အခန်း (၁၅၁-၁၅၃)
Vol. 11 Ch. 151-153
Apocalypse - Space(B-11)
09 452913908{Pwint Phyu}
အခန်း-(၁၅၁)
ရုန်မိုအာရဲ့စကားကိုကြားသောအခါမှာတော့ ကုရှကျယ်ကတခစ်ခစ်ရယ်ကာ "အဲဒါတွေသာ ရဖို့လွယ်ရင် ငါတို့က အစားအသောက်အတွက် ရောင်းဝယ်လို့ ရမှာမဟုတ်ဘူး" လို့ ပြန်ဖြေတယ်။
နှစ်ယောက်စလုံးက အားအင်ကုန်ခန်းနေပြီမို့ ဓာတ်ဆီဆိုင်သို့ ပြန်သွားလိုက်ကြသည်။ ကုရှကျယ်က သူရဲ့နောက်ဆုံးစွမ်းအားကိုအသုံးပြုကာ လက်ကိုဆေးကြောရန်နှင့် အမြုတေများကို သန့်စင်ရန်အတွက် ရေဘောလုံးကိုဖန်တီးခဲ့သည်။
ပြီးသောအခါမှာတော့ သူက အမြုတေများကို
ရုန်မိုအာထံပေးပြီး "ဒါတွေကို မင်းသိမ်းထား" လို့ ပြောလိုက်တယ်။
ရုန်မိုအာက အမြုတေတွေကို ကိုင်ထားရင်း "ဘာလို့ ဒါတွေကို အညီအမျှမခွဲတာလဲ"လို့ မေးလိုက်တယ်။
ကုရှကျယ်က မျက်ခုံးကိုပင့်လိုက်ပြီး အနီးကိုကပ်လာကာ
"မိုအာ ၊ မင်းက တခြားအဖွဲ့တွေနဲ့ တွဲဖို့စီစဉ်နေတာလား" ဟု မေးသည်။
သူရဲ့ချောမောသောမျက်နှာက အလွန်ကိုနီးကပ်လာတာမြင်ရတော့ ရုန်မိုအာက အနောက်သို့ခြေတစ်လှမ်းဆုတ်လို့ သူရဲ့အကြည့်ကို ရှောင်လိုက်ပြီး "ငါမဟုတ်ပါဘူး" ဟုပြောလိုက်သည်။
သူ့ရဲ့လက်တွေကို သူ့မရဲ့ခါးပေါ်တင်လိုက်ပြီး မျက်လုံးတွေကို မှေးကျည်းလိုက်ကာ ကုရှကျယ်က မေးလိုက်တာ"ဒါဆို မင်းက ဘာလို့ ငါ့နှင့် အကွာအဝေးထားနေတာလဲ"
"ငါ မဟုတ်ဘူး၊ မင်း အတွေးလွန်နေတာ"
"မင်း မဟုတ်ရင် မင်းက ဘာလို့ အမြုတေတွေကို မသိမ်းချင်တာလဲ။ ပစ္စည်းတွေကို ခွဲယူစေချင်တယ်လို့တော့ မပြောနဲ့နော် ငါက ဒီလိုမျိုးတော့ အဆင်မပြေဘူး။ အဲဒါတွေကို မင်းကကိုင်တွယ်တာက ပိုကောင်းတယ်"
ထိုစကားကိုပြောပြီးတာနဲ့ သူက အခြားနေရာဆီ လှည့်ထွက်သွားတယ်။ ရုန်မိုအာ ကတော့ အကျပ်ရိုက်စွာဖြင့် ထိုနေရာတွင် ရပ်ကျန်နေခဲ့သည်။
သူမကို ငြင်းဖို့တောင် အခွင့်မပေးတာကြောင့် အမြုတေတွေကို လွယ်အိတ်ထဲမှာထည့်ကာ သူ့နောက်ကိုသာ လိုက်သွားနိုင်တော့သည်။
လင်းယုန်အဖွဲ့ကတော့ အသက်ရှင်ကျန်ရစ်သူများအား လေ့ကျင့်ရေးပေးရန် အလုပ်ရှုပ်နေချိန်တွင် နတ်ဆိုးအဖွဲ့ဟာ အခြားသောဇွန်ဘီများနှင့် ရင်ဆိုင်နေရသည်။
"ဘုန်းး ဝှစ်"
"ရားးးး"
သတ္တုနံရံပေါ်၌ ရပ်နေသော ချင်လူဇီက ပြင်းထန်သော မီးလေဆင်နှာမောင်းကို ကြည့်ပြီးပြောလိုက်တယ် "မဆိုးပါဘူး ကျင်းဇီ"
ရှန်းကျင်းဇီက မီးလေဆင်နှာမောင်းကို ထိန်းချုပ်ရန် ရုန်းကန်နေရကာ အံကို တင်းတင်းကြိတ်ထားသည်။ သူ့နဖူးပေါ်တွင် ချွေးအလွှာလေးပေါ်လာကာ သူ့လက်ဖဝါးများထဲသို့ စွမ်းအင်ပိုသွင်းပေးလို့ မီးလေဆင်နှာမောင်းကို တည်ငြိမ်စေလိုက်သည်။
မီးလေဆင်နှာမောင်းရဲ့တိုက်ခတ်မှုကြောင့် ဖုတ်ကောင်များက ပြာများအဖြစ်သို့ လောင်ကျွမ်းသွားခြင်း သို့မဟုတ် ဗဟိုအတွင်းသို့ စုပ်ယူခြင်းခံရသည်။ လေဆင်နှာမောင်းအထဲသို့ ဖုတ်ကောင်များ ဝင်ရောက်သွားချိန်တွင်တော့ သူတို့ရဲ့ ခန္ဓာကိုယ်များဟာ အပိုင်းပိုင်း ပြတ်သွားကြသည်။
ဤကြီးမားသောတိုက်ခိုက်မှုကြောင့် နံရံအောက်ခြေရှိ ဖုတ်ကောင်အရေအတွက်က ချက်ခြင်းပင် ဆယ်ပုံတစ်ပုံအထိ လျော့ကျသွားသည်။
လေဆင်နှာမောင်း ဖြတ်သွားတာကို ကြည့်ရင်း ချင်လူဇီရဲ့ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ သူ့လက်ဖဝါးကိုဖြန့်ပြီး လက်ဖဝါးအပေါ်မှာ ပျံဝဲနေတဲ့ လေဆင်နှာမောင်းလေးတစ်ခုကို သူခေါ်လိုက်တယ်။
