အခန်း (၁၁၃)
Vol. 8 Ch. 113
အဘွားကြီးရဲ့ စကားကိုကြားတာနဲ့ ကျိူးလီဇီရဲ့ မျက်လုံးတွေက အေးစက်သွားတယ်။ သူမက အဘွားကြီးကို ကြည့်ကာ "အခြားသူတွေဆီက အကာအကွယ်ပေးခံလိုက်ရအောင် မင်းက ဘယ်သူလဲ" ဟု မေးလိုက်သည်။
သူမရဲ့ စိတ်နေစိတ်ထားက ပြောင်းလဲသွားတာကို သတိပြုမိတော့ အစ်မဝမ်းက "ညီမ အန်တီက ဒီလိုမျိုး မဆိုလိုပါဘူး။ သူမတစ်ယောက်တည်း—"
သူမစကားမဆုံးခင်မှာ အဘွားကြီးက "ရှောင်ဝမ်း နင်ကဘာလို့ကြောက်ရမှာလဲ ၊အဲဒီလူက စစ်သားဆိုတာ ထင်ရှားတယ်။ သူ့အဝတ်အစားပေါ်က တံဆိပ်ကို ကြည့်လိုက်။ စစ်သားတိုင်းက တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့ ကတိကဝတ်ပြုကြတယ်။ ဒါကြောင့် ငါတို့ကို ကာကွယ်ပေးသင့်တယ်" လို့ ဖြတ်ပြောလိုက်တယ်။
သူမ စကားဆုံးပြီးချင်းမှာပဲ ကျိူးလီဇီက ရယ်မောလိုက်သည်။ သူမ ဖြည်းညှင်းစွာလက်ခုပ်တီးပြီး "အင်း၊ ဒီလိုမျိုး ရပိုင်ခွင့်တွေရှိတယ်။ ဗိုလ်မှူးကတောင် ဒီလို အခြေအနေမျိုးမှာ ဒီလို စကားမျိုး မပြောရဲဘူး" လို့ ပြောလိုက်တယ်။
"အဘွားကြီး၊ ဒီယောက်ျားက ငါ့အတွက်ပဲ၊ သူက ငါ့ကိုပဲ့ အကာအကွယ်ပေးလိမ့်မယ်။ မင်းရဲ့ ဒီပါးစပ်ကနေ ဆက်ပြောနေအုံးမယ်ဆိုရင် မင်းကို သည်းခံနေမှာ မဟုတ်ဘူး"
စကားဆုံးသောအခါတွင်ပဲ သူမကလက်ကိုဝှေ့ယမ်းလိုက်တော့ ရေခဲအပ်တစ်ချောင်းက အဘွားအိုရဲ့လည်ချောင်းမှ တစ်မီလီမီတာသာအကွာထိကို အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့သည်။
ရုတ်တရက် တိုက်ခိုက်မှုကြောင့် လူတိုင်းက ထိတ်လန့်သွားပြီး အသက်ရှုဖို့တောင် မဝံ့ရဲကြပေ။ အဘွားကြီးမှာ အလွန်ကြောက်လန့်သွားပြီး မျက်နှာက ဖြူဖျော့သွားခဲ့သည်။
သူမရဲ့ဖြူဖျော့သော မျက်နှာကို မြင်လိုက်ရတော့င့် ကျိူးလီဇီက ရယ်လိုက်ပြီး သူမရဲ့ လက်ကိုလှုပ်ရှားလိုက်တော့ ရေခဲအပ်က လည်ချောင်းထဲ ပိုနက်ဝင်သွားပြီးသွေးများထွက်လာသည်။
နာကျင်မှုကို ခံစားရပြီးနောက်တော့ အဘွားကြီးရဲ့ မျက်လုံးများ မှိတ်သွားကာ နေရာတွင်ပင် မူးလဲသွားသည်။ မြေကြီးပေါ်မှာ လဲကျနေပြီး လေထဲမှာတော့ ဆီးနံ့တွေက တထောင်းထောင်းထနေတယ်။ အဘွားကြီးကို ကြည့်လိုက်တော့ ဘောင်းဘီတွေက ရွှဲစိုနေပြီး သူမကိုယ်သူမ ကိုက်နေတာကို တွေ့လိုက်ရသည်။
