အခန်း (၁၀-၁၂)
Vol. 1 Ch. 10-12
အခန်း-(၁၀)
ပိုင်ရီကျီး နှင့် သူ့အဖွဲ့တို့က ဖုတ်ကောင်အများစုကိုသတ်ဖြတ်ထားပြီးဖြစ်တာကြောင့် ဟောပြောပွဲခန်းမသို့သွားသည့်ဧရိယာရှိ ခရီးသည်အလွန် ပင်ချောမွေ့ခဲ့တယ်။
သူတို့အဖွဲ့ရဲ့နောက်မှ နှေးကွေးသော အရှိန်ဖြင့် သွားနေရာမှ ကျိူးလီဇီ သည် သေဆုံးနေပြီးသော ဖုတ်ကောင်များ၏ ဦးခေါင်းများကို စစ်ဆေးရန်အတွက် ရပ်လိုက်တယ်။ သူမရဲ့ သစ်သားချောင်းကို အသုံးပြု၍ လောင်ကျွမ်းနေသော ဦးနှောက်များကို ထိုးဖွကာ အမြုတေများကို ရှာဖွေလိုက်တယ်။
ပိုင်ရီကျီး ရဲ့ မိုးကြိုးအမျိုးအစားစွမ်းရည်ကြောင့် ဖုတ်ကောင်များရဲ့ ဦးနှောက်အချို့ကလောင်ကျွမ်းပြီး အနက်ရောင်မီးသွေးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူမရဲ့ သစ်သားချောင်းဖြင့် ထိုးဆွမှုကြောင့် ဦးနှောက်များက မည်းမှောင်နေသော ဖုန်မှုန့်များအဖြစ်သို့ ပြိုကျလာသည်။
အထဲမှာ ဝှက်ထားတဲ့ အမြုတေ တစ်ခုသာရှိနေခဲ့ရင် နေရောင်အောက်မှာ တောက်ပနေမှာပါပဲ့။ ကံမကောင်းစွာနဲ့ သူမသည် ယခုအချိန်အထိ ရှာမတွေ့သေးပါဘူး။
ဒီအချိန်တွင်တော့ ကျိူးလီဇီ သည် အလုပ်ကြိုးစားသော ပျားလုပ်သားတစ်ကောင်နှင့်ပင်တူနေတယ်။
လက်မောင်းမကိုက်မချင်း ဖုတ်ကောင်ရဲ့ ဦးနှောက်ကို ထိုးဆွရင်း ပျင်းစရာကောင်းတဲ့ အလုပ်ကို ဆက်လုပ်နေခဲ့တယ်။ သို့သော် မရေမတွက်နိုင်သော ဖုတ်ကောင်များကိုရှာပြီးမှပဲ့ သူမသည် လက်သည်းခွံထက်ပင်မကြီးသော အဆင့်-တစ် အပြာရောင်အမြုတေ ကို တွေ့ရှိခဲ့တယ်။
သက်ပြင်းတစ်ချက်ချရင်းနဲ့ အမြုတေ ကို စစ်ဆေးကြည့်လိုက်တယ်။ အလင်းရောင်က တောက်ပသော ပုလဲတစ်လုံးကဲ့သို့ပင် နေရောင်အောက်တွင် တောက်ပနေခဲ့တယ်။ သူမစိတ်ပျက်နေသော်လည်း နေရာလွတ်ထဲတွင် အမြုတေ ကိုဂရုတစိုက်သိမ်းဆည်းလိုက်သည်။
နေရာလွတ်အတွင်းတွင် အမြုတေ ကို သိမ်းဆည်းလိုက်သည့်အခိုက်၌ မထင်မှတ်ထားသောအရာတစ်ခုက သူမ မသိလိုက်ဘဲနဲ့ ဖြစ်ပျက်သွားခဲ့သည်။
သူမရဲ့နေရာလွတ် အတွင်းတွင် အပြာရောင်အမြုတေ က ရုတ်တရက် ဖုန်မှုန့်များအဖြစ်သို့ ပြိုကွဲသွားပြီး၊ ရေကန်ထံမှ စုပ်ယူခြင်းမခံရမီတွင် သိမ်းဆည်းထားသော စွမ်းအင်က လေထဲတွင်ခဏတာလွင့်ပျံသွား ယသေးသည်။
စွမ်းအင်များ ပျောက်ကွယ်သွားသည်နှင့် ကန်အောက်ခြေရှိ အပေါက်ကလည်း ရေများ တစ်ဟုန်ထိုး တိုးထွက်လာသည်။
ရေကန်က ကမ်းနားအထိ ပြည့်နေသော်လည်း ရပ်တန့်ရန် အရိပ်အမြွက်မျှမရှိဘဲ ရေများက ဆက်လက်စီးဆင်းနေပါတယ်။ ထူးဆန်းသည်မှာ လုံးဝကို မလျှံတက်ဘဲ ရေမျက်နှာပြင်က တည်ငြိမ်နေခဲ့တယ်။
နေရာလွတ်အပြင်ဘက်ရှိ ကျိူးလီဇီ သည် ဖုတ်ကောင်များရဲ့ ဦးနှောက်များကို စစ်ဆေးပြီးသည့်နောက်ဆုံးတွင်တော့ အကြည်ရောင် အမြုတေသုံးလုံးကို တွေ့ရှိခဲ့သည်။
သူမရဲ့ နဖူးမှ ချွေးများကို အပြုံးဖြင့် သုတ်လိုက်တယ်။ သူမ လှည့်ထွက်မသွားမီတွင် ဟောပြောပွဲခန်းမ အဆောက်အအုံကို ခဏလောက် ကြည့်လိုက်သေးတယ်။ မမျှော်လင့်ထားတဲ့အရာတွေဖြစ်မလာရင်တော့ ဒီလူတစ်စုဟာ တက္ကသိုလ်ကနေ တစ်ရက် ဒါမှမဟုတ် နှစ်ရက်အတွင်း ထွက်သွားနိုင်သင့်ပါတယ်။
