← Chapters

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အခန်း-(၁၅၇)

‎

‎ကျန်းယွမ်က ကျင်းရွှီယန်းထံကို လျှောက်သွားပြီးသတင်းပို့သည် "ကပ္ပတိန်၊ အသက်ရှင်ကျန်ရစ်သူ စုစုပေါင်း ၆၁၈ ယောက်ကို တွေ့ခဲ့ပြီး ဖုတ်ကောင်တွေကိုတော့ ကျွန်တော်တို့ ရှင်းပစ်လိုက်ပါပြီ"

‎

‎

‎ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး ပြောလိုက်တယ် "ငါတို့က နောက်စက်ရုံကို သွားတော့မယ်ဆိုတော့ သူတို့ကိုခေါ်ထားလို့မရဘူး။ သူတို့ကို နှစ်ပတ်စာရိက္ခာ လုံလုံလောက်လောက် ပေးပြီး အဘိုးကြီးဝေကို သွားရှာခိုင်းလိုက်"

‎

‎

‎ သူ့စကားကိုကြားတော့ ကျန်းယွမ်က ရယ်လိုက်ပြီး "ကောင်းပြီ" ဟု ပြန်ဖြေတယ်။

‎

‎

‎သူတို့အဖွဲ့နှင့် လင်းယုန်အဖွဲ့တို့ဟာ ပြိုင်ဘက်များဖြစ်သော်လည်း ဝေယင်းကိုတော့ အမြဲလေးစားကြသည်။ သူက ရိုးသားပုံရပေမယ့် သူ့ဗိုက်ထဲမှာတော့ မကောင်းတဲ့ အကြံအစည်တွေနဲ့ ပြည့်နှက်နေတယ်။

‎

‎

‎အသက်ရှင်ကျန်ရစ်သူအများအပြားကို စီမံခန့်ခွဲတာက အခက်အခဲရှိမည်ဆိုရင်တောင် ဝေယင်းရဲ့ လိမ္မာပါးနပ်မှုနဲ့ဆိုရင် ၎င်းတို့ကို အကျိုးရှိအောင် အသုံးချနိုင်မည်ဟု ယုံကြည်ကြပြီး အသက်ရှင်ကျန်ရစ်သူများ ငတ်မသေမည်ကလည်း သေချာသည်။

‎

‎

‎ခဏလောက် စကားစမြည်ပြောပြီးနောက်မှ‎ ကျန်းယွမ်က အသက်ရှင်ကျန်ရစ်သူများကို စီမံခန့်ခွဲရန် ထွက်သွားလိုက်သည်။

‎

‎

‎နှစ်နာရီကြာပြီးနောက်တော့ အသက်ရှင်ကျန်ရစ်သူများက ထွက်ခွာသွားကြသည်။ သူ့နာရီကို စစ်ကြည့်လိုက်ပြီးတော့မှ ကျင်းရွှီယန်းကပြောလိုက်တယ် "နောက်ဆုံး စက်ရုံကို မသွားခင် နေ့လယ်စာ အရင်စားကြရအောင်"

‎

‎

‎အဖွဲ့သားများအားလုံးက ဆာလောင်နေကြပြီမို့ စားဖို့အဆင်သင့်ဖြစ်‌နေကြပါပြီ။

‎

‎

‎အရိပ်ရှိတဲ့တစ်နေရာကို ရှာဖွေပြီး မီးပုံသုံးပုံ ဆောက်လိုက်တယ်။ ရှောင်ချီက သံအိုးသုံးလုံး၊ အလတ်စားသတ္တုအင်တုံနှစ်ခုနှင့် နေ့လည်စာအတွက် ပါဝင်ပစ္စည်းများကို သူ့ရဲ့နေရာလွတ်မှ ထုတ်ယူလိုက်သည်။

‎

‎

‎ကျိူးလီဇီကတော့ အင်တုံများနှင့် သံအိုးများကို ရေအပြည့်ဖြည့်လိုက်တယ်။ အိုးနှစ်လုံးကို သောက်ရေကျိုရန် အသုံးပြုခဲ့ပြီး နောက်အိုးတစ်လုံးကိုတော့ အရိုးစွပ်ပြုတ်ခေါက်ဆွဲချက်ပြုတ်ရန် အသုံးပြုခဲ့သည်။

‎

‎

မချက်ပြုတ်နိုင်တာကြောင့် ကျိူးလီဇီကဟင်းသီးဟင်းရွက်များကို ဆေးကြောပြီး ဖုန်းယွင် ၊ ယင်းယွီရှန်း နှင့် လီစီခိုင် တို့နှင့်အတူ ပါဝင်ပစ္စည်းများကို ပြင်ဆင်ရန် တာဝန်ယူပေးခဲ့သည်။

‎

‎

‎ခေါက်ဆွဲတွေအတွက်တော့ ကျင်းရွှီယန်း နှင့် ချင်လူဇီတို့ ဆီကို အပ်ထားလိုက်ပါတယ်။ သူတို့ နှစ်ယောက်က မုန့်စိမ်းကို ဆုပ်နယ်နေကြပါတယ်။ ပူပြင်းသော အပူချိန်ကြောင့် တီရှပ်များကိုသာ ၀တ်ဆင်ထားကြပြီး ဆုပ်နယ်လိုက်တိုင်းမှာ ကြွက်သားတွေက တင်းကြပ်လာပြီး သူတို့ရဲ့ခွန်အားကို ပြသ‌ နေတယ်။

‎

‎

‎ကျိူးလီဇီဟာ အလှတရားကို နှစ်သက်သူတစ်ဦးဖြစ်သောကြောင့် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင်တော့ သူမရဲ့မျက်လုံးများက ၎င်းတို့ကို စွဲလန်းသွားခဲ့သည်။

‎

‎

ချင်လူဇီက ကျင်းရွှီယန်းထက် ပိုဖြူဖျော့နေပေမယ့် သူ့ရဲ့ ပိန်ပိန်ပါးပါး လက်မောင်းတွေကြားက ကြွက်သားတွေက တောင့်တင်းနေတယ်။ သူ့လက်မောင်းတွေနှင့် လက်ဖမိုးတွေက သွေးကြောတွေဟာ သူ့ရဲ့ အေးစက်ပေမယ့် နူးညံ့တဲ့ မျက်နှာအသွင်အပြင်တွေကို ယောက်ျားပီသတဲ့ အရိပ်အယောင်တွေ ထပ်လောင်းပေးနေတယ်။

