← Chapters

အခန်း (၇၆)

Vol. 6 Ch. 76

အခန်း (၇၆)

Vol. 6 Ch. 76

‎

‎ပိုင်ရီကျီး ချူကျိမြောင်ရှိတဲ့ နေရာကို ရောက်သောအခါတွင် လော့်ကျင်းရဲ့ အသက်မဲ့ခန္ဓာကိုယ်ကို ဆုပ်ကိုင်ထားရင်း ငိုရှိုက်နေတာကို သူတွေ့လိုက်ရတယ်။ အေးစက်တဲ့ ကြောက်လန့်မှုတစ်ခုက ပိုင်ရီကျီးရဲ့ နှလုံးသားထဲကို ဝင်လာသည်။ သူက အနီးသို့မသွားမီတွင် ဟန်ဂျီယင်းကို အရင် ဂရုတစိုက်ချလိုက်တယ်။

‎

‎

‎"ဘာမှားလို့လဲ" လို့ လေးလေးနက်နက် မေးလိုက်ပေမယ့် အဖြေကို သူသိနေပြီ။

‎

‎

‎ချူကျိမြောင်က မျက်ရည်များကျနေသော မျက်နှာကို မော့လိုက်ပြီး "အစ်ကိုပိုင်— အကိုလော့် သွားပြီ။ သူ-"

‎

‎

‎သူမရဲ့အသံက ပြတ်တောက်သွားပြီး စကားကို သူမဆက်မပြောနိုင်တော့ဘူး။

‎

‎

‎သူမရဲ့စကားကြောင့် ပိုင်ရီကျီးရဲ့ရင်ဘတ်က တင်းကြပ်သွားတယ်။ သူက ခေါင်းယမ်းပြီး "မဟုတ်ဘူး...မဖြစ်နိုင်ဘူး လော့်ကျင်းက သေမှာမဟုတ်ဘူး"

‎

‎

‎သူမကို တွန်းထုတ်ပြီး လော့်ကျင်းရဲ့အနားတွင် ဒူးထောက်ကာ အေးစက်နေသော ခန္ဓာကိုယ်ကို ဆုပ်ကိုင်လိုက်တယ်။ သူ့လက်ချောင်းတွေက လော့်ကျင်းရဲ့ လည်ပင်းကိုဖိထားကာ သွေးခုန်နှုန်းကို ရှာဖွေရင်း သူ့လက်တွေက တုန်နေတယ်။

‎

‎

‎စက္ကန့်တွေကြာသွားပေမယ့် သူဘာမှမခံစားလိုက်ရဘူး။ သွေးခုန်နှုန်းမရှိ၊ နှလုံးခုန်ခြင်းမရှိ၊ အသက်မရှူသလို နွေးထွေးမှုလည်း မရှိတော့ပါ။ လော်ကျင့်ရဲ့ခန္ဓာကိုယ်မှ အအေးဓာတ်ကို ဖြည်းညှင်းစွာခံစားလိုက်ရပြီး နောက်ဆုံးတွင်တော့ အသိစိတ်က ဝင်ရောက်လာတယ်။

‎

‎

‎သူ့သူငယ်ချင်းက သေသွားပြီ၊ ဒါက သူ့ကြောင့်ပဲ။ သူ့မာနကြောင့် သူ့မာနနဲ့ သူ့နည်းသူ့ဟန်နဲ့လုပ်နေတဲ့ မျက်ကန်းဆန်တဲ့စိတ်ကြောင့် လော့်ကျင်းက ဆုံးသွားတယ်။

‎

‎

‎သူသာပို၍သတိရှိလျှင်။ အကယ်၍သာ သူသာ အန္တရာယ်ကို ပို၍အလေးအနက်ထားခဲ့လျင်။‎ ကျင်းရွှီယန်းရဲ့ အစီအစဉ်ကို သာ သူနားထောင်ခဲ့မယ်ဆိုရင်။ သူသာ ခြားနားသော ရွေးချယ်မှုတစ်ခုကိုပြုလုပ်ခဲ့လျှင် လော့်ကျင်းက အသက်ရှင်နေနိုင်သေးတယ်။

‎

‎

‎သူရဲ့မြင့်မြတ်သော နောက်ခံနှင့် သန့်စင်သော ကြီးပြင်းလာမှုကို သူ အမြဲဂုဏ်ယူခဲ့တယ်။ ဒါပေမယ့် ဖုန်းယွင်ရဲ့ဘဝက မသေချာတော့တဲ့အခါမှာလည်း သူ ဘာမှမလုပ်ခဲ့ဘူး။ အခုလည်း သူရဲ့ မိုက်မဲမှုကြောင့် အခြားသူငယ်ချင်းတစ်ယောက်ပါ မရှိတော့ဘူ။

