← Chapters

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အခန်း-(၁၃)

ဒဏ်ရာရသွားသော စစ်သားနှင့် မနီးမဝေးတွင် ရပ်နေတဲ့ အခြားစစ်သားက သူ့သူငယ်ချင်း၏ ဒဏ်ရာကို သတိပြုမိကာ " ပြန်ဆုတ်သွား"

သူ့သူငယ်ချင်းရဲ့ စကားကိုကြားတော့ ထိုစစ်သားက သူ့ကို လှည့်ကြည့်ပြီး ပြုံးပြတယ်။ " တောင်းပန်ပါတယ်"

သူစကားပြီးတာနဲ့ပဲ့ ဝင်လာတဲ့ဖုတ်ကောင်တွေဆီကို ပြေးဝင်သွားလိုက်တယ်။ သူ့လက်မှ သွေးများက ပိုပို စီးကျလာသည်နှင့်အမျှ ဖုတ်ကောင်များကလည်း ပိုမို ရူးသွပ်လာကြတယ်။ တောင့်တင်းသော လှုပ်ရှားမှုများကြားမှ လှည့်ကာ သူ့နောက်သို့ လိုက်လာကြတယ်

ဒါကိုမြင်တော့မှ ကျန်တဲ့စစ်သားတွေက သူတို့ရဲ့သူငယ်ချင်းက သူ့ကိုယ်သူ စတေးဖို့ ကြံစည်နေမှန်း သဘောပေါက်သွားတယ်။ သူတို့အနေနဲ့ တားလိုက်ချင်ပေမယ့်လည်း ဖုတ်ကောင်တွေကတော့ မဆုတ်မနစ် ဆက်လက် တိုက်ခိုက်လာနေတာကြောင့် သူ့ရဲ့နောက်ကို လိုက်သွားဖို့က မဖြစ်နိုင်တော့ပါဘူး။

ဒဏ်ရာရစစ်သားက နံရံဆီသို့ ပြေးတက်ကာ အပြင်သို့ ခုန်ဆင်းသွားခဲ့သည်။ ဖုတ်ကောင် အများစု စုဝေးရာလမ်းဆီသို့ သူဆက်ပြေးသွားလိုက်တယ်။

ကျိုးနေတဲ့ ဓားကို လွှင့်ပစ်လိုက်ပြီး သူ့အိတ်ကပ်ထဲက လက်ပစ်ဗုံးနှစ်လုံးကို ဆွဲထုတ်ကာ စနက်တံ တွေကို ဖြုတ်လိုက်ရင်း "ငါသေရင်တောင် မင်းတို့ကို ငါနဲ့အတူ ခေါ်သွားလိုက်မယ်" လို့ အော်ဟစ်လိုက်တယ်။

"ဘုန်းးး"

ကျယ်လောင်သော ပေါက်ကွဲသံက ဧရိယာတစ်လျှောက် ပဲ့တင်ထပ်သွားကာ ပေါက်ကွဲရာမှ မီးခိုးမှုန်များ ထွက်ပေါ်လာသည်။ ဓာတ်ဆီဆိုင်တွင် တိုက်ခိုက်နေကြသော စစ်သားများကတော့ သူတို့ရဲ့သူငယ်ချင်းဖြစ်သူ ကိုယ့်ကိုကိုယ်စတေးသွားတာကို ကူကယ်ရာမဲ့စွာပဲ့ ကြည့်ရှုနေခဲ့ရတယ်။

ဖုန်မှုန့်များက လေနှင့်အတူ လွှင့်ပြယ်သွားသောအခါတွင်မှ ပေါက်ကွဲပြီးလို့ကျန်တဲ့ခဲ့တဲ့ ၁၅ မီတာအတွင်းကြီး ပြီးတော့ ဖုတ်ကောင်များအားလုံးကိုလည်း သုတ်သင်ရှင်းလင်းသွားခဲ့တာကိုမြင်လိုက်ရတယ်။ လမ်းကတော့ ပျက်စီးသွားကာ နက်ရှိုင်းသော အပေါက်ကြီးတစ်ခုပဲ့ ကျန်ရစ်ခဲ့တော့သည်။

စစ်သားများမှာ ထိတ်လန့်တုန်လှုပ်သွားပြီး ဝင်လာသော ဖုတ်ကောင်များကို တိုက်ခိုက်ရန်သာ အာရုံပြန်စိုက်လိုက်ကြတယ်။ သံချပ်ကာယာဉ်ရဲ့ခေါင်မိုးပေါ်သို့ တိတ်တဆိတ်ခုန်ဆင်းသွားတဲ့ အရိပ်သေးသေးလေးကိုတော့ လူတိုင်းက သတိမထားမိလိုက်ကြဘူး။

ဖုတ်ကောင်ငယ်လေးက ကိုယ်ကိုနိမ့်ချကာ ဝပ်နေပြီး အနီရောင်တောက်ပနေသော မျက်လုံးများအား စစ်သားရဲ့ နောက်ကျောထံတွင် ကျောက်ချ ထားလိုက်တယ်။ နောက်တစက္ကန့်တွင်တော့ စစ်သားရဲ့နှလုံးသားကို သူ့ရဲ့ချွန်ထက်သော လက်သည်းများနဲ့ ချိန်ရွယ်ကာ ထိုးစိုက်လိုက်တယ်။

"ဂါးးး"

အနောက်မှဟိန်း‌ဟောက်သံကိုကြားတော့ စစ်သားက လှည့်ကြည့်လိုက်ရာ လျင်မြန်စွာလှုပ်ရှားနေသော ဖုတ်ကောင်ငယ်လေး၏ ပုပ်ပွနေသောမျက်နှာနှင့် မျက်နှာချင်းဆိုင်လိုက်မိတယ်။

သူ့ဦးနှောက်က မတုံ့ပြန်နိုင်ခင်မှာ သူ့ရဲ့စစ်သားဗီဇက ဝင်လာတယ်။ ခဏအတွင်းမှာပဲ့ တိုက်ခိုက်မှုကို တားဆီးဖို့အတွက် သူ့ဓားကို မြှောက်လိုက်တယ်။

"ကလန်"

တိုက်ခိုက်မှုမှ လက်သည်းနှင့်ဓါး တိုက်မိမှုကြောင့် လက်မောင်းများ ထုံကျဉ်လာကာ လူကိုပင်လွှင့်ထွက်သွားစေခဲ့သည်။ သူ မြေပြင်ကို ကျသွားတဲ့အချိန်မှာ ဖုတ်ကောင်အများအပြားကတော့ သူ့ကို ကိုက်စားဖို့ အဆင်သင့်ဖြစ်နေသလိုမျိူး သူတို့ရဲ့ လက်သည်းတွေ သွားတွေနဲ့အတူ စိတ်လှုပ်ရှားစွာသူ့ဆီကို ပြေးလာနေကြတယ်။

