← Chapters

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အခန်း-(၂၂)

ဖြူဖျော့နေသောမျက်နှာဖြင့် ထိုအမျိုးသားကို မော့ကြည့်လိုက်တော့ မိုဘင်းရှမ် သည် သာမာန်ပုံသဏ္ဍာန်သာရှိသော အမျိုးသားတစ်ဦးက သူမအား စိုးရိမ်စိတ်ဖြင့် ကြည့်နေတာကိုတွေ့လိုက်ရတယ်။ အကြည့်တွေကို နိမ့်ချရင်း "အဆင်ပြေပါတယ်။ ကျွန်မကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်" ဟု ပျော့ပျောင်းစွာ ပြန်ဖြေလိုက်တယ်။

ဖြူဖပ်ဖြူရော် မျက်နှာလေးကို မြင်လိုက်ရတော့ အဲဒီအမျိုးသားက သနားတဲ့စိတ်နဲ့ “ငါ့အနားမှာနေပါ” လို့ ပြောလိုက်တယ်။

မိုဘင်းရှမ် က ခေါင်းညိတ်ပြီး သူ့ချည်သားအဝတ် ကို အသာအယာ ဆွဲလိုက်ကာ "ကျေးဇူးတင်ပါတယ်"

သူမရဲ့ ဆုပ်ကိုင်ထားမှုကို ခံစားလိုက်ရသဖြင့် ထိုအမျိုးသားက ပြုံးသွားကာ အဒရီနယ်လင် ကို စွမ်းအင် ဖြည့်သွင်းလိုက်သကဲ့သို့ ပို၍ပင် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။

မိုဘင်းရှမ် အတွက်တော့ သူမကို ကာကွယ်ပေးရတာ သဘာဝပါပဲ့။ နောက်ဆုံးတော့ သူမဟာ ကျောင်းရဲ့အလှလေးဖြစ်ပြီး ဒီလူအပါအဝင် တော်တော်များများက သူမကို သဘောကျကြပါတယ်။ ဒါကြောင့် သူ့ရဲ့ အကာအကွယ်ကို ပေးလာတဲ့အခါမှာ မဆိုင်းမတွ လက်ခံခဲ့တယ်။

သူမနှင့် မနီးမဝေးတွင်ရှိနေတဲ့ ကျိူးလီဇီ သည် အလေးနက်မထားဘဲ ယောက်ျားတစ်ရဲ့ အကာအကွယ်အောက်မှာရှိနေတာကို သူမကို ကြည့်ရင်းနဲ့ လှောင်ပြောင်ရယ်မောလိုက်သည်။ အခုတော့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး သူမရဲ့အရင်ဘဝက ဘယ်လောက်တောင်မိုက်မဲခဲ့တယ်ဆိုတာကို သိလိုက်ရတယ်။

"ဂါးးး"

ဘေးက ဖုတ်ကောင်တွေရဲ့ ဟောက်သံကိုကြားလိုက်တော့ သူမ ဖုတ်ကောင်တွေရဲ့ ထက်ရှတဲ့ လက်သည်းတွေကို ရှောင်ဖို့အတွက် အနောက်ကို ခြေတစ်လှမ်းဆုတ်ပြီး ဓားကို မြှောက်လိုက်တယ်။ လျင်မြန်သော အလျားလိုက် ခုတ်ချက်ကြောင့် ဖုတ်ကောင်ရဲ့ ဦးခေါင်းက မြေပြင်ပေါ်သို့ စက္ကန့်ပိုင်းအတွင်းမကြာမီပဲ့ ပြုတ်ကျသွားသည်။

ဖုတ်ကောင်တွေကို သတ်တဲ့လူတွေ အများကြီးရှိတဲ့အတွက် သူမမှာ အားလပ်ချိန်တွေ အများကြီးရှိတယ်။ သူမ ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များ၏ အလောင်းများကို ကြည့်ကာ သက်ပြင်းချလိုက်တယ်။ သာမန် ဖုတ်ကောင်များသာဖြစ်နေသေးပြီး — အမြုတေ များအတွက် ဖုတ်ကောင်ရဲ့ ဦးနှောက်ကိုရှာ၍ အချိန်ဖြုန်းရန် မလိုအပ်ပါ။

သူမရဲ့ စွမ်းအင်ကို ထိန်းသိမ်းထားရန်အတွက် မလိုအပ်သော တိုက်ခိုက်မှုများကို တတ်နိုင်သမျှ ရှောင်ရှားခဲ့တယ်။ လွန်ခဲ့သည့် ဆယ်မိနစ်အတွင်း သူမသည် ဖုတ်ကောင်တစ်ကောင်သာ သတ်ခဲ့ပြီး လီယောင် နှင့်

ပိုင်ရီကျီး က အများဆုံး ချေမှုန်းခဲ့တယ်။

နယ်မြေရှင်းလင်းရေးပြီးသည်နှင့် ကားပါကင်ဆီသို့ ပြေးသွားလိုက်ကြတယ်။ သူတို့ရဲ့ ဦးတည်ရာကို မြင်လိုက်ရတော့ ကျိူးလီဇီ ရဲ့ စိတ်တွေ တက်ကြွလာတယ်။

ကမ္ဘာပျက်ပြီးနောက်တွင် ဤကားများရဲ့ပိုင်ရှင်များဟာ အသက်ရှင်နေသေးလားဆိုတာကိုတော့ မည်သူမျှမသိနိုင်ကြပေ။ ဒါဆို သူမက တစ်စီးရွေးလိုက်ရင်တောင် ပြဿနာမဖြစ်သင့်ဘူးမလား။

သူမသည် ပိုင်ရီကျီး ကို လှမ်းခေါ်ပြီး "စီနီယာ၊ ကားကို ယူ တော့မှာလား" လို့ မေးလိုက်တယ်။

ပိုင်ရီကျီး က သူမကို တစ်ချက်ကြည့်လိုက်ပြီး "မင်းမှာ ကားရှိရင် မင်းကိုယ်တိုင် မောင်းလို့ရတယ်" လို့ပြောလိုက်တယ်။

"ကောင်းပြီ" ကျိူးလီဇီ ခေါင်းညိတ်လိုက်တယ်။

ကားပါကင်သို့ရောက်သောအခါတွင် ပိုင်ရီကျီး ကတော့ သူ့ကားကို ထုတ်ယူရန် သွားခဲ့ပြီး ကျိူးလီဇီ က အခြားလမ်းကြောင်းသို့ ပြေးသွားခဲ့တယ်။ ကားအများအပြား ပြည့်ကျပ် မနေသော်လည်း၊ ရရှိနိုင်သောယာဉ်များက အရည်အသွေးမြင့်သည်။

