← Chapters

အဘွားလီရဲ့ မြေး

Vol. 5 Ch. 42

အဘွားလီရဲ့ မြေး

Vol. 5 Ch. 42

သူမက အခြားပါမောက္ခများရဲ့ ကမ်းလှမ်းချက်တွေကို ငြင်းပယ်လိုက်ပြီး၊ သူ့ရဲ့ ဘွဲ့လွန်စာတမ်းအကြံပေးဆီ ပြန်လည်အကြောင်းကြားကာ၊ သူမရဲ့လမ်းညွှန်မှုအောက်မှာ ဘွဲ့လွန်ပညာဆက်လက်သင်ယူဖို့ ဆုံးဖြတ်လိုက်သည်။

သူမတို့ အရင်က ဆင်းရဲမွဲတေမှုကို လွတ်မြောက်ဖို့နဲ့ လူမှုအဆင့်အတန်းကို မြင့်တင်ဖို့ ကြိုးစားသင်ယူခဲ့ရင်၊ ဒါဆိုရင် အဲ့အချိန်တုန်းက၊ လေ့လာရေးက သူမတို့ လက်လှမ်းမီနိုင်တဲ့ တစ်ခုတည်းသော လမ်းကြောင်းဖြစ်ခဲ့သည်။

ဒါကြောင့် သူမက အခု ထပ်ပြီးသင်ယူဖို့ဆက်လုပ်နေတာက သူမလုပ်ချင်လို့ဖြစ်သည်

သူမက ဝမ်ကျန်းနဲ့ ကျန်ဟင်တို့ကို မေးခဲ့သည်၊ နှစ်ယောက်စလုံးက ဘွဲ့လွန်ပညာဆက်လက်သင်ယူဖို့ စွန့်လွှတ်ခဲ့သည်

ဝမ်ကျန်းက သူ့ကို စွန့်လွှတ်တာက နားလည်နိုင်သည် ဘာဖြစ်လို့လဲဆိုတော့ ဝမ်ကျန်းက အတော်လေး စာလေ့လာရတာကို သိပ်မကြိုက်ဘူး။ ပေကျင်းတက္ကသိုလ်ဝင်ပြီးနောက်၊ သူမက ပိုပြီး စိတ်လွတ်ကိုယ်လွတ်နေခဲ့ရသည်

ကျန်ဟင်က အရင်က အတန်းမှူးဖြစ်ပြီး၊ စာမေးပွဲအမှတ်တွေကောင်းသည်၊ ဒါပေမယ့် သူက ဆက်လုပ်မယ်လို့ မမျှော်လင့်ထားဘူး၊ မလုပ်ချင်ဘူးဟုပြောခဲ့သည်

ကျန်ဟင်ရဲ့ စကားအရ၊ မင်ယွဲ့က သူ့ကို အထောက်အပံ့တစ်ခုပေးထားတာကြောင့်၊ သူက အခု စီးပွားရေး၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ (သို့) စီမံခန့်ခွဲမှုမှာ သူ့ကျွမ်းကျင်မှုတွေကို ပိုကောင်းအောင်လုပ်နိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေပြီဖြစ်သည်

လက်တွေ့ကျင့်သုံးမှုက အကောင်းဆုံးလေ့ကျင့်မှုဖြစ်တယ်လို့ သူခိုင်ခိုင်မာမာယုံကြည်သည် ဘွဲ့လွန်မတက်တာက မိမိကိုယ်ကို တိုးတက်အောင်လုပ်တာကို စွန့်လွှတ်တာမဟုတ်ဘူးလို့လည်း ပြောသေးသည်