‎

‎

လှပသောမြင်ကွင်းများကို ‎သူမခံစားနေစဉ်တွင်

‎ကျင်းရွှီယန်းက သူမကို စိုက်ကြည့်နေသည်။

‎

‎

‎ချင်လူဇီကို သူမ အချိန်ကြာကြာစိုက်ကြည့်လေ၊ ကျင်းရွှီယန်းရဲ့အကြည့်က ပိုအေးစက်လာလေပဲ။

‎

‎

‎သူတို့ရဲ့ကပ္ပတိန်ဆီမှ အအေးဓာတ်တွေဖြာထွက်လာနေတာကို သတိပြုမိ‌တဲ့ ဖုန်းယွင်က‎ ကျိူးလီဇီရဲ့လက်မောင်းကို တွန်းလိုက်ပြီး "ညီမလေး၊ ငါ့ရဲ့ဆရာကို စိုက်ကြည့်မနေပါနဲ့တော့။ မင်းရဲ့ယောက်ျားက အကြည့်နှင့်တင် မင်းရဲ့မျက်နှာမှာ အပေါက်ဖောက်လုနီးပါးဖြစ်နေပြီ "လို့ ပြောလိုက်တယ်။

‎

တွန်းလိုက်တော့ ကျိူးလီဇီရဲ့ အာရုံများပြန်ရောက်လာသည်။ သူမရဲ့အကြည့်ကိုရွှေ့လိုက်သည့်အခိုက်တွင်ပဲ ကျင်းရွှီယန်းရဲ့ အေးစက်သောမျက်လုံးများနှင့် ဆုံမိသွားသည်။ အပြစ်ရှိတယ်လို့ ခံစားရမယ့်အစား သူမက ချိုသာစွာပြုံးပြီး "အစ်ကိုယန်း၊ ကျွန်မ ခေါက်ဆွဲနည်းနည်းလောက် ဝါးချင်တယ်" လို့ပြောလိုက်တယ်။

‎

‎

သူမရဲ့တောင်းဆိုမှုကို ကြားသောအခါတွင်တော့ ‎ဖုန်းယွင်က မျက်ခုံးပင့်လိုက်သည်။ ယောက်ျားတစ်ယောက်အနေနဲ့ ယောင်္ကျားတွေရဲ့စိတ်ကို သူနားလည်တယ်။ ယောက်ျားလေးတွေ မနာလိုတဲ့အခါမှာ သူတို့ကောင်မလေးတွေရဲ့ တောင်းဆိုချက်လေးတွေကို လျစ်လျူရှုလိုက်ပြီး မိန်းကလေးတွေက ချော့လာမှာကို စောင့်နေကြတယ်။

‎

‎

‎သူတို့ရဲ့ကပ္ပတိန်က ရှင်းရှင်းလင်းလင်း‎ မနာလိုဖြစ်နေသော်လည်း သူမကတော့တောင်းဆိုဝံ့သေးသည်။ သူ့ဂျူနီယာက အချစ်ရေးနယ်ပယ်မှာ ငတုံးဖြစ်ပုံရတယ် ဒါမှမဟုတ်ရင်လည်း သူမက ရဲရင့်ပြီး ကျားပါးသိုင်းမွေးကို သတ္တိရှိရှိ ဆွဲနုတ်နိုင်သူပဲဖြစ်ရမည်။

‎

‎

‎ကျင်းရွှီယန်းက သူမကို လျစ်လျူရှုလိမ့်မယ်လို့ သူခန့်မှန်းလိုက်တယ်။ သူ မျှော်လင့်သလိုမဖြစ်လာဘဲ ‎ကျင်းရွှီယန်းက ခဏမျှတုံ့ဆိုင်းသွားပြီးမှ "ကောင်းပြီ" ဟု မကျေမနပ်ဖြင့် ပြန်ပြောတယ်။

‎

‎

သူ့တို့ကပ္ပတိန်ရဲ့ တုံ့ပြန်မှုကြောင့် ‎ ဖုန်းယွင် အံသြသွားခဲ့သည်။ မယုံကြည်နိုင်စွာကြည့်နေမိပြီး နောက်ဆုံးတွင်မှ လော့ကျင်းရဲ့ စကားများကို ပြန်ပြောင်းသတိရလိုက်တယ် 'ယောက်ျားတစ်ယောက်က ချစ်မိသွားသောအခါမှာ သူ့ရဲ့မိန်းကလေးအပေါ် အောက်ခြေမျဉ်းမရှိဘူး'

‎

‎

သူ့သူငယ်ချင်းက သူ့ကို ဘာကြောင့် ဒီလိုပြောခဲ့တာလဲဆိုတာကို ‎အခုတော့သူနားလည်သွားပါပြီ။ ခေါင်းယမ်းလို့ အသီးအရွက်များကို ဆက်လက်ဆေးကြောကာ ကြက်သွန်ဖြူကိုလည်း အခွံနွှာပြီး လှီးဖြတ်လိုက်သည်။

‎

‎

‎သူတို့ နေ့လယ်စာပြင်ဆင်နေချိန်မှာ သုတေသီအုပ်စုကတော့ သူတို့ကို ထိတ်လန့်စွာ ကြည့်နေကြတယ်။ ဒီအသင်းက သန်မာတယ်လို့ သူတို့ကသဘောပေါက်ထားပေမယ့် ဒီလောက်ထိသန်မာဖို့ကိုတော့ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။

‎

‎

‎လူအများစုက ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားသောအချိန်တွင် သက်ရှိငရဲဟုခေါ်သော ငရဲကိုတွေ့ကြုံခံစားခဲ့ကြရသောကြောင့် အပြင်ထွက်၍ ရိက္ခာရှာဖွေရန်က မည်မျှခက်ခဲကြောင်းကို သိရှိကြသည်။

‎

‎

‎တစ်နေ့လျှင် သုံးနပ်စားရန် မဆိုနဲ့—တစ်နေ့လျှင် တစ်ကြိမ်စားနိုင်ခြင်းကပင် ကောင်းချီးတစ်ခုဖြစ်လိမ့်မည်။ ဒါပေမယ့် ဒီအဖွဲ့ကတော့ ရိက္ခာတွေ အများကြီးရှာနိုင်ရုံသာမကဘဲ ပူပူနွေးနွေးနဲ့ဟင်းချက်ဖို့တောင် အားလပ်နေပါသေးတယ်။

‎

‎

‎ဒါကိုမြင်တော့ ချန်ကျိရိက သူ့မိန်းမရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီးပြောသည် "မိန်းမရေ၊ လူတွေကို ဘယ်လို အကဲခတ်ရမယ်ဆိုတာကို မင်းပဲသိတာ။ သူတို့နှင့်လက်တွဲမယ်ဆိုတဲ့ မင်းရဲ့ဆုံးဖြတ်ချက်က အရမ်းပညာရှိတာပဲ"

