← Chapters

အခန်း (၈၇)

Vol. 6 Ch. 87

အခန်း (၈၇)

Vol. 6 Ch. 87

‎

‎ချင်လူဇီက ကျန်းယွမ်ရဲ့ မျက်လုံးတွေထဲကို အေးအေးဆေးဆေးပဲ့ကြည့်ပြီး ပြောလိုက်တယ် "ပတ်ဝန်းကျင်မှာရှိတဲ့ ဖုတ်ကောင်တွေကိုသတ်ပြီး သူတို့ကို အစွမ်းကုန် ကူညီပေးခဲ့ပါတယ်။ ကျန်တာတွေကတော့ သူတို့အပေါ်မှာပဲ့ မူတည်လိမ့်မယ်"

‎

‎

‎ဒါကိုပြောပြီးနောက် ချင်လူဇီက " ညာဘက်က ၈ခန်းမြောက်မှာ ဖုတ်ကောင်ငါးကောင်၊ ဘယ်ဘက်က ၁၁ခန်းမြောက်မှာ ဖုတ်ကောင်ရှစ်ကောင်" လို့ပြောပြီး ဆက်လျှောက်သွားပါတယ်။

‎

‎

‎ကျန်းယွမ်က ရှုပ်ထွေးနေသောအကြည့်ဖြင့် သူ့သူငယ်ချင်းရဲ့ ကျောကို ကြည့်လိုက်တယ်။ သူ့ရဲ့သူငယ်ချင်းပြောတဲ့စကား တွေက အမှန်ဖြစ်ကြောင်း သူသိသော်လည်း သူ့အနေနဲ့ကတော့ အရပ်သားများရဲ့ အသက်နှင့် သေဆုံးမှုကို လျစ်လျူရှုရန် မတတ်နိုင်သေးပေ။

‎

‎

‎သူတို့ကိုကယ်တင်ဖို့အတွက် သူ့ကပ္ပတိန်ကို တောင်းဆိုရမလားလို့ အခြေအတင်စဉ်းစားနေတုန်းမှာပဲ့ ‎ကျိူးလီဇီက “ဒု-ကပ္ပတိန် ကမ္ဘာပျက်ကပ်မှာ ကြင်နာမှုဆိုတာက ဇိမ်ခံပစ္စည်းတစ်ခုဖြစ်ပြီး ဒီဇိမ်ခံစျေးနှုန်းက မင်းတတ်နိုင်တဲ့အရာတော့ မဟုတ်ဘူး” လို့ ပြောလာတယ်။

‎

‎

‎သူမရဲ့စကားကိုကြားပြီးနောက်တော့ ကျန်းယွမ်ရဲ့ မျက်လုံးတွေထဲမှာ ယိမ်းယိုင်မှုတွေ့ တစ်ခဏမျှ ပေါ်လာပြီးနောက် သက်ပြင်းချကာ “နားလည်ပါပြီ” ဟုဆိုသည်။

‎

‎

‎အရင်တုန်းက ညီအစ်ကိုတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ဘယ်လိုလုပ်ပြီးမေ့နိုင်မှာလဲ။

‎

‎

‎အရပ်သားတစ်ဖွဲ့ကို ကယ်ဆယ်ရန် ကြိုးပမ်းခဲ့သောကြောင့် ညီအကို အများအပြားက ဒဏ်ရာရပြီး သေဆုံးခဲ့ကြသည်။

‎

‎

သူတို့ကယ်တင်ခဲ့တဲ့ အရပ်သားများကတော့ ကယ်တင်ခံရပြီးနောက်တွင် သူတို့ရဲ့ရိက္ခာများကို ခိုးယူကာထွက်ပြေးသွားကြတယ်။ ဒါအတွက်ကြောင့်သာမဟုတ်ရင် သူတို့ဟာ ဗိုက်ဆာမှာမဟုတ်သလို ခွန်အားနဲ့ ခံနိုင်ရည်မရှိတာကြောင့်လည်း ဓာတ်ဆီဆိုင်မှာ တိုက်ခိုက်ရင်း နောက်ထပ်ညီအစ်ကိုတွေ ဆုံးရှုံးလိုက်ရမှာလဲ မဟုတ်ပါဘူး။

‎

‎

‎အဲဒါတွေကိုတွေးကြည့်လိုက်တော့ သူ့စိတ်တွေက တည်ငြိမ်လာပြီး အရပ်သားတွေကို ကယ်ဆယ်ဖို့ စိတ်ကူးမရှိတော့ဘူး။ အစိုးရက ယာယီ အသက်ရှင်ကျန်ရစ်သူစခန်းတစ်ခုကို ထူထောင်ပြီးရင်တော့ သူတို့ကို ကယ်ဆယ်ဖို့ လူတွေကို စေလွှတ်နိုင်တာပဲ့။