လင်အန်း တက္ကသိုလ်မှ ကျောင်းသားများနှင့် ဝန်ထမ်းအများစုသည် ချမ်းသာသောနောက်ခံမှ ဆင်းသက်လာကြပြီး သူတို့ရဲ့ကားများဟာ စျေးကြီးပြီး ကောင်းမွန်သောဒီဇိုင်းနှင့် စွမ်းဆောင်ရည်အတွက် တည်ဆောက်ထားသည့်အရာများကို ထင်ဟပ်စေသည်။

သူမ ကားပါကင်နေရာအား အလျင်အမြန် စူးစမ်းကာ သစ်ပင်အောက်တွင် ရပ်ထားသော အားကစားသုံး ထရပ်ကား ကို တွေ့လိုက်ရတယ်။ အက်စ်ယူဗွီ ( ကား) နှင့်ဆင်တူသော်လည်း၊ သူ့တွင်ထရပ်ကား အိပ်ရာ၊ အမိုးအကာနှင့် အပိုသိုလှောင်ခန်းများပါရှိသောကြောင့် ကြီးမားသောဝန်များကိုသယ်ဆောင်ရန်အတွက်အကောင်းဆုံးဖြစ်သည်။

သူမ ချဉ်းကပ်သွားလိုက်တာနှင့် အင်ဂျင်၊ ဘီးများနှင့် ကိုယ်ထည်များကို ပြုပြင်မွမ်းမံထားတာကို သတိပြုမိလိုက်ပြီး ကားကို မူလဒီဇိုင်းထက် များစွာပိုမိုခိုင်ခံ့စေသည်။

သူမရဲ့ရွေးချယ်မှုကို ကျေနပ်သဖြင့် အိတ်ကပ်ထဲမှ ဆံညှပ်နှစ်ချောင်းကို ဆွဲထုတ်ကာ သော့ကို ဖွင့်လိုက်တော့သည်။ ခဏအကြာတွင် တံခါးသော့ဖွင့်သံကို သူမကြားလိုက်ရတယ်။

ကားအထဲကို တက်လာပြီးတော့ သော့တွေကို ချက်ချင်းရှာလိုက်တယ်။ ဖြစ်နိုင်ရင် အတွင်းခန်းကို မပျက်စီးစေချင်ဘူး။

မိနစ်အနည်းငယ်အကြာမှ နေကာမျက်မှန်နောက်တွင် အရန်သော့တစ်ခုကို သူမတွေ့ရှိခဲ့သည်။ တံခါးကိုပိတ်ပြီး ကားအင်ဂျင်စက်ကို စနိုးလိုက်တယ်။

ထိုင်ခုံခါးပတ်ကို ပတ်နေစဉ်တွင် မွမ်းမံထားသော ဂျစ်ကား နှင့် အက်စ်ယူဗွီ တစ်စီးက သူမကို ကျော်ဖြတ်သွားတယ်။ သူမလည်း ကားကိုမောင်းကာသူတို့နောက်ကို လိုက်သွားလိုက်တယ်။

နှစ်ပေါင်းများစွာကြာအောင် ကမ္ဘာပျက်ကပ်ကို ဖြတ်သန်းဖူးပြီးနောက် သူမသည် အသုံးဝင်သော စွမ်းရည်များစွာကို စုဆောင်းမိခဲ့သည်။ မော်တော်ကားများ ကောက်ယူခြင်းကကလည်း သူမ သင်ယူခဲ့သော အတတ်ပညာတစ်ခု ဖြစ်သည်။

ပိုင်ရီကျီး နဲ့ သူ့အဖွဲ့နောက်ကို လိုက်နေတဲ့ ကျိူးလီဇီ ဟာ သူတို့ရဲ့လမ်းကြောင်းမှာ ဖုတ်ကောင်တွေကို ထိုအဖွဲ့က ချေမှုန်းနေတာ စောင့်ကြည့်နေခဲ့ပါတယ်။ သူတို့ရဲ့ကားများက ဖုတ်ကောင်များကို ကျော်ဖြတ်လိုက်တိုင်း သူတို့ရဲ့ကားများပေါ်တွင် ပုပ်ပွနေသော အသားများနှင့် အနက်ရောင်သွေးများ စွန်းထင်းသွားသည်။

ခေါင်းယမ်းကာ လျှာကိုနှိပ်ရင်း သူမရေရွတ်လိုက်တယ် "အရမ်းကြမ်းတမ်းတာပဲ့" လို့ ရေရွတ်လိုက်တယ်။

သူတို့လမ်းရှင်းပေးခြင်းကြောင့် သူမရဲ့ကိုယ်ပိုင်ကားကို ညစ်ပတ်ခံနေစရာမလိုတော့ပေ။ အနီးဆုံးစူပါမားကတ်က ကီလိုမီတာအနည်းငယ်အကွာတွင် ရှိနေသောကြောင့် တစ်စုံတစ်ခုကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်တယ်။

သူမရဲ့နေရာလွတ်မှ ဂါလံအလွတ်ဘူးကို ထုတ်၍ ဘူးကို ဘေးဘက်တွင်ထားကာ အခြားတစ်ဖက်နှင့် ကားမောင်းနေစဉ် ကျန်လက်တစ်ဖက်က လက်နှစ်ချောင်းကို ဘူးအဝမှတဆင့်အထဲသို့ ထည့်လိုက်တယ်။

ခဏအကြာတွင်တော့ သူမရဲ့လက်ချောင်းထိပ်များမှတဆင့် ရေများသည် ပုလင်းထဲသို့ စီးကျလာတယ်။ အစတွင် ရေများကလက်ချောင်းအရွယ်သာစီးဆင်းခြင်းဖြစ်သော်လည်း သူမရဲ့လက်ချောင်းထိပ်များတွင် စွမ်းအင်ပိုမိုအားစိုက်ထုတ်လ်ိုက်တာနှင့်အမျှ စီးဆင်းမှုကတိုးလာသည်။

ဘူးကို ငုံ့ကြည့်လိုက်တော့ ရေက မြန်မြန်ပြည့်လာတာကို တွေ့လိုက်ရတယ်။ ငါးမိနစ်မပြည့်ခင်မှာပဲပြည့်သွားတယ်။ ရေဘူးကို သူမရဲ့ အာကာသထဲတွင် သိမ်းဆည်းပြီးနောက် သူမရဲ့ စွမ်းအင်ကို ပြန်စစ်ဆေးလိုက်တော့ စွမ်းအင် ရဲ့ ၁% အောက်သာ အသုံးပြုခဲ့ကြောင်းကို တွေ့ရှိခဲ့သည်။

