အခန်း (၃၅)
Vol. 3 Ch. 35
အခန်း-(၃၅)
ကျောင်းသားတွေက စကားကိုကြားလိုက်တာနဲ့ သူမလုပ်ချင်တာကို နားလည်သွားကြတယ်။ သူမရဲ့ စွမ်းရည်က ထူးဆန်းပြီး ဘယ်သူမှ ခုခံကာကွယ်လို့မရနိုင်ပါဘူး။ သူ့မရဲ့ စွမ်းအင်ကို အသုံးချနေသရွေ့တော့ သူတို့ကို ထိန်းချုပ်ထားနိုင်တယ်။
ယောက်ျားလေးအချို့က သူမရဲ့ စွမ်းအင်ကို မြည်းစမ်းဖူးကြပြီးဖြစ်တယ်။ သူတို့ကို ဆေး ပေးထားသကဲ့သို့ပင်ဖြစ်နေပြီး သူတို့ အရှက်ရပြီးမကျေမနပ်ဖြစ်နေရင်တောင် သူတို့ရဲ့ ခန္ဓာကိုယ်မှာ ခွန်အားမရှိပေမယ့် အဲဒီအပိုင်းကတော့ အရင်ကထက် ပိုပြီးခက်ထန်လာတယ်။
နောက်ဆုံးတွင်တော့ သူတို့သည်လည်း အမျိုးသမီး ကျောင်းသားများကဲ့သို့ အရှက်ခွဲခံရခြင်း အတွေ့အကြုံကို နောက်ဆုံးတွင် မြည်းစမ်းခဲ့ကြရတယ်။
ကံကောင်းထောက်မစွာဖြင့် သူတို့ရဲ့စိတ်သဘောထားက ပိုမိုပွင့်လင်းလာကာ လုပ်ငန်းစဉ်အတွင်း သူတို့မျက်လုံးများကိုမှိတ်ထားလိုက်လို့ သူတို့အပေါ်တွင်ရှိသော သူက သူတို့ရဲ့ ချစ်သူ သို့မဟုတ် သူတို့ရဲ့ အေဗွီ နတ်ဘုရားမမျှသာဖြစ်သည်ဟု တွေးဆလိုက်ကြတယ်။
ကျောင်းသားများက ပိုင်ရီကျီး ရဲ့လက်များမှ ကိုင်ကာ အနောက်ခန်းသို့ သယ်ဆောင်သွားကြသည်။ သူတို့ လမ်းလျှောက်လာစဉ်တွင် ပိုင်ရီကျီး က သူတို့ကို အေးအေးဆေးဆေး ကြည့်နေပေမယ့် သူ့မျက်လုံးထဲမှာ လူသတ်ချင်စိတ်က နွေကောင်းကင်တစ်ခုလိုပဲ့ ကြည်လင်နေတယ်။
ကျောင်းသားတစ်ဦးက သူ့အကြည့်ကို တွေ့သောအခါ တုန်တုန်ယင်ယင်နဲ့ အသံတိုးတိုးဖြင့် "စီနီယာ ကျေးဇူးပြုပြီး ငါတို့ကို အပြစ်မတင်ပါနဲ့၊ ငါတို့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူးကွ။ ငါတို့က ရှင်သန်ချင်တယ်၊ တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်ရင် မင်းကံမကောင်းလို့ ကိုယ့်ကိုကိုယ် အပြစ်တင်ပါ"
“စီနီယာ မျက်စိမှိတ်ပြီး ခွေးကိုက်လိုက်သလိုပဲ့သဘောထားလိုက်ပါ” ဟု အခြားကျောင်းသားက သနားစိတ်ဖြင့် ထပ်ပြောသည်။
သူတို့နောက်ခန်းထဲသို့ လျှောက်ဝင်သွားပြီးနောက် ထောင့်စွန်းရှိ ညစ်ပတ်နေသော မွေ့ယာဆီသို့
ပိုင်ရီကျီး ကို ဆွဲခေါ်သွားခဲ့သည်။ ပြီးသွားတော့ ကျောင်းသားနှစ်ယောက် အခန်းထဲက အမြန်ထွက်သွားကြတယ်။
ပိုင်ရီကျီး ရဲ့အားနည်းသောအသွင်အပြင်ကို မြင်တဲ့အခါ ထောင့်စွန်းတွင် ပုန်းနေသော
