← Chapters

အခန်း (၁၁၆)

Vol. 8 Ch. 116

အခန်း (၁၁၆)

Vol. 8 Ch. 116

‎

‎ချင်လူဇီက အစိမ်းရောင်အစက်ကလေးနဲ့ တစ်ယောက်ကို ညွှန်ပြပြီး "အဆင်ပြေတယ်။ သူ့ကို စခန်းထဲကို ခေါ်သွားပြီး သူ့အပူချိန်ကို သေချာစစ်ဆေးလိုက်။ ပြီးရင်နောက်တစ်ယောက်ကို ထပ်ပြီး စောင့်ကြည့်" လို့ ပြောလိုက်တယ်။

‎

‎

‎"နားလည်ပါပြီ"

‎

‎

‎ထိုအမိန့်ကို ချန်ထားခဲ့ကာ ချင်လူဇီက

‎ ကျန်းယွမ်ကို ရှာရန် သွားလိုက်သည်။

‎

‎

‎ထိုအချိန်တွင် ကျန်းယွမ်က ဝေယင်းနှင့် ဂြိုလ်တုဖုန်းဖြင့် စကားပြောနေသည်။ ချင်လူဇီ ချဉ်းကပ်လာတာကို သူမြင်တော့ စောင့်ဆိုင်းရန် လက်ပြလိုက်သည်။

‎

‎

‎"ဗိုလ်ကြီးဝေ၊ မင်းရဲ့အခြေအနေကို ငါတို့နားလည်ပါတယ်။ ဒါပေမယ့် ငါတို့အဖွဲ့က အသက်ရှင်ကျန်ရစ်သူတွေကို အသက်ရှင်ကျန်ရစ်သူစခန်းဆီ ခေါ်ထုတ်သွားဖို့ကမဖြစ်နိုင်ဘူး" လို့ ကျန်းယွမ်က အခိုင်အမာပြောလိုက်တယ်။

‎

‎

‎အခြားတစ်ဖက်က ဝေယင်းကတော့ သက်ပြင်းချကာ " လူအို ကျန်း ငါ့အဖွဲ့မှာက ကားကအကန့်အသတ်နဲ့ရှိတယ်ဆိုတာ မင်းသိပါတယ်။ လူအများကြီးကို သယ်ယူပို့ဆောင်ဖို့ နည်းလမ်းမရှိဘူး၊ ငါတို့အဖွဲ့အတွက် ရိက္ခာကလဲ လုံလုံလောက်လောက်မရှိဘူး" လို့ ပြောလိုက်တယ်။

‎

‎

‎ကျန်းယွမ်က ခဏလောက် နှုတ်ဆိတ်နေပြီးမှ "ဗိုလ်ကြီးဝေအသက်ရှင်ကျန်ရစ်သူတွေအတွက်ရော မင်းတို့အဖွဲ့အတွက်ရော ရိက္ခာအလုံအလောက်ပေးမယ်လို့ ငါကတိပေးတယ်။ ဒါပေမယ့် မင်းတို့ကကိုယ်ပိုင်ယာဉ်တွေကိုတော့ ရှာရလိမ့်မယ်" လို့ ပြောလိုက်တယ်။

‎

‎

‎"ပတ်ပတ်လည်မှာက စွန့်ပစ်ထားတဲ့ ကားတွေက အများကြီးပဲ့။ အခုအခြေအနေမှာဆို ဘတ်စ်ကား ဒါမှမဟုတ် ထရပ်ကား အနည်းငယ်ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူးလို့တော့ ငါမထင်ပါဘူးလို့" သူက ဆက်ပြောလိုက်တယ်။

‎

‎

‎ဝေယင်းက သူ့စကားရဲ့အဓိပ္ပါယ်ကို ချက်ချင်းနားလည်လိုက်တယ်။ နတ်ဆိုးအဖွဲ့ကို သူတို့နဲ့အတူ အသက်ရှင်ကျန်ရစ်သူစခန်းဆီ ပြန်လိုက်ခိုင်းဖို့ဆိုတာက မဖြစ်နိုင်တဲ့ကိစ္စပဲ။‎သက်ပြင်းတစ်ချက်ချရင်း “လူအိုကျန်း မင်းတို့ တကယ်ပြန်မလာတော့ဘူးလား” လို့ မေးလိုက်တယ်။