စမ်းသပ်မှုကိုအခြေခံ၍ သူမက အကြမ်းဖျင်းတွက်ချက်ကြည့်လိုက်တာ အံ့သြသွားတယ်— သူမရဲ့စွမ်းအင်ကို မကုန်ဆုံးမီ အနည်းဆုံးရေဂါလံ ၂၀၀ ထုတ်လုပ်နိုင်သည်။

ဒါကို သဘောပေါက်လိုက်တော့ သူမ မျက်မှောင်ကြုတ်လိုက်မိတယ်။ သူမ၏ စွမ်းရည်အတွက် သူမ ပျော်ခဲ့ရသော်လည်း သူမရဲ့ စွမ်းရည်ကို မြှင့်တင်ရန်အတွက်တော့ သူမရဲ့ စွမ်းအင်အားလုံးကို အလုံးစုံအသုံးပြုပြီး ထပ်ခါတလဲလဲ ပြန်လည်အားဖြည့်ယူရန် လိုအပ်ပါတယ်။

မီးပုံးပျံကို ဆန့်လိုက်သလိုပါပဲ၊ ပိုကျယ်လေ ပတ်၀န်းကျင်က လေဟာ လျော့ရဲလေပါပဲ့။ ထိုကန့်သတ်ချက်ကို ချိုးဖျက်လိုက်တာနှင့် သူမသည် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်တယ်။

သူမရဲ့စွမ်းအင်အရင်းမြစ်နှင့်ဆိုရင် ပထမအဆင့်သို့တက်ရန်အတွက်အချိန်အတော်ကြာလိမ့်မည်။ အခြားသူများနှင့် နှိုင်းယှဉ်ပါက သူမရဲ့တိုးတက်မှုက များစွာနှေးကွေးမည်ဖြစ်ပြီး အနာဂတ်တွင် သူမအား ထိခိုက်စေနိုင်သည်။

ခဏတိတ်ဆိတ်သွားပြီးနောက်တော့ သူမသည် ကျေးဇူးတင်ဖို့ပဲ့ ဆုံးဖြတ်လိုက်တယ်။ သူမတွင် စွမ်းအင်များလေလေ တိုက်ပွဲအတွင်း ရှင်သန်ရန် အခွင့်အလမ်းကောင်းလေဖြစ်သည်။ ဖြတ်ကျော်ဖို့ အချိန်ပိုကြာရင်တောင် ပင်ပန်းလို့ သေသွားတာထက်တော့ ပိုကောင်းပါသေးတယ်။

ဆယ်မိနစ်လောက်ကြာတော့ ရှေ့က ကားတွေက အရှိန်လျှော့ပြီး နောက်ဆုံးမှာ ရပ်တန့်သွားတယ်။ သူတို့သည် အဖွဲ့တစ်ဖွဲ့ဖြစ်သောကြောင့်—အနည်းဆုံးတော့ ယခုအချိန်တွင်—သူမကားကို သူတို့ကားရဲ့နောက်မှ မလှမ်းမကမ်းတွင် ရပ်ထားခဲ့တယ်။

သူတို့ရပ်လိုက်သည်နှင့် ဧရိယာအတွင်းရှိ ဖုတ်ကောင်များဟာ သူတို့ဘက်သို့ လှည့်လာပြီး ဟိန်းဟောက်၍ ပြေးလာကြသည်။

ပြေးဝင်လာသော ဖုတ်ကောင်များကို မြင်လိုက်ရသဖြင့် သူမသည် ကားတံခါးကိုဖွင့်ကာ လက်ထဲတွင် ဓားတစ်ချောင်းကိုကိုင်လို့အပြင်သို့ ထွက်မသွားမီတွင် ခတ္တတွန့်ဆုတ်သွားခဲ့တယ်။

သူမ ကားတံခါးကိုပြန်ပိတ်လိုက်သည်နှင့် ချက်ချင်းပင် ချွန်ထက်သော လက်သည်းတစ်စုံက သူမရဲ့ ဦးခေါင်းနောက်ဘက်ဆီသို့ ဦးတည်လာခဲ့တယ်။

အခန်း-(၂၃)

ကားပြတင်းပေါက်ရဲ့ ရောင်ပြန်ဟပ်မှုကို မြင်လိုက်ရတော့ ကျိူးလီဇီ ကအမြန် ရှောင်ထွက်သွားတယ်။

"ခရစ်"

ဖုတ်ကောင်ရဲ့ လက်သည်းများက ကားပြတင်းပေါက်မှန်နှင့် ခြစ်မိပြီး နားပေါက်ကွဲမတတ်ဆူညံသည့်အသံကို ထွက်လာ‌စေတယ်။ ကျိူးလီဇီ က ဆူညံသံကြောင့် မျက်မှောင်ကြုတ်ကာ တံခါးကို တစ်ချက်ကြည့်လိုက်တယ်။ လုံးဝ နဂိုအတိုင်း ဖြစ်နေတာကို မြင်လိုက်ရတော့ သူမရဲ့ မျက်လုံးတွေ တောက်ပလာတယ်။

"ဂါးးး"

ဖုတ်ကောင်က သူမကို ထပ်ခါတလဲလဲ ဟစ်‌ဟောက်ရင်း တိုက်ခိုက်လိုက်သည်။ သူမရဲ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ရင်း အနောက်သို့ လှည့်ထွက်ကာ ဖုတ်ကောင်ရဲ့လည်ပင်းကို ချိန်ရွယ်၍ သူမရဲ့အရိုးထုတ်ဓားဖြင့် ခုတ်ချလိုက်သည်။

"ခရစ်"

နောက်အခိုက်အတန့်တွင်တော့ ဖုတ်ကောင်ရဲ့ဦးခေါင်းက မြေကြီးပေါ်သို့ လိမ့်ကျသွားကာ အသက်မဲ့ခန္ဓာကိုယ်ကတော့ ပြိုလဲကျသွားပြီး အနက်ရောင်သွေးများက နေရာအနံ့ ပြန့်နှံ့သွားသည်။

သူမ အသက်ရှုမဝနိုင်ခင်မှာပဲ့ နောက်ထပ် ဖုတ်ကောင် ၃ ကောင်က သူမဆီကို တပြိုင်နက်ထဲ ထိုးဖောက်ဝင်ရောက်လာခဲ့တယ်။

