အခန်း (၂၅-၂၇)
Vol. 2 Ch. 25-27
အခန်း-(၂၅)
ကျိူးလီဇီ အော်လိုက်သည်နှင့် တပြိုင်နက် လူတိုင်းက လှည့်ကြည့်လိုက်ကြတယ်—ချူကျိမြောင် ဆီသို့ အရှိန်ပြင်းပြင်းနဲ့လျင်မြန်စွာ ရောက်လာသော သတ္တုချောင်းတစ်ခုကို မြင်လိုက်ရတယ်။
သူမသည် အဖွဲ့ထဲဝင်ပြီးနောက်တွင် ထောက်ပံ့ရေးပစ္စည်းများရှာဖွေရန်အတွက်ထွက်သော်လည်း လီယောင် ကသာ သူမကို အမြဲကာကွယ်ပေးခဲ့တယ်။ ချမ်းသာသောမိသားစုမှ နှစ်သက်ခံ သမီးတစ်ဦးအနေဖြင့် သူမတွင် တိုက်ပွဲအတွေ့အကြုံ လုံးဝမရှိပေ။
အသက်နှင့်သေဆုံးမှုအခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် ချူကျိမြောင် ကြောက်ရွံ့မှုကြောင့် မလှုပ်ရှားနိုင်တော့ပေ။ သေခြင်းတရားဆိုတာ ရှောင်လွှဲလို့ မရဘူးလို့ သူမထင်ထားသလိုပဲ သူမရှေ့မှာ အရိပ်တစ်ခု ပေါ်လာတယ်။
သတ္တုချောင်း က ခန္ဓာကိုယ်ကို မဖောက်သွားမီ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ့ ကျိူးလီဇီ က သူမရဲ့ ဓားနှင့် ခုတ်ချလိုက်တယ်။
" ကလန် ခရစ်"
သူမရဲ့ တိုက်ခိုက်ရေး စွမ်းအားကြောင့် သတ္တုချောင်း က အနီးနားရှိ နံရံတစ်ခုသို့ ထိုးကျသွားသည်။ ပင့်ကူအိမ်ကဲ့သို့သော ကွန်ကရစ် အက်ကွဲကြောင်းများက ပျံ့နှံ့သွားသဖြင့် ဖုန်မှုန့်များက လေထဲတွင် ပျံ့နှံ့သွားတယ်။
ကျိူးလီဇီ ရဲ့လက်မောင်းက သတ္တုချင်း ရိုက်ခိုက်မှုကြောင့် ထုံကျင်သွားသော်လည်း သူမမှာ ပြန်လည်ကောင်းမွန်ရန်စောင့်ဖို့ အချိန်မရှိပေ။ ပြင်းထန်သော ဖိအားတစ်ခုက သူမဆီသို့ တိုးဝင်လာကာ သူမကိုနှလုံးခုန်မြန်လာစေတယ်။ တွေးမနေဘဲ သူမလှည့်ပတ်ပြီး ချူကျိမြောင် ကို ကန်ထုတ်လိုက်သည်။
"ဘုတ်"
ကန်အား၏ သက်ရောက်မှုကြောင့် ချူကျိမြောင် ဟာ
မိုဘင်းရှမ် နှင့် အနီးနားရှိ လူအများအပြားကိုလည်း ဝင်တိုက်မိပြီး ကျယ်လောင်သော အသံများနှင့်အတူ မြေပြင်ပေါ်သို့ လဲကျကုန်တယ်။
ကျိူးလီဇီ က သူမကို ကန်လိုက်ပြီးသည်နှင့် ပြန်လှည့်ကာ သူမရဲ့ ဓားကို မြှောက်လိုက်တယ်။
" ကလန် ဘုန်း "
ကြမ်းတမ်းသော တိုက်မိမှုကြောင့် ဖုန်မှုန့်များနှင့် အပျက်အစီးများ လွင့်ထွက်သွားခဲ့သည်။ ဖုန်မှုန့်များပျောက် သွားပြီးသည်နှင့် ကျိူးလီဇီ သည် အလွန်ဆိုးရွားသော ဝက်ပုပ်သတ္တဝါတစ်ကောင်နှင့် မျက်နှာချင်းဆိုင်တွေ့ခဲ့ရတယ်။ သူမပြန်လည်မွေးဖွားပြီးနောက်တွင် ပထမဆုံးအကြိမ်အဖြစ် သူမရဲ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုများဖြင့် တုန်လှုပ်သွားခဲ့တယ်။
ဖုတ်ကောင်၏ ဝိညာဉ်မဲ့ အနက်ရောင် မျက်လုံးများက သူမဆီကို ကျောက်ချထားတယ်။ အခြားသော ဖုတ်ကောင်များနှင့် မတူဘဲ ၎င်းသည် ဟိန်းဟောက်ခြင်း သို့မဟုတ် သတိမဲ့ လှုပ်ရှားခြင်း မရှိပေ။ ဆိတ်ဆိတ်နေပြီး တွက်ဆမှုဖြင့် သူမကို ရိုးရှင်းစွာ စိုက်ကြည့်နေတယ်။ ထို့နောက် သူမရဲ့ အတွေးများကို ဖတ်ရှုလိုက်သလိုပင်၊ ဆိုးရွားသော အပြုံးတစ်ခုက လူသားရဲ့ မျက်နှာတစ်ဝက်ကို ဖြတ်သွားခဲ့တယ်။
သူမမြင်လိုက်ရတဲ့အခိုက်အတန့်မှာ ကျိူးလီဇီ ရဲ့ခန္ဓာကိုယ်က အခြေအနေကို စိတ်က မထိန်းချုပ်နိုင်ခင်မှာပဲ တုံ့ပြန်မိသွားတယ်။ သူမဒူးတွေကိုကွေးပြီး နောက်ကိုခုန်ဆုတ်လိုက်တယ်။
သူမ လေထဲတွင် ရှိနေစဉ်တွင် ဖုတ်ကောင်က ရုတ်တရက် ပျောက်ကွယ်သွားတာကို တွေ့လိုက်ရတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ့ ဖုတ်ကောင်က သူမရဲ့အနောက်မှာ ပြန်ပေါ်လာတယ်။
