်မှု အရေအတွက်က မနည်းဘူးဆိုတာ လူတိုင်းသိလိုက်ရပါတယ်။
မွန်းတည့်ချိန်မှာတော့ စစ်သားတွေက ဇွန်ဘီတွေရဲ့ အလောင်းတွေကို ရှင်းလင်းနေပြီး ရုန်ချင်ယုကတော့ သူ့ရဲ့ဝမ်းကွဲကို အခြေစိုက်စခန်းဆီ ပြန်ခေါ်လာခဲ့သည်။ ကလေးငယ်လေးကိုတော့ စစ်သားတွေဆီ လွှဲပြောင်းပေးခဲ့ပြီး နောက်ပိုင်းမှာတော့ စခန်းကတာဝန်ရှိသူတွေက ဆက်စီမံပေးမှာပါ။
ဆေးရုံအတွင်းမှာတော့ ရုန်မိုအာက ဖြူဖျော့ဖျော့မျက်နှာဖြင့် ကုတင်တစ်လုံးပေါ်တွင် လဲလျောင်းနေသည်။ရုန်ချင်ယုကတော့ ကုတင်ဘေးရှိထိုင်ခုံတွင်ထိုင်ကာ သူ့ရဲ့ဝမ်းကွဲ၏ လက်မောင်းပေါ်ရှိ ဒဏ်ရာကို စိုက်ကြည့်နေမိသည်။ ဒဏ်ရာက အဆင့်မြင့်ဇွန်ဘီကြောင့်ဖြစ်ပြီး ဗီဇပြောင်းလဲမှုလက္ခဏာများ စတင်ပြသနေပြီဖြစ်သည်။
ဆရာဝန်ရဲ့အဆိုအရဆို သူမဟာ ဇွန်ဘီဖြစ်သွားနိုင်ခြေ ၇၀% အထိရှိပါတယ်။ သူတို့က ပုပ်နေတဲ့အသားကို ဖြတ်ပြီး ဒဏ်ရာကို ကုသပေးခဲ့ပေမယ့် ဗီဇပြောင်းလဲမှုကို မတားဆီးနိုင်ခဲ့ပါဘူး။
သူ အချိန်အတော်ကြာ စဉ်းစားပြီးမှ သူ့အိတ်ကပ်ထဲက အမြုတေတစ်ခုကို ထုတ်ယူလိုက်ပါတယ်။ ဒါက သူထွက်ပြေးလွတ်မြောက်လာစဥ်ကရခဲ့တဲ့ အဆင့်သုံး အမြုအတေတစ်ခုဖြစ်ပါတယ်။
အရေးပေါ်အခြေအနေမှာမှသုံးဖို့ ရည်ရွယ်ပြီး သူ့အတွက် သူသိမ်းထားခဲ့တာပါ။ ဒါပေမဲ့ သူ့ဝမ်းကွဲရဲ့ အခြေအနေက တစ်မိနစ်ထက်တစ်မိနစ် ပိုဆိုးလာတော့ သူမှာ လောင်းကြေးထပ်ကြည့်ရုံပဲ တတ်နိုင်တော့မယ့်ပုံပါ။
သူအရင်ကမြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကို ပြန်လည်အမှတ်ရရင်းနဲ့ထရပ်ကာ သူ ရေချိုးခန်းထဲကို ဝင်သွားသည်။ ရေချိုးခန်းထဲကိုရောက်တော့ အမြုတေကို သန့်စင်အောင် ရေနှင့်ဆေးကြောလိုက်ပြီး စိတ်ငြိမ်အောင် အသက်ကို ပြင်းပြင်းရှူလိုက်သည်။
"ဒါက တစ်ခုတည်းသော နည်းလမ်းပဲ။ ချင်ယု ၊ မင်း အခု တွန့်ဆုတ်နေလို့ မရတော့ဘူး" ဟု သူ့ကိုယ်သူ ပြောလိုက်သည်။
ခဏအကြာမှာတော့ သူသည် လူနာဆောင်ကို ပြန်ဝင်လာပြီး ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်လိုက်သည်။ သူတို့အပြင် ကျန်တဲ့ကုတင်တွေမှာလည်း လူတွေပြည့်နေပြီး လူနာဆောင်တစ်ခုလုံးမှာလည်း လူတွေ အပြည့်ရှိနေတယ်။