‎

‎

‎"ဗိုလ်ကြီးဝေ ငါတို့က ကယ်ဆယ်ရေးတာဝန်ကို ပြီးမြောက်အောင် အတတ်နိုင်ဆုံး လုပ်ထားပြီးသား။ ညီအကိုတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။ သူတို့ရဲ့ မိသားစုတွေကို ငါတို့ မစွန့်ပစ်နိုင်ဘူး၊ ငါတို့က သူတို့ကို ကယ်တင်ရမယ်။ အဲဒါကိုလည်း ငါတို့ရဲ့ညီအစ်ကိုတွေဆီ ကတိပေးခဲ့တယ်"

‎

‎

‎"မင်းတို့ နားလည်ပြီး ငါတို့ရဲ့ ဆုံးဖြတ်ချက်ကို ဗိုလ်မှူးတွေဆီ အရောက်ပို့ပေးဖို့ ငါမျှော်လင့်ပါတယ်" ပြောလိုက်တယ်။ကျန်းယွမ်ရဲ့ အသံက မယိမ်းယိုင်သွားပေ။

‎

‎

‎

‎ညှိနှိုင်းရန်မရှိတော့မှန်းသိသဖြင့် ဝေယင်းက စိတ်လျော့ကာ "ငါနားလည်ပါပြီ။ မင်းတို့နဲ့အတူဘယ်နှစ်ယောက်လောက်ရှိနေပြီလဲ" လို့မေးလိုက်တယ်။

‎

‎

‎"မစ်ရှင်ပစ်မှတ်နဲ့ သူ့သူငယ်ချင်းတွေအပြင် ငါတို့ဆီမှာ အရပ်သား ၂၅၀ လောက်ရှိတယ်။ တချို့က စွမ်းအင်တွေ နိုးထလာပြီးပြီ မင်းအတွက် အသုံးဝင်နိုင်တယ်" ဟု ကျန်းယွမ် က ပြန်ဖြေသည်။

‎

‎

‎အရေအတွက်က သိပ်မများဘူးလို့ကြားတော့ ဝေယင်းက စိတ်သက်သာရာရသွားပြီး "မင်းတို့မှာ ရိက္ခာဘယ်လောက်ရှိလဲ" လို့ နောက်မေးခွန်းတစ်ခုကိုမေးလိုက်တယ်။

‎

‎

လင်းယုန်အဖွဲ့က အရပ်သားများကို ကယ်ထုတ်သွားစေလိုလျှင် သူအနေနဲ့ တွန့်တိုနေရန် မတတ်နိုင်မှန်းကို ‎ကျန်းယွမ်ကသိတာမို့ "အခုအချိန်မှာတော့ မင်းရဲ့အဖွဲ့နဲ့ အသက်ရှင်ကျန်ရစ်သူတွေအားလုံးက တစ်လလောက်နေနိုင်ဖို့အထိ လုံလောက်တယ်" ဟု ပြောခဲ့သည်။

‎

‎

‎"လောလောဆယ်မှာတော့ စက်ရုံခရိုင်ထဲက ဖုတ်ကောင်တွေကို ရှင်းထုတ်နေတယ်။ ရိက္ခာတွေကို ပိုစုဆောင်းနေတယ်။ မင်းရောက်လာတဲ့အချိန်ကြရင်တော့ ခွဲဝေရေးအကြောင်း ဆွေးနွေးလို့ရတယ်"

‎

‎

‎ဖုန်းခေါ်ဆိုမှုအတွင်း၌ ပထမဆုံးအကြိမ်အဖြစ် ဝေယင်းရဲ့ တင်းမာသောမျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ "ကောင်းပြီ ငါ့အဖွဲ့ကရောက်ခါနီးပြီ။ ငါတို့ တစ်နာရီလောက် နေရင်ဆုံကြမယ်" လို့ ပြောရင်း သူ့လေသံကပျော့သွားတယ်။

‎

‎

‎"ကောင်းပြီ"

‎

‎

‎ဖုန်းခေါ်ဆိုမှုအားအဆုံးသတ်ပြီးတဲ့နောက်မှ ‎ကျန်းယွမ်က ခေါင်းယမ်းလိုက်ပြီး "ဘယ်လောက်တောင် ကောက်ကျစ်တဲ့ မြေခွေးတစ်ကောင်လဲ" လို့ ရေရွတ်လိုက်တယ်။

‎

‎

‎ချင်လူဇီကို လှည့်ကြည့်လိုက်ပြီးတော့ "အဘိုးကြီးချင်၊ ဘာဖြစ်နေတာလဲ"လို့မေးလိုက်တယ်။