အန္တရာယ်ကို သတိပြုမိပြီး တိုက်ခိုက်မှုကို တားဆီးရန် လက်နှစ်ဖက်ဖြင့် ဓါးကို ကိုင်မြောက် ကာ လှည့်လိုက်တယ်။
"ဒုတ် ဘုန်း"
ဖုတ်ကောင်ရဲ့ သတ္တုလက်တံက သူမကို ပြင်းထန်သော တွန်းအားဖြင့် ထိမှန်သွားကာ သူမအား စူပါမားကတ်နေရာမှ လွှင့်ထွက်သွားစေသည်။ သူမရဲ့ ခန္ဓာကိုယ်က လမ်းဘေးရှိ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ကျသွားပြီး သူမရဲ့ လက်များ လျင်မြန်စွာ ရောင်ရမ်းလာခဲ့တယ်။ ကြမ်းတမ်းသောအပင်အခေါက်များဆီမှ ခန္တာကိုယ်ကို လျှောချလိုက်ရင်း နှုတ်ခမ်းထောင့်မှ သွေးများက စီးကျလာတယ်။
ဖုတ်ကောင်က လေထဲမှဆင်းသက်လာသည်နှင့် တပြိုင်နက် ပြုံးပြီး သူမဆီသို့ လှမ်းလာလိုက်တယ်။
"သတိထားပါ" ပိုင်ရီကျီး က သူ့လက်ကို ဝှေ့ယမ်းရင်း အော်လိုက်တယ်။
ကျိူးလီဇီ သူ့အသံကို ကြားလိုက်သည်နှင့် မျက်လုံးများက စူးရှလာတယ်။ သူမ အံကြိတ်လို့ နာကျင်ကိုက်ခဲမှုကို သည်းခံပြီးရပ်ကာ လက်ကို မြှောက်လိုက်တယ်။
" ခရစ် ခရက် "
ဖုတ်ကောင်ရဲ့သတ္တုလက်သီးအောက်တွင် ချက်ခြင်းကွဲကြေသွားစေရန်လွယ်ကူသယောင် ဖောက်ထွင်းမြင်ရသော ရေဒိုင်းတစ်ခုက တစ်စက္ကန့်အတွင်း ထွက်ပေါ်လာတယ်။
တစ်ချိန်တည်းမှာပင် လျှပ်စီးကြောင်းတစ်ခုကလည်းဖုတ်ကောင်ရဲ့နောက်ကျောကို ထိမှန်သွားပြီး လှုပ်ရှားမှုကို ခဏတာရပ်တန့်သွားခဲ့စေလိုက်တယ်။
ကျိူးလီဇီ က အခွင့်အရေးကိုအရယူပြီး သူမရဲ့လက်ကောက်ဝတ်ကို လှန်လိုက်ကာ ဖုတ်ကောင်၏ဦးခေါင်းဆီသို့ အရှိန်ပြင်းပြင်းဖြင့် ရေဓားသုံးချောင်းကို ပစ်သွင်းလိုက်တယ်။
" ကလန် ကလန် ခလက် "
ဓါးများက ဖုတ်ကောင်ရဲ့လည်ပင်းကို ထိမှန်သွားသော်လည်း သတ္တုဖုံးထားသော အရေပြားကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပါ။ ဒါကိုမြင်လိုက်ရတော့ သူ့မရဲ့အမူအရာတွေ မဲမှောင်သွားခဲ့တယ်။
ဖုတ်ကောင်က လှုပ်ရှားမှုကို ပြန်လည်ရရှိလာပြီးနောက်တွင် သတ္တုလက်သီးကို ထပ်မံထိုးသွင်းပြန်တယ်။ ကျိူးလီဇီ က မျက်လုံးများကို မှေးကျဥ်းထား၍ တိုက်ခိုက်မှုကို ရှောင်တိမ်းကာ ဘေးသို့ လှည့်လိုက်တယ်။
"ဒုတ်"
သတ္တုလက်သီးက သစ်ပင်ပင်စည်ထဲသို့ နက်ရှိုင်းစွာ ကျွံဝင်သွားကာ အပေါက် တစ်ခုဖြစ်သွားခဲ့သည်။
ဖုတ်ကောင်နှင့် မီတာအနည်းငယ်အကွာတွင် ရပ်နေသော ကျိူးလီဇီ က အသက်ရှုကြပ်နေလေပြီ ။ သူမသည် ပိုင်ရီကျီး နှင့် သူ့အဖွဲ့ကို စူးစူးစိုက်စိုက်ကြည့်ကာ "မင်းတို့အားလုံး ဒီကိုပွဲကြည့်ဖို့လာတာလား။ အတူတူတိုက်ခိုက်ကြ"
သူမရဲ့စကားကြားတော့ အာရုံပြန်ရလာကြတယ်။
သူတို့အားလုံးဟာ စွမ်းရည်တွေကို နိုးထနိုင်ခဲ့ကြပေမယ့် ကျိူးလီဇီ ရဲ့တိုက်ခိုက်မှုကို ဖုတ်ကောင်က ဘယ်လို ဖြိုခွင်းခဲ့လဲဆိုတာကို သက်သေပြပြီးတဲ့နောက်တော့ ဖုတ်ကောင်ရဲ့ခေါင်းကိုရဖို့ ဘယ်သူမှ မရင်ဆိုင်ဝံ့ကြပါဘူး။ နောက်ဆုံးတော့ သူတို့သည် ကမ္ဘာပျက်ကပ်မတိုင်မီက သာမန်လူများသာဖြစ်ပြီး အစွမ်းထက်တဲ့ ဘီလူးတွေကို တိုက်ခိုက်ဖို့ မပြောနဲ့၊ သူတို့ရဲ့ အတန်းအဖော်တွေရဲ့ အနိုင်ကျင့်မှုကိုတောင် မလွန်ဆန်ရဲဘူး။
ဘယ်သူကမှ မလှုပ်ရှားတာကိုမြင်တော့ လီယောင် က သူ့လက်သီးတွေကို ဆုပ်ထားကာ ပြေးသွားပြီး သူ့လက်သီးတွေကို ဖုတ်ကောင်ရဲ့နောက်ကျောကို ချိန်ရွယ်လိုက်တယ်။
ချူကျိမြောင် ဒါကိုမြင်တာနဲ့ "လီယောင် "
"ဒုတ်"
သူမ၏အော်သံကြောင့် သတိထားမိသွားတဲ့ဖုတ်ကောင်က လှည့်၍ ဝင်လာသောတိုက်ခိုက်မှုကို ပိတ်ဆို့လိုက်တယ်။