တစ်ကိုယ်ကောင်းဆန်တဲ့ လူတစ်စုနဲ့အတူ စောင့်နေတာထက် တက္ကသိုလ်ဝင်ပေါက်နားက လုံခြုံတဲ့နေရာကို ရှာလိုက်တာက ပိုကောင်းပါတယ်။ သူမက ဖျားနေသေးပြီး နေပြန်ကောင်းလာရန်အတွက် အနားယူဖို့ လိုအပ်နေသေးတယ်။ သူ့အဖျားကို ဆက်ပြီးအချိန်ဆွဲနေရင်၊ အားနည်းနေပြီဖြစ်တဲ့ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို သူမ မသိပါဘူး။
မှန်ကန်စွာမှတ်မိပါက လုံခြုံရေးအစောင့်အတွက် အခန်းငယ်တစ်ခုရှိသည်။ ဧရိယာသေးငယ်သော်လည်း သံတံခါးနှင့် ပြတင်းပေါက်များပါရှိပြီး အခြားနေရာများထက် ပိုမိုလုံခြုံစေပါသည်။
စိတ်ဆုံးဖြတ်ပြီးနောက်တွင် ပင်မတံခါးဆီသို့ အမြန်ပြေးသွားခဲ့တယ်။
မိနစ်သုံးဆယ်အကြာတွင် သူမသည် အစောင့်စခန်းသို့ရောက်ရှိသွားပြီး အထဲမှာရှိနေတဲ့ ဖုတ်ကောင်တစ်ကောင်ကို တွေ့လိုက်ရတယ်။ ဖုတ်ကောင်က ပန်းတိုင်မဲ့လမ်းလျှောက်နေသော်လည်း သူမချဉ်းကပ်လာသောအခါတွင် ရုတ်တရက်လှည့်လာပြီး ပြတင်းပေါက်ဆီသို့ ပြေးလာခဲ့တယ်။
"ရားး" ပြတင်းပေါက် ကန့်လန့်ကာများမှတစ်ဆင့် ပုပ်နေသောလက်များကို သူမဆီသို့ လှမ်းရင်း ဟိန်းဟောက်သံထုတ်လာတယ်။
ဖုတ်ကောင်ရဲ့ချွန်ထက်သောသွားများနှင့် ပုပ်နေသောမျက်နှာကိုကြည့်ရင်း ကျိူးလီဇီ သည် သူမရဲ့နေရာမှ ဓားတစ်ချောင်းကို ထုတ်ယူလိုက်တယ်။ တံခါးကို ကြည့်လိုက်တော့ ပွင့်နေတာကို သတိထားမိတယ်။ ထိုအခြေအနေကြောင့် သူမသည် ဖုတ်ကောင်ကို အရှေ့တစ်ခေါက်ကကဲ့သို့ ပြန်တွန်းလှန်ရန် တံခါးကို အသုံးမပြုနိုင်တော့ပေ။
ခဏတာ တွေးပြီးနောက်မှာ အတွေးတစ်ခု ပေါ်လာခဲ့တယ်။
သူမက ဒီဘဝတွင်တော့ ရေများများထုတ်နိုင်သောကြောင့် ဖုတ်ကောင်များနှင့် ရင်ဆိုင်ရန် ရေဓားတစ်ချောင်းကို ဖန်တီးနိုင်လောက်ပါတယ်။ နောက်ဆုံးတွင် အရန်အမျိုးအစားစွမ်းရည်အသုံးပြုသူအတွက် ကန့်သတ်ချက်က အားနည်းသောစွမ်းရည်မဟုတ်သော်လည်း ရေအားထိန်းချုပ်နိုင်ရန်ကလည်း အကန့်အသတ်ရှိသည်။
စိတ်ဆုံးဖြတ်ပြီးနောက် သူမသည် လက်ဖဝါးပေါ်တွင် စွမ်းအင်ကို အာရုံစူးစိုက်ကာ လက်ကို ဝှေ့ယမ်းလိုက်တယ်။
တစ်စက္ကန့်မပြည့်မီတွင် အချင်း ၁၅ စင်တီမီတာခန့်ရှိသော လခြမ်းပုံသဏ္ဍာန်ရှိသော ရေဓါးတစ်ချောင်းက ဖုတ်ကောင်ဆီသို့ ပျံသန်းသွားခဲ့သည်။ ရေဓါးဟာ စက္ကူကဲ့သို့ ပါးလွှာပြီး ပြတင်းပေါက် ကန့်လန့်ကာများကြားမှ လျင်မြန်သော အရှိန်ဖြင့် ပျံသန်းသွားခဲ့သည်။
ရေဓားပြားက မည်မျှသေးငယ်ပြီး ပါးလွှာတာကို မြင်သောအခါ ကျိူးလီဇီ သည် သူမရဲ့နှလုံးသားထဲတွင် စိတ်ပျက်သွားခဲ့တယ်။
ယခင်ဘဝတုန်းက သူမရဲ့ရေဓါးသည် အချင်း 2 မီတာနှင့် အထူ 2 စင်တီမီတာကျော်ရှိခဲ့တယ်။ ဓါးတစ်ချောင်းဖြင့် ဖုတ်ကောင်အုပ်စုတစ်စုကို တစ်ချက်တည်း သတ်ပစ်နိုင်တယ်။ သူမရဲ့ လက်ရှိရေဓားနှင့် နှိုင်းယှဉ်ပါက အဆင့်က နောက်ကျလွန်းလှသည်။
သို့သော် သူမ သက်ပြင်းမချနိုင်မီတွင်ပဲ ရေဓါးက ဖုတ်ကောင်ရဲ့ဦးခေါင်းကိုဖြတ်၍ ကျယ်လောင်သောအသံဖြင့် နံရံကိုထိသွားသည်ကို သူမတွေ့လိုက်ရတယ်။
