← Chapters

အခန်း (၃၇)

Vol. 3 Ch. 37

အခန်း (၃၇)

Vol. 3 Ch. 37

အခန်း-(၃၇)

‎သူမရဲ့ ခြေသံများ ဝေးကွာသွားသည်ကို ကြားလိုက်ရတော့မှ ပိုင်ရီကျီး နောက်ဆုံးတွင် သူ့ခေါင်းကို လှည့်ကာ သူမကို လှည့်ကြည့်လိုက်တယ်။ သူ့အဝတ်အစားပြောင်းမဝတ်ခင်မှာ ရေကိုယူပြီးအရင်သောက်လိုက်တယ်။ ညစ်ပတ်နေတဲ့အဝတ်တွေကိုသုံးပြီး သူ့ကိုယ်သူ သုတ်လိုက်ပြီး ခါးပတ်ကို ဝတ်လိုက်တယ်။

‎

‎

‎မတ်တပ်ထရပ်ပြီးချိန်မှာတော့ ခွန်အားပြန်မရသေးတာကြောင့် နံရံကိုထောက်ပြီး ထိန်းထားရတယ်။ ခဏအကြာတွင် သက်သာလာကာ သူ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ဆီသို့ လျှောက်သွားခဲ့သည်။

‎

‎

‎အမျိုးသမီးရဲ့ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာလေးကို ကြည့်လိုက်တော့ ပိုင်ရီကျီး ရဲ့ မျက်လုံးများ အေးစက်သွားသည်။ သူ့လက်ကောက်ဝတ်ကို လှန်လိုက်ပြီး မိုးကြိုးကို သူမရဲ့ဒဏ်ရာထဲသို့ ကျဆင်းသွားစေသည်။ သိပ်မကြာခင်မှာပဲ့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကနေ အခိုးအငွေ့တွေ ထွက်လာပြီး သူမရဲ့ အရေပြားက တဖြည်းဖြည်း အက်ကွဲသွားပါတယ်။

‎

‎

‎လောင်ကျွမ်းသောရနံ့ကို အနံ့ခံလိုက်ရလို့ ကျိူးလီဇီ ခေါင်းကို လှည့်ကြည့်လိုက်ရာ အမျိုးသမီးရဲ့ခန္ဓာကိုယ်အတွင်းပိုင်းမှ မီးကင်ထားသည်ကို တွေ့လိုက်ရတယ်။ ဒါကိုမြင်တော့ သူမ တံတွေးမြိုချလိုက်ပြီး သူမထင်ထားသလောက် သူက ရက်စက်ပြီး သေးနုပ်တဲ့သူလို့ တွေးလိုက်မိတယ်။

‎

‎

‎တကယ့်ကို ဉာဏ်ပညာရှိပြီး ကြီးမြတ်တဲ့လူက ဘယ်မှာလဲ။ ဒါတွေအားလုံးက အဓိပ္ပာယ်မရှိတဲ့စကားတွေပဲ။

‎

‎

‎ဆယ်မိနစ်လောက်ကြာတော့ အမျိုးသမီးက ပြာကျသွားခဲ့တယ်။ လေတိုက်လာ‌တာကြောင့် ပြာများက နေရာအနှံ့ ပြန့်ကျဲသွားတယ်။

‎

‎

‎ပြာများကို မည်သည့်နေရာမှာမှ မမြင်နိုင်တော့သည့်နောက်မှ သူ့စိတ်ထဲတွင် ဒေါသများ အနည်းငယ် ပြေပျောက်သွားသလို ပိုင်ရီကျီး ခံစားလိုက်ရတယ်။ သူလှည့်ကြည့်လိုက်တော့ ‎ကျိူးလီဇီ သူ့ကို မျက်လုံးဝိုင်းတွေနဲ့ ကြည့်နေတာကို တွေ့လိုက်ရတယ်။

