အခန်း (၇-၉)
Vol. 1 Ch. 7-9
အခန်း-(၇)
ကျိူးလီဇီ ဂိုဒေါင်ဧရိယာသို့ရောက်သွားသောအခါတွင် အပြင်ဘက်တွင် ရပ်ထားသည့် ပို့ဆောင်ရေးထရပ်ကားအများအပြားကို တွေ့ရှိခဲ့သည်။ ထရပ်ကားပေါ်တွင် ရိုက်နှိပ်ထားသော လိုဂို ကို ကြည့်လိုက်ရာ သူမရဲ့ ခံစားချက်များကချက်ချင်းပင် မြင့်တက်သွားခဲ့သည်။
ဂိုဒေါင်ကို မစူးစမ်းမီတွင် ထရပ်ကားများကို အရင်စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
ယာဉ်မောင်းထိုင်ခုံအတွင်းတွင် သော့ခတ်ခံထားရသော ဖုတ်ကောင်တစ်ကောင် သို့မဟုတ် နှစ်ကောင် မှလွဲ၍ ထရပ်ကားများရဲ့ ပတ်ဝန်းကျင်နေရာများသည် ဖုတ်ကောင်များ ရှင်းလင်းနေတယ်။ မီးဖိုချောင်သုံးဓားကို ကိုင်ထားရင်း ထရပ်ကားတစ်စီးရဲ့ အနောက်ခန်းကို ဖွင့်ပြီးကြည့်လိုက်တော့ ဆန်အိတ်တွေနဲ့ ပြည့်ကျပ်နေတာကို တွေ့လိုက်ရတယ်။
ပစ္စည်းတွေကို မြင်လိုက်တာနဲ့ပဲ့ သူမရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာတယ်။ သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး ဆန်အိတ်များကို သူမရဲ့နေရာလွတ်ထဲတွင် သိမ်းဆည်းထားလိုက်သည်။ ပြီးသွားတာနှင့် သူမ အခြားထရပ်ကားများကိုပါ စစ်ဆေးရန်အတွက် သွားခဲ့သည်။ အေးခဲထားသော အသားများ၊ ဝက်အူချောင်းများ၊ ဟင်းသီးဟင်းရွက်များ၊ ဥများနှင့် ဂျုံမှုန့်အိတ်များကို အခြားကုန်တင်ကားလေးစီးတွင် ထပ်မံတွေ့ရှိခဲ့သည်။
ကုန်တင်ကားကြီးပေါ်မှ ရိက္ခာများကို စုဆောင်းပြီးတာနှင့် သူမသည် ဂိုဒေါင်ထဲသို့ ဝင်ကာ အတွင်းမှာရှိတဲ့ အရာအားလုံးကို စတင်သိမ်းဆည်းခဲ့တယ်။ သူမမှာ အချိန်အများကြီးမရှိသောကြောင့် ပစ္စည်းများ ပျက်စီးခြင်း ရှိ မရှိကို စစ်ဆေးရန်အတွက် စိတ်မ၀င်စားပါ။ လုံခြုံသောနေရာကို ရှာတွေ့သောအခါတွင်မှ ရိက္ခာများကို နောက်မှ ခွဲထုတ်လိုက်မယ်ဖြစ်သည်။
သိပ်မကြာခင်မှာပဲ တိုက်ပွဲရဲ့အသံက အရင်လို မကျယ်လောင်တော့ဘူးဆိုတာ သိလိုက်ရတယ်။ သူမမှာ အချိန်သိပ်မကျန်တော့ဘဲ မိုဘင်းရှမ် နဲ့ တခြားသူတွေက မကြာခင်မှာပဲ့ လိုက်လာတော့မယ်ဆိုတာကို သူမသိပါတယ်။
ဂိုဒေါင်ထဲရှိ အရာအားလုံးကို စုဆောင်းပြီးသောအခါတွင်တော့ အပြင်ဘက်တွင် တိုက်ပွဲသံများက တိတ်သွားပြီဖြစ်သည်။ တစ်စက္ကန့်တောင် အချိန်မဖြုန်းဘဲ ဂိုဒေါင်ထဲကနေ ထွက်လာကာ မီနီမားကတ် ဆီသို့ ဦးတည်ကာသွားလိုက်တယ်။
ဘယ်သူကမှမမြင်ရအောင် သူမက ရေကန်အနီးရှိ လူခြေတိတ်သောလမ်းကို ရွေးချယ်ခဲ့သည်။ လမ်းခရီးက ပိုရှည်သော်လည်း လူအနည်းငယ်သာ လာရောက်လည်ပတ်သောကြောင့် ပိုလုံခြုံပါသည်။ ဒါကြောင့် ဒီနေရာက ဖုတ်ကောင်တွေ ကင်းစင်နေပါလိမ့်မယ်။
ပင်ပန်းနွမ်းနယ်နေသော်လည်း ကျိုးလီဇီ က သွားများကို တင်းတင်းစေ့ကာ နောက်ပြန်မလှည့်ဘဲ ဆက်လက် ပြေးနေခဲ့တယ်။
တစ်ချိန်တည်းမှာပင် စီနီယာကျောင်းသားအုပ်စုကလည်း နောက်ဆုံးတွင် ဖုတ်ကောင်များကို ရှင်းလင်းလိုက်နိုင်ပြီး ကော်ဖီဆိုင်သို့ ရောက်ရှိလာကြတယ်။ အဆောက်အဦးထဲသို့ ဝင်လိုက်သည်နှင့် နှစ်ယောက်က တံခါးကိုပိတ်၍ ကုလားထိုင်နှင့် စားပွဲများကို ပိတ်ဆို့ကာ ကျန်လူများကတော့ မီးဖိုချောင်ဘက်သို့ သွားလိုက်ကြတယ်
အထဲမှာ ခေါင်းဖြတ်ခံထားရတဲ့ ဖုတ်ကောင်တွေကို တွေ့လိုက်ရချိန်မှာတော့ သူတို့ထဲက တစ်ယောက်က ဒေါသတကြီး ကျိန်ဆဲပြီး " ငါတို့ရှေ့မှာ တစ်စုံတစ်ယောက်ရှိနေပြီ"
ဒါကိုကြားတော့ မိုဘင်းရှမ် ရဲ့ မျက်လုံးတွေက မှိန်ဖျော့သွားပေမယ့် သူမရဲ့မျက်နှာမှာ ဘာအမူအရာမှမပြပါဘူး။ ထိုလူဘက်သို့ လှည့်၍ သူမသည် ခဏမျှ တုံ့ဆိုင်းသွားကာ "စီနီယာ အခု ငါတို့ ဘာလုပ်ရမလဲ?"