‎

‎

ကျင်းရွှီယန်းရဲ့ လှောင်ပြောင်သောအကြည့်က သူ့စိတ်ထဲတွင် ‎ရုတ်တရက် ပေါ်လာတယ်။

‎

‎

‎သူက လူမိုက်ဖြစ်သည်။ အမိုးအကာအောက်မှာ ကြီးပျင်းလာပြီး ခေါင်းဆောင်မှုကိုကစားနေတယ်။ ကိုယ့်ကိုကိုယ် ထူးချွန်တယ်လို့ ထင်နေတဲ့ စည်းစိမ်ခံ လူငယ်လေးတစ်ယောက်ပါ။

‎

‎

‎သူ့ဆုံးဖြတ်ချက်တွေက အကောင်းဆုံးဆိုတာနဲ့ တခြားသူတွေက သူ့နောက်ကိုသာ လိုက်သင့်တယ်လို့ သူအမြဲယုံကြည်ခဲ့တယ်။ သစ္စာစောင့်သိမှု၊ ခင်မင်မှုနှင့် ကြင်နာမှုတို့ကို အကြွင်းမဲ့ ခံယူခဲ့တယ်။။

‎

‎

‎ကမ္ဘာကြီးက ကမောက်ကမဖြစ်သွားချိန်မှာတောင် တန်းတူညီမျှမှုအကြောင်းကို ကျယ်ကျယ်လောင်လောင်ပြောနေပေမဲ့ လည်း သူ့ဘဝက တခြားသူတွေထက် ပိုတန်ဖိုးရှိတယ်လို့ ယုံကြည်နေတုန်းပါပဲ့။

‎

‎

‎သူ့သူငယ်ချင်းရဲ့ အေးစက်စက် သက်မဲ့ခန္ဓာကိုယ်ကို ဆုပ်ကိုင်ထားရင်း ယခုမှပင် သူနားလည်သွားခဲ့တယ်။ သူက လူမိုက်မှတပါး ဘာမှမဖြစ်ခဲ့။ လူရွှင်တော်။ ရေတွင်းထဲမှာ ပိတ်မိနေတဲ့ ဖားတစ်ကောင်ပဲ့။

‎

‎

‎ခါးသီးသော ရယ်မောသံက ငိုရှိုက်သံအဖြစ်သို့ ပြောင်းသွားပြီး သူ့နှုတ်ခမ်းများမှ လွတ်မြောက်သွားသည်။

‎

‎

‎လေ့ာ်ကျင်းရဲ့ပခုံးမှာ ခေါင်းကို မြှုပ်ထားပြီး "တောင်းပန်ပါတယ်... တောင်းပန်ပါတယ် ‎လော်ကျင်း ဒါက ငါ့အမှားပဲ" လို့ တိုးတိုးလေးပြောလိုက်တယ်။

‎

‎

‎ချူကျိမြောင်ရဲ့ မျက်ရည်များက ဖုန်ထူသောကြမ်းပြင်ပေါ်သို့ ကျဆင်းသွားကာ သူ့ကိုကြည့်ရင်း ငိုနေသည်။ ပိုင်ရီကျီးကို သူမ သိခဲ့သမျှ ကာလတစ်လျှောက်လုံးတွင် ငိုယိုတာကို မမြင်ဖူးခဲ့သလို ခေါင်းငုံ့ကာ ဘယ်သူ့ကိုမှ တောင်းပန်တာမျိူးလည်း မမြင်ဖူးခဲ့ပေ။

‎

‎

‎သို့သော် ဤနေရာမှာတော့ သူက- နောင်တရခြင်းနှင့် မိမိကိုယ်ကို အပြစ်တင်ခြင်းများဖြင့် ခါးခါးသီးသီး ငိုနေပါတယ်။

‎

‎

‎သိပ်မကြာခင်မှာပဲ ချူကျိမြောင်က ငိုတာရပ်သွားတယ်။ မျက်လုံးများက ရောင်ရမ်းနေကာ မျက်ရည်များကိုတော့ လက်ဖမိုးဖြင့် သုတ်လိုက်သည်။ သူမ ခေါင်းကို မော့ကြည့်လိုက်တော့‎ ပိုင်ရီကျီးက လော့်ကျင်းရဲ့ အေးစက်သော ခန္ဓာကိုယ်ကို ပွေ့ဖက်ထားဆဲဖြစ်သည်ကို သူမတွေ့လိုက်ရသော်လည်း သူ မငိုတော့ပေ။