ဒါပေမယ့် သူတို့အများစုဟာ အိပ်ပျော်နေကြတာ ဒါမှမဟုတ် ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်ရှုပ်နေကြတာပါ။ သူ့ခန္ဓာကိုယ်ကိုသုံးကာ သူတို့ရဲ့အကြည့်တွေကို ပိတ်ဆို့လိုက်ပြီး သူ့ဝမ်းကွဲရဲ့ပါးစပ်ထဲကို အမြုတေထည့်ပေးလိုက်တယ်။
အမြုတေက ပါးစပ်ထဲကိုဝင်သွားတာနဲ့ ရုန်မိုအာက အလိုလို မျိုချလိုက်သည်။ အမြုတေသာ သူမရဲ့လည်ချောင်းထဲ ဆင်းသွားတာနဲ့ တစ်ပြိုင်နက်တည်းမှာ အရည်ပျော်သွားပြီး စွမ်းအင်အဖြစ် ပြောင်းလဲသွားပါတော့တယ်။
သူမက အမြုတေကိုမျိုချလိုက်တာမြင်တော့ ရုန်ချင်ယုက လက်သီးကိုဆုပ်ပြီး ထိုင်ချလိုက်တယ်။ အခုချိန်မှာ သူလုပ်နိုင်တာကတော့ သူ့ဝမ်းကွဲက အသက်ရှင်နိုင်ပါ့မလားဆိုတာကို စောင့်ကြည့်နေရုံပဲ ရှိတော့တယ်။
တစ်ချိန်တည်းမှာပဲ ကုရှကျယ်နှင့် ရွှီချွန်းတို့ရဲ့အဖွဲ့ဟာ နောက်ဆုံးတော့ နယ်စပ်ကို ရောက်လာခဲ့ပါတယ်။ ကားအနောက်ခန်းမှာထိုင်နေတဲ့ ကုရှကျယ်က "ဗိုလ်ကြီးရွှီ၊ အနီးဆုံး ဂိုဒေါင်က ညာဘက်ရဲ့ ငါးကီလိုမီတာအကွာမှာ ရှိပါတယ်" လို့ ပြောလိုက်သည်။
ဤစကားကိုကြားသောအခါမှာ ရွှီချွန်းက ခေါင်းညိတ်ပြီး သူတို့အနောက်မှလိုက်လာသော စစ်သားများကို ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် အသိပေးလိုက်သည်။ နာရီဝက်အကြာတွင်တော့ သူတို့သည် ဂိုဒေါင်ဧရိယာကို ရောက်ရှိသွားကြပါတယ်။
ကားတွေရပ်ပြီးတဲ့နောက်တော့ သူတို့က ကားပေါ်ကဆင်းပြီး စုဝေးလိုက်ကြတယ်။ ရွှီချွန်းက အဲဒီနေရာကို စစ်ဆေးလိုက်ပြီးမှ ယွန်ရှန်မြို့နှင့် လင်အန်းမြို့ရဲ့ မြေပုံကို ထုတ်ယူလိုက်သည်။
ငါးမိနစ်အကြာတွင်တော့ သူသည် ကုရှကျယ်ဘက်သို့ လှည့်၍ "ရဲဘော်ကု၊ ဂိုဒေါင်အတွင်းမှာရှိတဲ့ အခြေအနေကို မင်းသိလား" ဟု မေးလိုက်သည်။
ကုရှကျယ်က ခေါင်းညိတ်ပြီး "ပြီးခဲ့တဲ့အခေါက် ကျွန်တော်အဖွဲ့နဲ့ နောက်ဆုံးအကြိမ် ဒီကိုလာတုန်းကတော့ ဂိုဒေါင်တွေရဲ့တဝိုက်မှာ ဇွန်ဘီတွေ ပြန့်ကျဲနေတယ်။ ဒါပေမယ့် အိပ်ဆောင်ဧရိယာမှာတော့ ဇွန်ဘီတွေက အပြည့်ပဲမို့ အခြေအနေကို စစ်ဆေးဖို့ အထဲကို မဝင်ခဲ့ကြဘူး" လို့ ပြန်ဖြေလိုက်သည်။
ကုရှကျယ်ရဲ့စကားကြောင့် ရွှီချွန်းက မျက်မှောင်ကြုတ်သွားပြီး ခဏလောက် စဉ်းစားလိုက်ပါတယ်။ " အိပ်ဆောင်မှာရှိတဲ့ ဇွန်ဘီတွေကို ငါတို့ သွားမနှောင့်ယှက်တော့ဘူး။ ငါတို့ရဲ့ ရည်ရွယ်ချက်က ပစ္စည်းတွေ ရဖို့ပဲ။ အရာအားလုံးကို သယ်ယူပို့ဆောင်ပြီးတော့မှ အစီအစဉ်တစ်ခုရေးဆွဲပြီး ဇွန်ဘီတွေကို ကိုင်တွယ်ဖြေရှင်းမယ်" လို့ ပြောလိုက်တယ်။
