အခန်း (၁၆-၁၈)
Vol. 2 Ch. 16-18
အခန်း-(၁၆)
ဒါကိုမြင်လိုက်သောအခါတွင် ကျင်းရွှီယန်း ရဲ့အမူအရာက တင်းမာသွားခဲ့တယ်။ သူ ဓားမြှောင်ကို ဆွဲထုတ်လိုက်ကာ အသားကို မဖြတ်မီ ဓါးကိုအနက်ရောင်မီးတောက်ဖြင့် အရင်ဆုံးမီးကင်ကာ ပိုးသတ်လိုက်တယ်။
ဤသို့ပြုလုပ်ခြင်းက ဗီဇပြောင်းလဲမှုကို ရပ်တန့်စေမည်လားကို သေချာမသိသော်လည်း သူကြိုးစားကြည့်မည်ဖြစ်သည်။
ကျန်းယွမ် ကတော့ အရက် ဆေး တွေနဲ့ ပြန်လာခဲ့တယ်။ အိတ်ကို ချလို့ အရက်ကို လွှဲပေးကာ "ဗိုလ်ကြီး၊ ဒါကိုပဲ့ ရှာလို့ရခဲ့တယ်" လို့ပြောလာသည်။
ကျင်းရွှီယန်း ခေါင်းညိတ်လိုက်ပြီး အရက်ပုလင်းကိုဖွင့်လိုက်တယ်။ ဒဏ်ရာကို သေချာဆေးကြောသန့်စင်ပြီးတာနဲ့ ဆေးလိမ်းလိုက်ကာ ပတ်တီးအသစ်ဖြင့် ပတ်ထားပေးလိုက်တယ်။ ထို့နောက် သူ ချင်လူဇီ ရဲ့ မျက်ခွံများကို ဖွင့်ပြီး စစ်ဆေးကြည့်လိုက်တယ်။
ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ အနက်ရောင်မျက်ဆံဟာ တဖြည်းဖြည်း ပြန်ကျယ်လာပါတယ်။
ဒါကိုမြင်လိုက်တဲ့အခါမှာတော့ ကျင်းရွှီယန်း ရင်ဘတ်ထဲမှာ မျှော်လင့်ချက်တွေနဲ့အတူ ခုန်ပေါက်သွားတယ်။ သူက ချင်လူဇီ ရဲ့ပါးစပ်ထဲကို ရေမြန်မြန်လောင်းချလိုက်ပြီး "ချင်လူဇီမင်း ဆက်ထိန်းထားလိုက်ရင် ပိုပြီးကောင်းလာလိမ့်မယ်။ မင်း ဖုတ်ကောင်ဖြစ်သွားရင် မင်းကို ငါ အပိုင်းပိုင်းဖြတ်ပစ်မယ်" လို့ တိုးတိုးလေးပြောလိုက်တယ်။
သူ့အသံက ပြတ်သားပြီး တည်ငြိမ်နေပေမယ့် သူတကယ်ကြီး ဘယ်လောက်အထိတောင်စိုးရိမ်နေတယ်ဆိုတာကိုတော့ သူသာသိသည်။ ဤလူသည် နှစ်ပေါင်းများစွာကြာအောင် သူ့သူငယ်ချင်းဖြစ်ခဲ့ပြီး သူတို့၏ဆက်ဆံရေးမှာ ညီအစ်ကိုထက်ကို ပိုရင်းနှီးတယ်။
သူ့ကို ဂျယ်လီအချိုရည်တိုက်ကျွေးလိုက်ပြီးနောက်တွင် ကျင်းရွှီယန်း သူရဲ့ဒဏ်ရာကို ထပ်မံစစ်ဆေးလိုက်တယ်။ ပုပ်နေသောဖြစ်စဉ်က ရပ်တန့်သွားသည့် လက္ခဏာမပြသော်လည်း သူရဲ့ခန္ဓာကိုယ်အပူချိန်က တဖြည်းဖြည်းနဲ့ ပြန်မြင့်တက်လာခဲ့တယ်။
သူ့လက်သီးတွေကို တင်းတင်းဆုပ်ထားရင်း အဖြေတစ်ခုရနိုင်ဖို့ သူ့စိတ်တွေထဲမှာ အမြန်ရှာဖွေနေခဲ့တယ်။ ကုသနိုင်သောစွမ်းအားရှိသော စွမ်းရည်အသုံးပြုသူတစ်ဦးမှလွဲ၍ သူ့အသက်ကိုကယ်တင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ကြည်လင်သောအမြုတေသာ ဖြစ်သည်။
ချင်လူဇီ သာစွမ်းရည်တစ်ခုကို နိုးထလာနိုင်ပါက သူ၏ခန္ဓာကိုယ်က ဖုတ်ကောင်ဗိုင်းရပ်စ်ကို နှိမ်နင်းနိုင်ပြီး နောက်ဆုံးတွင် ဗိုင်းရပ်ကို ဖယ်ရှားလိုက်နိုင်မည်ဖြစ်သည်။
သို့သော် အမြုတေကို အသုံးပြု၍ သူ၏စွမ်းရည်ကို နှိုးဆွနိုင်ရန်ရှိသော အလားအလာမှာ 0.5% ထက်ပင်နည်းတယ်။ သူ့ခန္ဓာကိုယ်က ပြင်းထန်တဲ့ စွမ်းအင်တွေကို ခံနိုင်ရည်ရှိဖို့ အားနည်းနေတယ်ဆိုရင်တော့ အတွင်းကနေ အပြင်ကို ပေါက်ကွဲထွက်လာနိုင်တယ်။
သူ့နောက်မှာ ရပ်နေတဲ့ ကျန်းယွမ် က "ဗိုလ်ကြီး-" လို့ မပြောခင် ခနတုံ့ဆိုင်းသွားခဲ့သည်။
ဒါပေမယ့် စကားဆိုပြီးသွားတဲ့နောက်မှာတောင် သူဘာဆက်ပြောရမယ်မှန်းမသိတော့ဘူး။ ဗီဇပြောင်းသွားသူက သူစိမ်းတစ်ယောက်မဟုတ်ပေ။ ရေမတွက်နိုင်သော တိုက်ပွဲများအတွင်း သူတို့နှင့်အတူ လက်တွဲကာတိုက်ပွဲဝင်ခဲ့သော သူတို့ရဲ့ ရဲဘော်ရဲဘက်ဖြစ်သည်။