လီယောင် ရဲ့လက်သီးက ဖုတ်ကောင်ရဲ့သတ္တုလက်မောင်းနှင့် တိုက်မိသွားသောအခါတွင် သူရဲ့အရိုးများက ကျိုးသွားပြီး အသားများက စုတ်ပြဲသွားသည်။ သူ့ဒဏ်ရာများမှ သွေးများက ရွှဲနစ်လာတယ်။
ဖုတ်ကောင်၏ အနက်ရောင်မျက်လုံးများဟာ သွေးရဲ့ရနံ့ကို ခံစားမိလိုက်သောကြောင့် စိတ်လှုပ်ရှားစွာ တောက်ပသွားတယ်။ လီယောင် က မတုံ့ပြန်နိုင်ခင်မှာပဲ့ ဖုတ်ကောင်က သူ့ရဲ့ကြီးမားလှတဲ့ သတ္တုလက်မောင်းကို လှမ်းပြီး လီယောင်ကို ဖမ်းလိုက်တယ်။
"အာ့" ဖုတ်ကောင်က သူ့ခန္ဓာကိုယ်တစ်ဝိုက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားစဉ်တွင် လီယောင် က နာကျင်စွာအော်ဟစ်လိုက်တယ်။
သူ့ကိုယ်တွင်းအင်္ဂါတွေအထိပါ အညှစ်ခံနေရတာကို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံးက နာကျင်နေတယ်။ သံချေး ရဲ့အရသာသည် လည်ချောင်းထဲသို့ တိုးဝင်လာပြီး သူ့နှုတ်ခမ်းများမှတဆင့် သွေးများက မေးစေ့အထိ စီးကျလာသည်။
သူ့သူငယ်ချင်းကို ကယ်တင်ဖို့ ကြိုးစားရန်အတွက် ပိုင်ရီကျီး က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဖုတ်ကောင်ဆီကို မိုးကြိုး ၃ လုံး ပျံသန်းသွား စေတယ်။
ဒါကိုမြင်တော့ ကျိူးလီဇီ ရဲ့ မျက်လုံးတွေက ခဏလောက် တောက်ပလာပြီး လက်ကောက်ဝတ်ကို လှန်လိုက်တယ်။ ချက်ခြင်းပင် လေထုထဲမှာ ရေဓားများက ထွက်ပေါ်လာပြီး မိုးကြိုးများဆီသို့ ပျံသန်းသွားသည်။
" ခရစ် ဘန်းးး"
ရေဓါးသွားများနှင့် မိုးကြိုးများ တိုက်မိသည့်အခိုက်တွင်တော့ မိုးကြိုးစွမ်းအားကို ရေဓါးသွားများက စုပ်ယူသွားပါတယ်။
ဒါကိုလူတိုင်းမြင်လိုက်တဲ့အခါ အထူးသဖြင့် ပိုင်ရီကျီး က တုန်လှုပ်သွားပြီး မျက်လုံးတွေ ပြူးကျယ်သွားတယ်။ သူရဲ့ မိုးကြိုးအမျိုးအစားစွမ်းရည်က ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်းရှိသော်လည်း ရေဓားငယ်များနှင့် ရင်ဆိုင်ရသောအခါတွင် အမှန်တကယ် ရှုံးသွားခဲ့ပြီဖြစ်သည်။
ကျိူးလီဇီ သူတို့ရဲ့ အံ့အားသင့်နေတဲ့ အကြည့်တွေကို လျစ်လျူရှုပြီး ရောင်ရမ်းနေတဲ့ လက်နှစ်ဖက်ကို မြှောက်လိုက်ကာ လက်ဖဝါးတွေကို ပူးကပ်လိုက်တယ်။
တခဏချင်းတွင်ပဲ့ ရေဓားသွားများဟာ တစ်ခုတည်းအဖြစ်သို့ ရောနှောသွားခဲ့တယ်။ လခြမ်းပုံသဏ္ဌာန်ရှိသော ရေဓါးက အဝိုင်းတစ်ခု အသွင်သို့ပြောင်းသွားသည်။
သူမရဲ့လက်ကို လွှဲယမ်းလိုက်ကာ ရေဓါးကို အနောက်ဘက်ဆီသို့ ဦးတည်ကာ ဖုတ်ကောင်ဆီသို့ ပျံသန်းသွားစေခဲ့တယ်။
ဖုတ်ကောင်သည်ဝင်လာသော တိုက်ခိုက်မှုကို သတိပြုမိသောအခါ နောက်ပြန်ခုန်လို့ လုပ်ကြံမှုကို ရှောင်ရှားလိုက်သည်။
ဆက်တိုက် တိုက်ခိုက်ပြီးနောက်မှသာ ပိုင်ရီကျီး ရဲ့အသင်းဖော်များက နောက်ဆုံးတွင် စတင်တိုက်ခိုက်ခဲ့တယ်။ သစ်သားဘောလုံးသုံးလုံးကို ဖုတ်ကောင်ဆီ ဦးတည်ကာ အရှိန်ပြင်းပြင်းဖြင့် အရှေ့သို့ ပစ်ခတ်လိုက်တယ်။
" ခရက် ခရစ် ခရက် "
အခန်း-(၂၆)
ဤတိုက်ခိုက်မှုက သာမာန်ဖုတ်ကောင်တစ်ဦးကိုတော့ ထိရောက်စွာတိုက်ခိုက်နိုင်သော်လည်း အဆင့်နှစ် ဖုတ်ကောင်ရှေ့တွင်တော့ ၎င်းက ကလေးကစားနည်းသာဖြစ်သည်။ သစ်သားဘောလုံးများက ဖုတ်ကောင်ကိုမထိမီတွင် သတ္တုဆေးထိုးအပ်သုံးချောင်းကြောင့် ကွဲသွားခဲ့တယ်။
ဖုတ်ကောင်က သူတို့ကို ကြည့်ပြီး ပုပ်ပွနေတဲ့ လက်တံ ကိုရွေ့လိုက်တာနဲ့ စူပါမားကတ်ရဲ့ ဆိုင်းဘုတ်က ရုတ်တရက် သူတို့ဆီ ပြေးဝင်လာတယ်။
ဒါကိုမြင်တော့ တခြားအဖွဲ့ဝင်တစ်ယောက်က သူ့လက်ကို မြှောက်လိုက်ပြီးတာနဲ့ သူတို့အပေါ်မှာ မြေတံတိုင်းတစ်ခုပေါ်လာတယ်။
" ဘန်းးး"