စစ်သားတွေက ဒါကိုကြားတော့ ခေါင်းညိတ်ပြီး "နားလည်ပါပြီ" လို့ ပြန်ဖြေကြတယ်။
စစ်သားတစ်စုကို ကားများနှင့် ဂိတ်ပေါက်ကို စောင့်ကြပ်ရန် ထားခဲ့ပြီး ရွှီချွန်းသည် သူရဲ့စစ်သားများနှင့်အတူ ကုရှကျယ်ရဲ့ ဦးဆောင်မှုနောက်သို့လိုက်၍ ဂိုဒေါင်ဧရိယာထဲသို့ ဝင်သွားခဲ့သည်။ လမ်းတစ်လျှောက်က ဇွန်ဘီများကို စစ်သားများက ရှင်းလင်းခဲ့တာကြောင့် သူက ဖြည်းဖြည်းချင်းသာ လျှောက်သွားပြီး မိနစ်လေးဆယ်အတွင်းမှာပဲ ဂိုဒေါင်သို့ ရောက်ရှိသွားခဲ့သည်။
ဂိုဒေါင်တွေရဲ့ အရွယ်အစားကို မြင်လိုက်တာနဲ့ လူတိုင်းက အံ့အားသင့်သွားကြတယ်။အခြေစိုက်စခန်းမှာရှိတဲ့ လက်ရှိ လူဦးရေအရေအတွက်နဲ့ဆိုရင် ဂိုဒေါင်တစ်ခုဟာ ခြောက်လကနေ ရှစ်လအထိ ခံနိုင်ပါတယ်။
"တံခါးဖွင့်ပါ" ဟု ရွှီချွန်းက အမိန့်ပေးလိုက်သည်။
သူ့အမိန့်ကိုကြားတာနဲ့ သတ္တုအမျိုးအစားစွမ်းရည်အသုံးပြုသူက သူ့ရဲ့စွမ်းအင်ကိုအသုံးပြုပြီး ကြီးမားလှတဲ့သော့ခလောက်ကြီးကို ဖွင့်လိုက်သည်။ အဲဒီနောက်မှာတော့ စစ်သားတွေက တံခါးကို တွန်းဖွင့်ပြီး ဂိုဒေါင်ထဲကို ဝင်သွားကြပါတယ်။
ဂိုဒေါင်ထဲမှာတော့ အိတ်တွေကို မျက်နှာကြက်နီးပါးရောက်တဲ့အထိ သေသပ်စွာ ပုံတင်ထားသည်။ အိတ်တွေကြားက တစ်မီတာအကျယ်လောက်ပဲရှိတဲ့ လမ်းလေးကလွဲလို့ ကျန်တဲ့နေရာတွေမှာ တော့ အိတ်တွေနဲ့သာ ပြည့်နေသည်။
ရွှီချွန်းက သူ့ရဲ့ဓားမြှောင်ကိုထုတ်ပြီး အိတ်တွေကို အပေါက်လေးတစ်ခုဖြစ်အောင် ထိုးစိုက်လိုက်ပါသည်။ ဓားမြှောင်ကိုပြန်ထုတ်လိုက်တဲ့အခါမှာတော့ ဆန်လုံးလေးတွေက မြေကြီးပေါ် တဖွဲဖွဲကျလာသည်။
သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဆန်တွေကို ကောက်ယူကြည့်ရင်း အပြုံးအပြည့်ဖြင့် "ဒါက အရည်အသွေးကောင်းတဲ့ ဆန်တွေပဲ" လို့ ပြောလိုက်တယ်။အဲဒီနောက်မှာတော့ မတ်တပ်ရပ်လိုက်ပြီး "လူတိုင်းပဲ၊ ဒီဂိုဒေါင်ထဲက အရာအားလုံးကို အခြေစိုက်စခန်းဆီ သယ်သွားကြ" လို့ အမိန့်ပေးလိုက်တယ်။
"နားလည်ပါပြီ" စစ်သားများက တညီတညွတ်တည်း ပြန်ဖြေကြသည်။