‎

‎

‎သူ ဒါကို စဉ်းစားမိသွားတာ မြင်လိုက်တော့မှ ကျိူးလီဇီက သူမရဲ့ စိတ်ထဲမှာ သက်ပြင်းတစ်ချက် ချလိုက်သည်။အရပ်သားတွေကို ကယ်တင်ဖို့ ကျန်းယွမ်တွေးတာက ပုံမှန်ပါပဲ။ သူမကို အံ့အားသင့်စေတာက ချင်လူဇီရဲ့ စကားတွေပဲ့။

‎

‎

ကမ္ဘာပျက်ကပ်မှာ ပဉ္စမနှစ်ထိတိုင်အောင် သူရှင်သန်နိုင်ခဲ့သည်မှာ ‎ထိုသို့သောစိတ်ထားဖြင့်ဆိုရင်အံ့သြစရာတော့မဟုတ်ပေ။

‎

‎

‎ကျန်တဲ့စစ်သားများအတွက်တော့ သူမသည် ယခင်ဘဝက ကျင်းရွှီယန်းရဲ့အဖွဲ့တွင် မရှိသောကြောင့် သူတို့ဘာဖြစ်သွားတာကို သူမ မသိခဲ့ပေ။

‎

‎

‎

‎ဤတစ်ကြိမ်တွင်တော့ သူတို့သည် အခန်းများကို တစ်ခုပြီးတစ်ခု စစ်ဆေးရန် လိုအပ်သောကြောင့် ဖုတ်ကောင်များကို ရှင်းလင်းရန် အချိန်ပိုကြာခဲ့တယ်။

‎

‎

‎နှစ်နာရီကြာပြီးနောက်တော့ ချင်လူဇီက သူ့ရဲ့စိတ်မြေပုံကို စစ်ကြည့်ပြီး "ဗိုလ်ကြီး၊ ဒီအဆောက်အဦးမှာ ဖုတ်ကောင်တွေ မရှိတော့ဘူး" လို့ ပြောပါတယ်။

‎

‎

‎ဒါကိုကြားတော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "နောက်တနေရာကို သွားရအောင်" လို့ပြောလိုက်တယ်။

‎

‎

‎"ဟုတ်ကဲ့ ဗိုလ်ကြီး"

‎

‎

‎ဆယ်မိနစ်လောက်အကြာလောက်မှာ အဆောက်အဦးထဲက ထွက်လာတော့ အိပ်ဆောင်ဝင်ပေါက်အနီးမှာ ထိုင်နေတဲ့ အမျိုးသမီးသုံးယောက်ကို တွေ့လိုက်ရတယ်။

‎

‎

‎သူတို့ကို မြင်လိုက်သည်နှင့် ချင်လူဇီရဲ့ မျက်လုံးများက ကျဉ်းမြောင်းလို့သွားသည်။ သူ့အကြည့်တွေက စစ်တူဘာနီ ဆီမှာ ခဏလောက်ရပ်လိုက်ပြီး မျက်တောင်မခတ်ခင်မှာ စိုက်ကြည့်လိုက်တယ်။

‎

‎

‎သူတို့ရဲ့ ခြေသံကိုကြားတော့ စစ်တူဘာနီက ခေါင်းကို မော့ကြည့်လိုက်တယ်။ နောက်အခိုက်အတန့်တွင် သူမရဲ့အကြည့်များက‎ ကျင်းရွှီယန်းဆီမှာရပ်တန့်နေပြီး အံ့အားသင့်သွားသည်။ သူရဲ့ချောမောသော မျက်နှာကို မြင်လိုက်ရတာနှင့် သူမရဲ့နှလုံးသားများက တဒိတ်ဒိတ်ခုန်သွားကာ သူမရဲ့ ပါးပြင်များကတော့ ပူနွေးလာတယ်။

‎

‎

‎သူမ ရှက်ရွံ့နေတာကိုမြင်တော့ ကျိူးလီဇီက မျက်ခုံးပင့်လိုက်သည်။ သူမရဲ့ အရင်ဘဝမှာကတည်းက‎ ကျင်းရွှီယန်းကို တွေ့တိုင်း တူညီတဲ့တုံ့ပြန်မှုကိုပြတဲ့ အမျိုးသမီးတော်တော်များများကို မြင်ဖူးတယ်။

