← Chapters

အခန်း (၁၂၈)

Vol. 9 Ch. 128

အခန်း (၁၂၈)

Vol. 9 Ch. 128

အခန်း-(၁၂၈)

‎

‎

‎

‎အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်မှ စွမ်းရည်အသုံးပြုသူတစ်ဦးက နောက်ဆုံးတော့ ရှေ့သို့တိုးလာပြီး "ဗိုလ်ကြီး ၊ အထူးတပ်ဖွဲ့ထဲဝင်ဖို့ဆိုတာက ကျွန်တော့်အတွက် တော့မလွယ်ခဲ့ပါဘူး။ ကျွန်တော် အငြိမ်းစားမယူချင်ဘူး" လို့ ပြောလာတယ်။

‎

‎

‎ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "နားလည်ပါတယ်။ ဒီနှစ်တွေတစ်လျှောက်လုံးက မင်းရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်။ မင်းမထွက်ခွာခင်မှာ မင်းအတွက် ပစ္စည်းတွေနှင့် အမြုတေတစ်ချို့ကို ငါခွဲပေးလိုက်မယ်"လို့ ပြောလာတယ်။

‎

‎

‎ဒါကိုကြားတော့ ထွက်သွားချင်တဲ့သူတွေက နောက်ဆုံးတောါ ပြောလာကြတယ်။ အများစုက အထူးတပ်ဖွဲ့တွင် ပါဝင်နိုင်ရန် အလွန်အမင်း ကြိုးစားလုပ်ဆောင်ခဲ့ရတာကြောင့် အနားယူရန် ဆန္ဒမရှိကြပေ။

‎

‎

‎ရှောင်ချီ နှင့် အခြားသူများကတော့ သူတို့ကို သစ္စာဖောက်များဟု မြင်ကာ စိတ်မကောင်းဖြစ်မိသော်လည်း ကျင်းရွှီယန်းက ကန့်ကွက်ခြင်းမရှိပေ။ မကျေမနပ်နှင့်သူ့အနောက်ကို လိုက်နေတာထက် သူတို့ ထွက်သွားတာက ပိုကောင်းပါတယ်။

‎

‎

‎သူတို့ရဲ့ ဆုံးဖြတ်ချက်တွေ ချလို့ပြီးတာနဲ့

‎ကျင်းရွှီယန်းက ထရပ်ပြီး သူတို့ကို အလေးပြုလိုက်တယ်။ စစ်သည်များကလဲ ပြန်အလေးပြန်ပြုကြသည်။

‎

‎

‎သူ့လက်ကိုချကာ “ညီအစ်ကိုတို့ အားလုံးမှာ တောက်ပတဲ့ အနာဂတ်နှင့် ဘေးကင်းကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ အစည်းအဝေး ခေတ္တ ရပ်နားလိုက်ပါပြီ”

‎

‎

‎‌ ပြောပြီးဒါနဲ့ သူကအခန်းထဲက လှည့်ထွက်သွားသည်။

‎

‎

‎ထွက်သွားစဉ်က သူရဲ့ခိုင်မာသော ခြေလှမ်းများကို ကြည့်ရင်း ထွက်ခွာရန် ရွေးချယ်သူများကလည်း ခေါင်းညိမ့်လိုက်ကြတယ်။

‎

‎

‎အများစုသည် နတ်ဆိုးအဖွဲ့တွင် တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့်သာ ရှိခဲ့ကြပြီး သူတို့ရဲ့တွယ်တာမှုမှာ နက်ရှိုင်းခြင်းမရှိသော်လည်း ကပ္ပတိန်ရဲ့စောင့်ရှောက်မှုကို ခံယူခဲ့ရပြီး သူတို့ရဲ့အသက်ကိုပင် အကြွေးတင်ခဲ့ကြသည်။ အခုလို သူတို့ကထွက်သွားဖို့ရွေးချယ်တော့ သူတို့အပြစ်ကကြီးလေးတယ်လို့ ခံစားလိုက်ရတယ်။

