← Chapters

ဆုတောင်းခြင်း

Vol. 5 Ch. 44

ဆုတောင်းခြင်း

Vol. 5 Ch. 44

အနည်းငယ်အနားယူပြီးနောက်၊ သုံးယောက်စလုံးက တောင်တက်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ တောင်ရဲ့လမ်းဘေးဘက်မှာ သစ်သီးပင်တွေ စိုက်ထားကာ ငှက်တွေက အပင်တွေထဲမှာ မြူးတူးနေကြသည်။

လမ်းပေါ်မှာ တောင်တက် တောင်ဆင်းနေတဲ့သူတွေ အများကြီးရှိြပီးဆင်းလာတဲ့သူတွေအားလုံးက ဒူးကွေးပြီး လမ်းလျှောက်နေကြသည်။နားလိုက် ပြန်တက်လိုက်နဲ့ သူတို့တကယ်ပဲပင်ပန်းနေပုံရသည်။ ဒီဘုရားကျောင်းက အရမ်းမြင့်လွန်းတဲ့နေရာမှာ တည်ထားတာပဲဆိုပြီး တွေးမိသည်။

"အာ့- နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။"

တောင်ထိပ်ကို ရောက်တဲ့အခါ၊ မျက်နှာပြင်ညီတဲ့နေရာတစ်ခုကို တွေ့လိုက်ရသည်။ ဘုရားကျောင်းတွေနဲ့ ကမ္မဋ္ဌာန်းကျောင်းတွေ အများကြီးတည်ဆောက်ထားကာ

အပြင်ဘက်ကို ကြည့်လိုက်ရင် "အမြင့်ဆုံးတောင်ထိပ်ပေါ်တွင် ရပ်ပြီး၊ တောင်အောက်က မြင်ကွင်း အားလုံးကို ကြည့်ရှ နေရတဲ့ခံစားချက်ကို တကယ်ခံစားရသည်

မြို့မှာ လမ်းလျှောက်တဲ့အခါ၊ အဲဒီမြင့်မားတဲ့ အဆောက်အဦတွေကို ကြည့်နေရတယ်လို့ ခံစားရနေပေမယ့် အခုတောင်ထိပ်ကနေ အောက်ကိုကြည့်လိုက်ရင်၊ အားလုံးက အစက်သေးသေးလေးတွေလို့ ထင်ရသည်။

အိမ်တွေက ကျပ်ညပ်နေအောင် ဆောက်ထားတာတွေ ၊တွန့်လိမ်နေတဲ့မြစ်၊ စိမ်းလန်းသန်စွမ်းတဲ့သစ်ပင်တွေ။ ဒါက နေ့ခင်းဘက်အချိန်ပါ၊ ညဘက်ဆိုရင် လင်းထိန်နေတဲ့ နီယွန်မီးတွေ မြင်ရလေသည်။

"သွားကြရအောင်အပျို ၊လူပျိုကြီးတွေ လက်ထပ်ရေးသစ်ပင်ဆီသွားပြီး ကောင်းမွန်တဲ့ လက်တွဲဖော်ရဖို့အတွက် ဆုတောင်းကြမယ်။"

ဝမ်ကျန်းက မင်ယွဲ့ကို အနီရောင်ဖဲကြိုးတွေနဲ့ အလှဆင်ထားတဲ့ သစ်ပင်ကြီးနှစ်ပင်ဆီ ဆွဲခေါ်သွားသည်။

"ဒီမှာ လူများလွန်းတယ် မဟုတ်ဘူး။"

ဟိုဘက်ကိုကြည့်ပါ။

မင်ယွဲ့က အခြားဟောခန်းတစ်ခုကို ညွှန်ပြလိုက်သည်။

"ကြွယ်ဝချမ်းသာရေးနတ်ဘုရား၏ဘုရားကျောင်း!!!"