‎

‎

‎သူမကို ကြောက်အောင်လုပ်မိတယ်လို့ တွေးမိပြီး အကြည့်ကို နှိမ့်ချပြီး လျှောက်သွားလိုက်တယ်။ သူမရှေ့ရောက်တော့ "ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်တယ်။

‎

‎

‎ကျိူးလီဇီ က သူ့ကို ခဏလောက် စောင့်ကြည့်ပြီး "စီနီယာ မင်းက ငါ့ကို ကျေးဇူးတင်ချင်ရင် နောက်တစ်ခါ ပစ္စည်းတွေ ထပ်ရှာပေးပါဦး"

‎

‎

‎ ပိုင်ရီကျီး သည် ထိုစကားကိုကြားသောအခါတွင် သူမဘာတွေတွေးနေလဲဆိုတာကိုသိနိုင်ဖို့ သူမမျက်လုံးထဲသို့ ကြည့်လိုက်မိသည်။ သူမသည် ရွံရှာဖွယ်၊ ကြည်နူးမှု သို့မဟုတ် အနည်းဆုံးတော့ သူမရဲ့မျက်လုံးများတွင် လှောင်ပြောင်မှုပြမည်ဟု သူထင်ခဲ့တယ်။ မထင်မှတ်ထားစွာပဲ့ သူဘာမှ မတွေ့လိုက်ရပါ။

‎

‎

‎အရှက်ရဆုံးအခိုက်အတန့်ကို မမြင်ခဲ့ရသလိုပဲ့ သူမရဲ့မျက်လုံးများက ကြည်လင်နေပါတယ်။ သူမ က အတွေးတွေကို ဖုံးကွယ်ရာမှာတော်တာလား၊ တကယ်လည်း ဘာမှ မတွေးခဲ့မိဘူးလား။ ဒါပေမယ့် အခုချိန်မှာတော့ ပုံမှန်အတိုင်းပဲ သူ့ကို ဆက်ဆံတာတွေ့တော့ သူ သက်သာရာရသွားတယ်။

‎

‎

‎သူမကို ခဏလောက်ကြည့်ပြီးနောက် သူက ပြုံးပြီး ခေါင်းညိတ်ပြတယ်။

‎

‎

‎" ကျွန်မ အခြေအနေကို စောစောက စစ်ဆေးခဲ့ပါသေးတယ်။ ဆရာချောင် အပါအဝင် စွမ်းရည်ရှိတဲ့ စွမ်းအင်အသုံးပြုသူ ရှစ်ဦးလောက် ရှိပြီး ကျွန်မတို့မှာ နှစ်ယောက်ပဲ့ရှိတယ်။ အခုလောလောဆယ်တော့ ရှင့်မှာ အစီအစဉ် ရှိမရှိ မသိဘူး" ဟု ကျိူးလီဇီ က ပြောလိုက်တယ်။

‎ ပိုင်ရီကျီး က သူတို့ရဲ့ လက်ရှိအခြေအနေကို တွေးပြီး ဆရာ ချောင် ကို တိုက်ရိုက် ဆန့်ကျင်တာဟာ ပညာရှိတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးဆိုတာသိတယ်။ ဘယ်လောက်ပဲ့ သန်မာနေပါစေ လက်နှစ်ချောင်းက ခြေရှစ်ချောင်းကို အနိုင်ယူလို့မရပါဘူး။

‎

‎

‎ခဏအကြာတွင် သူက "ငါ့ ကျောပိုးအိတ်ထဲမှာ ဂြိုလ်တုဖုန်းတစ်လုံး ရှိတယ်။ အဲဒါကို ဦးဆုံးရအောင်ယူဖို့ လိုတယ် ဒါမှ ငါ့အဖေ ပို့တဲ့လူတွေကို ဆက်သွယ်လို့ရမှာ။ အချိန်အရဆိုရင် သူတို့ ဒီနေရာနဲ့ သိပ်မဝေးသင့်‌ တော့ဘူး"

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီ က "စီနီယာ မင်းသူတို့ကိုစောင့်ဖို့စီစဉ်နေတာလား"