ပုပ်သိုးနေသော အသားပုပ်နံ့က သူမနှာခေါင်းထဲသို့ စိမ့်ဝင်လာတော့ မျက်မှောင်ကြုတ်မိလိုက်တယ်။ သူမရဲ့ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး အရိုးထုတ်ဓားကို ဇွန်ဘီရဲ့လည်ပင်းကို ချိန်လိုက်တယ်။

"ခရစ်"

ဤတစ်ကြိမ်တွင်‌တော့ ဓားခုတ်ကာမှာ အားတစ်ဝက်မျှသာ ပါသွားသောကြောင့် ဖုတ်ကောင်ရဲ့လည်ပင်းတွင် ဓါးက ချိတ်မိသွားတယ်။

"ဂရားးး"

ဖုတ်ကောင်ရဲ့အနီးကပ် ခပ်လှမ်းလှမ်းတွင်ရပ်နေချိန်တွင်နောက်ထပ် ဖုတ်ကောင်က ဟောက်သံတစ်ခုနှင့်ဝင်လာတယ်။

အခြားသော ဖုတ်ကောင်များရဲ့ တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် အချိန်မရှိသဖြင့် သူမသည် သွားများကို တင်းတင်းကြိတ်ကာ သူမရဲ့ရှေ့တွင်ရှိသော ဖုတ်ကောင်ကို ဒိုင်းတစ်ခုအဖြစ် အသုံးပြုလိုက်တယ်။

အခြားသော ဖုတ်ကောင်များက ကိုက်လိုက်သကဲ့သို့ ဖုတ်ကောင်ရဲ့ ရင်ဘတ်နှင့် ပခုံးတို့မှ သွေးအနက်များ ထွက်လာပြီး ချွန်ထက်သော လက်သည်းများဖြင့် ထိုးမိကုန်တယ်။

ဓားလက်ကိုင်ကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်ရင်း သူမရဲ့ခြေထောက်ကို မြှောက်ကာ ဖုတ်ကောင်ကို ကန်ထုတ်ပစ်လိုက်တယ်။ ကန်ချက်ရဲ့ အင်အားကြောင့် သူမသည် ဖုတ်ကောင်၏လည်ပင်းမှ အရိုးဓားကို ထုတ်ယူနိုင်ခဲ့တယ်။

ဖုတ်ကောင်ကတော့ တစ်မီတာအကွာမှ ကျယ်လောင်သော အသံနှင့်အတူ မြေပြင်ကို ကျသွားကာ ပြန်ထရန် ရုန်းကန်နေရတယ်။

သူမ ဖုတ်ကောင်ကိုတစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များကို အပြီးသတ်လိုက်တယ်။ ပိုင်ရီကျီး နှင့် သူရဲ့အဖွဲ့မှာ သူမအား စောင့်ကြည့်နေတာကို သတိပြုမိလိုက်တယ်။ ပိုင်ရီကျီး ၏ မျက်လုံးများနှင့် ဆုံမိသည့်အခိုက်တွင် သူမသည် မျက်လုံးကို အနည်းငယ်ကျဉ်းမြောင်းပြီး ပြုံးနေလိုက်တယ်။

သူမ အပြုံးက သူမရဲ့ လှပသော မျက်နှာကို တောက်ပလာစေပြီး သူမရဲ့ နှုတ်ခမ်းများတွင် နွေးထွေးနေပုံ‌ပေါ်သော်လည်း သူမရဲ့ မျက်လုံးများက ပို၍ အေးစက်လာသည်။ သူမရဲ့စွမ်းရည်—အထူးသဖြင့် သူမရဲ့ အာကာသစွမ်းရည်ကို သူတို့အား ရှာဖွေတွေ့ရှိသွားစေဖို့ရန်အတွက် သူမမှာ ရည်ရွယ်ချက်မရှိပေ။

ဒါပေမယ့် သူတို့က သူမကို စမ်းသပ်ချင်ရင်တော့ သူတို့ရဲ့ဆန္ဒကို ကျေကျေနပ်နပ်ကြီး ဖြည့်ဆည်းပေးလိုက်မယ်။

ထိုအတွေးဖြင့် သူမ နောက်နှေးမနေတော့ပေ။

ရှေ့သို့ အပြေးအလွှားသွားကာ ဖုတ်ကောင်ရှေ့မှာ ရပ်လိုက်ပြီးတာနှင့် သူမ စတိုက်ခိုက်လိုက်တယ်။ သူမရဲ့ဓားကို အောက်သို့ ခုတ်ချလိုက်ခြင်းဖြင့် အနီးဆုံးရှိဖုတ်ကောင်ရဲ့ဦးခေါင်းခွံကို တစ်ဝက်ခွဲလိုက်နိုင်သည်။ နောက်တစက္ကန့်တွင်တော့ သူမသည် အပေါ်ဘက်သို့ ထောင့်ဖြတ် ခုတ်ဖြတ်လိုက်ကာ အခြားဖုတ်ကောင်ရဲ့ ဦးခေါင်းကို ယူလိုက်နိုင်ပြန်တယ်။

အနက်ရောင်သွေးများနှင့် ပုပ်သိုးနေသော ဦးနှောက်အမှုန်အမွှားများက မြေပြင်ပေါ်သို့ ပြန့်ကျဲသွားချိန်တွင် သူမရဲ့ ဘယ်ဘက်လက်သီးကို တင်းတင်း ဆုပ်လိုက်ပြီး နောက်ဆုံး ဖုတ်ကောင်ရဲ့ ညာဘက်မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်တယ်။

"ဒုတ် ခရစ် "

ကျိုးသွားသောအရိုးများရဲ့အက်ကွဲသွားသည့် အသံက လေထဲတွင် ပဲ့တင်ထပ်သွားကာ ပိုင်ရီကျီး နှင့် သူ့အဖွဲ့ကို အသက်ရှုကြပ်သွားစေတယ်။

လီယောင် သည် သေးငယ်သောလက်ကလေးက ဖုတ်ကောင်တစ်ကောင်ရဲ့ဦးခေါင်းကို ဖရဲသီးကဲ့သို့ လက်သီးဗလာဖြင့် ရိုက်ခွဲလိုက်ချိန်တွင် မယုံကြည်နိုင်စွာ ငေးကြည့်နေမိတယ်။ သူတို့ရဲ့ အံ့အားသင့်နေသော အကြည့်များအောက်တွင် ကျိူးလီဇီ က သူမရဲ့လက်သီးကို နောက်သို့ပြန်ဆွဲထုတ်ကာ ပြုံးလျက် ထိုနေရာတွင် ရပ်နေလိုက်တယ်။

