← Chapters

အခန်း (၁၀၅)

Vol. 7 Ch. 105

အခန်း (၁၀၅)

Vol. 7 Ch. 105

‎လျှပ်စစ်နံပါတ်တုတ်က ရေကိုထိလိုက်တာနဲ့ ဖုတ်ကောင်တွေက လျှပ်စစ်ကြောင့် ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး မလှုပ်မယှက် ရပ်နေကြတော့တယ်။

‎

‎

‎"မိုအာ မင်းအလှည့်" လို့ လူငယ်က ဟိုဘက်ကမ်းသို့ လှမ်းအော်သည်။

‎

‎

‎" ဘုန်းး"

‎

‎

‎စက္ကန့်ပိုင်းလေးအတွင်းမှာပဲ နောက်ထပ်မီးလုံးတစ်ခုက သူ့အနောက်ကနေ ပြေးဝင်လာပြီး ဖုတ်ကောင်တွေကို ထိမှန်သွားကာ သူတို့ရဲ့ခေါင်းတွေကို ဖောက်ခွဲပစ်လိုက်တယ်။ ခေါင်းမပါတဲ့ ဖုတ်ကောင်တွေက လမ်းမပေါ် လဲကျသွားပြီး သွေးမည်းနဲ့ အသားပုပ်တွေကို မြေပြင်ပေါ် ပက်ဖြန်းလိုက်သလိုပဲ့။

‎

‎

‎ကားထဲမှာရှိနေတဲ့ ဝေယင်းက သူတို့ကိုတွေ့တော့ အံ့အားသင့်သွားပြီး "ထွက်သွားပြီး ကူညီကြ" လို့ပြောလိုက်တယ်။

‎

‎

‎သူ့အမိန့်ကိုကြားတော့ စစ်သားတွေက တံခါးကို အလျင်အမြန်ဖွင့်ပြီး ကားထဲက ထွက်လာကြတယ်။ သူတို့ရဲ့ကားများပတ်ပတ်လည်ရှိ ဖုတ်ကောင်အုပ်ဟာ မီးလုံးပေါက်ကွဲကြောင့် နောက်ဆုံးတွင် လမ်းကြောင်း တစ်ခုကို ပွင့်သွားခဲ့သည်။

‎

‎

ကားထဲကထွက်လာသည်နှင့်တပြိုင်နက် စစ်သားများက သူတို့ရဲ့သေနတ်များကို မြှောက်ကာ ဖုတ်ကောင်များကို စတင်ပစ်ခတ်ကြတယ်။

‎

‎" ဒိုင်းး ဒိုင်း ဒိုင်းး "

‎

‎သူတို့ရဲ့ ရဲဘော်များ ကားထဲထွက်သွားနိုင်စေရန်အတွက်စစ်သားများက ကားများရဲ့ပတ်၀န်းကျင်ရှိ ဖုတ်ကောင်များကို ရှင်းလင်းလိုက်သည်။ နောက်ထပ်စစ်သားများလည်း တိုက်ပွဲတွင်ပါဝင်လာသဖြင့် ရုန်မိုအာ နှင့် ကုရှကျယ် တို့သည် နောက်ဆုံးတော့ အသက်ဖြောင့်ဖြောင့်ရှုနိုင်သွားတယ်။

‎

‎

‎ဒါပေမယ့် သေနတ်သံကြောင့် ဖုတ်ကောင်တွေက သူတို့ ဦးတည်ရာဆီကို ပိုရောက်လာကြတယ်။ ဒါကိုမြင်တော့ ဝေယင်းက "အဖွဲ့ကို နှစ်ဖွဲ့ခွဲလိုက် ၊ တစ်ဖွဲ့က လမ်းအမြန်ဆုံးရှင်းပစ်မယ်။ ကျန်သူတွေက ဖုတ်ကောင်တွေကို ဆက်ရှင်းနေမယ်"

‎

‎

‎"ဟုတ်ကဲ့ ဗိုလ်ကြီး"

