အခန်း (၃၂)
Vol. 3 Ch. 32
အခန်း-(၃၂)
ရှောင်ချီ ရဲ့နေရာလွတ်ပ ၁၀၀၀ ကုဗမီတာဖြစ်သည်—ပေလေးဆယ်ကျယ်သော ကွန်တိန်နာ ၁၅ ခုကို တပ်ဆင်ရန် လုံလောက်တယ်။ ယခင်က သူတွေ့ခဲ့ဖူးသော အကျယ်ဝန်းဆုံး အာကာသအမျိုးအစား စွမ်းရည်အသုံးပြုသူထက် အဆပေါင်းများစွာ ပိုကြီးမားတယ်။
ကျင်းရွှီယန်း ရဲ့ စိတ်နက်နက်ရှိုင်းရှိုင်းထဲတွင် နစ်မြုပ်နေသော အမှတ်ရစရာများ ရုတ်တရက် ပေါ်လာသည်။ ခေါင်းငုံ့ကာ စိတ်ခံစားချက်များကို အမြန်ဖုံးကွယ်လိုက်တယ်။
ခေတ္တတိတ်ဆိတ်သွားပြီးနောက် သူက မော့ ကြည့်လိုက်ကာ " ရှောင်ချီ ၊ ကျန်းယွမ် နဲ့ လိုက်သွားပြီး ပစ္စည်းတွေ သိမ်းထားလိုက်" လို့ပြောလိုက်တယ်။
ရှောင်ချီက တည့်တည့်မတ်မတ် ရပ်ပြီး "ဟုတ်ကဲ့ ဗိုလ်ကြီး"
သူတို့တာဝန်အတိုင်းလုပ်ဖို့ ထွက်သွားတာနဲ့
ကျင်းရွှီယန်း က တခြားသူတွေဆီကို လှည့်ပြီး "လာပါ ညစာ ပြင်ပေးပါဦး"
စစ်သားတွေက ခေါင်းတညိတ်ညိတ်နဲ့ အလုပ်တွေ ခွဲဝေပြီး ချက်ပြုတ်နိုင်တဲ့ သူတွေက မီးဖိုချောင်ကို သွားကြတယ်၊ အခန်းတွေကို သန့်ရှင်းရေးလုပ်ဖို့ သွားသူကသွားနဲ့ ကျန်သူတွေက ရေကန်ကို စစ်ဆေးဖို့ သွားကြတယ်။
သိုလှောင်ထားသောရေကသန့်ရှင်းနေသေးကြောင်း တွေ့ရှိသောအခါ စစ်သားတစ်ဦးစီသည် ပုံးတစ်ပုံးကိုဆွဲကိုင်ကာ အမြန်ရေချိုးလိုက်ကြတယ်။
ရေချိုးခန်းထဲမှာ သူတို့ကိုယ်သူတို့ သေသေချာချာ ပွတ်တိုက် ပြီး ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်တွေနဲ့ သွေးတွေကို ဆေးကြောလိုက်တယ်။ ထို့နောက် ရေချိုနောက်တစ်ပုံးကို ယူကာ အဝတ်လျှော်၍ လသာဆောင်တွင် အခြောက်လှန်းဆွဲထားလိုက်သည်။
ထိုအချိန်တွင် ကျန်းယွမ် နှင့် ရှောင်ချီ တို့က ကားအပြင်ဘက်တွင် ရပ်နေကြတယ်။
သူ့ရှေ့က ရိက္ခာတွေကို ကြည့်လိုက်ပြီးတော့ ရှောင်ချီ က "ဒုကပ္ပတိန်၊ အခုရှိနေတဲ့ အရာအားလုံးကို ကျွန်တော့်နေရာမှာသိမ်းထားဖို့က အချိန်တော်တော်ကြာလိမ့်မယ်။ မင်းဘာလို့ အိမ်ထဲကို အရင်ဆုံးမဝင်သွားတာလဲ"
"အဆင်ပြေပါတယ်။ ငါမင်းနဲ့အတူနေမယ်။ အန္တရာယ်တစ်ခုခုရှိခဲ့ရင် မင်းရဲ့နောက်ကျောကို ငါကာကွယ်ထားမယ်" ကျန်းယွမ် က ပြန်ဖြေတယ်။
"ကောင်းပြီ" ရှောင်ချီ ခေါင်းညိတ်လိုက်တယ်။
