အခန်း (၄-၆)
Vol. 1 Ch. 4-6
အခန်း - (၄)
ရုတ်တရက် အနက်ရောင်မြေကွက်တစ်ကွက်ပါသော နှစ်ထပ်အိမ်တစ်လုံးရဲ့ တံလျှပ်တစ်ခုက ကျိူးလီဇီ ရဲ့အရှေ့တွင် ပေါ်ထွက်လာပြီး သူမရဲ့ ပတ်ဝန်းကျင်ကအခန်းနှင့် ထပ်နေတယ်။
မျက်စိမှားတာလို့ထင်ပြီး မျက်လုံးတွေကို ပွတ်သပ်ပြီး အကြိမ်ပေါင်းများစွာ မျက်တောင်ခတ်လိုက်တယ်။ သို့သော် သူမ မျက်လုံးတွေကို ထပ်မံဖွင့်လိုက်သောအခါတွင် ထို မြင်ကွင်းက သူမစိတ်ထဲတွင် စွဲထင်နေသကဲ့သို့ တံလျှပ်က ပိုလို့ပင် ကြည်လင်လာခဲ့တယ်။
မျက်လုံးများကိုမှိတ်ထားရင်း သိမ်မွေ့သော စွမ်းအင်စီးဆင်းမှု၏ အရင်းအမြစ်ကို ခံစားမိစေရန် သူမရဲ့စိတ်ကို အာရုံစူးစိုက်ထားလိုက်သည်။ နောက်တစက္ကန့်တွင်တော့ သူမ အနက်ရောင် မြေကွက်လပ်ဘေးရှိ မြက်ခင်းပြင်ပေါ်တွင် ရပ်နေမိသည်။
စူးစမ်းလိုစိတ်ဖြင့် ကျိူးလီဇီ က အောက်သို့ငုံ့ကိုင်းကာ သူမ၏ခြေရင်းအောက်ရှိ အနက်ရောင်မြေဆီလွှာဆီသို့ လက်လှမ်းလိုက်တယ်။ သူမရဲ့ လက်ချောင်းများမှတဆင့် မြေဆီလွှာရဲ့ နွေးထွေးသော အထိအတွေ့အား ခံစားလိုက်ရသောအခါတွင် မယုံကြည်နိုင်စွာ ဖြင့်အေးခဲသွားခဲ့သည်။
မြေဆီလွှာကို သူမအစစ်အမှန်ကိုင်ထားရသလိုမျိုးပဲ့ ခံစားရတယ်။ အာကာသစွမ်းရည်များ အလုပ်လုပ်ပုံကို ရင်းနှီးသူတစ်ဦးအနေဖြင့် သူမသည် ဤနေရာက သူမ၏ကိုယ်ပိုင်နေရာဖြစ်ကြောင်းကို လျင်မြန်စွာ သဘောပေါက်လိုက်တယ်။
အာကာသစွမ်းရည်ကို သူမကိုယ်တိုင် တစ်ခါမှ မမြင်ခဲ့ဖူးသော်လည်း ယခင်ဘဝရဲ့အတွေ့အကြုံအရ နေရာလွတ်က မိုဘိုင်းဂိုဒေါင်ကဲ့သို့ လုပ်ဆောင်သည်ကို သူမသိပါတယ်။
အာကာသတွင်းရှိ အချိန်က အပြင်ဘက်ထက် ပိုမိုနှေးကွေးသွားပြီး အောက်ဆီဂျင်မရှိခြင်းကြောင့် သက်ရှိများကို ထိန်းမနိုင်တာကြောင့် အာကာသအတွင်း၌ သိမ်းဆည်းလိုက်သည့် မည်သည့်သက်ရှိသတ္တဝါမဆို အသက်ရှုကြပ်ကာ သေဆုံးသွားနိုင်သည်။
လူတစ်ဦးချင်းစီ၏ အရည်အချင်းပေါ်မူတည်၍ နေရာလွတ်ရဲ့ အရွယ်အစားက ကွဲပြားပြီး ပိုင်ရှင်၏ စွမ်းရည်များ တိုးလာသည်နှင့်အမျှ ကျယ်ပြန့်လာသည်။ သို့သော် ယခုသူမရရှိသည့်အရာများက စွမ်းအင်နိုးထခြင်းမှတစ်ဆင့်ရရှိသော နေရာလွတ်စွမ်းရည်များရဲ့ ပုံမှန်ဖော်ပြချက်များနှင့် မကိုက်ညီပါ။
သူမ မရှင်းပြနိုင်သော်လည်း သူမရဲ့ နေရာလွတ်က ပုံမှန်အာကာသစွမ်းရည်မျိူးမဟုတ်မှန်းကို အလိုလိုသိနေခဲ့တယ်။ သူမရဲ့ နေရာလွတ်က အခြားသူများနှင့် မတူတာကို တစ်ယောက်ယောက်မှ တွေ့ရှိသွားခဲ့ပါက သူမ ဆိုးရွားစွာ ဒုက္ခရောက်သွားနိုင်သည်။ ဒါကြောင့် မည်သူကမျှ သိသွားလို့မရဘူး။
သူမ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်တော့ အိမ်အနားက ရေကန်တစ်ခုကို သတိထားမိလိုက်တယ်။ လမ်းလျှောက်သွားရင်းနဲ့ စူးစမ်းကြည့်လိုက်တော့ ရေကန်က အချင်းငါးမီတာခန့်ရှိပြီး အတော်လေးနက်တာကို သူမတွေ့လိုက်ရသည်။
ကြည်လင်သောရေကြောင့် သူမသည် အလယ်ဗဟိုတွင် အပေါက်ငယ်တစ်ပေါက်ရှိ နေသည့် အောက်ခြေအထိ တောက်လျှောက်လှမ်းမြင်နိုင်ခဲ့တယ်။ ရေအရင်းအမြစ်ဖြစ်နိုင်သည်ဟု သူမ တွေးကာ အပေါက်ကို စိုက်ကြည့်နေမိတယ်။
ရေငတ်သလို ခံစားရတာကြောင့် ရေအနည်းငယ်ကို လှမ်းယူဖို့ လက်ခုပ်နဲ့ တငုံသောက်လိုက်တယ်။ အရသာက သူဖန်တီးထားတဲ့ ရေနဲ့ ဆင်တူပေမယ့် တစ်နည်းနည်းနဲ့ ပိုသန့်စင်ပြီး ပိုလန်းဆန်းစေပါတယ်။
စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကြောင့်ဖြစ်စေ သောက်သုံးပြီးနောက်တွင် ပိုမိုအားအင်များပြည့်ဝနေတာကို ခံစားရပြီး မူးဝေမှုက သိသိသာသာကို သက်သာလာခဲ့တယ်။
နောက်တစ်ခါသောက်ပြီးသောအခါတွင်တော့ သက်ပြင်းတစ်ချက်ချလို့ အိမ်ဘက်သို့ လှည့်ကြည့်လိုက်တယ်။ ပင်မတံခါးကို မဖွင့်နိုင်မီတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက ပြင်းပြင်းထန်ထန် ပဲ့တင်ထပ်လာသဖြင့် သူမရဲ့ စိတ်က တုန်လှုပ်သွားရသည်။
သူမရဲ့ စိတ်က သူမရဲ့ အတွေးများထက် ပိုမိုမြန်ဆန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ အဆောင်ခန်းထဲသို့ ပြန်ရောက်သွားခဲ့သည်။
ဘန်းး ဘန်းး ဘန်းး
ပေါက်ကွဲသံများက ဆက်တိုက်မြည်လာခဲ့တယ်။
ဂါးးးး
အပြင်မှာ ဆူညံနေသော အသံက အနီးနားရှိ ဖုတ်ကောင်များကို သူမရဲ့ အခန်းဆီမှနေ အဝေးသို့ ဆွဲထုတ်သွားလိုက်ပုံရသည်။
ကျိူးလီဇီ သူမရဲ့ ယခင်ဘဝက မှတ်ဉာဏ်များကို ပြန်တွေးရင်း မျက်မှောင်ကြုတ်လိုက်မိတယ်။
ခဏအကြာတွင် အိပ်ဆောင်ထဲတွင် ပိတ်မိနေသော မိန်းကလေးများကို ကယ်ဆယ်ရန်အတွက် စီနီယာကျောင်းသား အုပ်စုတစ်စုက ရောက်လာကြောင်းကို သူမ သတိရမိလိုက်သည်။ အခုအသံက သူတို့ကြောင့်ပဲ့ဖြစ်နိုင်တယ်။
အခန်းထောင့်မှာရှိတဲ့ တံမြက်စည်းကိုတွေ့တော့ တံမြက်စည်းကိုကိုင်ပြီး ဒူးပေါ်တင်လိုက်ကာ ဆွဲချိူးလိုက်တယ်။ တံမြက်စည်းခေါင်းကို ဘေးသို့ပစ်ချလိုက်ရင်း လက်ထဲရှိ သစ်သားချောင်းကို ချိန်ဆလိုက်ကာ "ဒါဟာ အကောင်းဆုံးလက်နက်မဟုတ်ပေမယ့် လောလောဆယ်အတွက်တော့ လုံလောက်မှာပဲ" ဟု တိုးတိုးလေးရေရွတ်လိုက်တယ်။
အခန်းထဲမှ မထွက်သွားခင်မှာပဲ့ ကျိူးလီဇီ က ကုတင်အနားကို ချဉ်းကပ်သွားပြီး လက်နဲ့ထိလိုက်တယ်။ သူမ၏ အာကာသထဲတွင် ပစ္စည်းများမည်သို့ သိမ်းဆည်းရမည်ကို မသေချာသဖြင့် သူမရဲ့ စွမ်းရည်ကို စမ်းသပ်ရန် ဆုံးဖြတ်ခဲ့တယ်။ ကုတင်ကို သူ့နေရာလွတ်မှာ ထားဖို့ တွေးလိုက်တော့ ကုတင်က ချက်ချင်းပဲ့ ပျောက်သွားတယ်။
သူမရဲ့ အောင်မြင်မှုကြောင့် စိတ်လှုပ်ရှားစွာဖြင့် သူမ၏ကျောပိုးအိတ်ကို တစ်ချက်ကြည့်လိုက်ပြီး 'စုဆောင်းပါ' ဟု တွေးလိုက်မိတယ်။
သူမ က ကျောပိုးအိတ်ကို မထိဘဲ သိမ်းဆည်းထားနိုင်မည်ဟု မျှော်လင့်နေခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ အိတ်က မလှုပ်မရှားဘဲဖြစ်နေတယ်။ သူမ ခြေတစ်လှမ်းကို ပိုတိုးကပ်လိုက်ပြီး ထပ်ကြိုးစားသည်- ဘာမှမဖြစ်လာသေးပါ။
နောက်ထပ်တစ်လှမ်းတိုးပြီးသွားတော့ သူမ နောက်တစ်ကြိမ်ထပ်ကြိုးစားပြန်တယ်။ ဒီတစ်ခါတော့ ကျောပိုးအိတ်က ပျောက်ကွယ်သွားတယ်။ သူမရဲ့ စွမ်းရည်၏ ထိရောက်မှုအကွာအဝေးက နှစ်မီတာခန့်ရှိသည်ဟု သူမ ခန့်မှန်းလိုက်တယ်။
သူမရဲ့ နေရာလွတ်ကို စစ်ဆေးကြည့်လိုက်တော့ လယ်မြေအနီးရှိ မြက်ခင်းပြင်တွင် ကုတင်နှင့် ကျောပိုးအိတ်ကို တွေ့လိုက်ရသည်။ သူမရဲ့စိတ်စွမ်းအင်ကိုသုံးပြီး အိမ်ထဲကို ပစ္စည်းတွေကို ရွှေ့ဖို့ ကြိုးစားလိုက်တယ်။ သူမကတော့ ဝမ်းသာအားရဖြစ်နေပြီး ပစ္စည်းများသည် မြက်ခင်းပြင်ပေါ်မှ ပျောက်ကွယ်သွားကာ လွတ်နေသော အိမ်လေးထဲတွင် ပြန်ပေါ်လာခဲ့တယ်။