ကျိူးလီဇီ က သူမရဲ့လျှာကို နှိပ်လိုက်တယ်။ နီမြန်းနေတဲ့ ပါးပြင်တွေကို ကြည့်ပြီး အဲဒီအမျိုးသမီးရဲ့ အဆိပ်အောက်မှာ ရှိနေရမယ်လို့တွေးလိုက်သည်။
ပိုင်ရီကျီး မွေ့ယာပေါ်တွင် လဲလျောင်းနေရင်း လေထုနှင့် မွေ့ရာတို့မှ သင်းပျံ့နေသောအနံ့မွှေးမွှေးကိုရသည်။ ယောက်ျားတစ်ယောက်အနေနဲ့ ဒီရနံ့က ဘာနဲ့ ဘယ်ကလာတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်တယ်။
သူ့အသက်ရှူသံက ပိုမြန်လာပြီး သူ့ခန္ဓာကိုယ်ထဲမှာ အပူတွေတက်လာသလို ခံစားရတယ်။ သူ့စိတ်တွေကိုရှင်းဖို့အတွက် သူ့လျှာကို ကိုက်ရန် ကြိုးစားပေမယ့် အဲဒါကိုလုပ်ဖို့တောင် ခွန်အားမရှိတော့ဘူး။
သူ့ခန္ဓာကိုယ်ထဲက မသက်မသာ ခံစားချက်တွေကို ခံနိုင်ရည်မရှိတော့လို့ မျက်မှောင်ကြုတ်လိုက်တယ်။ မရေမတွက်နိုင်သော ပုရွက်ဆိတ်များက သူ့ခန္ဓာကိုယ်ကို ကိုက်နေသလိုခံစားရပြီး တစ်ချိန်တည်းမှာပင် သူရဲ့ အမြစ်မှ နာကျင်မှုများ ပေါက်ထွက်လာတယ်။ သူ့ခန္ဓာကိုယ်က လွတ်မြောက်ဖို့ အော်ဟစ်ရင်း စိတ်တွေဝေဝါးလာတယ်။
သိပ်မကြာခင်မှာပဲ့ အမျိုးသမီးက အခန်းထဲဝင်လာပြီး တံခါးကိုပိတ်လိုက်တယ်။ သူ့ဆီသို့ လျှောက်လာရင်းနဲ့ အဝတ်အစားတွေကို ချွတ်လိုက်တယ်။
ပိုင်ရီကျီး က ရွံရှာစိတ်ဖြင့် မျက်လုံးများကိုမှိတ်ထားပြီး သူမကို မကြည့်ရဲတော့ဘူး။
ဒါကိုမြင်တော့ အမျိုးသမီးက တခစ်ခစ်ရယ်ပြီး သူ့ကိုယ်ပေါ် တွားသွားလာလိုက်တယ်။ သူမ ခါးကို ဆန့်တန်းထားရင်း သူ့လက်တွေကို ကြိုးဖြည်ရင်း လက်ကိုဆွဲကာ အဝတ်အစားတွေ ချွတ်ပါတော့တယ်။
အမျိုးသမီးက သူ့ခန္ဓာကိုယ်ကို ထိလိုက် နမ်းလိုက်လုပ်နေတာကြောင့် ပိုင်ရီကျီး ရဲ့ ဒေါသတွေက တဟုန်ထိုး မြင့်တက်လာသည်။ သူ မျက်လုံးမှိတ်ပြီး 'ဒီနေ့ရဲ့ အရှက်တရားကို နောင်တချိန်မှာ အကြိမ်တစ်ထောင် ပြန်ရလိမ့်မယ်' လို့ တွေးလိုက်တယ်။
ကျိူးလီဇီ ထောင့်တွင် ထိုင်ချလိုက်ရင်း သူမရဲ့ရှေ့ရှိ မြင်ကွင်းကြောင့် မျက်လုံးပြူးကျယ်သွားသလို ခံစားလိုက်ရသည်။ သူမက ပိုင်ရီကျီး ကိုကြည့်ကာ ညစ်ညူးကာမသေနိုင်သောသူကဲ့သို့ထင်လိုက်တယ်။
အမျိုးသမီးက ပိုင်ရီကျီးရဲ့ ခါးပတ်ကို ချွတ်စပြုနေတာကို မြင်သောအခါတွင် တစ်ခု ခုလုပ်ရန် မဆုံးဖြတ်မီ၌ တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။
သူမရဲ့ လက်ချောင်းများကို ပွတ်ဆွဲလိုက်ခြင်းဖြင့် ရေအပ်နှစ်ချောင်းက အမျိုးသမီးရဲ့ လည်ပင်းဘက်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားခဲ့တယ်။