မင်ယွဲ့က လူတိုင်းမှာ ကိုယ့်ကိုယ်ပိုင်အတွေးအခေါ်တွေရှိတယ်လို့ ခံစားရသည်။ နောက်ဆုံးတော့၊ ကျန်ဟင်က အခုတော့ ယွဲ့ဟွာ နည်းပညာမှာ မန်နေဂျာဖြစ်နေပြီဖြစ်သည် သူတကယ်ဘွဲ့လွန်တက်မည်ဆိုပါက၊ သူမက မန်နေဂျာအသစ်ရှာရမာဖြစ်သည်၊ ဒါက ရှောင်လွှဲလို့မရဘူးဖြစ်သည် သူဘွဲ့လွန်မတက်ဖို့ ရွေးချယ်တာကြောင့်၊ ကုမ္ပဏီကို စီမံခန့်ခွဲတာကလည်း သူ့ရဲ့ရွေးချယ်မှုပဲဖြစ်သည်

မေးခွန်းတွေဖြေပြီးနောက်၊ မင်ယွဲ့က စိတ်သက်သာရာရသွားပြီး၊ သုံးယောက်စလုံးက သူတို့ရဲ့ ပေကျင်းတက္ကသိုလ် ဘွဲ့လက်မှတ်တွေကို လက်ခံရယူဖို့ စောင့်ဆိုင်းနေကြသည်

အဲဒီနေ့မှာ၊ တစ်စုံတစ်ယောက်က ဖုန်းဆက်လာသည်၊ သူမအရင်က ကူညီပေးခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်နေသည်

သူမက ဖုန်းကိုင်လိုက်ပြီး၊ ဆုံဖို့ချိန်းထားတဲ့ စားသောက်ဆိုင်ကို ကားမောင်းသွားသည်

သူတို့မိသားစုလေးယောက်စလုံးသွားခဲ့သည်။ ဒါပေမယ့် ကလေးကိုတော့ မခေါ်လာခဲ့ပေ။ ဘာဖြစ်လို့လဲဆိုတော့ ကလေးက အတော်လေးငယ်သေးတဲ့အတွက်ငိုရင်အရမ်းဆူညံနေ‌ေသာ‌ေြကာင့်အဆင်မပြေမှုများပေါ်လာမှာကို စိုးရိမ်ရခြင်းဖြစ်သည်

"ညီမလေးရေ အရမ်းကျေးဇူးတင်ပါတယ်။"

သူတို့က မင်ယွဲ့ရဲ့ ကားလိုင်စင်နံပါတ်ကို သိပြီး၊ ရဲအမှုထမ်းတွေဆီက သူမရဲ့သတင်းအချက်အလက်တွေရခဲ့သည် ဒါကြောင့်ကျေးဇူးတင်စကားပြောဖို့ လာခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ လာချင်နေခဲ့တာအတော်ကြာနေပါပြီ ဒါပေမယ့် အမက ကလေးမွေးပြီးတော့ အိမ်မှာပဲနေခဲ့ရတယ်၊ ဒါကြောင့် အခုချိန်ထိ လာမတွေ့နိုင်ခဲ့တာပါညီမလေး”

ကလေးရဲ့အမေက အရမ်းနူးညံ့သိမ်မွေ့ပြီး စိတ်ထားလည်းကောင်းသည်၊ ကလေးရဲ့ တစ်လပြည့်အထိမ်းအမှတ်ပွဲရဲ့ ဗီဒီယိုကို မင်ယွဲ့ကိုပြလိုက်သည်။

"ညီမလေးရေ အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်မနဲ့ ကျွန်မကလေးနှစ်ယောက်စလုံး ဘေးကင်းလုံခြုံစွာရှိနေပါတယ်။"

"ကိစ္စသေးသေးလေးပါပဲ၊ အခုလိုပြောစရာမလိုပါဘူးအမရဲ့”

မင်ယွဲ့က လက်ကို ထပ်ခါထပ်ခါ လှုပ်ရမ်းပြီး အားနာနေခဲ့သည်။

စားသောက်ဆိုင်၏ လေထုကကောင်းကာ အလွန်ခေတ်မီပေမယ့် ရိုးရှင်းသိမ်မွေ့တဲ့ အလှဆင်မှုပုံစံရှိသည်။