‎

‎

‎သူမက သူ့ရဲ့ကျောကို ပွတ်သပ်ပေးဖို့ လက်ကိုဆန့်ထုတ်ရင်း ပြောလိုက်တာ် "အစ်ကိုပိုင် ငါတို့ဒီမှာ အကြာကြီးနေလို့မရဘူး။ သွေးရဲ့ရနံ့က အရမ်းပြင်းတယ်—"

‎

‎

‎သူမ စကားမပြီးခင်မှာ ပိုင်ရီကျီးရဲ့ အသံက သူမကို အနှောင့်အယှက်ပေးလိုက်တယ် " မြောင်မြောင်၊ မင်း ဟန့်ဂျီယင်းရဲ့အခြေအနေကို အရင်စစ်ဆေးနိုင်မလား"

‎

‎

‎ချူကျိမြောင်က ထိတ်လန့်သွားတယ်။ သူမကို မြောင်မြောင် လို့ခေါ်တာက ဒါပထမဆုံးအကြိမ်ပဲ။ သူ စိတ်တည်ငြိမ်ဖို့ အချိန်လိုသေးလို့ သူမကတွေးပြီး ခေါင်းညိတ်ပြက။ ဟန့်ဂျီယင်းကို စစ်ဆေးဖို့ သွားခဲ့တယ်။

‎

‎

‎သူမထွက်သွားပြီးနောက်တော့ ပိုင်ရီကျီးက သူ့ခေါင်းကို မော့လိုက်သည်။ တစ်ချိန်က သူ့မျက်လုံးများတွင် ပြည့်နှက်နေသော မာနတို့သည် ပျောက်ကွယ်သွားကာ အသစ်ဖြစ်လာသော စိတ်ပိုင်းဖြတ်မှု၊ တည်ငြိမ်မှု၊ ရင့်ကျက်မှုတို့နှင့် အစားထိုးသွားခဲ့သည်။

‎

‎

‎

‎သူ လော့်ကျင်းရဲ့ ခန္ဓာကိုယ်ကို ညင်သာစွာချလိုက်ပြီး အေးစက်နေသောလက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့ရဲ့ မျက်နှာဖြူဖျော့ဖျော့ကိုကြည့်ရင်း " လော့်ကျင်း မင်းညီမကိုရှာချင်နေတာ ငါသိတယ်။ ငါသူ့ကိုရှာပြီး မင်းအစား သူမကိုကာကွယ်ပေးမယ်။ မင်းက‌တော့ အခု အေးအေးဆေးဆေး အနားယူနိုင်ပြီ" လို့ တိုးတိုးလေးပြောလိုက်တယ်။

‎

‎

‎သူစကားပြီးသောအခါတွင် သူရဲ့ မိုးကြိုးစွမ်းအင်ကို လော့်ကျင်းရဲ့ ခန္ဓာကိုယ်ထဲသို့ ပို့လိုက်တယ်။ နှစ်မိနစ်မပြည့်မီတွင်ပဲ့ သူ့သွေးကြောများမှတဆင့် တဟုန်ထိုးတိုးဝင်လာသော မိုးကြိုးက သူ့ခန္ဓာကိုယ်ကို ပြာများအဖြစ်သို့ ရောက်ရှိသွားစေသည်။

‎

‎

‎ချူကျိမြောင်က လောင်ကျွမ်းနေသော တစ်စုံတစ်ခု၏ ရနံ့ကို ရလိုက်သောအခါတွင်တော့ ဟန့်ဂျီယင်းရဲ့ အနားသို့ သူမရောက်နေပြီ။ သူမ လှည့်ကြည့်လိုက်တော့ လော့်ကျင်းရဲ့အလောင်းက ပျောက်ကွယ်သွားပြီး ပြာပုံတစ်ပုံပဲ ကျန်တော့တာကို တွေ့လိုက်ရတယ်။

‎

‎

‎မျက်ရည်ကျနေသော မျက်နှာနဲ့ ငုံ့ကြည့်ရင်း ဟန့်ဂျီယင်း အနားတွင် ငုတ်တုတ်ထိုင်ကာ "အစ်ကိုဟန် နိုးပြီလား" နှိုးရန် ကြိုးစားသည်။

‎

‎

‎ထိုအချိန်တွင် ပိုင်ရီကျီးက သူ့လက်ကို ပြာများပေါ်တွင် တင်လိုက်တယ်။ သူရဲ့ စွမ်းအင်ကို လက်ဖဝါးထဲသို့ထည့်လို့ မိုးကြိုးစွမ်းအားရဲ့မြင့်မားသော အပူချိန်ဖြစ် ပြာများကို စိန်အဖြစ်သို့ ဖိသိပ်ကာချုံ့လိုက်တယ်။