စက္ကန့်အနည်းငယ်ကြာသောအခါတွင်တော့ စစ်သားသည် နာကျင်စွာအော်ဟစ်ရင်းနဲ့ပဲ့သေဆုံးသွားခဲ့တယ်။ "အားးး"

ဒါကိုမြင်တော့ အနီးဆုံးကစစ်သားဟာ သူ့သေနတ်ကိုဆွဲပြီး ဖုတ်ကောင်တွေကို ပစ်လိုက်တယ်။

"ဒိုင်း ဒိုင်း ဒိုင်း"

ကျည်ဆန်များက ဖုတ်ကောင်များ၏ဦးခေါင်းများကို ထိမှန်ကာ ချက်ချင်းပင်သေဆုံးသွားစေခဲ့တယ်။ ဒါပေမယ့် ကျယ်လောင်တဲ့ သေနတ်သံက ဖုတ်ကောင်တွေကို ပိုလို့တောင် ဆွဲဆောင်ခဲ့တယ်။

စစ်သားက သူ့ရဲ့ ရဲဘော်ရဲ့ဘက်ရဲ့ အသားတွေဟာ စုတ်ပြဲသွားပြီး အရိုးတွေကျိူးကျေကာ သွေးတွေနဲ့ ဖုံးလွှမ်းနေတာကို တွေ့တော့ သူက အမြန်ပဲ့ပြေးသွားပြီး ကျန်တဲ့ ရဲဘော်တွေကိုလဲ ဆွဲခေါ်လာခဲ့တယ်။

စစ်သားများသည် ပြင်းထန်စွာ ဒဏ်ရာရနေသော ရဲဘော်ကို မြင်သောအခါ ထိတ်လန့်သွားကြပြီး သူတို့ရဲ့ရှေ့တွင်ရှိနေတဲ့ ဖုတ်ကောင်ငယ်လေးကို ပစ်ရန် သေနတ်များကို မြှောက်လိုက်တယ်။ သို့သော် သူတို့အနေနဲ့ သေနတ် ခလုတ်ကိုမဆွဲနိုင်မီတွင်ပဲ့ ဖုတ်ကောင်က အခြားစစ်သားတစ်ဦးကို တိုက်ခိုက်နေပြီဖြစ်သည်။

"ဂါးးးး"

လှုပ်ရှားမှုများက မြန်ဆန်လွန်းနေပြီး စစ်သားသည် တိုက်ခိုက်မှုကို တားဆီးရန် နေနေသာသာ တုံ့ပြန်ရန် အချိန်ပင် မရှိခဲ့ပေ။ နောက်အခိုက်အတန့်တွင် အနီရောင်မျက်လုံးတစ်စုံက သူ့အရှေ့တွင် ပေါ်လာကာ ပုပ်အက်နေသောအနံ့က သူ့နှာခေါင်းထဲကို တိုးဝင်လာခဲ့တယ်။

ဖုတ်ကောင်ရဲ့ ချွန်ထက်သော လက်သည်းများက သူ့အသားကို ထိုးဖောက်လိုက်သောအခါတွင်တော့ စစ်သားက ပါးစပ်မှ သွေးများကို ချောင်းဆိုးထုတ်လိုက်တယ်။ ငုံ့ကြည့်လိုက်တော့ ပုပ်ပွနေတဲ့ လက်က သူ့ခန္ဓာကိုယ်ထဲမှာ နစ်မြုပ်နေတာကို တွေ့လိုက်ရတယ်။ နာကျင်မှုက သူ့နှလုံးသားဆီအထိ ပျံ့နှံ့သွားပြီး ရှင်သန်နိုင်ရန်မရှိတော့ကြောင်း သူသိသည်။

သူရဲ့ နောက်ဆုံးခွန်အားဖြင့်ပင် သူသည် ဖုတ်ကောင်၏လက်ကို ဖမ်းကိုင်လိုက်ပြီး သတ်.. သတ်လိုက်"

အနီးနားရှိ စစ်သားများက သူ့စကားကိုကြားလိုက်သောအခါတွင် သူတို့ရဲ့သေနတ်များကို ဖုတ်ကောင်ငယ်လေးဆီသို့ ချက်ချင်းချိန်ရွယ်ကာ ခလုတ်ကို ဆွဲလိုက်ကြတယ်။

"ဒိုင်း ဒိုင်း ဒိုင်း"

ပစ်ခတ်မှုပေါင်းများစွာက ထွက်ပေါ်လာပြီး အားလုံးကလည်း ဖုတ်ကောင်ငယ်လေး၏ ဦးခေါင်းကိုသာ ပစ်မှတ်ထားကြသည်။ သတ်ပစ်နိုင်မည်ဟု ထင်ခဲ့ကြပြီး သူတို့ရဲ့ညီအကိုများရဲ့ စွန့်လွှတ်အနစ်နာခံမှုက အချည်းနှီးမဟုတ်ကြောင်းကိုသေချာစေချင်ကြတယ်။

မထင်မှတ်ထားစွာဖြင့် ကျည်ဆန်တွေဟာ ပစ်မှတ်ကိုမထိနိုင်ခင်မှာပဲ့ ဖုတ်ကောင်က သူ့ရဲ့လက်မောင်းကို စစ်သားရဲ့ရင်ဘတ်ကနေ ဆွဲထုတ်ပြီး လက်ထဲမှာ သွေးစွန်းနေတဲ့နှလုံးကို ဆုပ်ကိုင်ထားရင်း ခုန်ထွက်သွားတယ်။ သေနတ်ကျည်ကို ရှောင်တိမ်းလိုက်ရင်းနှင့် ပါးစပ်ဟလို့အနည်းငယ်ကိုက်ရုံမျှဖြင့်သာ ခုန်နေသော နှလုံးသားကို ကိုက်ပစ်လိုက်တယ်။

ဖုတ်ကောင်က နှလုံးကို ကိုက်စားနေတာကို မြင်လိုက်ရတော့ စစ်သားတွေ အံ့ဩသွားကြတယ်။

ဖုတ်ကောင်ငယ်လေးက ဆင်းသက်လာပြီးတာနဲ့ ခေါင်းကို မော့လိုက်ပြီး ရှည်လျားတဲ့ ကြက်သီးထစရာ ဟိန်းဟောက်သံ ထုတ်လိုက်တယ်။

"ဂါးးး ဂရားးး"