သူရဲ့စွမ်းအင်ကို အာရုံစိုက်ကာ လည်ပတ်နေသော လေကို ပြန်လည်ပုံဖော်သည်။ လေဆင်နှာမောင်းကို သူ ဖိသွင်းလိုက်သောအခါ ၊ ၎င်းက ပြားချပ်ချပ်သဏ္ဍာန်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။
မုန့်ပြားတစ်ချပ်လို ထင်ရသော်လည်း အချပ်ပြားလေးက မယုံနိုင်လောက်သော အရှိန်အဟုန်ဖြင့် လှည့်ပတ်နေကာ ၎င်းရဲ့အစွန်းများက ဓါးများထက် ထက်ရှသည်။ အဝေးဆီမှ သူရဲ့အသင်းဖော်များကပင် ၎င်းဆီမှ ဖြာထွက်နေသော ထက်ရှမှုကို ခံစားနိုင်သည်။
လေဓါးပြားက စက္ကူကဲ့သို့ ပါးလွှာသွားသည်အထိ ၎င်းကို ဆက်လက်ဖိသွင်းတယ်။ ဒီ လေဓါးပြားကို ဖန်တီးတာက လေဆင်နှာမောင်းကို ထိန်းသိမ်းထားတာထက် သိသိသာသာ စွမ်းအင်လျော့နည်းတာကို တွေ့ရတော့ သူ အံ့အားသင့်သွားတယ်။
သူက ချဉ်းကပ်လာသော ဖုတ်ကောင်များဆီသို့ လှည့်ကြည့်ပြီး သူ့လက်ကောက်ဝတ်ကို လှုပ်ရှားကာ လေဒါးပြားကို သူတို့ဆီသို့ ပစ်ချလိုက်သည်။
" ခရစ် ခရက် ခရစ် "
ဖုတ်ကောင်များကို ထောပတ်ဖြင့် ပြုလုပ်ထားသကဲ့သို့ လျင်မြန်စွာ လည်ပတ်နေသော လေဓါးပြားကဖြတ် တောက်သွားခဲ့သည်။ ဦးခေါင်းနှင့် ခြေလက်များကို သန့်ရှင်းစွာ ဖြတ်တောက်ခဲ့ပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ဖုတ်ကောင်များစွာက မြေပြင်ပေါ်သို့ လဲကျသွားသည်။
အနက်ရောင်သွေးများက နေရာတိုင်းတွင် ပြန့်ကျဲနေပြီး လေထဲတွင်တော့ အပုပ်နံ့များက ပြည့်နေသည်။
ထိန်းချုပ်ရန်အတွက် သိသာထင်ရှားသော အားထုတ်မှု လိုအပ်သည့် လေဆင်နှာမောင်းနှင့် မတူဘဲ၊
လေဓါးပြားကိုတော့ လွယ်ကူစွာ ကိုင်တွယ်နိုင်ကြောင်းကို ချင်လူဇီ သဘောပေါက်သွားသည်။ သူ့လက်ကောက်ဝတ်ကို ရိုးရှင်းစွာ လှုပ်ရှားလိုက်ခြင်းတော့ လေဓါးပြားရဲ့ ချွန်ထက်သော အသွားက လှည့်ကာ နံရံဆီသို့ ပြန်ပြီး ပျံသန်းလာခဲ့တယ်။
ဒါကိုမြင်တော့ ရှောင်ချီက "အစ်ကိုလူဇီ သတိထား၊ မင်းရဲ့တိုက်ခိုက်မှုက မင်းဆီပြန်လာနေပြီ"လို့ အလျင်အမြန် သတိပေးသည်။
ချင်လူဇီက သူရဲ့ထိတ်လန့်တုန်လှုပ်နေသော အသံကို ကြားသောအခါ ပြုံးလိုက်တယ်။ လေဓါးပြားက နှစ်မီတာအကွာအဝေးသို့ရောက်လာတဲ့အခါမှာတော့ သူ့လက်ကို မြှောက်လိုက်တာ သူ့လက်ဖဝါးရဲ့ တစ်လက်မခန့် အကွာမှာရပ်တန့်သွားသည်။ သူ့လက်ကို အနည်းငယ်နိမ့်ချထားလိုက်တယ်၊ လေဓါးပြားက သူ့လက်ဖဝါးအထက်တွင် တည်ငြိမ်စွာ လွင့်လို့နေတယ်။
ဒါကိုကြည့်ရင်း ကျိူးလီဇီက ပြုံးလိုက်တယ်။ သူရဲ့တိုက်ခိုက်မှုက သူမရဲ့ ရေဓါးနည်းပညာနှင့် ဆင်တူသည်။
အခြားသူများက သူရဲ့ကျွမ်းကျင်မှုအသစ်ကြောင့် အံ့အားသင့်နေကြသော်လည်း ချင်လူဇီကတော့သူရဲ့စွမ်းအင်ကို သူ့ခြေထောက်အောက်တွင် အာရုံစိုက်ခဲ့သည်။ နောက်အခိုက်အတန့်တွင်တော့ ဒူးကွေးကာ ခုန်ချလိုက်သည်။
သူ့ရဲ့ရုတ်တရက် လှုပ်ရှားမှုကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။ သူ့ကို ဖုတ်ကောင်အုပ်ထဲ ကျသွားလိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် လေထဲမှာ လွင့်မျောနေခဲ့တာကြောင့် သူတို့ဆီမှာ ထိတ်လန့်မှု တုန်လှုပ်မှုတွေပြည့်သွားကြတယ်။
ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့ပင် အံ့အားသင့်ခဲ့ကြသည်။ လေအမျိုးအစား စွမ်းရည်အသုံးပြုသူများက ပျံသန်းရန် ဖြစ်နိုင်သော်လည်း စွမ်းအင်သုံးစွဲမှုက ကြီးမားပြီး စွမ်းရည်ကို တိကျစွာ ထိန်းချုပ်ရန် လိုအပ်တယ်။
