အခန်း (၁၉-၂၁)
Vol. 2 Ch. 19-21
အခန်း-(၁၉)
သူ့သူငယ်ချင်း ကျင်းရွှီယန်း က အေးဆေးတည်ငြိမ်စွာပြောလာတယ် "လူအိုချင်၊ မင်းရဲ့ စွမ်းအားကို မင်း ထိန်းထားနိုင်မလား၊ မင်း ဒီအတိုင်းသာ ဆက်လုပ်နေမယ်ဆိုရင် ငါတို့ ခေါင်မိုးကို တိုက်မိသွားနိုင်တယ်"
ချင်လူဇီ က သူ့စကားကြောင့် စိတ်ရှုပ်ထွေးသွားကာ မျက်တောင်ခတ်မိပြန်တယ်။ မိနစ်အနည်းငယ်အကြာတွင်မှ ကားအတွင်း၌ လေက ဝှေ့ယမ်းနေတာကို သူနောက်ဆုံးသိလိုက်ရသည်။
ကားတွင် လေအေးပေးစက်သာရှိပြီး ပန်ကာမရှိပါ။ ပြတင်းပေါက်များကလည်း ပိတ်ထားသဖြင့် လေသည် ဤမျှပြင်းထန်ရန် မဖြစ်နိုင်ပေ။ ဒါဆို ဒီလေက ဘယ်ကနေလာ နေတာလဲ။
ငုံ့ကြည့်လိုက်တော့ သူ့ရင်ဘတ်ရှေ့မှာ လေဆင်နှာမောင်းလေးတစ်ခု လွင့်နေတာကို မြင်လိုက်ရတော့ လန့်သွားတယ်။ တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးများ ပြူးကျယ်လာပြီး ထိတ်လန့်တုန်လှုပ်နေသော အသံဖြင့် "ဒါ-ဒါက ဘာလဲ။"
"အဲဒါ မင်းရဲ့ စွမ်းအားပဲ။ ချင်အို၊ မင်းက လေအမျိုးအစား စွမ်းရည်ကို နိုးထနိုင်ခဲ့တယ်" ကျင်းရွှီယန်း က ပြန်ဖြေတယ်။
"ငါ့စွမ်းရည်" ချင်လူဇီ က မယုံကြည်နိုင်စွာနဲ့ ထပ်ခါထပ်ခါ ပြောလိုက်တယ်။
"မင်းနဲ့ လေဆင်နှာမောင်းကြားက ဆက်နွယ်မှုကို ခံစားကြည့်လိုက်စမ်းပါ" ကျင်းရွှီယန်း က ညွှန်ကြားသည်။
ချင်လူဇီ က သူ့စိတ်ကို အာရုံစူးစိုက်ထားပြီး ခဏအကြာမှာတော့ သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအင်နောက်တစ်မျိုးကို ခံစားလိုက်ရတယ်။
'ငါ့ရင်ထဲမှာ စွမ်းအင် နှစ်မျိုးရှိနေတာလား။' သူ အံ့သြစွာ တွေးလိုက်မိသည်။
အတွေးက သူ့စိတ်ထဲ ဖြတ်သွားသည်နှင့်အမျှ သူ့ကိုယ်၏ ရူပါရုံသည် သူ့စိတ်ထဲတွင် ပေါ်လာသည်။ သူ့သွေးကြောတွေနဲ့ စွမ်းအင်တွေ ဖြတ်သန်းစီးဆင်းနေတာကို သူမြင်နေရတယ်။
စွမ်းအင်နှစ်ခုစလုံးက ပွင့်လင်းမြင်သာမှုရှိသော်လည်း တစ်ခုတွင်တော့ ငွေရောင်လိုင်းလေးများ ပြေးလွှားနေသည်။ ငွေရောင်လိုင်းများမပါတဲ့ စွမ်းအင်ကို အာရုံစိုက်လိုက်သောအခါ တွင်မြေပုံနှင့် အစက်များ ပြန်ပေါ်လာတယ်။ ငွေရောင်လိုင်းများဖြင့် စွမ်းအင်ကို အာရုံစိုက်လာသောအခါတွင်တော့ လေက ပိုမိုပြင်းထန်လာသည်။
ထိုအချိန်တွင်မှ နောက်ဆုံးတော့ သူ နားလည်သွားခဲ့တယ်—သူ စွမ်းရည်နှစ်ခုကို နိုးထလာခဲ့သည်။
ခဏအကြာတွင်မှ သူ့အရှေ့တွင် လွင့်မျောနေသော လေဆင်နှာမောင်းငယ်လေးက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားခဲ့တယ်။
ဒါကိုမြင်တော့ ကျန်းယွမ် က လေးလေးစားစားနဲ့ "လူအိုချင် မင်းရဲ့စွမ်းရည်က မယုံနိုင်စရာပဲ့"
"ကျေးဇူးတင်ပါတယ် ဒု-ကပ္ပတိန်" ချင်လူဇီ က ပြုံးပြီး ပြန်ဖြေတယ်။
"ငါတို့အသင်းမှာ စွမ်းရည်အသုံးပြုသူတွေ ပိုမိုများလာတာနှင့်အမျှ ငါတို့ရဲ့အသက်ရှင်သန်နိုင်ဖို့ အခွင့်အလမ်းကလည်း တိုးလာလိမ့်မယ်။ အနားယူပြီး မင်းရဲ့ခွန်အားကို အမြန်ဆုံးပြန်ရယူသင့်သည်။ အနာဂတ်မှာတော့ မင်းတို့က ငါ့တို့အသင်းရဲ့ကျောရိုးတွေထဲမှ တစ်ခုဖြစ်လာလိမ့်မည်" ဟု ကျန်းယွမ် က ဆက်လက်ပြောကြားခဲ့သည်။
