← Chapters

သေခြင်းတရားဖြင့် အဆုံးသတ်သွားသော ကြွေးမြီများ

Vol. 6 Ch. 58

သေခြင်းတရားဖြင့် အဆုံးသတ်သွားသော ကြွေးမြီများ

Vol. 6 Ch. 58

အိမ်သို့ ပြန်ရောက်သောအခါ မင်ယွဲ့က တစ်ကိုယ်လုံး နုံးချည့်နေတော့သည်။ ရေမိုးချိုး သန့်စင်ပြီးနောက် နုညံ့အိစက်လှသော ဆိုဖာကြီးပေါ်သို့ ပစ်လှဲကာ ခေတ္တမျှ မှိန်းနေမိသည်။

အေးမြသော လေထုနှင့် ဇိမ်ကျလှသော ပတ်ဝန်းကျင်က သူမ၏ ပင်ပန်းနွမ်းနယ်မှုများကို ဆွဲယူဖယ်ရှားပေးနေသကဲ့သို့ပင်။

ထိုစဉ် သူမ၏ ဖုန်းမြည်လာသည်။

"မင်္ဂလာပါ... မမလေးမင်ရှင့်။ မမလေးရဲ့ နံပါတ် (၄၇၈၉) နဲ့ ဆုံးတဲ့ ဟွာရှ ဘဏ်အကောင့်ဟာ အခုဆိုရင် VVIP အဆင့်ကို ရောက်ရှိသွားပါပြီ။ ဒါကြောင့် ကျွန်မတို့ဘက်က အဆင့်မြင့်ဆုံး 'Black Card' အဖြစ် အဆင့်မြှင့်တင် ပေးချင်ပါတယ်ရှင့်။ မမလေးအနေနဲ့ ဘယ်အချိန်လောက် ဘဏ်ကို ကြွလှမ်းပြီး ကတ်အသစ် လဲလှယ်ပေးနိုင်မလဲရှင့်။"

မင်ယွဲ့က ဆိုဖာပေါ်မှ ချက်ချင်း ထထိုင်

လိုက်သည်။ ယခင်က ဘဏ်ကတ်ကို အနက်ရောင်ကတ်အဖြစ် အဆင့်မြှင့်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ အခြားဘဏ်တစ်ခုကပါ ထပ်မံကမ်းလှမ်းလာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ တီဗွီဇာတ်လမ်းများထဲတွင်သာ တွေ့ဖူးလေ့ရှိသော အထူးအခွင့်အရေးများမှာ ယခုအခါ သူမ၏ လက်ထဲသို့ အကြိမ်ကြိမ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

"အဲဒီ Black Card က ဘာတွေ ထူးခြားလို့လဲရှင့်။" မင်ယွဲ့က ပြုံးလျက် မေးလိုက်သည်။

မင်ယွဲ့ စိတ်ဝင်စားသည်ကို သိလိုက်ရသောအခါ ဘဏ်ဝန်ထမ်းလေးမှာ စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြတော့သည်။ "ဒီအနက်ရောင်ကတ်ဟာ အကန့်အသတ်နဲ့သာ ထုတ်ဝေတဲ့ ဂုဏ်သရေရှိ လူတန်းစားတွေရဲ့ ပြယုဂ်တစ်ခုပါရှင့်။ မမလေးအနေနဲ့ ခရီးသွားလာတဲ့အခါမှာပဲဖြစ်ဖြစ်၊ စီးပွါးရေးကိစ္စတွေမှာပဲဖြစ်ဖြစ် အဲးယားချိုင်းနား တို့လို နာမည်ကြီး လေကြောင်းလိုင်းတွေမှာ VIP ဆက်ဆံမှုနဲ့အတူ ၄၀ ရာခိုင်နှုန်းအထိ လျှော့ဈေးတွေ ရရှိမှာပါ။ အဝတ်အစား၊ အစားအသောက်ကအစ နေထိုင်သွားလာမှုအဆုံး ကျွန်မတို့နဲ့ ချိတ်ဆက်ထားတဲ့ နေရာတိုင်းမှာ အထူးအခွင့်အရေးတွေကို ခံစားရမှာ ဖြစ်ပါတယ်ရှင့်။"