ဘေးတွင်ရပ်နေသော ကုရှကျယ်က "ဗိုလ်ကြီးရွှီ ၊ မြေပုံပေါ်မှာ ဂိုဒေါင်တွေရဲ့တည်နေရာကို မှတ်လိုက်ပြီးရင် မင်းနှင့်အတူ အခြေစိုက်စခန်းကို တစ်ခါထဲ ပြန်လိုက်ခဲ့မည်" ဟု ပြောသည်။
သတင်းအချက်အလက်နဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိကြောင်းကို စစ်ဆေးပြီးပြီဆိုတော့ ရွှီချွန်းမှာလည်း ကန့်ကွက်စရာ မရှိတာမို့ "ကောင်းပြီ" လို့ ပြောလိုက်တယ်။
သူတို့က ထရပ်ကားတွေပေါ် ကောက်ပဲသီးနှံတွေ တင်နေတုန်းမှာ လင်အန်းမြို့ နယ်စပ်စခန်းကနေ ထွက်ပြေးလာတဲ့ ဗိုလ်မှူးကြီးတွေ ၊ တပ်ကြပ်ကြီးတွေနှင့် စစ်သားတွေကတော့ အသက်လုပြီး ထွက်ပြေးနေကြသည်။
နတ်ဆိုးအဖွဲ့သည် ဇွန်ဘီအုပ်ကို ရှင်းလင်းပြီးနောက်မှာ သူတို့က ဟိုတယ်ငယ်လေးသို့ပြန်သွားပြီး အထက်လူကြီးများကို လိုက်ပါပို့ဆောင်ပေးခြင်းမပြုတော့ဘဲ လင်အန်းမြို့ဆီသာ တိုက်ရိုက်ပြန်လာခဲ့ကြသည်။
အထက်လူကြီးများနှင့် ၎င်းတို့ရဲ့လက်အောက်ခံစစ်သားများသည် ဇွန်ဘီများကို ရှင်းလင်းပြီးဖြစ်ကြောင်းကို သိရှိသည်အထိ ရက်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ကြသည်။ သူတို့ ဟိုတယ်ငယ်လေးမှ ထွက်ခွာလာသောအခါတွင် သူတို့ရဲ့ ရိက္ခာအများစုက စားကုန်သွားပြီးဖြစ်တာကြောင့် မြို့တော်သို့ သွားရာလမ်းတွင် နောက်ထပ်ရှာဖွေရမည်ဖြစ်သည်။
အစပိုင်းမှာတော့ ပတ်ဝန်းကျင်က ဇွန်ဘီအများစုက သေဆုံးပြီးသွားပြီဖြစ်လို့ သူတို့အတွက်အဆင်ပြေနေခဲ့ပြီး ပြန့်ကျဲနေတဲ့ ဇွန်ဘီတချို့နဲ့ပဲ ကြုံတွေ့ရသည်။
အခန်း-(၃၃၆)
သူတို့ဘက်မှာ လူအများကြီးရှိတာကြောင့် စစ်သားတွေဟာ ဇွန်ဘီတွေကို အလွယ်တကူပဲ သတ်နိုင်ခဲ့ကြပါတယ်။ ဒီအတွက်ကြောင့် သူတို့ရဲ့ ယုံကြည်မှုတွေကတိုးလာပြီး သူတို့ရဲ့ သတိတွေကို လျှော့ချခဲ့ကြပါတယ်။
အခြေအနေက သူတို့မျှော်လင့်ထားသလောက် မဆိုးဘူးလို့ ထင်ခဲ့ကြပြီး အလေးအနက်မထားကြတော့ပေ။ဒါဟာ သူတို့ နယ်စပ်ဒေသကနေ ထွက်ခွာပြီး ဝမ်လင်မြို့ထဲကို ချေချမိတဲ့အချိန် ကမ္ဘာပျက်ကပ်ကြီးရဲ့ တကယ့်အခြေအနေကို ရင်ဆိုင်ခဲ့ရတဲ့အချိန်အထိပါပဲ။
ဝမ်လင်မြို့ဟာ ပင်းကျန်းမြို့ရဲ့ အနောက်ဘက်မှာ တည်ရှိပြီး လူဦးရေနည်းပါးပါတယ်။ ဒါပေမဲ့လည်း ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကြောင့် လင်အန်းမြို့လောက်ကို ဇွန်ဘီအရေအတွက် များပါတယ်။