"နားလည်ပါပြီ"
ကျင်းရွှီယန်း နဲ့ သူ့အဖွဲ့ဟာ တောင်လမ်းကိုဖြတ်ပြီး လင်းအန် တက္ကသိုလ်ကို လာနေစဉ်တွင် ပိုင်ရီကျီး က သူ့ရှေ့က လူတစ်စုကို အေးအေးဆေးဆေး ကြည့်နေခဲ့တယ်။
ခဏအကြာတွင်တော့ သူက "ဆရာချောင် တံခါးကို ပိတ်ထားတာက ဘာကိုဆိုလိုတာလဲ" ဟု မေးတယ်။
သူ့ဘေးမှာရပ်နေတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြုံးပြီး "ကျောင်းသား ပိုင်၊ ဒီနေ့ မင်းကို ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်တစ်ခု ကမ်းလှမ်းဖို့လာခဲ့တာ" လို့ ပြန်ဖြေတယ်။
သူ့စကားကြားတော့ ပိုင်ရီကျီး က မျက်ခုံးပင့်လိုက်ပြီး "အိုးး မင်းမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုမျိုး ရှိသလဲ" လို့ ပြန်မေးလိုက်တယ်။
ဆရာချောင် က ပိုင်ရီကျီး နဲ့ သူ့အဖွဲ့ရဲ့ အနောက်မှာ ရပ်နေတဲ့ ကျောင်းသားကို အဓိပ္ပါယ်ရှိတဲ့ အကြည့်တွေနဲ့ ကြည့်ပြီး "ကျောင်းသား ပိုင် ၊ တက္ကသိုလ်နယ်မြေထဲမှာ ရိက္ခာတွေကို လူတိုင်းကြားမှာ ခွဲထားပြီးသားဆိုတာ သေချာပါတယ်။ ငါနဲ့ ငါ့အဖွဲ့က အပြင်ထွက်ပြီး ထောက်ပံ့ရေးပစ္စည်းတွေ ရှာဖို့ စီစဉ်ထားပြီး မင်းကို ငါ့တို့နဲ့ ပူးပေါင်းစေချင်တယ်"
ပိုင်ရီကျီး က သူ့အကြည့်ကို သတိပြုမိပြီး "ဆရာချောင် တစ်ကြိမ်တည်း ပူးပေါင်းဆောင်ရွက်မှုကို ကမ်းလှမ်းမှာလား" ဟု မေးတယ်။
"မင်းနဲ့ မင်းသူငယ်ချင်းတွေက ငါ့အဖွဲ့ထဲကိုဝင်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်။ ဒီနည်းနဲ့ဆိုရင် ငါလူတိုင်းကို ကာကွယ်နိုင်တယ်။ ဒါပေမယ့် မင်းက တစ်ကြိမ်တည်း ပူးပေါင်းဆောင်ရွက်မှုကို လိုချင်ရင် ဒါလည်း ကောင်းပါတယ်" လို့ ဆရာ ချောင် က ပြုံးပြီး ပြောပါတယ်။
"လူတိုင်းကို ကာကွယ်မှာလား" ပိုင်ရီကျီး က ရယ်မောရင်း မေးလိုက်တယ်။
ဆရာ ချောင် က "မင်းမြင်တဲ့အတိုင်းပဲ ငါစူပါပါဝါတစ်ခုရခဲ့တယ်။ ငါ့ရဲ့လက်ရှိခွန်အားနဲ့ ဆိုရင် ဒီနတ်ဆိုးတွေရဲ့ဦးခေါင်းတွေကို အလွယ်တကူဖြတ်နိုင်တယ်၊ မင်းငါ့နောက်လိုက်နေသမျှတော့ အစာနဲ့ရေအတွက် စိတ်ပူစရာမလိုဘူး"
လီယောင် ဒီစကားကြောင့် ထိတ်လန့်တကြားဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားတယ်။ သူသည် ဆရာချောင် ရဲ့ ဟာ့ခ် (အစိမ်းရောင်လူကြီး စူပါဟီးရိုး ဇာတ်ကောင်) နှင့်တူသော လက်များကို ညွှန်ပြပြီး "ဆရာ ချောင် မင်းရဲ့ ခန္ဓာကိုယ်က ခွန်အား စွမ်းရည်ကို ရပြီးတဲ့နောက် ဒီလို ဖြစ်သွားတယ်လို့ ပြောနေတာလား"
သူ၏ ထိတ်လန့်မှုကို သတိပြုမိသွားသောအခါတွင် ဆရာချောင်က ဒေါသတကြီးနဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူ့ခန္ဓာကိုယ်ဟာ အားနည်းပြီး ပိန်တယ်။ အမျိုးသမီးများက သူရဲ့ပိန်ပါးသောရုပ်သွင်ကြောင့် သူ့ကို အထင်အမြင်သေးစွာ ကြည့်နေလေ့ရှိတယ်။
အဖျားကြီးပြီး နိုးလာတဲ့အခါမှာတော့ သူ့ရဲ့ ခွန်အားနဲ့ ကြွက်သားတွေ ကြီးထွားလာတာကို သတိပြုမိလိုက်တယ်။ အစပိုင်းမှာတော့ သိပ်မမြင်ရပေမယ့် သန်မာလာတာနဲ့အမျှ သူ့ကြွက်သားတွေက ပိုကြီးထွားလာတယ်။