‎

‎

‎ကျောင်းလီရှင်းက ပြုံးပြီးပြန်ပြောတယ် "ယောင်္ကျား၊ သူတို့က သန်မာရုံတင်မကဘဲ ငါတို့ရဲ့အသက်ကိုလည်း ကယ်ခဲ့တဲ့အတွက် သူတို့နှင့် ပူးပေါင်းဖို့ဆုံးဖြတ်ခဲ့တာ။ အဲဒီကနေပြီးတော့ သူတို့က သွေးအေးတဲ့ အဖွဲ့မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်"

‎

‎

‎"သူတို့က ငါတို့ကိုနှင့် ပူးပေါင်းဖို့ ဘာကြောင့် သဘောတူခဲ့တာလဲဆိုတာကို ငါနားမလည်ဘူး။ ငါတို့က အားနည်းပြီး ဘာမှ မကူညီနိုင်ပါဘူး" ဟု ချန်ကျိရိက သူ့အတွေးတွေကိုပြောပြသည်။

‎

‎

‎ကျောင်းလီရှင်းက သူ့ခင်ပွန်းကို ကြည့်လိုက်ပြီး ‎" ယောင်္ကျား၊ လူတိုင်းက ဒီလောကမှာ သူတို့ရဲ့ ကိုယ်ပိုင်အခန်းကဏ္ဍတွေ ရှိတယ်။ ငါတို့ကအားနည်းပြီး ဖုတ်ကောင်တွေကို မတိုက်နိုင်ရင်တောင် ဆေးဘက်ဆိုင်ရာနဲ့ပတ်သက်ရင်တော့ ငါတို့မှာ ခွန်အားတွေရှိတယ်"

‎

‎

‎"ငါတို့ကတန်ဖိုးရှိသရွေ့ ဒီအသင်းမှာ ငါတို့အတွက် နေရာတစ်ခု အမြဲရှိနေမှာပဲ။ ပြီးတော့ ဒီအဖွဲ့ကို အကျိုးပြုနိုင်ဖို့လည်း ငါတို့ အစွမ်းကုန်ကြိုးစားရမယ်။ ဒီလိုနည်းနဲ့ မှ ငါတို့ဘဝကလုံခြုံစိတ်ချရပြီး အနာဂတ်အတွက် မျှော်လင့်ချက်တွေ ရှိလာမှာ" ဟု သူမက လေးနက်စွာ ပြောလိုက်သည်။

‎

‎

ချန်ကျိရိသည် ‎ဇနီးဖြစ်သူရဲ့ စကားကိုကြားသောအခါ သူတို့ရဲ့သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များက လှည့်စားပြီး သစ္စာဖောက်ခဲ့ခြင်းကို ပြန်သတိရမိလိုက်သည်။ သူတို့အတွက်ကြောင့်သာမဟုတ်ရင် အဲဒီနေရာမှာ ပိတ်မိပြီး ငတ်သေလုနီးပါးဖြစ်ခဲ့မှာမဟုတ်ဘူး။

‎

‎

‎ဒီလူတွေ အသက်ရှင်နေသေးလားဆိုတာကို‎ သူ မသိပေမယ့် တစ်နေ့မှာသာ သူတို့ကိုပြန်တွေ့ရင် ဆယ်ဆပြန်ပေးဆပ်ခိုင်းမှာကတော့ သေချာတယ်။

‎

‎

‎နှစ်နာရီကြာပြီးနောက်တော့ နတ်ဆိုးအဖွဲ့ရဲ့နေ့လည်စာစားချိန်က ပြီးဆုံးသွားပြီး နောက်ဆုံးစက်ရုံဆီသို့ ခရီးဆက်နေပြီဖြစ်သည်။ သူတို့က ဖုတ်ကောင်အလုံးအရင်းကြီးနှစ်အုပ်ကို သတ်ခဲ့ပြီးဖြစ်သောကြောင့် စက်ရုံတွင် လှည့်လည်သွားလာနေသော ဖုတ်ကောင်အရေအတွက်မှာ နည်းပါးသွားသည်။

‎

‎

‎စစ်စားနပ်ရိက္ခာစက်ရုံသို့ရောက်သောအခါတော့ ရှောင်ချီက သူ့နေရာမှ ဓါးအမြောက်အမြားကိုထုတ်ပြီး အဖွဲ့ဝင်အသစ်များထံ ပေးလိုက်သည်။

‎

‎

‎

‎

‎

အခန်း-(၁၅၈)

‎

‎ရှောင်ချီက သုတေသီတွေရဲ့ မျက်နှာဖြူဖျော့ဖျော့ကို ကြည့်ပြီး "ရဲဘော်တို့၊ ဒီဓားက မင်းတို့ရဲ့လက်နက်ပဲ၊ အခုကစပြီး မင်းတို့ကို ကျွန်တော်တို့နောက်ကလိုက်ပြီး ဖုတ်ကောင်တွေကို သတ်ပစ်နိုင်ဖို့ လေ့ကျင့်ပေးမယ်။ မင်းတို့ကို ခဏလောက်တော့ ကာကွယ်ပေးနိုင်ပေမယ့် ထာဝရတော့ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"

‎

‎

‎"ကမ္ဘာပျက်ကြီးထဲမှာ ရှင်သန်ဖို့ အကောင်းဆုံးနည်းလမ်းက သန်မာအောင်ကြိုးစားပြီး ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ပဲ။ ဒါကြောင့် မင်းတို့ကို ငါးတွေမပေးဘူး၊ ဒါပေမယ့် ငါးဖမ်းနည်း‌ တော့ သင်ပေးမယ်" လို့ သူက ပြုံးစိစိနဲ့ ပြောလိုက်တယ်။

‎

‎

‎ သူတို့အား အကာအကွယ်ပေးလိမ့်မည်ဟု အဖွဲ့ဝင်အသစ်များကမျှော်လင့်ထားသော်လည်း အခြားသူများအပေါ်တွင်မူတည်သည်ထက် မိမိတို့ကိုယ်တိုင်အပေါ် မူတည်ခြင်းက ပို၍ယုံကြည်စိတ်ချရကြောင်းကိုလည်း နားလည်သွားကြသည်။ ထို့ကြောင့် ရှောင်ချီရဲ့စကားကိုကြားတော့ မည်သူကမျှ မကန့်ကွက်ဘဲ သူတို့ဓားများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကြသည်။