‎

‎

‎"ဖြစ်နိုင်ရင် ဆရာ ချောင် နဲ့ သူ့အဖွဲ့ကို တတ်နိုင်သမျှ အမြန်ဆုံး ဖြုတ်ချတာက ပိုကောင်းပါတယ်။ ဒါပေမယ့် ငါတို့ မလုပ်နိုင်ရင် သူတို့ကို စောင့်ပြီး အတူတူ တိုက်ခိုက်မယ်" ဟု ပိုင်ရီကျီး က ပြောတယ်။

‎

‎

‎ဆရာ ချောင် နှင့် သူ့အဖွဲ့က ထိုအမျိုးသမီးကျောင်းသူများအပေါ် ပြုမူခဲ့သည့်အရာကို ပြန်သတိရသောအခါ ကျိူးလီဇီ ၏ မျက်လုံးများ မှေးမှိန်သွားခဲ့တယ်။ ဒါပေမယ့် သူပြောတာကလဲမှန်နေတယ်။

‎

‎

‎ဆရာချောင် နဲ့ သူ့အဖွဲ့ကို သူမရဲ့ ကျွမ်းကျင်မှုအားလုံးကို အသုံးပြုပြီး အနိုင်ယူနိုင်ရင်တောင်မှ သူမရဲ့ ဝှက်ဖဲကိုတော့ ထုတ်မပြချင်ပါဘူး။ သူမရဲ့ ရေအမျိုးအစား စွမ်းရည်ကို အသုံးပြုပြီး တိုက်ခိုက်နိုင်တယ်ဆိုတာ ပိုင်ရီကျီး နှင့် သူအဖွဲ့အား အသိပေးလိုက်တာက သူမရဲ့ အစီအစဉ်နဲ့ လွဲနေပါပြီ။

‎

‎

‎ပိုင်ရီကျီး ရဲ့ အသင်းဖော်တွေကို ကယ်တင်ဖို့အတွက်နဲ့ သူမရဲ့ စွမ်းအင်တွေကို ပြန်လည်စုပ်ယူနိုင်စွမ်းရှိတာကို ထုတ်ပြပြီး သူမ မစွန့်စားချင်ပါဘူး။ အဲဒီအစား စစ်သားတွေ မရောက်လာခင်မှာ မိုဘင်းရှမ် ကိုသတ်ဖို့ အခွင့်အလမ်းရှာနိုင်ဖို့ သူမမျှော်လင့်ခဲ့တယ်။

‎

‎

‎သူမ နှုတ်ဆိတ်နေတာကိုမြင်တော့ ပိုင်ရီကျီး က "စိတ်မပူပါနဲ့ လီယောင် နဲ့ ကျန်တဲ့သူတွေကို သူတို့မသတ်ရဲပါဘူး။ အဲဒီရွံရှာဖွယ်အရာတွေကို လုပ်ဖို့ သတ္တိရှိပေမဲ့ လူတွေကိုတော့ သူတို့ မသတ်ဝံ့သေးဘူး"

‎

‎

‎ကျိူးလီဇီ သည် သူရဲ့ဆိုလိုရင်းအဓိပ္ပါယ်ကို နားလည်သော်လည်း မသိဟန်သာဆောင်ကာ ခေါင်းညိတ်လိုက်သည်။

‎

‎

‎နောက်အခိုက်အတန့်မှာတော့ ပိုင်ရီကျီး ရဲ့ဗိုက်ထဲက ကျယ်လောင်တဲ့အသံကို သူမကြားလိုက်ရတယ်။ သူမက သူ့ကိုကြည့်ကာ "စီနီယာ ဗိုက်ဆာနေတာလား" ဟု မေးလိုက်တယ်။

‎

‎

‎ပို ရှက်သွားသော်လည်း သူက ခေါင်းညိတ်ကာ "ငါတို့ပစ္စည်းတွေကို သူတို့ကသိမ်းသွားပြီ" ဟု ပြောတယ်။