‎

‎

‎ဒါကို သတိပြုမိတော့ ကျန်းယွမ်က သူတို့ဘက်ကို လှည့်ပြီး "မင်းတို့ရဲ့ခေါင်းကို မြှင့်ပြီး တည့်တည့်ရပ်ပါ"လို့ အမိန့်ပေးလိုက်တယ်။

‎

‎

‎စစ်သားများက မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် သူ့ကိုကြည့်သော်လည်း နာခံကြဆဲပါ။

‎

‎

‎ကျန်းယွမ်က သက်ပြင်းရှည်ကြီးထုတ်လိုက်ပြီး "ညီအစ်ကိုတို့ ဒီနေ့ကစပြီး ငါတို့ရဲ့နိုင်ငံကို ကာကွယ်ဖို့တာဝန်က မင်းတို့ရဲ့ပခုံးပေါ်မှာ ကျရောက်သွားပြီ။ မင်းတို့ရွေးချယ်ထားတဲ့လမ်းကို ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းလိုက်ပါ"

‎

‎

‎"ဗိုလ်ကြီးနှင့် ငါတို့က မင်းတို့ကို အပြစ်မတင်ပါဘူး။ သူက မင်းတို့ရဲ့စိုးရိမ်မှုတွေကို နားလည်တယ်။ ကိုယ့်ကိုကိုယ် အပြစ်မတင်ကြပါနဲ့။ မင်းတို့ရဲ့နောက်ကျောကို ကာကွယ် ပေးပြီး မင်းတို့နဲ့အတူ တိုက်ခိုက်နိုင်မှာ မဟုတ်တော့တဲ့အတွက် နောင်တရပါတယ်။ ဒါပေမယ့် မင်းတို့အားလုံးကို ဘေးကင်းပြီး သာယာတဲ့ အနာဂတ်ရပါစေလို့ ဆုတောင်းပေးပါတယ်"

‎

‎

‎"ထွက်သွားမဲ့သူတွေက မင်းတို့ရဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီး လင်းယုန်အဖွဲ့ကို သတင်းပို့ပါ။ နေခဲ့မယ့်သူတွေက‌တော့ ဒီမှာကျန်ခဲ့"

‎

‎

‎

‎ထွက်ခွာရန် ရွေးချယ်သော စစ်သည်များက မထွက်သွားမီတွင် သူ့ကို တစ်ယောက်ပြီးတစ်ယောက်အလေးပြုလိုက်ကြသည်။ အခုဆို အခန်းထဲမှာ လူ ၁၂ ယောက်ပဲ ကျန်တော့တယ်။ စွမ်းရည်အသုံးပြုသူ လေးဦးအပါအဝင် ဆယ့်ငါးဦး ကထွက်သွားဖို့ ရွေးချယ်ခဲ့သည်။

‎

‎

အခန်းတွင်းမှ ‎လေးလံနေသောအခြေအနေကို သတိပြုမိလိုက်တော့ ကျန်းယွမ်က ပြုံးပြီး "မင်းတို့ကအားလုံးကို ကြည့်ရတာ ဒေါ်လာတစ်သန်းဆုံးရှုံးသွားကြသလိုပဲ ဘာဖြစ်နေတာလဲ"

‎

‎

‎ရှောင်ချီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ် "ဒုကပ္ပတိန် မင်းကရော စိတ်မဆိုးဘူးလား။ ငါတို့အားလုံးက အတူတူ ဖြတ်သန်းခဲ့ပြီးမှ သူတို့က ထွက်သွားကြတယ်"

‎

‎

‎ကျန်းယွမ်က သူ့ပုခုံးကိုပုတ်ပေးပြီး ‎"ရှောင်ချီ မင်းဘဝတစ်လျှောက်လုံးမှာ လူတော်တော်များများက ခဏလောက်ပဲ နေကြလိမ့်မယ်။ တစ်ယောက်ယောက်က ထွက်သွားတိုင်းသာ မင်းစိတ်ဆိုးနေရင် မင်းအနေနဲ့ စိတ်ဆိုးလို့ ပြီးနိုင်မှာတောင် မဟုတ်တော့ဘူး"လို့ ပြောလိုက်တယ်။