‎

‎

အမိန့်ကို လက်ခံရရှိသည်နှင့် တပြိုင်နက် စစ်သည်များက သူတို့ရဲ့ဖွဲ့စည်းပုံကို လျင်မြန်စွာ ပြင်ဆင်လိုက်ကြတယ်။ မီးလုံးငါးလုံးကိုသုံးပြီး ဖုတ်ကောင်တွေရဲ့ဦးခေါင်းတွေကို ဖောက်ခွဲပြီးနောက်တွင်တော့ သူမရဲ့စွမ်းအင်တွေကုန်ခမ်းသွားတယ်လို့ ခံစားမိပြီး‎‌ ရုန်မိုအာက "လမ်းရှင်းပေးပါ့မယ်" လို့ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ကုရှကျယ်က ခေါင်းညိတ်ပြီး "ငါ မင်းနဲ့လိုက်ခဲ့မယ်" လို့ပြောလိုက်တယ်။

‎

‎

‎စွမ်းရည်ကို အသုံးပြုသူများအနေဖြင့် သူတို့ရဲ့ ခွန်အားနှင့် ခံနိုင်ရည်က လေ့ကျင့်ထားသော စစ်သည်များထက်သာလွန်သည်။ သူတို့နှစ်ယောက်က ဘတ်စ်ကားတစ်စီးပေါ် လက်တင်ပြီး တွန်းတင်လိုက်ကြတယ်။

‎

‎

"‎ခရက်"

‎

‎

‎သူတို့နှစ်ဦးက လေးလံသောဘတ်စ်ကားကို ရွှေ့နိုင်တာကို စစ်သားများက မြင်သောအခါ တုန်လှုပ်သွားကြတယ်။ ကားငယ်များကိုသာ ရွှေ့ပြီး ဘတ်စ်ကားကို လျစ်လျူရှုရန် စီစဉ်ခဲ့ကြတယ်။ ဘတ်စ်ကားကအလွန်လေးလံသောကြောင့်လမ်းမှရွှေ့ရန် အချိန်ပိုကြာပြီး စွမ်းအင်ပိုယူရမည်ဖြစ်သည်။

‎

‎

‎မထင်မှတ်ထားပဲ ဒီလူငယ်နှစ်ယောက်က လက်ဗလာနဲ့ ရွေ့နိုင်ခဲ့တယ်။

‎

‎

တစ်ဖက်အဖွဲ့က ‎လမ်းရှင်းရန် အလုပ်ရှုပ်နေချိန်တွင် ဝေယင်းနှင့် ကျန်စစ်သားများကတော့ ဖုတ်ကောင်များရဲ့ ဖိအားပေးခြင်းကို ခံနေရသည်။

‎

‎

"‎ဒိုင်း ဒိုင်း ဒိုင်း"

‎

‎

‎ယခင်ကဆိုရင်တော့ သူတို့သည် ဖုတ်ကောင်များကို ခေါင်းတစ်ချက်ပစ်ရုံဖြင့် သတ်နိုင်ခဲ့သော်လည်း ယခုအခါတွင်တော့ ဖုတ်ကောင်များဟာ ယခင်ကထက် ပိုမို မြန်ဆန်လညသောကြောင့် ဦးခေါင်းကိုချိန်ရန် ခက်ခဲလာသည်။ ဖုတ်ကောင်တစ်ကောင်ကို ချေမှုန်းနိုင်ရန်အတွက် သူ့တို့ရဲ့ ကျည်များကို ယခင်ကထက် ပိုမိုမြန်ဆန်စွာ ထုတ်ယူနိုင်ဖို့လို့တဲ့အပြင် အနည်းဆုံး ကျည်ဆံ သုံးတောင့်မှ ငါးတောင့်လည်း လိုအပ်သည်။

‎

‎

‎စစ်သားတွေက သူတို့ရဲ့ ကျည်ကပ်ကို ပြောင်းလိုက်တဲ့အချိန်မှာပဲ့ သူတို့ထဲက တစ်ယောက်က "ဗိုလ်ကြီး၊ ကျွန်တော်တို့ ဒီနှုန်းနဲ့သာ ဆက်သွားနေမယ်ဆိုရင် ကျည်ကုန်သွားလိမ့်မယ်" ဆိုပြီး အော်လိုက်တယ်။

‎

‎

နေရာတိုင်းမှ ပြေးလွှားနေသော ဖုတ်ကောင်အရေအတွက်ကို ကြည့်နေတဲ့ ‎ဝေယင်းက ခေါင်းကို လှည့်ကာ "လမ်းတွေ ရှင်းနေပြီလား"လို့မေးလိုက်တယ်။

