← Chapters

လက်ထပ်ခြင်း

Vol. 5 Ch. 43

လက်ထပ်ခြင်း

Vol. 5 Ch. 43

မင်ယွဲ့က မီးဖိုချောင်ထဲဝင်လာပြီး ကျွမ်းကျင်စွာ ဟင်းသီးဟင်းရွက်တွေကို ဆေးကြောလှီးဖြတ်

လိုက်သည်။ ညီညီညာညာ အစင်းလိုက်လှီးထားတဲ့

အာလူး၊ အပါးလွှာလှီးထားတဲ့ ငါး၊ ရေနွေးနဲ့ပြုတ်ထားပြီးမှ အခွံခွာထားတဲ့ ခရမ်းချဉ်သီး...

ကျိုးယင်းက အပြင်မှာ ထိုင်နေရင်း ဟင်းအနံ့ကို ရနေပြီ။ နိုင်ငံခြားမှာ ဒီလောက်ကြာအောင်နေပြီး၊ ဒီလိုအိမ်လိုခံစားမှုမျိုး ကြာမြင့်စွာ မခံစားရတော့ပေ သူက တစ်ယောက်တည်း နေလေ့ရှိကာ၊ မိဘတွေနဲ့မ‌နေပေ။ သူ့မိဘတွေက အမြဲအလုပ်များသဖြင့် သူတို့ဆီ သွားလည်ဖို့ကလည်း မလွယ်ပေ။

"ယွဲ့ယွဲ့၊ မင်းဘွဲ့ရပြီးသွားပြီလား။ အလုပ်က ဘယ်လိုလဲ။ မင်းအစ်ကိုကြီး ကျိုးယင်းရဲ့ ကုမ္ပဏီမှာ အလုပ်မလုပ်ချင်ဘူးလား။"

အဘွားလီက မင်ယွဲ့ မီးဖိုချောင်ကနေ ထွက်လာတာကို မြင်ရတော့၊ ကျိုးယင်းကို ဟင်းခွက်တွေသွားသယ်ခိုင်းသည်။

"အဘွားလီ၊ သမီး အလုပ်ရှိပါတယ်။"

သူမက သူမဘာလုပ်နေလဲဆိုတာ မပြောပြတတ်သလိုအဘွားလီကလည်း အဲ့အကြောင်းသိပ်မမေးဖူးပေ။ လူငယ်တွေက လူကြီးတွေဟာ ဒီလိုအရာတွေအကြောင်း မေးမြန်းတာတာကို မကြိုက်ဘူးလို့ ခံစားရတဲ့အတွက် အဖွားလီကမေးလေ့မရှိပေ။

"အေးအေး သမီး ကောင်းကောင်းလုပ်နေသရွေ့ အဆင်ပြေရင်ပြီးတာပါပဲကွယ်”

“ချက်ထားတဲ့ ဟင်းရည်အချဥ်သောက်ကို မြည်းကြည့်ပါဦး”

အဘွားလီက မင်ယွဲ့နဲ့အတူလုပ်ထားတဲ့ အချဉ်သောက်ငါးဟင်းရည်ကို ကြည့်ရင်း၊ ပြုံးရင်းနဲ့ ပြောလိုက်သည်။

"အဘွားလီရဲ့ အချဉ်သောက်ဟင်းရည်က အရမ်းအရသာရှိသည်။

မင်ယွဲ့က ချီးကျုးနေသည်။

"သမီးလည်း ချက်ပြုတ်တာကောင်းလို့ပါ”

ကျိုးယင်းက နှစ်ယောက်စလုံး မိသားစုလိုဆက်ဆံနေတာကို ကြည့်နေရင်း၊ နွေးထွေးမှုကို ခံစားလိုက်ရသည်။

မင်ယွဲ့က ကျေးဇူးသိတတ်တဲ့သူဖြစ်ကာ၊ အဘွားလီသူမကို ဂရုစိုက်ခဲ့တဲ့ ကျေးဇူးတရားကို အမြဲမှတ်မိနေသည်။

သူမက အရင်က အဘွားလီနဲ့ နီးနီးကပ်ကပ်နေဖို့ ကြောက်နေခဲ့သည် ဘာဖြစ်လို့လဲဆိုတော့ အဘွားလီက အမြဲတမ်း နည်းလမ်းအမျိုးမျိုးနဲ့ သူမကို ကူညီပေးနေတော့ ကျေးဇူးကြွေးတင်နေသလို ခံစားရမှာကို စိုးရိမ်ခဲ့သည်