ချင်လူဇီကတော့ အခြားလေဓါးပြား တစ်ခုကို ဖန်တီးရင်း လေထဲတွင် သက်တောင့်သက်သာဖြင့် ပျံဝဲနေလေသည်။ သူ့လက်ကို ဝှေ့ယမ်းကာ ဖုတ်ကောင်အုပ်စုတစုကို လေဓါးပြားဖြင့်ဖြတ် တောက်လိုက်သည်။
သူ့က မသေနိုင်တဲ့ အင်မော်တယ်တစ်ယောက်လို လေထဲတွင်မျောလွှင့်နေရင်း ဖုတ်ကောင်တွေကို သတ်နေချိန်မှာ အခြား နတ်ဆိုးအဖွဲ့ဝင်တွေဆီမှာ မနာလိုစိတ်တွေ ပြည့်နှက်နေကြပါပြီ။
သူရဲ့ ရုပ်ရည်ကလည်း ကောင်းပြီး အခုဆို လေထဲမှာတောင်ပျံသန်းနိုင်နေပြီလေ။ အသင်းမှာသာ သူ့လိုလူရှိနေရင် အခြားသူတွေက ချစ်သူရည်းစားတွေ ဘယ်လိုရှာရတော့မှာလဲ။
လူတိုင်းက မနာလိုစိတ်ဖြင့် ရင်ထဲတွင်အော်ဟစ်နေချိန်တွင် ဖုန်းယွင်တစ်ယောက်ကသာ သူရဲ့စွမ်းရည်များကို စမ်းသပ်ရန် အလုပ်များနေတယ်။ သူရဲ့အာကာသအက်ကွဲမှုဖြင့် ဖုတ်ကောင်အများအပြားကို ချေမှုန်းနိုင်သော်လည်း ရေရှည်တိုက်ပွဲအတွက်တော့ ဒါက ကောင်းမွန်သော အဖြေမဟုတ်ပေ။
အရာအားလုံးကို စုပ်ယူနိုင်တဲ့ အာကာသအက်ကြောင်းတစ်ခုကို ဖန်တီးနိုင်တယ်ဆိုရင် သီအိုရီအရတော့ သတ္တုကျည်ဆန်တွေကို ပစ်လွှတ်ဖို့အတွက်လဲ သူ့ရဲ့အာကာသကို အသုံးပြုနိုင်သင့်ပါတယ်။
ဒီစိတ်ကူးကို စိတ်ထဲမှာ စွဲမှတ်ထားပြီး သူ့ရဲ့ အာကာသစွမ်းရည်ကို သူ့လက်ချောင်းထိပ်မှာ စုစည်းကာ ဖုတ်ကောင်တွေဆီကို သူ့လက်ချောင်းတွေလှုပ်ရှားလိုက်ပါတယ်။ အာကာသစွမ်းအင်နှင့် ချိတ်ဆက်မှုကို ဖြတ်တောက်မည့်အစား ၎င်းတို့ကို ရော်ဘာကဲ့သို့ ဆန့်ထုတ်လိုက်သည်။
စက္ကန့်ပိုင်းလေးအတွင်းမှာပဲ သူ့အရှေ့မှာ သူ့ရဲ့ အာကာသ သိုလှောင်မှု ပုံသဏ္ဍာန်ကို မြင်လိုက်ရတယ်။ သူ့စိတ်ကိုသုံးပြီး သူ့အာကာသထဲက သတ္တုကျည်ဆန် လက်တစ်ဆုပ်စာ ထုတ်ယူလိုက်တယ်။
နောက်အခိုက်အတန့်တွင် သတ္တုကျည်ဆံများဟာ သူရဲ့အာကာသစွမ်းအင်ဖြင့်ဖန်တီးထားသော ချိတ်ဆက်ဧရိယာမှ ထွက်လာကြတယ်။ သူ့ရဲ့အာကာသနှင့် ပြင်ပကမ္ဘာကြားက ဆွဲငင်အား ကွာခြားမှုကြောင့် ကျည်ဆန်များက မယုံနိုင်လောက်စရာအရှိန်ဖြင့် ပျံသန်းသွားသည်။
ကျည်ဆန်များက ဖုတ်ကောင်များကို ထိမှန်သော်လည်း သူတို့ရဲ့ ဦးတည်ရာကိုတော့ မထိန်းချုပ်နိုင်ခဲ့ပေ။ ကျည်ဆန်အချို့က ဖုတ်ကောင်များ၏ဦးခေါင်းများကို ထိမှန်နိုင်ခဲ့ပြီး ၎င်းတို့ရဲ့ ဦးခေါင်းခွံများကို ထိုးဖောက်ကာ ချက်ခြင်းသေဆုံးသွား စေခဲ့သည်။ အခြားကျည်ဆန်များကတော့ ၎င်းတို့ရဲ့ပစ်မှတ်များကို လွဲချော်သွားကြသည်။
သူ့မှာ တိကျမှု မရှိသေးပေမယ့် ဖုန်းယွင်ကတော့ ပီတိဖြစ်နေပါတယ်။ တိုက်ခိုက်ရေးလမ်းကြောင်းကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်လျှင် သူ့လက်ထဲတွင်တော့ ဤသတ္တုကျည်ဆန်များက သေစေနိုင်သည့် လက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။
အခန်း-(၁၅၂)
နတ်ဆိုးအဖွဲ့က ဖုတ်ကောင်များကို ဆက်လက်သတ်ဖြတ်နေပြီး အနောက်မိုးကုပ်စက်ဝိုင်းက နေကတော့ ဖြည်းညှင်းစွာ ကျဆင်းသွားသည်။ ဒါကိုမြင်တော့
ကျင်းရွှီယန်းက "လနီမထွက်လာခင် ဒီဖုတ်ကောင်တွေကို ငါတို့အမြန်ဆုံးရှင်းပစ်သင့်တယ်"
သူ့အမိန့်ကိုကြားတော့ စစ်သားတွေက ခေါင်းတညိတ်ညိတ်နဲ့ “နားလည်ပါပြီ” လို့ တညီတညွတ်တည်း ပြန်ဖြေကြသည်။
သူတို့ဟာ အမိန့်ကို လိုက်နာကြပြီး သူတို့ရဲ့ စွမ်းရည်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်ခဲ့ကြသည်။
" ဘုန်းး ဘုန်း ဘုန်းး"
ပေါက်ကွဲသံများက မီတာရာဂဏန်းအထိပင် ပဲ့တင်ထပ်သွားသည်။ နေကွယ်ပျောက်ပြီး လနီတက်လာတော့ ဖုတ်ကောင်များဆီက ဟိန်းဟောက်သံများထွက်လာကြတယ်။