ဆိုင်းဘုတ်က မြေသားနံရံကို ကျယ်လောင်စွာ ရိုက်ခတ်မိသွားပြီး ချက်ချင်း ကွဲအက်သွားသည်။
"အဟွတ်!" လေးလံသော ဆိုင်းဘုတ်ကို ကိုင်ထားရန် ရုန်းကန်ရင်း ပါးစပ်မှ သွေးများ ချောင်းဆိုးလာသည်။
သူ မောဟိုက်လာပြီး သူ့ကန့်သတ်ချက်ကို ရောက်သွားသလို ခံစားရတာကြောင့် ပြောလိုက်တယ် "ပြေး"
ဒါကိုကြားတော့ ဘေးနားကို အမြန်ရွှေ့လိုက်ကြတယ်။ နောက်အခိုက်အတန့်တွင် မြေတံတိုင်းပြိုကျလာကာ လူကတော့ နောက်ပြန်ခုန်လို့ ဆိုင်းဘုတ်ကို ရှောင်သွားလိုက်တယ်။
"ဘန်းး"
ဆိုင်းဘုတ်က လူသွားလမ်းပေါ်ရှိ သတ္တုတုံးများနဲ့ ခြစ်မိသွားချိန်တွင် မီးပွားများ ပေါက်ကွဲသံများနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့တယ်။
သူတို့ရဲ့ စွမ်းရည်များဖြင့် တိုက်ခိုက်ခြင်းသည် အသုံးမဝင်ကြောင်း သတိပြုမိပြီးနောက်တွင်တော့ ပိုင်ရီကျီး သာ ဓားမြှောင်ကို ထုတ်လိုက်ပြီး ဖုတ်ကောင်ရှိရာသို့ ပြေးသွားခဲ့သည်။
"ဒုန်းးး"
ဖုတ်ကောင်သည် လီယောင် ကို လက်မလွှတ်လိုက်ဘဲ ခြေထောက်ကို မြှောက်ကာ ပိုင်ရီကျီး ကို ကန်လိုက်သည်။ ပြင်းထန်သော ကန်ချက်ကြောင့် ပိုင်ရီကျီး က နံရံတစ်ခုဆီသို့လွှင့်ထွက်သွားခဲ့သည်။ အားလုံးက စက္ကန့်ပိုင်းအတွင်းမှာ ဖြစ်သွားတာပဲ့။
ကျိူးလီဇီ က အခြေအနေကို လျင်မြန်စွာ အကဲဖြတ်ပြီး ပိုင်ရီကျီး နှင့် သူ့အဖွဲ့က လုံးဝမကူညီနိုင်ကြောင်း သဘောပေါက်လိုက်သည်။ သူတို့ရဲ့ အနိုင်ရဖို့ အခွင့်အလမ်းက နည်းနေပြီး အကောင်းဆုံး နည်းဗျူဟာကတော့ လွတ်မြောက်ဖို့ပါပဲ့။
သို့သော် ဤဖုတ်ကောင်ကို တိုက်ခိုက်ရန် စွမ်းအင်များစွာ သုံးစွဲပြီးနောက်တွင်တော့ ကျိူးလီဇီ သည် နောက်ဆုတ်ရန် ဆန္ဒမရှိတော့ပေ။ သူမရဲ့ယခင်ဘဝတုန်းကတော့ ဤဖုတ်ကောင်ရဲ့လက်၌ စစ်သားမည်မျှသေဆုံးခဲ့သည်ကို ပြန်တွေးမိသွားကာ သူမရဲ့လည်ချောင်းရှိ သံချေးအရသာနဲ့ သွေးကို မျိုချလိုက်ကာ ဖိနှိပ်လိုက်သည်။
သူမရဲ့ လက်ဖဝါးပေါ်တွင် သူမရဲ့စွမ်းအင်ကို အာရုံစိုက်ထားကာ ဖုတ်ကောင်များကို ဆက်လက်တိုက်ခိုက်နိုင်ရန်အတွက် ရေအားကို ထိန်းချုပ်ခဲ့ပြီး အရှိန်ကတော့ပိုမြန်လေလေပါပဲ့။
ပိုင်ရီကျီး နှင့် သူရဲ့အသင်းဖော်များကို ခုခံရင်း ဖုတ်ကောင်သည် သူမရဲ့တိုက်ခိုက်မှုများကို ရှောင်တိမ်းခဲ့တယ်။
"ကလက်"
အကြိမ်ကြိမ်ကြိုးစားပြီးနောက်တော့ သူမရဲ့ရေဓားကနောက်ဆုံးတွင် ဖုတ်ကောင်ရဲ့လည်ပင်းကအခွံကို အက်ကွဲသွားစေခဲ့သည်။ လည်ပင်းကို ဖုံးအုပ်ထားသော သတ္တုအလွှာက ကွဲအက်သွားတာကြောင့် အောက်ရှိ အသားပုပ်များကို ထင်ရှားစွာမြင်စေသည်။
ရေဓါးက ဖုတ်ကောင်ရဲ့လည်ပင်းတွင် စိုက်နေစဉ်တွင် ကျိူးလီဇီ က သူမရဲ့လက်သီးကို ဆုပ်လိုက်ပြီး ရေဓါးကို ချက်ချင်းအရည်အဖြစ်သို့ ပြောင်းလဲလိုက်တယ်။ နောက်အခိုက်အတန့်တွင်တော့ ရေသည် ဖုတ်ကောင်ရဲ့ကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး ပိုင်ရီကျီး ရဲ့ မိုးကြိုးစွမ်းအင်ကိုဘာ အတူ သယ်ဆောင်သွားတယ်။
ဖုတ်ကောင်ရဲ့ကိုယ်အတွင်း၌ လျှပ်စစ်ဓာတ်အားက ပျံ့နှံ့သွားသဖြင့် လီယောင် အပေါ် ချုပ်ကိုင်မှု ပြေလျော့သွားသည်။ ဒါကိုမြင်တော့ ပိုင်ရီကျီးက အမြန်ပြေးသွားပြီး လီယောင် ကို ဆွဲထုတ်လိုက်ကာ ဖုတ်ကောင်ရဲ့ ရင်ဘတ်ကို ကန်ထုတ်လိုက်တယ်။
"ဘန်းး"
ဖုတ်ကောင်က မြေပြင်ပေါ်သို့ လဲကျသွားပြီး ထရန် ရုန်းကန်နေရသည်။ပါးစပ်ကိုကျယ်ကျယ်ဟကာ အသံတိတ်ဟောက်သံကို ထုတ်လိုက်ပြီးသည်နှင့် အနက်ရောင်မျက်လုံးများက ကျိူးလီဇီ ကို လူသတ်လိုစိတ်ဖြင့် စူးစိုက်ကြည့်တယ်။