အခုအချိန်မှာတော့ လူတစ်စုဟာ မြို့နယ်တစ်ခုရဲ့ အဝင်ဝကိုပဲ ရောက်ရှိသေးတာဖြစ်ပေမယ့် လမ်းမတစ်ခုလုံးမှာ ဇွန်ဘီတွေပြည့်နေတာကို မြင်တွေ့လိုက်ရသည်။ ကားထဲမှာထိုင်နေကြတဲ့ သူတို့တွေဟာ ဇွန်ဘီတွေက အချင်းချင်း သတ်ဖြတ်ပြီး ဦးနှောက်တွေကိုလည်း စားကောင်းသောက်ဖွယ် အစားအစာတစ်ခုလိုမျိုး ဝါးမြိုစားသောက်နေတာကို မြင်လိုက်ရတဲ့အခါမှာတော့ ခေါင်းမွှေးတွေပါ ထောင်သွားကြသည်။
ကားတွေမောင်းနှင်လာတာနှင့်အမျှ အင်ဂျင်သံတွေက အနီးနားရှိ ဇွန်ဘီများရဲ့အာရုံကို ဆွဲဆောင်လိုက်သလိုဖြစ်သွားခဲ့သည်။ လတ်ဆတ်တဲ့ စားစရာအသစ်တွေ ရောက်လာပြီဆိုတာကို သတိပြုမိသွားတဲ့ ဇွန်ဘီတွေက သူတို့ရဲ့ ချွန်ထက်သော လက်သည်းများနှင့် သွားများကို ဖြဲပြရင်း ကားများဆီသို့ အတင်းတိုးဝှေ့ပြေးလွှား လာကြပါတယ်။
"ဝေါင်းးးးး"
ဇွန်ဘီများရဲ့ ဟိန်းဟောက်သံတွေက နားစည်တွေကွဲထွက်မတတ်အောင် ကျယ်လောင်လွန်းတာကြောင့် သူတို့ရဲ့နားထဲမှာပါ နာကျင်မှုကိုခံစားလိုက်ရသည်။
" ဗ ...ဗိုလ်မှူးကြီး၊ ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ" ဟု ဖြူလျော်နေတဲ့မျက်နှာနှင့် စစ်သားတစ်ဦးက တုန်တုန်ယင်ယင် မေးလိုက်ပါတယ်။
ဗိုလ်မှူးကြီးက သတိပြန်ဝင်လာတာနှင့် တစ်ပြိုင်နက်ထဲ "မင်းတို့ ဘာကိုစောင့်နေတာလဲ။ ဒီနေရာကနေ အမြန်မောင်းထွက်သွားစမ်း" လို့ အော်ဟစ်အမိန့် ပေးလိုက်ပါတယ်။
ဗှိုလ်မှူးကြီးရဲ့ အမိန့်ပေးသံကိုကြားတာနဲ့ စစ်သားက ဂီယာကို အမြန်ပြောင်းပြီး လီဗာကို အားကုန်နင်းချလိုက်သည်။ကား အင်ဂျင်က ဟိန်းကနဲအသံကြီးနှင့်အတူ သူတို့ရဲ့ကားက တုန်ခါသွားပြီး မြန်ဆန်တဲ့အမြန်နှုန်းနဲ့ နောက်ပြန်ဆုတ်သွားကာ လမ်းမှာပိတ်ဆို့နေတဲ့ ဇွန်ဘီတွေကို ဝင်တိုက်မိသွားတယ်။
" ဒုန်း ဒုန်း ဂျွတ် "
လူသူကင်းမဲ့တဲ့ လမ်းမပေါ်မှာဆိုရင် သူတို့ရဲ့ ဒီလှည့်ကွက်ကလွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အခုကတော့ သူတို့ကို ဇွန်ဘီတွေအများကြီး ဝိုင်းရံထားပြီး အရေအတွက်ကလည်း အတော်များတာကြောင့် ကားက အရှိန်လျော့သွားပြီး ဇွန်ဘီအတော်များများကို ဝင်တိုက်မိပြီးနောက်မှာတော့ ဇွန်ဘီအုပ်ကြားမှာသာ ပိတ်မိသွားခဲ့ပြီး ရှေ့မတိုးသာ နောက်မဆုတ်သာအခြေနေနဲ့ ပိတ်မိသွားပါတော့တယ်။
"ဒုန်း ဒုန်း ဂလစ်... ဂျစ်..."