‎

‎

‎ဒါကိုမြင်တော့ ရှောင်ချီက ကျေနပ်သွားတယ်။ သိပ်မကြာခင်မှာပဲ ရှန်းကျင်းဇီ နှင့် ကုန်းပိုင်က လျှောက်လာခဲ့သည်။ ကုန်းပိုင်က သူတို့အရှေ့မှာ ရပ်လိုက်ပြီး "အဖွဲ့မှ ကြိုဆိုပါတယ် ရဲဘော်တို့။ ဒီနေ့ကစပြီး ငါက မင်းတို့ရဲ့ နည်းပြလုပ်မယ်"

‎

‎

‎သူက ရှန်းကျင်းဇီကို ညွှန်ပြပြီး "သူကတော့ မင်းတို့ရဲ့ လက်ထောက်နည်းပြ ဖြစ်လာလိမ့်မယ်။ မင်းတို့ရဲ့ လေ့ကျင့်မှုအချိန်မှာတော့ အားလုံးကို ငါတို့ကကာကွယ်ပေးမယ်၊ ဒါပေမယ့် လူတိုင်းက ငါတို့ရဲ့ အမိန့်နှင့်ညွှန်ကြားချက်တွေကို လိုက်နာကြမယ်လို့ မျှော်လင့်ပါတယ်"

‎

‎

‎"အခုတော့ လူနှစ်ယောက်စီတစ်ဖွဲ့ ဖွဲ့ပြီး ငါတို့နောက်ကို လိုက်လာပါ" ဟု သူက ဆက်ပြောလိုက်သည်။

‎

‎

‎အကြင်လင်မယားဖြစ်တဲ့ ကျောင်းလီရှင်း နှင့်

‎ ချန်ကျိရိက တစ်ဖွဲ့ ဖွဲ့ခဲ့သည်။ ကျန်သုတေသီများကတော့ အဖွဲ့နှစ်ဖွဲ့ခွဲကာ တစ်သင်းတွင် လူသုံးဦးစီ ခွဲထားကြသည်။

‎

‎

‎ပထမကတော့ အဖွဲ့ဝင်သစ်တွေဟာ စိတ်ပူပြီးရင်း စိတ်ပူနေကြတယ်။ ဒါပေမယ့် သူတို့ ခဏလောက် လမ်းလျှောက်ပြီးတဲ့နောက်မှာတောင် ဖုတ်ကောင်တွေကို မတွေ့ရတဲ့အတွက် သူတို့ရဲ့သတိတွေကို ဖြည်းညှင်းစွာ လျှော့ချလိုက်ပါတယ်။

‎

‎

‎သူတို့ဘေးမှာလျှောက်နေတဲ့ ရှန်းကျင်းဇီ နှင့် ကုန်းပိုင်တို့က သူတို့ရဲ့ တုံ့ပြန်မှုနှင့် အပြုအမူများကို စောင့်ကြည့်နေသည်။ လူခုနစ်ယောက်မှာ နှစ်ယောက်ကတော့ ကျန်တဲ့သူတွေနဲ့ ယှဉ်ရင် ပိုပြီးသက်တောင့်သက်သာရှိနေတယ်။ သူတို့ရဲ့ပတ်ဝန်းကျင်ကို မစစ်ဆေးဘဲ စကားစမြည်ပြောရင်း အလုပ်များနေကြတယ်။

‎

‎

‎ကျန်တဲ့ငါးယောက်ကတော့ လက်နက်ကိုကိုင်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေကြတယ်။ သူတို့ရဲ့ နိုးကြားမှုက အရင်ကလောက် မမြင့်တော့ပေမယ့် ငြိမ်ငြိမ်မနေဘဲ သတိထားနေဆဲပါပဲ။

‎

‎

‎ဒါကိုမြင်တော့ ကုန်းပိုင်ရဲ့နှုတ်ခမ်းထောင့်လေးက မြှင့်တက်သွားသည်။ ဤအချီက အဖွဲ့ဝင်အသစ်များအတွက် စမ်းသပ်မှုတစ်ခုဖြစ်သည်။ သူတို့ကိုအဖွဲ့ထဲ ကြိုဆိုခဲ့ကြပေမယ့် သူတို့ကိုယ်သူတို့တောင် မကာကွယ်နိုင်တဲ့ အသင်းဝင်တွေကို လက်ခံပြီး အဖွဲ့ကိုတော့ ဆွဲချမှာမဟုတ်ပါဘူး။

‎

‎

‎ချင်လူဇီက ဦးဆောင်ကာသွား‌နေပြီး တစ်နာရီမပြည့်ခင်မှာပဲ ဂိုဒေါင်နေရာကို ရောက်သွားကြတယ်။ ထုံးစံအတိုင်းပဲ ရှောင်ချီ နှင့် ဖုန်းယွင်က ရိက္ခာများကို ဦးစွာရယူသွားခဲ့ပြီး ကျိူးလီဇီကတော့ နောက်မှကျန်သောပစ္စည်းများကို ယူသွားခဲ့သည်။

‎

‎

‎ကျန်းယွမ် နှင့် ကျန်သူများကတော့ စက်ရုံတွင် အသက်ရှင်ကျန်ရစ်သူများ ရှိမရှိကို စစ်ဆေးရန်သွားကြသည်။ အဖွဲ့ဝင်အသစ်များအတွက် စမ်းသပ်မှုတစ်ခုဖြစ်သောကြောင့် ချင်လူဇီက ဖုတ်ကောင်များနှင့်တွေ့ဆုံရမည့်လမ်းကို တမင်တကာ ရွေးချယ်ခဲ့သည်။

‎

‎

‎"ရားးးး"

‎

‎

‎သူတို့အဖွဲ့ရောက်သည့်အခိုက်တွင်ပဲ လမ်းမပေါ်တွင် လှည့်လည်သွားလာနေသော ဖုတ်ကောင်အုပ်စုတစ်စုက သူတို့ရဲ့ရနံ့များကို ရှူရှိုက်မိတာနဲ့ ဟောက်သံများပေးကာ ပြေးဝင်လာကြသည်။

‎

‎

‎ဒါကိုမြင်တော့ အဖွဲ့ဝင်သစ်တွေရဲ့ မျက်နှာတွေက ဖြူဖျော့သွားပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေကတော့ ကြောက်ရွံ့မှု‌ကြောင့် တုန်ယင်သွားတယ်။ ဤတစ်ကြိမ်တွင် စစ်သားများက ခြေလှမ်းများစွာ နောက်ပြန်ဆုတ်ပြီး အဖွဲ့ဝင်အသစ်များရဲ့ အနောက်တွင် ရပ်လိုက်ကြသည်။