ယခု သူရဲ့လက်များက ဟာ့ခ် ၏လက်များနှင့်တူသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမည်မျှအစွမ်းထက်တာကို ပြောပြနိုင်တယ်။ သူ့ခန္ဓာကိုယ်အသစ်အတွက် ဂုဏ်ယူနေတာကြောင့် လီယောင် ရဲ့ အထင်အမြင်သေးမှုကို သူမြင်လိုက်ရတဲ့အခါမှာ သူစိတ်မ၀င်စားဘူး။
သူက လီယောင် ကို မထီမဲ့မြင် အကြည့်တွေနဲ့ အပေါ်အောက် ငုံ့ကြည့်လိုက်ကာ "မင်းက အားနည်းတဲ့ ကြက်တစ်ကောင်ပဲ၊ ငါ့ကြွက်သားတွေကို ငြူစူတာ သာမာန်ပါပဲ့"
ဆရာချောင် က ဂုဏ်ယူမှုကို ခံစားနေရချိန်တွင် လီယောင် မှာ ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။ သူလည်း ခွန်အားအမျိုးအစား စွမ်းရည်ကို အသုံးပြုသူ ဖြစ်ပြီး သူလဲ အချိုးကျသော ရုပ်ထွက်ကို နှစ်သက်သည်။
သူရဲ့ အဝတ်အစားများအောက်၌ ပိန်ပိန်ပါးပါး အောက်ခံကြွက်သားများ ရှိသည်။ ဆရာချောင် ကဲ့သို့ လူသားတဝက် ဟာ့ခ် တဝက် ဖြစ်လာတာဟု စိတ်ကူးလိုက်ရုံဖြင့်ပင် သူသည် တို့ဟူးတုံးဖြင့်ပင် ခေါင်းတိုက်လို့ သူ့ကိုယ်သူ သတ်သေချင်သွားခဲ့တယ်။
သူ့လောက် ရုပ်ဆိုးမနေချင်ဘူး အာ့
လီယောင် ဘာမှပြန်မပြောတာကိုမြင်တော့ ဆရာချောင် က သူမှန်တယ်ထင်ပြီး သူ့ကို မိုက်မဲတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ ပိုင်ရီကျီး ဘက်ပြန်လှည့်ပြီး "ဒါဆို ငါ့အဖွဲ့ထဲကိုဝင်ချင်လား" လို့ မေးလိုက်တယ်။
ပိုင်ရီကျီး က "ဆရာချောင် ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ငါတို့ တွဲလုပ်ရတာက အဆင်မပြေဘူး" လို့ ပြန်ဖြေလိုက်တယ်။
ဒီစကားကိုကြားတာနဲ့ ဆရာ ချောင် က သူ့မျက်လုံးတွေကို မှေးထားပြီး "မင်းက ငါနဲ့ မပူးပေါင်းချင်ဘူးလား”
အခန်း-(၂၀)
ပိုင်ရီကျီး က ဆရာ ချောင် ရဲ့ စကားကိုကြားသောအခါ ပြုံးပြီး "ဆရာ ချောင်၊ ဖုတ်ကောင်တွေက အသံနှင့် အနံ့ကို အာရုံခံနိုင်တယ်။ အုပ်စုငယ်နဲ့ ထွက်တာက ပိုကောင်းတယ်လို့ ငါထင်တယ်"
ထို့နောက် သူက ဆန့်ကျင်ဘက်ကအသင်းအား တစ်ချက်ကြည့်လိုက်ပြီး "ခင်ဗျားမြင်တဲ့အတိုင်းပါပဲ ထောက်ပံ့ရေးပစ္စည်းတွေကို သီးခြားရှာဖွေဖို့အတွက် မင်းရဲ့အဖွဲ့ကို အုပ်စုငယ်နှစ်ခု ဒါမှမဟုတ် သုံးခုခွဲလိုက်တာက ပိုထိရောက်ပြီး အန္တရာယ်နည်းသွားလိမ့်မယ်" ဟု ထပ်လောင်းပြောသည်။
ဆရာချောင် ရဲ့အဖွဲ့မှလူအားလုံးသည် သူ့စကားကိုကြားသောအခါ တစ်ယောက်ကိုတစ်ယောက်ကြည့်လို့ သဘောတူညီမှုအရိပ်အယောင်ကိုမြင်လိုက်ရတယ်။ အဖွဲ့ငယ်များနဲ့ ပြောင်းရွှေ့သွားခြင်းက ပိုကောင်းမည်ဟု သူတို့လည်း ထင်ခဲ့ကြသော်လည်း ဆရာချောင် က ဆုံးဖြတ်ချက်များ ချပေးသူဖြစ်တာကြောင့် သူ့ကို မဆန့်ကျင်ရဲကြပေ။
တကယ်တော့ ဆရာ ချောင် နဲ့ သူတို့အဖွဲ့ထဲက တက္ကသိုလ်ဝန်ထမ်းတော်တော်များများကလွဲရင် သူတို့မှာ စူပါပါဝါမရှိကြပါဘူး။ ဆန့်ကျင်လျှင် အစာရေစာ မရနိုင်ရုံသာမက ရိုက်နှက်ခံရနိုင်တယ်။
သူတို့ရဲ့ တုံ့ပြန်မှုတွေကို သတိပြုလိုက်မိတော့ ဆရာ ချောင် က ပိုင်ရီကျီး ကို စိုက်ကြည့်လိုက်ရင်း "ပိုင်ရီကျီး မင်း တစ်ယောက်တည်းက ဉာဏ်ကောင်းတယ်လို့ ထင်နေတာလား။ ငါ ဘာလုပ်ရမယ်ဆိုတာကို မင်းပြောဖို့ မလိုဘူး"