ခရက်
ကျိူးလီဇီ ရဲ့မျက်လုံးများသည် ဖုတ်ကောင်ရဲ့ခေါင်းကတစ်ခြမ်းကွဲသွားတာကိုတွေ့လိုက်ရသဖြင့် ထိတ်လန့်တကြားဖြင့်မျက်လုံးများပြူးကျယ်သွားခဲ့သည်။ သူမရဲ့ တိုက်ခိုက်မှုကြောင့် နံရံက နက်ရှိုင်းစွာ အက်ကွဲနေခဲ့တယ်။ ပို၍ အံ့သြစရာကောင်းသည်မှာ သူမ၏ ရေဓါးက ပုံသဏ္ဍာန်အတိုင်း တည်ရှိနေကာ နံရံအတွင်း၌ စိုက်နေပြီး ရေအဖြစ်သို့ မပြောင်းလဲသွားခြင်း ဖြစ်သည်။
နောက်တစ်စက္ကန့်မှာတော့ ဖုတ်ကောင်က မြေပြင်ပေါ်ကို လဲကျသွားတယ်။
သူမနှင့် ရေဓားကြားမှ စွမ်းအင်ချိတ်ဆက်မှုကို ခံစားလိုက်ရသဖြင့် သူမရဲ့နှလုံးခုန်နှုန်းကမြန်လာတယ်။ သူမလက်ကို လှမ်းကာဆွဲလိုက်သည်နှင့် ရေဓါးက သူမဆီသို့ ပျံလာပြီး သူမရဲ့ လက်ဖဝါးထက်ကို လွင့်ပျံလာတယ်။
သူမခန္ဓာကိုယ်ထဲသို့ စွမ်းအင်ကို ပြန်လည်စုပ်ယူလိုက်သောအခါတွင်တော့ ရေဓါးက ရေအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူစုပ်ယူလိုက်တဲ့ စွမ်းအင်ဟာ ရေဓါးကို ဖန်တီးပြီး ထိန်းချုပ်ရာမှာ သုံးတဲ့ 30% လောက်ရှိတယ်လို့ သူမ ခံစားရတယ်။
သူမလက်ကို ကြောင်ကြည့်ကာ "ဒီစွမ်းရည်ကို ဘယ်တုန်းကရခဲ့တာလဲ" ဟု ရေရွတ်လိုက်တယ်။
အခန်း- (၁၁)
ကျိူးလီဇီ က စိတ်ရှုပ်ထွေးနေမိပေမဲ့လည်း သူမ ပျော်ရွှင်နေပါတယ်။ တိုက်ခိုက်ရာတွင် အသုံးပြုသည့် စွမ်းအင်များကို ပြန်လည်စုပ်ယူနိုင်ခြင်းကြောင့် တိုက်ပွဲအတွင်း စွမ်းအင်ကုန်ဆုံးမှုကိုပိုမို သက်သာစေနိုင်တယ်။
တူညီတဲ့ ခွန်အားအဆင့်တွင်ရှိသော စွမ်းရည်အသုံးပြုသူ နှစ်ဦး တိုက်ခိုက်ကြသောအခါတွင် စွမ်းအင်ပိုရှိသောသူကသာ အောင်နိုင်သူဖြစ်လိမ့်မည်။ထို့ကြောင့် သူမရဲ့ စွမ်းအားကို ပြန်လည်စုပ်ယူနိုင်တဲ့အစွမ်းက သူမရဲ့ ဝှက်ဖဲဖြစ်လာလိမ့်မည်။
စိတ်တွေ တအား လှုပ်ရှားလာသည်နှင့်အမျှ သူမ တံခါးကိုဖွင့်ကာ လုံခြုံရေးအခန်းထဲသို့ ဝင်သွားသည် ။ မြေပြင်ပေါ်ရှိ စုတ်ပြဲနေသော အသားများ၊ အရိုးအစိပ်အပိုင်းများနှင့် သွေးခြောက်များကို ကြည့်ရင်း အစောင့်တစ်ဦးက ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးတဲ့နောက်မှာ ကျန်အစောင့်တစ်ဦးကတော့ အသက်ရှင်လျက်နဲ့ စားသောက်ခံလိုက်ရပြီးပြီဖြစ်ကြောင်းကို သူမက ခန့်မှန်းမိလိုက်တယ်။
သွေးရနံ့တွေက ပျံ့နှံ့နေတာကြောင့် ဒီနေရာမှာတော့ တစ်ညလုံး မအိပ်ချင်တော့ဘူး။ သက်ပြင်းချပြီး နောက်ပြန်လှည့်ကာ အခြားအစောင့်စခန်းဆီကို သွားကြည့်လိုက်တယ်။
လင်းအန် တက္ကသိုလ်မှာ အဓိကဝင်ပေါက်လေးခုရှိပြီး ဝင်ပေါက် တစ်ခုစီရဲ့ အနီးတွင် အစောင့်စခန်းတစ်ခုစီရှိတယ်။ ဒီတစ်ခုကို အသုံးမချနိုင်တဲ့အတွက် နောက်တစ်ခုထပ်ရှာဖို့ လိုတယ်။
ဖုတ်ကောင်အရေအတွက်ကများလွန်းတာကြောင့် လင်အန်း တက္ကသိုလ်အနောက်ဘက်ဝင်ပေါက်အနီးမှ အလွတ်ဖြစ်နေတဲ့ အစောင့်စခန်းတစ်ခုကို သူမ မတွေ့ရှိမီတွင် အချိန်အတော်ကြာယူခဲ့ရသေးတယ်။
အခန်းထဲဝင်လာပြီးတဲ့နောက် ပြတင်းပေါက်နှင့် တံခါးရှိအပေါက်များကို ပိတ်ရန် အတွင်းတွင်တွေ့ရှိရသော တိပ်ကို အသုံးမပြုမီ တံခါးနှင့် ပြတင်းပေါက်များကိုအရင်ဆုံး သော့ခတ်ခဲ့သည်။