ပြီးတော့ သူတို့မိသားစုကလည်းတကယ်ကို မင်ယွဲ့ကို နှလုံးသားထဲကနေ ကျေးဇူးတင်နေကြခဲ့သည်။

"ညီမလေး ဒါက ညီမလေးကူညီခဲ့တာထက်စာရင် ကျွန်မတို့ရဲ့ ကျေးဇူးတင်မှုကအနည်းငယ်ပါပဲ အဲ့ဒါကြောင့် လက်ခံပေးပါနော်”

ကလေးရဲ့အမေက စာအိတ်အနီရောင်အိတ်

တစ်အိတ်ကို ထုတ်ယူခဲ့လိုက်သည်။ အိတ်ကထူပြီး အထဲမှာ ငွေသုံးထောင်လောက်ရှိမယ်ဟုတ် ခန့်မှန်းရသည်။

"မဟုတ်တာအမတို့ရယ် ညီမ လက်မခံပါရစေနဲ့”

မင်ယွဲ့က မြန်မြန်ငြင်းပယ်လိုက်ပြီး သူမက ပိုက်ဆံအတွက်ကြောင့် အခုလိုကူညီခဲ့တာမဟုတ်ကြောင်းကို ပြောပြသည်။

"ညီမလေး ကျေးဇူးပြုပြီး ဒါကိုလက်ခံပါ။ ဒါမှလည်း အမတို့စိတ်အေးရမှာ ကူညီပေးတာအတွက် အမတို့ တကယ်ကိုကျေးဇူးတင်ပါတယ်။"

မင်ယွဲ့က ဒီမိသားစုက ယဉ်ကျေးပြီးအတော်လေး ချမ်းသာမယ်ဆိုတာ မြင်နိုင်သည်။

ဒါပေမယ့် သူမဟာ ဒီပိုက်ဆံကိုတကယ် လက်မခံချင်တဲ့အတွက် ငြင်းပယ်နေသည်

"ကျွန်မ တကယ်ကို မလိုအပ်ပါဘူး။ အမကလေးရဲ့ တစ်လပြည့်အထိမ်းအမှတ်အတွက် ကျွန်မဆီက လက်ဆောင်လို့ပဲ သတ်မှတ်လိုက်ပါ။ ပြန်ယူသွားပြီး ကလေးအတွက် တစ်ခုခုဝယ်လိုက်ပါနော်”

မင်ယွဲ့က ထပ်မံငြင်းပယ်လိုက်ပြီး နှစ်ဖက်စလုံးက တစ်ယောက်ဘက်ကို တစ်ယောက် တွန်းထုတ်နေကြသည်။

မင်ယွဲ့တကယ် လက်မခံနိုင်တာကို မြင်ရတော့၊ သူတို့မှာ ရွေးချယ်စရာမရှိတော့ဘူးဖြစ်တဲ့အတွက် လက်လျော့လိုက်ရသည်။

"မင်ယွဲ့ ဒါဆို အိမ်မှာ အန်အန်ဆီကို ဘယ်အချိန်လာလည်ဖို့ အချိန်ရမလဲ။"

အန်အန်က ကလေးရဲ့ ချစ်စနိုးနာမည်ဖြစ်ကာ ငြိမ်းချမ်းပြီး လုံခြုံတယ်ကို ဆိုလိုခြင်းဖြစ်သည်။

"ကောင်းပါပြီ။"

ဒီတစ်ခါတော့၊ မင်ယွဲ့က မငြင်းဆန်တော့ပဲ တစ်ခေါက်တော့ လာတွေ့မည့်အကြောင်း သေချာပြောလိုက်သည်။