အခြားသော ဖုတ်ကောင်များရဲ့ ဟောက်သံများနှင့် မတူဘဲ ထိုအသံကတော့ စစ်သားများ၏ ကျောရိုးကို တုန်လှုပ်သွားစေခဲ့တယ်။

ဟောက်သံက ဧရိယာတစ်လျှောက် ပဲ့တင်ထပ်ပျံ့နှံ့သွားသည့်အခိုက်တွင် အခြားသော ဖုတ်ကောင်များသည်လဲ တိုက်ခိုက်ခြင်းကို ရုတ်တရက်ရပ်တန့်လိုက်ကာ စနစ်တကျဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ဒါကိုမြင်တော့ စစ်သားတွေ ထိတ်လန့်သွားကြပြီး ဖုတ်ကောင်ငယ်လေးကို ကြောက်လန့်တကြားဖြင့် ကြည့်နေကြတယ်။ အခြေအနေက ထူးဆန်းလွန်းတယ်—ဘာတွေဖြစ်နေလဲဆိုတာကို သူတို့ လုံးဝနားမလည်နိုင်ခဲ့ဘူး။

အထူးတပ်ဖွဲ့ဝင်များအဖြစ် သူ့တို့ရဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်မှုဖြင့်ပင် အမည်မသိအရာကို ကြောက်ရွံ့ခြင်းက သဘာဝလူ့ဗီဇဖြစ်သည်။ သူတို့လည်း ဒီလိုအခြေအနေမျိုး ကြုံလာရတဲ့အခါမှာတော့ ထိတ်လန့်တကြား ခံစားခဲ့ရတယ်။

သူတို့ရဲ့ ခန္ဓာကိုယ်တွေကတော့ တောင့်တင်းနေပြီး လှုပ်ရှားလို့မရတော့ဘဲ ဖြစ်သွားတယ်။ ဓာတ်ဆီဆိုင်ဂိတ်မှာ တိုက်ခိုက်နေတဲ့ အမျိုးသားက ဒီထူးခြားမှုကို သတိပြုမိလိုက်တယ်။

ဖုတ်ကောင်တွေက သူ့ကို စိုက်ကြည့်နေပြီး ဟိန်းဟောက်နေပေမယ့် မတိုက်ခိုက်တာကို မြင်တော့ သူ့မျက်လုံးတွေက သံသယတွေနဲ့ တဖျပ်ဖျပ်ခတ်သွားတယ်။ တဖက်က တိုက်ခိုက်နေတဲ့ သူ့လူတွေကို တွေးပြီး တတ်နိုင်သမျှ အမြန်ပြေးသွားလိုက်တယ်။

တစ်ချိန်တည်းမှာပင် ဖုတ်ကောင်ငယ်လေးကတော့ အနီရောင်မျက်လုံးများဖြင့် သူ့ရဲ့ရှေ့တွင်ရှိနေသောလူကို သားကောင်များအား စိုက်ကြည့်နေသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့ပြီး၊ ပါးစပ်မှ သွေးနီများဖြင့် ရောစပ်နေသော အမည်မသိအရည်များသည်လဲကျဆင်းနေကာ နိမ့်ပါးသော ဟိန်းဟောက်သံကရံဖန်ရံခါထွက်လာနေတယ် "ဂါးးး ဟားး"

ဖုတ်ကောင်ငယ်လေးရဲ့ အကြည့်အောက်မှာရှိတဲ့ စစ်သားတွေကတော့ သေခြင်းတရားက သူတို့အပေါ်မှာ ကျရောက်နေသလိုပဲ့လို့ ခံစားလိုက်ရတယ်။ သူတို့ရဲ့ကြောက်စိတ်တွေကနေ ပြန်ရုန်းမထနိုင်ခင်မှာပဲ့ ဖုတ်ကောင်ငယ်လေးဟာ သူတို့ရဲ့မြင်ကွင်းကနေ ရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်။

နောက်အခိုက်အတန့်မှာပဲ့ စစ်သားတစ်ယောက်က သူ့သူငယ်ချင်းရဲ့အနောက်မှာ ဖုတ်ကောင်ပြန်ပေါ်လာတာကိုမြင်လိုက်တယ်"သတိထားပါ"

အခန်း-(၁၄)

ဖုတ်ကောင်ရဲ့သွားများက သူ့ညီအကိုရဲ့လည်ပင်းတွင် နစ်မြုပ်နေပြီးဖြစ်တာကြောင့် သူရဲ့သတိပေးချက်က အလွန်နောက်ကျသွားခဲ့ပြီ။ စစ်သားရဲ့ အသားများ စုတ်ပြဲသွားသည်နှင့်အမျှ မျက်လုံးများလည်း တုန်လှုပ်သွားမှုဖြင့် ပြူးကျယ်လာခဲ့ကာ ပါးစပ်မှ သွေးများ ချောင်းဆိုးလာခဲ့တယ်။

"အဟွတ်"

အကိုက်ခံရတဲ့ စစ်သားမှာတော့ ပုပ်ပွနေတဲ့ လက်တစ်ဖက်က သူ့ရဲ့ဦးခေါင်းနောက်ကို ထိုးဖောက်သွားပြီးတဲ့နောက်တွင်ဆော့ ပြူးကျယ်နေတဲ့ သူ့ရဲ့မျက်လုံးပေါ်က အလင်းတန်းလေးတွေဟာ မှိန်လျော့သွားခဲ့ပြီး ဖုတ်ကောင်က ဘယ်လောက်ထိတောင် မြန်မြန် လှုပ်ရှားသွားခဲ့လဲဆိုတာကိုတောင် သူသိဖို့မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

သူတို့ရဲ့ ညီအကိုအား အရှင်လတ်လတ် စားသောက်နေတာကို မြင်တွေ့ရစဉ်၌ စစ်သားအချို့က ထိန်းမနိုင်သိမ်းမနိုင်ဖြစ်လာကာ အော့အန်ကြပြီး ကျန်သူများမှာ တော့ မျက်နှာဖြူဖျော့ဖျော့နှင့် ကြောက်လန့်တကြား မတ်တပ်ရပ်နေခဲ့ကြတယ်။

လူတိုင်းက ကြောက်လန့်မှုထဲ နစ်မြုပ်နေဆဲအချိန်မှာပဲ့ အရိပ်တစ်ခုက အရှိန်အဟုန်နဲ့သူတို့ကို ဖြတ်ကျော်သွားခဲ့တယ်။

"ကလန်"

သတ္တုများအချင်းချင်း ရိုက်ခတ်လိုက်တဲ့အသံက ဧရိယာတစ်လျှောက်မှာ ကျယ်လောင်စွာထွက်ပေါ်လာပြီး စစ်သားတွေအသိပြန်ဝင်လာချိန်မှာတော့ ဖုတ်ကောင်ရဲ့ လက်သည်းများပေါ်တွင် သူတို့ဗိုလ်ကြီးရဲ့ဓားရှည်က ရောက်နေတာကို တွေ့လိုက်ရတယ်။

"ဂါးးး ဂရားး!!"