ပိုင်ရီကျီး က သူ့စကားတွေကိုကြားတော့ ပြုံးပြီး "ဆရာ ချောင် ကျွန်တော့်အဖွဲ့နဲ့ ကျွန်တော်က ပစ္စည်းတွေရှာဖို့ ထွက်ရမှာ မင်းစကားပြောလို့ပြီးသွားရင် ဘေးနားကို ရွှေ့ပြီး တံခါးကို ဖွင့်ထားလိုက်"
သူ့ရဲ့ ဂရုမစိုက်တဲ့ သဘောထားကိုမြင်တော့ ဆရာချောင် က မလှုပ်ဘဲ အေးစက်စက်နဲ့ "မလုပ်ချင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ"
သူပြောလိုက်ပြီးသည်နှင့် လီယောင် ကလည်း သူ့လက်ဆစ်များကို ချိူးလို့ ရှေ့သို့ တိုးကာ "ဒါဆို ငါတို့ကို ရိုင်းစိုင်းလို့ဆိုပြီး အပြစ်မတင်ပါနဲ့" လို့ ပြောလိုက်ပါတယ်။
သူ့ရဲ့ တိုက်ပွဲဝင်တော့မဲ့ ပုံစံကိုမြင်တော့ ဆရာ ချောင် က ကျယ်လောင်စွာ ရယ်မောပြီး "မင်းရဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နဲ့ ငါ့ကို တိုက်ခိုက်ချင်တာလား မင်းက တကယ်ကို စိတ်ကူးယဉ်နေတာပဲ"
သူ့စကားမဆုံးခင်မှာပဲ့ လီယောင် က ရုတ်တရက် သူ့နေရာကနေ ပျောက်သွားပြီး သူ့ရှေ့မှာ ပြန်ပေါ်လာတယ်။ ဒူးကိုကွေးပြီး ဆရာချောင်းရဲ့ထိတ်လန့်တုန်လှုပ်သောအမူအရာကိုကြည့်ကာ "မင်းက စကားအရမ်းများတယ်" လို့ပြောလိုက်တယ်။
ဘန်းး
နောက်တစက္ကန့်တွင်တော့ သူက ပြင်းထန်သော ထိုးချက်ကို ထုတ်လွှတ်လိုက်သည်။ ထိုးနှက်မှုရဲ့နောက်ကွယ်က တွန်းအားက အရမ်းပြင်းထန်တာကြောင့် ဆရာချောင် ဟာ မီတာပေါင်းများစွာ လွှင့်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ကနံရံကိုရိုက်မိသွားပါတယ်။
မာကျောသော မျက်နှာပြင်ကို ဆောင့်တိုက်မိလိုက်ရာ စူးရှရှရှ နာကျင်မှုက သူ့အသည်းမှ ပေါက်ကွဲထွက်လာကာ သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။ ခြေထောက်များ ထုံကျင်သွားကာ နံရံမှ လျှောကြလာပြီး ပြင်းထန်သော အသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ပါးစပ်က သွေးတွေ ထွက်လာတယ်။
ထိုအချိန်တွင် အစာအိမ်အက်ဆစ် အန်ခြင်းကြောင့် သွေးကြောများ ဖောင်းလာကာ လည်ချောင်းများ တင်းကြပ်လာခဲ့တယ်။ သတိမလစ်ရန် ရုန်းကန်ရင်း တံတွေး၊ သွေးနှင့် စိမ်းပြာရောင် အရည်များ နှုတ်ခမ်းထောင့်မှ ယိုကျလာသည်။
"အိုး..." နာကျင်မှုကြောင့် တကိုယ်လုံး တဆတ်ဆတ် တုန်ခါသွားကာ ညည်းညူလိုက်မိတယ်။
တစ်ချက်တည်းနဲ့ ရှုံးနိမ့်သွားတာကို မြင်လိုက်ရတော့ သူ့အဖွဲ့ထဲကလူ အားလုံးက စကားမပြောနိုင်ဘဲဖြစ်နေတယ်။ လီယောင် ကို လှည့်ကြည့်လိုက်တော့လည်း ဆရာချောင်ကို လက်သီးတစ်ချက်နဲ့ထိုးသတ်လုနီးနီး ဖြစ်နေပြီဆိုတာကို မယုံနိုင်သလို ပြန်ကြည့်နေတယ်။
ခဏငြိမ်သက်ပြီးနောက် လီယောင် က "တံခါးကို ပိတ်ထားတဲ့သူက ခုနကအတိုင်းဖြစ်သွားမယ်"
သူ့စကားကြားသည်နှင့် တပြိုင်နက် ထွက်ခွာသွားခြင်းကို မတားဝံ့တော့ဘဲ ဘေးသို့ ပြေးသွားကြတယ်။
ဒါကိုမြင်တော့ ပိုင်ရီကျီး က ပြုံးပြီး "ဆရာ ချောင်၊ ငါ့အဖွဲ့မှာ အစွမ်းထက်တဲ့ စွမ်းရည်မျိုး စုံရှိတယ်၊ ဒါကြောင့် ငါတို့ကို ကာကွယ်ဖို့အတွက်နဲ့ မင်းကို ဒုက္ခမပေးတော့ဘူး"
ထို့နောက် သူ့အဖွဲ့ကိုကြည့်ကာ "သွားကြစို့" ဟုပြောလိုက်တယ်။
