အခန်း (၆၉)
Vol. 5 Ch. 69
ခဏအကြာတော့မှ ပိုင်ရီကျီး နှင့် သူရဲ့အဖွဲ့က တိုက်ပွဲအတွင်း ပါဝင်လာခဲ့သည်။ သူတို့အဖွဲ့က ဖုတ်ကောင်များကို သတ်ပေးခြင်းကြောင့် သာမာန်စစ်သားများသည် ဖုတ်ကောင်ကိုသတ်ပြီးတိုင်း ခဏတာ အနားယူနိုင်ခဲ့တယ်။
စစ်သားများက ဖုတ်ကောင်များကိုသတ်ရာတွင် ပိုမိုကျွမ်းကျင်လာချိန်၌ ဖုန်းယွင်ကတော့ ရုန်းကန်နေရသည်။ သူသည် သာမာန်လူတစ်ဦးသာဖြစ်သောကြောင့် ကြံ့ခိုင်မှုနှင့်ခံနိုင်ရည်အားတို့တွင် စွမ်းရည်အသုံးပြုသူများနှင့် နှိုင်းယှဉ်၍မရပေ။
ဖုတ်ကောင်ခုနစ်ကောင်ကို သတ်ပြီးတဲ့နောက်မှာတော့ သူ အသက်ရှုကြပ်လာတယ်။ ချွန်ထက်သောဓားကို အသုံးပြုထားသော်လည်း၊ ဓါးကိုလွှဲကာ ပစ်မှတ်ကိုသတ်ရန်အတွက်က ခွန်အားနှင့် တိကျမှုလိုအပ်နေသေးတယ်။
သူနောက်ထပ်ဖုတ်ကောင်ကိုသတ်ပြီးနောက်တွင်တော့ ခါးကိုကုန်းကာ အသက်ရှုဖို့ကြိုးစားတယ်။ အသက်ရှုမဝခင်မှာပဲ့ သူ့နောက်ကနေ ထွက်လာတဲ့ အနံ့ဆိုးတစ်ခုထွက်လာပြီး ဖုတ်ကောင်တစ်ကောင်ရဲ့ ဟောက်သံကိုလဲကြားလိုက်ရတယ်။
"ရားး"
ထိုအသံကို ကြားလိုက်ရသည်နှင့်တပြိုင်နက် သူ့ခန္ဓာကိုယ်က အလိုလိုပင် ခုန်ထွက်သွားလိုက်တယ်။ နောက်အခိုက်အတန့်မှာတွင် ဖုတ်ကောင်တစ်ကောင်က မြေပြင်ပေါ်သို့လဲကျသွားတာကို သူတွေ့လိုက်ရသည်။ အခွင့်အရေးကို အလဟသမဖြုန်းတီးဘဲ သူ့ရဲ့ဓားကို မြှောက်ပြီး အောက်ကိုခုတ်ချလိုက်သည်။
" ခရစ်"
ဓားကတော့ထက်ရှပြီး ပေးရတဲ့ဈေးနဲ့ အရမ်းတန်ပါတယ်။ တစ်ချက်ခုတ်ရုံဖြင့် ဖုတ်ကောင်ရဲ့ဦးခေါင်းက မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသော်လည်း သူမတုံ့ပြန်နိုင်ခင်မှာပဲ့ ချူကျိမြောင်ရဲ့အရေးတကြီးအော်သံကို ကြားလိုက်ရတယ်။
"ဖုန်းယွင် သတိထား"
သူမအသံကိုကြားလိုက်သည်နှင့် လှည့်လိုက်ပြီး သူ့ဓားကို မြှောက်လိုက်တယ်။
"ကလန်"
ဓားက ဖုတ်ကောင်ရဲ့လက်သည်းများအား သူ့ရဲ့ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်ခြင်းမှ တားဆီးနိုင်ခဲ့သော်လည်း တိုက်ခိုက်မှုကို လုံးဝမရှောင်ရှားနိုင်ခဲ့ပါ။ ချွန်ထက်သော လက်သည်းများက သူ့လက်ဖဝါးပေါ်တွင် သေးငယ်သော ခြစ်ရာများကို ကျန်ရစ်စေခဲ့သည်။