" ဂါးးးးး"
ဖုတ်ကောင်ရဲ့ဦးခေါင်းဆီသို့ ရွေ့လျားသွားသော ကျို့ဟွာကျဲရဲ့ စပျစ်နွယ်ပင်က ပိတ်ဆို့ခံလိုက်ရသည်။ ဒါကိုမြင်တော့ သူ့မျက်လုံးတွေထဲမှာ အံ့သြမှုတွေအပြည့်နဲ့ စပျစ်နွယ်ပင်တွေကို ပြန်ဆွဲယူလိုက်တယ်။
"ဂါးးးး"
ဖုတ်ကောင်တစ်ကောင်က သူရဲ့စပျစ်နွယ်ပင်ကို ဖမ်းဆွဲကာ ပြင်းထန်စွာ ချုပ်ကိုင်လိုက်သည်။ နေ့ခင်းဘက်နှင့် နှိုင်းယှဉ်ပါက ညဘက်ဆ်ိုရင်တော့ ဖုတ်ကောင်များရဲ့ အင်အားက အနည်းဆုံးတော့ ၅၀% တိုးမြင့်လာခဲ့သည်။ သူတို့ရဲ့ ကြံ့ခိုင်မှုအပြင် ၊လျင်မြန်သွက်လပ်မှုကလဲ တိုးတက်လာသည်။
ကျို့ဟွာကျဲကို နံရံပေါ်မှ ဆွဲချတော့မည်ကို မြင်လိုက်ရတော့ ကျိူးလီဇီက လက်ကောက်ဝတ်ကို လှုပ်ရှားကာ ဖုတ်ကောင်များဆီသို့ ရေဓားများကို ပေးပို့လိုက်သည်။
" ခရစ် ခရက် ခရစ်"
ရေဓါးတွေက ဖုတ်ကောင်ရဲ့ လက်တွေကို ခုတ်ဖြတ်လိုက်ပြီး စပျစ်နွယ်ပင်တွေကို လွတ်မြောက်စေလိုက်တယ်။ သူမရဲ့ လက်ကောက်ဝတ်ကို နောက်တစ်ကြိမ် လှုပ်ရှားလိုက်တော့ထက်ရှတဲ့ ရေဓါးတွေက လှည့်ထွက်သွားပြီး ဖုတ်ကောင်များရဲ့ ဦးခေါင်းများကို ဖြတ်တောက်ပစ်လိုက်သည်။
ကျို့ဟွာကျဲ အပြင် ကျန်အဖွဲ့သားများမှာလည်း ဖုတ်ကောင်များရဲ့ တိုက်ခိုက်မှုကိုကာကွယ်ရန်အတွက် ရုန်းကန်နေရသည်။ ၅၀၀ ထက်နည်းသော ဖုတ်ကောင်ပမာဏသာ ကျန်ရှိနေတော့တာကို တွေ့လိုက်တော့ ကျင်းရွှီယန်းကအမိန့်ပေးလိုက်တယ် "အားလုံး ဆုတ်ခွာသွားကြ"
သူ့အမိန့်ကိုကြားတာနဲ့ စစ်သားတွေက ပလက်ဖောင်းပေါ်ကနေ သတ္တုနံရံပေါ်ကို ခုန်တက်သွားကြသည်။ သူတို့ကပ္ပတိန် ကျင်းရွှီယန်းက လက်ကိုမြှောက်ထားပြီး ဖုတ်ကောင်တွေဆီကို မီးလုံးတွေ ဆက်တိုက် ပစ်လွှတ်နေတာကို သူတို့ရဲ့ အမြင့်စီး အနေအထားကနေတွေ့လိုက်ရပါတယ်။
အနက်ရောင်မီးတောက်များက ဖုတ်ကောင်အလုံးအရင်းကို လွှမ်းခြုံလိုက်သောအခါတွင်တော့ စုပ်ယူထားသော စွမ်းအင်များကို ကျင်းရွှီယန်းက သူတို့ရဲ့ တွဲထားသောလက်တွေမှတစ်ဆင့် ကျိူးလီဇီထံ သို့ လွှဲပြောင်းပေးခဲ့သည်။
စွမ်းအင်များကို သူတို့ရဲ့ ခန္ဓာကိုယ်မှ မလွှတ်ထုတ်ပါက၊ သူတို့ နှစ်ဦးစလုံးဟာ လွန်ကဲစွာစုပ်ယူမှုကြောင့် မပေါက်ကွဲပါက အတွင်းပိုင်းဒဏ်ရာများ ခံစားရမည်ဖြစ်သည်။
ကျိူးလီဇီက သူမရဲ့လက်ကို မြှောက်လိုက်ပြီး ရေဘောလုံးကို ဖန်တီးလိုက်သည်။ ကျင်းရွှီယန်း တစ်ယောက်တည်းကတောင် ဖုတ်ကောင်တွေကိုရှင်းပစ်ဖို့ လုံလောက်နေပြီမို့ သူမက အရင်ကလို တိုက်ခိုက်ဖို့မလုပ်တော့ဘဲ အဲဒီအစား ရေဘောလုံးရဲ့ အရွယ်အစားကို ချဲ့ထွင်ဖို့သာ အာရုံစိုက်ခဲ့တယ်။
မိနစ်သုံးဆယ်အကြာတွင် ဖုတ်ကောင်တစ်အုပ်လုံးက ပြာများဖြစ်သွားကြသည်။
နောက်ဆုံးတော့ ကျင်းရွှီယန်းက ကျိူးလီဇီရဲ့ လက်ကို လွှတ်လိုက်ပြီး လေထဲတွင် လွင့်မျောနေသော သူမရဲ့ ရေဘော်လုံးကြီးကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းရဲ့ အရွယ်အစားကို ကြည့်ရရင်တော့ အနည်းဆုံးတော့ ရေဂါလံ ၁၀၀၀၀ ပါရှိသည်။
သူမက ဘာကြောင့် ဒီလောက်ကြီးမားတဲ့ ရေဘော်လုံးကြီးကို ဖန်တီးခဲ့တာလဲလို့ စစ်သားတွေက အံ့သြနေချိန်မှာ ကျိူးလီဇီကတော့ သက်ပြင်းတစ်ချက်ချလိုက်ပါတယ်။ သူမက ကျင်းရွှီယန်းမှ ပေးပို့သောစွမ်းအင်အားလုံးကို ရေဘောလုံးဖန်တီးရန် အသုံးပြုခဲ့သည်။