ထိုအချိန်တွင် လေထဲက စွမ်းအင် အနည်းငယ် ပြောင်းလဲသွားတာကို ပိုင်ရီကျီး က ခံစားလိုက်ရပြီး မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
ကုလားထိုင်နောက်ကွယ်မှာ ပုန်းနေတဲ့ ကောင်မလေးကို တွေ့လိုက်တဲ့အခါ သူ့မျက်လုံးတွေက လင်းလက်သွားတယ်။
ပိုင်ရီးကျီး ရဲ့ မျက်လုံးများက ကျိူးလီဇီ အား စိုက်ကြည့်နေစဉ်တွင် သူ့အပေါ်မှ အမျိုးသမီးက ရုတ်တရက် ပျော့ခွေသွားကာ သူ့ကိုယ်ပေါ်သို့ လဲကျသွားသည်။
ကျိူးလီဇီ က သူမရဲ့စွမ်းအင်ကို ပြန်မသိမ်းလိုက်ဘဲ အမျိုးသမီးရဲ့ အာရုံကြောကိုဖိအားပေးရန်အတွက် သူမရဲ့ရေအပ်များကို ဆက်လက်အသုံးပြုခဲ့သည်။ သူမသည် လမ်း၌ပိတ်ဆို့နေသော ကုလားထိုင်များကို ရွှေ့ကာ သူမရဲ့အဝတ်အစားမှ ဖုန်မှုန့်များကိုပုတ်ခါရင်း လမ်းလျှောက်လာတယ်။
ဖုတ်ကောင်များကို ဆွဲဆောင်ခြင်းမှ ရှောင်ကြဉ်ရန်အတွက် ရေအပ်များကို ထိန်းချုပ်ကာ အမျိုးသမီးရဲ့ခန္ဓာကိုယ်ရှိ အာရုံကြောများကို ဖြတ်တောက်ခဲ့သည်။ ထို့နောက် သူမသည် လက်ချောင်းများကို လှုပ်ရှားလို့ ရေအပ်များကို အသုံးပြုကာ အမျိုးသမီးရဲ့ အမြုတေများ ကို ရှာဖွေခဲ့သည်။
သိပ်မကြာခင်မှာဘဲ အမျိုးသမီးဆီကနေ သေးငယ်တဲ့ အမြုတေနှစ်ခု ပြုတ်ကျလာတယ်။ သူတို့ကို ကောက်ကိုင်လိုက်ပြီး ရေအပ်တွေကို သူမ ထိန်းချုပ်လိုက်တယ်။
ရေအပ်များသည် အမျိုးသမီးရဲ့ခန္ဓာကိုယ်မှ ထွက်လာပြီး အမြုတေများထက်တွင် လွင့်မျောနေချိန်၌ သူမရဲ့စွမ်းအင်ကို ဆုတ်ခွာလိုက်တော့ အပ်များသည် အမြုတေများမှ သွေးများကို သန့်စင်ပေးသော ရေအဖြစ်သို့ ပြောင်းလဲသွားတယ်။
သူမသည် အမြုတေများကို အာကာသထဲသို့ထည့်ကာ ပိုင်ရီကျီး ရဲ့အခြေအနေကိုစစ်ဆေးရန်လှည့်လာသည်။ သူ့အခြေနေကို မြင်လိုက်ရချိန်မှာတော့ သူမ အံ့ဩသွားတယ်။ သူမရဲ့ စူးရှသော မျက်လုံးများနှင့် သူ့ရဲ့ စူးရှသော မျက်လုံးများနှင့် အမြန်ဆုံသွားကာ သူမခန္ဓာကိုယ်ကို လှည့်လိုက်တယ်။
ကျိူးလီဇီ က ခေါင်းခါလိုက်ပြီး "ဘာမှ မတွေ့ဘူး" လို့ပြောလိုက်တယ်။
ပိုင်ရီကျီး က သူမ ကျောခိုင်းထားတာမို့ သူမဘာလုပ်နေလဲ၊ ဘာတွေတွေးနေတာလဲ ဆိုတာကို မမြင်နိုင်တော့ဘူး။
ယခုအချိန်တွင် အမျိုးသမီးရဲ့ အရှက်ခွဲခြင်းကို ခံစားရခြင်းအပြင် ရှက်ရွံ့ခြင်းကိုလည်း ခံစားရလေသည်။