‎

‎

‎"မင်းက ဘယ်လိုခံစားနေရလည်းဆိုတာကို ငါနားလည်ပါတယ်၊ ဒါပေမယ့် နောက်ဆုံးတော့လည်း လူတိုင်းမှာက ကိုယ့်ပိုင်လမ်းကိုရွေးချယ်ပိုင်ခွင့်အပြည့်ရှိတယ်။ ငါတို့ရဲ့အမြင် မတူကြောင့်နှင့်တော့ သူတို့ရဲ့ဆုံးဖြတ်ချက်ကမှားတယ်လို့ မဆိုလိုပါဘူး"

‎

‎

‎"မင်းက ငယ်သေးတယ်။ အချိန်တန်ရင် ပိုပြီးနားလည်လာလိမ့်မယ်" ဟု စိတ်ရှည်စွာ ထပ်ပြောလိုက်သည်။

‎

‎

‎အားလုံး ငြိမ်သက်သွားတာကိုမြင်တော့ သူက ဆက်ပြောလိုက်တယ် "ငါက ရိက္ခာတွေစုဖို့ ကပ္ပတိန်နှင့်အတူ မျိုးစေ့စက်ရုံကို လိုက်သွားမှာဆိုတော့ အားလုံးကိုနေခဲ့ဖို့ တောင်းဆိုတယ်"

‎

‎

‎"ဒီနေ့ ဗိုလ်ကြီးနှင့် ခယ်မတို့က အဲဒီမှာ ဆန်နှင့်အစေ့အဆန်တွေ တွေ့ခဲ့တယ်။ သူတို့စုဆောင်းထားတဲ့ အချက်အလက်အရဆို ပမာဏက မနည်းဘူး"

‎

‎

‎"လောလောဆယ်မှာတော့ လီစီခိုင်က ယာယီစခန်းကို ဦးဆောင်သွားမှာဖြစ်ပြီး ‎ဝိန့်မို ၊ ဝိန့်ခိုင်နှင့် ယင်းယွီရှန်းတို့က ကူညီဖို့ အနောက်မှာရှိနေပါ။ ငါတို့အဖွဲ့သားတွေနှင့် လင်းယုန်အဖွဲ့ထဲက တချို့လည်းကျန်ခဲ့မှာဆိုတော့ အသက်ရှင်ကျန်ရစ်သူတွေက ပြသနာမရှာလောက်ဘူး"

‎

‎

‎"ကျန်တဲ့သူတွေက ကပ္ပတိန်နဲ့ လိုက်သွားကြရမယ်။ ဒီညတော့ အနားယူလိုက်ကြ။ မနက်လင်းရင်တော့ ငါတို့ထွက်သွားမယ်"

‎

‎

‎အားလုံးက ခေါင်းညိတ်ပြီး “နားလည်ပြီ” ဟု တညီတညွတ်တည်း ပြန်ဖြေကြသည်။

‎

‎

‎စစ်သားတွေက အခန်းထဲက ထွက်သွားပြီးတဲ့နောက်မှာပဲ အမျိုးသမီးငယ်တစ်ယောက်က လှမ်းလာပြီး "အစ်ကို ၊ ဒီအခန်းထဲမှာ ကျွန်မကို တစ်ညလောက် အိပ်ခွင့်ပြုပါလား။ ဗိုက်နာလို့ အပြင်မှာ အိပ်လို့မရဘူး" ဟု ခွင့်တောင်းလာတယ်။