နောက်ဆုံး ရေဘော်လုံးရဲ့အရွယ်အစားကို မြင်လိုက်ရသောအခါတွင်မှ သူလွှဲပြောင်းပေးခဲ့သော စွမ်းအင်က လက်ရှိ သူမရဲ့စွမ်းအင်ရေကန်ရဲ့ အမြင့်ဆုံးစွမ်းရည်ထက် နှစ်ဆနီးပါးဖြစ်နေကြောင်း သိလိုက်ရသဖြင့် အံ့သြသွားမိသည်။
ရှောင်ချီ နှင့် ဖုန်းယွင်တို့က ရေဘောလုံးကို တိုက်ရိုက်မသိမ်းဆည်းနိုင်တဲ့အတွက် သူမရဲ့နေရာလွတ်မှာ ထားဖို့ကလွဲပြီး အခြားရွေးချယ်စရာမရှိတော့ပါဘူး။
သူမရဲ့ ဘယ်ဘက်လက်ကို မြှောက်ရင်း စစ်သားများကို မော့ကြည့်လိုက်သည်။ ခဏလောက်စဉ်းစားပြီးတော့မှ ဘယ်ဘက်လက်ကို ဝှေ့ယမ်းရင်း ညာလက်ကောက်ဝတ်ကို လှုပ်ရှားလိုက်တယ်။
သူမရဲ့ အာကာသနေရာလွတ်ထဲတွင် ဧရာမ ရေဘော်လုံးကြီးကို သိမ်းဆည်းလိုက်သည့်အခိုက်တွင်ပဲ သေးငယ်သော ရေဘော်လုံးများကို ဖန်တီးပြီး ၎င်းတို့ကို လူအများရဲ့ မျက်စိအောက်တွင်ပေါက်ကွဲစေခဲ့သည်။ ထိုသေးငယ်သော ပေါက်ကွဲမှုများကို အာရုံစူးစိုက်မှုဖြစ်အောင် အသုံးပြုခဲ့တာကြောင့် ရေဘော်လုံးကြီး ရုတ်တရက် ပျောက်ဆုံးသွားတာကို မည်သူမျှ သတိမထားမိခဲ့ကြပေ။
ရေဘော်လုံးများပေါက်ကွဲသွားတာကို မြင်သောအခါမှာတော့ အားလုံးက စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်ကြသည်။ တစ်ကယ်လို့ သူတို့သာ ထိုရေဘော်လုံးများကို သိမ်းဆည်းနိုင်ခဲ့မယ်ဆိုရင် လပေါင်းများစွာ ရေပြတ်လပ်သွားမည်ကို စိုးရိမ်နေစရာ မလိုတော့ပေ။ အားအင်တွေ ဖြုန်းတီးလိုက်တာပဲ။
သူ့ရဲ့အာ့ဇီက ပြီးသွားတာကိုမြင်တော့မှ ကျင်းရွှီယန်းက အမိန့်ပေးလိုက်တယ် "ရှောင်ချီ အမြုတေတွေကို စုဆောင်းပါ"
"ဟုတ်ကဲ့ ကပ္ပတိန်" ရှောင်ချီက မြေပြင်ပေါ်မခုန်ချခင် အရင်ဆုံးသတ္တုပလက်ဖောင်းပေါ်သို့ ခုန်ဆင်းလိုက်သည်။
သူ အမြုတေများကိုစုဆောင်းစဉ်တွင် ၊ ကျန်အဖွဲ့သားများကလည်း နံရံနှင့် ပလက်ဖောင်းများမှ ခုန်ဆင်းလာကြသည်။ ထို့နောက် ဝိန့်မိုက သတ္တုနံရံနှင့် ပလက်ဖောင်းကို သတ္တုကျည်ဆန်များအဖြစ် ပြောင်းလဲခဲ့သည်။
သူပြီးတာနဲ့ ဖုန်းယွင်က ကျည်ဆံတွေကို သူ့နေရာနဲ့သူ အမြန်သိမ်းလိုက်သည်။ ဝိန့်ညီအကိုများနှင့်အတူဆိုရင် ခဲယမ်းမီးကျောက်ကုန်သွားမည်ကို စိုးရိမ်စရာမလိုပေ။
ရှောင်ချီသည် အမြုတေများကိုစုဆောင်းပြီးတာနှင့် စခန်းသို့မပြန်မီတွင် ကျိူးလီဇီထံ အားလုံးကိုပေးအပ်ခဲ့သည်။ ဘယ်သူကမှ မကြည့်တဲ့အခါမှာမှ သူမရဲ့ အာကာသထဲမှာ အမြုတေတွေကို တိတ်တဆိတ် သိမ်းဆည်းလိုက်ပါတယ်။
သူတို့ပြန်ရောက်ရှိလာချိန်တွင် အသက်ရှင်ကျန်ရစ်သူများက နိုးလာခဲ့သည်။ ကျင်းရွှီယန်းက သူတို့ကိုနေဖို့ခွင့်မပြုဘဲ နောက်နေ့မနက်မှာပဲ ထွက်သွားဖို့ကို အမိန့်ပေးလိုက်သည်။
ရေချိုးပြီး ညစာစားပြီးနောက်တော့ အဖွဲ့သားများက တစ်ညတာကို အနားယူလိုက်ကြပြီး ကျန်အဖွဲ့များကတော့ အလှည့်ကျ လှည့်ပတ်ကြည့်ရှုကြသည်။
နောက်တစ်နေ့နံနက် နေထွက်သောအချိန်တွင်
ကျိူးလီဇီက သူမရဲ့နေရာလွတ်မှ ကျောပိုးအိတ်လေးလုံးကို ထုတ်ယူပြီး နှစ်ပတ်ကြာ အစာနှင့်ရေကို လုံလောက်စွာဖြည့်လိုက်သည်။ ထို့နောက် ကျင်းရွှီယန်းအား မပေးလ်ိုက်မီတွင် ဆေးအချို့ကိုလည်း သူမ ထည့်ပေးခဲ့သည်။
ကျောပိုးအိတ်တွေကို ထမ်းထားတဲ့ ကျင်းရွှီယန်းက အသက်ရှင်ကျန်ရစ်သူတွေဆီကို လျှောက်သွားပြီးပြောလိုက်တယ် "အိတ်ထဲမှာ နှစ်ပတ်စာ ရိက္ခာနှင့် ရေတွေ လုံလုံလောက်လောက်ရှိတယ်။ ကျန်းနင်မြို့ကို သွားပြီးတော့ အဲဒီက အစိုးရကတည်ဆောက်ထားတဲ့ အသက်ရှင်ကျန်ရစ်သူ အခြေစိုက်စခန်းကို သွားလို့ရတယ်"