အခုတော့ နှစ်ယောက်စလုံးက ပိုပြီးသဘာဝကျကျ ဆက်ဆံနေကြကာ၊ ပိုပြီးနီးကပ်လာကြသည်။

"သမီးအစ်ကိုကြီး ကျိုးယင်းက သမီးကို ပြန်ပို့ပေးလိမ့်မယ်နော်”

အဘွားလီက နှစ်ယောက်စလုံးကို တံခါးဝထိ လိုက်ပို့လိုက်သည်။

"အဘွားလီ၊ မလိုပါဘူး၊ သမီး ကိုယ်တိုင်ကားမောင်းလာတာ။"

"ငါတို့ ယွဲ့ယွဲ့က တကယ်ပဲအောင်မြင်ပြီး တော်လိုက်တာ အလုပ်စလုပ်တာနဲ့ ကားဝယ်လိုက်တယ်။"

အဘွားလီက ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုံးနေခဲ့သည်။ သူ့မြေးအောင်မြင်နေတာကို ဝမ်းသာပီတိဖြစ်နေသည်

နှစ်ယောက်စလုံးက ဘေးချင်းယှဉ်ပြီး အောက်ထပ်ဆင်းသွားရင်း

"အဘွားဆီ မကြာခဏလာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်”

ကောင်လေးက ရုတ်တရက်ပြောလိုက်သဖြင့် မင်ယွဲ့က သူ့ကိုလှည့်ကြည့်လိုက်သည်။

ထိုအချိန်မှာ၊ မင်ယွဲ့က တကယ်ကို ပုနေသလိုခံစားလိုက်ရသည်။ သူမက ၁၆၇ စင်တီမီတာရှိပေမယ့်၊ သူနဲ့စကားပြောဖို့ ခေါင်းကို မော့ကြည့်ရသည်

ကောင်လေးက ရှည်ပြီး၊ အနည်းဆုံး ၁.၈ မီတာရှိမယ့်ပုံပေါက်သည်။

"ကိစ္စမရှိပါဘူး၊ အဘွားလီက ကျွန်မအတွက် ကျေးဇူးရှင်ပဲကို”

နှစ်ယောက်စလုံးက အေးဆေးတည်ငြိမ်စွာ လမ်းလျှောက်ရင်း၊ စကားပြောနေကြသည်။

“မင်းကားက ဘယ်မှာရပ်ထားတာလဲ။”

ကျိုးယင်းက မေးသည်

မင်ယွဲ့- "ရပ်ကွက်ထဲက ကားရပ်တဲ့နေရာမှာပါ။"

သူမက ခဏပဲနေကာ ပြန်သွားမယ်ဆိုပြီး စဉ်းစားထားတာမို့ မြေအောက်ကားပါကင်ထဲမှာ မရပ်ခဲ့ပေ။

ကျိုးယင်းက ဘာမှမပြောဘဲ သူမနောက်ကနေ ဖြည်းဖြည်းချင်း လမ်းေလျှာက်က်နေသည်။

မင်ယွဲ့က သူဟာ သူမကို သူမကားဆီ လိုက်ပို့ပေးချင်နေတယ်လို့ ထင်လိုက်မိသည်။

"ရောက်ပြီ"

မင်ယွဲ့က ကားသော့ကို နှိပ်လိုက်ကာ အစိမ်းရောင်ကားက နှစ်ချက်အသံမြည်လာပြီး၊ ရှေ့မီးတွေ လင်းလာသည်။

"စိတ်မရှိရင် မင်းကို ဆက်သွယ်လို့ရမယ့် နံပါတ်ရနိုင်မလား”

ကျိုးယင်းက သူ့ဖုန်းကို ထုတ်ရင်းပြောလိုက်သည်

နှစ်ယောက်စလုံးက QR code ကို စကင်န်ဖတ်ပြီး ဝီချက် မှာ တစ်ယောက်ကို တစ်ယောက်အပ်ခဲ့တယ်။ ကျိုးယင်းရဲ့ ပရိုဖိုင်းဓာတ်ပုံက သာမန်ရှုခင်းဓာတ်ပုံတစ်ပုံပဲဖြစ်တယ်၊ သူ့ကို ရိုးရိုးလူကြီးတစ်ယောက်လို ထင်ရစေသည် ဒါက နိုင်ငံခြားကပြန်လာတဲ့ ချမ်းသာတဲ့လူငယ်ရဲ့ သူ့ပုံရိပ်နဲ့ သိပ်မကိုက်ပေ

“နောက်တစ်ခါမှထပ်ဆုံကြတာပေါ့”