‎

‎

ဖုတ်ကောင်များကို ထိပ်တိုက်ရင်ဆိုင်ရချိန်တွင်တော့ အဖွဲ့ဝင်အသစ်များဟာ လေထဲက ‎အပုပ်နံ့တွေကိုရှူရှိုက်ရင်း နေရာတွင်ပဲ အမြစ်တွယ်ကာရပ်နေကြသည်။

‎

‎

‎"ရားးးး"

‎

‎

‎ဖုတ်ကောင်များက သူတို့ရှိတဲ့နေရာကို ရောက်ရှိလာကြပြီး ပါးစပ်များကို ကျယ်ကျယ်ဖွင့်ကာ သူတို့ကို တိုက်ခိုက်လာကြသည်။

‎

‎

‎အဖွဲ့ဝင်အသစ်များက ဘာမှမလုပ်သေးတာကိုမြင်တော့ ရှန်းကျင်းဇီက မျက်မှောင်ကြုတ်ပြီး‌ ပြောလိုက်တယ်"မင်းတို့ဘာလုပ်နေတာလဲ၊ အစားခံရဖို့စောင့်နေတာလား"

‎

‎

‎ဒါကိုကြားတာနဲ့ သူတို့ထဲကနှစ်ယောက်က လှည့်ထွက်ကာ‌ ပြေးသွားကြပြီး ကျန်တဲ့သူတွေကတော့ ဖုတ်ကောင်တွေဆီကရှောင်တိမ်းလိုက်ကြတယ်။ ဒါကိုမြင်တော့ စစ်သားတွေက သူတို့နှစ်ယောက် မနှောင့်ယှက်ဘဲ လွှတ်ပေးလိုက်ကြသည်။

‎

‎

‎"မျက်လုံးတွေက်ိုဖွင့်ပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်လိုက်။ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးရင် အခွင့်အရေးတစ်ခုရှာပြီး သူတို့ရဲ့ဦးခေါင်းကို တိုက်ခိုက်လိုက်" လို့ ရှန်းကျင်းဇီ က အဝေးကနေ တည်ငြိမ်စွာလှမ်းပြောလိုက်တယ်။

‎

‎

‎ဖုတ်ကောင်များအနီးရှိ လူတစ်စုနှင့် ဖုတ်ကောင်များကတော့ အဝေးကသူတွေကို ဂရုမစိုက်ကြဘူး။ နတ်ဆိုးအဖွဲ့သားများကတော့ ဖုတ်ကောင်တို့ရဲ့ တိုက်ခိုက်‌မှု‌များကို ထိုသူတို့ ရှောင်တိမ်းနေတာတွေအား စိတ်လှုပ်ရှားစွာဖြင့်ကြည့်ရှု‌နေကြသည်။

‎

‎

‎ဤအဖွဲ့ဝင်အသစ်များက သာမန်လူများဖြစ်သည်။ သူတို့အတွက်တော့ လက်ရှိဖုတ်ကောင်တွေကို တိုက်ခိုက်ရတာက မလွယ်ဘူး။ဖုတ်ကောင်သုံးကောင်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖို့ဆို မပြောနဲ့။

‎

‎

‎"အစ်ကိုကျင်းဇီ ကျွန်တော်တို့က ဖုတ်ကောင်နှစ်ကောင်ကို သတ်ပစ်ပြီး သူတို့လေ့ကျင့်ဖို့အတွက် တစ်ကောင်တည်းကို ထားပေးလိုက်သင့်လား" ရှောင်ချီက မေးလ်ိုက်တယ်။

‎

‎

‎"မလိုဘူး။ အမြန်ဆုံးအားကောင်းလာဖို့အတွက်ဆို အသက်အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရမှာပဲ" လို့ ရှန်းကျင်းဇီ က ဝင်ဖြေလိုက်‌သည်။

‎

‎

နတ်ဆိုးအဖွဲ့က ‎အခြေအနေကို ဆွေးနွေးနေကြစဉ်တွင် ချန်ကျိရိကတော့ ဖုတ်ကောင်တစ်ကောင်က ချွန်ထက်သောလက်သည်းတွေနှင့် ဇနီးဖြစ်သူရဲ့နောက်ကျောကို ချိန်ရွယ်ထားတာကို တွေ့လိုက်ရသည်။ ဒါကိုမြင်လိုက်ရတာနဲ့ သူ့စိတ်တွေက လွတ်ထွက်သွားပြီး မဆိုင်းမတွပဲပြေးသွားတယ်။

‎

‎

‎တိုက်ခိုက်မှုကို တားဆီးရန်အတွက် သူ့ခန္ဓာကိုယ်ကို အသုံးမပြုမီတွင်ပဲ ရှန်းကျင်းဇီရဲ့အသံကို ကြားလိုက်ရသည်။

‎

‎

‎"မင်းရဲ့ဓားကိုသုံး"

‎

‎

‎ဒီစကားကိုကြားတာနဲ့ ချန်ကျိရိက သူ့ဓားကို အလိုလို မြှောက်လိုက်တယ်။

‎

‎

‎" ကလန် ခရစ် "

‎

‎

‎ချွန်ထက်သောလက်သည်းနှင့် သတ္တုတို့တိုက်မိတဲ့အသံက သူ့နားထဲတွင်ပဲ့တင်ထပ်သွားသည်။ သူ့နှလုံးက ပြင်းထန်စွာ ခုန်နေပြီး အဒရီနလင်းကလည်း ခန္ဓာကိုယ်အတွင်းတွင်လှိုင်းထန်စွာ အလျင်အမြန် လည်ပတ်နေသည်။

‎

‎

‎သူသည် ဖုတ်ကောင်ရဲ့မီးခိုးရောင်မျက်လုံးများဆီသို့ တည့်တည့်ကြည့်လိုက်တယ်။ တိုက်ခိုက်မှုကြောင့် သူ့လက်တွေက ထုံကျင်လာပြီး အလွန်ကြောက်လန့်နေသည်။ သူလက်လျှော့ခါနီးတွင် သူ့ဇနီးသည်က ရုန်းကန်နေရပြီး အနီးနားရှိ အခြားဖုတ်ကောင်များနှင့် တိုက်ခိုက်နေတာကို သူတွေ့လိုက်ရသည်။