ကျိူးလီဇီ က သူမရဲ့သွားများကို တင်းတင်းစေ့ကာ ဖုတ်ကောင်ထံမှထွက်လာသော ဖိအားကို ခုခံခဲ့သည်။ ဖုတ်ကောင်ရဲ့ ကိုယ် အတွင်းကနေ ဆက်လက်တိုက်ခိုက်ဖို့အတွက် ဘယ်လက်ကိုသုံးပြီး ညာလက်ကို မြှောက်လိုက်တယ်။
သူမ လက်ဖဝါးကိုဖွင့်လိုက်သည်နှင့် တစ်စက္ကန့်မပြည့်မီတွင် ရေမြှားငါးချောင်းက ထွက်လာသည်။ သူမရဲ့လက်မောင်းကို လွှဲလိုက်ပြီး ရေမြှားများကို ဖုတ်ကောင်ရဲ့ဦးခေါင်းဆီသို့ဦးတည်၍ အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ ပစ်လွှတ်လိုက်သည်။
တိုက်ခိုက်မှုက မလုံမလောက်ဖြစ်မှာကြောက်လို့ ရေမြှားတွေကို ရေဓားသွားအဖြစ် ပြောင်းလဲဖို့ သူမရဲ့ နောက်ဆုံးစွမ်းအင်ကို အသုံးပြုခဲ့ပါတယ်။ သူမရဲ့လက်ကောက်ဝတ်ကို လှန်လိုက်ခြင်းဖြင့် ရေဓါးသည် ဖုတ်ကောင်ရဲ့လည်ပင်းကိုဖြတ်သွားကာ သတ္တုအလွှာ၏အောက်ရှိ အသားပုတ်နေသောနေရာကို ထိမှန်သွားသည်။
နောက်တစ်စက္ကန့်တွင် ဦးခေါင်းက မြေပြင်ပေါ်သို့ လှိမ့်ဆင်းလာကာ လည်ပင်းမှ အနက်ရောင်သွေးများ ထွက်ကျလာသည်။
ဖုတ်ကောင်သေဆုံးပြီးချင်းမှာပဲ့ ကျိူးလီဇီဟာ ပါးစပ်ထဲကသွေးတွေထွက်ပြီး လဲကျသွားတယ်။ ရေဓါးကတော့ လမ်းမပေါ်သို့ စိုစွတ်နေသော ရေများထဲသို့ ပျော်ဝင်သွားသည်။
ခေါင်းကို ကိုင်ထားရင်း ပြင်းထန်သော ခေါင်းကိုက်ခြင်းနှင့် ပျို့အန်ခြင်း—သူမ၏ စွမ်းဆောင်နိုင်ရည်-စွမ်းအင်ကို အလွန်အကျွံသုံးခြင်းရဲ့ လက္ခဏာရပ်များကို ခံစားလိုက်ရသည်။
သူမနှင့် မနီးမဝေးတွင်တော့ ပိုင်ရီကျီးနှင့် သူ့အဖွဲ့သားများသည် ဒဏ်ရာများဖြင့် မြေပြင်ပေါ်တွင် ပြန့်ကျဲနေခဲ့တယ်။ တိုက်ပွဲက ဆယ်မိနစ်မပြည့်သော်လည်း ရာစုနှစ်တစ်ခု ကုန်သွားသလို ခံစားရတယ်။
ပိုင်ရီကျီး က သူ့ကိုယ်သူ တွန်းအားပေး လိုက်ပြီး "ချူကျိမြောင် ၊ လီယောင် ရဲ့ အခြေအနေကို စစ်ဆေးကြည့်ပါဦး။ မင်းတို့ သုံးယောက် အထဲကို ဝင်သွားပြီး ရေနဲ့ ဆေးတွေ သွားယူလိုက်" လို့ပြောလိုက်တယ်။
သူ့စကားကြားတော့ သူတို့ရဲ့ ခြေထောက်များကိုအာပြုကာ ခိုင်ခိုင်မာမာထရပ်ပြီး အလုပ်တွေ အမြန်လုပ်ကြတယ်။
အလုပ်များခွဲပြီးသောအခါတွင် ပိုင်ရီကျီးက သူ့ခြေထောက်များကို ဆွဲယူလို့ ကျိူးလီဇီထံ လျှောက်သွားကာ သူမရဲ့ အခြေအနေကို စစ်ဆေးရန်သွားလိုက်တယ်။ သူမရဲ့လက်တွေ ရောင်ရမ်းနေပြီး မျက်နှာက ဖြူဖျော့နေတာကို မြင်တော့ "သွားရအောင်၊ ငါ မင်းကို ကားပေါ်လိုက်ပို့ပေးမယ်။ မင်းဒဏ်ရာတွေကို ကုသဖို့ လိုအပ်တယ်" လို့ ပြောပါတယ်။
သူရဲ့ အထိအတွေ့ကို ခံစားလိုက်ရတော့ ကျိူးလီဇီက သူ့လက်တွေကို တွန်းဖယ်လိုက်ပြီး "ကျွန်မ အဆင်ပြေပါတယ်" လို့ ပြောလိုက်တယ်။
သူမ အားတင်းရင်း အသက်ပြင်းပြင်းရှူကာ ပျို့အန်ချင်တာကို မျိုသိပ်လိုက်တယ်။ ခဏအကြာတွင် ခေါင်းကိုက်တာသာ ကျန်တော့သည်။ နာကျင်ပေမယ့် ခံနိုင်ရည်ရှိခဲ့တယ်။
ပိုင်ရီကျီးရဲ့ စိုးရိမ်မှုကို လျစ်လျူရှုကာ သူမရဲ့ ကားဆီသို့ လျှောက်သွားခဲ့တယ်။ တံခါးကိုဖွင့် ကျောပိုးအိတ်ကို ဇစ်ဖွင့်ကာ ရေသန့်ဘူးတစ်ဘူးကို ထုတ်လိုက်တယ်။ သူမသည် အလုတ်ပေါင်းများစွာ သောက်လိုက်တယ်။ သောက်ပြီးသွားတော့ ခေါင်းကိုက်တာတွေ လျော့သွားကာ စွမ်းအင် အနည်းငယ်လည်း ပြန်ပြည့်လာခဲ့တယ်။
သူမ နောက်ထပ်ပုလင်းကို ကိုင်ကာ ထပ်သောက်လိုက်သည်။ ဒုတိယ အကြိမ် သောက်ပြီးတာနှင့် သူမသည် များစွာ သက်သာ လာပြီး သက်ပြင်း တစ်ချက် ချလိုက်တယ်။ တိုက်ပွဲအတွင်းတွက် သူမရဲ့ယခင်ဓားက ကျိုးသွားသောကြောင့် သူမရဲ့နေရာမှ နောက်ထပ်ဓားတစ်ချောင်းကို ထုတ်ယူလိုက်ရသည်။