ဖုတ်ကောင်ငယ်လေးကတော့ ဤသားကောင်က သူ့ရဲ့အစားစားတာကို အနှောင့်အယှက်ဖြစ်စေသောကြောင့် ဒေါသတကြီးဟောက်လိုက်သည်။ တစ်စက္ကန့်အကြာတွင်တော့ ဓားရှည်ကို ဖုတ်ကောင်ကတွန်းထုတ်ပြီး လှမ်းတိုက်ခိုက်လိုက်တယ်။

ဖုတ်ကောင်၏ သွားများကြားတွင် ညှပ်နေသော အသားစများနှင့် ပါးစပ်မှ စီးကျနေသော သွေးများကိုကြည့်ရင်း ထိုလူရဲ့မျက်လုံးများက အေးစက်ခက်ထန်လာခဲ့

ပြီး သူ့ခန္ဓာကိုယ်ကနေ ထူထဲသော လူသတ်ရန် ရည်ရွယ်ချက်များကို ထုတ်လွှတ်နေသည်။

ဖုတ်ကောင်က သူ့ဆီကို ပြေးဝင်လာတဲ့အခါတွင်တော့ သူ့ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ဖုတ်ကောင်ရဲ့တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်တယ်။

ဖုတ်ကောင်ကလည်း နောက်ပြန်လှည့်ကာ အဲဒီလူရဲ့ဦးခေါင်းအနောက်ဘက်တွင် သူ့ရဲ့လက်သည်းများကို ချိန်ရွယ်ထားလိုက်သည်။

နောက်အခိုက်အတန့်တွင်တော့ လက်တစ်ဖက်ကို အဓိကအသုံးပြုလို့ သူ့ခန္ဓာကိုယ်ကိုဝပ်ချကာ ဖုတ်ကောင်ရဲ့ဦးခေါင်းဘက်သို့ ပြင်းပြင်းထန်ထန် ကန်သွင်းခြင်းမပြုလုပ်မီတွင် ကိုယ်ကိုလှည့်လိုက်တယ်။

သက်ရောက်မှုကတော့ ဖုတ်ကောင်ကို လွှင့်ထွက်သွား စေခဲ့တယ်။

"ဘုန်း ခရက် "

ဖုတ်ကောင်ရဲ့ ကိုယ်ထည်က အက်ကွဲနေသော နံရံတစ်ခုထဲသို့ နစ်ဝင်သွားကာ ပတ်ပတ်လည်တွင်တော့ အပျက်အစီးရဲ့အပိုင်းအစများနှင့် ဖုန်မှုန့်များစွာကို ပေါ်ထွက်လာစေတယ်။ ဖုတ်ကောင်က နာကျင်မှုကို မခံစားနိုင်သော်လည်း သိသိသာသာပဲ့ စိတ်ဆိုးသွားခဲ့တယ်။

ဖုတ်ကောင်က လွတ်မြောက်ဖို့ ရုန်းကန်ခဲ့မယ့်လည်း နစ်ဝင်နေတဲ့ နေရံဆီကနေ မထွက်လာနိုင်ခင်မှာပဲ့ အဲဒီလူဟာ ဖုတ်ကောင်ရဲ့အရှေ့မှာ ပေါ်လာခဲ့ပြီး ဓားရှည်ကိုလဲ ခပ်မြင့်မြင့်မြှောက် ထားလိုက် တယ်။

အန္တရာယ်ကို ခံစားသိရှိလိုက်သဖြင့် ဖုတ်ကောင်က သူ့ရဲ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ လေဓားတစ်ခုကို အဲဒီလူဆီသို့ ပစ်ခတ်လိုက်တယ်။

"ဂါးးးး"

ထိုလူ ရှောင်တိမ်းရန်အတွက် အချိန်ကနှောင်းသွားခဲ့ပြီး ဝင်လာသောတိုက်ခိုက်မှုကို သူရဲ့ဓားရှည်နှင့် လွှဲလို့ကာရုံမှလွဲကာ ရွေးချယ်စရာမရှိတော့ ပေ။

"ဘုန်းးး"

သူ့ရဲ့ဓားရှည်နဲ့ လေဓါးတိုက်မိလိုက်တဲ့အခါတွင် တွန်းကန်အားအရှိန်တစ်ခုဖြစ်လာစေခဲ့ပြီး သူ့ကို နောက်ပြန်ကန်ကာ မြေပြင်ပေါ် ကိုပြုတ်ကြသွားစေတယ်။

ဖုတ်ကောင်ကနောက်ထပ်လေဓါးကို ပြင်ဆင်နေတာကို မြင်တော့ စစ်သားတစ်ယောက်က "ဗိုလ်ကြီး သတိထားပါ!"

ထိုသတိပေးချက်ကို ကြားလိုက်သည်နှင့် ထိုလူက ချက်ချင်းကိုပဲ့ ဘေးဘက်သို့ လှည့်ကာ တိုက်ခိုက်မှုကို ရှောင်လွှဲလိုက်တယ်။

"ဘုန်းး"

လေဓားက မြေပြင်ကို ထိမှန်သွားကာ ရှည်လျားပြီး နက်ရှိုင်းတဲ့ တွင်းတစ်ခု ကျန်ရစ်စေခဲ့တယ်။

ထိုလူ မတ်တပ်ရပ်လိုက်သောအခါတွင်မူ ဖုတ်ကောင်ငယ်လေးက မျက်စိတမှိတ်အတွင်းပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ခဏအကြာတွင်တော့ သူ့ရဲ့ဘယ်ဘက်ခြမ်းမှ ပြင်းထန်သော လေပြင်းတစ်ချက်ကို ခံစားလိုက်မိပြီးနောက် သူဓားရှည်ကို အလိုလိုအသိဖြင့်မြှောက်လိုက်တယ်။

"ကလန်"

ဖုတ်ကောင်ရဲ့ လက်သည်းများက သူ့ဓားနှင့်ထိသွားကာ ဖုတ်ကောင်ဟာ ဒေါသတကြီးအော်ဟစ်လိုက်တယ်။ "ဂါးးး"

