← Chapters

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း-(၂၈)

‎သူ့တုံ့ပြန်မှုကိုမြင်တော့ ကျိူးလီဇီ က ဂိုဒေါင်ထဲမှာရှိတဲ့ အရာတွေကို သူမြင်ပြီးပြီဖြစ်ကြောင်း သိလိုက်ရတယ်။ သူ့တို့ကို သူမ အာရုံမစိုက်တော့ဘဲ တွန်းလှည်းကိုဆွဲကာ ရိက္ခာများကို စတင်စုဆောင်းခဲ့တယ်။

‎

‎

‎ပစ္စည်းများကို လှမ်းယူနေစဉ်တွင် ရိက္ခာများထဲမှ တစ်စိတ်တစ်ပိုင်းကို သူမရဲ့နေရာ၌ လျှို့ဝှက်သိမ်းဆည်းခဲ့သည်။ သကြားလုံးသေတ္တာများစွာရှိလျှင် သူမသည် တွန်းလှည်းထဲတွင် နှစ်ဘူးထည့်ထားပြီး ကျန်တာကိုတော့ နေရာလွတ်ထဲ၌ မသိမသာ သိမ်းဆည်းထားလိုက်သည်။ ဒီနည်းလမ်းက ပိုကြာပေမယ့် သံသယတွေကို မဆွဲဆောင်နိုင်ဘူးဆိုတာက သေချာပါတယ်။

‎

‎ချူကျိမြောင် နှင့် သူမ၏အဖွဲ့သည် လီယောင် ရဲ့ အက်စ်ယူဗွီ ကားကို ဖြည့်သွင်းပြီးသောအခါမှ

‎ကျိူးလီဇီ သည်လဲ သူမရဲ့ ထရပ်ကားထဲသို့ ရိက္ခာများကို တွန်းလှည်းနှစ်စီးဖြင့် တင်နေသည်ကို သတိပြုမိလိုက်တယ်။

‎

‎ချူကျိမြောင် လမ်းလျှောက်လာပြီး " ကျိူးလီဇီ ငါတို့ ပြီးခါနီးပြီ။ မင်းရဲ့ ရိက္ခာတွေကို သယ်ဖို့ငါကူညီရမလား"

‎

‎ကျိူးလီဇီ က ပြုံးပြီး "ကျေးဇူးတင်ပါတယ်"

‎

‎ကျိူးလီဇီ က ယခင်ကလို သူမကို မငြင်းပယ်တော့တာကြောင့် ပျော်ရွှင်နေခဲ့သည်။ ကျိူးလီဇီ က သူမနှင့် သူမရဲ့ သူငယ်ချင်းများရဲ့ အသက်ကို ကယ်တင်ပြီးနောက်တော့ သူမအား စိတ်ရင်းမှန်ဖြင့် မိတ်ဖွဲ့ချင်ခဲ့သည်။ သူစိမ်းတွေအတွက် သူ့အသက်ကို စွန့်စားရဲလောက်အောင် ရဲရင့်တဲ့သူတစ်ယောက်ဟာ သူမရဲ့ယုံကြည်မှုနဲ့ ခင်မင်မှုကို ရဖို့ထိုက်တန်ပါတယ်။

‎

‎

‎ချူကျိမြောင် ရဲ့ အတွေးများကို သတိမထားမိဘဲ ကျိူးလီဇီ ကတော့ သူမရဲ့ တွန်းလှည်းကို စူပါမားကတ်ထဲသို့ ပြန်တွန်းချကာ ရိက္ခာများကို ဆက်လက်စုဆောင်းနေခဲ့သည်။ ချူကျိမြောင် ၏အကူအညီဖြင့် သူမရဲ့ထရပ်ကားသည် အချိန်တိုအတွင်း ပြည့်လုနီးပါးဖြစ်သွားခဲ့တယ်။

‎

‎

‎ထိုအချိန်တွင် သူတို့သည် ထောက်ပံ့ရေးပစ္စည်းများကို သယ်ဆောင်နေဆဲ သူများသာဖြစ်သည်။

‎

‎

‎မကြာခင်မှာပဲ ကျိူးလီဇီ စူပါမားကတ်ထဲမှာ သူမ တစ်ဦးတည်းသာကျန်နေတယ်ဆိုတာကို သိလိုက်ရတယ်။ လီယောင် နိုးလာပြီး ‎ချူကျိမြောင် က အပြင်မှာ စကားပြောနေတယ်။

‎

‎

‎အခွင့်အလမ်းကို မဖြုန်းတီးတော့ဘဲ စင်ပေါ်၌ အနည်းငယ်သာကျန်ရှိတော့သော လက်ကျန်ပစ္စည်းများကို အလျင်အမြန်စုဆောင်းခဲ့တယ်။

‎

‎

‎သူမ၏ထရပ်ကားကုတင်၊ နောက်ထိုင်ခုံနှင့် ခရီးသည်ထိုင်ခုံအောက်ရှိ လျှို့ဝှက်ခန်းတစ်ခုကို ဖြည့်ရန် မိနစ်နှစ်ဆယ်ကြာသည်။ ကားထဲမ၀င်ခင်မှာ ကျောပိုးအိတ်ကိုဆွဲယူပြီး စူပါမားကတ်ထဲကို ပြန်ဝင်ခဲ့ပါတယ်။

‎

‎

‎သူမ ပိုင်ရီကျီး နှင့် သူ့အဖွဲ့ကို ဖြတ်သွားစဉ်တွင် ရေတစ်ပုလင်းကို လီယောင် အား ပေးကာ "ဒီမှာ ရေသောက်ပါ" လို့ပြောလိုက်တယ်။

‎

‎

‎လီယောင် သည် သူမ၏ ရုတ်တရက် ကြင်နာမှုကြောင့် ထိတ်လန့်သွားပြီး တုံ့ပြန်ရန် တုံ့ဆိုင်းသွားခဲ့သည်။ ဒါကိုမြင်တော့ ချူကျိမြောင် က ပုလင်းကို အမြန်ယူလိုက်ပြီး "ကျေးဇူးတင်ပါတယ် လီဇီ "

‎

‎

‎"ရပါတယ်။"