ကားတံခါးကိုပိတ်ပြီးနောက် သူမ ဖုတ်ကောင်ရဲ့ဦးခေါင်းဆီသို့ လျှောက်သွားလိုက်တယ်။ လျင်မြန်သောနှုန်းနှင့်အတူ သူမသည် ဓားဖြင့် ခေါင်းကို နှစ်ခြမ်းခွဲလိုက်တယ်။ ဦးနှောက်ကိုထိုးဆွလိုက်တာ သွေးမည်းများနှင့် ပုပ်နေသော အရာဝတ္ထုများ မြေပြင်ပေါ်သို့ ဖိတ်ကျလာသည်။
ခဏအကြာတွင်တော့ လက်သည်းအရွယ်ခန့်ရှိသော ရွှေအိုရောင်အမြုတေ ကို တွေ့ရှိခဲ့သည်။ အမြု တေကိုကိုင်ကာ ရေဘောလုံးငယ်တစ်ခုကို ဖန်တီးပြီး ၎င်းကို သန့်စင်ရန်အတွက် အသုံးပြုခဲ့သည်။
တောက်ပနေသော အမြုတေ ကို ကြည့်လိုက်ရာ နောက်ဆုံးတွင် သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ အဆင့်နှစ် သတ္တုအမျိုးအစားအမြုတေကို ရရှိခြင်းက မမျှော်လင့်ထားသော်လည်း အံ့သြဖွယ်ကောင်းလှသည် တိုက်ပွဲက အန္တရာယ်ရှိပေမယ့် အများကြီးရခဲ့တယ်။
တိုက်ပွဲအပြီးတွင် သူမရဲ့ စွမ်းအင်အတားအဆီးက အားနည်းသွားတာကို သူမ ခံစားနိုင်သည်။ အကယ်၍ သူမသာ နောက်ထပ်အကြိမ်အနည်းငယ် တိုက်ခိုက်ပါက နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
အခန်း-၂၇
သို့သော် အရေးကြီးဆုံးအချက်မှာ အဆင့်ခြောက်ဖုတ်ကောင်၏ လျှို့ဝှက်အန္တရာယ်ကို စောစောစီးစီး ဖယ်ရှားလိုက်နိုင်ခြင်းပင်ဖြစ်သည်။ တိုက်ပွဲမှာ ကျဆုံးသွားနိုင်တဲ့ စစ်သားတွေဟာ အသက်ရှင်ဖို့ အခွင့်အလမ်း ရှိသွားပြီ။
ခဏတာ အနားယူပြီးနောက်တွင်တော့ သူမရဲ့ အခြေအနေက အလွန်ကောင်းမွန်လာပြီး စူပါမားကတ်ဆီသို့ လျှောက်သွားခဲ့သည်။ သူမ ဝင်ပေါက်ကို ရောက်တဲ့အခါ မိုဘင်းရှမ် က သူမရဲ့ လမ်းကြောင်းကို ပိတ်ဆို့ပြီး "မင်းအထဲကို ဝင်လို့မရဘူး" လို့ပြောခဲ့ပါတယ်။
"ဘာဖြစ်လို့မရတာလဲ" ကျိူးလီဇီ က မေးတယ်
"အစ်ကို ပိုင်က ဒီနေရာကို ရှာတွေ့ခဲ့တာပါ၊ ဒါကြောင့် ပစ္စည်းတွေ အရင်ယူခွင့်ရှိပါတယ်" လို့ မိုဘင်းရှမ်က အမှန်အတိုင်း ပြန်ဖြေပါတယ်။
သူ့စကားကြားတော့ ကျိူးလီဇီ က လှောင်ပြောင်ပြီး "အရှက်မဲ့သူတွေ အများကြီးတွေ့ဖူးပါတယ်၊ ဒါပေမယ့် မင်းလောက် အရှက်ကင်းမဲ့တဲ့သူတော့ မရှိဘူး"
သူမစကားပြီးတာနှင့် သူမသည် မိုဘင်းရှမ် ကို ဘေးသို့တွန်းထုတ်ကာ တံခါးကိုဖွင့်ကာ ဝင်လာခဲ့တယ်။
မိုဘင်းရှမ် က အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားတာ်။ သူမသည် ကျိူးလီဇီ ရဲ့ကျောပြင်ကို စိုက်ကြည့်ကာ ဒေါသတကြီးဖြင့် နှုတ်ခမ်းများကို ကိုက်တယ်။
မဝေးလှသောနေရာတွင် ချူကျိမြောင် နှင့် အခြားသူများကတော့ လီယောင် ရဲ့ဒဏ်ရာများကို ပြုစုရန် အလုပ်များနေကြသည်။ သူမ စိတ်ပူပြီး စိုးရိမ်နေပြီမို့ မိုဘင်းရှမ် ရဲ့ အရှက်မဲ့သော စကားများကို သူမကြားလိုက်ရသောအခါ သူမ ဒေါသကိုထိန်းမရတော့ပေ။
"မိုဘင်းရှမ် မင်း စိတ်အနှောင့်အယှက်ဖြစ် အောင်လုပ်နေတာကို ရပ်လို့မရဘူးလား" သူမက ဒေါသတကြီးမေးတယ်။
"သူမကြောင့်သာ မဟုတ်ရင်၊ ငါတို့အားလုံးဟာ အခုချက်ချင်းသေသွားနိုင်တယ်။ ရိက္ခာတွေမရရှိအောင်တားဆီးဖို့အတွက်ဆို မင်းရဲ့အရေပြားက ဘယ်လောက်တောင်ထူလိုက်မလဲ" သူမက ဒေါသတကြီးမေးတယ်။
ဒီတစ်ကြိမ်မှာတော့ ယောက်ျားတွေက
မိုဘင်းရှမ် ကို မကာကွယ်တော့ဘူး။ သူတို့ထဲက တစ်ယောက်က "နောက်တစ်ခါ သူမကို မခေါ်တာ ပိုကောင်းတယ်။ သူက ဘာမှ မကူညီခဲ့ဘဲ ဒုက္ခရောက်အောင်ပဲ့လုပ်တာ"