‎

‎

‎ ကျိူးလီဇီ ဒါကိုကြားတော့ အရာအားလုံးကို နားလည်သွားတယ်။ သူတို့ စားဖို့ အချိန်မရှိခင်မှာတောင်ရိက္ခာတွေ သိမ်းခံလ်ုက်ရတယ်။

‎

‎

‎သူမ ကျောပိုးအိတ်ကို ဇစ်ဖွင့်ပြီး ပေါင်မုန့်တစ်လုံး၊ ပရိုတင်းတုံးတစ်ခုနှင့် စတော်ဘယ်ရီနို့တစ်ပုလင်းကို ထုတ်ယူလိုက်ပြီး သူကို ပေးလိုက်တယ်။

‎

‎

‎အစားအစာကိုကြည့်လိုက်ပြီးတော့ ပိုင်ရီကျီး က ပရိုတင်းတုံးကိုသာယူလိုက်ကာ "ပရိုတင်းတုံးတစ်ခုပဲစားလိုက်မယ်" လို့ပြောလာတယ်။

‎

‎

‎"မဟုတ်ဘူး၊ ငါတို့က နောက်ကြ တိုက်ခိုက်ရလိမ့်မယ်။ မင်းမစားရင် မင်းမှာ ဘယ်လိုလုပ် ခွန်အားတွေ ရှိမှာလဲ။ မင်းစိတ်ထဲမကောင်းရင် ငါ့ကို နောက်မှ ပြန်ပေးပါ" ကျိူးလီဇီ က ပေါင်မုန့်နဲ့ နို့ကို သူ့လက်ထဲကို တွန်းထည့်ရင်း ပြောလိုက်တယ်။

‎

‎

‎ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် သူက ခေါင်းညိတ်ကာ "ကောင်းပြီ၊ ငါမင်းကို နောက်မှ ပြန်ဆပ်မယ်" လို့ ပြောလိုက်တယ်။

‎

‎

‎"ကောင်းပြီ"

‎

‎

‎ထို့နောက် ကုလားထိုင်နှစ်လုံးကို ဆွဲကာ ထိုင်လိုက်သည်။ သူစားနေတာကိုမြင်တော့ ကျိူးလီဇီ ဗိုက်ဆာလာပြန်တယ်။

‎

‎

‎ထို့ကြောင့် ကျောပိုးအိတ်ထဲမှ ပေါင်မုန့်တစ်တုံးနှင့် စတော်ဘယ်ရီနို့တစ်ပုလင်းကို ထုတ်ယူလိုက်တယ်။ အနီရောင် လရောင်အောက်တွင် နှစ်ယောက်သား တိတ်ဆိတ်စွာ စားသောက်နေကြတယ်။

‎

‎

‎စားပြီးတာနဲ့ ကျိူးလီဇီ က "စီနီယာ ငါတို့ ဒီနေရာက ထွက်သွားရမယ်။ သူတို့ လာလို့တွေ့သွားရင် မင်းကို ဖမ်းဖို့ ကြိုးစားမှာ သေချာတယ်"

‎

‎

‎သူမစကားကြားတော့ ပိုင်ရီကျီးက ခေါင်းညိတ်ပြီး "ကောင်းပြီ" လို့ပြောလိုက်တယ်။

‎

‎

‎"မင်းပုန်းဖို့နေရာ ငါသိတယ်။ သွားရအောင်"

‎

‎

‎စကားဆုံးသွားသောအခါ ကျိူးလီဇီ မတ်တပ်ထရပ်ပြီး သူမရဲ့ကျောပိုးအိတ်ကို လွယ်လိုက်သည်။ တံခါးမဖွင့်ခင်မှာ အပြင်က အသံတွေကိုအရင် နားထောင်လိုက်တယ်။