‎

‎

ရုန်မိုအာ နှင့် ကုရှကျယ် တို့ရဲ့အကူအညီဖြင့် အခြားစစ်သားတစ်စုသည် လမ်းပိတ်ဆို့နေသော ကားများနှင့် ကျောက်တုံးကြီးများကို နောက်ဆုံးတွင်ရွှေ့ပြောင်းနိုင်ခဲ့သည်။

‎

‎

‎စစ်သားများသည် ဖုတ်ကောင်များကို သတ်ရန် အဖွဲ့ထဲသို့ လျင်မြန်စွာ ပါဝင်ခဲ့ပြီး အချို့မှာ ကားများကို မောင်းနှင်ရန် သွားကြသည်။

‎

‎

‎"ဗိုလ်ကြီး ပြီးပြီ" လို့ စစ်သားတစ်ယောက်က ကားကို သူတို့ရှိရာမောင်းလာရင်း ပြောလာတယ်။

‎

‎

‎ဒါကိုမြင်တော့ ဝေယင်းက "ကားပေါ်ကိုတက်"လို့ အမိန့်ပေးလိုက်တယ်။

‎

‎

‎စစ်သားများဟာ ဖုတ်ကောင်များကို ဆက်လက်သတ်နေရင်းနှင့် နောက်ပြန်ဆုတ်သွားကြတယ်။ သူတို့အများစုက ကားထဲဝင်ပြီးသောအခါမှာပဲ ဝေယင်းက ထပ်ပြောတယ်"အရပ်သားတို့ ကားပေါ်တက်ကြ"

‎

‎

‎ကုရှကျယ်က ဒါကိုကြားပြီး ရုန်မိုအာကို ဆွဲပြီး "သွားရအောင်" လို့ပြောလိုက်တယ်။

‎

‎

သူတို့နှစ်‌ယောက်‎ ကားပေါ်ရောက်တာနဲ့ စစ်သားတွေက တံခါးပိတ်ပြီး အမြန်မောင်းထွက်သွားကြတယ်။

‎

‎

‎သူတို့ရဲ့ ဗိုလ်ကြီးက အနောက်မှာကျန်နေပြီး အကာကွယ်‌ပေးနေသေးတာကို မြင်တော့ စစ်သား တစ်ယောက်က "ဗိုလ်ကြီး" လို့အော်လိုက်တယ်။

‎

‎

‎

‎ ဝေယင်းက အခြေအနေကို စောင့်ကြည့်နေပြီး "သွားတော့ ငါအမြန်လိုက်ခဲ့မယ်"လို့ပြောလိုက်တယ်။

‎

‎

အမိန့်ကိုကြား‌တော့‎ ကျန်စစ်သည်များက အံကြိတ်ကာ ကားတံခါးကိုပိတ်လို့ မောင်းထွက်သွားကြသည်။

‎

‎

‎မိနစ်အနည်းငယ်ကြာသောအခါမှာတော့ ကားများအဝေးမှရောက်နေပြီကို ဝေယင်းက တွေ့လိုက်ရတယ်။ သူက သူ့အိတ်ကပ်ထဲမှ လက်ပစ်ဗုံးများကို ယူကာ စနက်တံများကို ဆွဲဖြုတ်လိူ့ ဖုတ်ကောင်းအုပ်ထဲသို့ ပစ်ချကာ လှည့်လို့ ကားဆီသို့ ပြေးသွားခဲ့သည်။

‎

‎

သူရဲ့ခြေထောက်တွေကို မြေကြီးပေါ်ကိုချပြီး နင်းလိုက်တဲ့အခိုက်တွင် မြေကြီးကကွဲသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ သူဟာ အရှေ့က မီတာတစ်ဆယ်လောက် ဝေးရာနေရာကို ရောက်သွားခဲ့တယ်။

‎

‎

‎" ဘုန်း ဘုန်းး ဘုန်းး "

‎

‎

‎စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင်တော့ ပေါက်ကွဲသံများ ကဆက်တိုက်ထွက်ပေါ်လာတယ်။ ကျယ်လောင်သောအသံကြောင့် ဖုတ်ကောင်များက ပေါက်ကွဲသည့်နေရာဆီ ဆွဲဆောင်ခံလိုက်ရသည်။

‎

‎

‎ကားအတွင်းရှိ စစ်သားများက အခြေအနေကို စစ်ဆေးရန်အတွက် ပြတင်းပေါက်ကို ဖွင့်ထားသည်။ သူတို့ရဲ့ ဗိုလ်ကြီးကို မည်သည့်နေရာမှာမှ မမြင်ရသောအခါတွင်တော့ သူတို့အား ကယ်တင်ရန်အတွက် သူ့ကိုယ်သူ စတေးပြီးပြီဟု ထင်ကာ မျက်လုံးများနီရဲလာကြတယ်။