ဝမ်ကျန်းကသူမကုန်းမြေသစ်တစ်ခုကို တွေ့ရှိခဲ့သလို ခံစားရသည်။

မင်ယွဲ့က သူမစိတ်ဝင်စား နေတယ်ဆိုတာ သိလိုက်သည်။ယနေ့ခေတ် လူငယ်အများစုက လက်ထပ်ရေးခန်းမကို အဓိကလည်ပတ်ကြပေမယ့်၊ ဘယ်သူမှ စိတ်မဝင်စားကြပေ။ကြွယ်ဝချမ်းသာရေး နတ်ဘုရားခန်းမကတော့ ဒူးထောက်နေတဲ့ပုံရိပ်တွေနဲ့ အမြဲလူပြည့်နေခဲ့သည်။

【ပိုင်ရှင်၊ မင်းမှာ ရတနာပြဒါးတုံးတွေရှိနေပြီး တောတောင် နတ်ဘုရားကို ဆက်ပြီး ဝတ်ပြုနေသေးတယ်လား။】

ယွမ်ပေါ့က သူ့စိတ်ထဲမှာ ရုတ်တရက် စူးရှတဲ့အသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

【ဒါတွေက ဒီမှာအလှူရှင်အများဆုံးနတ်ဘုရားတွေပါ၊ တရုတ်ပြည်မြေဟာ အလုပ်မရှိတဲ့နတ်ဘုရားတွေကို မထောက်ပံ့ဘူး။】

မင်ယွဲ့က ဒီအရာတွေကို တကယ်မယုံကြည်ပေမယ့်၊ ယွမ်ပေါ့က သူ့စိတ်ထဲမှာ လှည့်ပတ်နေတာကို မြင်ရတော့၊ တမင်တကာ ပြက်ရယ်လုပ်လိုက်သည်။

【ငါမလိုချင်ဘူး၊ ငါမလိုချင်ဘူး၊ ဒါပေမယ့် မင်းက ရတနာပြဒါးတုံးတွေ လှူဒါန်းပြီး ငါ့ရဲ့ရုပ်တုလုပ်ပေးချင်နေသေးသည်”

မင်ယွဲ့က မျက်ခုံးပင့်လိုက်ပြီး၊ သိသာစွာ စိတ်ကောင်းဝင်နေခဲ့သည်။

【ဒါဆို မင်းနာမည်က ဘာလဲ၊ မင်းမှာ ဘာစွမ်းရည်တွေရှိလဲ။ ကြွယ်ဝချမ်းသာရေးနတ်ဘုရားက ကြွယ်ဝမှုကို တာဝန်ယူပြီး၊ ပိုက်ဆံတွေပေးနိုင်တယ်မလား။】

【ဟင့်အင်း၊ ငါက ကြွယ်ဝချမ်းသာရေး နတ်ဘုရားလို့ခေါ်တယ်၊ လူတွေကို တစ်ညအတွင်း ချမ်းသာအောင်လုပ်နိုင်တယ်။】

မင်ယွဲ့က သူ့ရဲ့အမူအရာကို ရယ်မောသွားသည်။

ယွမ်ပေါ့က ပိုင်ရှင်တစ်ယောက်ကိုပဲ ချည်နှောင်နိုင်တယ်လို့ ပြောခဲ့သည် ဒီလိုဆိုရင် သူမက နတ်ဘုရားဘယ်လိုဖြစ်နိုင်မှာလဲ။

【အိုကေ၊ မင်းက ငါ့ရဲ့နတ်သမီးလေးပါ၊ ငါ ကြွယ်ဝချမ်းသာရေးနတ်ဘုရားကို မဝတ်ပြုတော့ဘူး။】

မင်ယွဲ့က ချစ်ခြင်းမေတ္တာ အပြည့်နဲ့ ပြောလိုက်သည်။

သူမရဲ့ အသိစိတ်ပင်လယ်ထဲက အရာသေးသေးလေးက နောက်ဆုံးတော့ တိတ်ဆိတ်သွားသည်

ဝမ်ကျန်းက ကျန်ဟင်ကို ကြွယ်ဝချမ်းသာရေး နတ်ဘုရားကျောင်းဝင်ပေါက်မှာ တန်းစီခိုင်းပြီးသားဖြစ်ကာ၊ မင်ယွဲ့ကတော့ မသွားဖို့စီစဉ်ထားပြီး၊ အနီးအနားမှာ ထိုင်စရာနေရာရှာသည်

【ယွဲ့ယွဲ့၊ မင်းငါ့အပေါ်ကို အရမ်းကောင်းတယ်၊ မင်းကို ဆုချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်ပြီ။】