သူတို့ထွက်သွားပြီးနောက်တွင် ဆရာချောင်လက်အောက်ရှိ ကျောင်းသားများသည် ပိုင်ရီကျီး နောက်သို့ လိုက်ရန် မဆုံးဖြတ်မီ၌ အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ ဆရာ ချောင် နဲ့ အတူရှိနေတာထက် သူတို့ ဒုဥဣဌရဲ့ဦးဆောင်မှုကို လိုက်နာတာက ပိုကောင်းပါတယ်။
ဆယ်မိနစ်အကြာတွင် ဆရာချောင်နှင့် ဝန်ထမ်းအနည်းငယ်သာ ကျန်ရှိတော့သည်။ တခြားသူတွေ ထွက်သွားတာကို ကြည့်လိုက်ပြီးတော့ ဝန်ထမ်းတွေထဲက တစ်ယောက်က သွားတွေကိုကြိတ်ပြီး "ကျေးဇူးကန်းတဲ့ မျက်လုံးဖြူ ဝံပုလွေ တစ်သိုက်"
ထိုစကားကိုပြောပြီးနောက် သူမသည် ဆရာချောင်ကို စစ်ဆေးရန်အတွက် အလျင်အမြန်လျှောက်သွားလိုက်တယ်။ သူ၏ သနားစရာကောင်းသော အခြေအနေကို သူမမြင်သောအခါ၊ အထင်အမြင်သေးပြီး ရွံရှာဖွယ် အရိပ်အယောင်များက သူမ၏ မျက်လုံးများကို ဖြတ်သန်းသွားသော်လည်း ခေါင်းငုံ့ကာ အမြန်ဖုံးကွယ်ထားလိုက်တယ်။
သူမ နောက်တစ်ကြိမ် ကြည့်လိုက်သောအခါတွင်တော့ သူမရဲ့ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများသာ မြင်နေရပါသည်။ သူမက သူ့ကိုကူညီဖို့ လှမ်းခေါ်ပြီး "မောင်လေး ချောင် အဆင်ပြေရဲ့လား"
သူ့ခန္ဓာကိုယ်မှာ တဆတ်ဆတ် နာကျင်ကိုက်ခဲနေတာကို ခံစားရတော့ ဆရာချောင်က နံရံကို မှီပြီး အသက်ပြင်းပြင်းရှူတယ်။ ထိုတိုက်ခိုက်ချက်က သူ့အသက်ကို သတ်လုနီးပါးဖြစ်ခဲ့ပြီး လီယောင် ကတော့ သူရဲ့ခွန်အားကိုပင် အပြည့်အဝအသုံးမပြုခဲ့ကြောင်း သေချာသည်။ သူသာသုံးခဲ့ရင် ပွဲချင်းပြီးသေသွားနိုင်တယ်။
သူ့လက်သီးတွေကို ဆုပ်ထားရင်း သူ့နှလုံးသားထဲမှာ လူသတ်ချင်စိတ်တွေ တိုးလာသလို သူ့မျက်လုံးတွေကလဲ မည်းမှောင်သွားတယ်။
'လီယောင် ၊ ပိုင်ရီကျီး မင်းတို့နှစ်ယောက်လုံးကို ငါသတ်ပစ်မယ်' စိတ်အတွင်း၌ သူကျိန်ဆိုလေ၏။
သူ အပြင်းအထန် ဒေါသတကြီး ဖြစ်နေတာကို မသိဘဲ ပိုင်ရီကျီး နှင့် သူ့အဖွဲ့က အဆောက်အဦးရဲ့ အဝင်ပေါက်ဆီသို့ လျှောက်သွားခဲ့တယ်။ သူတို့က အတွင်းထဲမှာရှိတဲ့ ဖုတ်ကောင်တွေကို ရှင်းထုတ်ပြီး တံခါးကို သော့ခတ်ထားနိုင်ဖို့အတွက် သေချာအောင် လုပ်ထားတဲ့ သူတို့နေဖို့လုံခြုံတဲ့ နေရာတစ်ခု ရှာမှာပါ။
ဝင်ပေါက်နဲ့ မနီးမဝေးမှာ ရပ်နေတဲ့ ကျောင်းသားတွေကို လှမ်းကြည့်ရင်း "ဒီနေ့ တက္ကသိုလ် အပြင်ဘက်မှာ ရိက္ခာတွေ လိုက်ရှာမယ်။ သွားချင်တဲ့သူတိုင်း ကိုယ့်လုံခြုံရေးအတွက် ကိုယ့်ဘာသာ တာဝန်ယူရမယ်" ဟု ပြောသည်။
" စီနီယာ ပိုင် နင်ဘာကိုဆိုလိုတာလဲ နင် ငါတို့ကို အကာအကွယ်မပေးဘူးလို့ ပြောနေတာလား" ကျောင်းသားတစ်ယောက်က မေးတယ်။
ပိုင်ရီကျီး သည် သူ့ကိုကြည့်လိုက်တာနဲ့ ဆရာ ချောင် ရဲ့အဖွဲ့ဝင်တစ်ဦးအဖြစ်တာကိုသိလိုက်တယ်။ အလွယ်တကူ ပြောင်းလဲနိုင်သော တစ်စုံတစ်ယောက်က ယုံကြည်မှုနှင့် မထိုက်တန်ပါ။
သူက လူတိုင်းကို ကြည့်ပြီး "ကျွန်တော် အခု ရှင်းရှင်းလင်းလင်းပြောမယ်။ မင်းတို့ကို ကာကွယ်ဖို့ ငါ့မှာ တာဝန်မရှိဘူး၊ မင်းတို့ကို ငါ ဘာတစ်ခုမှ ပေးစရာ မရှိဘူး၊ ဒီမှာ အားလုံးက အတန်းဖော်တွေ ဖြစ်ကြတယ်၊ ငါတို့ ရှင်သန်ဖို့ အခွင့်အလမ်း ပိုကောင်းအောင် ငါတို့ အဖွဲ့ဖွဲ့နေတယ်"