သစ်သားစွမ်းရည်ရှိသူက သူမကို ဒေါသတကြီးကြည့်ကာ "ငါတို့ ဘယ်လောက်ပဲ ပျော့ညံ့နေပါစေ ငါတို့ အသက်ရှင်ဖို့ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေရတုန်းပဲ။ ဒါပေမယ့် သူမက ပုန်းကွယ် နေပြီး လုံးဝမကူညီဘူး"
"အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါ အနည်းဆုံးတော့ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ပြီး အသင်းဖော်တွေကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေရဘူး။ သူမက သာမန်လူတစ်ယောက်ပဲ့။ သူမအတွက်သာ ဝန်ထုပ်ဝန်ပိုးဖြစ်ရုံသာမကဘဲ ကျွန်တော်တို့အတွက်လဲ ဒုက္ခပေးတတ်တယ်" ဟု အခြားအမျိုးသားတစ်ဦးကပါ ပြောလာခဲ့သည်။
ဒါကိုကြားတော့ မိုဘင်းရှမ် ရဲ့ နှလုံးသားမှာ မုန်းတီးမှုတွေ ပြည့်နှက်သွားတယ်။ သူမ သူတို့ကို ကြည့်ပြီးတော့ ပိုင်ရီကျီး ကို ကြည့်တယ်။ အေးစက်သောအကြည့်ကို သူမတွေ့လိုက်သောအခါတွင် အအေးဓာတ်က ကျောရိုးတလျှောက် စီးဆင်းသွားသည်။ သူမ ဘာမှမလုပ်ရင် ဒီအချိန်က သူမနဲ့ နောက်ဆုံးအကြိမ်ဖြစ်မယ်ဆိုတာ သူမနားလည်ပါတယ်။
ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် မတ်တပ်ထရပ်ပြီး "ကျွန်မလည်း စွမ်းရည်ရှိတဲ့သူတစ်ယောက်ပါ" လို့ ပြောပါတယ်။
ချူကျိမြောင် က လှောင်ပြောင်ပြီး "မင်းရဲ့ အကောင်းဆုံး စွမ်းရည်က လက်စိမ်းခွေးမတစ်ကောင်လို သရုပ်ဆောင်နေတာလို့ ငါထင်တယ်"
" ချူကျိမြောင် မင်းငါ့ကို ရန်ဆက်စနေမယ်ဆိုရင် ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုကို ဖြတ်တောက်တဲ့အတွက် ငါ့ကို အပြစ်မတင်ပါနဲ့" မိုဘင်းရှမ် က ဒေါသတကြီးပြောလိုက်ပါတယ်။
ချူကျိမြောင် သူမရဲ့ ရင်ဘတ်ကို မြှင့် ကာ "မင်းလုပ်ချင်တာတောင်မှ ခင်မင်ရင်းနှီးမှုဆိုတာက ဘယ်တော့မှ မရှိဘူး" လို့ပြောလိုက်တယ်။
နာကျင်နေသော နဖူးကို ပွတ်သပ်ရင်း ပိုင်ရီကျီး က "လုံလောက်ပြီ"
သူက သူ့အဖွဲ့ကို ကြည့်ပြီး "ပစ္စည်းတွေ သွားစစ်ပြီး ကားတွေထဲ ထည့် ငါတို့ ဒီမှာ အချိန်မဖြုန်းတော့ဘူး" လို့ အမိန့်ပေးတယ်။
လီယောင် အတွက် စိုးရိမ်နေကြသော်လည်း စကားကို လိုက်နာကာ စူပါမားကတ်သို့သာ ဝင်ရောက်သွားကြသည်။
ထို့နောက် ပိုင်ရီကျီး က ချူကျိမြောင် ကိုကြည့်ကာ "မင်းလည်းသွား"
"ဒါပေမယ့် ငါ-"
သူမ မဆုံးခင် ပိုင်ရီကျီး က သူမကို "သွားတော့" ဟု ဖြတ်ပြောလိုက်သည်။
သူ့ရဲ့စိတ်အနှောက်အယှက်ဖြစ်နေမှုကို ခံစားရတာကြောင့်
ချူကျိမြောင် သည် သူမတစ်ထစ်လျှော့လိုက်ပြီး လီယောင် ရဲ့လက်ကို လွှတ်လိုက်ပြီး စူပါမားကတ်ထဲသို့ လှမ်းဝင်လိုက်တယ်။
သူတို့နှစ်ယောက်တည်းရှိတော့တဲ့အခါမှ
ပိုင်ရီကျီး က မိုဘင်းရှမ် ဘက်လှည့်ပြီး "မင်းမှာ ဘာစွမ်းရည်ရှိလဲ"
"အစ်ကိုပိုင်၊ ငါ လီယောင် ရဲ့ဒဏ်ရာတွေကို ကုပေးလို့ရတယ်" လို့ အလျင်အမြန်ပြောရင်း မျှော်လင့်ချက် မျက်လုံးတွေ တလက်လက်ဖြစ်နေတယ်။
ပိုင်ရီကျီး က မျက်ခုံးပင့်ပြီး "ကုသနိုင်တဲ့ စွမ်းရည်လား"
မိုဘင်းရှမ် က စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြပြီး သူမလက်ကို သူကဆုပ်ကိုင်ကာ လီယောင်ထံ လျှောက်လာသည်။ ခဏအကြာတွင် ပေါ့ပါးသော အလင်းတန်းတစ်ခုက သူမရဲ့လက်များကို ဖုံးအုပ်ထားသည်။
အနီးအနားတွင် ရပ်နေသော ပိုင်ရီကျီး သည်
လီယောင် ၏ ခန္ဓာကိုယ်ပေါ်ရှိ ခြစ်ရာများနှင့် ဒဏ်ရာငယ်များက ဖြည်းညှင်းစွာ ပျောက်ကင်းသွားတာကို စောင့်ကြည့်နေခဲ့တယ်။ သူ့သူငယ်ချင်းမှာ အတွင်းဒဏ်ရာများ ရှိ၊ မရှိ မသေချာသော်လည်း သူရဲ့ ပြင်ပဒဏ်ရာများသည် ဖြည်းညှင်းစွာ သက်သာလာခဲ့တယ်။