အပြင်မှာရှိနေတဲ့ ဖုတ်ကောင်တွေက သာမန် ဖုတ်ကောင်တွေဆိုပေမယ့်လဲ ပိုသတိထားလိုက်တာက ပိုကောင်းပါတယ်။ အဆင့်တစ် ဖုတ်ကောင်တစ်ကောင်သာ အနီးနားတွင်ရှိ နေပြီး သူမရဲ့ရနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရပါက ဒုက္ခဖြစ်သွားလိမ့်မည်။
လိုအပ်တာအကုန် လုပ်ပြီးသွားတော့ ထောင့်စွန်းက ကုလားထိုင်မှာ ထိုင်ပြီး သူမရဲ့နေရာလွတ်က ပေါင်မုန့်တစ်တုံးကို ထုတ်ယူလိုက်တယ်။ မီနီမားကတ်မှ စုဆောင်းရရှိသော ဓာတ်သတ္တုရေကို သောက်မည့်အစား ပုလင်းအလွတ်တစ်လုံးကိုယူကာ ကန်ရေဖြင့် ဖြည့်လိုက်သည်။
သူမသည် အလွန်ရေငတ်နေသဖြင့် လည်ချောင်းမှာပူလောင်နေကာ ရေပုလင်းတစ်ဝက်ကို တစ်ကျိုက်ထဲနဲ့ပဲ့သောက်လို့ပြီးသွားသည်။ သက်ပြင်းတစ်ချက်ချရင်း လည်ချောင်းကိုထိကာ 'ထူးဆန်းတယ်၊ ဒီရေက အရင်ကထက် ဘာလို့အရသာပိုကောင်းလာတာလဲ' လို့ တွေးလိုက်မိတယ်။
ကျိူးလီဇီ က အကြောင်းရင်းကို မသိသော်လည်း ရေ ကို သောက်ပြီးနောက် ခန္ဓာကိုယ်က သက်သာလာခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ရှိ ပင်ပန်းနွမ်းနယ်မှုနှင့် နာကျင်ကိုက်ခဲမှုများကို လျော့ပါးစေရုံသာမက အဖျားလည်း သက်သာသွားပုံရသည်။ ရေထဲမှာရှိတဲ့စွမ်းအင်က အမြုတေထဲမှာ သိမ်းဆည်းထားတဲ့ စွမ်းအင်နဲ့ ဆင်တူတဲ့ ဖျတ်လတ်တဲ့ စွမ်းအင်ရှိတယ်လို့ သူမ ခံစားရတယ်။
သာမိုမီတာကို ထုတ်ကာ သူမရဲ့ကိုယ်အပူချိန်ကို စစ်ဆေးလိုက်တယ်။ အသံမြည်လာပြီးတဲ့နောက်တော့ သူမသည် ၃၇.၁ စင်တီဂရိတ် နံပါတ်ကိုတွေ့လိုက်တယ်။
'နောက်ဆုံးတော့ ငါ့ရဲ့အဖျားက သက်သာသွားပြီ'
စိတ်သက်သာရာရသွားသွာမို့ မုန့်တွေ စားပြီးသွားတော့ မျက်လုံးမှိတ်ပြီး ကျန်နေတဲ့ရေတဝက်ကို သောက်ပစ်လိုက်တယ်။
တစ်ချိန်တည်းမှာပင် လင်အန်း တက္ကသိုလ်မှ ဆယ်ကီလိုမီတာအကွာရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် စစ်သားတစ်စုက ဖုတ်ကောင်များကို တိုက်ခိုက်နေကြတယ်။
စစ်ဘက်ဆိုင်ရာ ဓားမြှောင်များ၊ ဓားများဖြင့် ဖုတ်ကောင်များကို သတ်သောကြောင့် သူတို့ရဲ့အဝတ်အစားများတွင် သွေးအနက်နှင့် အသားပုပ်များ စွန်းထင်းနေခဲ့သည်။
စစ်သားများက သံချပ်ကာယာဉ်များနှင့် စစ်ဘက်ဆိုင်ရာ ထရပ်ကားများဆီသို့ ကျော ပေးကာ စက်ဝိုင်းတဝက်ပုံစံဖြင့် ရပ်နေကြတယ်။ ယာဉ်ရဲ့တစ်ဖက်တစ်ချက်တွင်၊ စစ်သားဆယ်ယောက်မှ ဆယ့်ငါးယောက်အထိရှိတဲ့အုပ်စုများက ဝင်လာသည့်ဖုတ်ကောင်လှိုင်းများကို ဆန့်ကျင်တိုက်ခိုက် နေကြသည်။
ရဲဘော်များက သူ့တို့၏ နောက်ကျောကို ဖုံးကွယ်ထားခြင်းဖြင့် အရှေ့မှ ဖုတ်ကောင်များကို တိုက်ခိုက်ရာတွင် လုံးလုံးလျားလျား အာရုံစိုက်နိုင်ကြသည်။
ဖုတ်ကောင်များကို သူတို့တစ်နာရီနီးပါး သတ်ခဲ့ပြီးဖြစ်သော်လည်း ဖုတ်ကောင်အရေအတွက်က လုံးဝမလျော့သွားခဲ့ပါ။ ဓါးသွားများရဲ့တိုက်ခိုက်သံနှင့် ဖုတ်ကောင်များ အော်ဟစ်ဆူညံသံများက ဓာတ်ဆီဆိုင်ဆီသို့ နောက်ထပ်ဖုတ်ကောင်များလာရောက်စေဖို့ရန်ကို ပို၍ပင် ဆွဲခေါ်မိစေတယ်။