သူအနေတော့ သူ့ရဲ့ညီအစ်ကို ကို အသိဥာဏ်မဲ့သော ဖုတ်ကောင်အဖြစ်သို့ မပြောင်းသွားစေချင်ခဲ့ပေ။ ဒါပေမယ့်လည်း သူ့ကို မကယ်နိုင်ခဲ့ပါဘူး။ သူလုပ်နိုင်သမျှက ဝေဒနာကို ခံစားနေရတဲ့ ညီအကို ကို စောင့်ကြည့်နေဖို့ပဲ။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးတဲ့နောက် ကျင်းရွှီယန်း က နောက်ဆုံးတွင်ပြောလာတယ် "အခြားသူတွေကို ကြိုးဖြည်ပေးပြီး မီနီမားကတ်မှာ အနားယူလိုက်ပါ။ တစ်ယောက်စီတိုင်းကို ရေဆက်တိုက်ကျွေးပြီး အပူချိန်ကို စောင့်ကြည့်ဖို့ တစ်စုံတစ်ယောက်ကို ထားထားလိုက်ပါ။"
သူ့ရဲ့ခေါင်းဆောင်က တစ်ယောက်တည်း နေချင်မှန်း သိတော့ ကျန်းယွမ် ခေါင်းညိတ်ပြပြီး "နားလည်ပြီ" ဟုဆိုလိုက်တယ်။
ဆယ်မိနစ်အကြာတွင်တော့ ဒဏ်ရာရစစ်သားများကို မီနီမားကတ်သို့ ရွှေ့ပြောင်းပေးခဲ့သည်။ အချို့သော စစ်သားများကအလောင်းများကို ရှင်းလင်းနေပြီး အချို့မှာ ပတ်၀န်းကျင်ကို လုံခြုံစေဖို့ကင်းလှည့်နေကြသည်။
ကျင်းရွှီယန်း တစ်ဦးတည်းကသာ ချင်လူဇီ ရဲ့ဘေးတွင်ရှိနေတယ်။
မိနစ်နှစ်ဆယ်ကြာအောင် သူ့တွေးတောနေခဲ့ပြီး ကောင်းကျိုးဆိုးကျိုးတွေကို စဉ်းစားတယ်။ နောက်ဆုံးတော့ သူ ဆုံးဖြတ်ချက် ချလိုက်တယ်။
သူ့အိတ်ကပ်ထဲက အမြုတေကို ဆွဲထုတ်လိုက်ပြီး ရေနဲ့ဆေးချကာ မိနစ်အတော်ကြာအောင် အနက်ရောင်မီးနဲ့ ကင်လိုက်တယ်။
သူ့လက်ချောင်းများကြားမှာ ဖောက်ထွင်းမြင်ရသော အမြုတေကို ကိုင်ထားရင်း " ချင်၊ မင်း ရှင်သန်ဖို့ အကောင်းဆုံး ကြိုးစားကြည့်လိုက်ပါ။ အမြုတေကို မဖြုန်းတီးပါနဲ့"
သူစကားဆုံးသွားတဲ့အခါတွင်တော့ အမြုတေကို သူ့သူငယ်ချင်းရဲ့ပါးစပ်ထဲသို့ထည့်ပေးလိုက်တယ်။ အမြုတေက ချင်လူဇီ ရဲ့လျှာကို ထိလိုက်သည်နှင့် ချက်ချင်းပင် အရည်ပျော်သွားခဲ့တယ်။
အမြုတေရဲ့စွမ်းအင်က မသန့်ရှင်းသောကြောင့် ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲသွားနိုင်သည့် အန္တရာယ်က မြင့်မားသည်။ ဒါပေမယ့် တစ်ချိန်တည်းမှာပင် စွမ်းရည်တစ်ခု နိုးထဖို့အတွက် လုံလောက်တဲ့ စွမ်းအင်ကိုလဲပေးလိမ့်မယ်။
ကျင်းရွှီယန်း သူ့သူငယ်ချင်းရဲ့ အဖျားတက်နေသော မျက်နှာကို စိုက်ကြည့်ပြီးနောက် သူကိုင်ထားသည့်လက်ကို လွှတ်လိုက်ကာ " ချင်၊ အခု အရာအားလုံးက မင်းအပေါ်မှာပဲ့ မူတည် တော့တယ်။ ငါ့လက်နဲ့ မင်းကို မသတ်ရဖို့အတွက် ငါမျှော်လင့်တယ်"
သူက ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲသွားနိုင်သည့် အခွင့်အလမ်းလဲရှိနေသောကြောင့်
ကျင်းရွှီယန်း သေချာစေရန်အတွက် ချင်လူဇီ ရဲ့ခန္ဓာကိုယ်ကို အရက်ဖြင့် ဆက်လက်လောင်းချပြီးမှ ထားခဲ့သည်။
သူ့ရဲ့ အာရုံကြောများတင်းမာနေတဲ့ကြားမှ အချိန်ကနှစ်နာရီ ကုန်ဆုံးသွားခဲ့သည်။
ဓာတ်ဆီဆိုင်မှ ဖုတ်ကောင်များ၏ အလောင်းများကို ရှင်းထုတ်ပြီးတဲ့နောက်တွင်တော့ သွေးအနံ့အသက်များက မှိန်ဖျော့သွားခဲ့တယ်။ လေက သွေးရနံ့တွေကို သယ်ဆောင်သွားပြီးအချိန်မှာတော့ တံခါးအပြင်ဘက်က ဖုတ်ကောင်တွေက တဖြည်းဖြည်းနဲ့ ပြန့်ကျဲသွားခဲ့ပါတယ်။
သန်းခေါင်ယံအချိန် လနီက အထွတ်အထိပ်သို့ ရောက်သောအခါတွင်တော့ ဓာတ်ဆီဆိုင်တစ်ခုလုံး၌တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ချင်လူဇီ ၏ လေးလံသော အသက်ရှုသံမှလွဲ၍ ဘာသံမှ မကြားရပေ။
မီနီဈေးအတွင်းရှိ စစ်သားများက ရှုပ်ထွေးသောအမူအရာများဖြင့် သူတို့ကပ္ပတိန်ရဲ့ညွှန်ကြားမှုကိုယူရန်စိုက်ကြည့်နေကြတယ်။
ကျင်းရွှီယန်း ရဲ့နောက်ကို နှစ်အတန်ကြာ လိုက်ခဲ့သူများသည် သူ့ရဲ့လက်ရုံးရည်နှင့် သူမည်မျှ ခေါင်းမာပြီး သစ္စာစောင့်သိကြောင်းကိုလဲသိ နေပြီးဖြစ်တယ်။ နောက်ဆုံးစက္ကန့်အထိ သူ ချင်လူဇီ ရဲ့အနားမှာ ရှိနေတာက သူတို့အတွက်တော့ အံ့ဩစရာမရှိပါဘူး။