မိုဘင်းရှမ် ကို လှမ်းကြည့်ရင်း 'သူမက ကြည့်ရတာ လုံးဝ မသုံးဝင်သလိုပုံတော့မပေါ်ဘူးပဲ' လို့ သူ့ဘာသာတွေးလိုက်မိတယ်။
စူပါမားကတ်အတွင်းတွင် ချူကျိမြောင် နှင့် သူမရဲ့အသင်းဖော်များက အသင့်စားခေါက်ဆွဲခြောက်နှင့် ရေများကို ရွှေ့ရန် တွန်းလှည်းများကို အသုံးပြုခဲ့ကြသည်။ ထောက်ပံ့ရေးပစ္စည်းများတင်နေစဉ်တွင် ပရိုတင်းအတုံးများနှင့် ပေါင်မုန့်အချို့ကိုလည်း ယူဆောင်သွားခဲ့သည်။
စားသောက်ပြီးသောအခါတွင်လည်း ရိက္ခာများကို အက်စ်ယူဗွီ နှင့် ဂျစ်ကားများထဲသို့ ဆက်လက်သယ်ဆောင်သွားကြသည်။ သူတို့ဟာ သူတို့ရဲ့ အလုပ်တွေကို အာရုံစိုက်လွန်းတာကြောင့် ဆန်၊ မုန့်ညက်၊ ဆီနဲ့ အရသာမှုန့်တွေပါတဲ့ အပိုင်းက လုံးဝ ဗလာဖြစ်နေတာကို သတိမထားမိကြဘူး။
ထိုအချိန်တွင်တော့ ကျိူးလီဇီ က ဂိုဒေါင်ထဲမှ ပစ္စည်းများကို စုဆောင်းနေတယ်။ သူမပစ္စည်းတွေကို ရှင်းထုတ်လိုက်ပြီးတဲ့အချိန်မှာတော့ ဒီဧရိယာမှာ ဘာကြောင့် လူတွေ ဒါမှမဟုတ် ဖုတ်ကောင်တွေ မရှိရတာလဲဆိုတာကို သူမ နားလည်လာခဲ့ပါတယ်။
ဂိုဒေါင်ရဲ့ထောင့်တွင် အရိုးများနှင့် အသားပုပ်များ စုပုံနေသည်။ ပြောင်းလဲသွားသော ဖုတ်ကောင်က လူ့အသားကို စားရုံသာမက အမြုတေ ကိုလည်း ကိုက်စားနေပုံရသည်။ ကမ္ဘာပျက်ပြီး ရက်အနည်းငယ်အကြာတွင် အဆင့် ၂ သို့ ရောက်ရှိခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။
အခြားသော ဖုတ်ကောင်များထံမှ အမြုတေ များကို စားသုံးခြင်းသည်လည်း အကျိုးရှိစေပါသည်။ ထို့ကြောင့်၊ ကမ္ဘာပျက်ကပ်စပြီး နှစ်အနည်းငယ်မျှသာရှိသေးသော်လည်း ဖုတ်ကောင်အများစုသည် ဆင့်ကဲပြောင်းလဲနေပြီဖြစ်ပြီး အဆင့်အနိမ့်ဆုံးသူများတောင် အဆင့်နှစ်တွင်ရှိနေသည်။
လူသားစားခြင်းက နိယာမတရားများထဲတွင် ရှင်သန်ခြင်း၏ပြင်းထန်သောဥပဒေများထဲမှတစ်ခုဖြစ်သည်။ ဝိညာဉ်မဲ့ဖုတ်ကောင်တွေမပြောနဲ့ အမြုတေတွေရဖို့အတွက်ဆို လူသားတွေတောင် အချင်းချင်းသတ်ပစ်ကြတယ်။
ဂိုဒေါင်အတွင်းရှိ အရာအားလုံးကို စုဆောင်းပြီးမြောက်ရန်အတွက် ဆယ်မိနစ်ခန့် အချိန်ယူခဲ့ရသည်။ သူမထွက်လာတော့ သတ္တုရေနဲ့ ခေါက်ဆွဲခြောက်တွေ သိမ်းဆည်းထားတဲ့ ဧရိယာတစ်ဝက်လောက်က လွတ်သွားပြီ။
အစားအသောက်ကဏ္ဍကို ဦးတည်မယ့်အစား ဆေးဝါးနဲ့ အမျိုးသမီးထုတ်ကုန်ပစ္စည်း တန်းဆီ လျှောက်သွားခဲ့တယ်။
ဘယ်သူကိုမှ လိုက်မကြည့်တော့ပဲ ဆေးဝါးနဲ့ လစဉ်သုံး ပစ္စည်း အထုတ် တွေကို အလျင်အမြန် ကောက်ယူလိုက်တယ်။ ပိတ်စနှင့် ဂွမ်းစများ မရှိတော့သည့် အနာဂတ်တွင်၊ လစဉ်သုံး ပစ္စည်း အထုတ် က ဆေးကုသမှု ခံယူနေစဉ်တွင် သူတို့ရဲ့ တန်ဖိုးကို သက်သေပြမည်ဖြစ်သည်။
ပြီးသွားတော့ အဆာပြေအခန်းကို ပြောင်းသွားပြီး အရာအားလုံးကို စုဆောင်းလိုက်တယ်။ စူပါမားကတ်အလယ်ရှိ တံတိုင်းတစ်ခြမ်းသည် သူမအား ချူကျိမြောင် နှင့် အခြားသူများနှင့် ခွဲထားတယ်—သူမ၏ အပြုအမူများကို ဖုံးကွယ်ရန် အကောင်းဆုံးဖြစ်သည်။
စင်တွေကို ရှင်းပြီးတာနဲ့ သူတို့ဆီ လျှောက်သွားပြီး "ဂိုဒေါင်နဲ့ နောက်ဖေး ဧရိယာက လွတ်နေတယ်" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ အမျိုးသားတစ်ယောက်က မျက်မှောင်ကြုတ်ပြီး စစ်ဆေးဖို့ သွားခဲ့တယ်။ ဆယ်မိနစ်လောက်ကြာတော့ ပြန်လာတော့ သူ့မျက်နှာက ဖြူဖျော့သွားတယ်။ သူ့သူငယ်ချင်းကို ခေါင်းယမ်းပြပြီး ဘာမှပြန်မပြောတော့ပေ။