တံခါးဝမှ အခြေအနေကို မြင်လိုက်ရတော့ စစ်သားတစ်ယောက်က သူ့ဓားကို လွဲရမ်းလိုက်ကာ ဖုတ်ကောင်ရဲ့ခေါင်းကို ဖြတ်လိုက်ပြီး "ဗိုလ်ကြီး၊ နောက်ထပ် ဖုတ်ကောင်တွေ ထပ်လာတော့မယ်"
သူ့ပါးစပ်မှ ထိုစကားထွက်သွားသည်နှင့် တပြိုင်နက် နံစော်နေသော အနံ့အသက်က သူ့ရဲ့ ဘယ်ဘက်မှ ပေါ်လာတယ်။ ခေါင်းကို လှည့်ကြည့်လိုက်တော့ ပုပ်ပွနေတဲ့ မျက်နှာကို တွေ့လိုက်တယ်။ ဖုတ်ကောင်က ချွန်ထက်သောသွားများဖြင့် ပြည့်နှက်နေသော ပါးစပ်ကို ကျယ်ကျယ်ဖွင့်ဟကာ သူ့အား တည့်တည့်ကြီး ကိုက်ချလိုက်တယ်။
"ရားးး"
ဆိုးရွားသောအနံ့က သူ့ဝမ်းဗိုက်ကို တုန်ခါသွားစေသော်လည်း သူ့ခန္ဓာကိုယ်က အလိုလို တုံ့ပြန်သွားတယ်။ ဘေးသို့ စောင်းငဲ့ကာ သူသည် ဖုတ်ကောင်၏ ရင်ဘတ်ဆီသို့ အဝိုက် ကန်သွင်းလိုက်တယ်။
သူ့ရဲ့ကန်ချက်က ဖုတ်ကောင်ကို နောက်ပြန်ဆုတ်သွားစေပြီး အနောက်မှာရှိနေတဲ့ နောက်ထပ်ဖုတ်ကောင်နှစ်ကောင်ကိုပါ ထိသွားတယ်။ အကိုက်ခံရခြင်းမှ ရှောင်လွှဲ၍မရလိုက်ဘဲ သူ့ရဲ့တစ်ကိုယ်လုံးမှာ အေးစက်နေသော ချွေးများ ထွက်လာခဲ့တယ်။ ဒါပေမယ့် သူ အသက်ရှူမဝနိုင်ခင်မှာပဲ့ နောက်ထပ် ဖုတ်ကောင်ရဲ့ ချွန်ထက်တဲ့ လက်သည်းတွေက သူ့နောက်ကျောကို ခုတ်ချလိုက်ပါ တော့တယ်။
တိုက်ခိုက်မှုကို သူသိလိုက်ပြီး လှည့်ကြည့်လိုက်တော့ နောက်ကျသွားခဲ့ပြီ။ ရှည်လျားတဲ့ အနက်ရောင် လက်သည်းများက သူ့လည်ချောင်းနဲ့ လက်မခန့်သာဝေးတော့တယ်။ ကူကယ်ရာမဲ့သော အခိုက်အတန့်တွင် သူလုပ်နိုင်သမျှကတော့သူ့မျက်နှာမှ စိတ်ဓာတ်ကျမှုအရိပ်အယောင်များဖြင့် ဝင်လာသော တိုက်ခိုက်မှုကို စိုက်ကြည့်နေတာပဲ့။။
'မဟုတ်ဘူး- ငါမသေချင်ဘူး!' စိတ်ထဲကတွေး နေမိတယ်။
လက်သည်းများက လည်ချောင်းများဆီသို့ မရောက်လာမီ တစ်ခဏ တွင် ဓားမြှောင်တစ်စင်းက စူးရှသော အသံနှင့်အတူ သူ့ရဲ့ နားဘေးမှ ဖြတ်သွားကာ ဖုတ်ကောင်၏ နဖူးထဲသို့ နစ်မြုပ်သွားခဲ့သည်။
နဖူးမှ သွေးမည်းများ စီးကျလာတာနှင့် ဖုတ်ကောင်ကလည်း မြေပြင်ပေါ်သို့ ပြိုလဲကျသွားတယ်။
နောက်အခိုက်အတန့်တွင် သူ့တို့ရဲ့ဗိုလ်ကြီး၏ ရင်းနှီးသောအသံကို ကြားလိုက်ရတယ် "စိတ်မလှုပ်ရှားပါနဲ့" တဲ့။
စစ်သားကို ဖြတ်သွားစဉ်တွင်ပင် သူ့ဆီသို့ အားနဲ့ပြေးလာ နေသော ဖုတ်ကောင်တစ်ကောင်ကို ကန်ထုတ်ကာ သေဆုံးနေပြီးသော ဖုတ်ကောင်၏ ဦးခေါင်းခွံမှ ဓားမြှောင်ကို ဆွဲထုတ်လိုက်တယ်။
သူက ဓားရှည်နှင့် စစ်ဓားမြှောင်ကို လက်တစ်ဖက်စီတွင် ဆုပ်ကိုင်ရင်း ဓာတ်ဆီဆိုင်၏ အဝင်ပေါက်ဆီသို့ လှည့်ကြည့်လိုက်တယ်။ အပြင်မှ ဖုတ်ကောင်များက ဆက်တိုက်တိုးဝင်လာတာကို မြင်သောအခါ သူရဲ့ မျက်မှောင်ကြုတ်တာက ကြီးကပိုလို့အင်နက်နဲလာတယ်။
နေမဝင်မီတွင်တိုက်ပွဲကို အဆုံးသတ်ရန် လိုအပ်တယ် မဟုတ်လျှင်တော့ သူတို့၏ အခြေအနေက ပို၍ပင် အန္တရာယ်ရှိလာနိုင်တယ်။ မောပန်းနွမ်းနယ်နေသော လက်အောက်ငယ်သားများကို ကြည့်လိုက်ကာ "ဖွဲ့စည်းမှုကို ထိန်းထားပြီး မင်းတို့ကိုယ်တိုင်နဲ့ မင်းတ်ို့ရဲ့ ရဲဘော်တွေကို ကာကွယ်ပါ!"