ကျိူးလီဇီ သည် ဤရှာဖွေတွေ့ရှိမှုကြောင့် စိတ်လှုပ်ရှားနေပြီး အခန်းထဲတွင်ရှိသော အခြားအရာအားလုံးကို သိမ်းဆည်းနိုင်ရန်အတွက် အချိန်ကိုမဖြုန်းခဲ့ပေ။
ဆယ်မိနစ်လောက်အကြာမှာတော့ အခန်းက အလွတ်လေးသာ ကျန်ခဲ့တော့တယ်။ သူမ လက်ဖဝါးတစ်ဝိုက်တွင် အထည်တစ်စကို ရစ်ပတ်လို့ သစ်သားချောင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ တိုက်ပွဲဝင်ရန်အတွက် အသင့်ပြင်ထားလိုက်သည်။
အခန်းတံခါးကိုမဖွင့်လိုက်ခင်မှာ တံခါးရွက်တွင်နားရွက်ကို ဖိထားလိုက်ပြီး အပြင်က လှုပ်ရှားမှုတွေကို ဂရုတစိုက်နဲ့ အရင် နားထောင်လိုက်တယ်။ အစောပိုင်းတုန်းက ဆူညံသံက ဖုတ်ကောင်များကို အဝေးသို့ ဆွဲခေါ်သွားပုံရပြီး အပြင်ဘက်ရှိ စင်္ကတော့ အလွန်ကိုတိတ်ဆိတ်နေတယ်။
ကျိူးလီဇီ နာရီကို ကြည့်လိုက်ပြီးနောက်တော့ နံနက်ခြောက်နာရီထိုးနေပြီဟု မှတ်ချက်ချလိုက်တယ်။ နောက်ဆုံးတော့ နေက ကောင်းကင်မှာတက်လာပြီးဖြစ်ကာ ဖုတ်ကောင်များဟာလည်း နေ့ဘက်တွင် ပိုမိုနှေးကွေးပြီး အန္တရာယ်နည်းပါးသောကြောင့် ဤအချိန်က ထွက်ခွာရန် အကောင်းဆုံးအချိန်ဖြစ်သည်။
အသက်ပြင်းပြင်းရှူပြီးနောက် တံခါးကို ဖြည်းညှင်းစွာဖွင့်ကာ ဆူညံသံများကို လျှော့ချလိုက်သည်။ အခန်းထဲက လျှောက်ကာထွက်လာတော့ စင်္ကြံလမ်းမှာ သွေးနဲ့ အသားတွေ ဖုံးလွှမ်းနေတာကို သူမတွေ့လိုက်ရတယ်။ အသိအမှတ်မပြုနိုင်လောက်အောင်အထိ ခေါင်းများကို ရိုက်ချိုးခံထားရသော ဖုတ်ကောင်အများအပြားလည်း မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျနေသည်။
အနံ့ဆိုးကြောင့် ပျို့အန်ချင်စိတ်ကို ထိန်းကာ အရေးပေါ်လှေကားဆီသို့ ဂရုတစိုက် လျှောက်သွားခဲ့တယ်။ သူမရဲ့ အာကာသစွမ်းရည်ကို အသုံးပြုဖို့အတွက် ယခုအချိန်တွင် သူမရဲ့ ပထမဆုံး ဦးတည်ရာမှာ တက္ကသိုလ်ရဲ့ ကော်ဖီဆိုင်ဖြစ်သည်။
အခန်း - (၅)
စီနီယာကျောင်းသားအုပ်စုရဲ့ ကျေးဇူးကြောင့်ဖုတ်ကောင်များကို အရေးပေါ်လှေကားဆီသို့ တွန်းပို့နိုင်ခဲ့ပြီး သံမဏိတံခါးနောက်တွင်စုစည်းကာ သော့ခတ်ထားခဲ့လိုက်သည်။ လှေကားကို သူမ အသုံးမပြုနိုင်တော့သော်လည်း စင်္ကြံတွင်တော့ ဖုတ်ကောင်များမရှိတော့ပါ။
ကျိူးလီဇီ ပြတင်းပေါက်ကိုဖွင့်ကာ အပြင်သို့ ချောင်းကြည့်လိုက်တယ်။ သူမက ဒုတိယထပ်တွင်ရှိနေပြီး ပြတင်းပေါက်နားရှိ နံရံတစ်လျှောက်တွင်တော့ ရေပိုက်များသွယ်တန်းထားသည်။
သူမ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပိုက်ကို ကိုင်ဖို့ လက်ကို လှမ်းလိုက်သည်။ ပိုက်က အထူးကြီးကြီးမားမားကြီး မဟုတ်သော်လည်း သူမရဲ့ပိန်ပါးသော ခန္ဓာကိုယ်ကိုတော့ ထိန်းထားပေးနိုင်လောက်အောင်ထိတော့ ခိုင်ခံ့နေပုံရတယ်။
သူမပတ်ဝန်းကျင်ကို လေ့လာကြည့်ပြီးနောက် သစ်သားတုတ်ကို သူမရဲ့ နေရာလွတ်ထဲသို့ သိမ်းဆည်းကာ ပြတင်းပေါက်မှ ထွက်လာခဲ့သည်။ ရေပိုက်ကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း သူမအောက်ကို ဖြည်းညှင်းစွာ ဆင်းလာခဲ့တယ်။
သူမရဲ့အောက်ဖက်တွင်ရှိသော ဖုတ်ကောင်အုပ်စုတစ်စုက သူမရဲ့ရနံ့ကြောင့် စွဲဆောင်ခံနေရပြီဖြစ်သည်။ ဖုတ်ကောင်သုံးကောင်က သူမရဲ့ခန္ဓာကိုယ်အောက်ဖက်တွင် စုရုံးရင်း ဟိန်းဟောက်ကာ သူတို့ရဲ့ပုပ်နေသောလက်များဖြင့် လှမ်းကာ သူမအား ဖမ်းရန်ကြိုးစားနေကြသည်။