ထိုလူက သူမ၏ ပျော့ညံ့သောအသွင်အပြင်ကို ကြည့်ကာ စိတ်ဆိုးသွားသည် ။ ဒီမိန်းကလေးက သူတို့အတွက် ဝန်ထုပ်ဝန်ပိုးထက် ဘာမှ မပိုပါဘူး။ သူမအော်သံကြောင့်သာ မဟုတ်ရင် ဖုတ်ကောင်တွေ အများကြီးကို ဆွဲဆောင်မိမှာ မဟုတ်သလို သူတို့ရဲ့ ဘဝအတွက် တိုက်ပွဲဝင်ဖို့ အချိန်အများကြီးက်ုလည်း ဖြုန်းလိုက်ရမှာမဟုတ်ပါဘူး။
သူမကို စိုက်ကြည့်ရင်း “ဒီနေရာကို ရှာပြီး ကျန်တာမှန်သမျှကို စုဆောင်းပါ” ဟု ပြတ်ပြတ်သားသား အမိန့်ပေးလိုက်တယ်။
သူ့ရဲ့လေသံက သူမကို ဒေါသထွက်စေသော်လည်း မိုဘင်းရှမ် သည် သူမရဲ့ နာကြည်းမှုကို မျိုချလိုက်ပြီး သူ့အမိန့်ကို လိုက်နာခဲ့သည်။ ဒီလို ဖရိုဖရဲဖြစ်နေတဲ့ အချိန်မျိုးမှာ ရှင်သန်ဖို့အတွက် ဒီလူတွေကို သူမလိုအပ်နေပါသေးတယ်။
ထောက်ပံ့ပစ္စည်းများရှာဖွေရန် အဖွဲ့တွင်ပါဝင်ပြီး စေတနာ့ဝန်ထမ်းလုပ်ခြင်းက သူမရဲ့မျက်နှာသာရရှိရန်ရှာဖွေခြင်းနည်းလမ်းဖြစ်ပြီး သူ့တွင်တန်ဖိုးရှိကြောင်းပြသခြင်းပင်ဖြစ်သည်။
မီးဖိုချောင်ကို လိုက်ရှာရင်း အသားပုပ်နံ့က သူမနှာခေါင်းထဲကို ဝင်လာတယ်။ ဦးခေါင်းမပါတဲ့ ပုပ်ပွနေသော အလောင်းများကို မြေပြင်ပေါ်တွင် ထပ်တွေ့လိုက်သဖြင့် သူမရဲ့ဗိုက်များ တုန်ခါကာ အန်ချလုနီးပါး ဖြစ်သွားတယ်။
သူမရဲ့နှာခေါင်းကို အုပ်လိုက်ကာ ဖုတ်ကောင်ရဲ့ ခန္ဓာကိုယ်နှင့် ဦးခေါင်းကို တတ်နိုင်သမျှ ရှောင်ရှားလိုက်သည်။ ပျို့အန်ခြင်းကို ထိန်းထားရင်း သူမရဲ့မျက်နှာကဖြူဖျော့သွားခဲ့တယ်။
တခြားမိန်းကလေးက ဒါကိုမြင်တော့ လှောင်ပြောင်ပြီး “ကြောက်တတ်လိုက်တာ” လို့ ရေရွတ်လိုက်တယ်။
မိုဘင်းရှမ် က ထိုမိန်းကလေးကို စိုက်ကြည့်လိုက်သော်လည်း သူမရဲ့လျှာကိုတော့ ထိန်းသိမ်းထားလိုက်တယ်။ အခြားမိန်းကလေးက ရေစွမ်းရည်ကို နိုးထနိုင်ခဲ့ပြီး ယခုအခါတွင်တော့ အဖွဲ့၏ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။
သူမကိုယ်တိုင်ပင် အင်အားမရှိသောသူနှင့် အဖွဲ့အား ရေပေးစွမ်းနိုင်သူတစ်ဦးကြားတွင် ရွေးချယ်မှုမှာ ထင်ရှားသည်။ အခုအချိန်မှာတော့ သူမဟာ အရှက်တရားတွေကို ခံနိုင်ရည်ရှိအောင်နေတယ်။ အခွင့်အရေးရရင် ဒီခွေးမကို သေချာပေါက်သတ်ပစ်မှာ။
စေ့စေ့စပ်စပ်ရှာဖွေပြီးတဲ့နောက်မှာတော့ ဆန်အိတ်တစ်ဝက်၊ဟင်းခတ်အမွှေးအကြိုင်အချို့နှင့် ဟင်းရွက်ဆီဗူးတစ်ဝက်တို့ကို ရှာဖွေတွေ့ရှိခဲ့တယ်။
ငွေရောင်ဆံပင်နဲ့ ယောက်ျားအား သူတို့ရှာတွေ့တာကို ပြတော့ ယောက်ျားတစ်ယောက်က “အစ်ကို ပိုင် ၊ ငါတို့ဒါပဲတွေ့တယ်” လို့ပြောလိုက်တယ်။
ပိုင်ရီကျီး က သူတို့တွေ့ရှိတဲ့ ရိက္ခာအနည်းငယ်ကို မျက်မှောင်ကြုတ်ကြည့်ပြီး ထွက်သွားဖို့ လှည့်ကာ "ဂိုဒေါင်ကို စစ်ဆေးကြည့်ရအောင်" လို့ပြောလိုက်တယ်။
စီနီယာကျောင်းသားအဖွဲ့ရဲ့ ခေါင်းဆောင် အနေဖြင့်လည်း အားလုံးက သူ့နောက်ကိုလိုက်လို့ သူ့ စကားအတိုင်းကို တလိုတလား လိုက်လုပ်စေနိုင်သော ခေါင်းဆောင်မှု အရိပ်အယောင် ရှိသည်။ ယခု ဆုံးဖြတ်ချက်ကို ချမှတ်ပြီးသည့်နောက်တွင်တော့ မည်သူမျှ သူ့ကိုကန့်ကွက်ခြင်း မရှိပေ။