အနက်ရောင်သွေးတွေနဲ့ အသားပုပ်တွေက ဘယ်လက်နဲ့ ဓားရိုးမှာ တွယ်ကပ်နေပြီး သူမ က သူတို့ဆီ လျှောက်သွားခဲ့လိုက်တယ်။

ပိုင်ရီကျီး ရှေ့မှာ ရပ်လိုက်ပြီး ခေါင်းကို အနည်းငယ် စောင်းလိုက်ကာ "စီနီယာ မင်းမြင်ရတာကို ကျေနပ်ရဲ့လား"

ပိုင်ရီကျီး ၏ မျက်လုံးများသည် ပုံမှန်အတိုင်း ပြန်မဖြစ်မီတွင် အသွေးနဲ့အသားများကပ်နေတဲ့ သူ့မရဲ့အဝတ်အစား အနေအထားကို မျက်မှောင်ကြုတ်ကြည့်လိုက်သော်လည်း ဘာမှမပြောပေ ။

သူ့ဘေးမှာရပ်နေတဲ့ မိုဘင်းရှမ် က နှာခေါင်းရှုံ့လိုက်ပြီး "ဒီမိန်းကလေးက ဘာလို့ဒီလောက်ရက်စက်ရတာလဲ။ ဒီသွေးမည်းတွေနဲ့ အညစ်အကြေးတွေကိုတောင် ဂရုမစိုက်ဘူး။ တကယ်ပဲ မိန်းကလေးလား"

ဘယ်သူကမှ မတုံ့ပြန်ခင်မှာပဲ ချူကျိမြောင် က "အနည်းဆုံးတော့ သူမဟာ ဖုတ်ကောင်လေးကောင်ကို သူ့ဘာသာသူသတ်နိုင်ပါတယ်။ ဖုတ်ကောင်တစ်ကောင်နဲ့တွေ့တိုင်း ငိုပြီး အော့အန်တတ်သူနဲ့ မတူဘူး။ တခြားသူတွေကို ဝေဖန်ပြီး မင်းသမီးလေးလို ညည်းညူရတာကို နှစ်သက်တဲ့မင်းနဲ့မတူဘူး"

သူမရဲ့စကားကြောင့် မိုဘင်းရှမ် ရဲ့ မျက်နှာက မည်းမှောင်သွားသည်။ သူမက စိုက်ကြည့်ရင်း ဒေါသတကြီးနဲ့ မေးလိုက်သည် " မြောင်မြောင် မင်းက ဘာကိုဆိုလိုတာလဲ၊ သူက သူစိမ်းတစ်ယောက်ပဲ၊ မင်းဘာလို့ သူ့အတွက်‌ပြောပေးနေတာလဲ"

ချူကျိမြောင် က သူမရဲ့ မျက်လုံးတွေနဲ့ စူးစူးရှရှ ပြန်ကြည့်လိုက်ပြီး "ငါပြောရင်တောင် မင်းနဲ့ ဘာဆိုင်လို့လဲ" လို့ ပြန်မေးတယ်။

ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသလိုမျိုး သူမက ပြုံးလိုက်ပြီး " မိုဘင်းရှမ် ကမ္ဘာပျက်ကပ် စတင်တဲ့နေ့မှာ မင်းရဲ့အခန်းဖော်ကို မင်းလုပ်ခဲ့တာကို ဘယ်သူမှ မမြင်ဘူးမထင်နဲ့" လို့ ပြောခဲ့ပါတယ်။

မိုဘင်းရှမ် ရဲ့အနားကို တိုးကပ်သွားရင်း ချူကျိမြောင်က အသံတိုးတိုးနဲ့ပြောလိုက်တယ် "ကိုယ့်ကိုယ်ကို ကယ်တင်ဖို့အတွက် နင် သူ့ကို ဒိုင်းတစ်ခုအဖြစ် အသုံးချခဲ့တယ်။ မင်း သူ့ကို ဖုတ်ကောင်တွေဆီ အသက်ရှင်လျက်တွန်းပို့ပြီး သတ်လိုက်လို့ ကြောက်စရာကောင်းတဲ့ သေခြင်းတစ်ခု ဖြစ်ခဲ့တယ်။ ဒါက မင်း ကိုယ်ကျိုးအတွက်ပဲ လုပ်နေတာ။ မင်းလုပ်လိုက်တာကြောင့် ကောင်းကောင်းအိပ်နိုင်ခဲ့ရဲ့လား"

သူမစကားကိုကြားပြီးနောက်မှာတော့ မိုဘင်းရှမ် ရဲ့မျက်နှာက ဖြူဖျော့သွားခဲ့သည်။ ခေါင်းယမ်းရင်း နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်ရင်သွားကာ "ဟင့်အင်း၊ ငါမဟုတ်ဘူး၊ ငါမရည်ရွယ်ပါဘူး-"

ချူကျိမြောင် က ပြက်ရယ်ပြုပြီး "မင်းငါ့ကို ဘာမှရှင်းပြနေစရာ မလိုဘူး။ ငါ့ကိုယ်ပိုင်မျက်စိကို ငါယုံတယ်"

သူတို့ဘေးမှာရပ်နေတဲ့ မိုဘင်းရှမ် ကို အရင်က အကာအကွယ်ပေးခဲ့တဲ့ အမျိုးသားဟာ သူမရဲ့ ဖြူဖပ်ဖြူရော်မျက်နှာကိုကြည့် မျက်မှောင်ကြုတ်ကာ လေးလေးနက်နက် တွေးကြည့်တယ်။

ချူကျိမြောင် ပြောသည်ကို ရှင်းရှင်းလင်းလင်း မကြားရသော်လည်း စွမ်းအင်အသုံးပြုသူတစ်ဦးအနေဖြင့် စကားရဲ့တစ်စိတ်တစ်ပိုင်းကို ကြားနိုင်ပြီး သူတို့ရဲ့ စကားဝိုင်းရဲ့ အနှစ်ချုပ်ကို ရယူနိုင်သည်။

သူမပြောတာသာမှန်တယ်ဆိုရင် ဒီမိန်းမနဲ့ ဝေးဝေးနေသင့်တယ်။ ဒီလိုမှမဟုတ်ရင် တစ်နေ့မှာ သူလဲ အကာအရံအဖြစ် အသုံးချခံရပြီး အကြောင်းပြချက်မသိဘဲ သေသွားရလိမ့်မယ်။