‎

‎

‎"ဒုကပ္ပတိန်၊ အသက်ရှင်ကျန်ရစ်သူအသစ်တွေထဲက တစ်ဦးက စွမ်းရည်နိုးထလာခဲ့ပြီး နောက်တစ်ဦးကတော့ ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲဖို့ အခွင့်အလမ်းမြင့်မားတယ်။ တစ်ဦးကတော့ ဗီဇပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။ ကျွန်ုတော်တို့က ဗီဇပြောင်းလဲသွားတဲ့တစ်ယောက်ကို ‌ရှင်းလင်းထားပြီးဖြစ်ပါတယ်"

‎

‎

‎တိုတိုတုတ်တုတ် တင်ပြမှုကိုကြားသော်‎ ကျန်းယွမ်ရဲ့ ရင်ဘတ်တွင် လေးလံမှုတစ်ခု ရောက်ရှိလာတယ်။ ဒါပေမယ့် သူ့ခံစားချက်တွေက သူ့ဆုံးဖြတ်ချက်ကို မထိန်းချုပ်နိုင်ပါဘူး။ သူက ခေါင်းညိတ်ပြီး "ကောင်းပြီ" ဟုပြောလိုက်သည်။

‎

‎

‎"ယင်းယွိီရှန်း၊ ဖုန်းယွင် နဲ့ ရှောင်ချီကို ခေါ်လိုက်" ဟု သူက ဆက်ပြောလိုက်တယ်။

‎

‎

‎“နားလည်ပါပြီ"လို့ပြောပြီး ညီအစ်ကိုတွေကိုခေါ်ဖို့ ထွက်သွားခဲ့သည်။

‎

‎

‎

‎မကြာခင်မှာပဲ့ ယင်းယွီရှန်း ၊ရှောင်ချီ နှင့် ဖုန်းယွင်တို့ ရောက်လာကြတယ်။ စစ်သားတွေက ကျန်းယွမ်ကို အလေးပြုကြပြီး ဖုန်းယွင်ရဲ့လှုပ်ရှားမှုတွေကတော့ တင်းမာ‌ နေပြီး အဆင်မပြေသော်လည်း တုန်တုန်ယင်ယင်ဖြင့် သူတို့ကို အတုယူသည်။ သူက စစ်သားမဟုတ်ဘူး။ ဒါကြောင့် အမူအရာက သူ့အတွက်တော့ သဘာဝမကျသလိုပဲ ခံစားရသည်။

‎

‎

‎သူမသက်မသာဖြစ်နေတာကို သတိထားမိတော့ ကျန်းယွမ် က တခစ်ခစ်ရယ်ပြီး "ဖုန်းယွင် မင်းကသူတို့လို လုပ်စရာမလိုဘူး။ ပုံမှန်အတိုင်းပဲနေ"လို့ပြောလိုက်တယ်။

‎

‎

‎ဖုန်းယွင်က ခေါင်းညိတ်ပြသော်လည်း သူ့နောက်ကျောကို တည့်မတ်အောင်ထိန်းထားကာ "ဟုတ်ကဲ့ ဒုဗိုလ်ကြီး" လို့ပြန်ဖြေလိုက်သည်။

‎

‎

‎သူ့ပုံစံကိုမြင်တော့ ကျန်းယွမ်က ဒီကိစ္စကို ဖိအားမပေးတော့ဘူး။ အဲဒီအစား သူလုပ်နေတဲ့အလုပ်ဆီကိုပဲ့ အာရုံပြန်ပြောင်းသွားတယ်။

‎

‎

‎"လင်းယုန်အဖွဲ့က တစ်နာရီအတွင်းမှာ ရောက်လာလိမ့်မယ်။ မင်းတို့သုံးယောက်ကတော့ စာရင်းယူပြီး လူ၅၀၀ အတွက် နှစ်လစာရှိတဲ့ ရိက္ခာတွေကို ပြင်ဆင်ဖို့ လိုတယ်"

‎

‎

‎ယင်းယွီရှန်းက သူ့အမိန့်ကိုကြားတော့ မျက်မှောင်ကြုတ်ပြီး "ဒုဗိုလ်ကြီး၊ ငါတို့က ဒီလောက်ပေးလိုက်ရင် ကျန်တာတွေက ငါတို့အတွက် တစ်ပတ် နှစ်ပတ်လောက်ပဲ လုံလောက်မယ်" လို့ပြောလိုက်တယ်။