ထိတ်လန့်မှုကိုခံစားလိုက်ရပြီး သူ့ရင်ထဲမှာ အကြောက်တရားများက တိုးဝင်လာကာ သူ့နှလုံးသားက တဆတ်ဆတ်ခုန်နေတယ်။ ဖုတ်ကောင်ရဲ့ ကုတ်ခြစ်မှုကို ခံရခြင်းရဲ့ တစ်ခုတည်းသောရလဒ်မှာ သေခြင်းဖြစ်သည်။
သူသည် အသက်ရှင်ရန်အတွက် ခက်ခဲစွာ ရုန်းကန်ခဲ့ရသော်လည်း ကံကြမ္မာက သူ့ကို ရက်စက်ကြမ်းကြုတ်စွာ ပြက်ရယ်ပြုနေပုံရသည်။ မျှော်လင့်ချက် အရိပ်အယောင်ကို မြင်လိုက်ရချိန်မှာပဲ ဖုတ်ကောင်တစ်ကောင်ကြောင့် ဒဏ်ရာရသွားခဲ့တယ်။
သူ့မိဘတွေနဲ့ ပြန်ပေါင်းစည်းဖို့အတွက် တကယ်ပဲ ရှင်သန်ဖို့ကို နည်းလမ်းမရှိတော့ဘူးလား။
မလိုလားခြင်းတွေက သူ့နှလုံးသားထဲမှာပြည့်လျှံလာပြီး ဒေါသက သူ့စိတ်ကို ဖုံးလွှမ်းသွားတယ်။
"အားးးး"
သူက ဒေါသတကြီးနဲ့အော်ဟစ်ပြီး ဖုတ်ကောင်ကို ပြန်တွန်းထုတ်လိုက်တယ်။
တွန်းထုတ်မှုကြောင့် ဖုတ်ကောင်က ခြေလှမ်းအနည်းငယ်ဆုတ်သွားကာ တည်ငြိမ်မှုရရှိရန် ရုန်းကန်ခဲ့ရသည်။ သို့သော် ဖုန်းယွင်ကတော့ သူ့ဓားကိုမြှောက်ထားပြီး ဖုတ်ကောင်ကဘာမှမတတ်နိုင်ခင်မှာပဲ့ သူက ဓါးကို ခုတ်ချလိုက်တယ်။
"ခရစ်"
ဖုတ်ကောင်ရဲ့ဦးခေါင်းက ပွင့်ထွက်သွားပြီး အနက်ရောင်သွေးများက သူ့(ဖုန်းယွင်)မျက်နှာအနှံ့ကို စင်သွားတယ်။ ဖုတ်ကောင်က မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားသော်လည်း သူက မရပ်တန့်ခဲ့ပေ။ သူက ဖုတ်ကောင်ရဲ့ခေါင်းကို ဆက်လက်ခုတ်ကာ ခုတ်ထစ်ထားသော အသားအဖြစ်သို့ ပြောင်းလဲလိုက်တယ်။
ဒါကိုကြည့်ရင်း သူတစ်ခုခုမှားနေပြီဆိုတာကို လူတိုင်းက ခံစားလိုက်ရတယ်။
ကျင်းရွှီယန်းက မျက်မှောင်ကြုတ်ပြီး သွားဖို့ဆုံးဖြတ်လိုက်တယ်။ ဒီလူသာ ဆက်အော်နေမယ်ဆိုရင် သူအော်သံက ဖုတ်ကောင်တွေကို ပိုဆွဲဆောင်မိသွားလိမ့်မယ်။
ဓားပြန်မခုတ်ချခင်မှာ ကျင်းရွှီယန်းက ဖုန်းယွင်ရဲ့ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး "လုံလောက်ပြီ"
သူ့အသံကိုကြားတော့မှ ဖုန်းယွင်က နောက်ဆုံးတွင် အာရုံများပြန်လည်ရရှိလာသည်။ သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ ကျင်းရွှီယန်းရဲ့ နက်ရှိုင်းသော မျက်လုံးများကို တွေ့လိုက်ရတယ်။
သူ့နှလုံးကတစ်ချက်ခုန်သွားကာ ကျင်းရွှီယန်း ဆုပ်ကိုင်ထားသော သူ့လက်ကို ဆွဲထုတ်လိုက်တယ်။ သူအသတ်ခံရမှာကြောက်လို့ သူ့လက်ကို နောက်ကျောမှာဝှက်ထားပြီး ပိုင်ရီကျီးရှိရာ ဦးတည်ရာဖက်ကို လျှောက်လှမ်းသွားလိုက်တယ်။