"ဟုတ်ကဲ့ ဗိုလ်ကြီး!" စစ်သည်တွေကတော့ တညီတညွတ်တည်းသာ ပြန်ဖြေတယ်။
သူ့ စကားပြီးတာနဲ့ပဲ့ အဲဒီလူက သူ့ရဲ့ဓားမြှောင်ကို ဓားမြှောင်အိမ်တွင်စွပ်ပြီး ဒူးကိုကွေးလို အသာခုန်ကာ သူတို့ဆီ ပြေးဝင်လာတဲ့ ဖုတ်ကောင်အုပ်စုထဲကို တည့်တည့်ခုန်ဆင်းသွားလိုက်တယ်။
အခန်း-(၁၂)
ဗိုလ်ကြီးဖြစ်သူက ဖုတ်ကောင်အုပ်များထဲသို့ ခုန်ဆင်းသွားတာကို မြင်သောအခါ စစ်သားများ၏ မျက်လုံးများတွင် တုန်လှုပ်မှုအရိပ်အယောင်များဖြင့်ပြည့်သွားတယ်။ သူတို့လည်း အမြန်ဝင်ပြီး သွားကူညီချင်ပေမယ့် ဖုတ်ကောင်တွေရဲ့ တိုက်ခိုက်မှုအောက်မှာပဲ့ ရုန်းကန်နေကြရတယ်။
သူတို့က မောပန်းနွမ်းနယ်နေကြပြီး အခုအမြန်ပြေးဝင်သွားရင်တောင်မှ သူတို့ရဲ့ ဗိုလ်ကြီးအတွက်တော့ ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လာစေလိမ့်မယ်။
ဤသို့သော နားလည်သဘောပေါက်မှုနှင့်အတူ သူတို့ဗိုလ်ကြီးရဲ့လုံခြုံရေးအတွက်ပဲ့ ဆုတောင်းနေရင်းဖြင့် ဖုတ်ကောင်များကိုသာ ဆက်လက်သတ်နိုင်မည်ဖြစ်သည်။
သူ့အဖွဲ့သားများရဲ့ အတွေးတွေကို သတိမထားမိဘဲ အဲဒီလူဟာ ဖုတ်ကောင်ရဲ့ဦးခေါင်းပေါ် ရောက်သွားပြီး ဖုတ်ကောင်ရဲ့ ဦးခေါင်းခွံကို ဖြိုခွဲဖို့အတွက် လှုပ်ရှားမှုအင်အားနဲ့ သူ့ရဲ့ကိုယ်အလေးချိန်ကို အသုံးပြုခဲ့ပါတယ်။
"ဒုန်းး ခရက်"
ဖုတ်ကောင်၏ဦးခေါင်းက မြေပြင်သို့ထိသွားတာနှင့် ဦးခေါင်းခွံက ကွဲအက်သွားကာ သူ့ရဲ့အနက်ရောင်စစ်ဖိနပ်အောက်တွင် ပျော့ဖတ်တစ်ခုလို ကြေမွသွားခဲ့သည်။ နောက်အခိုက်အတန့်တွင်တော့ သူ့ရဲ့ဓားရှည်ကို ဓါးအိမ်ထံမှဆွဲထုတ်လိုက်ပြီး အလျားလိုက်အနေအထားဖြင့် အပြင်းအထန်ခုတ်ထစ်ကာ ဖုတ်ကောင်အများအပြားကို တစ်ချက်တည်းဖြင့် ခေါင်းဖြတ်သတ်ပစ်လိုက်တယ်။
သူ့ပတ်ဝန်းကျင်မှာ မည်းမှောင်နေတဲ့ သွေးတွေ စီးကျလာတော့မှ အခြေအနေကို အကဲဖြတ်လိုက်တယ်။ ဖုတ်ကောင်များက နေရာတိုင်းမှ ဝင်ရောက်လာခဲ့ပြီး အဆုံးသတ်သွားမဲ့ အရိပ်အယောင် လုံးဝကို မရှိပေ။
ပတ်ဝန်းကျင်မှ ဝင်လာသော ချွန်ထက်သော လက်သည်းများကို အာရုံခံလိုက်မိပြီး ကိုယ်ကိုဝပ်ချလိုက်ကာ ပတ်ပတ်လည်ရှိ ဖုတ်ကောင်များကို ခြေထောက်ဖြင့်တစ်ပတ်လည်လို့ကန်ကျောက်ကာ ဖုတ်ကောင်များစွာကို လှဲကျသွား စေလိုက်တယ်။
ဒုန်းး
ဖုတ်ကောင်များက နောက်ပြန်လှဲကျသွားကာ အနောက်မှာရှိနေတဲ့ နောက်ထပ် ဖုတ်ကောင်များကိုပါ ထပ်ဆင့်ဝင်တိုက်မိသွားကြတယ်။ အတိုက်ခံလိုက်ရသော အခြားဖုတ်ကောင်အုပ်စုတစ်စုကတော့ ရပ်တည်နေတဲ့အနေအထားကို ဆုံးရှုံးခဲ့ရပြီး ဒိုမီနိုများကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်တယ်။
ဖုတ်ကောင်များက ထရန် ရုန်းကန်နေချိန်တွင်တော့ ဖုတ်ကောင်များ၏ ခေါင်းများကိုဖြတ်ပစ်ရန် သူရဲ့ ဓားရှည်ဖြင့် လွှဲရမ်းပစ်လိုက်တယ်။ သူရဲ့ ဓားရှည်ကို လွှဲလိုက်တဲ့အခါတိုင်းမှာပဲ့ ခေါင်းများစွာ မြေပြင်ပေါ်သို့ လူးလိမ့်ကျလာတယ်။