‎

‎

‎ကျိူးလီဇီ စူပါမားကတ်ထဲသို့ ဝင်လိုက်ပြီး သူမရဲ့ ကျောပိုးအိတ်ကို အပြည့်ဖြည့်လိုက်တယ်။ အပြင်ကို လှမ်းကြည့်လိုက်တော့ အထဲကို ဘယ်သူမှ ပြန်ဝင်လာဖို့ ရည်ရွယ်ချက်မရှိတာကို တွေ့လိုက်ရတယ်။

‎

‎

‎လက်ဝှေ့ယမ်းကာ သူမသည် လက်ကျန်ပစ္စည်းများကို ရှင်းထုတ်လိုက်တာကြောင့် ဗလာဖြစ်‌နေတဲ့စင်တွေနှင့် နံရံလေးဘက်သာ ကျန်ခဲ့သည်။

‎

‎

‎သူမထွက်လာချိန်မှာတော့ မိုဘင်းရှမ် က မူးမေ့လဲသွားပြီး ပိုင်ရီကျီး ရဲ့ ဂျစ်ကားဆီကို အမျိုးသားတစ်ယောက်က ကူညီပို့ပေးနေတာကို တွေ့လိုက်ရတယ်။ သူမဆီကအကြည့်လွဲလိုက်ပြီးနောက် လီယောင် ကို ပြန်ကြည့်လိုက်တော့ အတွေးတစ်ခုက သူ့စိတ်ထဲမှာ ပေါ်လာသည်။

‎

‎

‎"မထူးဆန်းပါဘူး။ အဲဒါကြောင့်မို့လို့ပေါ့" ဟု သူမကိုယ်သူမ ရေရွတ်လိုက်တယ်။

‎

‎

‎သူမ အတွေးထဲနှစ်မြှပ်နေချိန်တွင် တစ်စုံတစ်ယောက်က သူမရဲ့ပခုံးကို ပုတ်လိုက်တယ်။ လှည့်ကြည့်လိုက်တော့ ပိုင်ရီကျီး က ပြုံးပြနေတာကို တွေ့လိုက်ရတယ်။

‎

‎

‎"စီနီယာ တစ်ခုခုလိုသေးလား"လို့ သူမမေးလိုက်တယ်။

‎

‎

‎ပိုင်ရီကျီး က "မင်း ငါ့အဖွဲ့ထဲကိုဝင်ချင်လား ငါ့အဖေက ငါ့ကို ကျန်းနင်မြို့ကို ပြန်ခေါ်လာဖို့ စစ်သားတစ်ဖွဲ့ကို စေလွှတ်လိုက်တယ်။ မင်းအတူ လိုက်လာခဲ့ရင် မင်း လုံခြုံစွာ နေထိုင်ရဖို့ ငါအာမခံနိုင်တယ်"

‎

‎

‎သူ့ကမ်းလှမ်းချက်ကိုကြားတော့ ကျိူးလီဇီ က ခေါင်းခါပြီး "ကျေးဇူးတင်ပါတယ် စီနီယာ ဒါပေမယ့် ငါ့မှာ ကိုယ်ပိုင်အစီအစဉ်ရှိတယ်" လို့ ပြန်ဖြေလိုက်တယ်။

‎

‎ဒါကိုကြားတော့ ပိုင်ရီကျီး က အတင်းအကြပ်မပြောဘဲ "သနားစရာပဲ၊ မင်းစိတ်ပြောင်းသွားရင်တော့ ကျန်းနင် မြို့ကိုလာရှာလို့ရတယ်"

‎

‎

‎"ကောင်းပြီ" ကျိူးလီဇီ က သူ့ကိုသွားရှာဖို့ ရည်ရွယ်ချက်မရှိဘဲနဲ့ ပေါ့ပေါ့ပါးပါး ပြောဖြန်လိုက်တယ်။

‎

‎

‎အတိုချုံး စကားစမြည်ပြောပြီးနောက်တွင် နှစ်ယောက်စလုံးက ကားထဲသို့ဝင်ကာ တက္ကသိုလ်သို့ ပြန်ခဲ့ကြသည်။

‎

‎

‎သူမ ကားမောင်းနေစဉ်တွင် ကျိူးလီဇီ က ပိုင်ရီကျီး၏ စကားများကို တွေးတောနေခဲ့သည်။ ဒီနေရာကနေ ထွက်သွားဖို့ စစ်သားတွေနောက်ကို လိုက်သွားနိုင်တယ်။ လင်အန်း တက္ကသိုလ်က မြို့လယ်ခေါင်အနီးတွင်ရှိပြီး သူမလွတ်မြောက်လိုပါက လူနေထူထပ်သောနေရာများကို ဖြတ်သန်းရမည်ဖြစ်သည်။

‎

‎

‎စစ်သားများရဲ့ အကာအကွယ်ဖြင့်ဆိုရင် အန္တရာယ်က သိသိသာသာ နည်းပါးသွားမည်ဖြစ်သည်။

‎

‎စိတ်ထဲ မှာရှိတဲ့ အတွေးကို ဘေးဖယ်ထားလိုက်တယ်။ မောပန်းနွမ်းနယ်ပြီး ခေါင်းကိုက် နေလို့ မတွေးချင်တော့ဘူး။

‎

‎တက္ကသိုလ် ဂိတ်ပေါက်များထဲသို့ ဝင်လာသောအခါတွင် ပိုင်ရီကျီး နှင့် သူ့အဖွဲ့က ဟောပြောပွဲခန်းမ အဆောက်အဦးဆီသို့ တိုက်ရိုက် မောင်းသွားပြီး ဝင်ပေါက်အနီးတွင် ကားရပ်ရန် စီစဉ်ခဲ့သည်။ ဤသည်က ထောက်ပံ့ရေးပစ္စည်းများကို ရွှေ့ပြောင်းရာတွင် ပိုမိုလွယ်ကူစေပြီး အရေးပေါ်အခြေအနေတွင် အမြန်ရွှေ့ပြောင်းနိုင်စေမည်ဖြစ်သည်။