မင်ယွဲ့က ကားပေါ်တက်ပြီး၊ ပြတင်းပေါက်ကိုပိတ်လိုက်ပြီး၊ ကားမောင်းထွက်သွားသည်

ကျိုးယင်းက သူ့ဖုန်းကို ကြည့်နေသည်။ သူမရဲ့ WeChat ပရိုဖိုင်းဓာတ်ပုံက လပေါ်ကို လက်မြှောက်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ကာ လက စင်ကြယ်ဖြူဖွေးနေပြီး၊ မိန်းကလေးက လက်နှစ်ဖက်နဲ့ မြှောက်ထားဟန်ရပြီးသူမရဲ့ဆံပင်က ညလေထဲမှာ လွင့်ပြီး အရမ်းလှနေသည်။

သူက မင်ယွဲ့ရဲ့ကားကို သတိပြုမိလိုက်သည်။ သိန်းတစ်ရာကျော်တန်ကာ သူ့အဘွားပြောတဲ့ မင်ယွဲ့နဲ့ ဒီတစ်ယောက်က တစ်ယောက်တည်းလားဆိုတာ စတွေးမိသည်

အဘွားပြောတဲ့ မင်ယွဲ့က ရှန်းတက္ကသိုလ်က ထိပ်တန်းကျောင်းသူ၊ ဆင်းရဲတဲ့မိသားစုကနေလာတဲ့ အလုပ်သင် လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ဆိုပြီး သိထားခဲ့ခြင်းဖြစ်သည်။

ဒါပေမယ့် ဒီနေ့သူမြင်တာကို အခြေခံပြီး၊ သူ့အဘွားက ဘဝတစ်လျှောက် စရိတ်ကြေအောင်နေထိုင်တတ်ပြီး၊ ကုန်အမှတ်တံဆိပ်တွေကို ဂရုမစိုက်ပေမယ့်၊ မင်ယွဲ့ရဲ့အဝတ်အစားတွေက ထိပ်တန်းအမှတ်တံဆိပ်တွေ မဟုတ်ပေမယ့်၊ အားလုံးက စျေးကြီးတဲ့ ကုန်အမှတ်တံဆိပ်တွေဖြစ်သည်။ အလုပ်သင် လုပ်နေတဲ့သူတစ်ယောက်က ဒီလောက်စျေးကြီးတဲ့ကားကို ဝယ်နိုင်မှာမဟုတ်ပေ။

သူ့အဘွားပြောပြထားတဲ့ အချက်ထဲမှာ ရှန်းတက္ကသိုလ်မှာတက်ခဲ့တဲ့ အချက်အလက်ပဲ မှန်နေတယ်လို့ သူထင်သည်။

မင်ယွဲ့က အိမ်ပြန်ရောက်ပြီး ရေချိုးလိုက်သည်။ မနက်ဖြန်က စနေနေ့၊ ဒါကြောင့် ပိတ်ရက်နှစ်ရက်ကို အနားယူပြီးတော့ နောက်အလုပ်သစ်တစ်ခုကို စမ်းကြည့်မယ်ဆိုပြီး တွေးနေသည်။

နောက်နေ့၊ မင်ယွဲ့က ဝမ်ကျန်းနဲ့ ကျန်ဟင်တို့ကို အပြင်ထွက်ဖို့ ခေါ်သည် သူတို့က အနီးအနားမှာ ယွမ်ချင်းဘုရားကျောင်းရှိတယ်ဆိုတာ တိုက်တိုက်ဆိုင်ဆိုင် ကြားလိုက်ရသည် ဒါကြောင့် သုံးယောက်စလုံး အဲဒီကို ကားမောင်းသွားဖို့ ဆုံးဖြတ်လိုက်သည်။

ဒီဘုရားကျောင်းက တောင်ထိပ်မှာတည်ရှိပြီး၊ ကားတွေက တောင်ထိပ်ကို တိုက်ရိုက်မောင်းလို့မရပေ။

သုံးယောက်စလုံးက တောင်ခြေမှာပဲ ကားရပ်လို့ရလို့ တောင်ခြေမှာပဲ ကားရပ်ခဲ့ရသည်။

"ငါတို့ ဒီကိုဒုက္ခခံဖို့လာတာလား။"

ဝမ်ကျန်းက မြင့်မားတဲ့တောင်ထိပ်ကို မော့ကြည့်ရင်း၊ သက်ပြင်းချလိုက်မိသည်။

"မင်းက လေ့ကျင့်ခန်းပိုလုပ်ဖို့လိုတယ်၊ ဒါမှ အစည်းအဝေးပွဲအားလုံးကြောင့် မူးမေ့မသွားမှည"

ကျန်ဟင်က ဟာသလုပ်လိုက်သည်။

"ကုမ္ပဏီမှာကလည်း လေ့ကျင့်ခန်းတစ်ခုခု ရသလိုပဲကွ။"