ဒါကိုတွေးပြီး နောက်ပြန်ဆုတ်လိုက်ကာ

မိုဘင်းရှမ် နဲ့ ခပ်ခွာခွာနေလိုက်တယ်။

သူမရဲ့စကားများက တစ်စုံတစ်ယောက်ရဲ့အသက်ကို ကယ်တင်နိုင်ခဲ့သည်ကို မသိဘဲ ချူကျိမြောင် က ကျိူးလီဇီ ဘက်သို့ လှည့်ကာ "အတန်းဖော်၊ ကျွန်မနာမည်က ချူကျိမြောင် ပါ။ ကျွန်မရဲ့သူငယ်ချင်းတွေနဲ့ မိသားစုတွေက ကျွန်မကို မြောင်မြောင် လို့ခေါ်ကြပါတယ်။

ကျိူးလီဇီ က ခေါင်းညိတ်ပြီး "ဟယ်လို၊ ငါ့နာမည်က ကျိူးလီဇီ "

ချူကျိမြောင် သည် အနက်ရောင်သွေးများနှင့် ကျိူးလီဇီ ၏လက်နှင့် ဓားကိုဖုံးအုပ်ထားတဲ့ ပုပ်နေသောအသားစများကို တစ်ချက်ကြည့်လိုက်သည်။ သူမက အဲဒါတွေကို ညွှန်ပြပြီး "ကျွန်မက ရေအမျိုးအစားစွမ်းအားရှိတဲ့ သူတစ်ယောက်ပါ။ သန့်ရှင်းရေးလုပ်ဖို့ ရေနည်းနည်း ပေးနိုင်ပါတယ်" လို့ ပြောလာတယ်။

ကျိူးလီဇီ က မျက်ခုံးပင့်ပြီး "မလိုပါဘူး၊ ကျေးဇူးပဲ" လို့ ပြန်ဖြေပါတယ်။

စကားတစ်ခွန်းမှ မပြောဘဲ လှည့်ကာ ကားဆီသို့ ပြန်သွားခဲ့သည်။

အခန်း-(၂၄)

‎ကျိူးလီဇီ သည် မိုဘင်းရှမ် ရဲ့ဦးခေါင်းကိုရရှိရန်အတွက်အခွင့်အရေးရှာဖွေဖို့သာ သူတို့နောက်သို့လိုက်ခဲ့ပြီးသူတို့နှင့်မိတ်ဖွဲ့ရန်ရည်ရွယ်ချက်မရှိခဲ့ပေ။ ထို့အပြင် သူတို့သည် သူမကို ဖုတ်ကောင်များ ဝန်းရံထားတာကို ကြည့်ရုံဖြင့်သာကြည့်ပြီး ဘာမှ မလုပ်ဘဲ ရပ်နေခဲ့ကြတယ်။ ဒီလိုလူမျိုးတွေက သူမရဲ့သူငယ်ချင်းဖြစ်ဖို့ မထိုက်တန်ဘူး။

‎

‎

‎ဘေးမှာရပ်နေတဲ့ ပိုင်ရီကျီး က သူမထွက်သွားတာကို ကြည့်ပြီး "သွားရအောင်" လို့ပြောလိုက်တယ်။

‎

‎

‎ချူကျိမြောင် က လီယောင် ၏ အက်စ်ယူဗွီ ကားဆီသို့ မလိုက်သွားမီတွင် ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။ အကြောင်းတစ်ခုခုကြောင့် ကျိူးလီဇီ ရဲ့ အနီးတွင်ရပ်နေခြင်းက နွေးထွေးသောစွမ်းအင်ကို ဖြာထွက်နေသလိုမျိုး ထူးထူးခြားခြား နှစ်သိမ့်မှုကိုခံစားရတယ်။

‎

‎

‎ထိုအချိန်တွင်တော့ ကျိူးလီဇီ က ပိုင်ရီကျီး ရဲ့အဖွဲ့ကကား မောင်းထွက်သွားသည်အထိ သူမကားဘေးတွင် ရပ်စောင့်နေတယ်။ ထို့နောက် သူမသည် ထရပ်ကားပေါ်သို့ တက်ကာ သူမရဲ့နေရာလွတ်ထဲသို့ ဝင်လိုက်တယ်။

‎

‎

‎သူမ အာကာသအတွင်း၌ အချိန်ကြာမြင့်စွာ မနေခဲ့ပါ။ သန့်ရှင်းသောအ၀တ်အစားများ ၀တ်ဆင်ပြီးနောက် နေရာလွတ်မှ ထွက်လာကာ ပိုင်ရီကျီး ရဲ့အဖွဲ့နှင့် အမြန်ပြန်ပူးပေါင်းခဲ့တယ်။

‎

‎ကံကောင်းထောက်မစွာဖြင့် သူမသည် အဝတ်အစားများကို ကြိုတင်စုဆောင်းထားခဲ့တယ်။ ဒီလိုမှမဟုတ်ရင်တော့ သူမရဲ့ သန့်ရှင်းတဲ့အဝတ်အစားတွေ မြန်မြန်ကုန်သွားလိမ့်မယ်။

‎

‎

‎သူမ ကားမောင်းနေချိန်မှာတော့ သူမရဲ့ နေရာလွတ်ထဲမှ မြက်ခင်းပြင်မှာ လွှင့်ပစ်ခဲ့လိုက်တဲ့ အဝတ်အစားတွေဆီက နေ ဖုန့မှုန့်ဖွဲဖွဲလေးများ ထွက်သွားခဲ့တယ်။

‎

‎မိနစ်အနည်းငယ်အကြာမှာတော့ အဝတ်အစားပေါ်ရှိ အနက်ရောင်သွေးများနှင့် ပုပ်နေသောအသားများသည် မြူမှုန်များနှင့်အတူ ပျောက်ကွယ်သွားတယ်။ အထည်အချို့ စုတ်ပြဲနေသော်လည်း အဝတ်အစားများကတော့ လတ်ဆတ်စွာ လျှော်ဖွပ်ထားပြီးပုံရတယ်။

‎

‎သူမကားမောင်းနေစဉ်အတွင်းတွင် ကျိူးလီဇီ က နေရာလွတ်မှ ဂါလံအလွတ်ဘူးများကို ဆက်လက်ထုတ်ယူကာ ရေဖြည့်လိုက်သည်။ စူပါမားကတ်ရဲ့ ဆိုင်းဘုတ်ကိုတွေ့လိုက်သောအခါတွင် နောက်ဆုံးပုလင်းကိုဖြည့်ပြီး သူမရဲ့နေရာ၌ သိမ်းဆည်းထားလိုက်တယ်။ ထို့နောက် ရေကန်မှရေတစ်ပုလင်းကို ထုတ်ယူကာ တစ်ကျိုက်များစွာ မြိုချလိုက်တယ်။