သို့သော် လူသစ်များအတွက်တော့ ဤသည်မှာ လက်အောက်ငယ်သားများနှင့် အရာအားလုံးကို တစ်စုံတစ်ယောက်အတွက် နဲ့ အန္တရာယ်ဖြစ်စေတာကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်းဖြစ်သည်။
ယခင်ကတော့ သူတို့သည် ကျင်းရွှီယန်း က အမိန့်နှင့် ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားကိုသာ ဂရုစိုက်သော အခြားအရာရှိတိုင်းလိုပဲ့လို့ထင်မှတ်ခဲ့တယ်။
သို့သော် ဗိုလ်ကြီးရဲ့ သူတို့ကို ကယ်တင်ခဲ့ပုံက အကြိမ်ကြိမ် သက်သေပြပြီးနောက်နဲ့ အခုလည်းသူရဲ့ ရဲဘော်ကို ကယ်တင်ရန် မယိမ်းယိုင်သွားသော သန္နိဋ္ဌာန်ကို မြင်လိုက်သောအခါတွင် သူတို့ လွဲမှားစွာ တွေးတောမိသွားတာကို သိလိုက်ရသည်။
ကျန်းယွမ် က သူတို့ရဲ့ အပြစ်ရှိတဲ့အမူအရာတွေကို သတိပြုမိလိုက်ပြီး "မနက်ဖြန် ပြီးအောင်လုပ်ဖို့ မစ်ရှင်တွေရှိသေးတယ်၊ အခုအချိန်မှာ အရေးကြီးဆုံးက အနားယူပြီး ခွန်အားပြန်ဖြည့်ဖို့ပါပဲ"
"ဗိုက်ဆာနေသေးရင် တစ်ခုခုစားဖို့ သွားယူလိုက်ကြ။ ဗိုက်ပြည့်တာနဲ့ အိပ်တော့ "
စစ်သားများက နားလည်မှုဖြင့် ခေါင်းညိတ်ပြပြီး သူတို့ရဲ့ တာဝန်များဆီကို တိတ်တဆိတ် သွားလိုက်ကြသည်။ ကမ္ဘာကြီးပြောင်းလဲသွားပြီးနောက် တိတ်ဆိတ်မှုက သူတို့ရဲ့ ဒုတိယသဘာဝဖြစ်လာတယ်။
ညဘက်ဆို စကားမပြောဖြစ်တော့ဘူး။ အဲဒီအစား သူတို့သည် ဆက်သွယ်ရန်အတွက် လက်အချက်ပြမှုများနှင့် ကုဒ်နဲ့ပြုလုပ်ထားသော လက်ဟန်များကို မှီခိုအားထားကြသည်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ လက်ရှိ အခြေအနေ မှာတော့ ဆူညံသံဟာ သေခြင်း ကို ဆိုလို ပါတယ်။
ညက ဖြည်းညှင်းစွာ ကုန်ဆုံးသွားခဲ့ပြီး ကျင်းရွှီယန်း ခေတ္တအနားယူရန်အတွက် မျက်လုံးမှိတ်ထားလိုက်သည်။ လနီက ဖြည်းညှင်းစွာပြန်ဝင်သွားပြီး နေထွက်လာတာနှင့် သူ့သူငယ်ချင်းရဲ့ အခြေအနေကို စစ်ဆေးလိုက်တယ်။
အခန်း-(၁၇)
ဒဏ်ရာရဲ့ ပုပ်နေသော အစိတ်အပိုင်းက ပြန့်ပွားမှုဟာ ရပ်တန့်သွားကာ ချင်လူဇီ ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာငယ်များက သက်သာပျောက်ကင်းသွားသည့် လက္ခဏာများကို မြင်တွေ့လိုက်ရသဖြင့် ကျင်းရွှီယန်း သက်ပြင်းတစ်ချက်ချလိုက်တယ်။
သူ့သူငယ်ချင်းကို နောက်ထပ် အဖျားကျဆေးနဲ့ ရေများများ တိုက်ကျွေးပြီး ပုပ်နေတဲ့ အသားတွေကို ဖြတ်၊ ဒဏ်ရာကို ဆေးကြောသန့်စင်ကာ ဆေးလိမ်းပြီး ပတ်တီးနဲ့ ပတ်ပေးတယ်။ ထို့နောက် အသုံးပြုထားသော ပတ်တီးများနှင့် အသားပုပ်များကို အနက်ရောင် မီးတောက်များဖြင့် မီးရှို့ခဲ့သည်။
သိပ်မကြာခင်မှာပဲ ကျန်းယွမ် နဲ့ ကျန်တဲ့ စစ်သည်တွေ ရောက်လာပြီး ချင် ကို စိုးရိမ်တဲ့မျက်စ်ိများနဲ့ ကြည့်လိုက်ကြတယ်။
သူတို့၏အကြည့်များကို သတိပြုမိတာကြောင့် ကျင်းရွှီယန်းက "သူနေကောင်းသွားလိမ့်မယ်။ တခြားသူတွေကော ဘယ်လိုလဲ"
"ဗိုလ်ကြီး ရှောင်ချီ နိုးနေပြီ၊ ဒါပေမယ့် ကျန်တဲ့သူတွေက မေ့မြောနေတုန်းပဲ" ကျန်းယွမ် က ပြန်ဖြေတယ်။
"သူတို့ကို သံချပ်ကာကားထဲကို အရင်သယ်ပြီး ဂရုစိုက်ဖို့အတွက်တော့ တစ်ယောက်ယောက်ကို တာဝန်ပေးလိုက် ခဏနေ တစ်ခါရေတိုက်ပြီး အဖျားကျဆေး ကျွေးမယ်" လို့ ကျင်းရွှီယန်း က ညွှန်ကြားလိုက်တယ်။
"နားလည်ပါပြီ။"
"ကျန်တဲ့သူတွေက ထောက်ပံ့ရေးပစ္စည်းတွေကို သံချပ်ကာယာဉ်တွေနဲ့ ကုန်တင်ကားတွေထဲ သွင်းပါ။ ဆေးဝါး၊ ရေ၊ ချည်မျှင်တွေ၊ အားဖြည့်အချိုရည်တွေ၊ ပရိုတင်းအတုံးတွေနဲ့ အစားအသောက်တွေကို ဦးစားပေးပြီး ဗူးအလွတ်တွေကို များများပိုရှာ တတ်နိုင်သမျှ ဓာတ်ဆီများများရအောင် ယူပါ" ဟု သူကအမိန့်ပေးလိုက်သည်။