‎

‎

‎"ကပ္ပတိန်က သူတို့အတွက် နှစ်လစာ လုံလောက်တဲ့ ရိက္ခာတွေကို ပြင်ဆင်ပေးဖို့ ငါတို့ကို အမိန့်ပေးထားပြီးသား။ သူတို့က အသက်ရှင်ကျန်ရစ်သူတွေကို ခေါ်ထုတ်သွားမှာမို့ သူတို့ကို ထောက်ပံ့ပေးဖို့အတွက်ကတော့ သင့်တော်ပါတယ်" ဟု‎ ကျန်းယွမ်က ပြန်ဖြေလိုက်တယ်။

‎

‎

‎သူတို့ရဲ့ စိုးရိမ်မှုကို သတိပြုမိတော့ "စိတ်မပူပါနဲ့။ ငါတို့ရဲ့ ဗိုလ်ကြီးမှာ အစီအစဉ်ရှိတယ်။ မင်းတို့ အခုသွားလို့ရပြီ"လို့ ထပ်ပြောလိုက်တယ်။

‎

‎

‎ဗိုလ်ကြီး နှင့် ဒု-ဗိုလ်ကြီးတို့က ဆုံးဖြတ်ချက်ချပြီးပြီးဆိုတေယ့ အမိန့်ကို လိုက်နာရုံသာရှိတော့သည်။ သူတို့သုံးဦးက သံချပ်ကာယာဉ်တစ်စီးဆီသို့ ဦးတည်ကာသွားလိုက်ကြတယ်။

‎

‎

‎ရှောင်ချီ နှင့် ဖုန်းယွင်တို့က သူတို့ရဲ့နေရာလွတ်ကို စစ်ဆေးစဉ်တွင် ယင်းယွီရှန်းကတော့ ရိက္ခာအမျိုးအစားနှင့် ပမာဏများကို ရေးမှတ်ထားပြီး သူတို့တွင်ရှိသောအရာများကို ပြန်လည်တင်ပြသည်။

‎

‎

‎ဖုန်းယွင်က သူ့အတွက် အထောက်အပံ့အချို့ကို လျှို့ဝှက်ယူသွားမှာကို စစ်သားများကစိတ်မပူပေ။ သူလုပ်ခဲ့ရင်တောင်မှ သူတို့ကဘာမှလုပ်လို့ မရဘူး။

‎

‎

‎သူ့နေရာနဲ့သူ အသုံးပြုတဲ့ တန်ဖိုးကို သူတို့က လက်ခံထားပြီးသားပါ။ သူတို့သွားမယ့်နေရာကို ရောက်တာနဲ့ လမ်းခွဲလိုက်ကြမယ်။ ဒါပေမယ့် သူက ရိုးရိုးသားသားဆိုရင် သူ့ကို သူတို့အဖွဲ့ထဲက တစ်ယောက်အနေနဲ့ ဆက်ဆံပြီး သူ့ကို အသင်းမှာ ဆက်နေခွင့်ပေးမယ်။

‎

‎

‎စာရင်းကို အပြီးသတ်ရန် မိနစ်ငါးဆယ်ကြာသည်။ နံပါတ်များကို ဆန်းစစ်ပြီးနောက်တော့‎ ယင်းယွီရှန်းက ပြုံးလိုက်တယ်။ ဖုန်းယွင်ကမည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိခဲ့ဘဲ အရာအားလုံးကို နောက်ဆုံးအသေးစိတ်အထိ အစီရင်ခံခဲ့သည်။

‎

‎

‎သူက ရိုးသားမှုရှိပြီး သူတို့အသင်းရဲ့အဖွဲ့ဝင်တစ်ဦးအဖြစ် အံဝင်ခွင်ကျဖြစ်နိုင်သည်။ သူတို့ရဲ့ ကပ္ပတိန်က အရပ်သားဖြစ်ပေမဲ့ သူ့အဖွဲ့ထဲကို ဝင်ခွင့်ပြုဖို့ သဘောတူခဲ့တာက အံ့သြစရာမရှိပါဘူး။

‎

‎

‎အချိန်အတော်ကြာ ဆွေးနွေးပြီးနောက်တော့မှ လင်းယုန်အဖွဲ့အား ပေးမည့်ရိက္ခာများစာရင်းကို ကျန်းယွမ်ထံ တင်ပြရန် သွားခဲ့သည်။

‎

‎

‎စာရင်းကိုဖတ်ရင်း ကျန်းယွမ်က ခေါင်းညိတ်ကာ "ငါတို့မှာ ချန်းဖုန်း နဲ့ ခယ်မ ရှိတယ်၊ ဒါကြောင့် ရေအများကြီး မလိုဘူး။ သူတို့အတွက် တွင်းထွက်ရေတွေ ထပ်ထည့်လိုက်"လို့ပြောလိုက်တယ်။

All Chapters