ဖုတ်ကောင်အုပ်စုတစ်စုကို သတ်ပြီးနောက်မှာတော့ သူ ဂိတ်ပေါက်ဆီသို့ ရွှေ့သွားကာ လမ်းတစ်လျှောက်ရှိ ဖုတ်ကောင်များကို သတ်ပစ်လိုက်ပြန်တယ်။ သူရဲ့လှုပ်ရှားမှုတွေက သွက်လက်သလို သူ့ရဲ့တိုက်ခိုက်မှုတွေကလည်း ထက်မြက်ပြီး ထိရောက်တယ်။
သေဆုံးသွားတဲ့ဖုတ်ကောင်တွေ ပိုများလာသည်နှင့်အမျှ လေထဲရှိ သွေးရဲ့ရနံ့က ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များကို ရူးသွပ်စေပါတယ်။ သူတို့ ရဲ့ အာခေါင်တွင်းကနေဟိန်းဟောက်သံတွေက တစ်လျောက်လုံး ထွက်ပေါ်လာပြီး တိုးတိုးတိတ်တိတ် အော်ဟစ်ကာ တီးတိုး တီးတိုး ပြောနေကြတယ်။
သူရဲ့ဖိနပ်အောက်ရှိ မြေပြင်က သွေးပုပ်များအသားများဖြင့် ဖုံးလွှမ်းခံထားရသော်လည်း ဖုတ်ကောင်များမဟုတ်ဘဲ ကြက်များကိုသတ်နေသကဲ့သို့ပင် သူရဲ့ဓားရှည်ကို ဆက်လက် လွှဲရမ်းပစ်ခဲ့တယ်။ နောက်ဆုံးကြ ဝင်ပေါက်ကိုရောက်သွားတဲ့အခါမှာတော့ တံခါးကြီးကို အစွမ်းကုန်ဆွဲပြီး ပိတ်ဖို့ကြိုးစားလိုက်တယ်။
သူ တံခါးကိုပိတ်နိုင်လိုက်သရွေ့ သူနဲ့ သူ့စစ်သားတွေက အနားယူပြီး သူတို့ရဲ့ ခွန်အားကို ပြန်ယူနိုင်လိမ့်မယ်။
ကံမကောင်းစွာနဲ့ပဲ့ ဖုတ်ကောင်အရေအတွက်က အရမ်းများနေတယ်။ သူ တံခါးကိုလုံခြုံစွာမပိတ်နိုင်ခင်မှာပဲ့ ဖုတ်ကောင်နှစ်ကောင်က အပေါက်သေးသေးလေးကြားမှ ဝင်လာပြီး ဘေးတစ်ဖက်တစ်ချက်ဆီကနေ သူ့ကို တိုက်ခိုက်လာကြတယ်။
"ဂါးး ရားးး "
အန္တရာယ်ကို သတိထားလိုက်မိတာနဲ့ တံခါးကို ကိုင်ထားတဲ့ သူ့လက်ကို လွှတ်ချလိုက်တယ်။ သူရဲ့ ဓားရှည်ကိုတော့ သေစေလောက်သော အနေအထားတစ်ခုနေ လွှဲပစ်လိုက်သည်။ညာဘက်ခြမ်းရှိ ဖုတ်ကောင်ကို ခေါင်းဖြတ်တယ်- ထို့နောက် လှည့်လို့ သူ့ရဲ့ဘယ်ဘက်ရှိ ဖုတ်ကောင်ကို ပြင်းပြင်းထန်ထန် ကန်သွင်းလိုက်တယ်။
"ဒုန်းး ခရက်"
သူ့ရဲ့ ကန်ချက်ကပြင်းအားကြောင့် ဖုတ်ကောင်ဟာ မီတာများစွာအကွာကိုလွင့်ထွက်သွားခဲ့ပြီး အရိုးများကျိုးကျေ သွားသည့်အသံကိုပါ ကြားလိုက်ရတယ်။ တံခါးကို ဆွဲပိတ်လိုက်တယ်။
"ကလန်"
သူ တံခါးကို သော့ခတ်လိုက်တဲ့အချိန်မှာပဲ့ မရေမတွက်နိုင်လောက်အောင်များတဲ့ ပုပ်ပွပွ လက်တွေက သူ့ဆီရောက်လာဖို့ ကြိုးစားနေကြပြီး တံခါးဆီကို တိုးဝှေ့လာကြတယ်။
"ဂရားးး"
ဖုတ်ကောင်များက သတ္တုတံခါးကို တွန်းတိုက်လာကြပြီး သူတို့ရဲ့စိတ်အားထက်သန် နေသော ဟိန်းဟောက်သံများက ညမှောင်မှောင်တွင် ပဲ့တင်ထပ်သွားတယ်။ သူအသက်ရှုမဝနိုင်ခင်မှာပဲ့ သူ့အနောက်ကနေ ဖုတ်ကောင်တွေ ထပ်ရောက်လာတယ်။
"ဂါးး ခရားးး"