ရိက္ခာတွေ ကျန်နေသေးတယ်လို့ မျှော်လင့်ပြီး ဂိုဒေါင်ကို အမြန်သွားကြတယ်။ ကံမကောင်းစွာပဲ ဂိုဒေါင်ထဲကိုရောက်သွားတာနဲ့ လုံးဝအလွတ်ချည်းပဲ တွေ့လိုက်ရတယ်။ ရိက္ခာတွေ မပြောနဲ့ အထဲမှာ သစ်ရွက်တစ်ရွက်တောင် မတွေ့ရဘူး။
တံခါးဝမှာ ရပ်နေတဲ့ သူတွေထဲက တစ်ယောက်ကတော့ စိတ်ပျက်စွာနဲ့ "ဒီနေရာကို ဘယ်သူက ရှင်းပစ်ခဲ့တာလဲကွာ"
ဂိုဒေါင်အလွတ်ကို မြင်သောအခါတွင်တော့ ပိုင်ရီကျီး၏ အမူအရာကလည်း မည်းမှောင်သွားပေမယ့် ဒေါသကို ထိန်းကာ သူ့သူငယ်ချင်းကို "လီယောင် မင်းရဲ့အသံကို လျှော့ပါ မဟုတ်ရင်တော့ မင်း ဖုတ်ကောင်တွေကို ဆွဲဆောင်မိသွားလိမ့်မယ်" ဟု သတိပေးလိုက်တယ်။
သူ့၏သတိပေးချက်ကြောင့် ထိုလူက တိတ်သွားသည်။ ဒေါသတွေနဲ့ ပြည့်နှက်နေရင်တောင် ဘယ်သူမှ မအော်ရဲတော့ဘူး။ ပိုင်ရီကျီး က "ဒီမှာ ဘာမှ မရှိဘူး၊ မီနီမားကတ် ကို သွားရအောင်" လို့ အမိန့်ပေးရင်းနဲ့ အုပ်စုကို စူးစူးစိုက်စိုက် အကြည့်နဲ့ကြည့်လိုက်တယ်။
ဒါကိုကြားတော့ အားလုံးက ခေါင်းညိတ်ကြပြီး ဂိုဒေါင်ထဲကပစ္စည်းတွေကို သယ်သွားကြလို့ မီနီမားကတ်ကိုတော့ သွားကြမှာမဟုတ်လောက်ဘူးလို့ တွေးကြတယ်။ ဒါကြောင့် သူတို့ မီနီမားကတ်မှာ အစာနဲ့ရေကို ရှာနိုင်မှာပါလိုလည်းတွေးလိုက်ကြပြန်တယ်။
ဤအတွေးဖြင့် သူတို့သည် ဖုတ်ကောင်များကို တိုက်ရန်အတွက် ရံဖန်ရံခါသာရပ်ကာ မီနီမားကတ်သို့ လျှောက်သွားကြတယ်။ ကော်ဖီဆိုင်မှ ထွက်ခွာသွားသော ကျိူးလီဇီ သည် မီနီမားကတ်သို့ ရောက်ရှိနေပြီဖြစ်သည်။
အခန်း-(၈)
ဂိုဒေါင်ဧရိယာနှင့်မတူဘဲ မီနီမားကတ်အနီးတွင်တော့ ဖုတ်ကောင်များစွာမရှိပါ။ မီနီမားကတ်တွင် တံခါးကို သော့ခတ်ထားသောကြောင့် မည်သူကမျှ မရောက်လာသေးဘဲ အတွင်းရှိ ပစ္စည်းများကိုလည်း မထိရသေးချေ ။
ဒါကိုမြင်တော့ ကျိုးလီဇီ ရဲ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာတယ်။
သူမရဲ့ စွမ်းအင်နှင့် အချိန်ကို ထိန်းသိမ်းရန်အတွက် အပြင်ဘက်ရှိ ဖုတ်ကောင်များကို တိုက်ခိုက်ခြင်းမှ ရှောင်ကြဉ်ခဲ့ပြီး မီနီမားကတ်ရဲ့ အနောက်ဘက်ကမှ ဒုတိယထပ်သို့ တက်ခဲ့သည်။ မီးဖိုချောင်သုံးဓားကိုသုံးပြီး ပြတင်းပေါက်ကိုဖွင့်ကာ မီနီမားကတ်အတွင်းထဲကို ဝင်သွားလိုက်တယ်။
မီနီမားကတ်က လေးထပ်တိုက်ဖြစ်ပြီး ပထမအထပ်ကို စတိုးဆိုင်အဖြစ်နှင့် အပေါ်ထပ်များကိုတော့ သိုလှောင်ရုံအဖြစ်နဲ့အသုံးပြုသည်။ အထပ်တစ်ခုစီက 200 စတုရန်းမီတာခန့် ကျယ်ဝန်းသည်။
ကျိူးလီဇီ ကတော့ ပထမထပ်ကို လုံးလုံးလျားလျား ကျော်သွားကာ ဂိုဒေါင်များဆီသို့သာ အရင်ဦးတည်သွားခဲ့သည်။
ဒုတိယထပ်ရှိ ဂိုဒေါင်တံခါးကို သော့ဖွင့်လိုက်ပြီး တံခါးကို သတိထားကာ ဂရုတစိုက်ဖွင့်လိုက်တယ်။ အထဲမှာ ဖုတ်ကောင်တွေ ရှိမရှိကို ဘယ်သူကမှ ကြိုမသိနိုင်ဘူးမဟုတ်လား။