‎

‎

‎စိန်ကိုဖွဲ့စည်းပြီးတာနှင့် ကောက်ယူလိုက်ပြီး မိုးကြိုးစွမ်းအင်ကိုအသုံးပြုကာ အပေါက်ငယ်တစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် လည်ဆွဲကိုဆွဲထုတ်ကာ ဆွဲသီးကိုဖြုတ်ပြီး စိန်ကို ဆွဲကြိုးဖြင့်တွယ်လိုက်တယ်။

‎

‎

ဆွဲကြိုးကို ‎သူ့လည်ပင်းမှာ ပြန်ဝတ်လိုက်ပြီး တီရှပ်အောက်မှာ ထားလိုက်ပြီးနောက်တွင် သူ့အမူအရာက တည်ငြိမ်သွားသည်။ လှည့်ကြည့်လိုက်တော့ ဟန့်ဂျီယင်း နိုးလာတာကို သူမြင်လိုက်ရတယ်။

‎

‎

‎လမ်းလျှောက်သွားရင်း " ဟန့်ဂျီယင်း ဘယ်လိုနေလဲ နေကောင်းလား"မေးလိုက်တယ်။

‎

‎

‎ဟန့်ဂျီယင်းက တအံ့တသြနဲ့ ခေါင်းနောက်ကို ကိုင်လိုက်ပြီး "အစ်ကိုပိုင် နေကောင်းပါတယ်" လို့ပြောလိုက်တယ်။

‎

‎

‎"မင်းလက်မောင်းက အဆစ်လွဲနေတယ်။ ကုသပေးမယ့်သူ ဒါမှမဟုတ် ပြင်ပေးနိုင်တဲ့သူကို ရှာဖို့လိုတယ်" ဟု ချူကျိမြောင် က ပြောသည်။

‎

‎

‎ပိုင်ရီကျီးက ခေါင်းညိတ်ပြီး " လီယောင် နိုးတာနဲ့ ငါတို့ အဝတ်အစားတွေ ယူပြီး ထွက်သွားသင့်တယ်" လို့ပြောလိုက်တယ်။

‎

‎

‎သူပြောပြီးတာနှင့် အနီးသို့လာနေတဲ့ ခြေသံများကိုကြားလိုက်ရသည်။

‎

‎

‎ဖုတ်ကောင်အုပ်စုဖြစ်သည်ဟု ထင်မြင်ကာ‎ ပိုင်ရီကျီးက သူ့လက်ကို လျင်မြန်စွာမြှောက်လို့ ဝင်ပေါက်မှာ အရိပ်တစ်ခု ပေါ်လာတာနဲ့ချက်ချင်း မိုးကြိုး‌ဘော်လုံးကို မဆိုင်းမတွပဲ့ ပစ်ချလိုက်တယ်။

‎

‎

‎ဂိုဒေါင်အပြင်ဘက်က ကျန်းယွမ်ကတော့ မိုးခြိမ်းသံရဲ့ စွမ်းအင်အတက်အကျကို ကြားလိုက်ရပြီး ချက်ချင်းပဲ့တုံ့ပြန်ခဲ့တယ်။ သူ့လက်ကို မြှောက်လိုက်ပြီး သူ့ရှေ့ဆီမှာ ကျောက်နံရံတစ်ခုကို လှမ်းခေါ်လိုက်တယ်။

‎

‎

‎"ဘုန်းး"

‎

‎

‎မိုးကြိုးလုံးက ကျောက်နံရံနှင့် တိုက်မိသွားပြီး သေးငယ်သောတုန်ခါမှုလှိုင်းတစ်ခု ဖြစ်ပေါ်လာတယ်။

‎

‎

‎ပိုင်ရီကျီးက နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို မပြုလုပ်မီတွင် ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာတယ်။

‎

‎

‎"သခင်ငယ်လေးပိုင် မင်းကတော့ စွမ်းအင်တွေပြည့်နေတာ သေချာတယ်" ကျင်းရွှီယန်းက ပြောသည်။

‎

‎

အသံကို အသိအမှတ်ပြုလိုက်နိုင်တဲ့ ပိုင်ရီကျီးက သက်ပြင်းတစ်ချက်ချကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ တခဏချင်းမှာပဲ သူ့လက်ဖဝါးထက်မှာ လွင့်နေတဲ့ မိုးကြိုးလုံးက ပျောက်သွားတယ်။

‎

‎

‎

All Chapters