လေထဲသို့ခုန်ကာ ပြန်လှည့်လာစဉ်၌ ထိုလူ၏ မျက်လုံးများက အေးစက်မှုဖြင့် တောက်ပနေခဲ့တယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ့ သူ့ရဲ့ဓားရှည်ကို ခုတ်ချလိုက်ပြီး သူ့ရှေ့တွင်ရှိတဲ့ ဖုတ်ကောင်ကို တစ်ပိုင်းပိုင်းပစ်လိုက်တယ်။
သူက မကြောက်မရွံ့ တိုက်ခိုက်နေစဉ်တွင် စစ်သားများကတော့ ဝင်ပေါက်ကိုကြည့်ရင်း ဖုတ်ကောင်များကို သတ်ပစ်ခဲ့သည်။ သူတို့ရဲ့ ခေါင်းဆောင်ကို ဖုတ်ကောင်အုပ်စုတစ်စုက ဝန်းရံနေတာကို တွေ့လိုက်တဲ့အခါ သူတို့ရဲ့ မျက်လုံးတွေ နီရဲသွားခဲ့တယ်။
သူတို့ရဲ့ခေါင်းဆောင် သေသွားပြီလို့ထင်ပြီး စစ်သားတစ်ယောက်က အံကြိတ်ကာ "ညီအစ်ကိုတို့၊ ငါတို့ဗိုလ်ကြီးအတွက် လက်စားချေရမှာပေါ့ အားလုံးကိုသတ်ပစ်!"
စစ်သားများ၏ နှလုံးသားထဲတွင် ဒေါသနှင့် ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေကာ"သတ်ပစ်ပါ" ဟု တညီတညွတ်တည်း ကြွေးကြော်လိုက်ကြတယ်။
သူတို့ပတ်ဝန်းကျင်မှာက ဖုတ်ကောင်တွေ အများအပြားရှိတာကြောင့် သူတို့ရဲ့ တိုက်ပွဲဝင်အော်ဟစ်သံတွေဟာ "ဂရာယားး " ဖုတ်ကောင်တွေရဲ့ ဟိန်းဟောက်သံတွေကြားမှာ ပျောက်ကွယ်သွားခဲ့တယ်။
နေက မိုးကုပ်စက်ဝိုင်းအောက်မှာ ကျဆင်းလာသောအခါတွင် လနီကတော့ ကောင်းကင်ပေါ်သို့ တက်သွားခဲ့တယ်။ ဖုတ်ကောင်တွေပေါ် အနီရောင်တောက်ပနေတဲ့ လရောင်က ဖြာကျသွားတဲ့ အခိုက်အတန့်မှာတော့ ကြောက်စရာကောင်းတဲ့ အပြောင်းအလဲတစ်ခုက ဖြစ်သွားခဲ့ပါတယ်။
ဖုတ်ကောင်များ၏ လှုပ်ရှားမှုက အရှိန်မြန်လာပြီး တောင့်တင်းနေသော ခန္ဓာကိုယ်များက ပိုမို သွက်လက်လာကာ တုန်လှုပ်ခြောက်ခြားဖွယ် ဟိန်းဟောက်သံများကိုလည်း ဖုတ်ကောင်များကထုတ်လွှတ်လာကြတယ်။
စစ်သားတွေက ပင်ပန်းနွမ်းနယ်နေကြပြီး အရင်ကလို သတိမရှိတော့ဘူး။ ဆာလောင်မွတ်သိပ်မှုကြောင့် မူးဝေလာကာ အသက်ပြင်းပြင်းရှူရင်း နောက်သို့ ခြေတစ်လှမ်းစီဆုတ်သွားခဲ့တယ်။
ဓားကိုကိုင်ကာ မျက်လုံးကို ပင့်ကြည့်လိုက်တော့ သူ့အရှေ့တွင် သွေးတွေအပြည့်နဲ့ ပါးစပ်ကို တွေ့လိုက်ရတယ်။ ထိတ်လန့်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားကာ တိုက်ခိုက်မှုကို တားဆီးရန်အတွက် လက်တစ်ဖက်ကို အလိုလို မြှင့်လိုက်တယ်။
"ဂါးးး"
"အာ့"
ဖုတ်ကောင်ရဲ့ ချွန်ထက်သော သွားများက သူ့အသားထဲသို့ နစ်မြုပ်နေချိန်တွင်တော့ စစ်သားက နာကျင်စွာ အော်ဟစ်လိုက်တယ်။ အေးစက်သော ချွေးများက သူ့ကျောနှင့် နဖူးပေါ် ကို စီးကျနေတယ်။ သူ့သွားတွေကို တင်းတင်းစေ့ရင်း ခြေထောက်ကို မြှောက်ပြီး ဖုတ်ကောင်ကို ကန်ထုတ်လိုက်တယ်။
"ဒုတ်"
ဖုတ်ကောင်ရဲ့ကိုက်ခဲမှုကြောင့် သူ့လက်မောင်းမှာ နာကျင်မှုကို ခံစားရပြီး ဖုတ်ကောင်က သူ့အသားကို စားလိုက်တာကို တုန်လှုပ်စွာ ကြည့်နေခဲ့တယ်။ သွေးထွက်နေသောလက်မောင်းကို ဆုပ်ကိုင်ထားရင်း သူ့ရဲ့ ရဲဘော်များကို ကြည့်ကာ စိတ်ထဲထင့်သွားတယ်။