တံခါးဖွင့်ပြီးတာနဲ့ သူမ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်တယ်။ အတွင်း၌ အန္တရာယ်မရှိကြောင်း သေချာပြီးနောက်မှသာ ဂိုဒေါင်ထဲသို့ ၀င်သွားခဲ့တယ်။ အတွင်းမှ ပစ္စည်းများကို မြင်လိုက်ရသောအခါတွင် သူမရဲ့ မျက်လုံးများမှာ ပျော်ရွှင်မှုဖြင့်ရွှင်လန်းလာကာ ပိုင်ရှင်ကို ကျေးဇူးတင်ကြောင်း သူမ၏ နှလုံးသားထဲတွင် ဖော်ပြလိုက်သည်။
အခန်းထဲတွင် အများအားဖြင့် အမျိုးသမီးသုံး ထုတ်ကုန်များဖြင့် ပြည့်နေသည်။ ခေါင်းလျှော်ရည်၊ ခန္ဓာကိုယ်တိုက် ဆပ်ပြာများ၊ တစ်ရှူးအစိုများ၊ အရေပြား ထိန်းသိမ်းရေး ထုတ်ကုန်များ၊ တစ်ခါသုံး အတွင်းခံများ၊ အမျိုးသမီး လစဉ်သုံပစ္စည်းများ နှင့် အခြားနေ့စဉ်သုံးလိုအပ်သည့် ပစ္စည်း များ အားလုံးက ထိုနေရာတွင်တစ်စုတစည်းတည်းရှိနေတယ်။ အရေအတွက်က မများပေမယ့် အမျိုးအစားကတော့ အများကြီးပါ။
အချိန်မဖြုန်းဘဲ သူမသည် အရာအားလုံးကို လျင်မြန်စွာ သိမ်းဆည်းလိုက်တယ်။ ပစ္စည်းတစ်ခုစီတွင် အနည်းဆုံး သေတ္တာအကြီး အလုံးနှစ်ဆယ် ရှိပြီး အမျိုးသမီး လစဉ်သုံးပစ္စည်းများကတော့ အပေါများဆုံးသော ပစ္စည်းဖြစ်သည်။ ဒုတိယထပ်ကို ရှင်းပြီးနောက် တတိယထပ်သို့ တက်သွားလိုက်တယ်။
တတိယထပ်တွင် ခေါက်ဆွဲခြောက်၊ စည်သွတ်ဘူးများ၊ အုတ်ဂျုံ ၊ ကိုယ်တိုင်အပူပေးရသော အစားအစာများ၊ ကြက်ဥမှုန့်စသည်ဖြင့် အစားအစာများကို တွေ့ရှိခဲ့သည်။
ဤအစားအစာများကိုတော့ သာမန်အချိန်များတွင် သရေစာ ဟု ယူဆနိုင်သော်လည်း ကမ္ဘာပျက်ကပ်တွင်တော့ အဖိုးမဖြတ်နိုင်သော ဇိမ်ခံပစ္စည်းများဖြစ်သည်။
ကမ္ဘာပျက်ကပ် ဖြစ်ပြီးနောက်တွင် ထုတ်လုပ်မှုလိုင်းများက ပြတ်တောက်သွားကြောင့် ရှိနေသောအစာများကို စားသုံးပြီးသည့်နောက်တွင်တော့ ထိုအစားအစာများကို ပိုမိုရရှိရန်အတွက်က နည်းလမ်းမရှိတော့ပါ။ ဒါကြောင့် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်းမှာပဲ့ လူတွေက အသင့်စားခေါက်ဆွဲတစ်ခွက်အတွက် မြင့်မားတဲ့စျေးနှုန်းကို ပေးဆောင်ဖို့ပင် ဆန္ဒရှိလာကြလိမ့်မယ်။
လျင်မြန်သောခြေလှမ်းများဖြင့် ရိက္ခာများအားလုံးကို သိမ်းဆည်းလိုက်ကာ ခေါင်းထဲတွင် အတွေးတစ်ခုထဲသာ လှည့်ပတ်သွားနေတယ်။
စုဆောင်းပါ။ စုဆောင်းပါ။ အရာအားလုံးကို စုဆောင်းပါ။
တတိယထပ်က လွတ်သွားသောအခါတွင် သူမသည် စတုတ္ထထပ်သို့ အမြန်တက်သွားခဲ့တယ်။ စတုတ္ထထပ် ဂိုဒေါင်တွင် အဖျော်ယမကာများဖြစ်သော ဘီယာ၊ ကာဗွန်နိတ်အချိုရည်များ၊ ဖျော်ရည်များ၊ အရသာရှိသော နို့၊ ဓာတ်သတ္တုရေစသည်တို့ဖြင့် ပြည့်နှက်နေတယ်။
ထို့အပြင် အမျိုးသားသုံးပစ္စည်းများ၊ ဆေးဝါးစသည်တို့ဖြင့် လည်ူပြည့်နှက်နေပါသေးသည်။ အခန်းထောင့်တွင် ထီးသေတ္တာငယ်များစွာကို(ကွန်ဒုံး) အရွယ်အစား၊ အသွင်အပြင်နှင့် အရသာအမျိုးမျိုးဖြင့် ထုပ်ပိုးထားတာကိုပင် သူမမြင်လိုက်ရတယ်။
ဒီသေတ္တာတွေကို ကြည့်ရတာ သူမရှက်ဘူး။ အဲဒီအစား သူမ ကံကောင်းတယ်လို့ပဲ့ ခံစားလိုက်ရတယ်။ သူမရဲ့ယခင်ဘဝတွင် ဤပစ္စည်းက စွမ်းရည်အသုံးပြုသူများကြားတွင် ရေပန်းအစားဆုံးဖြစ်ခဲ့သည်။