ကားတစ်စီးလုံးကို ဇွန်ဘီတွေက တင်းတင်းကျပ်ကျပ် ဝိုင်းရံထားပြီး တံခါးတွေနှင့် ပြတင်းပေါက်တွေကို ထုရိုက်နေတဲ့ အသံက ပတ်ဝန်းကျင်းတစ်ခုလုံးမှာ ပဲ့တင်ထပ်နေကာ သူတို့ရဲ့ လက်သည်းတွေနှင့် မှန်နဲ့ သတ္တုထည်တွေကို ကုတ်ခြစ်လိုက်တဲ့ စူးစူးရှရှအသံကလည်း ကပ်ပါလာခဲ့ပါတယ်။
ကားထဲမှာတော့ စစ်သားတွေက စိုးရိမ်တကြီးနှင့် တထိတ်တလန့် ဖြစ်နေကြပါပြီ။ ဇွန်ဘီတွေရဲ့ ဒီလို အပြင်းအထန် တိုက်ခိုက်တဲ့ပုံစံနှင့်ဆိုရင် ဒီကားက အလွန်ဆုံး မိနစ် ၃၀ ထက်ပိုပြီး တောင့်ခံနိုင်မှာမဟုတ်ဘူး။ အဲဒီနောက်မှာတော့ သူတို့အားလုံးဟာ ဇွန်ဘီတွေရဲ့ အစာဖြစ်သွားပါလိမ့်မယ်။
ဒီအခြေအနေကို တွေးမိတဲ့အခါမှာတော့ စစ်သားများသည် ဝေယင်းနောက် မလိုက်သွားခဲ့မိသည့်အတွက် နောင်တရနေကြသည်။ သို့သော် ယခုလို အန္တရာယ်နှင့် ရင်ဆိုင်နေရတဲ့အခြေအနေတွင်တော့ နောင်တရခြင်းက အသုံးမဝင်တော့ပါ။
"ဒုန်း ဒုန်း ဒုန်း"
"'ဝေါင်းးးးး'"
လူတစ်စုက ကားထဲမှာပိတ်မိနေချိန် သူတို့နဲ့ မီတာသုံးဆယ်အကွာက အဆောက်အဦးတစ်ခုရဲ့ အမိုးပေါ်မှာ အမျိုးသားနှစ်ယောက် ရပ်နေကြသည်။ သူတို့ထဲကတစ်ယောက်က ဝက်အူချောင်းကို အေးအေးလူလူစားနေပြီး ကျန်တဲ့သူတစ်ယောက်က လျှာကို တသပ်သပ်နဲ့ "ယွဲ့ ၊ ငါတို့ သူတို့ကို သွားကူညီသင့်လား" လို့ မေးလိုက်တယ်။
ဝက်အူချောင်းစားနေတဲ့အမျိုးသားကတော့ သူ့ကို တစ်ချက်သာ စောင်းငဲ့ကြည့်ပြီး သူ့ရဲ့မေးခွန်းကို ပြန်ဖြေဖို့တောင် စိတ်မဝင်စားပဲ မိုးကုပ်စက်ဝိုင်းကို ငေးကြည့်ရင်းနဲ့ ဆက်စားနေလိုက်သည်။
ချန်ရူက သူ့ညီဟာ ဘယ်လောက်တောင်ပျင်းစရာကောင်းလဲဆိုတာကိုမြင်တော့ လျှာကို တသပ်သပ်လုပ်လိုက်မိတယ်။ ခဏလောက် စဉ်းစားပြီးတဲ့နောက်တော့ "မင်း မသွားချင်ဘူး ဆိုရင်လည်း ဒီမှာပဲစောင့်နေ။ ငါပဲသွားပြီး သွားပျော်လိုက်ဦးမယ်" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ချန်ယွဲ့က ခေါင်းညိတ်ပြီး "ကောင်းပြီ" လို့ ပြန်ဖြေလိုက်တယ်။
သူ့စကားတောင်မဆုံးသေးခင်မှာတင် သူ့အစ်ကိုက အမိုးပေါ်ကနေ လွှားကနဲခုန်ချသွားပြီး တခြားအဆောက်အဦးတစ်ခုပေါ် ဆင်းသက်လိုက်ပြီးသွားပါပြီ။ သူ့သည် ဖားတစ်ကောင်လို ဟိုခုန် ဒီခုန်နဲ့ ဖျတ်လတ်သွက်လက်နေတဲ့ သူအစ်ကိုရဲ့ ပုံစံကိုလှမ်းကြည့်ရင်း ကျောပိုးအိတ်ထဲက နောက်ထပ်ဝက်အူချောင်းတစ်ခုကို ထုတ်ယူကာ အားရပါးရ စားလိုက်သည်။