‎

‎

‎သူတို့နောက်ကို လိုက်သွားကာ ကျိူးလီဇီ က ရေကန်အနီးမှာ ကားရပ်ဖို့ မဆုံးဖြတ်ခင် ခဏလောက် စဉ်းစားလိုက်သေးတယ်။ ထို့နောက် အဆောက်အဦးသို့ မရောက်မီတွင် သူမ ရုတ်တရက်ကားကို ကြမ်းကြမ်းတမ်းတမ်း လှည့်ကာ အခြားဘက်သို့ ထွက်သွားလေသည်။

‎

‎

‎ကားအတွင်းမှ ပိုင်ရီကျီး ၏အဖွဲ့၀င်တစ်ဦးမှ ဒါကိုသတိပြုမိပြီး "အစ်ကို ပိုင်၊ အဲဒီတယောက် က တခြားလမ်းကိုသွားနေ တယ်" လို့ ပြောပါတယ်။

‎

‎

‎နောက်ကြည့်မှန်ကို ငုံ့ကြည့်လိုက်ပြီး ပိုင်ရီကျီး က "သူမကို နှောက်ယှက်နေစရာ မလိုပါဘူး။ သူမနဲ့က ခဏတဖြုတ်ပဲ အလုပ်တွဲလုပ်တာ"

‎

‎ယောက်ျားလေးက သူမလောက် သန်မာတဲ့လူကို မစုဆောင်းတာ နမျောစရာလို့ ခံစားမိပေမယ့် ဘာမှတော့ မပြောလိုက်ပါဘူး။ ကျန်ပစ္စည်းများအတွက် မနက်ဖြန်ကြမှ စူပါမားကတ်သို့ ပြန်သွားရန် စီစဉ်ထားသောကြောင့်၊ သူမသည် သူတို့နှင့် ထပ်မံပူးပေါင်းရန် ရွေးချယ်ဖွယ်ရှိသည်။

‎

‎

‎ထိုအချိန်တွင် ကျိူးလီဇီ က ဆိတ်ငြိမ်သောနေရာတစ်ခုကို ရှာတွေ့သွားပြီး သူမရဲ့ကားကို ရပ်လိုက်သည်။ အနီးနားတွင်မည်သူမျှမရှိကြောင်းသေချာပြီးနောက်မှ သူမလက်ကိုဝှေ့ယမ်းကာယာဉ်ကိုသူမရဲ့နေရာတွင်သိမ်းဆည်းလိုက်တယ်။ ထို့နောက် ဟောပြောပွဲခန်းမ အဆောက်အအုံဆီသို့ ဦးတည်သွားလိုက်သည်။

‎

‎

‎အစောင့်ခန်းထဲမှာ သူမ ဆက်နေနိုင်ပေမယ့် ပိုင်ရီကျီး ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့က ခက်သွားပါလိမ့်မယ်။ သူမသည် သူတို့နောက်သို့ လိုက်ရန်စီစဉ်ထားသောကြောင့် အနီးကပ်နေခြင်းက ပိုကောင်းသည်။

‎

‎ဘယ်သူသိလဲ? ကံတရားသာ သူမဘက်တွင်ရှိနေပါက၊ သူမသည် မိုဘင်းရှမ် ကိုသတ်ရန်အခွင့်အရေးပင်ရှာတွေ့သွားနိုင်တယ်။

‎

‎

‎မိနစ်သုံးဆယ်ကြာပြီးနောက်တွင် သူမသည် ဟောပြောပွဲခန်းမသို့ရောက်ရှိလာပြီး တစ်ခုခုမှားနေပြီဟု ချက်ခြင်းခံစားလိုက်ရတယ်။ အပြင်မှာရပ်ပြီး အတွင်းကအခြေအနေကို စစ်ဆေးကြည့်တော့ ပိုင်ရီကျီး နဲ့ သူ့အဖွဲ့ဟာ ဆရာ ချောင် နဲ့ ကျောင်းသားတွေရဲ့ အဝိုင်းခံနေရတာကို တွေ့လိုက်ရတယ်။

‎

‎

‎တင်းမာသောလေထုကို ဖြတ်၍ ထိပ်တိုက်ရင်ဆိုင်မှုမှာ ထောက်ပံ့ရေးပစ္စည်းများကြောင့်ဖြစ်သည်။

‎

‎ခန်းမဆောင်ထဲမှာ ပိုင်ရီကျီး က သူ့အဖွဲ့နဲ့အတူ ရပ်နေပြီး ကျောင်းသားတွေနဲ့ ဆရာချောင်ရဲ့အဖွဲ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေတယ်။

‎

‎

‎သူတို့အရှေ့မှာတော့ ဆရာချောင် နဲ့ သူ့အဖွဲ့ဟာ တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားတဲ့အနေအထားနဲ့ လက်နက်တွေ ကိုင်ဆောင်ထားတယ်။

‎

အခန်း-(၂၉)

‎ပိုင်ရီကျီး ရဲ့ ငြိမ်သက်သော အကြည့်ကို တွေ့လိုက်တော့ ဆရာ ချောင် က မေးစေ့ကို မြှောက်လိုက်ပြီး " ပိုင်ရီကျီး ဒီနေရာက အခု ငါ့ပိုင်နက်ပဲ့။ မင်းနေချင်ရင် မင်းရဲ့ ရိက္ခာတွေကို လွှဲပေးလိုက်ပါ။"

‎

‎

‎"ဆရာ ချောင်၊ ငါသင်ပေးခဲ့တဲ့ သင်ခန်းစာကို မေ့သွားပုံရတယ်။ နာရီအနည်းငယ်ပဲကြာ သေးတာကို မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတာလား လူကြီးတွေက ဒီလိုပဲ့ မေ့လွယ်ကြတယ်" ဟု လီယောင် က လှောင်ပြောင်သည်။

‎

‎

‎သူ့စကားကိုကြားတော့ ဆရာချောင်က လီယောင် ဆီက ရရှိခဲ့တဲ့ လက်သီးကို ပြန်သတိရပြီး ဗိုက်အောင့်သလို ခံစားလိုက်ရတယ်။ သူက လီယောင် ကို စိုက်ကြည့်ကာ "မင်းရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကြောင့်ပဲ့ မဟုတ်ရင် မျှတအောင်တိုက်ခိုက်ကြည့် မင်းကငါ့ကိုအနိုင်ယူနိုင်မယ်လို့ မင်းတကယ်ထင်နေတာလား"