‎

‎ ရေကိုမျိုချလိုက်တာနဲ့ ချက်ချင်းဆိုသလိုပင်သူမရဲ့လည်ချောင်းမှတဆင့် စွမ်းအင်လှိုင်းလုံးများက ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့သွားသည်။ သူမရဲ့ သွေးကြောများအတွင်းတွင် စွမ်းအင်များ တဟုန်ထိုးတက်လာတာကို ခံစားရပြီးနောက် သူမသည် ပြုံးကာ ရေရွတ်လိုက်တယ် "ငါထင်သလိုပဲ ဒီကန်ရေက ငါ့ရဲ့ စွမ်းအင်ကို တကယ်ပြန်ရစေခဲ့တယ်"

‎

‎

‎သူမရဲ့လက်ထဲရှိ နောက်ထပ်ဝှက်ဖဲတစ်ချပ်နှင့်အတူဆို သူမသည် ဤကမ္ဘာပျက်ကပ်ကြီးအတွင်း၌ ရှင်သန်ခြင်းထက်ကိုပို၍ လုံခြုံသွားသည်ဟု ခံစားလိုက်ရတယ်။

‎

‎ရေအမျိုးအစား အမြုတေမရှိသည့်တိုင် သူမရဲ့ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန်အတွက် ကန်ရေကို သောက်သုံးနိုင်သည်။ အမြုတေ ကိုစုပ်ယူခြင်းကဲ့သို့ထိရောက်မှုမရှိသော်လည်း၊ ကန်ရေကိုသောက်ခြင်းက ကုန်ကျစရိတ်သက်သာပြီးသူမတွင်အကန့်အသတ်မရှိထောက်ပံ့မှုလဲရှိတယ်။

‎

‎

‎အဲဒါကို စိတ်ထဲမှတ်သားထားလိုက်ပြီး စူပါမားကတ်ရဲ့ အပြင်ဘက်မှာ ကားကို မရပ်ခင်မှာ နောက်ထပ် ကန်ရေသုံးပုလင်းကို အမြန်ဆွဲထုတ်ပြီး ကျောပိုးအိတ်ထဲကို ထည့်လိုက်တယ်။

‎

‎သူမနှင့်မတူဘဲ ပိုင်ရီကျီး နှင့် လီယောင်ကတော့ ကားရပ်နားရာနေရာသို့ တန်းတန်းမတ်မတ်မောင်းသွားခဲ့တယ်။ ကားအင်ဂျင်စက်တွေကိုပိတ်ပြီးတာနဲ့ မော်တော်ကားပေါ်ကနေ သူတို့ တယောက်ပြီး တယောက် ထွက်လာကြတယ်။

‎

‎

‎လီယောင် က ဟိုဟိုဒီဒီ တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ "အစ်ကိုပိုင်၊ ငါတို့ ကံကောင်းလိုက်တာ ဖုတ်ကောင်တွေ မတွေ့ဘူး"

‎

‎

‎သူ့အသင်းဖော်တွေကလဲ ခေါင်းညိတ် သဘောတူကြပါတယ်။ ပိုင်ရီကျီး တစ်ဦးတည်းကသာ မလှုပ်မယှက် ရပ်နေပြီး စူပါမားကတ်ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေတယ်။

‎

‎

‎မှောင်ရိပ်ထဲမှာ အန္တရာယ်တစ်ခုခုရှိနေတာကြောင့် သူ့ဗီဇက သူ့ကို ထွက်သွားဖို့ အော်ဟစ်‌နေတယ်။ သူရဲ့ ခံစားချက်တွေက မှားခဲပေမယ့်လဲ သူ့အသင်းက ရိက္ခာတွေ လိုအပ်နေသေးတယ်။

‎

‎

‎ဤသည်မှာ သူတို့ရဲ့ တက္ကသိုလ်နှင့် အနီးဆုံး စူပါမားကတ်ဖြစ်တယ်။ အကယ်၍ သူတို့သာ အခြားနေရာသို့ ရှာဖွေရန် ထွက်ခွာသွားပါက အန္တရာယ်ပို၍ မြင့်မားသည့် မြို့လယ်ခေါင်သို့သွားဖို့ စွန့်စားရပေမည်။ ပြီးတော့ အဲဒီမှာရှိတဲ့ ထောက်ပံ့ရေးပစ္စည်းတွေက နဂိုအတိုင်းရှိနေမယ်ဆိုတာကလည်း အာမခံချက်မရှိဘူး။

‎

‎

‎သူ့ရဲ့ ဗီဇကို ယုံမလား ဒါမှမဟုတ် ရှေ့ကို တက်မလား ငြင်းခုံနေချိန်တွင် ကျိူးလီဇီ က သူတို့နဲ့ မီတာအနည်းငယ် အကွာမှာ ရပ်သွားတယ်။

‎

‎

‎သူမအဲဒီမှာရပ်နေတဲ့အချိန်၌ စူပါမားကတ်အတွင်းကနေ ဖိနှိပ်ချုပ်ချယ်မှုကို သူမခံစားလိုက်ရတယ်။

‎

‎ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရင်း မျက်လုံးတွေက ကျဉ်းမြောင်းသွားသည်။ မြင်ရသလောက်တော့ ဖုတ်ကောင်က တစ်ကောင်မျှ မရှိဘူး။ အဝေးက ဟောက်သံတောင် မကြားရဘူး။ ဒါကို သူမသိလိုက်ချိန်မှာတော့ အအေးဓာတ်က သူ့ကျောရိုးကို ပြေးဆင်းသွားတယ်။

‎

‎

‎ကမ္ဘာပျက်ကပ်တွင် အဆိုးဆုံးအိပ်မက်ဆိုးမှာ ဖုတ်ကောင်များ ၊ မျိုးပြောင်းတိရစ္ဆာန်များပင်မဟုတ်—၎င်းသည် မျိုးပြောင်းအပင်များဖြစ်တယ်။

‎

‎ဖုတ်ကောင်များ သို့မဟုတ် မျိုးပြောင်းတိရစ္ဆာန်များနှင့် မတူဘဲ မျိုးပြောင်းအပင်များသည် သူတို့ရဲ့ ပတ်ဝန်းကျင်၌ ချောမွေ့စွာ ရောနှောထားနိုင်တယ်။ အချိန်နှောင်းသွားသည့်တိုင်အောင် တစ်စုံတစ်ရာ ရှိနေတာကို ဘယ်သူကမှ မသိလိုက်မိနိုင်ပေ။