ဧည့်ဝတ်ကျေပွန်တဲ့ မိသားစုနဲ့ နှုတ်ဆက်ပြီးနောက်၊ မင်ယွဲ့က သူတို့ရဲ့ လုပ်ငန်းကဒ်ကို လက်ခံပြီး၊ စကားအများကြီးမပြောတဲ့ယောက်ျားက ဈေးကွက်ကြီးကြပ်ရေး အုပ်ချုပ်ရေးမှုး ခေါင်းဆောင်တစ်ယောက်ဆိုတာ သိလိုက်ရသည်။

တစ်စုံတစ်ယောက်နဲ့ ဆက်သွယ်မှုလုပ်ဖို့ ကိစ္စသေးသေးလေးဖြစ်သည်။

မင်ယွဲ့က မတတ်သာဘဲ ခေါင်းခါလိုက်တယ်။

သူမအချိန်အနည်းငယ်ရတဲ့အခါ၊ အသီးအနှံတွေနဲ့သက်ကြီးရွယ်‌အိုတွေ သင့်တော်တဲ့ အခြားအစားအစာတွေ ဝယ်ပြီး၊ ဟုန်ဝေရပ်ကွက်က အဘွားလီကို သွားလည်သည်။ဒါက သူမရဲ့ပထမဆုံးအကြိမ် သွားလည်ခြင်းမဟုတ်ပေ။

ကျွန်မကျောင်းကနေ ဘွဲ့ရတုန်းက၊ အဘွားလီက ကြင်နာစွာနဲ့ သူမကို လက်ခံပေးခဲ့သည်။ ငှားရမ်းခနည်းနည်းပဲ ကောက်ခံပြီး၊ မကြာခဏ ထမင်းစားဖိတ်ခေါ်တတ်သည်။

သူမက ဒီကျေးဇူးတရားကို အမြဲမှတ်မိနေခြင်းဖြစ်သည်။

"မင်ယွဲ့ ထပ်လာပြီ။"

အိမ်နီးချင်းရပ်ကွက်က သက်ကြီးရွယ်အိုတွေ အားလုံးကအဘွားလီမကြာခဏချီးမွမ်းတဲ့ မိန်းကလေးငယ်လေးကို သိသည် သူမအရင်က ဒီမှာနေထိုင်ခဲ့တာကို သူတို့သိသည်၊ ဒါပေမယ့် သူမပြောင်းရွှေ့ပြီးနောက်အဘွားလီဆီမကြာခဏလာလည်ဦးမယ်ဆိုတာ မမျှော်လင့်ခဲ့ပေ သူမတကယ် မိန်းကလေးကောင်းတစ်ယောက်ဘဲဖြစ်သည်။

ဒီနေရာက တကယ်တော့ အစိုးရအိမ်ရာဖြစ်ကာ မင်ယွဲ့နဲ့ စကားပြောနေတဲ့လူတွေက အငြိမ်းစားအရာရှိကြီးတွေ ဒါမှမဟုတ် အစိုးရလက်အောက်မှာ အလုပ်လုပ်နေဆဲ သူများဖြစ်သည်။

မင်ယွဲ့လာတိုင်း၊ သူတို့က သူမကို သူ့တို့နားဆီဆွဲသွားပြီး စကားခေါ်ပြောကြတတ်သည်။ မင်ယွဲ့က တိတ်တဆိတ်နားထောင်ပေးပြီး၊ သူတို့နဲ့ စကားပြန်ပြော လေ့ရှိသည်။

"အဘွားလီ"

မင်ယွဲ့က အပေါ်ထပ်တက်ပြီး တံခါးကို ခေါက်လိုက်သည်။

"လာပြီ လာပြီ”

အတွင်းပိုင်းက လူကြီးတစ်ယောက်က လှမ်းအော်လိုက်သည်။ ခြေလှမ်းသံတွေကြားရတပြီး တံခါးလက်ကိုင်က လှည့်လာခဲ့သည်။

"ယွဲ့ယွဲ့ ရောက်ပြီလား၊ မြန်မြန်ဝင်လာခဲ့။"