သေတ္တာတစ်လုံးပေါ်မှာ သူ့လက်ကိုတင်လိုက်ပြီး "ဒီသေတ္တာကို ငါသိမ်းထားနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ" လို့ ရေရွတ်လိုက်တယ်။
နောက်အခိုက်အတန့်မှာတော့ သူ့နေရာလပ်ထဲမှာ သိမ်းဆည်းလိုက်တဲ့ သေတ္တာလေးက ပျောက်သွားတယ်။
ရိက္ခာများကို သိမ်းဆည်းနေစဉ်တွင် ရှောင်ချီ က အလားတူဝါကျကိုပဲ့ ထပ်ခါထပ်ခါ ထပ်ခါတလဲလဲ ပြောနေတာကို ကျန်းယွမ် က စောင့်ကြည့်နေခဲ့တယ်။
ဆယ်မိနစ်ခန့်အကြာတွင်တော့ သူက မျက်မှောင်ကြုတ်ကာ မေးတယ် " ရှောင်ချီ ၊ မင်းနေရာလွတ်မှာ တစ်ခုခုမသိမ်းဆည်းခင် အရင်ဆုံး ဒီစာကြောင်းကို မင်းအချိန်တိုင်း ပြောမှရမှာလား"
ရှောင်ချီ က သူ့ရဲ့ ခြောက်နေတဲ့နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်ပြီး သက်ပြင်းချကာ "ထင်တာပဲ့ ဒုဗိုလ်ကြီး ဘာလို့မေးတာလဲ"
ခဏလောက်စဉ်းစားပြီးနောက် ကျန်းယွမ် က "မင်းသေတ္တာကိုထိပြီး 'သိမ်း' ဆိုတဲ့ စကားလုံးကိုပဲ့ တွေးကြည့်စမ်းပါ"
ရှောင်ချီ ကတော့ ဘာကြောင့်လဲဆိုတာကို သေချာမသိပေမယ့်လည်း သူက ညွှန်ကြားချက်တွေကို လိုက်နာနေတုန်းပါပဲ့။ သူ့လက်ကို သေတ္တာပေါ်တင်ပြီး 'သိမ်း'
နောက်တစ်စက္ကန့်မှာပဲ့ သေတ္တာက ချက်ချင်းပျောက်သွားတယ်။
ရှောင်ချီ က သူ့လက်ကို သူ မယုံကြည်နိုင်စွာ စိုက်ကြည့်နေစဉ်တွင် ကျန်းယွမ် ကတော့ သက်တောင့်သက်သာဖြင့် ခေါင်းယမ်းလိုက်တယ်။
ကျန်းယွမ် က ရှောင်ချီ ပခုံးကို ပွတ်သပ်ပေးလိုက်ရင်း "သားလေး၊ မင်းဒီလိုအရာတွေလုပ်တဲ့အခါ မင်းဦးနှောက်ကို ပိုသုံးဖို့ လိုတယ်။ ဒီလိုမျိုး ဉာဏ်ရည်ဉာဏ်သွေးနဲ့ အထူးတပ်ဖွဲ့ထဲကို မင်းဘယ်လိုလုပ်ပြီးရောက်လာတာလဲ"
သူ့ဒုဗိုလ်ကြီးရဲ့စကားကိုကြားတော့ ရှောင်ချီ က "ဒုဗိုလ်ကြီး ငါက တခြားသူတွေလောက် ဉာဏ်မမီနိုင်ပေမယ့် ဖောက်ခွဲရေးပစ္စည်းတွေကို ကိုင်တွယ်တာကတကယ်ကို တော်တယ်။ အထူးတပ်ဖွဲ့မ၀င်ခင်က ငါက ဗုံးခွဲအဖွဲ့ရဲ့ အမာခံအဖွဲ့ဝင်ပါ"
ကျန်းယွမ် က ခေါင်းညိတ်ပြီး "ကောင်းပြီ၊ မြန်မြန်လုပ် အလုပ်ပြီးရင် ညစာစားကြရအောင်"
အစားအသောက်အကြောင်းကို ပြောလိုက်တော့ ရှောင်ချီ ရဲ့ ဗိုက်က ကျယ်လောင်စွာ အော်ဟစ်လာပါတယ်။ အချိန်မဖြုန်းတော့ဘဲ ကျန်ရှိနေသော ပစ္စည်းများကို သိမ်းဆည်းရန်အတွက် အာရုံစိုက်လိုက်သည်။