‎

‎

‎သူ့မိန်းမကိုသာ ဆုံးရှုံးလိုက်ရရင်ဆိုတဲ့အတွေးက သူ့ခေါင်းထဲကို သွေးတွေတဟုန်ထိုး ထိုးဆောင့်တက်သွားစေသည်။ ဓားကို တွန်းလိုက်စဉ်တွင် ငွေရောင်အလင်းတန်းတစ်ခုက သူ့မျက်လုံးထဲတွင် တစ်စက္ကန့်မျှ လင်းလက်သွားသည်။ သူ့အားဖြင့် တွန်းလိုက်တော့ ဖုတ်ကောင်က အနောက်သို့ရွေ့သွားတယ်။

‎

‎

‎"သူ့ခေါင်းကို ပစ်မှတ်ထား"

‎

‎

‎ရှန်းကျင်းဇီရဲ့ ညွှန်ကြားချက်ကို ကြားတော့

‎ချန်ကျိရိက "အားးး" လို့အော်ဟစ်ပြီး သူ့ဓားဖြင့် ခုတ်ချလိုက်သည်။

‎

‎

" ခရစ်"

‎

‎

‎သူ့ရဲ့ဓားချက်က ဖုတ်ကောင်ရဲ့ပုပ်နေသောဦးခေါင်းကို ဖရဲသီးကဲ့သို့ ကွဲထွက်သွားစေသည်။ အနက်ရောင်သွေးများနှင့် ပုပ်ပွနေသောဦးနှောက်စများက သူ့လက်ပေါ်နှင့် မြေပြင်ပေါ်သို့ ဖျန်းခနဲကျဆင်းသွားသည်။ အနံ့အသက်ဆိုးနှင့် ရွံရှာဖွယ်ကောင်းသော မြင်ကွင်းက သူ့ဗိုက်ကို တုန်ရင်သွားစေသည်။

‎

‎

‎" ဂါးးးး"

‎

‎

‎သို့သော် သူ အော့အန်ခြင်း မပြုနိုင်မီတွင်ပဲ သူ့အနောက်မှာ နောက်ထပ် ဟောက်သံတစ်ခုကို ကြားလိုက်ရသည်။ ဒီအချိန်မှာတော့ အန်ဖို့အတွက် စဉ်းစားဖို့စိတ်မရှိတော့ဘူး။ သူ့ရဲ့ဓားကို ဆွဲထုတ်လိုက်ပြီး ခန္ဓာကိုယ်ကိုလှည့်ရင်း ဓားကိုဘာ လွှဲလိုက်သည်။

‎

‎

"‎အက်"

‎

‎

‎ဤတစ်ကြိမ်တွင်တော့ ချန်ကျိရိရဲ့ဓားက ဖုတ်ကောင်ရဲ့ပခုံးကို သွားထိသွားတယ်။ သူရဲ့တိုက်ခိုက်မှုက ဖုတ်ကောင်ကို မသတ်နိုင်ခဲ့တာကို မြင်လိုက်ရတော့ ကြောက်ရွံ့မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။

‎

‎

‎"ဂါးးးး"

‎

‎

နာကျင်မှုကို လုံးဝမခံစားရတဲ့ ‎ဖုတ်ကောင်ကတော့ ချွန်ထက်သောလက်သည်းများနှင့် လက်နှစ်ဖက်ကို မြှောက်တင်လိုက်ကာ သူရဲ့ရင်ဘတ်ကို ဦးတည်ကာတိုက်ခိုက်လာပြီး သူ့အား အနားယူခွင့်စက္ကန့်ပိုင်းမျှတောင်မပေးခဲ့ပေ"

‎

‎

အခန်း-(၁၅၉)

‎

‎ဝင်လာသောတိုက်ခိုက်မှုကိုမြင်တော့‎ ချန်ကျိရိက ဓါးကိုလွှတ်လိုက်ပြီး အနောက်သို့ခြေလှမ်းများစွာဆုတ်ကာ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

‎

‎

ဒါကိုမြင်တော့ ‎သူနှင့် မဝေးတဲ့နေရာက လူငယ်တစ်ယောက်ကပြေးလာခဲ့သည်။ ဖုတ်ကောင်ရဲ့ လက်သည်းများက ချန်ကျိရိရဲ့ရင်ဘတ်ကို မထိမီတွင်ပဲ ထိုလူငယ်က သူ့ရဲ့ဓားဖြင့် ဖုတ်ကောင်ရဲ့ဦးခေါင်းကို ခုတ်ချလိုက်သည်။

‎

‎

"‎အက်"

‎

‎

‎ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့တိုက်ခိုက်မှုက ပစ်မှတ်ကိုထိသွားပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုက ပုပ်နေတဲ့ခေါင်းကို ခွဲနိုင်ဖို့ မလုံလောက်ပါဘူး။ သူ့ရဲ့ဓားက ဖုတ်ကောင်ရဲ့ဦးခေါင်းတွင် တန့်နေပြီး သူ့ရဲ့ဓားကို ဆွဲထုတ်ချင်ပေမယ့် သူ့ရဲ့ခွန်အားက မလုံလောက်ဘူး။

‎

‎

‎" ရားးးး"

‎

‎

ဒေါသထွက်သွားသော ‎ဖုတ်ကောင်က သူ့ကိုကိုက်ရန် ပါးစပ်ကိုဖွင့်လိုက်သည်။ ဒါကိုမြင်တော့ လူငယ်လေးက မျက်လုံးတွေကိုမှိတ်ပြီး နာကျင်လာမှာကို စောင့်နေလိုက်တယ်။

‎

‎

"ဘုန်းး"

‎

‎

‎အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သော်လည်း နာကျင်မှုကို မခံစားရပေ။ မျက်လုံးဖွင့်ကြည့်လိုက်တော့မှ သူ့အရှေ့ကဖုတ်ကောင်ဟာ အသတ်ခံရပြီးဖြစ်တာကို မြင်လိုက်ရတယ်။ အပြာရောင်မီးတောက်များက ၎င်းရဲ့အ‌လောင်းကို လွှမ်းခြုံထားသည်။

‎

‎

‎ခပ်ဝေးဝေးမှာရပ်နေတဲ့ ရှန်းကျင်းဇီက သူ့ကိုကြည့်ကာပြောလာနယ် "မင်းရဲ့မျက်လုံးကိုဖွင့်ကြည့်လိုက် ၊ မင်းရဲ့လက်နက်ကိုယူပြီး မင်းရဲ့ အဖော်တွေကိုကူညီပါ"