မင်ယွဲ့ ဝင်လာပြီး အိမ်ထဲက လူငယ်တစ်ယောက်ကို မြင်လိုက်ရတော့၊ မလာခင်မှာ ဖုန်းမဆက်မိတာကို နောင်တရနေကာ မသင့်တော်တဲ့အချိန်မှာ ရောက်လာတယ်လို့ ခံစားမိသည်

"ဝင်လာခဲ့လေ၊ ဘာတွေ ယူလာပြန်ပြီလဲ မင်ယွဲ့”

အဘွားလီက အထုပ်တွေကို တံခါးဝမှာ ထားခဲ့ခိုင်းပြီး၊ သူမပိုက်ဆံဖြုန်းတီးတာကို မကျေမနပ်ပြောလိုက်သည်။

"ငါတို့တွေ အိုနေပြီ၊ ဒီအရာတွေမစားတော့ဘူး။ သမီးပြန်ယူသွားပြီး ကိုယ်တိုင်စားလိုက်။"

သူမက မင်ယွဲ့ရဲ့လက်ကို ဆွဲကိုင်ပြီး အိမ်ထဲကို ခေါ်ဆောင်သွားသည်။

"ဒါ ငါ့မြေး နိုင်ငံခြားက ပညာသင်ပြီး ပြန်လာတာ။ မင်းတို့နှစ်ယောက် ဒီနေ့ဆုံတာ အတော်ကံကောင်းတယ်။ မင်းတို့နှစ်ယောက်ကို အတော်ကြာ တွေ့ပေးချင်နေတာ၊ ဒါပေမယ့် ဒီလူဆိုးကောင်က နိုင်ငံခြားမှာပဲနေနေပြီး တွေ့ပေးဖို့ကိုအခွင့်အလမ်းမရှိခဲ့ဘူး။"

မင်ယွဲ့က မော့ကြည့်လိုက်တော့၊ လူငယ်က သာမန်သာ ဝတ်စားဆင်ယင်ထားကာ၊ ရိုးရိုးရှင်းရှင်းဆိုဖာပေါ်မှာ ထိုင်နေပေမယ့်၊ မျက်လုံးထဲမှာတော့ အရမ်းမိုက်တဲ့ဝတ်စုံဝတ်ပြီး ဇိမ်ခံဧည့်ခန်းထဲမှာ ထိုင်နေသလိုပုံပေါ်နေသည်

သူ့မျက်လုံးထဲမှာ အပြုံးရှိနေပေမယ့်၊ သူ့ရဲ့နက်ရှိုင်းတဲ့ ကြည့်ရှုမှုထဲက ထက်မြက်မှုက မြင်နိုင်သည်။

သူ့ရဲ့ ကြည့်ရှုမှုက စကားများတတ်တဲ့ အဘွားလီဆီ ကျရောက်တဲ့အခါမှသာ၊ သူ့ရဲ့အေးစက်တဲ့ မျက်နှာအမူအရာက အနည်းငယ်ပျော့ပျောင်းသွားသည်။

"ဟယ်လို၊ ညီမ ကျွန်တော်က ကျိုးယင်းပါ။"

အတော်လေး လှပထက်မြက်တဲ့ လူငယ်တစ်ယောက်ဖြစ်ကာ၊ ကျောက်တွေက ကြောက်စိမ်းကဲ့သို့ သန့်ရှင်းတောက်ပြောင်နေပြီ ထင်းရှူးပင်တွေလိုမျိုး စိမ်းလန်းစိုပြည်နေသည်။

"ဟယ်လို၊ မင်ယွဲ့ပါ။"

မင်ယွဲ့ရဲ့ ပြုံးနေတဲ့မျက်လုံးတွေက တောက်ပနေတယ်၊ သူမဟာ လခြမ်းပုံသဏ္ဍာန်က လပြည့်ဝန်းနဲ့တူနေသည်။