စွမ်းရည်အသုံးပြုသူများက ဒီအန်အေ ဗီဇပြောင်းလဲမှုများကြောင့် ကိုယ်ဝန်ရရန်အခက်အခဲရှိသော်လည်း အများစုမှာ မိမိကိုယ်မိမိ ရောဂါကာကွယ်ရန်အတွက် အကာကွယ်ကို အသုံးပြုနေကြဆဲဖြစ်ပြီး သာမန်လူများကတော့ မလိုလားအပ်သောကိုယ်ဝန်ကိုရှောင်ရှားရန်အတွက် အသုံးပြုကြသည်။
ပထမလအနည်းငယ်တွင်တော့ အစာ ရေနှင့် ဆေးဝါးများကိုသာ ရှာဖွေသုံးစွဲခဲ့ကြတယ်။ ဒါကြောင့် ဒီပစ္စည်းကို ဘယ်သူကမှ ဂရုမစိုက်ပါဘူး။ သို့သော် တစ်နှစ်အကြာတွင်တော့ စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် အမျိုးသား၊ အမျိုးသမီး အများအပြားသည် သူတို့ခန္ဓာကိုယ်အသွေးအသားကို အစားအစာအတွက် ရောင်းစားခဲ့ရတယ်။
ထိုအချိန်တွင်တော့ ထီးလေးတစ်ပိုင်းက ဆန်ဆယ်ကီလိုဂရမ်နှင့် လဲလှယ်နိုင်သော တန်ဖိုးမြင့် ကုန်ပစ္စည်းဖြစ်လာမည်ဖြစ်သည်။
သူမရဲ့အတွေးများက သူမရဲ့ယခင်ဘဝကမှတ်ဉာဏ်များဖြင့် ပြည့်နှက်နေချိန်တွင် ကျိူးလီဇီ ရဲ့စိတ်လှုပ်ရှားမှုများက သူမရဲ့ပင်ပန်းနွမ်းနယ်နေသောခန္ဓာကိုယ်ကို လှုံ့ဆော်ပေးနေကာ ကြွက်သားများနာကျင်တဲ့ကြားမှ သူမရဲ့လှုပ်ရှားမှုများက မြန်ဆန်လာသည်။
စတုတ္ထထပ်မှအရာအားလုံးကို စုဆောင်းပြီးမှ နောက်ဆုံးတွင် ပထမထပ်သို့ ပြန်ဆင်းသွားခဲ့သည်။
ဟောပြောပွဲခန်းမထဲမှာ ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ပြန်သတိရသွားပြီး အားလုံးကို မယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရေအမျိုးအစားအသုံးပြုသူရဲ့အသွင်အပြင်ကို ထိန်းသိမ်းရန်အတွက် သူမသည် သူမရဲ့ကျောပိုးအိတ်ကို နေရာလွတ်မှထုတ်ယူလိုက်တယ်။
ထို့နောက် သူမသည် ပေါင်မုန့်ငါးချပ်၊ ဓာတ်သတ္တုရေနှစ်ပုလင်း၊ ပရိုတင်းဘား နှစ်တုံး၊ အမျိူးလစဉ်သုံးပစ္စည်းတစ်ထုပ်၊ အက်စပရင်တစ်ပုလင်း၊ အိုင်ဗျူပရိုဖန်တစ်ပုလင်း၊ အိုင်အိုဒင်းအခြေခံအနာဆေးတစ်ပုလင်းနှင့် ကာရာမဲလ်သကြားလုံးတစ်ဗူးတို့ကို အိတ်ထဲ ဖြည့်လိုက်တယ်။
သူမရဲ့ ကျောပိုးအိတ်ကို အပြည့်ဖြည့်ပြီးတဲ့နောက်မှာတော့ ပေါင်မုန့်အပိုင်းအစများစွာ၊ မလတ်ဆတ်သော သစ်သီးအချို့နှင့် ပဲနို့ပုလင်းအနည်းငယ်ကဲ့သို့သော သက်တမ်းတိုရက်စွဲများနှင့် အစားအစာများကိုသာ ချန်ထားခဲ့သည်။
သူမရဲ့ယခင်ဘဝတွင်၊ ငွေရောင်ဆံပင်နဲ့လူရဲ့အဖွဲ့တွင် တက္ကသိုလ်မှ သူရဲ့ဂျူနီယာဖြစ်တဲ့ ရေစွမ်းအင်ကို အသုံးပြုသူလည်း ပါဝင်သည်။ဤအဖွဲ့ဝင်ဟာလည်း ကောင်းကင်ဘုံရဲ့မျက်နှာသာပေးမှုကြောင့် အစောပိုင်းကာလများတွင် စွမ်းရည်ကို နိုးထနိုင်ခဲ့သူဖြစ်သည်။
ဒီလူနဲ့ဆိုရင် ရေပြတ်တာမျိူး ပြဿနာရှိလာမှာမဟုတ်ဘူး။ ဒါကြောင့် သူတို့အတွက် ရေသုံးဂါလံပဲ ချန်ခဲ့တော့တယ်။
တမင်တကာ ချန်ထားခဲ့တဲ့ သေးငယ်တဲ့ ရိက္ခာတွေမှလွဲလို့ အရာအားလုံးကို စုဆောင်းပြီးတဲ့နောက် ကျောပိုးအိတ်ကို ပြန်လွယ် လိုက်တယ်။
အဝေးက တိုက်ခိုက်တဲ့အသံတွေကိုကြားတော့ သူမလည်း အသံလာတဲ့ ဦးတည်ရာဆီကို လှမ်းကြည့်လိုက်ကာ " မိုဘင်းရှမ် ငါ မင်းကို အခု မသတ်ပါဘူး၊ ဒါပေမယ့် မင်းကို လွယ်လွယ်နဲ့တော့ ဘဝကို ဖြတ်သန်းခွင့် မပေးဘူး။"
