အခန်း (၁၃၄)
Vol. 9 Ch. 134
အခန်း-(၁၃၄)
အနက်ရောင်မီးလုံးတစ်လုံးက အရှိန်အဟုန်ဖြင့် ပျံသန်းသွားပြီး အနီးနားရှိ ဖုတ်ကောင်အုပ်စုတစ်စုကို လောင်ကျွမ်းစေခဲ့သည်။ အဲဒါကို အခွင့်ကောင်းယူပြီး ကျင်းရွှီယန်းက သူမ ဘက်သို့ ပြေးသွားပြီး ဘယ်ဘက်လက်ကို ဆုပ်ကိုင်လိုက်သည်။
သူမရဲ့လက်ကို ဆုပ်ကိုင်လိုက်တာကို ခံစားလိုက်ရသဖြင့် ကျိူးလီဇီက သူ့ကို မယုံကြည်နိုင်စွာကြည့်ပြီး "အစ်ကိုယန်း ဘာလုပ်နေတာလဲ၊ သွားခွင့်ပြုပါဦး" လို့ ပြောလိုက်တယ်။
သူမရဲ့စကားပြီးပြီးချင်းမှာပဲ သူမရဲ့ခန္ဓာကိုယ်ထဲကို နွေးထွေးတဲ့စွမ်းအင်တွေ တဟုန်ထိုးဝင်ရောက်လာသလို ခံစားလိုက်ရတယ်။ သူမရဲ့စွမ်းအင်ကို အလွန်အကျွံသုံးစွဲခြင်းကြောင့် ခံစားရတဲ့ ပြင်းထန်သော ခေါင်းကိုက်ခြင်းက စွမ်းအင်စီးဆင်းမှုကြောင့် လျော့နည်းသွားသည်။
သူ့ ရဲ့စွမ်းအင်များကို သူမထံ လွှဲပြောင်းပေးနေတာကို သတိပြုမိလိုက်တေယ့ မျက်လုံးများ ပြူးကျယ်သွားသည်။
စွမ်းအင်လွှဲပြောင်းနိုင်တဲ့ ကျွမ်းကျင်မှုက ကုသရေးဆိုင်ရာ စွမ်းရည်ရှင်တွေမှာသာ သီးသန့်ပါရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့စွမ်းအင်က နူးညံ့ပြီး မည်သူမဆို လက်ခံနိုင်လို့ပါ။ အခြားစွမ်းရည်အမျိုးအစားရှင်တွေကတော့ သူတို့နှင့်စွမ်းရည်တူသူတွေကိုသာ စွမ်းအင်လွှဲပြောင်းနိုင်ပါတယ်။
ရေအမျိုးအစားနှင့် မီးအမျိုးအစားစွမ်းရည်များဟာ တစ်ခုနှင့်တစ်ခု ကန့်သတ်ထားသည်။ တစ်ယောက်နှင့်တစ်ယောက် စွမ်းအင်တွေ လွှဲပြောင်းပေးဖို့ မပြောနဲ့ ကလေးမွေးဖို့တောင် ခက်ခဲတယ်။
ထို့ကြောင့် ကျင်းရွှီယန်းက သူရဲ့စွမ်းအင်ကို သူမထံ လွှဲပြောင်းပေးနိုင်ကြောင်းကို သူမသိလိုက်သောအခါတွင် ကျိူးလီဇီရဲ့ ထိတ်လန့်မှုကို စကားလုံးများဖြင့် ဖော်ပြ၍တောင်မရနိုင်ပေ။
"ဘုန်းး"
နောက်ထပ် မီးလုံးတစ်ခုက အပေါ်က ထပ်မံကျရောက်လာပြီး ဖုတ်ကောင်များကိုထိမှန်သွားကာ အနက်ရောင်ပြာများဖြစ်တဲ့အထိ လောင်ကျွမ်းသွားလိုက်သည်။
"အာ့ဇီ အရမ်းကြီး မတွေးနဲ့ ၊ တိုက်ခိုက်ဖို့ စွမ်းအင်ကို သုံးလိုက်လေ" လို့ ကျင်းရွှီယန်းက ပြောလိုက်တယ်။
နောက်အခိုက်အတန့်တွင်ပဲ အနက်ရောင်မီးတောက်များက ပြင်းထန်စွာလောင်ကျွမ်းနေပြီး ဖုတ်ကောင်များကို ပြာပုံအဖြစ်သို့ ပြောင်းလဲသွားစေပြန်သည်။