‎

‎

‎အဲဒီမှာ ဘယ်သူမှမရှိဘူးဆိုတာကို အတည်ပြုပြီးနောက်မှ သူမက တံခါးကို ဖြည်းညှင်းစွာဖွင့်ပြီး သူမနောက်ကို လိုက်ခဲ့ဖို့ လက်ပြလိုက်ပါတယ်။ နှစ်ယောက်သား ထွက်သွားပြီး တံခါးကို ပိတ်လိုက်ကြတယ်။

‎

‎

‎ဤတစ်ကြိမ်တွင် သူမသည် လေဝင်လေထွက်ပိုက်ထဲသို့ မတက်ဘဲ ဝန်ထမ်းရဲ့ အနားယူခန်းဆီသို့ ဦးတည်သွားခဲ့သည်။ သူတို့ လမ်းလျှောက်လာရင်းနဲ့ ကျိူးလီဇီ ဟာ ကြီးကြီးမားမား တစ်စုံတစ်ခု ဖြစ်ပေါ်လာတော့မှာလို့ ခံစားရတဲ့ အတွက် စိတ်မသက်မသာ ခံစားလိုက်ရတယ်။

‎

‎

‎ခဏအကြာတွင် သူမသည် ယခင်ဘဝက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။ တခဏအတွင်းမှာပဲ သူမ လမ်းလျှောက်တာကို ရပ်လိုက်ပြီး "စီနီယာ၊ ငါတို့ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားရမယ်" လို့ ပြောပါတယ်။

‎

‎

‎

‎သူမစကားကြားတော့ ပိုင်ရီကျီး က မျက်မှောင်ကြုတ်ပြီး "ဘာဖြစ်နေတာလဲ"

‎

‎

‎ ကျိူးလီဇီ နာရီကို စစ်ဆေးပြီး "ရှင်းပြဖို့ အချိန်မရှိဘူး၊ ဒါပေမယ့် မင်းငါ့ကို ယုံမှရမယ်" လို့ပြောလိုက်တယ်။

‎

‎

‎သူမရဲ့ မျက်လုံးတွေထဲ ထိတ်လန့်တကြား အရိပ်အယောင်ကို သတိပြုမိတော့ ပိုင်ရီကျီး က "ငါတို့ သူငယ်ချင်းတွေကို ချန်ထားခဲ့လို့မရဘူး"

‎

‎

‎ကျိူးလီဇီ သူ့ကိုကြည့်တာနဲ့ သူဆုံးဖြတ်ချက်ချထားပြီးတာကို မြင်လိုက်သည်။ ကောင်းကျိုးဆိုးကျိုးတွေကို ခဏလောက် ချိန်ဆပြီးတဲ့အခါ “မင်းသူငယ်ချင်းတွေကို ငါ ကယ်တင်ပေးမယ် ဒါပေမယ့် မင်း မိုဘင်းရှမ် ကိုတော့ မင်းနဲ့အတူခေါ် လာလို့မရဘူး” လို့ ပြောလိုက်တယ်။

‎

‎

‎ဒီကောင်မလေးနဲ့ မိုဘင်းရှမ် ကြားမှာ ဘာဖြစ်သွားမှန်း မသိပေမယ့် ပိုင်ရီကျီး ကလည်း အဲဒီ မိန်းမအပေါ် ကောင်းမွန်တဲ့ စိတ်သဘောထား မရှိခဲ့ပါဘူး။ ဒါနဲ့ပဲ့ သူက ခေါင်းညိတ်ပြီး “ကောင်းပြီ” လို့ အဆင်သင့်ပြန်ဖြေလိုက်တယ်။

‎

‎

‎သဘောတူညီချက်တစ်ခုရပြီးနောက် ကျိူးလီဇီ သည် မီးအရေးပေါ် ပုဆိန်သေတ္တာဆီသို့ လျှောက်သွားပြီး ဆံညှပ် များကို သော့ဖွင့်ရန် အသုံးပြုလိုက်သည်။ ကလစ်တစ်ချက်နှိပ်လိုက်ရုံဖြင့် သော့ခလောက်ကို ဖွင့်လိုက်နိုင်တယ်။