မင်ယွဲ့က မျက်ခုံးပင့်လိုက်မိပြီး၊ "ဘာဆုလာဘ်လဲ။" လို့ မေးလိုက်သည်

သူမ အတော်လေးမျှော်လင့်နေမိသည်။ ရတနာပြဒါးတုံးတွေကရတဲ့ ဆုလာဘ်တွေက အကောင်းစားတွေ ကြီးဘဲဖြစ်သည်။

“မင်းကို ပျော်ရွှင်တဲ့ လက်ထပ်မှုတစ်ခုရရန် ဆုတောင်းပေးဖို့ ငါဆုံးဖြတ်လိုက်ပြီ”

မင်ယွဲ့က ရယ်မောလိုက်ကာ၊ "【ယွမ်ပေါ့၊ ငါ့ကို ချမ်းသာအောင်လုပ်ဖို့ မင်းကတိပေးခဲ့တာမဟုတ်လား။ အခုမင်းကငါ့ကိုတောင်ရည်းစားရှာပေးနေသေးတယ်။】"

စနစ်တစ်ခုမှာ ဒီလုပ်ဆောင်ချက်ရှိတယ်လို့ သူမ မထင်ပေ။

【ဟင့်အင်း၊ ဒါက စိတ်ဓာတ် မကောင်းတာဘဲ။ ငါ့ကို မနှိမ်ချနဲ့။】

မင်ယွဲ့က သစ်သားခုံပေါ်မှာ ထိုင်ပြီး၊ အနီရောင်ဖဲကြိုးတွေနဲ့ အလှဆင်ထားတဲ့ လက်ထပ်ရေးသစ်ပင်ကို မော့ကြည့်နေသည်။ သူ့စိတ်ထဲမှာ တကယ်တော့ ယွမ်ပေါ့နဲ့ စကားပြောနေဖြစ်ကာ သူ့ရဲ့ အကြည့်တွေနဲ့၊ သူ့ပတ်ဝန်းကျင်ကိုဂရုမစိုက်ပေ။

သူမ လက်ရှိကို စိတ်ပြန်လည်လာတဲ့အခါ လေတိုက်နေရင်းက အနီရောင်ပိုးချည်ကြိုးက လာဝှေ့နေသည်။ ဒါက အမျိုးသမီးတစ်ယောက် မကြာခင်က ချိတ်ထားခဲ့တာဖြစ်သည်။

ဒီနေ့၊ မင်ယွဲ့က သိမ်မွေ့လှပ ရှည်လျားတဲ့အင်္ကျီနဲ့ အရောင်ဖျော့တဲ့ အနွယ်ထိုးကတ္တီပါအင်္ကျီဝတ်ထားကာ သူ့ဆံပင်က ခေါင်းထဲမှာ ထုံးထားပြီး သစ်သားဆံထိုးနဲ့ ချည်ထားလေသည်။ ယွမ်ချင်းဘုရားကျောင်းရဲ့လေက အနီရောင်ပိုးချည်ကြိုးကို တိုက်ခတ်လာကာ မင်ယွဲ့ရဲ့ မျက်ခုံးနဲ့ မျက်လုံးတွေပေါ် ကျလာသည်။

ဘုရားကျောင်းထဲမှာ ဓာတ်ပုံရိုက်နေတဲ့လူတွေအများကြီးရှိကာ တိုက်တိုက်ဆိုင်ဆိုင် လက်ထပ်ရေးသစ်ပင်အောက်က နတ်သမီးလို မှတ်တိုင်ပန်းပုံတစ်ပုံကို ဖမ်းယူလိုက်ရသည်။

ဒါကို မြင်တွေ့ခဲ့ရသူတွေက တိတ်ဆိတ်သွားကြတယ်။ အသားညိုညိုလက်တစ်ဖက်က အနီရောင်ပိုးချည်ကို ဆွဲလိုက်ကာ အမျိုးသမီးတစ်ယောက် စိုးရိမ်စွာနဲ့ လမ်းလျှောက်လာသည်။

"မိန်းမငယ်လေး တောင်းပန်ပါတယ်၊ ငါချည်တာ လိုသွားတယ်”

မင်ယွဲ့- "ဘာမှမဖြစ်ပါဘူး။"