‎

‎

‎လူငယ်က သတိပြန်ဝင်လာပြီး သူ့ဓားကို အမြန်ကောက်ကိုင်လိုက်သည်။ သူက ဘေးနားသို့ အလျင်အမြန်ပြေးသွားပြီး နောက်ဆုံးဖုတ်ကောင်ကို သတ်ရန် သူ့အဖွဲ့နှင့်ပူးပေါင်းလိုက်တယ်။ ဖုတ်ကောင်တစ်ကောင်ကို လူငါးဦးပူး‌ပေါင်းကာ သတ်လိုက်ခြင်းကြောင့် ငါးမိနစ်အတွင်းမှာပဲ သတ်နိုင်ခဲ့သည်။

‎

‎

‎

‎သူတို့ရဲ့ ပထမဆုံးဖုတ်ကောင်ကို သတ်ပြီးတဲ့နောက်တော့ ကနဦးက အကြောက်တရားတွေ လျော့ပါးသွားသည်။ သူတို့က ထိုနေရာတွင်ရပ်ကာ အသက်ကို ပြင်းပြင်းထန်ထန်ရှူသွင်းနေရသော်လည်း သူတို့ရဲ့မျက်လုံးများကတော့ တောက်ပနေပြီး နှုတ်ခမ်းထောင့်များက တက်နေသည်။

‎

‎

‎ဖုတ်ကောင်တွေကို အောင်မြင်စွာသတ်ပြီးနောက်တော့ သူတို့ကို ချီးကျူးအားပေးကြကာ ရေချိုးခွင့်ပေးတာကြောင့်ရော လူတိုင်းက ဝမ်းသာသွားကြပါတယ်။

‎

‎

‎ရှန်းကျင်းဇီက ခေါင်းယမ်းပြီး အဖွဲ့ဝင်သစ်တွေပေါ်မှာ ရေအေးတစ်ပုံးကို လောင်းချလိုက်တယ် "မင်းတို့ စတိုက်ကတည်းကပဲ အနည်းဆုံးတော့ လူနှစ်ယောက်က သေသွားပြီလို့ အတည်ပြုလို့ရပြီး ကျန်တဲ့သုံးယောက်ကတော့ အသက်ရှင်ဖို့ အခွင့်အလမ်းနည်းတယ်"

‎

‎

‎သူက ချန်ကျိရိကို တစ်ချက်ကြည့်လိုက်ပြီး "မင်း တိုက်ခိုက်တဲ့အခါ မအော်နဲ့ မအော်ပါနဲ့။ ဖုတ်ကောင်တွေက အနံ့နဲ့ အသံကို အာရုံခံနိုင်တယ်။ တိုက်ပွဲအတွင်း အော်နေရင်တော့ ဖုတ်ကောင်တွေကို ပိုဆွဲဆောင်မိပြီး ဝိုင်းရံခံရမှာ" လို့ ပြောလိုက်တယ်။

‎

‎

‎ထို့နောက် သူက ကျောင်းလီရီင်း နှင့် အခြားလူနှစ်ယောက်ကို လက်ညှိုးထိုးပြီး "မင်းတို့ သုံးယောက်ကတော့ တစ်ယောက်တည်း တိုက်ခိုက်နေကြသလိုပဲ။ အဖွဲ့လိုက် တိုက်ခိုက်တဲ့အခါမှာ မင်းတို့ရဲ့တိုက်ခိုက်မှုတွေကို မင်းတို့ရဲ့အသင်းဖော်တွေနဲ့ ညှိနှိုင်းရမယ်"

‎

‎

‎"ညှိနှိုင်းမှုမရှိဘူးဆိုရင် မင်းတို့ရဲ့အင်အားနှင့် တိုက်ခိုက်နိုင်စွမ်းကို ကန့်သတ်ထားခံရနိုင်ရုံမကဘဲ မင်းတို့အသင်းဖော်ရဲ့ တိုက်ခိုက်မှုကိုတောင် ဟန့်တားမိပြီး သေစေနိုင်တယ်"

‎

‎

‎ထို့နောက်တော့ လူငယ်လေးကို ကြည့်ပြီးဆက်ပြောလိုက် တယ် "မင်းရဲ့ တုံ့ပြန်မှုနှင့် စောင့်ကြည့်မှုက ကောင်းတယ်၊ ဒါပေမယ့် မင်းက အားနည်းလွန်းတယ်။ မင်းအနေနဲ့ ဖုတ်ကောင်ကို သေအောင်မသတ်နိုင်ရင် ရိုက်ပြီး ပြေးရမယ်"

‎

‎

‎အဖွဲ့ဝင်အသစ်များကို ကြည့်ပြီး စကားကိုအဆုံးသတ်လိုက်တယ်" ဖုတ်ကောင်တွေကို ပထမဆုံးအကြိမ် တိုက်တဲ့ပွဲမှာ မင်းတို့အားလုံးက ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် မင်းတို့မှာ တိုးတက်ဖို့လိုတဲ့ နေရာတွေအများကြီးရှိတယ်။ အရေးကြီးဆုံးကတော့ မင်းတို့ရဲ့ ခံနိုင်ရည်နှင့် ခွန်အားကို မြှင့်တင်ဖို့ပဲ။ တစ်ချိန်တည်းမှာပဲ မင်းတို့က အဖွဲ့လိုက်တိုက်ခိုက်တာကိုလည်း လေ့ကျင့်ဖို့လိုတယ်"

‎

‎

‎သူ့ဘေးမှာရပ်နေတဲ့ ကုန်းပိုင်က ရယ်မောပြီး သူ့ပခုံးကိုပုတ်ကာပြောလာသည်"ကျင်းဇီ၊ မင်းမှန်တယ်။ သူတို့ရဲ့ အားသာချက်နှင့် အားနည်းချက်တွေကို မြင်ရတဲ့အတွက် ငါကမင်းကို ကိုင်တွယ်ခွင့်ပေးလိုက်မယ်"

‎

‎

စကားပြီးသွားတာနဲ့ စိတ်ကောင်းဝင်စွာဖြင့် ကုန်းပိုင်ကထွက်သွားသည်။ သူ့အစ်ကိုက သူ့အပေါ်မှာ ဒီဒုက္ခတွေကို စွန့်ပစ်သွားတော့ ရှန်းကျင်းဇီက သက်ပြင်းချလိုက်တယ်။ "ဖုတ်ကောင်တွေရဲ့ ခေါင်းကို သွားစစ်ကြည့်လိုက်။ အမြုတေရှာတွေ့ရင် မင်းတို့သိမ်းထားလို့ရတယ်" လို့ အဖွဲ့ဝင်အသစ် တွေကို ပြောလိုက်တယ်။