ဖုတ်ကောင်တွေကို မြန်မြန်သတ်နိုင်ပေမယ့် သူ့ရဲ့ခန္ဓာကိုယ်က စုပ်ယူလိုက်တဲ့ စွမ်းအင်က အရမ်းများနေတယ်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်က စုပ်ယူမှုလွန်ကဲပြီး ပေါက်ကွဲသွားမည်ကို စိုးရိမ်သဖြင့် အမြန်မသတ်ဝံ့ပေ။
သူရဲ့ အနက်ရောင်မီးတောက်များက ဖုတ်ကောင်များကို လောင်ကျွမ်းလေလေ၊ အေးစက်သော စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာလေလေ ဖြစ်သည်။ သူက စွမ်းအင်ကို သန့်စင်ပြီး နွေးထွေးတဲ့ စွမ်းအင်တွေကို ကျိူးလီဇီရဲ့ ခန္ဓာကိုယ်ထဲကို ပြန်ပို့လိုက်တယ်။
သူမသည် အမြုတေများကိုစုပ်ယူလိုက်တာထက်ပိုမိုမြန်ဆန်သောနှုန်းဖြင့်စွမ်းအင်ပြန်လည်ကောင်းမွန်လာတာကိုခံစားရတာကြောင့် ကျိူးလီဇီက သူ့ကိုစိုးရိမ်စွာဖြင့်ကြည့်နေသည်။ သူနေကောင်းနေတယ်ဆိုတာ မြင်မှပဲ တိုက်ပွဲကို အာရုံပြန်စိုက်လိုက်တယ်။
ကျင်းရွှီယန်းက တစ်ဖက်ကို ဂရုစိုက်ပေးနေသောကြောင့် ကျိူးလီဇီက အခြားတစ်ဖက်ကို ကိုင်တွယ်ရန်သာ လိုအပ်သည်။ သူ့ဆီက ပေးလာတဲ့ စွမ်းအင်ကြောင့် သူမက တောင့်မခံတော့ဘဲ ရေဓါးသွားပေါင်းများစွာကို ဆင့်ခေါ်လိုက်တယ်။
" ဝှစ် ခရစ် ခရက် ခရစ်"
သူမရဲ့လက်ကောက်ဝတ်ကို စတင်ကာလှုပ်ရှားလိုက်တာနှင့် ရေဓါးများက ဖုတ်ကောင်များရဲ့ လည်ပင်းဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားသည်။ ရေဓါးသွားများက လျင်မြန်စွာ လှည့်ပတ်ကာ ထောပတ်ကဲ့သို့ ပုပ်နေသောအသားများကို လှီးဖြတ်ကြသည်။
သူတို့နှစ်ယောက်က အောက်ဘကမမှာ တိုက်ခိုက်နေတုန်း နတ်ဆိုးအဖွဲ့သားတွေကတော့ နံရံရဲ့ထိပ်မှာထိုင်ပြီး စားသောက်ပြီး ကန်ရေကို သောက်နေကြတယ်။ မီးတွေ တောက်လောင်နေပြီး ရေတွေ ပက်ဖျန်းနေတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေကြတယ်။
အချိန်အတော်ကြာ အနားယူကာ ချောကလက်အများအပြားစားပြီးနောက်မှ ရှောင်ချီရဲ့စိတ်စွမ်းအင်က ထက်ဝက်ခန့် ပြန်လည်ကောင်းမွန်လာပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုမရှိတော့ပေ။
ချင်လူဇီ အနားတွင်ထိုင်လိုက်ကာ "အစ်ကိုလူဇီ ကျွန်တို့ကပ္ပတိန်ရဲ့အဆင့်ကို မင်း ခန့်မှန်းလို့ရလား"မေးလိုက်တယ်။
ကန်ရေတစ်ပုလင်းကို သောက်ပြီးသွားသောအခါမှာတော့ ချင်လူဇီက သူ့စိတ်မြေပုံထဲတွင်ရှိနေသော အပြာရောင်အစက်များကို ကြည့်ပြီး "မသိဘူး" ဟု ပြောလိုက်သည်။