ဒုတိယထပ် ပြတင်းပေါက်မှ ထွက်လာသော ကျိူးလီဇီ သည် အနောက်ရှိပြတင်းပေါက်ကို သေချာစွာ ပြန်ပိတ်လိုက်တယ်။ လောလောဆယ်တော့ အပြင်မှာ တစ်ယောက်တည်း ရှင်သန်ဖို့ရာအတွက် သူမဟာအားနည်းလွန်းတယ်။ တက္ကသိုလ်ထဲမှာ ပုန်းအောင်းနေပြီး နောက်ပိုင်းမှာ အဖွဲ့နဲ့လိုက်ထွက်သွားတာမျိူးက သူမအတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ့။
အစာနှင့်ရေ လုံလောက်စွာမရရှိပါက သူတို့သည် ယခင်ဘဝကထက် ပိုစော၍ တက္ကသိုလ်မှ ထွက်ခွာရန် တွန်းအားပေးခံရမည်ဖြစ်သည်။ ထိုအတောအတွင်း ဖုတ်ကောင်များကို ရှင်းထုတ်ခြင်းဖြင့် သူမသည် အနားယူနိုင်ပြီး အဖျားမှလည်း ပြန်လည်ကောင်းမွန်လာနိုင်တယ်။
သူမထွက်သွားပြီး သိပ်မကြာခင်မှာပဲ့ ပိုင်ရီကျီး နဲ့ သူ့အဖွဲ့တို့ဟာ မီနီမားကတ်ဆီကို ရောက်လာကြတယ်။ သော့ခတ်ထားသော တံခါးကို ကြည့်ပြီး မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာကြသည်။
အခန်း-(၉)
လီယောင် က ခြေလှမ်းအနည်းငယ်ဖြင့်သာ တံခါးအနီးသို့ ချဉ်းကပ်သွားပြီး သော့ခလောက်ကို ဖျတ်ခနဲ ခေါက်လိုက်တယ်။ သူ၏ စွမ်းအင် နိုးထလာပြီးနောက်တွင်တော့ ဤကဲ့သို့သော အလုပ်များကို သူ့အတွက်သာ ချန်ထားခဲ့လေသည်။
ဤအခိုက်အတန့်တွင် သူသည် သေးငယ်သောသော့ကို ချိုးဖို့မပြောနှင့် လက်ဗလာဖြင့်ပင် ကားကို ရွှေ့နိုင်တယ်။ ဒီတော့ သူက ဒီကိစ္စလောက်ကိုတော့ ဘာပြဿနာမှမရှိဘဲ လုပ်နိုင်တယ်။
အစတွင်တော့ လူတိုင်းက မီနီမားကတ်သို့ ဝင်ရောက်လာစဉ် ၌ထောက်ပံ့ပစ္စည်းများမည်မျှရနိုင်သည်ကို တွေးတောရင်း စိတ်လှုပ်ရှားနေကြတယ်။ သို့သော်လည်း ပစ္စည်းများ လွတ်နေသော စင်များကို မြင်လိုက်ရသည့် အချိန်တွင် သူတို့ရဲ့ အပြုံးများက ပျောက်ကွယ်သွားခဲ့တာ်။ အဝင်ဝတွင် ရပ်နေသောလူတိုင်းက အံ့အားသင့်သွားကာ မည်သူကမှ စကားတစ်ခွန်းမှ မပြောဘဲ အကြာကြီး ရပ်နေကြတယ်။
ပိုင်ရီကျီး သည် ဧရိယာတစ်ခုလုံးကို စူးစမ်းကြည့်လိုက်ပြီး သူရဲ့ စူးရှသောမျက်လုံးများကတော့ ကြမ်းပြင်ပေါ်ရှိ သိပ်မကြာသေးတဲ့ ခြေရာများကို မြင်လိုက်ရသည်။သူတို့ရှေ့မှာ တစ်စုံတစ်ယောက် ရှိနေပုံရပြီး ခြေရာရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်အရ ကြည့်မယ်ဆိုရင် အဲဒီလူက အမျိုးသမီး ဖြစ်နိုင်ချေများပါတယ်။
သူ့အကြည့်က စင်ပေါ်ရှိ လက်ကျန်ပစ္စည်းအနည်းငယ်၊ မုန့်အချို့၊ ပုပ်လုနီးပါးသစ်သီးများ၊ ပဲနို့ပုလင်းအနည်းငယ်နှင့် ရေသုံးဂါလံဆီသို့ ရွေ့ပြောင်းသွားတယ်။ ရိက္ခာအနည်းငယ်ကို မြင်သောအခါမှာတော့ မျက်မှောင်ကြုတ်ကာ သူ့ရဲ့ မျက်နှာအနေထားက နက်နဲလာခဲ့သည်။
"အစ်ကိုပိုင်၊ ဒီအစားအစာနဲ့ ရေက ငါတို့ တစ်ရက်လောက်တောင် တောင့်ခံထားဖို့တောင် မလုံလောက်ဘူး" လီယောင် သည် နောက်ဆုံးတော့ စိတ်ပျက်အားငယ်နေသော အသံဖြင့် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်။
ပိုင်ရီကျီး ရဲ့မျက်နှာက မှုန်ကုပ်ကုပ်နဲ့ "အခုတော့ ဒါကိုပဲ့ပြန်ယူပြီး လူတိုင်းကို မျှဝေလိုက်။ ပြီးရင်တော့ အစီအစဉ်အသစ်တစ်ခု ထပ်လုပ်ရကြမယ်။"