အနီးပတ်ဝန်းကျင်တွင် ဖုတ်ကောင်နှစ်ဆယ်နီးပါးက ပြန့်ကျဲနေခဲ့သည်။ လွတ်မြောက်ရန်အတွက် သူမသည် လျင်မြန်စွာလုပ်ဆောင်လို့ သူမရဲ့အောက်ဖက်ရှိ ဖုတ်ကောင်သုံးကောင်နှင့် တိုက်ရိုက်တိုက်ခိုက်ရန် လိုအပ်ပြီး တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ရုန်းရင်းဆန်ခတ်မှုများကလဲ ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များထံမှ ပိုမိုအာရုံစိုက်လာစေနိုင်သည်။
အသက်ပြင်းပြင်းရှူရင်း သွားကို တင်းတင်းစေ့ကာ ဆုပ်ကိုင်ထားတာကို အနည်းငယ်လွှတ်လိုက်တယ်။ ချက်ခြင်းပဲ့ သူမသည် လျင်မြန်သော အရှိန်ဖြင့် ပိုက်မှ လျှောကျသွားတယ်။ မြေပြင်သို့မရောက်မီလေးတွင် သူမက နံရံကို ကန်ကာ လေထဲမှ ဒူးတစ်ဖက်ကွေးကာ ပေါ့ပေါ့ပါးပါး ဆင်းသက်လာခဲ့တယ်။
ဖုတ်ကောင်တွေကလည်း ချက်ချင်းလှည့်ပြီး သူမဆီကို ပြေးဝင်လာကြတယ်။ သူမရဲ့ လက်ကောက်ဝတ်ကို လှန်လိုက်ခြင်းပင် သူမရဲ့လက်ထဲတွင် သစ်သားချောင်းတစ်ခု ပေါ်လာခဲ့တယ်။ သူမကအချိန်မဖြုန်းဘဲ အနီးဆုံးဖုတ်ကောင်ဆီသို့ အားကုန်သုံးကာ တုတ်ရဲ့ချွန်ထက်သောအဆုံးကို ဖုတ်ကောင်ရဲ့မျက်လုံးထဲသို့ ထိုးထည့်ပစ်လိုက်တယ်။
လျင်မြန်သော လှုပ်ရှားမှုတစ်ခုဖြင့် သူမရဲ့ တုတ်ချောင်းက ဖုတ်ကောင်၏ ဦးနှောက်ထဲကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ တုတ်ကိုဆွဲထုတ်လိုက်သည်နှင့် မြေပြင်ပေါ်သို့ ကျသွားသော တုတ်ချောင်းကို သွေးမည်းများနှင့် ပုပ်နေသော အရာများက ဖုံးအုပ်ထားသည်။
"ရားးး"
သူမရဲ့နှာခေါင်းထဲကို အနံ့သက်ဆိုးကဝင်ရောက်လာချိန်တွင်ပဲ့ သူမရဲ့အနောက်ရှိ အခြားဖုတ်ကောင်များရဲ့ ဟိန်းဟောက်သံများကလည်း ပိုလို့နီးကပ် နေလေပြီ။ ချွန်ထက်သောလက်သည်းက သူမရဲ့အသားကိုမထိုးဖောက်မီတွင်၊ သူမက ခန္ဓာကိုယ်ကို လှည့်ကာ ဖုတ်ကောင်ရဲ့ ဦးခေါင်းဆီသို့ အစွမ်းထက်လှသော လှည့်ပတ်ကန်ချက်တစ်ခုကို ပေးလိုက်သည်။
အက်!
ပြင်းထန်သောကန်ချက်က အက်ကွဲသံတစ်ခုနှင့်အတူ ကျဆင်းသွားပြီးသွားတာနဲ့ မီတာများစွာ လွင့်ထွက်သွားခဲ့တဲ့ ဖုတ်ကောင်တစ်ကောင်၏ ဦးခေါင်းကလည်း ကြေမွသွားခဲ့သည်။ သူမ အံ့ဩသွားတာကြောင့် စက္ကန့်ပိုင်းမျှပင်တုံ့ပြန်ခြင်းမပြုနိုင်ဘဲ ဖြစ်သွားခဲ့သည်။
ဒြပ်စင်စွမ်းရည်အသုံးပြုသူများက သာမန်လူများထက် ကာယကြံ့ခိုင်မှု ပိုရှိသော်လည်း စွမ်းရည်နိုးထပြီးနောက် အစောပိုင်းအဆင့်တွင်ပင် ဖုတ်ကောင်တစ်ကောင်ကို ကန်ချက်တစ်ချက်ဖြင့် သတ်ပစ်နိုင်ခြင်းကိုတော့ မကြားဖူးခဲ့ပါ။
ခွန်အားအမျိုးအစား စွမ်းရည်အသုံးပြုသူများကသာ ထိုကဲ့သို့ စွမ်းဆောင်နိုင်မည်ဖြစ်သည်။ ရေအမျိုးအစားစွမ်းရည်ရှိသူများအတွက်တော့ အခုလိုမျိူးလုပ်ဆောင်နိုင်ခြေက သုညသာရှိတယ်။
စိတ်ရှုပ်ထွေးနေသော်လည်း ကျိူးလီဇီ သည် တိုက်ပွဲရဲ့အလယ်တွင် သူမရဲ့ စွမ်းရည်နှင့် ရုပ်ပိုင်းဆိုင်ရာ ကွဲလွဲချက်များကို သုံးသပ်နေရန် အချိန်မရှိပေ။
သူမအာရုံပြန်စိုက်လာသောအခါတွင် တတိယမြောက်ဖုတ်ကောင်က သူမကို တိုက်ခိုက်လာပြီး လက်သည်းများကတော့ အန္တရာယ်ရှိစွာပင် လည်ပင်းအနီးမှ ဖြတ်ဆွဲသွားခဲ့သည်။ သူမက အချိန်မီပဲ့ ရှောင်ထွက်သွားပြီး သစ်သားချောင်းကို ဖုတ်ကောင်ရဲ့ဦးနှောက်ထဲသို့ ထိုးထည့်ကာ တွန်းထုတ်ပစ်လိုက်နိုင်သည်။