စစ်သားများက ခေါင်းညိတ်ကာ "နားလည်ပြီ" ဟု တညီတညွတ်တည်း ပြန်ဖြေတယ်။
ကျင်းရွှီယန်း သူ့လက်ကို ဝှေ့ယမ်းပြီး သူတို့အလုပ်တွေပြီးအောင်လုပ်ဖို့ ထွက်သွားခိုင်းလိုက်တယ်။ ကျန်းယွမ် က ထွက်ခွာမသွားမီတွင်
ချင်လူဇီ ကို သူ့နောက်ကျောပေါ်တင်ကာ သံချပ်ကာယာဉ်ဆီသို့ လျှောက်သွားခဲ့သည်။
မောပန်းနွမ်းနယ်ပြီး ဗိုက်ဆာလာသဖြင့်
ကျင်းရွှီယန်း မတ်တပ်ထရပ်ပြီး စားစရာရှာရန် မီနီမားကတ်ဆီသို့ လျှောက်သွားလိုက်တယ်။ မကြာမီတွင် သူတွေ့ရ တော့မည့်သူရဲ့အကြောင်းကိုတွေးရင်းနဲ့ အနက်ရောင် စစ်ကျောပိုးအိတ်ကို ယူရန် သူရဲ့ သံချပ်ကာယာဉ်ဆီသို့ လျှောက်သွားခဲ့သည်။
သူရဲ့ ကျောပိုးအိတ်က ၉၆ အယ် အရွယ်အစားရှိပြီး ပစ္စည်းအများအပြားကို ထည့်ထားနိုင်သည်။ လက်နက်များ၊ ခဲယမ်းမီးကျောက်များနှင့် ရှေးဦးသူနာပြုသေတ္တာများမှလွဲ၍ ကျန်ပစ္စည်းများကို ရှင်းထုတ်ပြီး ခရီးသည်ထိုင်ခုံအောက်ရှိ လျှို့ဝှက်ခန်းထဲတွင် သိမ်းဆည်းလိုက်သည်။
ထို့နောက် မီနီမားကတ်သို့ သွားကာ ကျောပိုးအိတ်ထဲကို ဘီစကွတ်များ၊ ပရိုတင်းအတုံးများ၊ အားဖြည့်အချိုရည်များ၊ ဓာတ်သတ္တုရေ၊ ကာရာမဲလ်သကြားလုံးနှစ်ထုပ်၊ ချောကလက်နှစ်ဗူး၊ အနာကပ်များ၊ တုပ်ကွေးနှင့် အဖျားရောဂါအတွက် ဆေးများ ဖြည့်သွင်းခဲ့တယ်။
အမျိုးသမီး ကုန်ပစ္စည်းများ အပိုင်းကို ဖြတ်လျှောက်လာစဉ် ရာသီလာချိန်သုံးတဲ့ တမ်ပွန် ဗူးအနည်းငယ်၊ ရာသီခံခွက်အနည်းငယ် ၊ ညဘက်သုံး သန့်ရှင်းရေးသုံး လစဉ်သုံးပစ္စည်း ငါးထုပ်၊ ရာသီလာချိန် သုံးတဲ့အတွင်းခံ ၀တ်စုံ အနည်းငယ်နှင့် အကိုက်အခဲ ပျောက်ဆေး အများအပြားကို ယူရန် လက်မလှမ်းလိုက်မီတွင် ခဏတာ တွန့်ဆုတ်နေခဲ့သည်။
ထိုပစ္စည်းများကို သူ့ကျောပိုးအိတ်ထဲသို့ ထုပ်ပိုးနေစဉ်တွင် ရိက္ခာများသယ်ယူနေသော စစ်သားတစ်ဦးက သူ့ကိုမြင်သွားပြီး သူရဲ့ခေါင်းဆောင် အား မျက်လုံးပြူးကျယ်စွာဖြင့် ကြည့်လိုက်သည်။ ကပ္ပတိန်က ထိုပစ္စည်းများကို အဘယ်ကြောင့် စုဆောင်းရသနည်းဆိုတာကို သူ သိချင်သော်လည်း သူ မမေးဝံ့ပေ။
ပစ္စည်းတွေ ထုပ်ပိုးပြီးတာနဲ့ ကျင်းရွှီယန်း က ခေါင်းကို မော့လိုက်တာ သူ့စစ်သားရဲ့ အကြည့်ကို တွေ့လိုက်ရတယ်။ ကျောပိုးအိတ်ကို ကိုင်ဆောင်ကာ "အထုပ်တွေကို အရေးပေါ်အခြေအနေမှာ ပိတ်စအဖြစ် သုံးလို့ ရပါတယ်။ ပစ္စည်းတွေ ပြန်တင်ပြီးတာနှင့် ကျောပိုးအိတ်တွေကို ဖြည့်ဖို့လဲ တခြားသူတွေကို အကြောင်းကြားလိုက်ပါ"
စစ်သားရဲ့ မျက်လုံးများကနားလည်မှုဖြင့် တောက်ပလာခဲ့တယ်။ ဂွမ်းစများကို အသုံးပြုခြင်းက အဆန်းမဟုတ်သော်လည်း အရေးပေါ်အခြေအနေတွင် ဒဏ်ရာများကို ဖုံးအုပ်ရန်အတွက် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ သူတို့ရဲ့ စုပ်ယူမှုအားက အရမ်းကောင်းတယ်။
"ဟုတ်ကဲ့ပါ ဗိုလ်ကြီး" စစ်သားက ခေါင်းညိတ်ပြီး အမိန့်ပြန်ဖြန့်ရန်အတွက် အမြန်သွားခဲ့သည်။
စစ်သားထွက်သွားပြီးတဲ့နောက်တော့ ကျင်းရွှီယန်း က သက်ပြင်းတစ်ချက်ချလိုက်တယ်။ ကံကောင်းထောက်မစွာပဲ့ သူသာ လျင်မြန်သောဉာဏ်ရှိသူ-မဟုတ်ပါက သူ၏လက်အောက်ငယ်သားများရှေ့တွင် သူ့ကိုယ်သူ အရှက်ရသွားစေလိမ့်မည်။
သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာတုံးတွေ၊ အရက်ပြန်ပါတဲ့ လက်သန့်ဆေးတွေလို တခြားနေ့စဉ်သုံးပစ္စည်းတွေကို စုဆောင်းပြီး နောက်တွင် မီနီမားကတ်ထဲတွက်လျှောက်သွားလိုက်တယ်။ သူ့ ကျောပိုးအိတ်ကို ဖြည့်လိုက်ပြီးတာနဲ့ သူမရဲ့ အမှတ်တရတွေက သူ့စိတ်ထဲမှာ ပေါ်လာတယ်။