အပြင်ကို လက်ညှိုးထိုးပြပြီး "အခုအချိန်မှာ မင်းတို့ ကိုယ့်ကိုကိုယ်ကလွဲပြီး ဘယ်သူမှ မင်းတို့ကိုမကာကွယ်နိုင်တော့ဘူး။ မင်းတို့မသန်မာရင် မင်းတို့သေရလိမ့်မယ်။ မင်းတို့အသက်ရှင်ချင်ရင် တိုက်ပွဲဝင်ရမယ်"
သူပြောပြီးသည်နှင့် ကျောင်းသားများက အပြန်အလှန် အဓိပ္ပါယ်ရှိသော အကြည့်အကြည့်များဖြင့် အချင်းချင်းကြည့်နေကြတယ် ။ သူတို့၏ တွက်ချက်မှုအသုံးအနှုန်းများကို သူသတိပြုမိပြီး ပထမခြေလှမ်းကို လှမ်းဝံ့ကြောင်း နားလည်စေခဲ့သည်။
ဒါပေမယ့် သူကိုယ်တိုင်ကလဲ လူတိုင်းကို ကာကွယ်နိုင်စွမ်း မရှိခဲ့ပါဘူး။ တခြားသူတွေရဲ့ အသက်ကိုလဲ တာဝန်မယူချင်ဘူး။ လူတိုင်းသည် ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိကြပြီး၊ အဲဒါက သူတို့အား ကူညီနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
ခဏကြာတော့ သူက "ဒါဆို ပစ္စည်းတွေရှာဖို့ ဘယ်သူက လာချင်လဲ" လို့ မေးလိုက်တယ်။
အခန်း-(၂၁)
ပိုင်ရီကျီး ရဲ့စကားပြီးတာနဲ့ လီယောင် ၊ ချူကျိမြောင် နဲ့ တခြားလူသုံးယောက်က သူ့နောက်မှာ မတ်တပ်ရပ် နေရာကနေ ရှေ့ကို တိုးလာကြပါတယ်။ သူ့ရှေ့က လူသုံးဆယ်ကျော်ကို စိတ်ပျက်လက်ပျက် အရိပ်အမြွက်တွေနဲ့ကြည့်လိုက်ကြတယ်။
အဖွဲ့ရဲ့အနောက်ဘက်တွင်ရပ်နေသော မိုဘင်းရှမ် ကတော့ ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆကာ မျက်မှောင်ကြုတ်လိုက်တယ်။ ခဏအကြာတွင် သူမ လက်မြှောက်လိုက်သည်။
"ပိုင်- အစ်ကို ပိုင် ငါ မင်းနဲ့လိုက်ချင်တယ်" ဟု တိုးတိုးလေးပြောတယ်။
သူမရဲ့ အသံကိုကြားတော့ အားလုံးက သူမကို လှည့်ကြည့်လိုက်ကြသည်။ "အတန်းဖော်၊ မင်းက အားနည်းတဲ့ မိန်းကလေးပဲ၊ ပစ္စည်းတွေရှာဖို့ သူတို့နဲ့ ပူးပေါင်းချင်တာ သေချာလား? မင်း ငါတို့နောက်ကို လိုက်လာပြီး ဆရာ ချောင် နဲ့ ပေါင်းလိုက်တာ ပိုကောင်းမယ်ထင်တယ်"
"အတန်းဖော်၊ မင်း ငါတို့နဲ့ ပူးပေါင်းသင့်တယ်။ အနည်းဆုံးတော့ ဆရာ ချောင် က မင်းကို အပြင်ထွက်ပြီး ရိက္ခာတွေ ရှာခိုင်းမှာ မဟုတ်ဘူး။ သူနဲ့ သူ့အဖွဲ့ဟာ ငါတို့ကို ကယ်ဆယ်ဖို့ အစိုးရက လူမလွှတ်မချင်း ငါတို့ကို ကာကွယ်ပေးမှာပါ" ဟု အခြားကျောင်းသားက ထပ်ပြောတယ်။
မိုဘင်းရှမ် က သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ သူတို့ရဲ့ စူးစူးရှရှ အကြည့်များကို သတိပြုမိပြီး ရွံရှာသွားသည်။ ဒီလို လူတန်းစားနိမ့်ပါးသူတွေနဲ့ နေရတာထက် သူမဟာ စွန့်စားပြီး ပိုင်ရီကျီး နဲ့ ပိုရင်းနှီးလာချင်တယ်။
သူမရဲ့ အတွင်းစိတ်က တွေးတောနေသော်လည်း သူမသည် ရှက်ရွံ့သောအမူအရာဖြင့် “မ-မဟုတ်ဘူး၊ ငါက သန်မာပြီး ကိုယ့်ကိုကိုယ် ကာကွယ်ချင်တယ်” လို့ပြောခဲ့တယ်။
စကားပြောပြီးတဲ့နောကှ်ာတော့ သူမ ပိုင်ရီကျီး ရဲ့ အနောက်သို့ လျှောက်သွားလိုက်တယ်။ လူသုံးယောက်က သူမကို ကြည့်နေကာ လီယောင် နှင့် ပိုင်ရီကျီး ကနှုတ်ဆိတ်နေခဲ့တယ်။
ချူကျိမြောင် က မျက်လုံးကိုလှန်ပြီး တိုးတိုးလေးပြောလိုက်တယ် "ကြာဖြူလို ဟန်ဆောင်ထားတဲ့ လက်ဖက်စိမ်းမလေးက အရသာအသစ်ကို စမ်းကြည့်နေတာလား"