ဒီလူအုပ်စုက စစ်သားတွေဆိုတာကို အသက်ရှင်ကျန်ရစ်သူတွေက သိတယ်။ ဒါပေမယ့် ထိုအသင်းက သူတို့ကို ခေါ်ယူဖို့ ဆန္ဒမရှိတာကြောင့် သူတို့ကငြင်းဆိုခြင်း မရှိခဲ့ပါဘူး။ ကျောပိုးအိတ်များနှင့် လက်နက်များကို လက်ခံပြီးနောက်တော့ လမ်းခွဲသွားခြင်းမပြုမီတွင် နတ်ဆိုးအဖွဲ့နှင့် နံနက်စာစားလိုက်ကြသည်။
အသက်ရှင်ကျန်ရစ်သူများ ထွက်သွားသောအခါမှ ကျင်းရွှီယန်းက သူ့အဖွဲ့ကို ကြည့်ပြီး "လူစုလိုက် ကျန်တဲ့ စက်ရုံတွေကို စစ်ဆေးပြီးမှ ထွက်သွားမယ်" လို့ ပြောလိုက်တယ်။
"ဟုတ်ကဲ့ ကပ္ပတိန်"
သူတို့ အားလုံးကို ထုပ်ပိုးပြီးချိန်မှာဆို မနက်ခုနစ်နာရီထိုးနေပါပြီ။ သူ့တို့ဟာ သံချပ်ကာယာဉ်များပေါ်တက်ကာ ဆိုလာပြားစက်ရုံသို့ တန်းတန်းမတ်မတ် မောင်းနှင်သွားခဲ့ကြသည်။
ဖုတ်ကောင်တွေကို မနေ့က ရှင်းပြီးပြီမို့ စက်ရုံကို တိုက်ရိုက်သွားလိုက်ကြတယ်။ ချင်လူဇီ နှင့် ကျန်အဖွဲ့သားများက အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေစဉ်တွင် ကျိူးလီဇီ နှင့် ကျင်းရွှီယန်း တို့ကတော့ ဂိုဒေါင်ဆီသို့ ဦးတည်သွားခဲ့ကြသည်။
စက်ရုံတွင် ဂိုဒေါင်ဆယ်လုံးရှိသည်။ မိုနိုခရစ်စတယ်လိုင်း ဆိုလာပြား နှင့် ပိုလီခရစ်စတယ်လိုင်း ဆိုလာပြားများအပြင်၊ ပါးလွှာသော ဖလင်ဆိုလာပြားများလည်း ရှိသည်။ အကန့်များက အရွယ်အစားနှင့် စွမ်းအင်စုပ်ယူတာကို ထိရောက်မှု ကွဲပြားသည်။
ကျိူးလီဇီက ဆိုလာပြားများအကြောင်းကို များများစားစားမသိသောကြောင့် အရာအားလုံးကို သူမရဲ့နေရာလွတ်အတွင်း၌သာ သိမ်းဆည်းထားသည်။ ထို့နောက် သူမက အနီးပတ်ဝန်းကျင်ကို သွားရောက်စစ်ဆေးလိုက်တော့ စက်ရုံတစ်ခုလုံးတွင် တပ်ဆင်ထားသည့် ဆိုလာပြားများ ထပ်မံတွေ့ရှိခဲ့သည်။
အခန်း-(၁၅၃)
တစ်နာရီကြာပြီးနောက်မှ ချင်လူဇီက အခြားသူများနှင့်အတူ ပြန်ရောက်လာပြီး "ကပ္ပတိန်၊ အသက်ရှင်ကျန်ရစ်သူ မရှိဘူး" ဟု သတင်းပို့လာသည်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး ပြောလိုက်တယ် "သွားရအောင်"
ဆိုလာပြားစက်ရုံမှ ထွက်ခွာသွားပြီးနောက်မှ ဆေးဝါးစက်ရုံသို့ သွားလိုက်ကြသည်။ ယခုတစ်ကြိမ်တွင်တော့ ရှောင်ချီ နှင့် ဖုန်းယွင်တို့က ဆေးဝါးများစုဆောင်းရန်အတွက် ဂိုဒေါင်အဖွဲ့တွင် ပါဝင်ခဲ့ပြီး ကျန်လူများက အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရာတွင် ဦးဆောင်ခဲ့သည်။
ကျန်းယွမ်က သံချပ်ကာယာဉ်ကို မောင်းနှင်နေစဉ်တွင် ချင်လူဇီကတော့ သူ့စိတ်မြေပုံကို စစ်ဆေးကြည့်ရှုနေသည်။ မြေပုံပေါ်တွင် ပြန့်ကျဲနေသော အနီစက်များအပြင် အခြားဘာမျှမရှိပါ။
ဆေးဝါးစက်ရုံရဲ့ အရွယ်အစားက ဆိုလာပြား စက်ရုံထက် ပိုကြီးပြီး အိပ်ဆောင်ဧရိယာသို့ ရောက်ရန် မိနစ်သုံးဆယ်ကြာသည်။
ဤတစ်ကြိမ်မှာတော့ အိပ်ဆောင် အဆောက်အဦးများတွင် အစိမ်းနှင့် အနီအစက်များ အဖြူအစက်များ ရောနှောနေတာကို တွေ့လိုက်ရသည်။ သူက အဆောက်အဦးကို ညွှန်ပြပြီး "ဒုကပ္ပတိန် အဆောက်အဦးထဲမှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိတယ်" လို့ ပြောလိုက်တယ်။
ကျန်းယွမ်ောက ခေါင်းညိတ်ပြပြီး ကားကို အိပ်ဆောင်ဧရိယာထဲသို့ မောင်းသွားလိုက်သည်။ သံချပ်ကာကားများမှ ထွက်လာပြီးနောက်တော့ "လီစီခိုင်၊ ယင်းယွီရှန်း၊ မင်းတို့နှစ်ယောက်စလုံး ဒီမှာနေပြီး ကားတွေကို စောင့်နေကြ။ ကျန်တဲ့သူတွေ ငါနဲ့လိုက်ခဲ့"လို့ အမိန့်ပေးသည်။