‎

‎

‎ဒီစကားကို သူမကြားတာနဲ့ ချူကျိမြောင် က ကျယ်လောင်စွာ ရယ်မောပြီး "တရားမျှတတဲ့ တိုက်ပွဲလား ဆရာ ချောင် ဖုတ်ကောင်တွေက မင်းကို ပြင်ဆင်ဖို့ အချိန်ပေးမယ်လို့ မင်းထင်လား"

‎

‎

‎ ဆရာချောင် က အံကိုကြိတ်လို့ စိုက်ကြည့်ကာ "မင်းကို ငါမသတ်ဝံ့ဘူးထင်နေလား" လို့ မေးတယ်။

‎

‎

‎"သတ္တိရှိရင် လုပ်ပါ။ ဘာလို့ အချိန်ဖြုန်းနေတာလဲ" လီယောင် က နှိုးဆော်လိုက်တယ်။

‎

‎

‎သူက တည်ငြိမ်ပြီး သန်မာပုံရသော်လည်း အမှန်တကယ်တွင် သူသည် အားအနည်းဆုံးဖြစ်သည်။ ပြင်ပဒဏ်ရာများက သက်သာသွားသော်လည်း အတွင်းဒဏ်ရာများ ကျန်ရှိနေဆဲဖြစ်သည်။

‎

‎

‎အခုအချိန်တွင်တော့ သူ့ကိုယ်တွင်းအင်္ဂါများမှာ ပူလောင်နေသလို ခံစားရပြီး လည်ချောင်းထဲတွင် သံချေးအရသာထွက်နေသည့် သွေးကို ခံစား နေရတယ်။ အားနည်းချက်ကိုပြဖို့ ငြင်းဆန်ပြီး သွေးတွေကို မျိုချဖို့ သူ့ကိုယ်သူ တစ်ချိန်လုံး အတင်းအကြပ် ခိုင်းစေနေတယ်။

‎

‎

‎သူ့လက်ဖဝါးပေါ်က ချွေးအေးတွေကို သတိပြုမိတာကြောင့် ချူကျိမြောင် က သူ့ကို စိုးရိမ်တကြီး စိုက်ကြည့်နေတယ်။ သူတို့ဘေးမှာ ရပ်နေတဲ့ ပိုင်ရီကျီး ကလည်း သူ့သူငယ်ချင်းရဲ့ အခြေအနေကို သတိထားမိတယ်။

‎

‎

‎ဖုတ်ကောင်တွေနဲ့ တိုက်ပွဲမှာ ပင်ပန်းနွမ်းနယ်ပြီး ဒဏ်ရာရသွားကြတယ်။တိုက်ခိုက်ရင် အနိုင်ရဖို့ အခွင့်အလမ်းက နည်းတယ်။

‎

‎

‎ခေတ္တတိတ်ဆိတ်သွားပြီးနောက် ပိုင်ရီကျီး က "ဒီနေရာကို ယူထားပြီးပြီမို့ တခြားတစ်နေရာကို ရှာတွေ့မှာပါ"

‎

‎

‎စကားပြီးသောအခါ လှည့်၍ တံခါးဆီသို့ လျှောက်သွား၏။

‎

‎

‎ဒါကိုမြင်တော့ ဆရာချောင်ဘေးမှာ ရပ်နေတဲ့ အမျိုးသမီးတစ်ယောက်က ရှေ့ကို လှမ်းလာပြီး "မင်းထွက်သွားလို့ရတယ်လို့ ဘယ်သူပြောလဲ"

‎

‎

‎ပိုင်ရီကျီး က သူ့မျက်လုံးတွေကို မှေးထားလိုက်ပြီး "ရပ်လိုက်ပါ ငါ့ကို ထိခိုက်သွားအောင် မလုပ်ခိုင်းနဲ့" လို့ ပြောလိုက်တယ်။

‎

‎

‎နောက်ဆုတ်မယ့်အစား အမျိုးသမီးက သူ့နှုတ်ခမ်းတွေကို နမ်းလိုက်ပြီး "အိုး မင်းကိုကြည့်။ ငါမင်းလိုလူကို မြည်းစမ်းချင်နေတာကြာပြီ။ မင်းရဲ့အိပ်ယာထဲမှာဆိုရင်ရော မင်းရဲ့ရုပ်ရည်လို ကောင်းရဲ့လားလို့ ငါတွေးမိတယ်"

‎

‎

‎သူမစကားပြောလိုက်သည်နှင့် မွှေးရနံ့တစ်ခုက လေထဲသို့ ပြည့်လျှံသွားကာ ပိုင်ရီကျီး ရုတ်တရက် မူးဝေသွား စေသည်။ ခဏအတွင်းမှာပဲ ခေါင်းကိုခါယမ်းလိုက်ကာသတိမလစ်ဖို့ကြိုးစားလိုက်မိတယ်။

‎

‎

‎လီယောင် နှင့် သူ့အဖွဲ့က ဤအခြေအနေကြောင့် အံ့အားသင့်သွားကြသည်။ ထိုအမျိုးသမီးကို စိုက်ကြည့်ရင်း လီယောင် က ဒေါသတကြီးမေးလိုက်တယ် "အကိုပိုင် ကို ဘာလုပ်လိုက်တာလဲ"

‎

‎

‎သူ ဘယ်လောက် ဒေါသထွက်နေလဲ သိလိုက်တော့ အမျိုးသမီးက ရယ်မောပြီး "စိတ်မပူပါနဲ့။ အခုက မင်းရဲ့အလှည့်ပဲ"

‎

‎

‎"မင်းက ဘာကောင်လဲ.."