ထိုလူ၏ခန္ဓာကိုယ်ပေါ်တွင် ပင်ပန်းနွမ်းနယ်နေမှုအရိပ်အယောင်ကပေါ်လွင်နေသော်လည်း "ဒါကို ပြီးအောင်လုပ်ဖို့ အချိန်တန်ပြီ" ဟုပြောကာ သူရဲ့အကြည့်များကလည်း လေးနက်သွားခဲ့တယ်။

သူစကားဆုံးသွားတာနဲ့ သူ့လက်ချောင်းများ ကို ပွတ်သပ်လိုက်ပြီးတဲ့နောက်မှာပေါ်လာတဲ့ အနက်ရောင်မီးတောက်လေးကို သူ့လက်ဖဝါးဆီကနေ ဖုတ်ကောင်ရဲ့ရင်ဘတ်ဆီကို ပစ်လွှတ်လိုက်တယ်။

မီးတောက်က ပုပ်နေသော ခန္ဓာကိုယ်ကို ထိလိုက်သည့်အခိုက်တွင် ဓါတ်ဆီထဲတွင် လောင်စာ ထည့်လိုက်သကဲ့သို့ လောင်ကျွမ်းသွားခဲ့တယ်။ ဖုတ်ကောင်ရဲ့အနီရောင်မျက်လုံးများက အန္တရာယ်ကို သတိပြုမိသောအခါ အကြည့်များပြောင်းလဲသွား ခဲ့သည်။

ထွက်ပြေးဖို့ ကြိုးစားနေတာကို သတိပြုမိပြီး အဲဒီလူကလည်း သူ့ရဲ့ဓားရှည်ဖြင့် ဖုတ်ကောင်ရဲ့ဦးခေါင်းကို ထောင့်ဖြတ်ခုတ်ချလိုက်တယ်။ တစ်စက္ကန့်အကြာတွင်တော့ ဖုတ်ကောင်ရဲ့ဦးခေါင်းကစောင်းကျသွားပြီး အသံများနှင့်အတူ ဖုတ်ကောင်ရဲ့ခန္ဓာကိုယ်ကလည်းမြေပြင်ပေါ်သို့ လဲကျသွားပြီး ချက်ချင်းပင်အမှုန်များကဲ့သို့ပြိုကျသွားခဲ့သည်။

"ဂါးးး"

ဖုတ်ကောင်ငယ်လေး သေဆုံးသွားပြီးတာနဲ့ ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်တွေက တကောင် ပြီး တကောင် စစ်သားတွေကို အော်ဟစ်လိုက်ကြတယ်။

ဖုတ်ကောင်ငယ်လေးရဲ့ ဖိနှိပ်ချုပ်ချယ်မှုကမရှိတော့ဘူးဆိုတာနဲ့ စစ်သားများလည်း သူတို့ရဲ့ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဖုတ်ကောင်အုပ်စုဆီသို့ သေနတ်များကို ချိန်ရွယ်ထားလိုက်တယ်။

သေနတ်ဖြင့်ပစ်ခတ်ခြင်းကဖုတ်ကောင်များကို ပိုမိုဆွဲဆောင်နိုင်ပြီး ဓာတ်ငွေ့စက်များကို ထိပါက အန္တရာယ်ရှိသော်လည်း စစ်သားများသည် မောပန်းနေပြီး အခြားရွေးချယ်စရာမရှိပေ။ ပြန်မတိုက်ရင် သေမှာပဲ့။

"ဒိုင်း ဒိုင်း ဒိုင်း"

စစ်သားတွေက သူတို့ရဲ့ သေနတ်တွေကို ဆက်လက် ပစ်ခတ်နေချိန်မှာတော့ အဲဒီလူရဲ့ မျက်နှာဟာ ဖြူဖျော့သွားခဲ့ပါတယ်။ သူရဲ့မီးစွမ်းရည်ကို အသုံးပြုလိုက်တာက ပင်ပန်းနွမ်းနယ်နေပြီးသော ခန္ဓာကိုယ်ပေါ်တွင် လေးလံသောဝန်ထုပ်ဝန်ပိုးကို ချထားလိုသလိုပင်ဖြစ်သွားတယ်။ အသက်ပြင်းပြင်းရှူရင်း သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။

သူ့မျက်စိကို တစ်နေရာသို့ ဝေ့ကြည့်လိုက်တော့ အနီရောင် လရောင်အောက်မှာ ကြည်လင်တောက်ပနေတဲ့အရာတစ်ခုကို သတိပြုမိလိုက်တယ်။ အောက်ကိုငုံ့ကြည့်လိုက်ပြီး ဖောက်ထွင်းမြင်နေရတဲ့ သလင်းကျောက်ကို ကောက်ယူကာ ပုပ်နေတဲ့ ဦးနှောက်နဲ့ သွေးမည်းတွေကို သန့်စင်ဖို့ အကြိမ်အနည်းငယ် သုတ်ပစ်လိုက်တယ်။ သန့်ရှင်းသွားသောအခါတွင် ငွေရောင်မျဉ်းနှစ်ကြောင်းက သလင်းကျောက်ရဲ့မျက်နှာပြင်အနှံ့မှာ ပြေးလွှားနေသည်ကို တွေ့လိုက်ရတယ်။

ပုံမှန်ပြန်မဖြစ်နိုင်ခင်မှာ သူ့မျက်လုံးတွေကိုခဏလောက် မှိတ်ထားလိုက်တယ်။ သူ့ရဲ့ ဓားရှည်ကို ဓားအိတ်ထဲကိုမထည့်လိုက်မီတွင် သူ့အိတ်ကပ်ထဲသို့ သလင်းကျောက်ကိုထည့်လိုက်တယ်။ ထို့နောက် မဆိုင်းမတွဘဲ သူ့လူများဆီသို့ ပြေးသွားကာသေနတ်ကိုဆွဲလို့ ပစ်ခတ်လိုက်တယ်။

"ဒိုင်း ဒိုင်း ဒိုင်း"

ဖုတ်ကောင်များကို တိုက်ခိုက်နေခြင်းက နောက်ဆုံးသော ဖုတ်ကောင်ကို အဆုံးမသတ်နိုင်မီအထိဆိုရင် နောက်ထပ်တစ်နာရီကြာအောင် အချိန်ကြာမြင့်ခဲ့တယ်။

တံခါးအပြင်ဘက်တွင်တော့ ဖုတ်ကောင်များရဲ့ဟိန်းဟောက်သံက တစ်ညလုံး ပဲ့တင်ထပ်‌နေကာ တံခါးကို တွန်းတိုက်နေသည့်အသံများလည်း ထွက်ပေါ်လာ‌နေသော်လည်း မည်သူမျှ စကားမပြောကြပေ။