သူမရဲ့ ခွန်အားအားလုံးကို အသုံးပြုလိုက်သော်လည်း တုတ်က ဖုတ်ကောက်ရဲ့ဦးခေါက်းမှာစိုက်နေခဲ့သည်။ တုတ်ချောင်းက ဦးနှောက်ကို မဖျက်ဆီးနိုင်ခဲ့ဘဲ ဖုတ်ကောင်ကတော့ လှုပ်ရှားနေဆဲဖြစ်တာကို တွေ့လိုက်ရသဖြင့် ကျိူးလီဇီ ရဲ့ မျက်လုံးများတွင် အံ့သြမှုဖြင့်ပြည့်သွားရသည်။
"ရားးး"
ဖုတ်ကောင်က သူမရဲ့လည်ပင်းကို ဖမ်းဆုပ်ဖို့ ကြိုးပမ်းရန် လက်နှစ်ဖက်ကို လှုပ်ရှားရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမရဲ့ မျက်လုံးများကို မှေးကျင်းထားလိုက်ရင်း ကျိူးလီဇီ သည် တိုက်ခိုက်မှုကို ရှောင်တိမ်းရန်အတွက် ကိုယ်ကို စောင်းကာ ဘေးဘက်သို့ လှည့်သွားခဲ့သည်။ သူမက တုတ်ကိုဆုပ်ကိုင်ကာ ခွန်အားရှိသမျှကိုသုံးပြီး တုတ်ကို ဦးခေါင်းခွံထဲသို့ ထပ်တွန်းသွင်းလိုက်တယ်
တုတ်ချောင်းက ဖုတ်ကောင်ရဲ့ ဦးခေါင်းထဲကို တံကျင်ကဲ့သို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ နောက်အခိုက်အတန့်မှာတော့ မြေပြင်ပေါ် အသက်မဲ့စွာဖြင့် ဖုတ်ကောင်က ပြိုကျသွားတယ်။
အသက်ပြင်းပြင်းရှူရင်း ကျိူးလီဇီ သူမရဲ့ နဖူးမှ ချွေးများကို သုတ်လိုက်တယ်။ ဖုတ်ကောင် ၃ကောင်ကို တစ်ပြိုင်ထဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် သူမရဲ့ ခန္ဓာကိုယ်က အားနည်းပြီး လေးလံနေသည်။ သူမအသက်ဆက်ရှင်ချင်တယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန် သန်မာလာဖို့ လိုအပ်တယ်။
ခဏတာ အသက်ရှူပြီးနောက် သစ်သားချောင်းကို ပြန်ယူဖို့ ငုံ့ကြည့်လိုက်တယ်။ တုတ်ကိုဆွဲထုတ်လိုက်သောအခါတွင် ဖုတ်ကောင်၏ပုပ်နေသောဦးနှောက်ထဲမှာ သေးငယ်သောပုံဆောင်ခဲတစ်ခုရှိနေပြီး နေရောင်အောက်တွင် တောက်ပနေတာကို သူမရဲ့ မျက်လုံးများဖြင့် ဖမ်းမိလိုက်သည်။
ပုံဆောင်ခဲ ကို သူမမြင်လိုက်သည့်အခိုက်တွင် သူမရဲ့မျက်လုံးများက အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားလေတယ်။ သူမက ပုံဆောင်ခဲကို ကောက်ယူလိုက်ပြီး သူမလက်ကို လှန်ပြီးကြည့်လိုက်သည်။
"ဒါက... အဆင့်တစ် ဖုတ်ကောင် အမြုတေပဲ့။ အဆင့်တစ် ဖုတ်ကောင်က ဘယ်လိုလုပ်ပြီးတော့ အခုချိန်မှာ ပေါ်လာနိုင်တာလဲ ဒီနေ့က ကမ္ဘာပျက်ခြင်းရဲ့ ဒုတိယမြောက်နေ့ပဲ့ရှိသေးတယ်လေ " ဟု တိုးတိုးလေး ရေရွတ်ရင်း သူမရဲ့ မျက်နှာက မယုံကြည်နိုင်စရာများ ပြည့်နှက်နေသကဲ့သို့ဖြစ်နေသည်။
ဤရှာဖွေတွေ့ရှိမှုက သူမကို ထိတ်လန့်သွားစေခဲ့သော်လည်း သူမက ဒီနေရာတွင် အကြာကြီး မနေခဲ့ပေ။ သူမကအမြုတေ ကို နေရာလွတ်ထဲသို့လျင်မြန်စွာသိမ်းဆည်းလိုက်ပြီး လမ်းတစ်လျှောက်တွင် လျှောက်သွားနေသောဖုတ်ကောင်များကိုသတ်ပစ်နေရင်းဖြင့် တက္ကသိုလ်ကော်ဖီဆိုင်ဆီသို့ ဆက်လက်သွားခဲ့သည်။
ဖုတ်ကောင်တွေကို သတ်ပြီးတိုင်း သူတို့ရဲ့ ဦးနှောက်ထံမှာအမြုတေတွေ ရှိမရှိ စစ်ဆေးခဲ့ပေမယ့် သူမမှာ စိတ်ပျက်လက်ပျက်သာဖြစ်ခဲ့ရပြီး ဘာမှ မတွေ့ရပါဘူး။
ကော်ဖီဆိုင်သို့ရောက်သွားသောအခါတွင်တော့ သူမသည် ထပ်မံလှုပ်ရှားရန်အတွက်တော့ အလွန်ကို ပင်ပန်းနေပြီဖြစ်သည်။ ဘေးကင်းကြောင်းကို အတည်ပြုပြီးနောက်တွင် သူမက နံရံကိုမှီကာ ခဏတာ အနားယူခဲ့သည်။
အမျိုးသမီးအိပ်ဆောင်နဲ့ ကော်ဖီဆိုင်ကြားက အကွာအဝေးက သိပ်မဝေးလှပါဘူး ။ သူမရဲ့ အကန့်သတ်နဲ့ရှိတဲ့ခံနိုင်ရည်နှင့် ခွန်အားအားနည်းပါးမှုကြောင့်သာ ဖုတ်ကောင်နှစ်ကောင် သို့မဟုတ် သုံးကောင်ကို သတ်ပြီးနောက်မှာတော့ တစ်နာရီနီးပါးကြာအောင် အနားယူခဲ့ရသည်။