ကျိူးလီဇီက လက်ကောက်ဝတ်ကို ပြန်လှုပ်ရှားလိုက်တော့ ချက်ခြင်းပဲ ရေခဲအပ်က ရေအဖြစ်ကို ပြောင်းသွားပြီး အဘွားကြီးရဲ့ မျက်နှာကို ပက်ဖြန်းပစ်လိုက်တယ်။
သူရဲဘောကြောင်တဲ့ သူတစ်ယောက်ဖြစ်သော်လည်း သူမရဲ့လူကို ကိုယ်ကျင့်တရားနှင့်ပတ်သက်ပြီး ပုတ်ခတ်ပြောဆိုဝံ့တယ်။သူမက အခေါင်းကိုမမြင်မချင်း မငိုတဲ့သူတစ်ယောက်လို ထင်ရတယ်။
သူမက သူတို့ကို မကြည့်တော့ဘဲ "ငါက သူတော်စင်တစ်ယောက် မဟုတ်ဘူး၊ ငါ့အစ်ကိုက မင်းတို့ကို ကာကွယ်ပေးမှာလည်းမဟုတ်ဘူး။ မင်းတို့ကိုကာကွယ်ဖို့အတွက် ငါတို့မှာတာဝန်မရှိဘူး၊ မင်းတို့အသက်ရှင်ချင်ရင် မင်းတို့ကိုယ်တိုင် အတွက်တိုက်ပွဲဝင်ရမယ်"
ထို့နောက် သူမက ကျင်းရွှီယန်းရဲ့လက်ကို ကိုင်လိုက်ပြီး "အစ်ကိုယန်း သွားကြစို့" လို့ပြောလိုက်တယ်။
ကျင်းရွှီယန်းက အဖွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး " ငါတို့နောက်ကို မလိုက်ချင်ရင် အထည်စက်ရုံကို သွားလိုက်။ အသက်ရှင်ကျန်ရစ်သူတွေကို ခေါ်ဖို့ စစ်သားတစ်စု ရောက်လာလိမ့်မယ်။ မင်းတို့က သူတို့နဲ့လိုက်သွားလို့ရတယ်"
သူက လက်ပတ်နာရီကို စစ်ဆေးကြည့်လိုက်ပြီးတော့ "သူတို့က အခုချိန်ကစပြီး နှစ်နာရီ၊ သုံးနာရီအတွင်း ရောက်လာလိမ့်မယ်။ မင်းတို့သာနောက်ကျနေရင် မင်းတို့ကိုစောင့်မယ်လို့ အာမခံချက်မရှိဘူး" ဟု သူက ဆက်ပြောသည်။
စကားပြီးတာနဲ့ ကျိူးလီဇီ နှင့်အတူ ဂိုဒေါင်ဆီသို့သွားလိုက်တယ်။
သူတို့နောက်ကျောကို ကြည့်လိုက်ပြီးတော့ ရှောင်ဂျူးက"အစ်မဝမ်း အခု ငါတို့ ဘာလုပ်သင့်လဲ" လို့ မေးလိုက်တယ်။
အစ်မဝမ်း သတိလစ်နေဆဲဖြစ်သော အဘွားကြီးကိုကြည့်ကာ "အန်တီကို သူတို့က စိတ်ဆိုးနေပြီ၊ သူတို့နောက်ကလိုက်သွားရင်တောင် ရှင်သန်ဖို့အတွက် ရိက္ခာတွေ လုံလုံလောက်လောက် မရမှာကို ငါကြောက်တယ်"လို့ ပြောလိုက်တယ်။
"ဒါဆို ငါတို့က အထည်စက်ရုံကို သွားရမှာလား" လို့ လူငယ်တစ်ယောက်က မေးတယ်။
"အခုလောလောဆယ်မှာတော့ အဲဒါက ငါတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်မှုပဲ။ အခုပဲ သွားသင့်တယ်၊ မဟုတ်ရင်တော့ စစ်သားတွေကို အမီလိုက်နိုင်မှာ မဟုတ်ဘူး" ဟု အစ်မဝမ်းက ပြောလိုက်သည်။