‎

‎

‎သူ့မျက်နှာကို ကြည့်လိုက်ရုံနဲ့ သူမတို့ရဲ့မျက်နှာက အလွယ်တကူပဲ နီရဲနိုင်တယ်ဆိုတာကိုမြင်တိုင်း သူမအမြဲအံ့ဩသင့်ခဲ့ရတယ်။ တခြားသူတွေထက် ပိုချောပြီး အရပ်ပိုရှည်တာကလွဲလို့ သူ့မျက်နှာမှာ ထူးထူးခြားခြား ဘာတစ်မှကို သူမ မတွေ့ပါဘူး။

‎

‎

‎ခေါင်းကို လှည့်လိုက်ပြီးတော့ ကျင်းရွှီယန်းရဲ့ အကြည့်တွေနှင့်ဆုံပြီး "သူ မင်းကို ကြည့်နေတယ်" လို့ ပြောလိုက်တယ်။

‎

‎

‎"ဒါပေမယ့် ကိုယ့်မျက်လုံးထဲမှာက မင်းတစ်ယောက်ပဲရှိတယ်" ကျင်းရွှီယန်းက သူမပြောချင်တာကို သိနေသလိုမျိူး မဆိုင်းမတွ ပြန်ဖြေသည်။

‎

‎

စစ်သားတွေကတော့ သူ့စကားတွေကို ကြားတဲ့အခါတွင် တချို့က မျက်လုံးလှန်ကြည့်ကြပြီး တချို့က သူတို့ကပ္ပတိန်ရဲ့ ပွင့်ပွင့်လင်းလင်း ချော့မော့မှုကြောင့် ရှက်ရွံ့မှုကို ဖုံးကွယ်ဖို့ ချောင်းဆိုးကြကာ ကျန်တဲ့သူတွေကတော့ သူ့ရဲ့ အရှက်မရှိတဲ့ စကားတွေကို ရယ်မောကြပါတယ်။

‎

‎

‎ကျိူးလီဇီကတော့ သူ့မ ဘာမှမပြောတော့ဘဲ ပါးစပ်ပိတ်‌နေဖို့ပဲ့ ဆုံးဖြတ်လိုက်တယ်။ ဒီလူက ရှက်ရွံ့မနေဘဲ ဒီလိုမျက်နှာပူစရာစကားလုံးတွေကို ဘယ်လိုလုပ်ပြီးပြောနိုင်လဲဆိုတာကို သူမ နားမလည်ဘူး။

‎

‎

ကို‎လူချောက သူမကိုလျစ်လျူရှုပြီး သူ့ဘေးနားက ကောင်မလေးကို ပရောပရည်လုပ်နေတာကို တွေ့လိုက်ရတော့ စစ်တူဘာနီက မျက်ရည်ကျနေတဲ့ မျက်လုံးတွေနဲ့ သူ့ကို စိုက်ကြည့်ရင်း သူမရဲ့အဝတ်ကအနားစလေးကို လိမ်လိုက်တယ်။

‎

‎

‎သူမအနားရှိ အခန်းဖော်များကလည်း ‎ကျင်းရွှီယန်းရဲ့မျက်နှာကို စွဲလန်းနေကြတယ်။ သို့သော် စစ်တူဘာနီ နှင့်မတူဘဲ၊ သူမတို့ကတော့ လျင်မြန်စွာပဲ အာရုံများပြန်လည်ရရှိလာသည်။ တကယ်တော့ အဲဒီလူမှာက ရည်းစားရှိနေပြီဆိုတာ ထင်ရှားပါတယ်။ တခြားသူ‌တွေရဲ့ ဆက်ဆံရေးကို ပျက်ပြားအောင် လုပ်တာဟာ သူတို့ရဲ့ အကျင့်မဟုတ်ပါဘူး။

‎

‎

‎သူ့ရဲ့လက်ပတ်နာရီကိုစစ်ကြည့်ပြီးတော့ ကျင်းရွှီယန်းက ပြောလိုက်တယ် "လူအိုချင် လမ်းပြပါ။ ငါတို့မှာ နှစ်နာရီပဲကျန်တော့တယ်"

‎

‎

‎ချင်လူဇီက ခေါင်းညိတ်ပြပြီး စစ်တူဘာနီ နှင့် အခန်းဖော်များကို တစ်ချက်မျှတောင် မကြည့်ဘဲ ဖြတ်သွားခဲ့သည်။

‎

‎

‎ကျင်းရွှီယန်းကတော့ သူရဲ့အာ့ဇီက မနာလိုဖြစ်ကာ သူ့ကို လျစ်လျူရှုမည်ကို စိုးရိမ်သောကြောင့် သူ့တွင် ပိုင်ရှင်ရှိနေပြီဟု ထိုအမျိုးသမီးများကို ပြသရန်အတွက် လက်ကို ဆန့်ထုတ်ကာ သူတို့ရဲ့လက်ချောင်းများကို ယှက်တွယ်လိုက်သည်။