သူမသည် သန့်ရှင်းမှုကို နှစ်သက်သူတစ်ဦးဖြစ်ပြီး ခံတွင်းနံ့ဆိုးပါက သူ့ကို ရှောင်ရှားမည်ဖြစ်သည်။ ဒါကိုတွေးရင်း သကြားလုံးထုပ်ပေါင်းများစွာကို ဆွဲယူပြီး ကျောပိုးအိတ်နဲ့ အိတ်ကပ်ထဲကို ထည့်လိုက်တယ်။
ထုပ်ပိုးမှုပြီးသွားလို့ မီနီမားကတ်မှ ထွက်လာပြီးတာနဲ့ ထရပ်ကားများနှင့် သံချပ်ကာယာဉ်များတွင် ရိက္ခာများ အပြည့်အတင်းတင်ဆောင်ထားတာကို တွေ့လိုက်ရတယ်။
စစ်ထရပ်ကားများဆီသို့ လျှောက်လာရင်း ထောက်ပံ့ရေးပစ္စည်းများကို ပုံးများထဲထည့်ပြီး ပိုကြီးသော ကွန်တိန်နာများထဲသို့ ပြန်လည်ထုပ်ပိုးထားနိုင်တာကို သတိပြုမိသည်။ ဤနည်းဖြင့် သူတို့သည် နေရာချွေတာနိုင်ပြီး ပိုပြီးလဲသယ်သွားနိုင်သည်။
သံချပ်ကာယာဉ်များရဲ့ ကုန်တင်ဧရိယာနှင့် အပိုသိုလှောင်ခန်းနှစ်ခုလုံးတွင် ရိက္ခာပစ္စည်းများဖြင့်ပြည့်ကျပ်နေသည်။
သံချပ်ကာယာဉ်ထဲမှာ သူ့ကျောပိုးအိတ်ကို ချလိုက်ပြီးလို့ သိပ်မကြာခင်မှာပဲ စစ်သားတစ်ယောက်က "ဗိုလ်ကြီး၊ ကျွန်တော်တို့ ထွက်သွားဖို့ အဆင်သင့်ဖြစ်နေပြီ" လို့ သတင်းပို့လာတယ်။
ကျင်းရွှီယန်း က ခေါင်းညိတ်ပြီး "ထွက်သွားရအောင်" လို့ပြောလိုက်တယ်။
"ဟုတ်ကဲ့ ဗိုလ်ကြီး"
ကျင်းရွှီယန်း ရဲ့ သံချပ်ကာယာဉ်က ဓာတ်ဆီဆိုင်မှ ထွက်ခွာလာစဉ်တွင် သံချပ်ကာယာဉ်ငါးစီးနှင့် ထရပ်ကားခြောက်စီးတို့လဲ အနောက်မှ နီးကပ်စွာ လိုက်ပါလာခဲ့တယ်။
ယာဉ်တစ်ခုစီတိုင်းကို အပိုလက်နက်များနှင့် အားဖြည့်ပစ္စည်းများဖြင့် ပြုပြင်မွမ်းမံထားပြီး ဖုတ်ကောင်များနှင့် ရင်ဆိုင်ရသည့်အခါတွင်တော့ ပိုမိုအကြမ်းခံပြီး ပိုမိုကြံ့ခိုင်စေသည်။
စစ်ထရပ်ကားခြောက်စီးသည် အနောက်ဘက်တွင် ရိက္ခာတင်ဆောင်နိုင်သည့် ကွန်တိန်နာများပါသည့် နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးယာဉ်များဖြစ်သည်။ ထရပ်ကားကိုယ်ထည်နှင့် ကုန်တင်ကွန်တိန်နာ နှစ်ခုစလုံးကို သံချပ်ကာပြားနှင့် အပူချိန်ထိန်းညှိမှန်များဖြင့် ခိုင်မာအောင်ပြုလုပ်ထားသည်။
လမ်းတစ်လျှောက် မောင်းနှင်လာစဉ်တွင်
ကျင်းရွှီယန်း ရဲ့ သံချပ်ကာယာဉ်က ရှေ့မှ ဦးဆောင်ကာ လမ်းရှင်းသွားခဲ့တယ်။ သံချပ်ကာယာဉ် လေးစီးက ယာဉ်တန်းရဲ့ ဘယ်ညာ ဘေးနှစ်ဖက်ကို စောင့်ကြပ်နေပြီး နောက်ဆုံး သံချပ်ကာယာဉ်က ယာဉ်တန်းရဲ့အနောက်ဖက်ကို ကာကွယ်ထားတယ်။ သံချပ်ကာယာဉ် ဖွဲ့စည်းမှုဖြင့် ကာကွယ်ခံထားရသော စစ်ထရပ်ကားများက အလယ်ဗဟိုတွင် ရှိနေခဲ့သည်။
ထိုအချိန်တွင် ကားမောင်းနေသော ကျန်းယွမ် နှင့် နောက်ထိုင်ခုံတွင် သတိလစ်နေဆဲ
ချင်လူဇီ တို့နှစ်ယောက်ကလည်း သံချပ်ကာယာဉ်ဖြင့် လိုက်ပါသွားခဲ့သည်။
ကျန်းယွမ်က ကားမောင်းနေရင်း သူ့ ကပ္ပတိန်ကို တစ်ချက်ကြည့်လိုက်ပြီး "ဗိုလ်ကြီး၊ ငါတို့က ပိုင် မိသားစုရဲ့ အမွေဆက်ခံမယ့်သူကို ခေါ်ဖို့အတွက် လင်အန်း တက္ကသိုလ်ကို တကယ်သွားနေတာလား"
ကျင်းရွှီယန်း က သူ့လက်ထဲက မြေပုံကိုကြည့်နေရာမှ မော့မကြည့်လာဘဲ "ကျန်းယွမ် မင်းမျက်လုံးတွေကို လမ်းပေါ်မှာ ကြည့်ထား" လို့ ပြန်ဖြေလိုက်တယ်။
သူစကားပြောပြီးတာနဲ့ ကားက ကျယ်လောင်တဲ့အသံဖြင့် ဖုတ်ကောင်တစ်ကောင်ကို တိုက်မိသွားတယ်။
"ဒုတ် ခရက်"
အရိုးများကွဲအက်သွားတဲ့အသံနှင့်အတူ အနက်ရောင်သွေးများနှင့် အသားပုပ်များက လေကာမှန်တစ်လျှောက်ကို ပြန့်ကျဲသွားသည်။ ကား၏ အားဖြည့် ဒီဇိုင်းကြောင့် သက်ရောက်မှုကို ခံစားရရုံမျှသာ ဖြစ်သော်လည်း သူတို့ရှေ့တွင် ပုပ်ပွနေသော အသားစများရဲ့ မြင်ကွင်းမှာ ရွံရှာဖွယ် ကောင်းသည်။