မူလကတော့ သူ့အဖေ ပို့လိုက်တဲ့လူရောက်လာတဲ့အထိ ရက်အနည်းငယ်ကြာအောင် တက္ကသိုလ်မှာ ဆက်နေဖို့ စိတ်ကူးထားတယ်။ ဒါပေမယ့် သူတို့ရဲ့ အကန့်အသတ်နဲ့ရှိနေတဲ့ ရိက္ခာတွေကြောင့် ဒီမှာနေဖို့က မဖြစ်နိုင်တော့ဘူး။ အပြင်မှာ ရိက္ခာတွေရှာပြီး အဲဒီလူကို လမ်းမှာတွေ့ဖို့ကလွဲလို့ သူတို့မှာ ရွေးချယ်စရာမရှိတော့သလိုပဲ့။
"ဒီလူက ဘယ်သူလဲ ဘယ်လို့အရာအားလုံးကို လုယူသွားနိုင်တာလဲ။ အခု ငတ်နေတဲ့လူတွေ အများကြီးရှိတယ်ဆိုတာကို သူမသိဘူးလား။" လို့ မိုဘင်းရှမ် က တိုးတိုးလေး ရေရွတ်လိုက်တယ်။ နှုတ်ခမ်းကို ကိုက်ထားပြီး သူမရဲ့ လေသံထဲမှာ ဒေါသတွေ ပြည့်နှက်နေတယ်။
သူမက တိုးတိုးလေးပြောသော်လည်း စွမ်းရည်အသုံးပြုသူများရဲ့ တိုးမြင့်လာသော အာရုံခံစွမ်းများကတော့ သူမရဲ့ အသံကို ရှင်းရှင်းလင်းလင်းကြားနိုင်ခဲ့တယ်။
မိုဘင်းရှမ် ရဲ့စကားကို သူမကြားလိုက်သည့်အခိုက်တွင် ချူကျိမြောင် ရဲ့အမူအရာက မဲမှောင်သွားတယ်။ မိုဘင်းရှမ် ကိုကြည့်ကာ " မိုဘင်းရှမ် ငါတို့ရှေ့ကလူက အရာအားလုံးကို ယူသွားတာကို မင်းကဘယ်လိုလုပ်ပြသိတာလဲ" လို့မေးလိုက်တယ်။
"ဒီမှာ ဘာဖြစ်သွားတာလဲဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး။ ဒီလူရောက်လာတဲ့ အချိန်မှာတော့ ပစ္စည်းတွေတော်တော်များများက ကုန်သွားပြီ။ နောက်တစ်ခုက ကျန်တဲ့သူတွေလည်းအပြင်မှာ ရှိပါသေးတယ်။ မင်းပြောသလိုဆို အဲဒီလူက အရာအားလုံးကို သိမ်းဆည်းနိုင်တဲ့ ဒိုရေမွန် ရဲ့အိတ်နဲ့ မတူနေဘူးလား။"
မိုဘင်းရှမ် က သူ့စကားကြားတော့ နှုတ်ခမ်းကို ကိုက်လိုက်ပြီး မျက်လုံးတွေ နီရဲလာတယ်။ မျက်ရည်ကျနေသော မျက်လုံးများဖြင့် သူမကို ကြည့်ကာ " မြောင်မြောင် ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့၊ ငါက ဘာကိုမှ မဆိုလိုပါဘူး"
ချူကျိမြောင် သည် သူမရဲ့ ဟန်ဆောင်ထားသော အပြုအမူကို အမုန်းဆုံးဖြစ်ပြီး " မိုဘင်းရှမ် အဖြစ်မှန်ကို မသိရင် ပေါ့ပေါ့ဆဆ မပြောသင့်ဘူး။ သက်သေမရှိဘူးဆိုရင်တော့ မင်းရဲ့ထင်မြင်ချက်တွေကို သိမ်းထားလိုက်တာက ပိုကောင်းတယ်"
"လူတိုင်းမှာမြင်နိုင်တဲ့ မျက်လုံးနဲ့ ကြားနိုင်တဲ့ နားတွေ ရှိတယ်။ လက်ဖက်စိမ်း ခွေးမတစ်ကောင်လိုမျိူး အချိန်နဲ့ ခွန်အားတွေ ပေးပြီး တခြားသူတွေကို မင်းရဲ့ ဓားမြှောင်နဲ့ အကာတွေအဖြစ် အသုံးချမယ့်အစား ရိက္ခာတွေ ဘယ်လိုရနိုင်မလဲ ဆိုတာပဲ့ စဉ်းစားသင့်တယ်" ဟု သူမက ပြတ်ပြတ်သားသားပြောလိုက်တယ်။
သူမကဤသို့ပြောပြီးချိန်တွင် လီယောင် က ရိက္ခာထုပ်ပိုးခြင်းကိုမစတင်မီ၌ မိုဘင်းရှမ် ကို ဖျက်ကနဲကြည့်လိုက်တယ်။
အစပိုင်းမှာတော့ သူတို့ရှေ့မှာရောက်လာတဲ့လူဟာ အရာအားလုံးကို တကယ်ယူသွားခဲ့တယ်လို့ သူလည်းယုံကြည်ခဲ့တယ်။ သို့သော် ချူကျိမြောင် ရဲ့ ကျိုးကြောင်းဆင်ခြင်မှုစကားကို ကြားပြီးနောက်တွင် သူရဲ့ ယခင်အတွေးများကို ပြန်လည်စဉ်းစားခဲ့တယ်။
လူတစ်ဦးတည်းကတော့ ဂိုဒေါင်တစ်ခုလုံးနှင့် စျေးကွက်အသေးစားပစ္စည်းများအားလုံးကို သယ်ဆောင်သွားနိုင်ပုံမရပါဘူး။