"ငါတို့ကပ္ပတိန်ရဲ့ စွမ်းအားကို ကြည့်ပြီးပြောရရင်တော့ သူက အနည်းဆုံးတော့ အဆင့်သုံးဖြစ်သင့်တယ်" လို့ ကျန်းယွမ်က ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်တယ်။
"ဒုကပ္ပတိန် အဆင့်သုံး စွမ်းရည်အသုံးပြုသူတွေရဲ့ စွမ်းအားကို မင်းသိတာလား" လို့ ရှန်းကျင်းဇီက မေးလာတယ်။
"မသိပါဘူး၊ ဒါပေမယ့် ငါတို့ အရင်က အဆင့်၃ ဖုတ်ကောင်နဲ့ အဆင့် ၂ အသွင်ပြောင်းတဲ့ ဖုတ်ကောင်တွေကို တိုက်ခိုက်ခဲ့ရတယ်။ အဆင့် ၂ နဲ့ အဆင့်၃ ဖုတ်ကောင်တို့ရဲ့ စွမ်းအားကွာခြားချက်က ကြီးမားတယ်။ ငါတို့ရဲ့ကပ္ပတိန်က အဆင့် ၂ ဖုတ်ကောင်ကို သူ့ဘာသာသူသတ်နိုင်တာမို့ အဆင့် ၂ ထက် ပိုအားကောင်းသင့်တယ်" ဟု ကျန်းယွမ်က သူ့ထင်မြင်ချက်ကို ပြောပြလိုက်တယ်။
ဓာတ်ဆီဆိုင်က သူတို့ရဲ့တိုက်ပွဲကို ပြန်အမှတ်ရသောအခါအဓိပ္ပာယ်ရှိတာကို တွေ့ရှိလိုက်ရပြီး စစ်သားများက သူ့စကားကြောင့် ခေါင်းညိတ်ကြသည်။
တစ်နာရီခန့်အကြာတွင်မှ စစ်သားများက နံရံမှ ခုန်ဆင်းလာကာ ဖုတ်ကောင်များကို ရှင်းလင်းရန် သူတို့ရဲ့ ကပ္ပတိန်၊ ခယ်မတို့နှင့်အတူ ပူးပေါင်းခဲ့ကြသည်။ သူတို့ရဲ့ဦးခေါင်းအထက်မှာ နေရောင်တက်လာတဲ့အခါတွင်ပဲ နောက်ဆုံးသော ဖုတ်ကောင်တွေကို သတ်ပစ်လိုက်တယ်။
ကျင်းရွှီယန်းရဲ့ အနက်ရောင်မီးလျှံက ဖုတ်ကောင်များရဲ့ အလောင်းများကို အနက်ရောင်ပြာများအဖြစ်သို့ လောင်ကျွမ်းစေခဲ့သဖြင့် ကျန်ရစ်သော အမြုတေများကသာ မြေပြင်ပေါ်တွင် တောက်ပနေသည်။
ကျိူးလီဇီက သူမရဲ့ အာကာသနေရာလွတ်ကြောင်းကို တခြားသူတွေအား မပြောပြချင်တာကြောင့် ကျင်းရွှီယန်းက ရှောင်ချီကို ကြည့်ပြီး "ရှောင်ချီ အမြုတေတွေကို စုဆောင်းလိုက်"လို့ အမိန့်ပေးလိုက်တယ်။
"ဟုတ်ကဲ့ ကပ္ပတိန်"
ရှောင်ချီက အမြုတေများကို စုဆောင်းရန်သွားစဉ်တွင် ကျင်းရွှီယန်းက ဝိန့်မိုကို ကြည့်လိုက်တယ်။ သူ့ကပ္ပတိန်က သူ့ကို ဘာလုပ်စေချင်မှန်းသိတာကြောင့် သူ့လက်ကို မြှောက်ကာ သတ္တုနံရံရဲ့ ပထမအလွှာကို သတ္တုကျည်ဆံများအဖြစ်သို့ ပြောင်းလဲလိုက်သည်။
ဒါကိုမြင်တော့ ဖုန်းယွင်က "အစ်ကိုဝိန့်မို သတ္တုကျည်ဆံတွေ ပေးလို့ရမလား" လို့ မေးလိုက်တယ်။
ဒီသတ္တုကျည်ဆံတွေကို သိမ်းဆည်းဖို့ နေရာမရှိတော့တဲ့အတွက် ဝိန့်မိုက ရက်ရက်ရောရောပဲ "ရပါတယ်" လို့ ပြောလိုက်သည်။