သူတို့ နှစ်ယောက်ရဲ့ စွမ်းရည်က မနိုးထသေးတာကြောင့် လိုက်လာဖို့ကို ဘယ်သူကမှမတိုက်တွန်းဘဲ ကားတွေကိုသာ စောင့်နေကြရတယ်။
အဆောက်အဦးနဲ့ ဆယ်မီတာအကွာတွင် သူတို့ရောက်တော့ ချင်လူဇီကပြောလိုက်တယ် "ဒုကပ္ပတိန် ၊ မြေညီထပ်မှာ ဖုတ်ကောင်ပေါင်း ၂၉ ကောင်ရှိပြီး အစောင့်အခန်းမှာတော့ ဖုတ်ကောင် ၇ကောင်ရှိတယ်"
"ကျင်းဇီ ၊ကုန်းပိုင် ၊ မင်းတို့နှစ်ယောက်က အစောင့်အခန်းကို သွားကြ၊ ကျန်သူတွေက ငါ့နောက်က လိုက်ခဲ့" လို့ သူ့ရဲ့သတိပေးချက်ကြောင့် ကျန်းယွမ်က သူတို့အဖွဲ့ကို နှစ်ဖွဲ့ခွဲပြီးအမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ ဒုကပ္ပတိန်"
"ဂါးးးး'
ကျန်းယွမ်က တံခါးကိုဖွင့်လိုက်တာနဲ့ ဖုတ်ကောင်တွေက သူတို့ရဲ့ရနံ့ကြောင့် စွဲဆောင်ခံရပြီး ပြေးဝင်လာကြသည်။
အဆောက်အဦးအတွင်းမှာ သော့ခတ်ခံထားရခြင်းကြောင့် ဖြစ်နိုင်သလို၊ ဖုတ်ကောင်များက မိုးရေမစိုသောကြောင့် အဆင့် သုညတွင်သာ ရှိသေးသည်။ ထို့ကြောင့် သားရဲများကဲ့သို့ ဟိန်းဟောက်နေကြသော်လည်း သူတို့ရဲ့ လှုပ်ရှားမှုများက နှေးကွေးနေပါသည်။
တုန်လှုပ်ချောက်ချားဖွယ် အဆင့်တစ်နှင့် အဆင့်နှစ် ဖုတ်ကောင်များကို တိုက်ခိုက်ပြီးတဲ့ နတ်ဆိုးအဖွဲ့အတွက်တော့ အခုလို တွားသွားနေတဲ့ နှေးကွေးတဲ့ဖုတ်ကောင်တွေက ချစ်စရာဖုတ်ကောင်များပင်။
သူတို့ရဲ့ဓားသွားတွေကို ထုတ်ယူပြီး ဂေါ်ဖီထုပ် တွေလို လှီးဖြတ်သလို ဖုတ်ကောင်တွေရဲ့ဦးခေါင်းတွေကို ရိတ်သိမ်း ပစ်လိုက်သည်။ သူတို့ရဲ့ စွမ်းအင်တွေကို အသုံးမပြုဘဲ ဖုတ်ကောင်တွေကို အလွယ်တကူ သတ်ပစ်နိုင်ခဲ့တယ်။
ဖုတ်ကောင်တွေကိုရှင်းဖို့ ဆယ်မိနစ်တောင် မကြာလိုက်ဘူး။ ထို့နောက်တော့ ပုပ်နေသောခေါင်းများကို ခွဲကာ အမြုတေများကို ရှာဖွေကြသည်။
ဆယ့်ငါးမိနစ်လောက်ကြာတော့ ကျို့ဟွာကျဲက သတင်းပို့လာတယ်" ဒုကပ္ပတိန် ၊ အမြုတေတွေ လုံးဝမရှိဘူး"
ကျန်းယွမ်က စိတ်ပျက်သွားပြီး တွေးဆဆဖြင့် ပြောလိုက်သည် "အပြင်က အဲ့ဒီဖုတ်ကောင်တွေပဲ အမြုတေတွေရှိပုံရတယ်။ အချိန်မဖြုန်းဘဲ ကျန်တဲ့ ဖုတ်ကောင်တွေကို ရှင်းပစ်လိုက်ကြရအောင်"
အားလုံးက ခေါင်းညိတ်ပြပြီး လှေကားအတိုင်း တက်သွားကြသည်။ အိပ်ဆောင်တွင် အထပ်ခြောက်ထပ်ရှိသော်လည်း ဓာတ်လှေကားမရှိဘဲ လှေကားများသာရှိသည်။
ပထမထပ်ကို ခြေလှမ်းလိုက်တာနဲ့ အနံ့အသက်ဆိုးက နှာခေါင်းထဲသို့ ဝင်လာသည်။ ချင်လူဇီက သူ့မြေပုံကို စစ်ကြည့်ပြီး "ဖုတ်ကောင်တွေ မရှိဘူး" လို့ ပြောလိုက်တယ်။
သူ့စကားကြားတော့ အဖွဲ့က ဓားသွားတွေကို နှိမ့်ချပြီး နောက်တစ်ထပ်ကို တက်သွားကြသည်။ အဆောက်အဦးတစ်ခုလုံးရှိ ဖုတ်ကောင်များကို ရှင်းထုတ်ရန်အတွက် တစ်နာရီခန့် အချိန်ယူခဲ့ရသည်။ ပြီးသောအခါမှ ချင်လူဇီက ခြောက်ထပ်ရှိ တံခါးကို ခေါက်လိုက်သည်။
အချိန်အတော်ကြာအောင် စောင့်ပြီးတော့မှ အခန်းအတွင်းက လူတွေက မထွက်လာချင်ကြမှန်း သိလိုက်ပြီး ဒါကြောင့် သူက စကားသာပါးခဲ့သည် "ဒီအဆောက်အဦးထဲက ဖုတ်ကောင်တွေကို ငါတို့ရှင်းပြီးပြီ။ မင်းတို့ကထွက်လာပြီး ကျန်သူတွေကို အကြောင်းကြားလို့ရတယ်"
တုံ့ပြန်မှု မရှိတာကို တွေ့ရသဖြင့် "မင်းတို့ထွက်လာချင်ရင် ရေနှင်ါရိက္ခာတွေ ပေးမယ်"လို့ပြောကာ ဆွယ်လိုက်သည်။
ဒီစကားကိုပြောပြီး သိပ်မကြာခင်မှာပဲ တံခါးကပွင့်လာခဲ့တယ်။ ချောင့်ဝင်နေသော ပါးပြင်နှင့်လူက အပေါက်သေးသေးလေးမှ သူတို့ကို စိုက်ကြည့်ကာ "နင်က ဘယ်သူလဲ" ဟု အသံကျယ်ကျယ်ဖြင့် မေးလာသည်။