ဝမ်ကျန်းက သူ့ကို ငေါက်လိုက်သည်။

ကျန်ဟင်- "မင်းက ငါ့ကို တကယ်မယုံသင့်ဘူး။ ငါက ကျန်းမာရေးကစားခန်း အသင်းဝင်ကတ်ရထားလို့ ငါအချိန်ရတိုင်း လေ့ကျင့်ခန်းလုပ်ဖြစ်တယ်။"

တကယ်တော့၊ ကုမ္ပဏီမှာ အလုပ်သမားတွေအတွက် အခမဲ့ဖွင့်ထားတဲ့ အထူးကျန်းမာရေးကစားခန်းတစ်ခုရှိသည်။

ဒါပေမယ့်၊ ခေါင်းဆောင်တွေနဲ့ အလုပ်သမားတွေက ယဉ်ကျေးပြီး ရင်းရင်းနှီးနှီး ဆက်ဆံသင့်တာ မှန်ပေမယ့်၊ အကွာအဝေးတစ်ခုထားထားတာကတစ်ခါတစ်ရံမှာ စီမံခန့်ခွဲမှုအတွက် အကျိုးရှိနိုင်သည်။ ဒါကြောင့်၊ ကျန်ဟင်က အလုပ်ပြီးတာနဲ့ သူတို့နဲ့ သိပ်မရောနှောပေ။

"ရောက်နေပြီးသားဆိုတော့..."

မင်ယွဲ့က ဒီစကားပြောလိုက်တဲ့အခါ၊ လူတိုင်းရယ်မောသွားသည် တရုတ်လူမျိုးတွေက "ရောက်နေပြီးသားဆိုတော့" ဆိုတဲ့ စကားစုမပါဘဲ တကယ်မရှင်သန်နိုင်ဘူးလို့ထင်ရသည်။

မင်ယွဲ့က သူတို့ရယ်နေတာကို ချက်ချင်းနားလည်သွားသည်။

"ငါကြားဖူးတယ်၊ ယွမ်ချင်းဘုရားကျောင်းက လက်တွဲဖော်ရှာဖို့ အရမ်းထိရောက်တယ်တဲ့။"

ဝမ်ကျန်းက ဒီအကြောင်းပြောတဲ့အခါ စိတ်ဝင်စားလာသည်။ "ငါလည်းကြားဖူးတယ်ဒီမှာ တစ်စုံတစ်ယောက်နဲ့ ကံကြမ္မာကြွေးရှိမရှိ သိနိုင်တယ်လို့ ဆိုတယ်။ လက်တွဲဖော်မရှိတဲ့သူတွေက လက်ထပ်ဖို့ ဆုတောင်းနိုင်တယ်၊ ဒီကိုလာတဲ့ တစ်ချို့လူတွေက ကံကြွေးမရှိရင် ကွဲကြတယ်တဲ့”

"မင်းပြောတာ ဟုတ်ကောဟုတ်လို့လား”

ကျန်ဟင်က သိပ္ပံကို ယုံကြည်ပြီး အခုလိုမျိုးတွေကို အယုံအကြည်သိပ်မရှိပေ။

"သိပ္ပံရဲ့ အဆုံးသတ်က ဘာသာရေးပညာပါ၊ မင်းက ဘာမှမသိဘူး။"

ဝမ်ကျန်းက သူ့ကို လျစ်လျူရှုပြီး တောင်ပေါ်တက်ဖို့ ခြေလှမ်းစတင်လိုက်သည်။

ကျန်နှစ်ယောက်ကလည်း နောက်က လိုက်တက်လာသည်။

ဝမ်ကျန်းက ကနဦးမှာ အရမ်းစိတ်အား

ထက်သန်နေခဲ့ကာ အသက်ရှူမဝအောင် တောင်

တက်နေခဲ့သည်။ လမ်းက သစ်သားခြေလှမ်းတွေနဲ့ လုပ်ထားတာ‌ေကြာင့် မင်ယွဲ့ကတော့ ခြေလှမ်းဖြေးဖြေးနဲ့သာတက်နေသည်။

နောက်ပိုင်းမှာ၊ တစ်ဖွဲ့လုံးမလျှောက်နိုင်တော့သဖြင့် ရပ်လိုက်ရသည်။

"ယွဲ့ယွဲ့၊ ကြည့်၊ မျောက်တွေရှိတယ်။"