သူမက အနီရောင်ပိုးချည်ကို လက်လွှဲပေးလိုက်ပြီး၊ မတော်တဆ သူ့ရဲ့နုနယ်တဲ့လက်ရေးကို မြင်လိုက်ရတယ်၊ မထင်မရှားစွာ "ဟန်းကျီ" လို့ခေါ်တဲ့ စာလုံးနှစ်လုံးကို ထုတ်ဖော်ပြနေသည်။

ပတ်ဝန်းကျင်ကလူတွေက တစ်စုံတစ်ယောက် စကားစပြောပြီးနောက်မှ ကိုယ့်ကိစ္စကိုယ်လုပ်ဖို့ စတင်ကြသည်။ လေက ရုတ်တရက် ထပ်တိုက်လာပြန်သည်။

မို အမျိုးသမီးဟာ မင်ယွဲ့ရဲ့အလှအပကို လုံးဝအံ့အားသင့်သွားခဲ့ကာ

ရွှေရောင်နေရောင်ခြည်က အမျိုးသမီးရဲ့ မျက်ခုံးနဲ့ နှုတ်ခမ်းတွေပေါ်မှာ ကခုန်နေပြီး၊ အနီရောင်ပိုးချည်က လက်ထပ်ရေးသစ်ပင်အောက်မှာ လွင့်နေခဲ့သည်။ သူမက မြေကြီးပေါ်သို့ ဆင်းသက်လာတဲ့ နတ်သမီးတစ်ပါးလို ထင်ရကာ သူမရဲ့အသားညိုညို လက်တွေက သူမကိုင်ထားတဲ့ အနီရောင်ပိုးချည်နဲ့ သိသိသာသာဆန့်ကျင်ဘက်ဖြစ်နေသည်။

ကဗျာစာပေသုံးပြီး ဖော်ပြရလျှင် "ခပ်သွက်သွက်တွန့်လိမ်နေတဲ့ ငန်းတစ်ကောင်လို ကျက်သရေရှိကာ လိမ်မာပြီး တက်ကြွသန်မာတဲ့ နဂါးလို ပေါ့ပါးတယ်။"

အမျိုးသမီးက ရှုခင်းနဲ့ ချောမွေ့စွာ ရောနှောသွားသည်။ခဏအတွင်း ကျက်သရေအပြည့်နဲ့ အလှဟာ ရွေ့လျားသွားခဲ့သည်။

"ကျေးဇူးပါ။"

မို အမျိုးသမီးက အနီရောင်ပိုးချည်ကို ယူပြီး၊ သူမကိုယ်တိုင်ပြန်ချိတ်လိုက်သည်။

မိုအမျိုးသမီးမှာ မိုမိသားစု အကြီးဆုံးသားရဲ့ ဇနီးပါ။ သူတို့မှာ သားတစ်ယောက်သာရှိသည်။ ဒါကြောင့် ဒီနေ့ရဲ့ လက်ထပ်ရေးက အမကြီးမိုရဲ့သားအတွက် စီစဉ်ထားတာ ဖြစ်ရမည်။

မင်ယွဲ့က ထိုကိစ္စတွေ သိပ်မစဉ်းစားပဲ၊ ယွမ်ပေါ့ရဲ့ အကြောင်းပဲ တွေးနေသည်

ဝမ်ကျန်းနဲ့ ကျန်ဟင်တို့ ကြွယ်ဝချမ်းသာရေးနတ်ဘုရား ဝတ်ပြုပြီးနောက်၊ ဘုရားကျောင်းမှာ သက်သက်လွတ် ထမင်းစားနေကြသည်။

အမကြီးမိုက အနီရောင်ဖဲကြိုးကို ပြန်ချည်ပြီး၊ မကြာခင်က မင်ယွဲ့ရဲ့ပုံရိုက်ထားတဲ့ ဓာတ်ပုံဆရာနဲ့ မျက်နှာချင်းဆိုင် တွေ့သွားသည်။

ဒါက သူငယ်ချင်းတစ်ယောက် စီစဉ်ပေးထားတဲ့ ဓာတ်ပုံရိုက်ကူးဖို့ ယွမ်ချင်းဘုရားကျောင်းကို လာတဲ့ အမျိုးသမီး ဓာတ်ပုံဆရာ တစ်ယောက်ဘဲဖြစ်သည်။