အနီရောင် လရောင်အောက်မှာ ရပ်နေတဲ့ စစ်သားတွေဟာ ရှင်ခြင်းနဲ့သေခြင်း တိုက်ပွဲကနေ လွတ်မြောက်လာတဲ့အတွက် ပျော်ရွှင်မှု ဒါမှမဟုတ် သက်သာရာရမှုကို သူတို့တစိုးတစိမျှမရရှိခဲ့ပါဘူး။ အဲဒီအစား သူတို့ရဲ့ ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေကို ဆုံးရှုံးရမှုအတွက် ဝမ်းနည်းမှုတွေ ဖုံးလွှမ်းနေခဲ့တယ်။

ကျင်းရွှီယန်း လက်သီးတွေကို တင်းတင်းဆုပ်လိုက်ပြီး "ဒဏ်ရာရတဲ့သူတိုင်း ရှေ့ကို တက်လာပါ" လို့ပြောလိုက်တယ်။

အမိန့်အရ စစ်သည်ရှစ်ဦးသည် ရှေ့သို့ တိုးလာကာ သူတို့ရဲ့ ခန္ဓာကိုယ်တွင်တော့ ဒဏ်ရာများဖြင့်ပြည့်နှက်နေပြီး အ၀တ်အစားများလဲစုတ်ပြဲ ပေပွနေကာ သွေးမည်းများ ဖုံးလွှမ်းနေသည့်ကြားမှပင် သူတို့ရဲ့ အကြည့်များက တည်ငြိမ်နေလေသည်။

အရပ်ရှည်ရှည်နဲ့ မတ်တပ်ရပ်နေတဲ့ စစ်သားတစ်ယောက်က ရှေ့ကို နောက်တလှမ်း လှမ်းလိုက်တယ်။ သူက ကျင်းရွှီယန်း ကို ပြုံးပြုံးလေးကြည့်လိုက်ပြီး "ဗိုလ်ကြီး၊ ကျွန်တော်က တိုက်ပွဲမှာ မဟုတ်ဘဲနဲ့ မသေချင်ဘူး။ ကျေးဇူးပြုပြီး အပြင်ထွက်ပြီး ဖုတ်ကောင်တွေကို သတ်နိုင်သလောက် သတ်ခွင့်ပြုပါ။ ကျွန်တော်မထိန်းနိုင်တော့ရင်တော့ ကိုယ့်အသက်ကို သတ်သေလိုက်ပါ့မယ်"

"ဗိုလ်ကြီး၊ ကျွန်တော်လည်း တိုက်ချင်တယ်" ဟု အခြားသော စစ်သားကလဲ ဆက်ပြောတယ်။

ကျန်တဲ့ ဒဏ်ရာရ စစ်သားတွေရောပဲ့ တယောက်ပြီး တယောက် အပြင်ထွက်ကာ သေတဲ့အထိ တိုက်ခိုက်ရဖို့ တောင်းဆိုကြတယ်။

နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်နေသည့် ဒဏ်ရာရရဲဘော်များကို ကြည့်ရင်း ကျန်စစ်သားများသည် အသံတိတ်မျက်ရည်များက ပါးပြင်ပေါ်မှလိမ့်ဆင်းလာသဖြင့် ခေါင်းငုံ့ထားလိုက်ကြသည်။

အခန်း-(၁၅)

ကျင်းရွှီယန်းက မနှောင့်ယှက်ဘဲ သူတို့ရဲ့စကားကိုပဲ့ နားထောင်‌နေတယ် ။ သူတို့အားလုံးက စကားပြောလို့ပြီးသွားမှသာ သူစကားစလိုက်တယ် "ဖုတ်ကောင်တွေကြောင့်ရတဲ့ ဒဏ်ရာကြောင့် မင်းတို့လည်းဖုတ်‌ကောင်အဖြစ်ကိုပြောင်းလဲသွားလိမ့်မယ်လို့ အမြဲတမ်း မဆိုလိုပါဘူး။ မင်းတို့ရဲ့ စွမ်းရည်ကို နိုးထလာနိုင်တဲ့ အခွင့်အလမ်းတစ်ခုလည်း ရှိတယ်"

သူပြောပြီးတာနဲ့ သူ့လက်ဖဝါးကိုဖွင့်လိုက်ပြီး ချက်ခြင်းမှာပဲ့အနက်ရောင်မီးတောက်လေးတစ်ခုက သူ့လက်ဖဝါးအထက်မှာ လောင်ကျွမ်း နေခဲ့တယ်။

ထိတ်လန့်တကြားဖြင့် စစ်သားများရဲ့ မျက်လုံးများက ပြူးကျယ်သွားကြသည်။ ပင်ပန်းနွမ်းနယ်မှုကြောင့် မျက်စိကလှည့်စားသလားဟုပင် အချို့က တွေးထင်ကြတယ်။

ကျင်းရွှီယန်း က သူ့လက်သီးကို တင်းတင်းဆုပ်လို့ မီးတောက်ကို ငြိမ်းသတ်လိုက်ပြီး "အရင်တစ်ခါ ဒဏ်ရာရတုန်းက အဖျားကြီးခဲ့တယ်။ ဒါပေမယ့် နိုးလာတဲ့အခါမှာတော့ မီးကို ဆင့်ခေါ်နိုင်စွမ်းရှိလာခဲ့တယ်"

ဒဏ်ရာရစစ်သည်တစ်ဦးက "ဗိုလ်ကြီး၊ ငါတို့မှာ မျှော်လင့်ချက် တကယ်ရှိတာလား" လို့ မမေးခင်မှာ တုံ့ဆိုင်းသွားခဲ့သေးတယ်။

ကျင်းရွှီယန်း က ခေါင်းညိတ်ပြီး ပြန်ပြောတယ် "အကိုက်ခံရပြီး နှစ်နာရီအတွင်း ဗီဇပြောင်းလဲသွားသူတွေက များသောအားဖြင့်တော့ လက္ခဏာ‌တွေ ပြတာကို ငါ သတိပြုမိတယ်။ တကယ်လို့ ငါသတိပြုမိတာကသာ မမှားခဲ့ရင် ဖုတ်ကောင်ဖြစ်မဲ့ အစား စွမ်းရည်ကို နိုးထလာဖို့ အခွင့်အလမ်း တစ်ခုရှိတယ်။ အခုအချိန်ထိတော့ ငါသိတဲ့ တစ်ခုတည်းသော လက္ခဏာက အဖျားကြီးတာပဲ့"