သူမရဲ့ယခင်ဘဝကမှတ်ဉာဏ်များအရ ကော်ဖီဆိုင်သည် ငါးရက်မြောက်နေ့တွင်တောဘ စီနီယာကျောင်းသားများရဲ့ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားမည်ဖြစ်သည်။ လက်ရှိတွင်တော့ ထောက်ပံ့ရေးပစ္စည်းအချို့ရှိနေဆဲဖြစ်တာကြောင့် အဆောက်အအုံအသီးသီးတွင် ပိတ်မိနေသော ကျောင်းသားများကို ကယ်ဆယ်ရန်ပြုလုပ်နိုင်နေဆဲဖြစ်နိုင်သည်။
သူတို့ရဲ့ ကနဦးရိက္ခာတွေကုန်ပြီးမှသာ ကော်ဖီဆိုင်နဲ့ မီနီဈေးကို စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထို့ကြောင့် သူမအနေနှင့် သူတို့ မရောက်လာမီတွင် လျင်မြန်စွာလုပ်ဆောင်ပြီး ရိက္ခာများကို စုဆောင်းရန် လိုအပ်သည်။
ဆယ်မိနစ်ကျော်ကြာအောင် အနားယူပြီးနောက်တွင် သူမရဲ့ ခွန်အားတွေပြန်လည်ရရှိလာပြီး မတ်တတ်ထရပ်လိုက်သည်။
အခန်း- (၆)
ကမ္ဘာပျက်ကပ်စတင်သောအချိန်က နံနက်စောစောဖြစ်သောကြောင့် ကော်ဖီဆိုင်တွင် ကျောင်းသားများစွာမရှိခဲ့ပါ။ ပို့ဆောင်ရေးလုပ်သားများနှင့် ကော်ဖီဆိုင်ဝန်ထမ်းများကတော့ သူ့တို့ရဲ့အလုပ်များကို စတင်လုပ်ဆောင်နေပြီဖြစ်သောကြောင့် မီးဖိုချောင်နှင့် ဂိုဒေါင်များတွင် ဖုတ်ကောင်များနှင့် ပြည့်ကျပ်နေနိုင်ဖွယ်ရှိသည်။
သူမရဲ့ နာရီကို စစ်ဆေးကြည့်လိုက်တာ နံနက် ၈ နာရီ ၁၀ မိနစ်ရှိနေပြီဆိုတာတွေ့လိုက်ရတယ်။
ကော်ဖီဆိုင်ထဲကို မဝင်ခင်မှာ နေရာလွတ်က ရေတစ်ဘူးကို အရင်ယူပြီး တစ်ဝက်လောက်ကို အမြန်သောက်လိုက်တယ်။ ဘူးကို ပြန်သိမ်းလိုက်ပြီးတာနှင့် အဝေးကလာနေတဲ့ လူတစ်စုကို သတိထားမိသွားတယ်။
အဖွဲ့ကို ဦးဆောင်လာသူမှာ ငွေရောင်ဆံပင်နှင့် အမျိုးသားတစ်ဦးဖြစ်ပြီး အခြားအမျိုးသားငါးဦးနှင့် မိန်းကလေးနှစ်ဦးတို့လဲ ပါဝင်သည်။ ကျိူးလီဇီ ရဲ့ အကြည့်များက မိန်းကလေးများထဲမှ တစ်ဦးအပေါ်သို့ ကျရောက်သွားသည်နှင့် အကြည့်များကအေးစက်သွားခဲ့တယ်။ သူမရဲ့ နှလုံးသားထဲမှာတော့ လူသတ်ရန် ရည်ရွယ်ချက်က လှိုင်းလုံးများပေါ်ပေါက်လာသကဲ့သို့တလိမ့်လိမ််ပေါ်ထွက်လာပြီး သူမရဲ့ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာကြောင့် သူမရဲ့ လက်သည်းများက လက်အသားများကြားအတွင်းသို့ စူးဝင်သွားသည်။
သူမ စိတ်ခံစားချက်များကို ငြိမ်သက်စေရန်အတွက် အသက်ပြင်းပြင်းရှူကာ ရယ်မောလိုက်ပြီး "မိုဘင်းရှမ် ဒီဘဝမှာ ဒီလောက်ထိတောင် မြန်မြန်ပြန်တွေ့ရလိမ့်မယ်လို့ မထင်ခဲ့မိဘူး" ဟု ရေရွတ်လိုက်တယ်။
“ရန်သူတွေက လမ်းကြောင်းတစ်ခုတည်းမှာ တွေ့ကြတာကြောင့် ကမ္ဘာကြီးက တကယ့်ကို ကျဉ်းကျဉ်းလေးလို့ပဲ့ ထင်တယ်” ဟု သူမက အေးစက်စွာ ပြောလိုက်တယ်။
သူမသည် မိုဘင်းရှမ် ကိုသတ်ပစ်ရန်ထက် ဘာကိုမှမလိုချင်သော်လည်း ကျိူးလီဇီ က သူမရဲ့ လက်ရှိအခြေအနေတွင်တော့ အဲဒါက မဖြစ်နိုင်သေးကြောင်းကို သူမသိနေသည်။
အကြောင်းပြချက်မှာ ငွေရောင်ဆံပင်နဲ့လူရယ် နှင့် သူ့အဖွဲ့မှလွဲ၍ အခြားမရှိပေ။ ထိုသူက ကမ္ဘာပျက်ကပ်ကာလတွင် စွမ်းအင်များကို စောစောနိုးထနိုင်ခဲ့သော ရှားရှားပါးပါး လူနည်းစုထဲမှ တစ်ဦးဖြစ်သည်။