‎

‎သူမရဲ့ယခင်ဘဝက မျိုးပြောင်းအပင်နှင့် ကြုံတွေ့ခဲ့ရသည့် အတိတ်မှတ်ဉာဏ်များကိုတွေးမိကာ ပိုင်ရီကျီး ဘက်လှည့်လို့ "စီနီယာ၊ ဒီနေရာက အန္တရာယ်များလွန်းတယ်။ ငါတို့ အမြန်ဆုံး ထွက်သွားဖို့လိုတယ်" လို့ ပြောလိုက်တယ်။

‎

‎ပိုင်ရီကျီး က မတုံ့ပြန်ခင်မှာ မိုဘင်းရှမ် က သူ့စကားတွေကို လှောင်ပြောင်ပြီး "အတန်းဖော် မင်းရဲ့ အစီအစဉ်က ဘာလဲဆိုတာ ငါမသိဘူး၊ ဒါပေမယ့် ငါတို့က ဒီကို ရောက်နေပြီ၊ ငါတို့က အတွင်းခန်းကိုတောင် မစစ်ရသေးဘူး၊ မင်းက အစ်ကိုပိုင် ကိုထွက်သွားဖို့ တောင်းဆိုနေပြီလား"

‎

‎

‎သူမ လက်နှစ်ဖက်ကို ဖြန့်ပြကာ "ဘာတွေ လုပ်ဖို့ စီစဉ်နေတာလဲ" ဟု ပြတ်ပြတ်သားသား မေးလာသည်။

‎

‎

‎သူမရဲ့စွပ်စွဲချက်တွင် အမျိုးသားများရဲ့ အမူအရာများက မှောင်မိုက်သွားခဲ့တယ်။ ချူကျိမြောင် နှင့် လီယောင် ပင်လျှင် ကျိူးလီဇီ ကို သံသယစိတ်ဖြင့် စိုက်ကြည့်နေတယ်။

‎

‎သူတို့ရဲ့ တုံ့ပြန်မှုတွေကို မြင်တော့ ကျိူးလီဇီ က သူမရဲ့ သတိပေးချက်တွေကို ပြန်မျိုချလိုက်ပါတယ်။ ကိုယ့်ဘဝကိုယ်တောင် မမြတ်နိုးရင် ဘာလို့ ငါကဂရုစိုက်ရမှာလဲ ။

‎

‎မကြာခင် နားလည်လာလိမ့်မယ်။

‎

‎သို့သော် ပိုင်ရီကျီး က သူမရဲ့စကားများကို အလေးအနက်ထားခဲ့တယ်။ သူမဆီ လျှောက်လာကာ စူးရှသော အကြည့်များနဲ့ သူမကို ကြည့်လာပြီး "တစ်ခုခု သိလား" ဟု မေးလိုက်တယ်။

‎

‎

‎ကျိူးလီဇီ က မျက်လုံးချင်းဆုံပြီး "ဒီစူပါမားကတ်က ဆင်ခြေဖုံးမှာရှိပေမဲ့ ဖုတ်ကောင်တွေ လုံးဝမရှိဘူးဆိုတာမဖြစ်နိုင်ပါဘူး၊ အနည်းဆုံးတော့ ပိုင်ရှင် ဒါမှမဟုတ် ဝန်ထမ်းတွေက ဒီမှာရှိ နေသင့်တယ်။ တစ်ခုခုကို ပိတ်ထားလို့ပဲဖြစ်နိုင်တယ်"

‎

‎ပိုင်ရီကျီး က အဆောက်အအုံကို လေ့လာလိုက်ပြီး "သူတို့ အသက်ရှင်နေသေးပြီး အထဲမှာ ပုန်းအောင်းနေမယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ" လို့ မေးပါတယ်။

‎

‎

‎ဒါကိုကြားတော့ သူမက ခေါင်းယမ်းပြီး "လူတွေရှိရင် အထဲမှာ တံခါးတွေ အကာအရံတွေ ချထားမယ်။ သွေးအစွန်းထင်း၊ အပျက်အစီးတွေတစ်ခုခုတော့ ရှိလိမ့်မယ်" လို့ ပြန်ဖြေတယ်။

‎

‎ထို့နောက် သူမသည် စူပါမားကတ်အဝင်ဝကို ညွှန်ပြပြီး "ဟိုဟိုဒီဒီကြည့်စမ်းပါ တိုက်ခတ်ခဲ့တဲ့ သဲလွန်စတွေ တွေ့သလား၊ သွေးတစ်စက်လောက်ရှိတာကိုတောင်တွေ့လား " လို့ မေးတယ်။

‎

‎ပိုင်ရီကျီး ရဲ့ အကြည့်များက ပတ်ဝန်းကျင်ကို ခဏတာ စစ်‌ဆေးလိုက်ပြီးနောက် အေးစက်စက်ခံစားချက်က ကျောရိုးကို ဖြတ်သန်းသွားတယ်။ ပြင်းထန်ကာ ဂနာမငြိမ်သော ခံစားမှုက သူ့နှလုံးသားထဲတွင် တိုးဝင်လာတယ်။ ဒီတစ်ခါတော့ သူက သူ့ဗီဇကို ယုံကြည်ဖို့ ဆုံးဖြတ်ပြီး "ငါတို့ ထွက်သွားကြမယ်"

‎

‎

‎သူဒီလိုပြောလိုက်ပြီးတာနဲ့ သူ့အဖွဲ့ဟာ သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့တယ်။ ကျိူးလီဇီ ရဲ့ အခြေအမြစ်မရှိသော စကားများကို ပယ်ချရန် သို့မဟုတ် အနည်းဆုံး စူပါမားကတ်ကို ဦးစွာစစ်ဆေးရန် သူ့ကို မျှော်လင့်ထားကြသည်။ မထင်မှတ်ထားတာက တစ်စက္ကန့်မှမတွေးဘဲထွက်ခွာသွားဖို့အတွက် သူကရွေးချယ်ဖို့ မတွန့်ဆုတ်ခဲ့ပါဘူး။

‎

‎

‎ချူကျိမြောင် သည် ရိက္ခာများကို စွန့်လွှတ်ရန် တွန့်ဆုတ်နေကာ "အစ်ကို ပိုင်-" ဟု အော်လိုက်တယ်။

‎

‎

‎ဒါပေမယ့် သူမစကားမဆုံးခင်မှာပဲ ကျိူးလီဇီ က "သတိထားပါ”

All Chapters