မိနစ်အနည်းငယ်အတွင်းမှာပဲ ချန်ရူဟာ စစ်သားတွေပိတ်မိနေတဲ့ လမ်းဘေးက အဆောက်အအုံဆီကို ရောက်ရှိသွားပါတယ်။ သူလက်ကို မြှောက်လိုက်တဲ့အခါ သူ့လက်ချောင်းက လက်စွပ်တွေ ၊ သူ့လက်ကောက်ဝတ်က လက်ကောက်တွေနှင့် အဲဒီအရာတွေကိုချိတ်ဆက်ထားတဲ့ သံကြိုးတွေဆီကနေ တချောက်ချောက်တချက်ချက်နဲ့ သတ္တုချင်းရိုက်သံတွေထွက်ပေါ်လာတယ်။
နောက်တစ်စက္ကန့်မှာတော့ အဲဒီ လက်စွပ်တွေ၊ သံကြိုးတွေနှင့် လက်ကောက်တွေဟာ သတ္တုမြှားချွန် အမြောက်အမြားအဖြစ် ချက်ချင်းပဲပြောင်းလဲသွားပြီး ကားတစ်စီးဆီကို အရှိန်အဟုန်ပြင်းစွာနဲ့ တိုးဝှေ့ ပျံသန်းသွားပါတော့တယ်"
" ဇွပ် ဇွပ် ဇွပ် ဇွပ် ဇွပ် "
မြားချွန်တွေက ကားအမိုးကို ဖောက်ထွင်းစိုက်ဝင်လာတဲ့အခါ ကားထဲကလူတွေက အံ့အားသင့်ပြီး တစ်ယောက်ယောက်က သူတို့ကို ကယ်တင်ဖို့ လာနေတယ်လို့ ထင်လ်ုက်ကြတယ်။ ဒါပေမယ့် သူတို့တွေ ဝမ်းသာအားရ မအော်ဟစ်လိုက်နိုင်ခင်မှာပဲ ကြီးမားလှတဲ့မိုးကြိုးတစ်စင်းက ကောင်းကင်ကနေ ကျဆင်းလာပြီး သူတို့ကို တည့်တည့်ပစ်ချလိုက်ပါတယ်။
" ဂျိန်း ဘုန်းးးး "
မိုးကြိုးက ကားကို ထိမှန်သွားတဲ့တစ်ခဏမှာပဲ အဲဒီသတ္တုမြှားတွေက လျှပ်ကူးပစ္စည်းအဖြစ်ပြောင်းလဲသွားပြီး လျှပ်စီး ကြောင်းတွေကို ပိုက်ကွန်ကြီးတစ်ခုလိုမျိုး ပတ်ဝန်းကျင်အနှံ့ကို ဖြန့်ကျက်စီးဆင်းသွားစေပါတယ်။
"ဗုန်းးးးး"
ပြင်းထန်လှသည့် လျှပ်စီးကြောင်းရဲ့ အပူရှိန်ကြောင့် ဆယ်စက္ကန့်တောင် မပြည့်သေးခင်မှာပဲ ကားသည် ပြင်းပြင်းထန်ထန် ပေါက်ကွဲထွက်သွားခဲ့တယ်။ ပေါက်ကွဲမှုနှင့် ဖြစ်ပေါ်လာသော မီးတောက်မီးလျှံတွေက ပတ်ပတ်လည်က နောက်ထပ်ဇွန်ဘီအုပ်စုတစ်စု လောင်ကျွမ်းပစ်လိုက် သည်။
အဆောက်အဦးရဲ့အမိုးပေါ်မှာ ရပ်နေတဲ့ ချန်ရူက နှုတ်ခမ်းထောင့်စွန်းတွေကို ကွေးညွတ်ကာပြုံးလိုက်ပြီး သူ့လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ရှားကာ မြားတွေကို နောက်ထပ်ကားတစ်စီးဆီ ပစ်လွှတ်လိုက်ပြန်သည်။