‎

‎

‎သူမသည် သေတ္တာကိုဖွင့်ကာ ပုဆိန်ကိုယူလို့ "မင်းရဲ့စွမ်းအင်ကို အသုံးမချပါနဲ့" လို့ ပြောပြီး သူ့ကို ပေးလိုက်တယ်။

‎

‎

‎ပိုင်ရီကျီး က ပုဆိန်ကိုယူကာ ခေါင်းညိတ်လိုက်တယ်။ သူ့စွမ်းအင်ကို အသုံးချချင်ပေမယ့် စွမ်းအင်တွေက မကျန်တော့ဘူး။ ဒါကြောင့် စွမ်းအင်အစား ပုဆိန်ကိုသုံးတာက ပိုကောင်းပါတယ်။

‎

‎

‎နှစ်ယောက်သား ခန်းမဆီသို့ အမြန်ပြန်သွားကြတယ်။

‎

‎

‎ကမ္ဘာပျက်ပြီးနောက် အခြားသောညများနှင့်မတူဘဲ လနီဟာ ထူထဲနက်မှောင်သော တိမ်တိုက်များရဲ့အနောက်တွင် ကွယ် ဝှက်ခံထားရသည်။ အပြင်ဘက်တွင် လေတိုက်ခြင်း သို့မဟုတ် မိုးခြိမ်းသံများမရှိသော်လည်း ကောင်းကင်ကြီးက တစ်စုံတစ်ရာကို ဖိနှိပ်ထားသလိုမျိုး လေထုက ဖိစီးနေသလို ခံစားရတယ်။

‎

‎

‎ဟောပြောပွဲခန်းမသို့ ရောက်သောအခါတွင် ကျိူးလီဇီ က သူမရဲ့ ကျောပိုးအိတ်မှ သေနတ်တစ်လက်ကို ကိုင်ဆောင်လိုက်ကာ "စီနီယာ အချိန်က နောက်ကျနေပြီး အိပ်ချိန်လဲရောက်နေပြီ၊ ကင်းလှည့်တွေကို ဖယ်ရှားပြီး မင်းသူငယ်ချင်းတွေကို လွှတ်ပေးလိုက်ပါ" လို့ ပြောလိုက်တယ်။

‎

‎

‎သူမရဲ့စကားထဲက တစ်ခုခုကို အာရုံခံမိပြီး "ဘယ်သွားမလို့လဲလို့" မေးလိုက်တယ်။

‎

‎

‎"ကျွန်မ တစ်ခုခုတော့ ရဖို့လိုတယ်။ မင်းသူငယ်ချင်းတွေကို လွှတ်ပြီးတာနဲ့ မင်းကားကို သွားယူလိုက်ပါ။ မနှောင့်နှေးနဲ့ နော်။ ငါ ဆယ်မိနစ်အတွင်းမှ မထွက်လာခဲ့ရင် ထွက်သွားလိုက်ပါ" ဟု ကျိူးလီဇီ က သူ့ကို သတိပေးသည်။

‎

‎

‎ပိုင်ရီကျီး သည် သူမရဲ့ စကားများကိုကြားတော့ မျက်မှောင်ကြုတ်ကာ သူမရဲ့ အစီအစဉ်ကို ငြင်းဆန်ချင်သည်။ သို့သော် သူဘာမှပြန်မပြောမီတွင် သူမက လှည့်ကာ ရှောင်ထွက်သွားတယ်။

‎

‎

‎အနောက်ခန်းရဲ့ ပြတင်းပေါက်ကနေ ထွက်လာပြီးမှ သူမကို ခဏလောက် ပြန်ကြည့်လိုက်တယ်။ ထို့နောက် ဟောပြောပွဲခန်းမအတွင်း အခြေအနေကို စစ်ဆေးရန် ပြတင်းပေါက်မှ ချောင်းကြည့်သည်။

‎

‎

‎

‎

‎

‎

‎

‎

‎

All Chapters