တစ်ယောက်က ထူးခြားစွာလှပပြီး၊ ဆွဲဆောင်မှုရှိသည်။

"မင်း လူဆိုးကောင် သူမကို မင်ယွဲ့လို့ခေါ်ရဲနေတာလဲ”

အဘွားလီက နို့ယူလာရင်း လမ်းလျှောက်သွားပြီး၊ ကောင်လေးရဲ့ ခေါင်းကို ရိုက်လိုက်သည်။

"အဘွား"

ကောင်လေးက သူ့အဘွားကို ခေါ်လိုက်သည်

"ယွဲ့ယွဲ့၊ သူ့ကို အာရုံမစိုက်နဲ့။ ဒီကလေးက ငယ်

ငယ်ကတည်းက အမြဲဒီလိုပဲ။ သူမှာ ချစ်ခြင်းမေတ္တာလုံးဝမရှိဘူး။"

အဘွားလီက မင်ယွဲ့ကို ပြောတဲ့အခါ၊ မင်ယွဲ့က သူ့ရဲ့အနားက အနည်းငယ်စူးစမ်းနေတဲ့ မျက်နှာအမူအရာနဲ့ ကြည့်နေသည်။ သူ့ဆီကနေ ထွက်လာတဲ့ အေးစက်တဲ့လေထုက တကယ်ပဲ အဘွားလီရဲ့ရိုက်နှက်မှုကြောင့် ပျောက်ကွယ်သွားသည်။

မင်ယွဲ့က သူတို့ရဲ့ အပြန်အလှန်ဆက်ဆံရေးက အတော်လေး စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်လိုက်သည်။

"အဘွား အချိန်တစ်ခုရောက်လို့ မရှိတော့ရင် မင်းညီမလေး မင်ယွဲ့ကို ဂရုစိုက်ပေးရမယ်၊ သိလား။"

အဘွားလီမှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ရှိသည်၊ သူ့သားနဲ့ သမီးနှစ်ယောက်စလုံးက တစ်ဦးတည်းသောသားသမီးတွေဖြစ်သည်၊ ဒါကြောင့် မိသားစုထဲမှာ ဆိုးသွမ်းတဲ့ယောက်ျားလေး နှစ်ယောက်ပဲရှိသည်

ဒီကလေးက တကယ်တော့ အတော်လေး မျှော်လင့်ချက်ရှိသည် ဒါပေမယ့် သူ့သမီးရဲ့သားက လုံးဝဆိုးသွမ်းနေတဲ့ လူဆိုးဖြစ်နေသည်

သူတို့က ယဉ်ကျေးတဲ့ မြေးမလေးတစ်ယောက်ကို ဘဝတစ်လျှောက်လုံး လိုချင်ခဲ့သည်။ ဒါပေမယ့် အဲဒီအချိန်က နိုင်ငံတော်ရဲ့မူဝါဒက ကလေးတစ်ယောက်ပဲ ယူခွင့်ပြုတာကြောင့် သူတို့ရဲ့ဆန္ဒကို မပြည့်ဝခဲ့ပေ။

မင်ယွဲ့က သူမရဲ့ ကြာမြင့်စွာလိုလားခဲ့တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့သည်။

အဲ့ဒါကြောင့်လည်း မင်ယွဲ့ အိမ်ရှာနေတုန်းမှာ အဘွားလီက ဒီမှာ အိမ်ငှားဖို့ သဘောတူခဲ့ရခြင်းဖြစ်သည်။ ဒီကလေးက ပေကျင်းတက္ကသိုလ်က ထိပ်တန်းကျောင်းသူဖြစ်ပြီး၊ မျက်လုံးတွေ ကြည်လင်ပြတ်သားကာ လိမ္မာတဲ့ကလေးတစ်ယောက် ဖြစ်သည်။