" ဂျိန်းးး ဗုံးးးး"
ဒီ တူညီနည်းလမ်းဟောင်းကိုပဲ ထပ်ခါထပ်ခါသုံးပြီး အဲဒီနေရာက ဇွန်ဘီတွေရဲ့ ထက်ဝက်ကျော်ကို သူသုတ်သင်ပစ်ခဲ့ပါတယ်။ ကားတွေထဲကလူတွေအတွက်ကတော့ သူတို့ရဲ့ရှင်သန်မှု ဒါမှမဟုတ် သေဆုံးမှုကို သူဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပါဘူး။
သူနဲ့ သူ့ညီမှာ ဘာမှလုပ်စရာမရှိတာကြောင့် အမြုတေတွေရှာဖို့ အခြေစိုက်စခန်းကနေ ဒီနေရာကို လာခဲ့ကြတာပါ။ သူ့အစ်ကို နေ့တိုင်းမှာ ပမာဏအများအပြားစားသောက်နေတာကြောင့် အစားအစာနှင့်ရေဝယ်ဖို့ကို အမြုတေတွေ အများကြီးလိုအပ်ပါတယ်။
လမ်းပေါ်မှာက စွန့်ပစ်ထားတဲ့ ကားအပျက်တွေ အများကြီး ပိတ်ဆို့နေတာကြောင့် သူက ဇွန်ဘီတွေကို အလွယ်တကူပဲ ဆက်လက်ရှင်းလင်းခဲ့ပါတယ်။ နာရီဝက်လောက်အကြာမှာတော့ အဲဒီနေရာမှာ စုဝေးနေတဲ့ ဇွန်ဘီအုပ်စုကြီးဟာ ပြာပုံကြီးဖြစ်သွားခဲ့ပါပြီ။ ပျက်စီးသွားတဲ့ လမ်းနှင့် မီးလောင်ကျွမ်းနေတဲ့ ကားတွေအပြင် လမ်းပေါ်မှာ ဟိုတစ်စဒီတစ်စပြန့်ကျဲနေတဲ့ အမြုတေတွေသာ ကျန်ရှိပါတော့တယ်။
ချန်ရူသည် ပတ်ဝန်းကျင်ကို ခဏတာ အကဲခတ်ပြီးမှ အမိုးပေါ်က ခုန်ဆင်းကာ လမ်းမပေါ်သို့ ဆင်းသက်လိုက်သည်။သူသည် မီးလောင်နေသောကားများကြားတွင် အေးအေးလူလူ လမ်းလျှောက်နေရင်း အမြုတေများကို တစ်ခုပြီးတစ်ခုလိုင်လံကောက်ယူနေသည်။
နှစ်နာရီနီးပါးအကြာတွင် အမြုတေတွေကို အိတ်တစ်လုံးအပြည့်ကောက်ယူနိုင်ခဲ့ပြီး သူ ပြန်ရောက်လာချိန်မှာတော့ သူ့ညီက ငြိမ်းချမ်းစွာ အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။
သူ့ညီရဲ့ ချောမောတဲ့ မျက်နှာကို စိုက်ကြည့်ရင်း သူ့ညီရဲ့ခေါင်းကို ဖြတ်ခနဲရိုက်ပစ်ချင်စိတ်က တဖွားဖွား ပေါက်လာခဲ့သည်။ သူက အလုပ်ကြိုးစားနေချိန်မှာ သူ့ညီကတော့ ဘာမှဂရုမစိုက်ဘဲ အိပ်ပျော်နေတယ်။
ဤကဲ့သို့သော ကွာခြားမှုက သူ့ကို မပျော်မရွှင်ဖြစ်စေတယ်။ သူ မကျေမနပ်ဖြစ်ပြီဆိုရင် အတော်လေးကိုကြောက်စရာကောင်းလှပါတယ်။ မျက်လုံးတွေကို မှေးစင်းပြီး လက်ချောင်းတွေကို လှုပ်ရှားလိုက်တော့ မိုးကြိုးတစ်စင်းက အိပ်ပျော်နေတဲ့ ချန်ယွဲ့ဆီကို တန်းတန်းမတ်မတ်ကျရောက်လာပါတယ်။
"ဂျိန်းးး ဘုန်းးး “