"နောက်နှစ်နာရီကြာတဲ့အထိ မင်းတို့ကို ရဲဘော် ငါးယောက်က ဝိုင်းပြီး စောင့်ကြပ်ပေးလိမ့်မယ်။ မင်းတို့ထဲက တစ်ယောက်ယောက်ကသာ ဖုတ်ကောင်ဖြစ်သွားတဲ့ လက္ခဏာတွေ ပြလာခဲ့ရင်တော့ ငါကိုယ်တိုင် အဆုံးသတ်ပေးမယ်"

"ဒါပေမယ့် နောက်ဆုံးစက္ကန့်အထိတော့ မင်းတို့အရှုံးမပေးသင့်ဘူး၊ မင်းတို့ကိုယ်တိုင်ကိုယ်ကျလည်း စွန့်လွှတ်ခွင့်မပေးဘူး။ ဒါက အမိန့်တစ်ခုပဲ့" သူက ပြင်းပြင်းထန်ထန် ပြောတယ်။

စစ်သည်များရဲ့ စိတ်ဓာတ်က တဖြည်းဖြည်း မြင့်တက်လာသည်နှင့် တပြိုင်နက် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတယ်။ မျှော်လင့်ချက်ရှိနေသရွေ့ စိတ်ဓာတ်ကျ အညံ့ခံဖို့ကို အားလုံးက ငြင်းဆန်ကြတယ်။

သူတို့ရဲ့ မျက်လုံးများတွင် အသစ်ဝင်‌ရောက် လာတဲ့ ခိုင်မာသည့် ဆုံးဖြတ်ချက်ကို မြင်လျှင် ကျင်းရွှီယန်း က ခေါင်းညိတ်ပြီး " ကျန်းယွမ် သူတို့ကို ကြိုးနဲ့ချည်ပြီး လူငါးယောက်ကို စောင့်ကြည့်ဖို့ တာဝန်ပေးလိုက် ကျန်တဲ့သူတွေက ဆယ်မိနစ်လောက် အနားယူပြီးတာနဲ့ ဧရိယာကို သန့်ရှင်းရေးလုပ်ပါ"

"ဟုတ်ကဲ့ ဗိုလ်ကြီး"

သူ့အမိန့်ထုတ်ပြီးတဲ့နောက် ကျင်းရွှီယန်း လှည့်ထွက်သွားကာ အနီးရှိ မီနီမားကတ်ဆီသို့ လျှောက်သွားလိုက်တယ်။ တံခါးကို တွန်းမဖွင့်ခင်မှာ သူ့ဓားရှည်ကိုအရင်ဆွဲထုတ်လိုက်တယ်။

တံခါးကိုဖွင့်လိုက်တာနဲ့ ဖုတ်ကောင်တစ်ကောင်က သူ့ကို လှမ်းကြည့်တယ်။

ဖုတ်ကောင်ရဲ့ ချွန်ထက်သော လက်သည်းများက သူ့ခန္ဓာကိုယ်ကို မထိနိုင်မီတွင် သန့်ရှင်းသပ်ရပ်သော ဓားရှည်ဖြင့်ခုတ်ပစ်လိုက်တယ်။ တစ်စက္ကန့်အကြာတွင် ဖုတ်ကောင်ရဲ့ဦးခေါင်းက မြေပြင်ပေါ်သို့ လှိမ့်ဆင်းသွားပြီး ဖုတ်ကောင်ရဲ့ခန္ဓာကိုယ်သည်လဲ ပြိုကျသွားခဲ့တယ်။

ကျင်းရွှီယန်း က ဖုတ်ကောင်ကို သတ်ပြီးတဲ့နောက်တော့ သူ့အိတ်ကပ်ထဲမှ ဓာတ်မီးကို ဆွဲထုတ်ကာ အမှောင်ခန်းကို လင်းထိန်သွားစေခဲ့သည်။

သူလမ်းလျှောက်လာစဉ်တွင် ဖုန်မှုန့်များနဲ့ ကြမ်းပြင်ပေါ်၌ရှိတဲ့ တစ်ခုတည်းသောခြေရာများက ရှုပ်ပွနေပြီး သတ်ထားသော ဖုတ်ကောင်များကို ဆွဲယူသွားသည်အရာများဖြစ်တာကို သတိပြုမိလိုက်တယ်။

ဆိုင်အရှေ့ကို စစ်ဆေးပြီးသည်နှင့် ကောင်တာဘက်သို့ ရွှေ့လိုက်တော့ တံခါးနောက်ကွယ်မှ နောက်ထပ်တံခါးတစ်ခုကို တွေ့လိုက်ရသည်။ ဒီတစ်ခါမှာတော့ သူသတိထားလို့ ချဉ်းကပ်ကာ အသံကို နားထောင်ဖို့ တံခါးရွက်ဆီ နားကို ဖိကပ်လိုက်တယ်။

ငါးမိနစ်လောက်စောင့်ပြီးနောက် အထဲမှာ ဘာသံမှ မကြားရဘူးဆိုမှ တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွားခဲ့သည်။

သူ့ဓာတ်မီးရဲ့အလင်းတန်းက အခန်းတစ်ဝိုက်ကို လွှမ်းခြုံသွားပြီး မမျှော်လင့်ထားတဲ့အရာတစ်ခုကို ဖော်ထုတ်လိုက်မိတယ်။ အခန်းက တကယ်တော့ ဂိုဒေါင်ပါ။ ၁၀၀ စတုရန်းမီတာခန့်သာ ကျယ်ဝန်းသော်လည်း အတွင်းတွင် အမျိူးစုံတဲ့ပစ္စည်းများ ပေါများပြီး အမျိုးမျိုးရှိသည်။

ဤရိက္ခာပမာဏဖြင့်ဆို သူရဲ့အဖွဲ့ကို အနည်းဆုံး သုံးလကြာအောင် ထောက်ပံ့နိုင်တယ်။

အရာအားလုံးကို သယ်ယူဖို့နည်းကို သူစဉ်းစားနေစဉ်တွင် အာကာသ သိုလှောင်နိုင်စွမ်းရှိသူ တစ်ဦးတစ်ယောက်ရှိလျှင် မည်မျှ အသုံးဝင်မည်ဆိုတာကိုတောင် တွေးလိုက်မိသေးတယ်။

သို့သော် ယခုလိုရှုပ်ထွေးသောအချိန်များတွင် ဖြစ်လာမဲ့လူ့သဘောသဘာဝကို သတိရသွားကာ သူ့နှုတ်ခမ်းတွင် လှောင်ပြောင်မှုတစ်ခု ပေါ်လာသည်။ အဲဒီလို အစွမ်းအစရှိတဲ့ သူတစ်ယောက်ကို တွေ့ရင်တောင်မှ သူတို့ရဲ့ ရိက္ခာအားလုံးကိုတော့ အဲဒီလူကို အပ်လိုက်မှာမဟုတ်ဘူး။