ခဏတာမျှသာဖြစ်သော်လည်း၊ ကျင်းရွှီယန်းက ဖုန်းယွင်ရဲ့ လက်ဖဝါးပေါ်မှ ဒဏ်ရာကိုတွေ့လိုက်ရသည်။ သူအဲဒီမှာ ရပ်နေပြီး သူ့(ဖုန်းယွင်)နောက်ကျောကို စူးစူးစိုက်စိုက် ကြည့်နေတယ်။
စွမ်းရည်ကို နိုးထနိုင်ခြေရှိသော်လည်း အခွင့်အလမ်းကနည်းပါးတယ်။ ဖုန်းယွင်သာ ကိုယ်ခံအားနည်းနေတယ်ဆိုရင် နှစ်နာရီအတွင်း ဖုတ်ကောင်အဖြစ်ပြောင်းလဲသွားလိမ့်မယ်။ အကယ်၍သာ ဆိုးရွားတာတစ်ခုခုဖြစ်ခဲ့ပါက ပိုင်ရီကျီး နှင့် သူ့အဖွဲ့က သေသွားနိုင်သည်။
ဤအတွေးကြောင့် သူသည် ရှုပ်ထွေးသောအကြည့်ဖြင့် ပိုင်ရီကျီးကို ကြည့်လိုက်တယ်။ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက်မှ သူသည် ပိုင်ရီကျီး ရှိရာဆီသို့ ဦးတည်သွားလိုက်သည်။
အားလုံးက ဖုတ်ကောင်တွေကို တိုက်ခိုက်ဖို့ အလုပ်ရှုပ်နေချိန်မှာ ကျင်းရွှီယန်းက ဖုန်းယွင် ရဲ့ အနောက်ကနေ ရုတ်တရက် ပေါ်လာပြီး သူ့ကော်လာကို ဆွဲကိုင်လိုက်တယ်။
ဖမ်းမိခံရပြီးနောက်တွင် ဖုန်းယွင်သည် မြေပြင်ပေါ်မှ မြှောက်တင်ခံလိုက်ရပြီး စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပဲ့ ကျင်းရွှီယန်းက သူ့ကို လက်တစ်ဖက်တည်းနဲ့ အိတ်တစ်လုံးလို ထမ်းပြီး သူ့အဖွဲ့ဆီ အမြန်ပြန်သွားခဲ့တယ်။
နောက်ဆုံးတော့ ကျင်းရွှီယန်းက သူ့လက်ကို လွှတ်လိုက်တော့မှ ဖုန်းယွင်က မြေပြင်ပေါ် ကျသွားတယ်။ သူက သူ့ကို စိုက်ကြည့်ကာ ဒေါသတကြီး မေးတယ် "ဗိုလ်ကြီးကျင်း ဒါက ဘာကိုဆိုလိုတာလဲ၊ ငါက မင်းဆန္ဒအတိုင်း သယ်နိုင်တဲ့ ကြက်တစ်ကောင်လို့ မင်းထင်နေတာလား"
သူ့ရှေ့တွင်ရပ်နေသော ကျင်းရွှီယန်းက သူ့ကိုကြည့်ကာ "မင်းဒဏ်ရာရနေတာ ငါသိတယ်" ဟု လေးနက်စွာပြောခဲ့သည်။
ဒါကိုကြားတာနဲ့ ဖုန်းယွင်ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားပြီး ကျင်းရွှီယန်းကို ပါးစပ်ဟပြီး စိုက်ကြည့်နေတယ်။ ခဏကြာတော့မှ တည်ငြိမ်မှုပြန်ရလာပြီး "မင်းငါ့ကိုသတ်မှာလား"
ဤအခြေအနေတွင်ပင် ငြိမ်သက်နေနိုင်သေးတာကို မြင်လိုက်ရသဖြင့် ကျင်းရွှီယန်းက သူ့အပေါ်မှာ ယခင်ကမကောင်းခဲ့တဲ့ သဘောထားအနည်းငယ်ဟာ အကောင်းဖက်ကို တိုးသွားခဲ့တယ်။ ဒီကောင်လေးက ငယ်ရွယ်ပြီး အတွေ့အကြုံမရှိပေမယ့် စနစ်တကျလေ့ကျင့်ထားရင် သန်မာတဲ့ တိုက်ခိုက်ရေးသမားဖြစ်ဖို့ အလားအလာရှိတယ်။