‎

‎

‎လီယောင် က သူ့စကားမဆုံးခင်မှာ ခေါင်းမူးပြီး မူးလဲသွားတယ်။ ငါးမိနစ်အတွင်းမှာပဲ့ ပိုင်ရီကျီး နဲ့ သူ့အဖွဲ့တစ်ခုလုံးဟာ တယောက်ပြီး တယောက် လဲကျသွားတယ်။

‎

‎

‎ဒါကိုမြင်ပြီးတော့မှ ဆရာ ချောင်က ဒေါသတကြီးနဲ လီယောင် ရဲ့ဗိုက်ကို လှမ်းကန်လိုက်ပြီး "မင်း အခုကြ စကားကြီးကြီးကျယ်ကျယ် မပြောတော့ဘူးလား၊ ဘာလို့ အခု မြေပြင်ပေါ် လဲလျောင်းနေရတာလဲ၊ မင်း "

‎

‎

သူက အမျိုးသမီးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး တင်ပါးကို ညှစ်ကာ "တော်လိုက်တာ" လို့ပြောခင် သူ့ကို အကြိမ်အနည်းငယ် ကန်လိုက်တယ်။

‎

‎

‎"အကိုကြီး ချောင် ၊ မင်းရဲ့ကတိကို မမေ့နဲ့" လို့ အမျိုးသမီးက တိုးတိုးတိတ်တိတ်ပြောတယ်။

‎

‎

‎"စိတ်မပူပါနဲ့၊ မင်းလိုချင်တာကို မင်းအရင်ရွေးနိုင်ပါတယ်" လို့ ဆရာ ချောင် က သူမနှုတ်ခမ်းကို နမ်းပြီး ပြောလိုက် တယ်။

‎

‎

‎ခဏကြာတော့ သူက သူမကိုလွှတ်လိုက်ပြီး သူ့လူတွေဆီ လှည့်ကာ "သူတို့ကို ကြိုးနဲ့ချည်ပြီး စောင့်ကြည့်နေလိုက်ပါ။ ကျန်တဲ့ပစ္စည်းတွေကို အခန်းငယ်လေးထဲကို ရွှေ့လိုက်" လို့ အမိန့်ပေးလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ အားလုံးရဲ့ မျက်လုံးတွေ တောက်ပလာပြီး ပစ္စည်းတွေယူဖို့ တံခါးဝကို အမြန်ပြေးသွားကြတယ်။

‎

‎

‎ကျိူးလီဇီ အဆောက်အဦးအပြင်ဘက်မှ ကြည့်နေမိတယ်။ သူမ တိတ်တဆိတ် ရှောင်ထွက်မသွားမီ ခဏကြာအောင်ဆရာချောင်၏ ရင်ခွင်ထဲမှ အမျိုးသမီးကို သူမ ငေးကြည့်နေမိတယ်။

‎

‎

‎ပိုင်ရီကျီး နှင့် သူ့အဖွဲ့က ယခုအချိန်တွင် ဘေးကင်းသောကြောင့် သူမက ဤအဖွဲ့ကို ရင်ဆိုင်ရန် မလိုအပ်တော့ပါ။ စစ်သားတွေက သူ့ကို လာခေါ်ဖို့ ရောက်လာတာနဲ့ ဒီလူတွေကို ဆက်ဆံတဲ့နည်း သူတို့မှာ ရှိလိမ့်မယ်။

‎

‎

‎သူမသည် ညအိပ်ဖို့နေရာရှာနေစဉ်တွင် စိတ်ကတော့ နောက်တစ်ဆင့်အတွက် စဉ်းစားနေခဲ့တယ်။

‎

‎စစ်သားတွေ မရောက်လာခင်မှာ အဲဒီအမျိုးသမီးကို ရှင်းပစ်ရမယ်။ သူမရဲ့ စွမ်းရည်က အရမ်းဒုက္ခပေးတယ်။ သူမသာ စစ်သားများကို ခိုးဝင်တိုက်ခိုက်ပါက လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။

‎

‎

‎ထို့အပြင် သူမရဲ့စွမ်းရည်ကို ဒီတိုင်းလွှတ်ထားခဲ့ပါက ပို၍ပင် အန္တရာယ်ရှိလာမည်ဖြစ်သည်။ ထိုအမျိုးသမီးရဲ့ စရိုက်လက္ခဏာကြောင့် သူမသည် အနာဂတ်တွင် သူမရဲ့ရန်သူဖြစ်လာမည်ဟုတ်မဟုတ်ကို အာမခံချက်မရှိပါ။

‎

‎

‎သူမရဲ့စိတ်ထဲတွေးတောနေရင်းနဲ့ပဲ့ ဟောပြောပွဲခန်းမ အဆောက်အဦးနားက သစ်ပင်ကြီးတစ်ပင်ကို တက်ခဲ့တယ်။ အဆိုပါသစ်ပင်သည် အချင်းနှစ်မီတာကျော်ရှိပြီး လင်အန်း တက္ကသိုလ်တွင် ရှေးအကျဆုံးတစ်ပင်ဖြစ်သည်။ ထူထပ်ပြီး ခိုင်ခံ့သောအကိုင်းအခက်များနှင့် ထူထပ်သောအရွက်များက အကောင်းဆုံးပုန်းအောင်းရာနေရာဖြစ်စေသည်။

‎

‎

‎ကောင်းစွာ ဖုံးကွယ်ခံရထားသော သစ်ကိုင်းတစ်ခုသို့ ရောက်သည်အထိ တက်ခဲ့ပြီး ထိုနေရာကို လေ့လာခဲ့တယ်။ ခဏအကြာတွင်တော့ သူမသည် သူ့ရွေးချယ်မှုကို ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။ မြေပြင်အထက် လေးမီတာနီးပါးမှ အရွက်များကြားတွင် ပုန်းကွယ်နေချိန်တွင် အောက်ဖက် အခြေအနေကိုလည်း ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။

‎

‎ပင်စည်ကို မှီ၍ နေရာလွတ်ကို စစ်ကြည့်ရန် မျက်လုံးမှိတ်ထားလိုက်တယ်။ မြက်ခင်းပြင်တစ်လျှောက် ပြန့်ကျဲနေသော ရိက္ခာများကို သူမ စိုက်ကြည့်ကာ အမျိုးအစားအလိုက်ခွဲရန် စီစဥ်လိုက်သည် ။ အားလုံးစီစဉ်ပြီးတာနဲ့ ပစ္စည်းတွေကို အိမ်ထဲ ရွှေ့လိုက်တယ်။

‎

‎

‎ထို့နောက် ပြောင်းဖူးခြောက်တစ်ထုတ်ကိုယူ၍ မနက်ဖြန်တွင် မစိုက်ပျိူးမီ အစိုဓာတ်ကို စုပ်ယူနိုင်စေရန်အတွက် ရေကန်တွင် စိမ်ထားလိုက်သည်။