သူမရဲ့ အသံက ကျယ်လောင်ကာ ပျော့ပျောင်းခြင်းမရှိပေ။ သူမဘေးမှာရပ်နေတဲ့ လီယောင် က သူမရဲ့စကားတွေကို ရှင်းရှင်းလင်းလင်းကြားလိုက်ရကာ တံတွေးတွေဆို့လုနီးပါးဖြစ်သွားပြီး ရယ်မောခြင်းကို ထိန်းထားဖို့ ရုန်းကန်နေရပါတယ်။
သူက ငယ်သူငယ်ချင်းကို တစ်ချက်ကြည့်လိုက်ပြီး မိုဘင်းရှမ် ကို ဘာကြောင့် အရမ်းမုန်းတာလဲလို့ သိချင်နေတယ်။ သူသိသလောက်တော့ မိုဘင်းရှမ် က သူမကို စော်ကားဖို့ ဘာမှ မလုပ်ခဲ့ပါဘူး။
အားလုံးက အချင်းချင်း တိုးတိုးလေးပြောနေကြတုန်းမှာ မိန်းကလေးတစ်ယောက်က အဆောက်အဦးဘေးတံခါးကနေ ဝင်ချလာပြီး အဖွဲ့ထဲကို တိတ်တဆိတ် ဝင်ရောလိုက်တယ်။
သူနဲ့ဘယ်သူမှမပူးပေါင်းချင်တော့ဘူး ဆိုတာကိုမြင်တော့ ပိုင်ရီကျီး က သူ့အဖွဲ့ကို "သွားရအောင်" လို့ပြောပါတယ်။
သူစကားပြောပြီးသည်နှင့် အုပ်စုအနောက်ဘက်မှ အသံတိုးတိုးလေးတစ်ခုက "ခဏနေပါဦး"
ခဏအကြာတွင် အနက်ရောင် တီရှပ်၊ နက်ပြာရောင် ဂျင်းဘောင်းဘီနှင့် အနက်ရောင် ဖိနပ်ကိုဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က ရှေ့သို့ တိုးလာတယ်။ သူမသည် တောင်တက်ကျောပိုးအိတ်ကြီးတစ်လုံးကို ကျောတွင်ထမ်းထားပြီး အရိုးဓားကို သူမရဲ့ခါးတွင် ပတ်ထားတယ်။ သူမရဲ့ အနက်ရောင် ဆံပင်တိုတိုက သူမ လမ်းလျှောက်လာတိုင်း ပေါ့ပါးစွာ ယိမ်းခါသွားတယ်။
ပိုင်ရီကျီး အရှေ့မှာ ရပ်လိုက်တဲ့ မိန်းကလေးက ပြုံးပြီး "စီနီယာ မင်းရဲ့အဖွဲ့ထဲဝင်လို့ရမလား"
ခေါင်းငုံ့ သူမကိုစိုက်ကြည့်လိုက်တဲ့ ပိုင်ရီကျီး သည် သူမ သူမရဲ့မျက်လုံးထဲတွင်ရှိတဲ့ စိတ်လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားခဲ့တယ်။ ကမ္ဘာပျက်ကပ်စတင်ပြီးနောက်တွင် သူတွေ့ခဲ့တဲ့လူအများစုဟာ သူတို့ရဲ့မျက်လုံးထဲမှာ ကြောက်ရွံ့မှု၊ စိုးရိမ်မှု ဒါမှမဟုတ် မနာလိုစိတ်တွေပဲ့ရှိကြတော့တယ်။ သူယုံကြည်ရတဲ့ သူငယ်ချင်းတောင်မှ ရိက္ခာရှာဖို့ ထွက်သွားတိုင်း တုံ့ဆိုင်းနေပြီး ကြောက်ရွံ့နေသေးတယ်။
စိတ်ဝင်စားစရာကောင်းတာကိုတွေ့တော့ သူက ပြုံးပြီး "ရပါတယ်၊ ဒါပေမယ့် မင်းရဲ့လုံခြုံရေးအတွက် ငါတာဝန်ယူမှာမဟုတ်ဘူး" လို့ပြန်ဖြေတယ်။
"ကျွန်မ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တယ်" လို့ မိန်းကလေးက ပြန်ဖြေတယ်။
ပိုင်ရီကျီး က သူမကို ခဏလောက် ကြည့်ပြီးမှ "သွားရအောင်" ဟု ပြောလိုက်တယ်။
မထွက်ခွာခင်မှာ လက်နက်အဖြစ်သုံးနိုင်တဲ့ အရာမှန်သမျှကို ရှာဖွေခဲ့တယ်။ သံချောင်းတွေ၊ သစ်သားချောင်းတွေ၊ ကျိုးနေတဲ့ တံမြက်စည်းတွေကိုတောင် ကိုင်ပြီး တံခါးနားမှာ ရပ်နေကြတယ်။
အပြင်ဘက်တွင် ဖုတ်ကောင်အများအပြားက စူးရှသော ဟိန်းဟောက်သံများကို မရပ်တန့်ဘဲ ပန်းတိုင်မဲ့ လှည့်လည်သွားလာ နေကြတယ်။ တံခါးကို ဆွဲဖွင့်လိုက်သည်နှင့် ဖုတ်ကောင်များအားလုံးက ရုတ်တရက် တောင့်တင်းသွားပြီး လှည့်ကြည့်လာကြတယ်။