စွန်းထင်းနေတဲ့ လေကာမှန်ကို မြင်လိုက်ရတော့ ကျန်းယွမ် က ဝိုက်ပါ(မော်တော်ယာဥ် မျက်နှာပြင်သုတ်ကိရိယာ) ကို အမြန်ဖွင့်လိုက်တယ်။ လုံးလုံးလျားလျား မသန့်စင်နိုင်သော်လည်း ပုပ်နေသောအသားနှင့် သွေးမည်းအချို့ကို ဖယ်ရှားပစ်လိုက်နိုင်သည်။
"မလိုအပ်ရင် ဖုတ်ကောင်တွေကို မထိနဲ့"လို့
ကျင်းရွှီယန်း က သူ့ကို သတိပေးတယ်။
"နားလည်ပါပြီ" ကျန်းယွမ် က မျက်လုံးများကိုလမ်းမပေါ်တွင် စိုက်ကြည့်ရင်း ပြန်ဖြေတယ်။
လင်အန်း တက္ကသိုလ်နဲ့ပိုနီးလာလေလေ ဖုတ်ကောင်တွေကို များများတွေ့ရလေလေပဲ့ မော်တော်ကားတွေကလဲ လမ်းကို ပိတ်ဆို့ထားသေးတယ်။ ရှေ့မှာ ပိတ်ဆို့နေတဲ့ ဖုတ်ကောင် တွေကို ကြည့်လိုက်ပြီးတော့ ကျန်းယွမ် က "ဗိုလ်ကြီး၊ လမ်းက ပိတ်ဆို့နေပါတယ် ကျွန်တော်တို့ တခြားလမ်းကို ရှာရလိမ့်မယ်"
ကျန်းယွမ် ရဲ့စကားကိုကြားတော့ ကျင်းရွှီယန်း မြေပုံပေါ်မှ မျက်လုံးများကို မော့ကာ လမ်းကိုကြည့်လိုက်သည်။ အခြေအနေကို အကဲဖြတ်ပြီးနောက် "လက်ဝဲလမ်းကို ယူပြီးတောင်လမ်းကို ဖြတ်သွားပါ"
"နားလည်ပါပြီ"
အမိန့်ကိုလက်ခံရရှိပြီးနောက် ကျန်းယွမ် ရေဒီယိုကိုကောက်ယူပြီး "ညီအစ်ကိုတို့၊ ဘယ်ဘက်လမ်းကို သွားကြ။ တောင်လမ်းကို ဖြတ်သန်းသွားကြမယ်"
သူပြောပြီးတာနဲ့ စစ်သားတွေက ရေဒီယိုကနေ "နားလည်ပြီ!"
သူတို့ လမ်းမကြီးမှထွက်လာပြီး မိနစ်သုံးဆယ်အကြာတွင် တောင်ပေါ်လမ်းသို့ ဝင်ရောက်ခဲ့ကြသည်။ လမ်းမပိုင်းနဲ့ ယှဉ်ရင်တော့ လမ်းအခြေအနေက ပိုဆိုးတယ်။ သို့သော်လည်း ဖုတ်ကောင်များနှင့် စွန့်ပစ်ထားသော ယာဉ်အရေအတွက်မှာ သိသိသာသာ နည်းပါးခဲ့သည်။
ကားနှင့် ထရပ်ကားအင်ဂျင်သံကြောင့် လမ်းဘေးတလျှောက်ရှိ ဖုတ်ကောင်များသည် ဟောက်သံများထုတ်ကာ သူတို့ဆီသို့ လျှောက်လာကြသည်။
ဖုတ်ကောင်များရဲ့ လှုပ်ရှားမှုများသည် နှေးကွေးသောကြောင့် ယာဉ်တန်းကို လိုက်မမီနိုင်ဘဲ နောက်ဆုံးတွင် ပစ်မှတ်များ ဆုံးရှုံးသွားပြီးနောက် လမ်းတစ်လျှောက် ပန်းတိုင်မဲ့ လျှောက်သွားကြပြန်သည်။
အခန်း-(၁၈)
ကျန်းယွမ် ရဲ့စကားကိုကြားတော့ ကျင်းရွှီယန်း က မြေပုံပေါ်မှ မျက်လုံးများကို ပင့်ကာ လမ်းကိုကြည့်လိုက်တယ်။ အခြေအနေကို အကဲဖြတ်ပြီးနောက် "လက်ဝဲလမ်းကို ယူပြီးတောင်လမ်းကို ဖြတ်သွားပါ"
"နားလည်ပါပြီ"
အမိန့်ကိုလက်ခံရရှိပြီးနောက် ကျန်းယွမ် ရေဒီယိုကိုကောက်ယူပြီး "ညီအစ်ကိုတို့၊ လက်ဝဲလမ်းကို သွားကြ။ တောင်လမ်းကို ဖြတ်သန်းသွားကြမယ်"
သူပြောပြီးတာနဲ့ စစ်သားတွေက ရေဒီယိုကနေ "နားလည်ပြီ" လို့ပြန်ဖြေကြတယ်။
သူတို့ လမ်းမကြီးမှထွက်လာပြီး မိနစ်သုံးဆယ်အကြာတွင် တောင်ပေါ်လမ်းသို့ ဝင်ရောက်ခဲ့ကြတယ်။ လမ်းမပိုင်းနဲ့ ယှဉ်ရင်တော့ လမ်းအခြေအနေက ပိုဆိုးတယ်။ သို့သော်လည်း ဖုတ်ကောင်များနှင့် စွန့်ပစ်ထားသော ယာဉ်အရေအတွက်မှာ သိသိသာသာကို နည်းပါသွားခဲ့တယ်။
ကားနှင့် ထရပ်ကားရဲ့အင်ဂျင်သံကြောင့် လမ်းဘေးတလျှောက်ရှိ ဖုတ်ကောင်များက ဟိန်းဟောက်သံများထုတ်ကာ သူတို့ဆီသို့ လျှောက်လာကြတယ်။
ဖုတ်ကောင်များရဲ့ လှုပ်ရှားမှုများက နှေးကွေးသောကြောင့် ယာဉ်တန်းကို လိုက်မမီနိုင်ဘဲ နောက်ဆုံးတွင်တော့ ပစ်မှတ်များ ဆုံးရှုံးသွားပြီးနောက် လမ်းတစ်လျှောက်တွင် ပန်းတိုင်မဲ့ လျှောက်သွားကြပြန်တယ်။