အဖြေက သိသာပါတယ်။

ထိုအတွေးကို သူမေ့ပစ်လိုက်ပြီး ဂိုဒေါင်ရဲ့ ထောင့်တိုင်းကို စစ်ဆေးကြည့်လိုက်သည်။ အထဲမှာ ဖုတ်ကောင်မရှိကြောင်း သေချာပြီးတဲ့နောက်မှသာ သူ စတိုးဆိုင်ဆီက ပြန်ထွက်လာခဲ့တယ်။

အပြင်ကို လှမ်းကြည့်လိုက်တော့ စစ်သားတစ်ယောက်က ပြေးလာပြီး "ဗိုလ်ကြီး၊ ဓါတ်ဆီအပြည့်ထည့်ထားတဲ့ ဆီတိုင်ကီဆယ်လုံးကို တွေ့တယ်" လို့ သတင်းပို့လာတယ်။

ကျင်းရွှီယန်း ခေါင်းညိတ်လိုက်ပြီး " ထရပ်ကားနဲ့ ဂျစ်ကား‌ တွေကိုဆီဖြည့်ပြီး ဆီတိုင်ကီတွေကို ထရပ်ကားပေါ်တင်လိုက် မားကတ်ရဲ့ အထဲမှာ အစာနဲ့ရေတွေရှိတယ်၊ လူတိုင်းစားနိုင်အောင် ယူသွားပေးလိုက်"

"ဟုတ်ကဲ့ ဗိုလ်ကြီး"

စစ်သားက များပြားလှသော ရိက္ခာများကြောင့် စိတ်လှုပ်ရှားနေပြီး သူ့ရဲ့ ရဲဘော်များအတွက် ရေနှင့် မုန့်များကို စုသိမ်းရန် မီနီမားကတ်ထံသို့ ပြေးသွားခဲ့သည်။

ဒဏ်ရာရသွားသည့် စစ်သားများကို တွေးရင်း ကျင်းရွှီယန်း အတွင်းထဲသို့ ပြန်ဝင်လာခဲ့တယ်။ သူ ပလတ်စတစ်အိတ်များစွာကို ကိုင်ဆောင်ကာ ရေ၊ အရက်ပြန်နှင့် အဖျားကျဆေးများစွာကို အိတ်ထဲသို့ ဖြည့်သွင်းပြီး ဒဏ်ရာရစစ်သားများထံသို့ သွားလိုက်တယ်။

မျက်နှာဖြူဖျော့ဖျော့နှင့် နံရံကို မှီ၍ နားနေ သောစစ်သားများကိုကြည့်လိုက်ပြီးမှ အနီးနားရှိ စစ်သားတစ်ဦး၏ ပခုံးကို လက်ဖြင့် ပုတ်ကာ "ငါ့ကို ကူညီပါ" ဟုပြောလိုက်တယ်။

သူ့စကားကိုကြားတော့ စစ်သားက ခေါင်းညိတ်ပြပြီး ရဲဘော်တွေကို ရေနဲ့ အစာတွေ ကူဝေပေးတယ်။

ကျင်းရွှီယန်း က စားစရာများကိုစားကာ ရေကိုသောက်လိုက်အပြီးတွင် ဒဏ်ရာရစစ်သည်တစ်ဦးရဲ့ဘေးတွင် ဒူးထောက်ထိုင်ကာ မျက်မှောင်ကြုတ်လို့ အံကြိတ်ပြီး အိပ်နေတဲ့ စစ်သားရဲ့နဖူး‌ပေါ် ကို လက်နှစ်ချောင်းဖြင့် ဖိလိုက်ပြီး ကိုယ်အပူချိန်ကိုစမ်းလိုက်တယ်။

ပူပျင်းနေတဲ့ ကိုယ်အပူချိန်က သူ့လက်ချောင်းတွေ ကို လောင်ကျွမ်းသွားစေခဲ့တယ်။ အဖျားရှိခြင်းက ကောင်းသောလက္ခဏာဖြစ်သည်။

အချိန်မဖြုန်းတော့ဘဲ အဖျားကျဆေးနှင့် ရေတိုက်ကျွေးလိုက်တယ်။ စစ်သားက အစာဝါးရန်ပင်အလွန်အားနည်းသောကြောင့် အစာကြေလွယ်စေတာကိုပဲ့ကျွေးလိုက်တယ်။

ကျန်းယွမ် ကသူ့နံဘေးတွင် လဲလျောင်းနေသော စစ်သားကို အစာကျွေးနေစဉ်မှာ စစ်သားရဲ့ပါးပြင်များက နီမြန်းလာသည်ကို မြင်တော့

"ဗိုလ်ကြီး၊ ရှောင်ချီ ဘာဖြစ်နေတာလဲ"

ကျင်းရွှီယန်း က ချက်ချင်းပြန်မဖြေဘူး။ အဲဒီအစား ရှောင်ချီ ရဲ့ အင်္ကျီကြယ်သီးကို ဖြုတ်ပြီး သူ့ဒဏ်ရာတွေကို စစ်ဆေးလိုက်တယ်။ " ဗီဇပြောင်းလဲတဲ့လက္ခဏာတွေကို မမြင်ရဘူး မီနီမားကတ်ထဲမှာ ဆေးတွေရှိတယ်။ သွားယူပြီး သူတို့ရဲ့ဒဏ်ရာတွေကို ကုသဖို့သုံးပါ"လို့ ပြောလိုက်တယ်။

"နားလည်ပါပြီ" ကျန်းယွမ် က ခေါင်းညိတ်ပြီး မီနီဈေးသို့ အမြန်သွားလိုက်တယ်။

ကျန်းယွမ် ဆေးသွားယူစဉ်တွင် ကျင်းရွှီယန်း က အခြားသူများကိုလဲ စစ်ဆေးလိုက်တယ်။ ဒဏ်ရာရရှိသူ ရှစ်ဦးတွင် တစ်ဦးတည်းကသာ ဗီဇပြောင်းလဲခြင်း လက္ခဏာများ ပြသခဲ့သည်။

သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ချင်လူဇီ ရဲ့ ဒဏ်ရာတစ်ဝိုက်က အသားတွေကတောါ ပုပ်စပြုလာပြီး သူ့ရဲ့ ကိုယ်အပူချိန်ကလဲ တဖြည်းဖြည်း ကျဆင်းသွားတယ်။

All Chapters