သူမရဲ့အရင်ဘဝတွင်တော့ ဒီလူက ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးစွမ်းအားကြောင့် ကျော်ကြားခဲ့သည်။ သူ့အကြောင်းအသေးစိတ်တွေကို သူမ တွေးမိနေချိန်မှာပဲ့ ကျယ်လောင်တဲ့ပေါက်ကွဲသံက သူတို့ဦးတည်ရာဆီကနေ ပဲ့တင်ထပ်လာပြီး သူမကို အတွေးထဲကနေ ဆွဲထုတ်ပစ်လိုက်ပါတယ်။
ခရက်.. ဘုန်းး
ကျိူးလီဇီ သည် ဖုတ်ကောင်များနှင့် တိုက်ခိုက်နေတဲ့အဖွဲ့ကို သူမကြည့်ရင်း ရယ်မောလိုက်မိတယ်။ သူရဲ့ မိုးကြိုးစွမ်းအားက အလွန်အားကောင်းသော်လည်း တိုက်ခိုက်မှုက အသံများစွာကို ဖြစ်စေခဲ့တယ်။ သူ့ရဲ့တိုက်ခိုက်မှုများကြောင့်ဖြစ်ပေါ်လာတဲ့ စူးစူးရှရှ အသံက အနီးနားရှိ ဖုတ်ကောင်များကို သေချာပေါက် ဆွဲဆောင်နိုင်မည်ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပဲ့ ပြန့်ကျဲနေသော ဖုတ်ကောင်များသည် အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်ကာ အဖွဲ့ဆီသို့ ဦးတည်သွားနေကြတယ်။
ကျိူးလီဇီ အတွက်တော့ ဒါက သူမ မဖြုန်းတီးသင့်တဲ့ အခွင့်အရေးတစ်ခုပဲ့ တစ်စုံတစ်ယောက်က သူ့အတွက် မြှားလုပ်လိုစိတ်ရှိသောကြောင့် သူမက သူတို့ကိုကြည့်ကာ တိတ်တိတ်လေးပြုံးကာပြောလိုက်တယ် "မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
တိုက်ခိုက်နေတဲ့အဖွဲ့က ဖုတ်ကောင်များနှင့် အဝိုင်းခံလိုက်ရချိန်တွင် သူမကတော့ နောက်ဖေးတံခါးမှတဆင့် ကော်ဖီဆိုင်ထဲသို့ ဝင်သွားခဲ့သည်။ လူအုပ်စုတို့ရဲ့ ရုန်းရင်းဆန်ခတ်မှုကြောင့် ဖုတ်ကောင်အများစုဆီမှာ အဝိုင်းခံနေရချိန်တွင် မီးဖိုချောင်အတွင်းတွင်ပိတ်မိနေသည့် ဖုတ်ကောင်တစ်ကောင် နှစ်ကောင်သာ ကျန်ခဲ့သည်။
မီးဖိုချောင်သုံးဓားကို မြေပြင်ပေါ်တွင်တွေ့လိုက်ရသဖြင့် ပေါ့ပါးသောခြေလှမ်းများဖြင့်သွားကာ မီးဖိုချောင်တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။ သူမ တံခါးကို ဖွင့်လိုက်သည့်အခိုက်တွင် ပုပ်ပွနေသောလက်တစ်စုံက သူမရဲ့မျက်နှာဆီကို ဆန့်တန့်လာခဲ့သည်။ ပုပ်နေသောလက်များက သူမရဲ့မျက်နှာကို ထိ မိလုနီးပါးဖြစ်သွားချိန်တွင်တော့ အနံ့ဆိုးများက သူမ ကို မူးဝေလာစေတယ်။
"ရားးး" အရသာရှိသော အစားအစာများကို သူ့၏အိမ်တံခါးဝဆီသို့ ပို့ဆောင်လာပေးသည့်အတွက် ဖုတ်ကောင်ကတော့ စိတ်လှုပ်ရှားစွာ ဟိန်းဟောက်နေပါတယ်။
ဘန်းး
ကျိူးလီဇီ သည် တံခါးနှင့် တံခါးဘောင်ကြားတွင် ရှိနေသော ဖုတ်ကောင်ရဲ့လက်များကိုညှပ်သွားစေရန်အတွက် မဆိုင်းမတွပင် တံခါးကိုဆောင့်ပိတ်ပစ်လိုက်တယ်။ ဓားကို ကိုင်လိုက်ပြီး ပုပ်ပွနေတဲ့ လက်တွေကို ငုံ့ကြည့်ကာ ခုတ်ချပစ်လိုက်တယ်။
ခရက်!
ဓားက ယခင်ဘဝက သူမ အသုံးပြုခဲ့သော ဓားမြှောင်ကဲ့သို့ မထက်ရှဘဲ ပုပ်နေသောလက်ကို တစ်ချက်ခုတ်ရုံမျှဖြင့် မဖြတ်နိုင်ခဲ့ပေ။
'တစ်ခါနှင့်မလုံလောက်ရင် နှစ်ခါလုပ်မယ်!' သူမ စိတ်ထဲမှာ တွေးတောလိုက်တယ်။
အံကိုကြိတ်ရင်း ဓားဖြင့် ထပ်ခုတ်လိုက်သည်။ ဒီတစ်ကြိမ်မှာတော့ သူမဟာ ခွန်အားအားလုံးကို အသုံးချလိုက်ပြီး နောက်ဆုံးမှာတော့ ပုပ်နေတဲ့လက်တွေကို ဖြတ်တောက်ပစ်နိုင်လိုက်ပါတယ်။
ထို့နောက် သူမသည် တံခါးကို အတတ်နိုင်ဆုံး တွန်းဖွင့်ကာ ဖုတ်ကောင်ကို အနောက်သို့ ပို့လို့ သူမလိုက်သွားခဲ့တယ်။ အခွင့်အလမ်းကို ဆုပ်ကိုင်ရင်း ရှေ့ကိုတိုးကာ လည်ပင်းတစ်ခြမ်းကျိုးနေသော ဖုတ်ကောင်ကို ဓားတစ်မျိုးတည်းဖြင့် လည်ပင်းကို ခုတ်ဖြတ်လိုက်သည်။
ခရက်!