သူတို့ ဆုံးဖြတ်ပြီးနောက်တော့ လူငယ်နှစ်ဦးက အန်တီဝမ်ရဲ့ လက်မောင်းများမှကိုင်ဆွဲကာ အစ်မဝမ်းနှင့် ကျန်လူများနောက်သို့ လိုက်သွားကြတယ်။
ကျိူးလီဇီက မဝေးလှသောနေရာက ထိုအဖွဲ့ကို လှည့်ကြည့်ကာ "အစ်ကိုယန်း ငါတို့နောက်ကို လိုက်ခွင့်မပေးဘူးလား။ ဂိုဒေါင်ထဲမှာ ဆန်တွေရှိရမယ်။ ရိက္ခာတွေကို ဝေမျှလို့ရတယ်" လို့ ပြောလိုက်တယ်။
ကျင်းရွှီယန်းက ခေါင်းခါပြီး ပြောလိုက်တယ် "ဒီစက်ရုံမှာ ပုန်းအောင်းနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေ ဒီထက်မက များနေဦးမယ်၊ ပြီးတော့ သူတို့အဖွဲ့က အဲဒီ စောင့်ကြည့်ရေးတဲလေးထဲ ပုန်းအောင်းနေပုံကြည့်ရင် ကျန်တဲ့အသက်ရှင်ကျန်ရစ်သူတွေက သူတို့လို နာခံတတ်သူတွေ မဟုတ်နိုင်ဘူး"
"သူတို့ကို လိုက်ခွင့်ပေးလိုက်ရင် တခြားအုပ်စုတွေရဲ့ မလိုလားအပ်တဲ့ အာရုံတွေကို ဆွဲဆောင်မိနိုင်တယ်။ အဲဒီလူတွေက သာမန်ပြည်သူတွေပဲလေ။ အသက်ရှင်ကျန်ရစ်သူ စခန်းကို အမြန်ဆုံးသွားရတာ ပိုကောင်းတယ်"
သူ့စကားကိုကြားပြီးနောက်တော့ ကျိူးလီဇီက ခေါင်းတညိတ်ညိတ်နဲ့သာ ဘာမှပြန်မပြောပေ။ သူမကတော့ အသက်ရှင်ကျန်ရစ်သူတွေကို ဂရုမစိုက်ပါဘူး။
ယခင်ဘဝတုန်းကဆို လူသားမျိုးနွယ်ရဲ့အမှောင်ဘက်ခြမ်းများစွာကို သူမတွေ့မြင်ခဲ့ရပြီး ပျော့ညံ့သိမ်မွေ့ပုံရသော လူများသည် အမှန်တကယ်တော့ လူသားအရေပြားအောက်၌ အကြင်နာကင်းဆုံးနှင့် အရက်စက်ဆုံးသောတိရစ္ဆာန်များရှိကြောင်း သိရှိခဲ့သည်။
ရှင်သန်ဖို့အတွက်ဆိုရင် သူတို့ရဲ့သားသမီးတွေနဲ့ မိသားစုကို စတေးဖို့တောင် တွန့်ဆုတ်မနေဘူး။ ထို့ကြောင့် သူမသည် သာမန်လူများကို ဘယ်သောအခါမှ သနားမည်မဟုတ်ပေ။
အဲဒီအစား သာမန်လူတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေ၊ ကိုယ်ကျင့်တရားနှင့် ခြိမ်းခြောက်ခံရတဲ့ အဲဒီစစ်သားတွေကသာ သနားစရာကောင်းတယ်။ ကာကွယ်ဖို့အတွက် သူတို့ တိုက်ပွဲဝင်ခဲ့ကြပေမယ့်၊ နောက်ဆုံးမှာတော့ သူတို့ကာကွယ်ခဲ့တဲ့လူတွေရဲ့ ကျောနောက်ကိုဓားနဲ့ ထိုးခံခဲ့ရတယ်။
သူမသာ ထိုစစ်သားအားလုံးကို ကျင်းရွှီယန်းရဲ့အဖွဲ့ထဲသို့ ခေါ်ယူနိုင်ခဲ့လျှင် ကောင်းပေလိမ့်မည်။ စွမ်းရည်မရှိရင်တောင်မှ ထိုစစ်သားများက နှစ်ပေါင်းများစွာ လေ့ကျင့်သင်ကြားခဲ့ပြီး သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အခြားသူများထက် သာလွန်သည်။ စွမ်းရည်အသုံးပြုသူများပင် တိုက်ပွဲအတွင်း၌ သူတို့အား အနိုင်ရရန် အာမခံချက်မရှိပေ။