‎

‎

‎ဒါပေမယ့် သူတို့ရဲ့မျက်ရည်တွေကျမလာခင်မှာပဲ ကားရဲ့အနောက်မှာ တစ်စုံတစ်ယောက်ရဲ့ မှုန်ဝါးဝါးပုံရိပ်ကို တွေ့လိုက်ရတယ်။ ကုရှကျယ်က အဲဒီလူကိုတွေ့တော့ သူက “ဒါက ဗိုလ်ကြီးပဲ” လို့ပြောလိုက်တယ်။

‎

‎

‎သူတို့ကြားတာနဲ့ တပြိုင်နက် ကားတစီးကရပ်ပြီး စစ်သားက တံခါးဖွင့်ပေးတယ်။ သိပ်မကြာခင်မှာပဲ သူတို့ရဲ့ဗိုလ်ကြီးက သူတို့နောက်ကို ပြေးလာနေတာကိုတွေ့တော့ "ဗိုလ်ကြီး" လိုအော်လိုက်ကြတယ်။

‎

‎

‎ဝေယင်းက ကားပေါ်သို့ အမြန်တက်ကာ တံခါးကိုပိတ်ပြီး "သွားစို့"လို့ပြောလိုက်တယ်

‎

‎

‎ကားကိုမောင်းလာတဲ့ စစ်သားက "ဗိုလ်ကြီး၊ မင်းအသက်ရှင်နေတယ်" လို့ပြောရင်း လေဘာကိုနင်းလိုက်တယ်။

‎

‎

‎သူ့အဖွဲ့ကစစ်သားတွေရဲ့ မျက်လုံးတွေကနီရဲနေတာကို သတိပြုမိတော့ ဝေယင်းက တခစ်ခစ်ရယ်ကာ "ဒီလောက် လေးနဲ့မသေပါဘူး" လို့ ပြန်ဖြေတယ်။

‎

‎

ဝေယင်းက ‎အသက်ဝအောင်ရှုပြီးတဲ့နောက်မှ လူငယ်စုံတွဲဆီကို လှည့်ကြည့်ကာ "ရဲဘော်တို့၊ ငါတို့ကို ကူညီတာ ကျေးဇူးတင်ပါတယ်၊ ငါတို့က လင်းယုန်အဖွဲ့ပါ။ ငါက ဗိုလ်ကြီး ဝေယင်းပါ။ မင်းတို့နာမည်တွေကို သိလို့ရနိုင်မလား"

‎

‎

‎"မင်္ဂလာပါ ဗိုလ်ကြီးဝေ။ ငါက ကုရှကျယ် ၊ သူက ရုန်မိုအာ ပါ။ ငါတို့နှစ်ယောက်လုံးကလင်အန်းတက္ကသိုလ်က ကျောင်းသားတွေ"

‎

‎

‎ဒါကိုကြားတော့ ဝေယင်းက အံ့အားသင့်သွားပြီး "လင်အန်းတက္ကသိုလ်က ဖုတ်ကောင်တွင်းကြီး ဖြစ်သွားတယ် ဆိုတဲ့ သတင်းကို ငါရခဲ့တယ်၊ မင်းတို့ နှစ်ယောက် ဘယ်လိုလုပ်ပြီး လွတ်မြောက်လာတာလဲ" ‌လို့မေးလိုက်တယ်။

‎

‎

‎ရုန်မိုအာက ဒီသတင်းကြောင့် အံ့အားသင့်သွားပြီး "မိုးရွာပြီးတာနဲ့ ရှကျယ် နဲ့ ကျွန်မက တက္ကသိုလ်ကထွက်လာခဲ့တယ်။ တက္ကသိုလ်နဲ့ သိပ်မဝေးတဲ့နေရာက ဖုတ်ကောင်တွေရဲ့ ဟိန်းဟောက်သံတွေကို ကြားခဲ့ရပေမယ့် ဖုတ်ကောင်တွေ အများကြီးတော့ မတွေ့ခဲ့ရပါဘူး။ အဲဒါက ရုတ်တရက်ကြီး ဖုတ်ကောင်တွင်း ဘယ်လို ဖြစ်သွားတာလဲ"

‎

All Chapters