ချင်လူဇီက သူ့ကိုကြည့်ကာ ပြန်ဖြေလိုက်တယ် "ငါတို့က ကြေးစားအဖွဲ့ပါ"
"ဘာလို့ ငါတို့ကို ကူညီနေတာလဲ၊ မင်း ဘာလိုချင်လို့လဲ"လို့ ဒီ လူက ထပ်မေးတယ်။
"ငါတို့က မင်းဆီကနေ ဘာကိုမှ မလိုချင်ဘူး။ ဖုတ်ကောင်တွေ တိုးပွားနေတာကို ရပ်တန့်ချင်တာကြောင့် မင်းတို့ကို ကူညီပေးတာ။ မင်းသာအသက်ရှင်နိုင်ရင် အနည်းဆုံးတော့ မင်းက ဖုတ်ကောင်တချို့ကို သတ်ပစ်နိုင်တယ်" လို့ ကျန်းယွမ်က ပြန်ဖြေတယ်။
သူ့စကားကိုကြားတော့ အဲဒီလူကထပ်မေးကာ အတည်ပြုသည် “မင်းက ငါတို့ကို ရိက္ခာတွေ တကယ်ပေးမှာလား"
ကျန်းယွမ်က ခေါင်းညိတ်ပြပြီး "မင်းသာ ငါတို့နှင့် လိုက်ခဲ့မယ်ဆိုရင် ကျန်းနင်မြို့က အသက်ရှင်ကျန်ရစ်သူ အခြေစိုက်စခန်းဆီကို သွားဖို့အတွက် လုံလောက်တဲ့ ရိက္ခာတွေ ပေးမှာပါ"
လင်းယုန်အဖွဲ့နှင့် ပိုင်ရီကျီးတို့အဖွဲ့က ကျန်းနင်မြို့ကို သွားနေသောကြောင့် ထိုအသက်ရှင်ကျန်ရစ်သူများကို စေလွှတ်လိုက်ရန်က အဆင်ပြေသည်။ ဤအတွေးနဲ့ ကျန်းယွမ်က နောက်ထပ်လူများကို စေလွှတ်ခြင်းအတွက် အပြစ်ရိှစိတ်တစ်စုံတစ်ရာ မခံစားရပေ။
ပ်ိန်ပါးသောလူက တံခါးကိုပိတ်လိုက်ပြီး မိနစ်အနည်းငယ်အကြာတွင်မှ ပြန်ဖွင့်လာသည်။ ပိန်လှီသောလူအပြင် အခန်းထဲတွင် လူများစွာရှိသည်။
ဖြူဖျော့သော မျက်နှာများနှင့် နှုတ်ခမ်းများကွဲနေတာ ကို တွေ့သောအခါ ချန်ချန်းဖုန်းက မေးလ်ုက်တယ်"ရဲဘော်၊ မင်းမှာ ရေထည့်တဲ့ ဗူးရှိလား"
သူ့စကားကိုကြားတော့ ခပ်ပိန်ပိန်နဲ့အမျိုးသမီးက ခေါင်းညိတ်ပြပြီး ဗူးအလွတ်ကို လက်တုန်တုန်နဲ့ လွှဲပေးလာတယ်။ ချန်ချန်းဖုန်းက ဗူးကိုယူကာ အဖုံးဖွင့်လိုက်သည်။
သူ့လက်ချောင်းတွေကို တစ်ချက် လှုပ်ရှားလိုက်တာနဲ့ လေထုထဲက ရေများထွက်လာပြီး ဗူးထဲသို့ စီးကျသွားသည်။ မိနစ်အနည်းငယ်အတွင်းမှာပဲ ဗူးက ရေပြည့်သွားတယ်။ ပြီးတဲ့အခါမှာပဲ အမျိုးသမီးကို ပြန်ပေးလိုက်သည်။
ရေကိုမြင်လိုက်တော့ အားလုံးက နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်တယ်။ ရေငတ်သော်လည်း ရေက သောက်ရန် ဘေးကင်းကြောင်း မသိပေ။
ဘုံပိုင်ခေါင်းကရေ သို့မဟုတ် မိုးရေကို သောက်ပြီးတဲ့နောက် လူများ ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားတာကို သူတို့တွေ့ခဲ့ရသည်။ ဒါကြောင့် ဘယ်သူကမှ ရေကို ပေါ့ပေါ့ဆဆ မသောက်ရဲကြဘူး။
အမျိုးသမီးက သူတို့ရဲ့အကြည့်များကို သတိပြုမိပြီး သူမ ရဲ့လည်ချောင်းများက ပူလောင်နေတာကိုလည်း ခံစားရသည်။ အခန်းအပြင်က လူတွေကို ကြည့်လိုကိပြီး သူတို့ကို ယုံကြည်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
မျက်လုံးကိုမှိတ်ပြီး အဆိပ်သောက်သလိုမျိုး ရေကို သောက်ချလိုက်သည်။
သူမရဲ့ပါးစပ်ထဲသို့ ရေများစီးဝင်လာသည့်အခိုက်တွင်ပဲ အေးမြသောခံစားမှုတစ်ခုက သူမရဲ့လည်ချောင်းထဲသို့ စီးကျလာပြီး ပူလောင်သောခံစားမှုကို သက်သာစေသည်။ ရေပုလင်းတစ်ဝက်မကုန်သွားမီ ရေအနည်းငယ်လောက်ကို သောက်ပြီးနောက် အကြိမ်ပေါင်းများစွာ မျက်တောင်ခတ်ခဲ့သည်။
အမည်မသိတဲ့ရေကို သောက်ပြီးနောက်မှာတောင် သူမ နေကောင်းနေသေးမှန်း တွေ့လိုက်ရသဖြင့် ကျန်လူများက ချန်ချန်းဖုန်းကို ရွှေငန်းတစ်ကောင်လို ကြည့်လိုက်ကြတယ် ။ သူတို့ထဲမှ တစ်ယောက်က “ရဲဘော်၊ ရေနည်းနည်း ပေးလို့ရမလား” ဟု မေးလိုက်သည်။