‎

‎

‎ပြီးသွားတော့ တစ်နာရီကျော်သွားခဲ့ပြီ။ အနောက်မိုးကုပ်စက်ဝိုင်းမှ နေဝင်ချိန်ကို ကြည့်ပြီး သက်ပြင်းချလိုက်ကာ ကျောပိုးအိတ်ထဲမှ ပေါင်မုန့်တစ်တုံးနှင့် စတော်ဘယ်ရီနို့ပုံးတစ်ပုံးကို ထုတ်ယူလိုက်တယ်။

‎

‎

‎စွမ်းရည်အသုံးပြုသူများသည် စွမ်းအင်သုံးစွဲမှုကြောင့် သာမန်လူများထက် ဆာလောင်မှု သိသိသာသာ ပိုကြီးမားလာတယ်။ ထို့အတွက်ကြောင့်ပဲ့ အနာဂတ်တွင် စွမ်းရည်အသုံးပြုသူများသည် မျိုးပြောင်းတိရစ္ဆာန်များနှင့် စားသုံးနိုင်သော မျိုးပြောင်းအပင်များကို နှစ်သက်ကြတယ်။

‎

‎

‎အရသာက ပုံမှန်အစားအစာတွေထက် ပိုဆိုးပေမယ့် ဒါတွေက အားအင်တွေ ပိုပေးတာကြောင့် အားပြည့်နေချိန်မှာ လျှော့စားနိုင်စေပြီး ခွန်အားပြန်ကောင်းစေပါတယ်။

‎

အခန်း-(၃၀)

‎

‎သို့သော်လည်း မျိုးပြောင်းတိရစ္ဆာန်နှင့် အပင်များတွင်ပါရှိသော စွမ်းအင်ပမာဏကြောင့် အစားအစာရရှိရန် စွန့်စားရမှုများ ထပ်တိုးလာခြင်းကြောင့် မျိုးပြောင်းတိရစ္ဆာန်များနှင့် စားသုံးနိုင်သော မျိုးပြောင်းအပင်များရဲ့ ဈေးနှုန်းများက သာမန်အစားအစာထက် အဆများစွာ မြင့်မားနေပါသည်။

‎

‎

‎ သူမစားပြီးတာနဲ့ မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားတယ်။

‎

‎

‎တစ်ချိန်တည်းမှာပင် ကျင်းရွှီယန်း က သူ့နာရီကို စစ်ဆေးပြီးနောက် မျက်မှောင်ကြုတ်လိုက်တယ်။ ညနေငါးနာရီထိုးနေပြီဖြစ်ကာ ကောင်းကင်မှာ မှောင်စပြုနေပြီဖြစ်တယ်။

‎

‎

‎ ကားမောင်းနေရင်းနဲ့ ကျန်းယွမ် က "ဗိုလ်ကြီး ငါတို့ ညအိပ်ဖို့ နေရာရှာရမယ်" လို့ပြောလိုက်တယ်။

‎

‎"အင်း" ကျင်းရွှီယန်း က မြေပုံကို စစ်ကြည့်ရင်း ပြန်ဖြေတယ်။

‎

‎

‎အနောက်ထိုင်ခုံတွင်တော့ ချင်လူဇီက ကြောင်တက်တက်ဖြင့်ထိုင်နေကာ သူ့ခေါင်းအတွင်းက မြေပုံကို အာရုံစူးစိုက်စိုက်ကြည့်နေတယ်။ ခဏအကြာတွင်တော့ "ဒုဗိုလ်ကြီး၊ ဘယ်ဘက်မီတာနှစ်ရာမှာ ဗီလာတစ်လုံးရှိတယ်"

‎

‎

‎ဒါကိုကြားတော့ ကျန်းယွမ် က " ချင် ၊ မင်းအရင်က ဒီမှာနေတာလား" လို့မေးတယ်။

‎

‎

‎"ဟုတ်လား"

‎

‎

‎ကျင်းရွှီယန်းရဲ့ မျက်လုံးက သံသယများနဲ့ပြည့်နေပြီး ပြန်မေးလိုက်တယ်။ သူတို့နှစ်ဦးသည် အချိန်အတော်ကြာအောင် သိကျွမ်းခဲ့ကြပြီး သူ့သူငယ်ချင်း လင်အန်း ကို တစ်ခါမှ မရောက်ဖူးကြောင်း သေချာသည်။ ဒါနဲ့ ဗီလာအကြောင်းကို သူကဘယ်လိုသိတာလဲ။

‎

‎

‎ကျင်းရွှီယန်း တွေးနေတုန်းမှာပဲ ကျန်းယွမ် က ဗီလာကိုတွေ့သွားပြီး "ချင် ၊ ဒီနေရာက ကျယ်တယ်နော် မင်းရဲ့ ဆွေမျိုးတွေ ဒါမှမဟုတ် သူငယ်ချင်းတွေပိုင်တာလား"

‎

‎

‎ချင်လူဇီဟာ အတွင်းစိတ်နေသဘောထားရှိသူဖြစ်ပြီး ပင်ပန်းနွမ်းနယ်နေနိုင်သေးတယ်ဆိုတာ သိတဲ့အတွက် ကျန်းယွမ်က နောက်ထပ်မေးခွန်းတွေ မမေးတော့ပါဘူး။

‎

‎

‎သူက သံချပ်ကာယာဉ်ကို လမ်းဘေးမှာ ရပ်ထားလိုက်ပြီး ရေဒီယိုကို ကောက်ယူလိုက်ကာ "ငါတို့က နယ်မြေကို စစ်ဆေးပေးမယ်။ ကျန်တဲ့သူတွေက သတိနဲ့ ရိက္ခာတွေကို စောင့်ကြပါ" လို့ ပြောတယ်။

‎

‎သိပ်မကြာခင်မှာပဲ ရေဒီယိုကနေ "နားလည်ပြီ" လို့ အကြောင်းပြန်ခဲ့တယ်။

‎

‎

‎အမိန့်ပေးပြီးတဲ့နောက် သူ့ဓားကို ဆွဲကိုင်ကာ ကားပေါ်မှ ဆင်းခဲ့သည်။

‎

‎

‎ကျင်းရွှီယန်း လဲ မြေပုံကိုပိတ်ပြီး ကားပေါ်မှ ဆင်းကာ သူရဲ့ဓားရှည်ကို ကိုင်လျက် ဂိတ်ပေါက်ဝဆီသို့ ကျန်းယွမ်နှင့်အတူလျှောက်သွားလိုက်တယ်။