"နောက်ဆုံးစက္ကန့်အထိ မင်းကိုငါမသတ်ဘူး" လို့ပြောလိုက်တယ်။
ဒါကိုကြားတော့ ဖုန်းယွင်က အံ့အားသင့်သွားတယ် "ဘာကိုဆိုလိုတာလဲ" သူကမေးတယ်။
"အရင်က ငါ့စစ်သားတွေလည်း ဒဏ်ရာတွေရခဲ့ပေမယ့် ဖုတ်ကောင်တွေအဖြစ် မပြောင်းလဲခဲ့ကြဘူး။ အဲဒီအစား သူတို့ရဲ့ စွမ်းအင်ကို နိုးထလာနိုင်ခဲ့တယ်။ ဒါကြောင့် မင်းကလည်း ဖုတ်ကောင်အဖြစ် အပြည့်အ၀ပြောင်းလဲသွားပြီးငါ့က်ိုစိတ်ပျက်မသွားစေဘူးဆိုရင် မင်းကိုငါ သတ်မှာမဟုတ်ဘူး" ကျင်းရွှီယန်းက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။
ထိုစကားကို ကြားလိုက်သည်နှင့် ဖုန်းယွင်ရဲ့နှလုံးသားထဲတွင် မျှော်လင့်ချက်များဖြင့် တောက်လောင်လာသည်။ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်မှ သူသည် ကျင်းရွှီယန်းရဲ့လက်ကို ဆုပ်ကိုင်လိုက်တယ်။
သူ့ကို ဆုပ်ကိုင်မှုအပြီးတွင် ကျင်းရွှီယန်းက "ဖုတ်ကောင်တွေရဲ့ ဗီဇပြောင်းလဲမှု ဖြစ်စဉ်က အနည်းဆုံး တစ်နာရီ၊ အများဆုံး နှစ်နာရီလောက် ကြာတယ်။ ဒီဧရိယာထဲက ဖုတ်ကောင်တွေကိုရှင်းထုတ်ဖို့ဆိုရင် နှစ်နာရီလောက်စောင့်ရလိမ့်မယ်။ အဲဒီအခါမှာသာ မင်းက ဗီဇမပြောင်းသွားရင် အဆင်ပြေသွားလိမ့်မယ်"
"ငါတကယ်ရှင်သန်နိုင်ပါ့မလား" ဖုန်းယွင်က မေးသည်။
"ဒါက မင်းအပေါ်မှာပဲ မူတည်တယ်။ မင်းအနိုင်ရသည်ဖြစ်စေ ရှုံးသည်ဖြစ်စေ မင်းအပေါ်မှာပဲ မူတည်တယ်" ကျင်းရွှီယန်းက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေတယ်။
သူပြောလို့ပြီးတဲ့အချိန်မှာပဲ့ ကျိူးလီဇီက လမ်းလျှောက်လာပြီး "အစ်ကိုယန်း ဘာဖြစ်နေတာလဲ"
သူမ တိုက်ပွဲဝင်နေရင်းနဲ့ ဒီအခြေအနေကို သတိပြုမိခဲ့တယ်။ အဆင့်မြှင့်တင်ရန်အတွက် သူမရဲ့ ဓားမြှောင်အစား သူမရဲ့ရေစွမ်းရည်ကို အသုံးပြုခဲ့သည်။ တစ်နာရီနီးပါးကြာတဲ့ တိုက်ပွဲအပြီးတွင် သူမက စွမ်းအင်အားလုံးနီးပါးကို သုံးစွဲခဲ့ပြီး မောပန်းနွမ်းနယ်လာတယ်။
ချွေးတွေထွက်နေတာကိုမြင်တော့ ကျင်းရွှီယန်းက သူမရဲ့ချွေးတွေကိုသုတ် ပေးဖို့လက်ကိုလှမ်းပြီး "ဒါဏ်ရာရသွားလို့။ ကိုယ်တို့နှစ်နာရီလောက်စောင့်ကြည့်ရမယ်" လို့ပြန်ဖြေတယ်။
ဒါကို သူမကြားတာနဲ့ ကျိူးလီဇီက သဘောပေါက်သွားတယ်။ သူမသည် ဖုန်းယွင်ကိုကြည့်ကာ "ရေသောက်ချင်လား" လို့မေးလိုက်တယ်။