‎

‎

‎အဖွဲ့ဝင်အသစ်များဟာ ပုပ်ပွနေသောအရာအား ကြည့်ပြီး မအီမသာ ဖြစ်နေကြသည်။‎ အမြုတေကို သူတို့မရှာချင်တာ တွေ့လိုက်ရတော့ ရှန်းကျင်းဇီက အလောင်းတွေကို မီးရှို့ပြီး အမြုတေကို ကောက်ယူလိုက်တယ်။

‎

‎

‎

‎သူက အမြုတေကို ချန်ကျိရိထံသို့ ပေးလိုက်ပြီး "ဒီအမြုတေက ကောင်းတဲ့အရာပဲ။ အရေးပေါ်အခြေအနေမှာ မင်းတို့ရဲ့အသက်ကို ကယ်တင်နိုင်တယ်။ ရိက္ခာပစ္စည်းတွေနဲ့လည်း လဲလှယ်ပြီးအသုံးပြုနိုင်တယ်"

‎

‎

‎အမြု‌တေတစ်ခုသာရှိသောကြောင့် ချန်ကျိရိ ထိန်းသိမ်းထားမှာကို အာစလုံးက သဘောတူကြသည်။ နောက်တစ်ခါတွေ့ရင်တော့ သူတို့ကတစ်လှည့်စီ အလှည့်ကျသိမ်းလိမ့်မယ်။

‎

‎

သူတို့က‎အသက်ရှင်ကျန်ရစ်သူများကို စစ်ဆေးနေစဉ်တွင် ရှန်းကျင်းဇီကတော့ အဖွဲ့ဝင်အသစ်များကို ဖုတ်ကောင်များ သတ်စေခဲ့သည်။ အမြုတေများ ပိုမိုရရှိရန်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ရှန်းကျင်းဇီရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာကာ သူတို့က ကြောက်ရွံ့မှုမရှိတော့ဘဲ ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့သည်။

‎

‎

ချိန်တည်းမှာပဲ ကြီးမားတဲ့ဂိုဒေါင်ကြီးနှစ်ခုရဲ့ ‎တန်ဖိုးရှိသော ရိက္ခာများကို ရှောင်ချီ နှင့် ဖုန်းယွင်တို့က သူတို့ရဲ့ နေရာလွတ်များတွင် စုဆောင်းကာသိမ်းဆည်းနေသည်။

‎

‎

‎ပြီးသွားတဲ့အခါမှာ ကျင်းရွှီယန်းက "ပတ်ပတ်လည်ကို သွားစစ်ဆေးပြီး အသက်ရှင်ကျန်ရစ်သူ ရှိမရှိ ကြည့်လိုက်"လို့ အမိန့်ပေးတယ်။

‎

‎

‎“ဟုတ်ကဲ့ပါ ကပ္ပတိန်” နှစ်ယောက်သားက တညီတညွတ်တည်း ပြန်ဖြေပြီး ဂိုဒေါင်ထဲမှ ထွက်လာခဲ့သည်။

‎

‎

‎သူတို့ထွက်သွားပြီးနောက်တော့ ကျိူးလီဇီက ဂိုဒေါင်ထဲသို့ ၀င်သွားသည်။ မျက်နှာကျက်အထိကို မြင့်လွန်းနေတဲ့ သေတ္တာတွေကို ကြည့်လိုက်ပြီး "အစ်ကိုယန်း၊ ဒီပစ္စည်းတွေနှင့်ဆို အခြေစိုက်စခန်းဆောက်ချင်ရင်တောင် စားနပ်ရိက္ခာပြတ်လပ်မှာကို စိတ်ပူစရာ မလိုတော့ဘူး" လို့ ပြောလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက တခစ်ခစ်ရယ်ပြီး "အာ့ဇီ ဒီဘဝမှာတော့ ကိုယ်က အခြေစိုက်စခန်း မဆောက်ချင်တော့ဘူး"လို့ ပြန်ဖြေသည်။

‎

‎

သူ့စကားကြောင့် ‎ကျိူးလီဇီ ထိတ်လန့်သွားတယ်။ သူမက သူ့ကိုလှည့်ကြည့်ပြီးမေးလိုက်တယ် "ဘာလို့လဲ၊ အခြေစိုက်စခန်းတစ်ခုပိုင်ဆိုင်ရတာက အဆင်မပြေဘူးလား။ အခွန်နှင့် ဝင်ကြေးတွေကနေ အမြုတေတွေအများကြီးရနိုင်တယ်"

‎

‎

‎သူ့မရဲ့စကားကြားတော့ ကျင်းရွှီယန်းက ခေါင်းခါပြီးပြန်ဖြေတယ် "ဒါက အကျိုးရှိပုံရပေမယ့် အခြေစိုက်စခန်းတစ်ခုကို စီမံခန့်ခွဲရတာကခက်ပြီး အရမ်းပင်ပန်းတယ်။ အခြေစိုက်စခန်းနှင့် တခြားလူတွေရဲ့ လုံခြုံရေးကို စိတ်ပူရတာထက် မင်းနှင့် အချိန်ဖြုန်းရတာကို ပိုကြိုက်တယ်"

‎

‎

‎"ကြေးစားအဖွဲ့ဖြစ်လာတာက မကောင်းဘူးလား" လို့ သူမကို ပြန်မေးလိုက်တယ်။

‎

‎

‎ကျိူးလီဇီက ခဏလောက်စဉ်းစားပြီးမှ ပြန်ဖြေသည် "အင်း၊ မဆိုးပါဘူး"

‎

‎

‎သူမက မျက်မှောင်ကြုတ်နေတာကိုမြင်တော့‎ ကျင်းရွှီယန်းက သူမရဲ့လက်တွေကို ဆုပ်ကိုင်လိုက်ပြီး "အာ့ဇီ ကိုယ်မင်းနှင့် အတူရှိနေနိုင်ဖို့ လွတ်လပ်မှုကို လိုချင်တယ်။ ဒါကြောင့် ကိုယ်က အခြေစိုက်စခန်းမဆောက်ဘူး"

‎

‎

‎"မင်းက အခြေစိုက်စခန်းမှာနေချင်ရင်တော့ ကိုယ်တို့က တစ်ခုရွေးပြီး အဲဒီမှာပဲနေမယ်။ မင်းသာ ခရီးထွက်ချင်ရင် ကိုယ်တို့က ထုပ်ပိုးပြီး ထွက်သွားနိုင်တယ်။ ဖုတ်ကောင်တွေ အများကြီးကိုသတ်ပြီး ရိက္ခာတွေ အများကြီးရှာနိုင်တယ်။ ကိုယ်တို့ ဘာကိုမှ စိတ်ပူစရာ မလိုဘူး"

‎

‎

‎

‎

‎

‎

All Chapters