‎

‎

‎ဗီလာတံခါးကိုရောက်သောအခါတွင်

‎ ကျင်းရွှီယန်း က သော့ကို လှမ်းကြည့်လိုက်တယ်။ သူ့လက်ချောင်းကို ဖျတ်ခနဲ ပွတ်လိုက်ပြီး ပေါ်လာတဲ့ အနက်ရောင် မီးတောက်တစ်ခုကို သော့ခလောက် ဆီသို့ ပစ်လိုက်သည် ။ မီးတောက်က သတ္တုသော့ကိုထိလိုက်သည့်အခိုက်တွင် မိနစ်ပိုင်းအတွင်း ဆူပွက်သွားပြီး

‎သော့ခလောက် ကအရည်ပျော်သွားသည်။

‎

‎ဒါကိုမြင်တဲ့အခါ ကျန်းယွမ် ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး "ဗိုလ်ကြီး၊ မင်းရဲ့မီးက မယုံနိုင်လောက်အောင် ပြင်းထန်နေတယ်"

‎

‎

‎ကျင်းရွှီယန်း က သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောလိုက်ဘဲ ကျန်းယွမ် နောက်မှလိုက်ကာ ဗီလာထဲသို့ ဝင်သွားလိုက်သည်။

‎

‎

‎သူတို့ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်နေတုန်း ချင်လူဇီ က သူတို့အနားကိုလာပြီး "ဗိုလ်ကြီး၊ အထဲမှာ ဖုတ်ကောင်ရှစ်ကောင်ရှိတယ်" လို့ပြောလိုက်တယ်။

‎

‎

‎သူတို့ဘေးမှာရပ်လိုက်ပြီး "ဧည့်ခန်းမှာ သုံး‌ကောင် ၊ မီးဖိုခန်းထဲမှာ နှစ်ကောင်၊ ကျန်နှစ် ကောင်က ဒုတိယထပ် မာစတာအိပ်ခန်းထဲမှာရှိနေပြီး အခန်းကို သော့ခတ်ထားတယ်" ဟု သူက ဆက်ပြောသည်။

‎

‎

‎သူတို့ရဲ့ မေးခွန်းထုတ်တဲ့ အကြည့်တွေကို သတိထားမိတော့ သူက ခေါင်းကို လက်ညှိုးထိုးပြပြီး "အကြောင်းတစ်ခုခုကြောင့် ငါ သူတို့ကို ဒီမှာ တွေ့နိုင်တယ်" ဟု ထပ်ပြောသည်။

‎

‎

‎"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒါက မင်းဆီက လေစွမ်းရည်ရဲ့ အစိတ်အပိုင်းတစ်ခုလား" ကျန်းယွမ် က စိတ်ဝင်တစား မေးသည်။

‎

‎

‎"ငါမသိဘူး၊ ဒါပေမယ့် ငါ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင် နှစ်မျိုးကို ခံစားရတယ်။ ဒါကြောင့် ငါ့ဆီမှာ လေတိုက်နိုင်တဲ့ စွမ်းရည်မျိုးတည်းရှိတာ မဖြစ်သင့်ဘူး" လို့ ချင်လူဇီက ခေါင်းယမ်းရင်း ပြန်ပြောလိုက်ပါတယ်။

‎

‎

‎ကျင်းရွှီယန်း သူ့စကားကြားသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး သူ့သူငယ်ချင်းကိုပေးခဲ့သော အမြုတေကို သတိရသွားသည်။ သူ့ရဲ့လေစွမ်းရည်က အမြုတေကြောင့် နိုးထလာတဲ့အတွက် သူ့ရဲ့မူလစွမ်းရည်က စိတ်ဝိဉာဉ်စွမ်းအင်ဖြစ်တယ်လို့ ဆိုလိုတာလား။

‎

‎

‎သူက ချင်လူဇီ ကိုကြည့်ပြီး "မင်းရဲ့စွမ်းအင်ကို နိုးထနိုင်ပြီးတဲ့နောက် မင်းနေမကောင်းသလိုဖြစ်သေးလား"

‎

‎

‎"တကယ်တော့ ဗိုက်ဆာတာကလွဲရင် ငါအဆင်ပြေတယ်" လို့ ချင်လူဇီ က ပြန်ဖြေတယ်။

‎

‎

‎ကျင်းရွှီယန်း သည် သူ့စကားကြောင့် အနည်းငယ် စိတ်လျှော့လိုက်တယ်။ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုက သာမန်လူများထက် ပိုမိုမြင့်မားသောကြောင့် စွမ်းရည်အသုံးပြုသူများအတွက် ဗိုက်ဆာခြင်းက ပုံမှန်သာဖြစ်သည်။

‎

‎

‎အမြုတေ ကိုစားသုံးခြင်းဖြင့်စွမ်းရည်တစ်ခုရရှိရန် ကြိုးစားခြင်းကအလွန်အန္တရာယ်များသည်။ သူတို့ရဲ့ စွမ်းရည်ကို နိုးထပြီးနောက်မှာ ဘယ်သူကမှ ထပ်မကြိုးစားဖူးကြတဲ့အတွက် လေစွမ်းအင်ဟာ စိတ်ဝိညာဉ်စွမ်းအားနဲ့ ထိပ်တိုက်တွေ့နိုင်မလားဆိုတာ မသေချာပါဘူး။

‎

‎

‎"တစ်ခုခုအဆင်မပြေရင် ငါ့ကိုချက်ချင်းပြောပါ" ကျင်းရွှီယန်း က ခဏမျှငြိမ်သက်သွားပြီးနောက် လေးနက်စွာပြောလိုက်တယ်။

‎

‎ချင်လူဇီ သည် သူရဲ့ လေးနက်သော အမူအရာကို သတိပြုမိလ်ိုက်ပြီးတော့ တစ်ခုခုတော့ လွဲနေပြီဟု ခံစားမိသော်လည်း သူ့ကိုယ်သူ ဆင်ခြင်လို့ ခေါင်းညိတ်လိုက်တယ် "နားလည်ပြီ"