‎

‎

‎သူမကအနားကို လျှောက်လာတဲ့အချိန်မှာပဲ‎ ချင်လူဇီက သူမဆီကနေ ထွက်လာတဲ့ ထူထဲတဲ့ သွေးရနံ့ကို ရလိုက်သည်။ မျက်မှောင်ကြုတ်ပြီး သူ့စိတ်မြေပုံကို စစ်ကြည့်လိုက်တယ်။ အဖြူရောင်အစက်ကိုသာမြင်တော့ သူမျက်မှောင်ကြုတ်တာပိုနက်ရှိုင်းလာပြီး “မင်းဒဏ်ရာရထားတာလား” လို့မေးလိုက်တယ်။

‎

‎

‎အမျိုးသမီးငယ်က သူ့စကားကြောင့် ခဏတာ အံ့အားသင့်သွားပြီး နောက်တော့မှ တစ်စုံတစ်ခုကိုရိပ်မိသွားသည်။ တစ်ခဏချင်းမှာပဲ သူမရဲ့မျက်နှာကနီရဲလာပြီး "မ-မဟုတ်ဘူး၊ ကျွန်မ ဒဏ်ရာမရပါဘူး" လို့ တထစ်ချပြောလိုက်တယ်။

‎

‎

‎

‎"ဒါဆို မင်းပတ်ဝန်းကျင်မှာရတဲ့သွေးရနံ့က ဘာလို့ဒီလောက် တောင်ပြင်းထန်နေတာလဲ" လို့ ချင်လူဇီက ထပ်မေးလိုက်သည်။

‎

‎

စစ်သင်တန်းကျောင်းမှာပဲ အချိန်အများစုကိုကုန်ဆုံးခဲ့ပြီး မစ်ရှင်တိုင်းအတွက် တောထဲမှာလှည့်လည်နေရတဲ့ လူဖြောင့်ကြီးတစ်ယောက်ဆိုတော့ အမျိုးသမီးရေးရာကိစ္စတွေမှာတော့ သူက လုံးဝမသိဘူး။

‎

‎

‎သူမှာတော့ ဘာတွေဖြစ်နေလည်းဆိုတာကို သဲသဲကွဲကွဲမသိရဘဲ အမျိုးသမီးငယ်ကတော့ အချိန်အတော်ကြာ ချီတုံချတုံဖြစ်နေတယ်။ ရာသီလာချိန်အကြောင်းကို သူစိမ်းတစ်ယောက်ကို ပြောပြဖို့ကလည်း အဆင်မပြေဘူး။

‎

‎

'‎ဒါကို မေ့လိုက်တော့'လို့ သူမ တွေးနေချိန်မှာပဲ ကျိူးလီဇီက သူတို့ကို မြင်ပြီး လမ်းလျှောက်လာတယ်။ သွေးကို အနံ့ခံလိုက်မိပြီး အမျိုးသမီးကလည်း ဝမ်းဗိုက်အောက်ပိုင်းကို ဖိထားတာ မြင်လိုက်တာနှင့် ချက်ချင်း သဘောပေါက်သွားသည်။

‎

‎

အမျိုးသမီးငယ်ရဲ့ ဘေးမှာလာရပ်လိုက်ပြီး "ညီမလေး ၊ အဲဒါကိုသုံးထားလား" မေးလိုက်တယ်။

‎

‎

‎အမျိုးသမီးက ခေါင်းယမ်းပြီး "ကျွန်မက ယူလာဖို့ မေ့သွားတယ်" ဟု အသံတိုးတိုးဖြင့် ပြန်ပြောသည်။

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီက "ငါ့မှာနည်းနည်းရှိတယ်။ ငါနဲ့လိုက်ခဲ့"ဆိုပြီး ခေါ်လိုက်တယ်။

‎

‎

‎“ကျေးဇူးတင်ပါတယ် အစ်မ” လို့ အမျိုးသမီးက ကျေးဇူးတင်စွာဖြင့်ပြောသည်။

‎

‎

‎ခဏလောက် တိုးတိုးလေးပြောပြီးမှ သူ့ခယ်မနောက်က အမျိူးသမီးငယ်လေးက လိုက်သွားတာကိုမြင်တော့ ချင်လူဇီက စိတ်ရှုပ်သွားတယ်။ နားမလည်နိုင်သောကြောင့် ဒီကိစ္စကိုစိတ်ထဲက ထုတ်လိုက်တယ်။