ဝမ်ကျန်းက ထိုင်ပြီးအနားယူဖို့ နေရာရှာနေချိန်၊ သူ့အနားက ရှုထောင့်တန်းထဲက ခုံပေါ်မှာ မျောက်နှစ်ကောင်ထိုင်နေတာ သတိထားမိသည်။ သူတို့ကို မြင်ရတဲ့အခါ လုံးဝမကြောက်ဘဲ၊ စိတ်ဝင်စားစွာနဲ့ သူတို့ကို ကြည့်နေမိသည်။

မင်ယွဲ့ကလည်း စူးစမ်းလိုစိတ်ရှိသည်။ ဒါကြောင့် သုံးယောက်စလုံး အနားယူဖို့ ရှုထောင့်တန်းထဲကို တက်သွားသည်။

“တစ်ခါတစ်လေ ‌‌ေမျာက်တွေကို တစ်ကယ် အားကြမိတယ်”

ဝမ်ကျန်းက အမွှေးထူတဲ့ မျောက်ပေါက်စလေးကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

"ဘာကိုအားကျနေတာလဲ။ တောင်တွေထဲမှာ လွတ်လပ်ပြီး ထိန်းချုပ်မှုမရှိဘဲ နေနိုင်တာကို အားကျနေတာလား။"

ကျန်ဟင်က လူတစ်ယောက်က မျောက်ကို ဘာကြောင့်အားကျရမှာလဲဆိုတာ နားမလည်နိုင်ပေ

ဝမ်ကျန်း"ငါသူတို့ကိုအလုပ်မသွားရဘူး၊ အလုပ်စားပွဲမှာမထိုင်ရဘူး ဆိုတာအတွက် အားကျနေတာ။"

"မင်းဘယ်က ဒီလို ပေါတောတောတွေ တွေးနေတာလဲ”

မင်ယွဲ့က ရယ်မောလိုက်သည်။

"သာမန်လူတစ်ယောက်ရဲ့ ဘဝကို တွေးကြည့်ပါ။ ငယ်ရွယ်တဲ့အချိန်မှာ စာသင်ရတာပင်ပန်းတယ်။ ကြီးပြင်းလာတဲ့အခါ အလုပ်လုပ်ရတာပင်ပန်းတယ်။ သက်လက်ပိုင်းအရွယ်ရောက်တဲ့အခါ ပြုစုစောင့်ရှောက်ဖို့ မိဘအိုတွေရှိသည်။ မွေးမြူဖို့ ကလေးငယ်တွေရှိသည်။ အသက်ကြီးလာတဲ့အခါ ဆက်လုပ်ချင်ပေမယ့် လုပ်နိုင်စွမ်းမရှိတော့ဘူး”

မင်ယွဲ့- "မင်းပြောတာ အကြောင်းပြချက်အနည်းငယ်ရှိတယ်၊ ဒါပေမယ့် အခု မပျော်ရွှင်ဘူးလို့ မင်းခံစားရလား။"

ဝမ်ကျန်းက ရုတ်တရက် အကြီးအကျယ်ပြုံးလိုက်တယ်။ "မဟုတ်ဘူး၊ အခုငါ့မှာ ချမ်းသာတဲ့ အခင်ဆုံးသူငယ်ချင်းရှိတယ်မလား။ ငါသူမ နားပဲကပ်နေတာ”

သူမက ရုတ်တရက်အတွေးလှိုင်းတခုနဲ့ ဝင်လာတဲ့ စိတ်ဓာတ်ကျမှုကို ရှင်းလိုက်သည်။ သူ့စိတ်ထဲမှာ ကြည်လင်သွားခဲ့ကာ ဘာကိုမှ စိုးရိမ်မနေတော့ပေ။ အခု ဘယ်လိုပဲဖြစ်ဖြစ်၊ သူမက ကုမ္ပဏီတစ်ခုရဲ့ အသေးစားအစုရှယ်ယာရှင်တစ်ယောက် ဖြစ်နေပီ ဖြစ်သည်။

"မျောက်တွေက စားသောက်ဆိုင်တွေမှာ အရသာရှိတဲ့အစားအစာတွေ မစားနိုင်ဘူး၊ မျောက်တွေက ကာရာအိုကေသွားမရဘူး၊ မျောက်တွေက ခရီးထွက်လည်ပတ်လို့မရဘူး။ ပြောစမ်း၊ မင်းမျောက်တစ်ကောင်ဖြစ်ရင်၊ မင်းအထီးကျန်မှုကို ခံနိုင်မှာလား။"

ကျန်ဟင်က ခေါင်းကိုပုတ်ရင်း ပြောလိုက်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါလူသားဖြစ်တာကို ပိုကြိုက်သေးတယ်။ ကမ္ဘာကြီးက အရမ်းစုံလင်

တယ်။”

All Chapters