မင်ယွဲ့အတွက်မူ သူမ၏ ငွေကြေးလုံခြုံမှုကို ယွမ်ပေါ့ က အပြည့်အဝ တာဝန်ယူထားသဖြင့် ဘဏ်၏ ဝန်ဆောင်မှုများကို သိပ်မမက်မောလှသော်လည်း တစ်ဖက်သား၏ စေတနာကို မငြင်းလိုသဖြင့် "ကောင်းပါပြီ... မနက်ဖြန် ကျွန်မ လာခဲ့ပါ့မယ်" ဟု အဖြေပေးလိုက်သည်။

နောက်တစ်နေ့တွင် မင်ယွဲ့သည် ဘဏ်သို့ ရောက်ရှိလာခဲ့သည်။ သူမကို စောင့်ကြိုနေသူမှာ လီမင် အမည်ရှိ ဝန်ထမ်းလေးပင် ဖြစ်သည်။ သူသည် မင်ယွဲ့ကဲ့သို့သော ဖောက်သည်ကြီးကို လက်လွှတ်မခံရစေရန်အတွက် အထူးပင် ရင်ခုန်စိတ်လှုပ်ရှားနေခဲ့သည်။

မင်ယွဲ့ကို မြင်လိုက်ရသောအခါ လီမင်သည် သူမ၏ ကြွယ်ဝမှုထက် ရင်သပ်ရှုမောဖွယ် လှပသော ရုပ်ရည်ကြောင့် ခဏမျှ ငေးမောသွားရသည်။ "လှပတယ်၊ ငယ်ရွယ်တယ်၊ ပြီးတော့ ချမ်းသာတယ်... ဘယ်သူကများ မချစ်ဘဲ နေနိုင်မှာလဲ" ဟု သူမ စိတ်ထဲက ကျိတ်၍ ရေရွတ်

မိသည်။

ဘဏ်၏ VIP ခန်းမအတွင်း၌ လက်ဖက်ရည်နှင့် မုန့်များကို တည်ခင်းဧည့်ခံရင်း စာရွက်စာတမ်းများကို စနစ်တကျ ဆောင်ရွက်ပေးသည်။ မိနစ် ၃၀ မပြည့်မီမှာပင် အဆင့်မြင့် Black Card လေးမှာ မင်ယွဲ့၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။

မင်ယွဲ့က သူမ၏ ပိုက်ဆံအိတ်ကို ဖွင့်ကာ ကတ်ကို ထည့်လိုက်စဉ် လီမင်၏ မျက်လုံးများ ပြူးကျယ်သွား၏။

"ဟင်... အနက်ရောင်ကတ်တွေက တစ်ကတ်တည်း မဟုတ်ဘူးပဲ။"

သူသည် ဖောက်သည်၏ ကိုယ်ရေးကိုယ်တာကို မစပ်စုသင့်သဖြင့် ချက်ချင်း မျက်နှာလွှဲလိုက်သော်လည်း စိတ်ထဲတွင်မူ မင်ယွဲ့၏ ကြွယ်ဝမှုအပေါ် အံ့အားသင့်မှုများ မရပ်တန့်နိုင်တော့ပေ။

"မမလေးကို အိမ်အထိ လိုက်ပို့ပေးရမလားရှင့်။" လီမင်က လိုက်လျောညီထွေစွာ မေးလိုက်သည်။

"မလိုပါဘူး... ကျွန်မ ကားပါလာတယ်လေ။" မင်ယွဲ့က ကားသော့လေးကို လှုပ်ပြရင်း ပြုံးလျက် ထွက်ခွာလာခဲ့သည်။

မင်ယွဲ့ ကားမောင်း၍ အိမ်သို့ ပြန်လာစဉ် လမ်းမပေါ်၌ ကားများ ပိတ်ဆို့နေသည်ကို တွေ့ရသည်။ ရုံးဆင်းချိန် မဟုတ်သော်လည်း ကားတန်းကြီးမှာ ခရုသွားသကဲ့သို့ တရွေ့ရွေ့သာ သွားနေရ၏။

"ဘာဖြစ်တာလဲ... အရှေ့မှာ ကားတိုက်မှု ဖြစ်လို့လား။" လမ်းပေါ်ရှိ ကားမောင်းသူအချို့က ပြတင်းပေါက်ဖွင့်ကာ စပ်စုနေကြသည်။