‎

‎

‎ထိုအချိန်တွင် ကျင်းရွှီယန်းကလည်း သူရဲ့အာ့ဇီက အမျိုးသမီးတစ်ဦးကို သူမရဲ့ကားပေါ်သို့ ခေါ်ဆောင်သွားတာကို မြင်ပြီး သူမတို့နောက်သို့ လိုက်လာခဲ့သည်။

‎

‎

‎သူမရဲ့ကျောပိုးအိတ်ကို ဖွင့်ကာ သန့်ရှင်းသော အတွင်းခံ ဘောင်းဘီတစ်ထည်၊ နာကျင်မှု သက်သာစေသော ဆေးတစ်လုံး နှင့် လစဉ်သုံး သန့်ရှင်းရေး ပစ္စည်းနှစ်ထုပ်ကို ထုတ်ယူလာတာကို မြင်သောအခါ သူက မသွားတော့ရန် ဆုံးဖြတ်လိုက်သည်။

‎

‎

‎"ညီမလေး၊ သွေးကို သေချာဆေးကြောဖို့ မမေ့နဲ့။ ဖုတ်ကောင်တွေရဲ့ အနံ့ခံအာရုံကို ကောင်းလွန်းတယ် အနံ့က သူတို့ကို စွဲဆောင်မိသွားလိမ့်မယ်" လို့ ‎ကျိူးလီဇီက အမျိုးသမီးငယ်ကို ပစ္စည်းတွေ လက်ဆောင်ပေးရင်း ပြောလိုက်တယ်။

‎

‎

‎ပစ္စည်းတွေကို လက်ခံပြီး အမျိုးသမီးက ခေါင်းညိတ်ပြပြီး "ကျေးဇူးတင်ပါတယ် အစ်မ"လို့ဆိုကာ ထပ်ကာကျေးဇူးတင်သည်။

‎

‎

‎သူမရဲ့ ကျောပိုးအိတ်ကို အကာအဖြစ်အသုံးပြုပြီး ကျိူးလီဇီ က သကြားညို ဂျင်းဟင်းချို နှစ်ထုပ်ကို နေရာလွတ်ထဲက ထုတ်ယူလိုက်တယ်။ ချက်ချင်းသောက်ရန် အဆင်ပြေပြီး ရေနွေးနှင့် တိုက်ရိုက်ရောစပ်ပြီးသောက်ရန်သာ လိုအပ်သည်။

‎

‎

‎အမျိုးသမီးအတွက် သကြားညို ဂျင်းဟင်းချိုကို ပြင်ဆင်ရန်အတွက် ကျိူးလီဇီက စက္ကူခွက်ကို အသုံးပြုပြီး "ဒါကို သောက်ပြီး အနားယူလိုက်။ အခန်းအသစ်ကို သွားလို့ရတယ်၊ အဲဒီမှာက လေတိုက်တာ နည်းတယ်" လို့ ပြောလိုက်တယ်။

‎

‎

‎ဒီတစ်ခါတော့ အမျိုးသမီးက နီရဲနေတဲ့ မျက်လုံးတွေနှင့်အတူ ဟင်းရည်ပူပူကို လက်ခံလိုက်တယ်။ ကမ္ဘာပျက်ကပ်တွင်းမှာမပြောနဲ့ သာမာန်အချိန်တွေမှာတောင် ဒီကောင်မလေးလောက် သဘောထားကြီးတဲ့လူ မရှိဘူး။

‎

‎

‎သူမကို နောက်ဆုံးအကြိမ် ကျေးဇူးတင်စကားဆိုပြီးနောက်မှ အမျိုးသမီးငယ်က သူမရဲ့အတွင်းခံဘောင်းဘီကို ပြောင်းလဲပြီး အနားယူရန် နေရာတစ်ခုရှာခဲ့သည်။

‎

‎

‎

‎

‎

All Chapters