သံချပ်ကာယာဉ်ကို မောင်းနှင်နေစဉ်တွင် ကျန်းယွမ် က နောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်ပြီး ချင်လူဇီ ၏ လက်လှုပ်ရှားမှုကို တွေ့လိုက်ရတယ်။ နောက်ဆုံးတွင် သူရဲ့ ညီအစ်ကိုက နိုးလာတာကိုမြင်ရ၍ စိတ်သက်သာရာရသွားပြီး "ဗိုလ်ကြီး၊ လူအိုချင် နိုးလာပြီ" ဟုပြောလိုက်တယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်း လည်းသူ့လက်ထဲမှာ မြေပုံကိုချပြီး လှည့်ကြည့်လိုက်တယ်။ သူလှည့်ကြည့်လိုက်တော့ သူ့သူငယ်ချင်းက မျက်နှာကျက်ကို ကြောင်တက်တက်နဲ့ စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။ သူ့အဖျားကြီးနေသေးသော်လည်း သူ့မျက်နှာကအဖျားသွေးမှာ မှေးမှိန်နေလေပြီ ။
"လူအိုချင်၊ နောက်ဆုံးတော့ မင်းနိုးလာပြီ။ မင်း မသက်မသာ ခံစားနေရလား" သူမေးလိုက်တယ်။
ချင်လူဇီ က သူ့အသံကိုကြားသောအခါ ခေါင်းကိုလှည့်လာပြီးတဲ့နောက်တော့ သူ့သူငယ်ချင်းရဲ့ အေးဆေးတည်ငြိမ်သောအမူအရာကို မြင်လိုက်ရတယ် "ဗိုလ်ကြီး ငါမသေဘူးလား" ဟု အသံကျယ်ကျယ်ဖြင့် မမေးမီ သူ့အား သတိပြန်ဝင်လာရန် အချိန်အနည်းငယ်ကြာခဲ့တယ်။
ကျင်းရွှီယန်း ခေါင်းညိတ်ပြီး "မင်းရဲ့ ပင်ကိုယ်စရိုက်ကြောင့် ငရဲဘုရင်ကတောင် မင်းကို လက်မခံချင်ဘူး" လို့ ပြန်ဖြေလိုက်တယ်။
ဒါကိုကြားတော့ ချင်လူဇီ က တခစ်ခစ်ရယ်ပြီး "မင်းကသာ ငါနဲ့ခွဲဖို့ကို လက်မခံနိုင်ဘူးလို့ငါထင်တယ်"
ကျင်းရွှီယန်း က ပြုံးလျက် "မင်းရဲ့ ကျောပိုးအိတ်ထဲမှာ ရေနဲ့ စားစရာတွေ ရှိတယ်။ မင်းရဲ့ အဖျားပျောက်သွားစေဖို့အတွက် အဖျားကျဆေးကို အရင်သောက်ပါ။ မင်း အမြန်ဆုံး ပြန်ကောင်းလာဖို့ လိုတယ်"
"နားလည်ပါပြီ ဗိုလ်ကြီး"
အခု သူ့သူငယ်ချင်း နိုးလာတဲ့အခါကြမှပဲ့
ကျင်းရွှီယန်း သည် သူ့နှလုံးသားကို ဖိထားတဲ့ လေးလံသော ကျောက်တုံးက ပျောက်ကွယ်သွားသလို ခံစားလိုက်ရတယ်။ သူက ရေဒီယိုကို ကောက်ကိုင်လိုက်ပြီး "ချန်ဖုန်း အားလုံးရဲ့ အခြေအနေက ဘယ်လိုလဲ" ဟု မေးသည်။
များမကြာမီပင် ရေဒီယိုမှ ပြတ်သားသော အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာပြီး "သတင်းပို့ပါတယ် အားလုံးကနိုးပြီး လောလောဆယ် စားသောက်နေကြပါပြီ"
သူမျှော်လင့်ထားသည့်အတိုင်းပဲ့ ကျန်စစ်သည်များလည်း နိုးလာပြီး စားသောက်နေကြတယ်။ သူက ခေါင်းညိတ်ပြီး "အဖျားရှိနေရင် အဖျားကျဆေး သောက်ခိုင်းပါ" လို့ ပြန်ပြောတယ်။
"နားလည်ပါပြီ" ချန်ချန်းဖုန်း က ပြန်ဖြေတယ်။
ရေဒီယိုကိုချပြီးနောက် ကျင်းရွှီယန်း က ပြတင်းပေါက်မှ လှမ်းကြည့်ကာ မျက်မှောင်ကြုတ်လိုက်တယ်။
အနောက်ထိုင်ခုံမှာထိုင်နေတဲ့ ချင်လူဇီ က သူ့ကိုယ်သူ တွန်းထပြီး ထိုင်ခုံကို မှီလိုက်တယ်။ သူ့ကျောပိုးအိတ်ကိုဖွင့်ကြည့်လိုက်တော့ ရေ၊ အစားအသောက်၊ ဆေးဝါးနဲ့ ပရိုတင်းဓာတ်များတဲ့ သရေစာတွေနဲ့ ပြည့်နေတာတွေ့လိုက်တယ်။ သူ ဓာတ်သတ္တုရေတစ်ပုလင်းကို ကိုင်ကာ တစ်ချက်တည်း နဲ့မော့သောက်လိုက်တယ်။
လည်ချောင်းထဲက ပူလောင်နေတဲ့ ဝေဒနာက သက်သာသွားတော့ ဘီစကွတ်တစ်ထုပ်ကို ထုတ်ယူပြီး စားလိုက်ပါတော့တယ်။ အကြောင်းတစ်ခုခုကြောင့် သူ့ဗိုက်က လုံးလုံးဗလာဖြစ်နေသလိုဖြစ်နေတာကြောင့် ရက်ပေါင်းများစွာ ငတ်နေသလို ခံစားရတယ်။
ဘီစကွတ်တစ်ထုပ်၊ ဝက်အူချောင်းနှစ်ချောင်း၊ ပရိုတင်းတုံး တစ်ခုနှင့် ရေတစ်ပုလင်းကို စားသောက်ပြီးသွားသည့်တိုင်အောင် သူ ဗိုက်ကဆာနေသေးတယ်။ သူက ပိုစားချင်ပေမယ့် ရိက္ခာပြတ်လပ်တာကို တွေးပြီး ကျောပိုးအိတ်ကို ဇစ်ပိတ်လိုက်တယ်။
ကျင်းရွှီယန်း ဒါကို သတိပြုမိသွားကာ သူ့ထိုင်ခုံဘေးက သိုလှောင်ခန်းကို ဖွင့်လိုက်ပြီး ပေါင်မုန့်တစ်တုံးကို ထုတ်ယူလို့အနောက်ထိုင်ခုံဆီသို့ ပစ်ပေးလိုက်တယ်။
"စားလိုက်" ဟု သူပြောလိုက်တယ်။