ဒါပေမယ့်၊ ဓာတ်ပုံရိုက်တာကို ဘုရားကျောင်းတွေထဲမှာ ယေဘုယျအားဖြင့် ခွင့်မပြုပေမယ့်၊ ယွမ်ချင်းဘုရားကျောင်းက အရမ်းကျယ်သဖြင့် ခန်းမတွေအပြင်ဘက်မှာ ဓာတ်ပုံရိုက်လို့ရသည်။

အနီရောင်တံခါး၊ လိမ်ယှက်နေတဲ့သစ်ပင်တွေ၊ ဝါဝင်းတောက်ပြောင်တဲ့နံရံတွေ၊ အဆောက်အဦရဲ့ ထွင်းထုထားတဲ့ လျောင်းတန်းတွေ အားလုံးက လှပသေသပ်လှတဲ့ ရှုခင်းတွေဘဲဖြစ်သည်။

မင်ယွဲ့ကိုမြင်တာနဲ့ သူမက ဆွဲဆောင်ခံလိုက်ရသည်။ မင်ယွဲ့က ငြိမ်ငြိမ်လေးထိုင်နေပေမယ့်၊ သူမက အလင်းတန်းတွေထွက်နေသလိုပင်။ အာရုံစိုက်မှုများကို ဆွဲဆောင်နေသည်။

ဒါကြောင့် ကင်မရာက သူမဆီကို ဦးတည်နေတာက ရှောင်လွှဲလို့မရပေ။ ဒါပေမယ့် ကံမကောင်းစွာပဲ ဓာတ်ပုံတွေကို မဖြန့်ချီနိုင်ပေ။

မို အမျိုးသမီးက သူမဓာတ်ပုံရိုက်လားလို့ မေးပြီး သူ့ကိုပေးပို့နိုင်မလားလို့ မေးလိုက်သည်။

အမျိုးသမီးဓာတ်ပုံဆရာက သူတို့ကိုလည်း ပေးချင်ပေမဲ့သူတို့က သာမန်လူတွေမဟုတ်ပေ၊ ဒီလုပ်ငန်းကနေ အမြတ်အစွန်းရတဲ့သူတွေက ဘယ်သူ့အခွင့်အရေးကိုမှ ချိုးဖောက်၍မရကာ။ ဝေအမျိုးသမီးက ဓာတ်ပုံထဲမှာ ပါနေပေမယ့်၊ အဲဒီအမျိုးသမီးငယ်လေးလည်း ပါနေတာကြောင့်၊ ခွင့်ပြုချက်မရဘဲ တခြားသူကို ပေးတာက မသင့်လျော်ပေ။

ကံကောင်းတာက၊ သူမက ဓာတ်ပုံနှစ်ပုံရိုက်ထားခဲ့ပြီး နှစ်ပုံစလုံးက ရှု့ထောင့်မတူပေ။

ပထမပုံက လက်ထပ်ရေးသစ်ပင်ဘေးက အမျိုးသမီးတစ်ယောက် မော့ကြည့်နေတဲ့ပုံ၊ သူမရဲ့မျက်နှာကို အနီရောင်ပိုးချည်တစ်ခုနဲ့ ဖုံးထားသည်။

နောက်တစ်ပုံက ရှု့ထောင့်မတူပေ။ လက်ထပ်ရေးသစ်ပင်ကို အာရုံစိုက်ထားတာ၊ ဒါကြောင့် လမ်းသွားတွေကို ဖမ်းမိသွားသည်။ ဒါပေမယ့် အထင်ရှားဆုံးပုံရိပ်က မိုအမျိုးသမီး ပြီးတော့ သူမရဲ့မေ့လို့မရနိုင်တဲ့လက်ဖြစ်သည်။

ဒါက မင်ယွဲ့က အနီရောင်ပိုးချည်ပြန်ပေးတဲ့ မြင်ကွင်းဖြစ်ကာ ဒီပုံမှာ၊ မင်ယွဲ့ရဲ့မျက်နှာကို မမြင်ရပဲ၊ အနီရောင်ပိုးချည်နဲ့ ထုပ်ထားတဲ့လက်တစ်ဖက်ပဲ ပေါ်နေသည်။

ဆွေးနွေးပြီးနောက်၊ အမျိုးသမီးဓာတ်ပုံဆရာက ဒီဓာတ်ပုံကို မိုအမျိုးသမီး ဆီ ပေးဖို့ သဘောတူလိုက်သည်။