သူမက အတွေးထဲတွင် ပြန်နှစ်မြှုပ်သွားပြန်တာကို ကျင်းရွှီယန်းက သတိပြုမိလိုက်တော့ သူလက်ကိုဆန့်ပြီး သူမရဲ့ပါးကို အသာအယာညွစ်လိုက်ကာ"အာ့ဇီ မင်းဘာတွေတွေးနေတာလဲ" လို့ မေးလိုက်သည်။
အာရုံတွေပြန်ဝင်လာတော့ သူမက ခေါင်းခါပြီး "ဘာမှမဟုတ်ဘူး"လို့ ပြောလိုက်တယ်။
သူမက သူ့ကို ပြောပြချင်စိတ်မရှိသောကြောင့် ကျင်းရွှီယန်း ကလည်း အတင်းအကြပ်လုပ်ရန် အစီအစဉ်မရှိပေ။ သူတို့နှစ်ဦးသည် အနီးနားတွင် လှည့်လည်သွားလာနေတဲ့ ဖုတ်ကောင်များ ရှိ၊ မရှိ စစ်ဆေးရင်း လှည့်ပတ်ကြည့်ရှုခဲ့ကြသည်။
ဆယ့်ငါးမိနစ်လောက်ကြာတော့ သူတို့နှစ်ယောက်က ဂိုဒေါင်နေရာသို့ ရောက်သွားကြတယ်။ လမ်းဘေးဆိုင်းဘုတ်ပေါ်တွင် မြေပုံတစ်ခုရှိနေတယ်။
မြေပုံကို စစ်ကြည့်လိုက်တော့ ယခင်စက်ရုံများနှင့်မတူဘဲ၊ ဤမျိုးစေ့စက်ရုံရှိ ဂိုဒေါင်များကို ဧရိယာများစွာ ခွဲခြားထားပြီး တစ်ခုစီသည် မျိုးစေ့အမျိုးအစားများတစ်ခုစီအတွက် သတ်မှတ်ပေးထားကြောင်း သတိပြုမိလိုက်သည်။
ဧရိယာ A သည် အသီးအစေ့များ သိုလှောင်ရန် ဖြစ်သည်။ ဧရိယာ B သည် ဟင်းသီးဟင်းရွက်မျိုးစေ့များအတွက် ဖြစ်သည်။ ဧရိယာ C သည် ကညွှတ်၊ တောကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ ၊ မုန်ညင်း စသည်တို့ကဲ့သို့ စားသုံးနိုင်သော အပင်မျိုးစေ့များအတွက် ဖြစ်သည်။
ဧရိယာ D သည် ပန်းမျိုးစေ့များနှင့် ချုံပင်များအတွက် ဖြစ်သည်။ ဧရိယာ E သည် စားသုံးနိုင်တဲ့အမျိုးမျိုးသော မှိုများအတွက်ဖြစ်သည်။ ဧရိယာ F သည် ဂျုံ၊ ပြောင်း၊ ပြောင်းဆန်၊ အုတ်ဂျူံ၊ပြောင်းမျိူးနှံစားပင် ၊ကီနိုအာ ၊ ဆန်လုံးညိုနှင့် စပါးကြမ်းမျိုးစေ့များအတွက် ဖြစ်သည်။
နောက်ဆုံးဧရိယာဖြစ်တဲ့ Area G မှာတော့ ဆန်သိုလှောင်ဖို့အတွက် ဂိုဒေါင်အများအပြားကို အသုံးပြုခဲ့ပါတယ်။
♦️♦️♦️
quinoa (အသံထွက်အားဖြင့် 'keen-wah') ကီနိုအာ သည် တောင်အမေရိကတိုက်မှ မူလဆင်းသက်လာသည့် စားသုံးနိုင်သော အစေ့ဖြစ်ပြီး၊ သိပ္ပံအမည်အားဖြင့် Chenopodium quinoa ဟုခေါ်သည်။ ယင်း၏ အာဟာရဓာတ်များစွာကြောင့် "စူပါအစာ" (superfood) အဖြစ် လူသိများပါသည်။