ဖုန်းယွင်က သူ့ကို ကျေးဇူးတင်လိုက်ပြီး သတ္တုကျည်ဆန်တွေကို သူ့နေရာဆီ သိမ်းယူလိုက်တယ်။ ဒီသတ္တုကျည်ဆန်တွေကို မြင်တဲ့အခါ သူ့ရဲ့အာကာသနေရာလွတ်ကိုအသုံးပြုပြီး ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတဲ့ စိတ်ကူးသစ်တစ်ခု ရလာခဲ့တယ်။
သူ့ရဲ့အကြံအစည်ကို ဘယ်လိုအသုံးချရမလဲဆိုတာ စဉ်းစားနေတုန်းမှာ၊ ချင်လူဇီက အသက်ရှင်ကျန်ရစ်သူတွေကို စစ်ဆေးကြည့်လိုက်တော့ သူ့စိတ်မြေပုံထဲမှာ အဖြူရောင်အစက်လေးတွေ ဖျတ်ခနဲပေါ်လာတာကို တွေ့လိုက်ရတယ်။
သူက ကျင်းရွှီယန်းကိုကြည့်လိုက်ပြီး "ကပ္ပတိန် လူကိုးယောက် ရှိတယ်" လို့ပြောလိုက်သည်။
သူဒီလိုပြောပြီးချိန်မှာပဲ အသက်ရှင်ကျန်ရစ်သူတွေက သူတို့အနီးနားကလူတွေကို ကြောက်လန့်တကြားကြည့်နေကြတယ်။
"သူတို့ရဲ့အခြေအနေတွေကို စစ်ဆေးကြည့်ပါဦး" ဟု ကျင်းရွှီယန်းက ပြောလိုက်သည်။
ချင်လူဇီက အသက်ရှင်ကျန်ရစ်သူများဆီသို့ လျှောက်သွားလိုက်ပြီး ကုန်းပိုင် နှင့် ရှန်းကျင်းဇီတို့ကလည်း လိုက်ပါသွားကြသည်။ အသက်ရှင်ကျန်ရစ်သူများက သူတို့အနီးသို့ ချဉ်းကပ်လာတာကို မြင်သောအခါတွင် သူတို့အား စိုက်ကြည့်နေကြပြီး အသတ်ခံရမှာကြောက်လို့ ဘယ်သူကမှ မလှုပ်ရဲကြဘူး။
ချင်လူဇီက လူအများအပြားကို လက်ညှိုးထိုးပြလိုက်ပြီး "အဲဒီလေးယောက်က ဖုတ်ကောင်တွေ ဖြစ်သွားလုနီးပါးဖြစ်နေပြီ" လို့ ပြောလိုက်တယ်။
သူဒီစကားတွေပြောလ်ုက်ပြီးတာနှင့် ရှန်းကျင်းဇီက သူ့ဓားမြှောင်ကို ဆွဲထုတ်ပြီး သူ့ဘေးနားကလူတစ်ယောက်ကို ဓားနဲ့ထိုးချလိုက်သည်။
သူရဲ့ဓားမြှောင်သည် ထိုလူ၏ကျယ်ကျယ်ဖွင့်ထားသော ပါးစပ်မှ ဖြတ်သွားကာ ဦးခေါင်းခွံကို ထိုးဖောက်သွားသည်။ သူ့ဓားမြှောင်ကို ပြန်ဆွဲထုတ်လိုက်သောအခါတွင် အနီရောင်သွေးများ ထွက်ကျလာသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် သွေးနီညိုတွေ မစီးကျလာခင်မှာပဲ ဖုတ်ကောင်ကို အဝေးသို့ ကန်ထုတ်ပစ်လိုက်တယ်။
"အားးးးး"
သူတို့ထဲက လူတစ်ယောက်ကို သတ်လိုက်တာကို မြင်တော့ အသက်ရှင်ကျန်ရစ်သူတွေက အော်ဟစ်ငိုကြွေးကြတယ်။ ဖုတ်ကောင်ရဲ့အလောင်းက မြေပြင်ပေါ်သို့ အသံများနှင့် ပြုတ်ကျလာသောအခါမှာမှ အသားများက ပုပ်နေတာကို သိရှိလိုက်ကြပြီး၊ ဟနေသော ပါးစပ်အတွင်းဘက်မှ ချွန်ထက်နေသောသွားတန်းများကိုမြင်လိုက်ရသည်။