မဒမ်မို က အတော်လေးပျော်နေပေမယ့်၊ မိန်းကလေးနဲ့ မိနစ်အနည်းငယ်ထပ်စကားပြောဖို့ မရတာကို အနည်းငယ်စိတ်ပျက်နေသည်။

သူတို့ရဲ့မျက်လုံးတွေ ဆုံတဲ့အခါတိုင်း၊ မဒမ်မိုရဲ့ နှလုံးသားက တဒိုင်းဒိုင်းခုန်နေသည် သူမက အံ့အားသင့်စရာ ကောင်းတဲ့အလှအပကြောင့် မျက်စိပသာဒဖြစ်နေတာလား၊ ဒါမှမဟုတ် တကယ်ကို ချိတ်ဆက်မှုခံစားရလို့လားတော့ မသဲကွဲပေ။

မင်ယွဲ့က နောက်ပိုင်းဘာဖြစ်သွားလဲဆိုတာ မသိခဲ့ပေ၊ လက်ရှိ ဆုတောင်း‌ေန‌ေသာကန်ကို ကြည့်နေကာ အဲဒီမှာ ငါးတွေ ကူးခတ်နေပြီး၊ လိပ်တွေ ဖြည်းဖြည်းချင်းတွားနေသည်။တွင်းအောက်ခြေမှာ ဆုတောင်းဖို့ အသုံးပြုတဲ့ အကြွေစေ့တွေ အများကြီးပုံနေသည်။

"ငါဆုတောင်းမယ်။"

ဝမ်ကျန်းက တစ်ယွမ်တန် ဒင်္ဂါးတစ်ပြားကို တွင်းထဲချလိုက်ပြီး၊ လက်နှစ်ဖက်အုပ်ကာ၊ မျက်လုံးမှိတ်ပြီး ဆုတောင်းလိုက်သည်

"ဘာဆုတောင်းလဲ။"

မင်ယွဲ့က စူးစမ်းလိုစိတ်နဲ့ မေးလိုက်သည်

"ကျန်းမာရေးနဲ့ ညတွင်းချင်းချမ်းသာဖို့ပဲ ဆုတောင်းပေါ့။"

"ငွေတစ်ယွမ်နဲ့ ဆုတောင်းကြီးတစ်ခု လုပ်နေတာလား။ ဆုတောင်းတွင်းက ATM စက်ကြီးလို့ မင်းထင်နေတာလား။"

မင်ယွဲ့က မတတ်သာဘဲ မကျေမချမ်းပြောလိုက်သည်။

"ဟေ့၊ ဟေ့၊ ဟေ့၊ ငါ့ကို ချစ်တဲ့သူရှိလား။ ဘဝက အခုတောင် ခက်ခဲလွန်းနေတယ်၊ မင်းငါ့ကို မျှော်လင့်ချက်အနည်းငယ် မပေးနိုင်ဘူးလား။ ချမ်းသာဖို့ အိပ်မက်တစ်ခုရှိသရွေ့၊ မြည်းရှေ့က ဖန်လုံးတစ်လုံးလိုပဲ၊ နေ့တိုင်း ရုန်းကန်အားထုတ်စရာရှိတယ်။"

မင်ယွဲ့က သူ့မျက်နှာကို အနီးကပ်ကြည့်ရင်း ပြောလိုက်သည်။

"မင်းနှာခေါင်းကစင်းပြီး နဖူးကပြည့်နေတယ်၊ မျက်လုံးတွေကရှည်ပြီးထက်မြက်တယ်၊ လက်ချောင်းတွေကလည်း သေးသွယ်တယ် ဒါက မင်းမှာကိုယ်ပိုင်အလုပ်အကိုင်ရှိရုံသာမက၊ အလုပ်အကိုင်မှာလည်း အောင်မြင်နေတယ်ဆိုတဲ့ သဘောပဲ။ အသက် ၂၂ နှစ်ကျော်တဲ့အခါ ကံကောင်းပြီး ဘဝခရီးကလည်း ချောမွေ့လိမ့်မယ်။"

မင်ယွဲ့ရဲ့ စကားတန်းရှည်ကြီးက ဝမ်ကျန်းကို ရယ်မောစေခဲ့သည်။

"ဟားဟား၊ ဒါတွေကို ငါနားထောင်ရတာ သိပ်ကြိုက်တယ်။"

All Chapters