တစ်စက္ကန့်အကြာတွင်တော့ ချက်ချင်းပဲ့ဟိန်းဟောက်ကာ ဖုတ်ကောင်တွေက သူတို့ဆီသို့ ပြေးဝင်လာကြတယ်။ ကံမကောင်းစွာပဲ သူတို့ ဘယ်လောက်ပဲ မြန်မြန်ရွေ့ပါစေ၊ သူတို့ရဲ့ အရှိန်က ခပ်သွက်သွက် လမ်းလျှောက်တာလောက်သာ မြန်တယ်။
ဖုတ်ကောင်တွေ ချဉ်းကပ်လာတာကို မြင်တော့ အထဲမှာရှိတဲ့ ကျောင်းသားတွေက တံခါးကိုအမြန်ပိတ်ပြီး သော့ခတ်ထားလိုက်တယ်။ တံခါးဝမှာရပ်နေတဲ့ ပိုင်ရီကျီး က "လူစုခွဲ" လို့ပြောလိုက်တယ်။
သူပြောပြီးသည်နှင့် လူတိုင်းက လူနှစ်ယောက်အဖွဲ့များဖွဲ့ကာ ဘေးဘက်သို့ ရွှေ့သွားကြသည်။ သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် မလုပ်နိုင်ခင်မှာပဲ့ ဖုတ်ကောင်တွေက သူတို့ရဲ့ ပုပ်နေတဲ့လက်တွေနဲ့ သူတို့ဆီ လှမ်းလာနေပြီ။
"ရားးး"
ကျိူးလီဇီ က ဖုတ်ကောင်များ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနေရင်း မိုဘင်းရှမ် ရဲ့ နောက်သို့ အနီးကပ်လိုက်လို့ သူမရဲ့ အရိုးခုတ်ဓားကို ဆွဲထုတ်လိုက်သည်။ သူမကို ဖယ်ရှားရန်အတွက် ဖုတ်ကောင်များကို အသုံးပြုရန် အချိန်မှန်ကို တိတ်တဆိတ် စောင့်ဆိုင်းရင်း သူမရဲ့ အကြည့်များက အေးစက်နေခဲ့တယ်။
ထိုအချိန်တွင် မိုဘင်းရှမ် ကတော့ ဖုတ်ကောင်တစ်ကောင်က ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ သူမဆီ ရောက်လာတာကိုမြင်တော့ အော်ဟစ်ငေါက်ငမ်းကာ လှုပ်ရမ်းရင်း အစွမ်းကုန်ကြိုးစားတယ်။ သံချောင်းကို ဆုပ်ကိုင်ရင်း “မနီးကိုလာပါနဲ့၊ မလာနဲ့” လို့ ရေရွတ်ရင်း အရူးအမူး လွှဲယမ်းလိုက်တယ်။
သူမ ကံကောင်းခဲ့တယ်—သူမရဲ့ ကျပန်းတိုက်ခိုက်မှုက ဖုတ်ကောင်၏ဦးခေါင်းကို ကျယ်လောင်သောအသံဖြင့် ထိမှန်သွားခဲ့သည်။
ဖုတ်ကောင်က လဲကျသွားကာ ပြန်ထရန် ရုန်းကန် နေရသည်။
ဒါကိုမြင်တော့ ဖုတ်ကောင်ရဲ့ဦးခေါင်းကိုချိန်ရွယ်လိုက်ကာ သံ ချောင်းကို မြှောက်ပြီး ထိုးချလိုက်ရင်း မိုဘင်းရှန် ရဲ့ မျက်လုံးတွေဟာ မုန်းတီးရွံရှာမှုတွေနဲ့ တောက်ပနေပါတယ်။
"ဒုတ် ဒုတ် ဒုတ်"
သူမက နတ်ဆိုးပူးကပ်နေသကဲ့သို့ အကြိမ်ကြိမ် ထိုးပစ်ခဲ့သည်။ ခဏအကြာတွင်မှ သူမ နောက်ဆုံးတွင် ရပ်တန့်လိုက်ကာ အသက်ရှုကြပ်လာခဲ့သည်။
မြေပြင်ပေါ်ရှိ ထိုးခြေထားသော အသားပုပ်ကို ကြည့်ပြီး သူမ ပါးစပ်ဟပြီး အန်တယ်။ ကံကောင်းထောက်မစွာဖြင့် သူမသည် ဘာမှမစားရသေးဘဲ ရေနှစ်ခွက်သာသောက်ရ သေးသောကြောင့် သူမအဝတ်အစားများ ညစ်ပတ်သွားခြင်းမရှိပေ။
မလှမ်းမကမ်းက လူတစ်ယောက်သည် သူမရဲ့အခြေအနေကို သတိပြုမိပြီး အမြန်ပြေးလာခဲ့တယ်။ ဖုတ်ကောင်တစ်ကောင် သူမရဲ့အနောက်ကနေ ချဉ်းကပ်လာတာကိုမြင်တော့ သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး လေဖိအားနည်းရပ်ဝန်းထဲက သစ်သားဘောလုံးတစ်ခု ထွက်ပေါ်လာစေကာ ဖုတ်ကောင်ဆီ သို့အရှိန်ပြင်းပြင်းနဲ့ ပျံသန်းသွားစေလိုက်တယ်။
"ဘုန်း"
သစ်သားဘောလုံးက ဖုတ်ကောင်၏ဦးခေါင်းကို ထိမှန်သွားကာ ဖုတ်ကောင်ကချက်ချင်းပဲ့သေဆုံးသွားခဲ့သည်။ ဖုတ်ကောင်ကလဲကျသွားတာနှင့် အမျိုးသားသည် မိုဘင်းရှမ် ရဲ့နံဘေးသို့ရောက်ရှိသွားပြီး သူမရဲ့တံတောင်ဆစ်ကိုဆွဲကိုင်ကာ သူမကိုတည်ငြိမ်အောင်ကူညီပေးလိုက်တယ်။
"အဆင်ပြေရဲ့လား" သူကမေးတယ်။