ယခုတော့ ပစ္စည်းသိမ်းတဲ့ အကြိမ်တိုင်းတွင် ဝါကျရှည်ရှည်ကို မပြောရတော့ဘဲ၊ သူရဲ့ စွမ်းဆောင်ရည်မှာ သိသိသာသာကို တိုးတက်လာခဲ့ပြီး မိနစ်နှစ်ဆယ်အတွင်းမှာပဲ့ အရာအားလုံးကို သူ့နေရာနှင့်သူ သိမ်းဆည်းလို့ပြီးသွားတယ်။
ပြီးသွားသောအခါတွင်တော့ အနည်းငယ် မူးဝေလာတယ်။ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားပြီး “ဒုဗိုလ်ကြီး၊ အကုန်လုံး သိမ်းထားလိုက်ပြီ” ဟု သတင်းပို့တယ်။
ကျန်းယွမ် က သူ့နဖူးပေါ်က ချွေးတွေကို ငုံ့ကြည့်ပြီး "အဆင်ပြေရဲ့လား" ဟု မေးလိုက်တယ်။
လက်ဝှေ့ယမ်းရင်းနဲ့ ရှောင်ချီက "ကျွန်တော်နေကောင်းပါတယ်၊ နည်းနည်းမူးနေရုံပဲ့" လို့ပြန်ဖြေလိုက်တယ်။
သူတို့ဗီလာသို့ပြန်သွားသောအခါမှာတော့ သူ ရှောင်ချီ ကို အနီးကပ်စောင့်ကြည့်ခဲ့တယ်။ ရှောင်ချီ အသုံးပြုသော စွမ်းအင်အမျိုးအစားက သူတို့ရဲ့ကပ္ပတိန်နှင့် ကွဲပြားပုံပေါ်သော်လည်း အာကာသ စွမ်းရည်များပင် စွမ်းအင်ကို သုံးစွဲနေပုံရတယ်။
အထဲသို့ ဝင်သွားသောအခါတွင် ဘောက်ဆာနှင့် လက်ပြတ်ရှပ်အင်္ကျီများသာ ၀တ်ဆင်ထားသောသူတို့၏ ရဲဘော်များကို ထမင်းစား စားပွဲဝိုင်းတွင် တွေ့လိုက်ရသည်။
သူတို့ရောက်နေတာကို သတိထားမိတော့ စစ်သားတစ်ယောက်က " ရှောင်ချီ ဒုဗိုလ်ကြီး၊ မင်းတို့ရေချိုးပြီးရင် မင်းတို့ရဲ့အဝတ်အစားတွေကို အရင်လျှော်ရမယ်။ ငါတို့ မနက်ဖြန်မသွားခင်မှာ အဝတ်တွေ ခြောက်သွားလိမ့်မယ်"
"နားလည်ပြီ"
ကျန်းယွမ် နှင့် ရှောင်ချီ အပေါ်ထပ်သို့တက်သွားစဉ်တွင် ကျင်းရွှီယန်း က မီးဖိုချောင်မှထွက်လာပြီး သူ့စစ်သားများ၏အခြေအနေကိုမြင်သောအခါ ချက်ချင်းမျက်မှောင်ကြုတ်သွားတယ်။ သူတို့ကို စိုက်ကြည့်ရင်း “မင်းတို့ရဲ့ ဘောင်းဘီနဲ့ အင်္ကျီတွေက ဘယ်မှာလဲ” လို့ မေးတယ်။
စစ်သားတစ်ယောက်က ခေါင်းကုတ်ပြီး "ဗိုလ်ကြီး၊ ငါတို့ရဲ့ ဘောင်းဘီနဲ့ အဝတ်အစားတွေကို ကျောပိုးအိတ်ထဲကနေ ယူရတာက တော်တော်ကို ခက်ခဲလွန်းတယ်။ ဒီမှာရှိနေတဲ့ ငါတို့အားလုံးက ယောက်ျားတွေပဲ့ကို ရှက်စရာ မလိုပါဘူး။ ငါတို့အဝတ်တွေ ခြောက်သွားရင် ပြန်ဝတ်မယ်" လို့ ပြန်ဖြေတယ်။