အဲဒီလူရဲ့အရှေ့မှာ ရောက်လာပြီး ပစ္စည်းတွေ သိမ်းသွားတဲ့ တခြားအဖွဲ့တွေလည်း ရှိကောင်းရှိနိုင်မယ်။ ဒီလူရောက်လာတဲ့အခါကျတော့ မီနီဈေးက ရိက္ခာများစွာမကျန်လောက်တော့ပေ။
ထို့အပြင် မုန့်၊ ရေနှင့် အခြားပစ္စည်းတွေ ကျန်ရှိနေသေးတယ်ဆိုတဲ့အချက်က ဒီလူနှင့်ပတ်သက်သည့် တစ်စုံတစ်ရာကို ပြသနေတယ်။ အကယ်၍ ဒီလူသာ အရာအားလုံးကို ယူဆောင်ခွင့်ရှိလျှင် အဘယ်ကြောင့် ဒီရိက္ခာများကို ချန်ထားခဲ့မည်နည်း။
သူတို့ရဲ့ လက်ရှိအခြေအနေမှာတော့ ပေါင်မုန့်တစ်ချပ်ချင်းစီကတောင် အသက်ကို ကယ်တင်နိုင်ပါတယ်။ သူသာ အရာအားလုံးကို သယ်သွားနိုင်ရင် သူ့မှာ ထားခဲ့စရာ အကြောင်းမရှိတော့ဘူး။
သူတို့ရဲ့ လက်ရှိအခြေအနေတွင်တော့ ထောက်ပံ့ရေးပစ္စည်းများကို ပထမဆုံးတွေ့ရှိတဲ့သူက တရားဝင်ပိုင်ရှင်ဖြစ်လာသည်။ တစ်စုံတစ်ယောက်က တစ်စိတ်တစ်ပိုင်းကိုသာယူ၍ ကျန်အရာများကို ချန်ထားခဲ့ရန် ဆန္ဒရှိခြင်းက ဒီလူဟာ ဆိုးယုတ်သော ရည်ရွယ်ချက်မရှိဘဲ၊ အလွန်ရက်ရောမှုရှိကြောင်းကို ပြသနေတယ်။
နိဂုံးချုပ်လိုက်သောအခါ လီယောင် ၏ ဒေါသများက ပြေပျောက်သွားပြီး မိုဘင်းရှမ် အပေါ် တွင်တော့သံသယများ ကတိုးပွားလာတယ်။
တစ်ချိန်တည်းမှာပင် ပိုင်ရီကျီး လည်း
မိုဘင်းရှမ် ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်သော အငွေအသက် များ ထွက်ပေါ်လာတာ်။ သူမ သူ့အဖွဲ့ထဲကိုဝင်လာပြီးကတည်းက သူမကရက်စက်ကြမ်းကြုတ်သူ၊ တစ်ကိုယ်ကောင်းဆန်ပြီး လိမ္မာပါးနပ်သူဖြစ်ကြောင်း သူသိခဲ့တယ်။
သူမသည် ရဲရင့်ပြီး ရက်ရောတတ်သူလို ပြုမူတတ်သော်လည်း လက်တွေ့တွင်မူ အန္တရာယ်နှင့် ကြုံတွေ့ရတိုင်း အခြားသူများကို သူမရဲ့ အကာအရံအဖြစ် အသုံးပြုကာ အန္တရာယ်ရှိသော အခြေအနေနှင့် ရင်ဆိုင်ရတိုင်း ထွက်ပြေးသွားတတ်သည်။
ဒီမိန်းမရဲ့ သူ့ကိုပိုင်ဆိုင်လိုတဲ့ သိမ်မွေ့သောအရိပ်အမြွက်များကို တွေးတောရင်း နှလုံးသားထဲတွင် ရွံရှာမှုများ ပြည့်နှက်နေပြီး "ထုပ်ပိုးပြီး အမြန်ဆုံးပြန်ကြစို့" ဟုပြောလိုက်တယ်။
တည်ငြိမ်သော်လည်း ခိုင်မြဲသော အသံက လူတိုင်းကို အာရုံပြန်ဝင်သွားစေခဲ့တယ်။ ဤနေရာ၌ ငြင်းခုံရန် အချိန်ဖြုန်းမနေသင့်မှန်း အားလုံးက သိသဖြင့် ကျန်ပစ္စည်းများကိုအဖွဲ့က စတင်စုဆောင်းလိုက်သော်လည်း လူတိုင်းတွင် ကိုယ်ပိုင် အတွေးများများ ရှိနေသဖြင့် လေထုက လေးလံနေ ခဲ့သည်။
သူတို့သည် အဆောက်အအုံတစ်ခုလုံးကို စေ့စေ့စပ်စပ်ရှာဖွေပြီးနောက် ဆယ်မိနစ်အကြာတွင်နောက်ဆုံးတော့ မီနီမားကတ်မှ ထွက်လာခဲ့ကြသည်။ ပထမထပ်မှလွဲ၍ ကျန်အထပ်တွေမှာ လုံးဝအလွတ်ဘာမှကိုမရှိဘူး။
သူတို့အဖွဲ့ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ကျိူးလီဇီ ဟာ မီနီမားကတ်အနောက်က သစ်ပင်ပေါ်ကနေ ပေါ့ပါးစွာ ခုန်ဆင်းလာခဲ့ပြီး သူ့ဘောင်းဘီက ဖုန်မှုန့်တွေကို ခါပစ်လိုက်တယ်။ အဝေးက သူတို့ရဲ့ ဆုတ်ခွာသွားတဲ့ ရုပ်ပုံတွေကို ကြည့်ရင်း ပြုံးကာ သူတို့နောက်ကို လိုက်လာခဲ့တယ်။