ချင်လူဇီက ယဉ်ကျေးဟန်ဆောင်ကာ အနှောက်အယှက်မပေးတော့ဘဲ မုန့်ကိုကိုင်ကာချက်ချင်းပဲ့စားလိုက်တယ်။ မုန့်တစ်လုံးစားလိုက်ပြီးမှသာ သူ့ဗိုက်က 70% ပြည့်တယ်လို့ ခံစားရတယ်။
သူ့ပေါင်မုန့်ကို ကိုက်စားနေတာကို ကြည့်ပြီး ကျန်းယွမ် က " လူအိုချင် က ဘယ်အချိန်ကအဲလောက် အများကြီးစားနိုင်ခဲ့တာလဲ' လို့ မတွေးဘဲမနေနိုင်ခဲ့ပါဘူး။
သူနောက်ဆုံးစားပြီးသောတဲ့အခါကြမှ ချင်လူဇီ သူ့အခြေအနေကို စစ်ဆေးရန် အချိန်ယူခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေက အများအားဖြင့် သက်သာသွားခဲ့ပြီး ခြေသလုံးမှ ဒဏ်ရာနက်နက်တွေပဲ့ ကျန်ခဲ့ပါတယ်။
ဒဏ်ရာက သွေးမထွက်တော့ဘဲ အသားသစ်တွေထွက်လာပေမယ့် ဒဏ်ရာရဲ့ပုံသဏ္ဍာန်က သူ့ရဲ့အသားကတစ်ပိုင်း ပြတ်သွားတယ်လို့ ပြောနေတယ်။
ဒဏ်ရာကို ဘယ်လို ကုသခဲ့သလဲ ဆိုတာကို ကြည့်ပြီးတဲ့နောက် ဒါကိုသူ့ဗိုလ်ကြီးလုပ်ခဲ့တယ်ဆိုတာက သေချာပါတယ်။ ကျင်းရွှီယန်း မှလွဲ၍ အခြားမည်သူမျှ ဗီဇပြောင်းလဲသည့် လက္ခဏာများ ပြနေတဲ့ သူ့အသားကို လှီးဖြတ်ပြီး သူ့ဘေးတွင် ရှိနေရန် သတ္တိရှိမည်မဟုတ်ပေ။
သတိမလစ်ခင်မှာကတည်းက သူ့အသားတွေ ပုပ်ပွနေတာကို တွေ့ခဲ့ရပါတယ်။ သူ၏ ကြွက်သားများနှင့် အဆစ်များ တဖြည်းဖြည်း တောင့်တင်းလာတာကို ခံစားခဲ့ရပြီး သူ၏ ခန္ဓာကိုယ် အပူချိန်က ဆက်လက် ကျဆင်းနေခဲ့တယ်။
မေ့မြောနေချိန်မှာ ရေခဲခန်းထဲ ပစ်ချခံလိုက်ရသလိုမျိူး ခံစားရတယ်။ သူရဲ့အရိုးများနှင့် အာရုံကြောများထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်လာသော အအေးဓာတ်နှင့် နာကျင်မှုသည် သူဘယ်တော့မှ မေ့မရနိုင်သော အရာတစ်ခုဖြစ်တယ်။
အအေးဒဏ်ကို မခံနိုင်တော့ဘဲ ပြန်နိုးလာမည်ဟု သူထင်ခဲ့သည်။
သို့သော် သူအသိစိတ်လုံးဝ မပျောက်ခင်လေးမှာပဲ သူ့ခန္ဓာကိုယ်ထဲကို အမျိုးအမည်မသိတဲ့ စွမ်းအင်တွေ စီးဆင်းသွားပြီး အအေးဓာတ်ကို ဖြည်းညှင်းစွာ ချေမှုန်းလိုက်သလို ခံစားလိုက်ရတယ်။
မည်မျှကြာအောင် သတိလစ်သွားသည်မသိ။ မျက်လုံးဖွင့်ကြည့်လိုက်တော့ သံချပ်ကာယာဉ်ရဲ့ မျက်နှာကျက်ကို မြင်လိုက်ရတယ်။
အတွေးများ ပျောက်ဆုံးနေချိန်တွင် သွေးကြောတိုင်း၌ နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခု စီးဆင်းနေသကဲ့သို့ သူ့ခန္ဓာကိုယ်အတွင်းမှာ ထူးဆန်းသော ခံစားမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရတယ်။ မျက်လုံးကိုမှိတ်ထားရင်း စွမ်းအင်ကို အာရုံစိုက်ထားလိုက်တယ်။ ရုတ်တရက် သူ့စိတ်ထဲတွင် အစက်သုံးစက်ပေါ်လာပြီး တစ်ခုစီက အရောင်ကွဲပြားသွားသည်။
အစက်နှစ်စက်-အပြာတစ်စက်နှင့် အဖြူရောင်အစက်တစ်ခု-သည် တစ်ခုနှင့်တစ်ခု နီးကပ်နေပြီး အစိမ်းရောင်အစက်ကတော့ ၎င်းတို့အနောက်တွင် နေရာယူထားတယ်။ မည်သည့်အရာကို ကိုယ်စားပြုသည်ကို သူသေချာမသိသော်လည်း ဤအစက်သုံးစက်သည် သူနှင့် ဤသံချပ်ကာယာဉ်အတွင်းရှိ သူရဲ့ရဲဘော်များဖြစ်ကြောင်းကိုတော့ အလိုလိုသိပါသည်။
မီတာများစွာအကွာတွင် ပြန့်ကျဲနေသော အနီရောင်အစက်များကတော့ ဖြည်းညှင်းစွာ ရွေ့လျားနေကြတယ်။ အစက်အပြောက်တွေအပြင် သူ့စိတ်ထဲမှာ ပေါ်လာတဲ့ လမ်းတွေရဲ့ ပုံရိပ်တွေကိုလည်း မြင်လိုက်ရတယ်။ မြေပုံကိုကြည့်ရသလိုပါပဲ၊ သူအလိုအလျောက် ဇူးမ်ချဲ့ကြည့်နိုင်ပါတယ်။
မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျင်းရွှီယန်း က သူ့ကိုကြည့်နေတာကို သတိထားမိလိုက်တယ်။ စိတ်ရှုပ်ထွေးစွာ မျက်လုံးပုတ်ခတ်လိုက်ပြီး "ဘာဖြစ်နေတာလဲ" ဟု မေးလိုက်တယ်။