‎

‎

‎ခဏလောက် စကားစမြည်ပြောပြီးနောက် သူတို့ သုံးယောက် ဗီလာထဲသို့ ဝင်သွားကြတယ်။ ချင်လူဇီ ရဲ့သတိပေးချက်ကြောင့် ဖုတ်ကောင်များရဲ့တည်နေရာကိုသိပြီး တံခါးမဖွင့်မီ ချောင်းမြောင်းတိုက်ခိုက်ရန်ပြင်ဆင်ထားကြသည်။

‎

‎

‎"ဂါးး"

‎

‎

‎တံခါးဖွင့်လိုက်သည်နှင့် ကျင်းရွှီယန်း ဆီကိုဉီးတည်ကာ ဖုတ်ကောင်သုံးကောင်က ပါးစပ်ကို ကျယ်ကျယ်ဖွင့်လို့ ချွန်ထက်သောသွားများဖြင့်တိုက်ခိုက်ဖို့လာနေကြသည်။

‎

‎

‎ဖုတ်ကောင်တွေ မနီးကပ်လာခင်မှာပဲ့ ကျင်းရွှီယန်း က သူ့လက်ချောင်းတွေကို ပွတ်သပ်ပြီး အနက်ရောင် မီးတောက်သုံးခုကို ထုတ်လွှတ်လိုက်တယ်။ မီးတောက်များသည် ဖုတ်ကောင်များကို ထိမိသွားကြတာနှင့် တပြိုင်နက် ဓာတ်ဆီတွေ ရွှဲရွှဲစိုနေသကဲ့သို့ လောင်ကျွမ်းသွားကြတယ်။

‎

‎အနက်ရောင်မီးလျှံကြောင့် လောင်ကျွမ်းသွားသော်လည်း ဖုတ်ကောင်များသည် နာကျင်မှုကို မခံစားရဘဲ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။ ဒါကိုမြင်တော့ ကျန်းယွမ်ဟာ အချိန်မဖြုန်းဘဲ သူ့ဓားကို ကြိမ်ဖန်များစွာ သုံးပြီး ခေါင်းကို လှီးဖြတ်လိုက်ပါတယ်။

‎

‎

‎အနက်ရောင်မီးတောက်များက ဖုတ်ကောင်များကို အားပျော့သွားစေပြီး အရိုးများကို မီးသွေးကဲ့သို့ ကြွပ်ဆတ်စေကာ ခေါင်းဖြတ်ရန် လွယ်ကူစေသည်။

‎

‎

‎ငါးမိနစ်လောက်ကြာတော့ ဖုတ်ကောင်တွေကနေ ပြာမှုန်တွေချည်းပဲ့ ကျန်တော့တယ်။

‎

‎

‎"ကျန်နှစ်‌ကောင် လာနေပြီ" ဟု ချင်လူဇီ က သတိပေးတယ်။

‎

‎

‎ခဏကြာတော့ မီးဖိုချောင်ထဲက ဖုတ်ကောင်တွေရဲ့ ဟောက်သံကို သူတို့ကြားလိုက်ရတယ်။

‎

‎

‎သူတို့တစ်ညနေမှာမို့လို့ ကျင်းရွှီယန်း ကဗီလာကို သန့်ရှင်းအောင်ထားဖို့ အတွက်မီးရှို့ရန်သာရွေးချယ်လိုက်တယ်။ သူ့လက်ကို မြှောက်လိုက်ပြီး ဖုတ်ကောင်တွေရဲ့ ဦးခေါင်းဆီကို အနက်ရောင် မီးတောက်နှစ်ခု ပစ်ပေါက်ကာ သူတို့ရဲ့ ဦးနှောက်တွေကို အတွင်းမှအပြင်ထိ

‎ လောင်ကျွမ်းစေခဲ့တယ်။

‎

‎

‎တစ်မိနစ်မပြည့်မီတွင်ပင် ဖုတ်ကောင်များရဲ့ ခန္ဓာကိုယ်မှာ ဦးခေါင်းမှ ခြေဖျားအထိ မီးတောက်များလောင်ကျွမ်းလျက် မြေပြင်ပေါ်သို့ လဲကျသွားသည်။

‎

‎ကျန်းယွမ် သည် အခင်းဖြစ်ရာကို ကြည့်ကာ တံတွေးကို မျိုချလိုက်ပြီး "ဗိုလ်ကြီး၊ မင်းက အရမ်းတော်တယ်" လို့ ပြောလိုက်တယ်။

‎

‎"ဘာမှမဟုတ်ပါဘူး" ကျင်းရွှီယန်း က တည်ငြိမ်စွာ ပြန်ဖြေသည်။

‎

‎

‎ဖုတ်ကောင်ရဲ့ရုပ်အလောင်းကို ကြည့်လိုက်ပြီးနောက်တော့ ကျန်းယွမ် က ဦးနှောက်ကို တိုက်ရိုက် လောင်ကျွမ်းသွားတာဟာ တကယ်ကို အထိရောက်ဆုံး လှုပ်ရှားမှုလို့ ခံစားခဲ့ရပေမယ့် ဒါဟာ အရမ်းရက်စက်လွန်းပါတယ်။

‎

‎

‎သူ့ဦးနှောက်ကသာ အတွင်းအပြင်ကနေ လောင်ကျွမ်းသွားရင် ဘယ်လောက်တောင် နာကျင်ရမယ်ဆိုတာကို သူ မတွေးဘဲမ နေနိုင်ခဲ့ပါဘူး။ ဒီဖြစ်နိုင်ခြေကို တွေးလိုက်ရုံနဲ့ သူ့ကျောရိုးကို အေးစက်သွားစေခဲ့တယ်။

‎

‎

‎အောက်ထပ်ကို ရှင်းပြီးတာနဲ့ ဒုတိယထပ်ကို ပြောင်းသွားတယ်။ ဒုတိယထပ်သို့ တက်လိုက်သည်နှင့် အိပ်ခန်းထဲမှ ကျယ်လောင်တဲ့ ဟောက်သံကို ကြားလိုက်ရသည်။

‎

All Chapters