‎

‎

‎မိန်းမတွေအနား ဖြတ်လျှောက်သွားချိန်မှာတော့ အနားကို တိုးကပ်သွားပြီး "အာ့ဇီ ကိုယ်တို့ပြီးရင် ကိုယ့်ခန္ဓာကိုယ်ကို မင်းကူကြည့် ပေးနိုင်မလား။ ကိုယ် အခုတလော တစ်ခုခုကို ဝင်တိုက်မိသွားလို့ထင်တယ် နာနေပြီ"

‎

‎

‎ကျိူးလီဇီကတော့ သူ့စကားကိုကြားသောအခါတွင် သူမက မိန်းမများကိုတစ်ချက်ကြည့်လိုက်ပြီး မိန်းမအုပ်စုကတော့ခင်ပွန်းဖြစ်သူကို လုယူသွားသလိုမျိုး သူမစိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။

‎

‎

‎'မိုဘင်းရှမ် ပြီးရင်၊ အခု နောက်ထပ် ကြာဖြူတစ်ပင် ရှိသေးတယ်' သူမ စိတ်ထဲမှာ တွေးလိုက်မိသည်။

‎

‎

‎သူမက သက်ပြင်းတစ်ချက်ချကာ "ကောင်းပြီ" ဟု ပြန်ဖြေလိုက်တယ်။

‎

‎

‎သူ့ရဲ့တောင်းဆိုမှုကို သူမကသဘောတူလိုက်သည်နှင့် တပြိုင်နက် ကျင်းရွှီယန်းကလည်း တခစ်ခစ်ရယ်ကာ သူမရဲ့ပါးကို နမ်းလိုက်ပြီး "မင်းက အကောင်းဆုံးပါပဲ့" လို့ ပြောလိုက်တယ်။

‎

‎

‎ဒီတစ်ခါမှာတော့ သူ့အသံကိုမလျှော့ထားတာကြောင့် လူတိုင်းက သူ့စကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။

‎

‎

‎စစ်သားများကတော့ သူတို့ဗိုလ်ကြီးရဲ့ လူမြင်ကွင်းကချစ်ပြမှုကိုမြင်တော့ ရယ်မောကြပြီး သူ့နောက်သို့ လိုက်လာခဲ့ကြသည်။

‎

‎

‎သူတို့က စစ်တူဘာနီကို ဖြတ်လျှောက်သွားကြတယ်။

အဲဒီအခါကြမှ သူမက နောက်ဆုံးတော့ အာရုံများပြန်လည်ရရှိလာသည်။ စစ်သားတွေ ထွက်သွားတာကိုမြင်တော့ သူက စစ်သားတစ်‌ယောက်ရဲ့လက်တစ်ဖက်ကို လှမ်းဆွဲပြီး "ခဏစောင့်ပါ"လို့ပြောလိုက်တယ်။

‎

‎

‎ရုတ်တရက် ဆွဲခံလိုက်ရတော့ ရှန်းကျင်းဇီက သတိမမူမိဘဲ လဲကျလုနီးပါးဖြစ်သွားတယ်။ ခေါင်းကို လှည့်ကြည့်လိုက်တော့ ညစ်ပတ်နေတဲ့ လက်တစ်စုံက သူ့လက်မောင်းကို ကိုင်ထားတာ တွေ့လိုက်ရတယ်။ သူ့မျက်လုံးတွေ အေးစက်လာပြီး မျက်နှာက ချက်ချင်းပဲ မည်းမှောင်သွားတယ်။

‎

‎

‎သူက လက်မောင်းကိုပြန်ဆွဲပြီး "ငါ့ကိုမထိနဲ့" လို့ပြောလိုက်တယ်။

‎

‎

‎စစ်တူဘာနီသည် ပြင်းထန်သောအားကြောင့် ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူမက ညည်းသွားသံများထုတ်ပြီး သူ့ကိုအော်ဟစ်ငေါက်ငမ်းရန်အတွက် ခေါင်းကို မော့လိုက်တယ်။ သို့သော် ခေါင်းမော့လိုက်တဲ့အချိန်တွင်ပဲ သူ့အဝတ်အစားများကို လက်ဖြင့်ပွတ်သပ်နေကာ "ကျစ် ၊ ညစ်ပတ်လိုက်တာ"ဟုပြောနေရင်း ထွက်သွားတာကို သူမတွေ့လိုက်ရသည်။

All Chapters