ကျင်းရွှီယန်း က "အိပ်ခန်းဗီရိုထဲက အဝတ်အစားတွေကို ဝတ်လို့မရဘူးလား၊ အထဲမှာ ယောက်ျားအဝတ်အစားတွေ အများကြီးရှိတယ်"
သူ့စကားကြောင့် စစ်သားများရဲ့ မျက်လုံးတွေက တောက်ပလာတယ်။ မဆိုင်းမတွပဲ့ ဒုတိယထပ်သို့ ပြေးသွားကြသည်။ ခဏအကြာတွင်တော့ သူတို့သည် အမှတ်တံဆိပ်အ၀တ်အစားများ ဝတ်ဆင်လို့ အသွင်အပြင်နှင့် ကြွက်သားများကို နှိုင်းယှဉ်ကာ ပြန်လာခဲ့ကြတယ်။
အဝတ်အစားအများစုဟာ စစ်သားများဝတ်ဆင်ရာတွေ သက်တောင့်သက်သာရှိသောကြောင့် ဗီလာပိုင်ရှင်က ကောင်းမွန်စွာတည်ဆောက်ထားသော ကိုယ်လုံးကိုယ်ပေါက်ရှိပုံရသည်။ အရပ် 180 စင်တီမီတာအောက်ရှိသူများကသာ ရှည်လွန်းသောကြောင့် ဘောင်းဘီခြေထောက်များကို ခေါက်ထားရမည်ဖြစ်သည်။
သူတို့ကိုမြင်လိုက်ရတော့ ကျင်းရွှီယန်း ရဲ့မျက်နှာမှာ အပြုံးလေးတစ်ခုပေါ်လာတယ်။
အရင်တုန်းကတော့ သူတို့ကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့ပြီး ကျေးဇူးကန်းတဲ့ လောဘကြီးတဲ့ လူယုတ်မာတွေအတွက်လည်း သူတို့ အသက်ကို စတေးခွင့်ပေးခဲ့တယ်။ ဒီတစ်ခါတော့ သူလည်း အလားတူအမှားမျိုး လုပ်မှာမဟုတ်ဘူး။ သူဟာ သူ့ညီအစ်ကိုတွေကို ကာကွယ်ပေးပြီး နောင်တရစရာ ဘာမှ မချန်ထားခဲ့ဘူး။
မကြာခင်မှာပဲ့ ရှောင်ချီနဲ့ ကျန်းယွမ် တို့ကပြန်ရောက်လာပြီး ကျင်းရွှီယန်း နဲ့ ချင်လူဇီ တို့ ပြင်ဆင်တဲ့ ညစာကတော့ အဆင်သင့်ဖြစ်နေပြီ။
လူတိုင်း ထိုင်ခုံမှာထိုင်လိုက်သည်နှင့် တပြိုင်နက် သူတို့ရဲ့ တူချောင်းများကို ရွှေ့ကာ စားသောက်လိုက်ကြတယ်။ ထမင်းစားခန်းက တိတ်ဆိတ်သွားပြီး ပန်းကန်တွေပေါ်ကို တူ ရွေ့လျား နေတဲ့ တစ်ခုတည်းသော အသံသာရှိတယ်။
ညစာစားပြီးနောက်တွင်တော့ ရှောင်ချီ သည် သူရဲ့ကပ္ပတိန်အား သတင်းပို့ရန် အချိန်ရခဲ့တယ်။ သူ့ဗိုက်ကို ဖွဖွကလေး ပွတ်သပ်ရင်း "ဗိုလ်ကြီး၊ ရိက္ခာတွေ အားလုံးကို ကျွန်တော့်နေရာကို ရွှေ့ပြီးပြီ" လို့ပြောလိုက်တယ်။
ကျင်းရွှီယန်း က ခေါင်းညိတ်ပြပြီး "ကောင်းပြီ။ အခုကစပြီး မင်းဟာ ထောက်ပံ့ပို့ဆောင်ရေးမှာ တာဝန်ရှိတယ်။ တိုက်ပွဲတွေအတွင်း မင်းဟာ ထောက်ပံ့ရေးအဖွဲ့မှာ ရှိနေလိမ့်မယ်။ မလိုအပ်ရင် မင်းကို ရှေ့တန်းကို သွားခွင့်မပေးဘူး။"