မိနစ် ၂၀ ခန့် ကြာပြီးနောက် လမ်းပိတ်ဆို့မှု လျော့ပါးသွားသောအခါမှ မင်ယွဲ့လည်း အရှေ့သို့ တိုးနိုင်တော့သည်။ လမ်းဘေးရှိ အဆောက်အဦးတစ်ခု၏ အမိုးပေါ်တွင် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသောအခါမှ ကားပိတ်ရခြင်း၏ အကြောင်းရင်းကို သိလိုက်ရသည်။

"ခုန်ချမှာဆိုလည်း မြန်မြန်ခုန်ချလိုက်ပါတော့။ လူတွေကို လာပြီး ဟန်ပြမနေနဲ့။"

"အမလေး... တစ်နာရီကျော်နေပြီ၊ မခုန်သေးဘူးလား။ ငါ အိမ်ပြန်ပြီး ထမင်းချက်ရဦးမှာ။"

အောက်တွင် ဝိုင်းအုံကြည့်နေသော လူအချို့၏ ရိုင်းစိုင်းသော စကားသံများက လေထဲတွင် ပျံ့လွင့်နေသည်။ ထိုအမျိုးသားမှာ အဆောက်အဦး အစွန်းတွင် ရပ်ကာ အောက်သို့ စိုက်ကြည့်နေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ ရဲတပ်ဖွဲ့နှင့် မီးသတ်သမားများ ရောက်ရှိနေပြီး လေအိတ်များ ခင်းကျင်းထားသော်လည်း အခြေအနေမှာ တင်းမာနေဆဲပင်။

"ယွမ်ပေါ့... ဘာဖြစ်နေတာလဲဆိုတာ စစ်ဆေးပေးပါဦး။" မင်ယွဲ့က စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

【 ယွဲ့ယွဲ့... အဲဒီလူရဲ့ နာမည်က ဝေကွမ် တဲ့။ သူက ဟားဗတ်တက္ကသိုလ်က ဘွဲ့ရလာတဲ့ ပညာတတ်တစ်ယောက်ပါ။ သူငယ်ချင်းဖြစ်သူနဲ့ စီးပွားရေး တူတူလုပ်ခဲ့ပေမဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး အလိမ်ခံလိုက်ရတာ။ အခုတော့ ပိုက်ဆံတွေအားလုံး အလစ်သုတ်ခံလိုက်ရပြီး ကြွေးမြီတွေပဲ ကျန်တော့တယ်လေ။】

မင်ယွဲ့ ရင်ထဲ နင့်ခနဲ ဖြစ်သွားသည်။

【 သူ့ရဲ့ ၈ နှစ်အရွယ် သားလေးက သွေးကင်ဆာဖြစ်နေလို့ ဆေးရုံမှာ အရေးပေါ် ကုသမှု ခံယူနေရတယ်။ ကုမ္ပဏီကလည်း ဒေဝါလီခံရတော့မယ်၊ ဝန်ထမ်းတွေကို လစာမပေးနိုင်ဘူး၊ အိမ်ကိုလည်း ပေါင်ထားရတယ်။ သူဟာ ဘာမှမရှိတော့တဲ့အပြင် အကြွေးနွံထဲမှာ နစ်နေရှာတာ။ 】

မင်ယွဲ့ စကားမဆိုနိုင်ဘဲ မှင်တက်သွားမိသည်။ လူတစ်ယောက်၏ ဘဝမှာ ဤမျှအထိ ဆိုးရွားနိုင်သလား။ မိသားစု၊ သားသမီးနှင့် ရှေ့ရေးအတွက် သူ မည်မျှပင် ကြိုးစားခဲ့ပါစေ၊ ယခုအခါ လမ်းဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

"သူ သေသွားရင်တော့ အကြွေးတွေအားလုံးက အလိုလို ပြေပျောက်သွားမှာပဲ" ဟု သူ တွေးနေပေလိမ့်မည်။ လူကြီးတစ်ယောက်၏ ဘဝတွင် အမှန်နှင့် အမှားကို ရွေးချယ်ခြင်းထက်၊ မိမိ ခံနိုင်ရည်ရှိမည့် အကျိုးဆက်ကိုသာ ရွေးချယ်တတ်ကြစမြဲ။ ဝေကွမ်သည်လည်း သူ၏ သေခြင်းတရားဖြင့် အရာအားလုံးကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်ပုံရသည်။

All Chapters