ဒါ့အပြင်၊ ကလေးတွေက ပုံမှန်အားဖြင့် ဆော့ကစားတတ်ပေမဲ့ သူမက တစ်ယောက်တည်းသာနေတတ်ပြီး တခြား ကလေးတွေနဲ့အတူ နေတာမျိုးလည်း မတွေ့ရခဲ့ပေ။

"ဟုတ်ဟုတ် ကျွန်တော်သိပါပြီ”

ကောင်လေး၏ ပေါ့ပျက်ပျက်အမူအရာက သူ့အဘွားကို စိတ်ရှုပ်စေရပြီး၊ အဘွားက သူသာ စကားဆက်ပြောနေရင် စကားများနေဦးမှာဖြစ်ကြောင်း အဘွားသိသည်။

အဘွားလီက မင်ယွဲ့ကို ညစာစားဖို့ ဖိတ်ခေါ်ခဲ့သော်လည်း၊ မင်ယွဲ့က လူကြီးသူမကို အလုပ်ရှုပ်စေရမှာ ဖြစ်မသက်သာဖြစ်နေခဲ့သည်။

အသက်ကြီးတဲ့ သူတွေအတွက် ကိုယ်တိုင်ချက်ပြုတ် စားသောက်တာက ပြဿနာမရှိပေမယ့်၊ အနီးအနားမှာ ဆွေမျိုးငယ်တွေလာလည်တဲ့အခါမှာတော့ သူတို့က ပိုပြီးအသေးစိတ်တစ်ခုခုကို ချက်ပြုတ်ကျွေးမွေးချင်ကြတာမို့၊ လူများရင် သူတို့အတွက် ပင်ပန်းစေသည်။

"အဘွားလီ၊ ဒီနေ့တော့ သမီးချက်ကျွေးမှာနော်။ အခုဆို သမီး ဟင်းချက်တာ တော်တော်လေးကျွမ်းကျင်နေပြီ အဘွားတစ်ခါမှ မစားဖူးသေးဘူးမလား အဲ့ဒါကြောင့် ချက်ကျွေးပါရစေနော်”

မင်ယွဲ့က ပြုံးပြီး အဘွားလီကို ထိုင်ဖို့ နေရာချပေးခဲ့သည်။

"အယ် မဟုတ်တာမလုပ်ပါနဲ့ သမီးက ဧည့်သည်လေ”

အဘွားလီက အမြန်ငြင်းဆိုလိုက်ပြီး၊ ဧည့်သည်တွေကို ချက်ပြုတ်ခိုင်းစရာ အကြောင်းမရှိဘူးလို့ ပြောလိုက်သည်။

"အဘွားလီကလည်း သမီးကချက်ကျွေးချင်တာလေ”

ရှေ့မှာဖြစ်နေတဲ့ ဒီ မြင်ကွင်းကိုကြည့်ရင်း၊ ကျိုးယင်းက ဒီမိန်းကလေးက အဘွားလီအတွက် ဘာကြောင့် ဒီလောက်အရေးကြီးတာလဲဆိုတာ နားလည်သွားခဲ့သည်။

ဒါဟာ သူတို့တွေ့ဆုံတာပထမဆုံးအကြိမ်ဖြစ်ပေမယ့်၊ သူ့အဘွားဆီက မင်ယွဲ့အကြောင်းကို မရေမတွက်နိုင်အောင် ကြားနေခဲ့ရသည်။

မတွေ့ဆုံရသေးခင်က သူ့စိတ်ထဲမှာ သူ့အဘွားရဲ့ပြောပြထားတာတွေကိုအခြေခံပြီး သူဖန်တီးထားတဲ့ မင်ယွဲ့ပုံစံ တွေနဲ့ ပြည့်နှက်နေခဲ့ပေမယ့်၊ ဒီနေ့တွေ့ဆုံချိန်မှာတော့ ဒီစိတ်ကူးယဉ်ဇာတ်ကောင်တွေဟာ ရုတ်တရက် အသက်ဝင်လာခဲ့ပါသည်

All Chapters