အရှိန်တိုးလာသည်နှင့်အမျှ သူမရဲ့ တိုက်ခိုက်မှု စွမ်းအားကလည်း တိုးလာကာ ဓားတစ်ချက် လွှဲလိုက်ခြင်းဖြင့် ဖုတ်ကောင်ရဲ့ ဦးခေါင်းကို ခန္ဓာကိုယ်မှ လျင်မြန်စွာ ဖြတ်တောက်ပစ်လိုက်နိုင်သည်။ ဖုတ်ကောင်ရဲ့ဦးခေါင်းက မြေပြင်ပေါ်သို့ လှိမ့်ဆင်းသွားပြီး ခေါင်းပြတ်နေသော ခန္ဓာကိုယ်က ပြိုကျသွားသည်။
ရားးး
သူမ အသက်ရှုမဝသေးခင်မှာပဲ့ နောက်ထပ်ဖုတ်ကောင်တစ်ကောင်က ပါးစပ်ကိုဖွင့်ပြီး သူမကို ကိုက်ဖို့လုပ်လာတယ်။ ချွန်ထက်သောသွားများရောက်လာသည်ကိုမြင်တော့ သူမခန္ဓာကိုယ်ကိုလှည့်ကာအမြင့်သို့ခုန်တက်လို့ ဖုတ်ကောင် မေးစေ့ နေရာကို ကန်ထုတ်လိုက်သည်။
ဒုန်းး
ခရက်.. ဘန်းးး
အရိုးကွဲအက်သံများနှင့်အတူ မီးဖိုချောင်မှ စားပွဲခုံများကို တစ်စုံတစ်ခုရဲ့ရိုက်နှက်သံများက ပဲ့တင်ထပ်သွားသည်။
ဖုတ်ကောင်က ထရန် ရုန်းကန်သောအခါတွင် သူမသည် ဒူးကိုကွေးပြီး မီးဖိုချောင်ဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ဖုတ်ကောင်ရဲ့လည်ပင်းကို ဖြတ်လိုက်သည်။
ခရက်
ဒီတခါ တိုက်ခိုက်ခြင်းက သူမရဲ့ခွန်အားကို ပုံမှန်ထက်ပို၍ ကုန်သွားစေပြီးသူမရဲ့တိုက်ခိုက်မှုက ဖုတ်ကောင်ရဲ့ဦးခေါင်းကို အောင်မြင်စွာပင် ဖြတ်တောက်ပစ်လိုက်နိုင်တယ်။ ဦးခေါင်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသောအခါတွင် ဦးခေါင်းမရှိသော အလောင်းမှ အနက်ရောင် သွေးများ ထွက်ကျလာပြီး နံရံများနှင့် အခင်းများကို စွန်းထင်းသွား စေခဲ့သည်။
ကျိူးလီဇီ က နံရံကို မှီ၍ မြေပြင်ပေါ်ရှိ ပုပ်ပွနေသော ခန္ဓာကိုယ်များကို ကြည့်ကာ သက်ပြင်းချလိုက်တယ်။
ဖုတ်ကောင်များ ကြောင့်လည်ပင်းများ အကိုက်ခံရလုနီးပါးဖြစ်ခဲ့ပြီး ကံကောင်းထောက်မစွာဖြင့်ပင် ဖုတ်ကောင်ရဲ့ခေါင်းများက လည်ပင်းပေါ်တွင် ချိတ်ဆွဲထားရုံသာဖြစ်ခဲ့လို့ပေါ့ မဟုတ်ရင်တော့ ဖုတ်ကောင်တွေကို သတ်ဖို့က သူမအတွက် လွယ်ကူမှာမဟုတ်ဘူး။
သူမရဲ့ပါးပြင်မှ အနက်ရောင်သွေးများကို သုတ်ရင်း ကျိူးလီဇီ မီးဖိုခန်းကို စစ်ဆေး လိုက်သည်။ သူမသည် ဖုတ်ကောင်ရဲ့သွေး သို့မဟုတ် အသားပုပ်များကင်းစင်သော သန့်ရှင်းသပ်ရပ်သောပစ္စည်းများကိုသာ ယူဆောင်ကာ အချိန်မဖြုန်းဘဲရိက္ခာများက်ုစုဆောင်းခဲ့တယ်။ ညစ်ညမ်းမှုမှန်သမျှကိုတော့ ချန်ထားခဲ့လိုက်တယ်။
ရိက္ခာတွေ စုဆောင်းပြီးတာနဲ့ ဟင်းချက်ကိရိယာတွေဘက်ကို အာရုံစိုက်လိုက်တယ်။ သူမသည် မီးဖိုများ၊ ဂတ်စ်အိုများ၊ ဓားအစုံအလင်၊ အသားခုတ်ဓားများကိုပါမကျန် သူမရဲ့နေရာလွတ်၌ သိမ်းဆည်းထားလိုက်သည်။ အဲဒါတွေကြောင့် သူမဟာ သစ်သားချောင်းကို အားကိုးနေစရာ မလိုတော့ဘူး။
ပစ္စည်းများကို သိမ်းဆည်းရေးလုပ်ပြီးသောအခါ သူမသည် ကော်ဖီဆိုင်မှ အမြန်ထွက်ခွာပြီး ဂိုဒေါင်သို့ သွားလိုက်သည်။