← Chapters

အခန်း (၃၈)

Vol. 3 Ch. 38

အခန်း (၃၈)

Vol. 3 Ch. 38

အခန်း-(၃၈)

‎

‎ကျိူးလီဇီ ပြောခဲ့သည့်အတိုင်းပဲ့ ဆရာချောင် ရဲ့အဖွဲ့သားအများစုမှာ အိပ်ပျော်နေကြကာ တံခါးကို စောင့်နေသူ တစ်ဦးသာ ကျန်တော့ပြီး အခြားတစ်ဦးမှာ လီယောင် နှင့် ကျန်သူများကို စောင့်ကြပ်နေသည်။

‎

‎

‎ခဏလောက်စဉ်းစားပြီး ဟောပြောပွဲခန်းမထောင့် ပြတင်းပေါက်ကနေ ဝင်သွားဖို့ ဆုံးဖြတ်လိုက်တယ်။

‎

‎

‎ငါးမိနစ်လောက်ကြာတော့ သူက ကြမ်းပြင်ပေါ် တွားသွားတယ်။ စင်မြင့်ပေါ်ရှိ ကုလားထိုင်များနှင့် စားပွဲခုံများကို အကာအဖြစ် အသုံးပြုကာ သူ့သူငယ်ချင်းများရှိရာ ထောင့်ဆီသို့ ရွှေ့လွှားသွားလိုက်သည်။

‎

‎

‎သူ နီးကပ်လာသောအခါ ခေါင်းကို မော့လိုက် တော့ လီယောင် က သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရတယ်။ တိတ်တိတ်နေရန် လက်ဟန်ပြကာ ကုလားထိုင်ပေါ်မှာ ထိုင်နေသော လူဆီကို ဂရုတစိုက် ချဉ်းကပ်လိုက်တယ်။

‎

‎

‎ထိုသူနောက်မှာ ရပ်လိုက်တဲ့အခိုက်မှာပဲ့ သူရဲ့ပါးစပ်ကို လက်ဖဝါးနဲ့အုပ်ပြီး လည်ပင်းကို လှိမ်လိုက်တယ်။ အရိုးကျိူးသံနှင့်အတူ ထိုလူရဲ့မျက်လုံးထဲတွင် အလင်းရောင်ကမှိန်သွားကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

‎

‎

‎သူသည် ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ နိမ့်ချလိုက်ပြီး ခါးကို ကွေးကာ သူ့အဖွဲ့ရှိရာသို့ လျှောက်သွားလိုက်တယ်။ အစောင့်ရဲ့ မြင်ကွင်းကို ပိတ်ဆို့ရန် သူတို့ရဲ့ ခန္ဓာကိုယ်ကို အသုံးပြု၍ "အသံမထွက်နဲ့၊ ငါတို့ အမြန်ဆုံး ထွက်သွားမှာပါ" လို့ တီးတိုးတီးတိုးပြောရင်း လက်တွေကိုစည်းထားတဲ့ ကျိူးကိုဖြည်ပေး လိုက်တယ်။

‎

‎

‎သူ့အသံကိုကြားသောအခါ မျက်လုံးများ ပြူးကျယ်လာပြီး အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

‎

‎

‎မိုဘင်းရှမ် သူမခေါင်းကို လှည့်ကြည့်လိုက်တော့ သူ့လည်ပင်းနဲ့ ညှပ်ရိုးပေါ်က အရာတွေကို တွေ့လိုက်ရတယ်။ သူမရဲ့အကြည့်များက ဟတ်ကီရာများနှင့် ခြစ်ရာများပေါ်တွင် ကျရောက်နေသွားတဲ့အခိုက်တွင် ရွံရှာမှုများက မျက်လုံးထဲ ပေါ်လာသည်။

‎

‎

‎ထိုအချိန်တွင် သူမခံစားလိုက်ရသည်က ထိုအမျိုးသမီးရဲ့ ညစ်ညမ်းခြင်းကို သူခံလိုက်ရပြီဟုပင်။ သူကအထွတ်အထိပ်၌ ရပ်နေသူတစ်ဦး ဖြစ်သင့်တယ်။ ထိုရုပ်ဆိုးသောမိန်းမရဲ့ ညစ်ညမ်းခြင်းကို မည်သို့ခံရနိုင်မည်နည်း။

‎

‎

‎ပိုင်ရီကျီး သည် သူမရဲ့ အကြည့်နှင့် ခံစားချက်များ မှိန်ဖျော့သွားတာကို သတိပြုမိတယ်။ ထိတွေ့နမ်းရှုံ့ခံခဲ့ရသော်လည်း သူနှင့် ထိုအမျိုးသမီးကြားတွင် ဘာမှဖြစ်မလာပေ။ ဒါပေမယ့် သူရှင်းပြနေဖို့အတွက် ဂရုမစိုက်ဘူး။ နောက်ဆုံးတော့ မိုဘင်းရှမ် က သူ့အတွက် အရေးမပါဘူး။

‎

‎

‎သူ့သူငယ်ချင်းတွေကို ကြိုးဖြည်ပြီးသွားတဲ့အခါ “ငါ့နောက်လိုက်ခဲ့” လို့ပြောလိုက်တယ်။

‎

‎

‎သူတို့ထွက်သွားတာကိုမြင်တော့ မိုဘင်းရှမ် ရဲ့ မျက်လုံးတွေက ထိတ်လန့်တကြားနဲ့ ပြူးကျယ်သွားခဲ့တယ်။ သူမက ရုန်းရင်းဆန်ခတ်ဖြင့် အသံတစ်ခု ထုတ်လိုက်ပြီး သူမ လွတ်မြောက်အောင် ကြိုးပမ်းသည်။ "အင်းးးး အင်းးး"

‎

‎

‎ဒါကိုကြားတော့ ချူကျိမြောင် က ရပ်တန့်ပြီး လှည့်ကြည့်လိုက်တယ်။

‎

‎

သူမ ‎ပြန်လှည့်လာတာကိုမြင်သောအခါ မိုဘင်းရှမ် ရဲ့ မျက်လုံးများက တောက်ပလာသည်။ သူမရဲ့ ကုသနိုင်စွမ်းကြောင့် သူတို့ သူမကို ချန်ထားခဲ့မှာ မဟုတ်ဘူးဆိုတာ သူမ သေချာပေါက်သိတယ်။ ထို့ကြောင့် တတ်နိုင်သမျှ လက်ကိုအမြန်ဆုံးကြိုးဖြည်ပေးရန် မျှော်လင့်ရင်း သူမဘက်ကိုပြန်လှည့်လိုက်သည်။

‎

‎

‎ကံမကောင်းစွာပဲ၊ သူမကို လွတ်ပေးမယ့်အစား ချူကျိမြောင် ရဲ့ တိုက်ခိုက်တာကိုခံလိုက်ရတယ်။

‎

‎

‎သူမရဲ့လည်ပင်းကို လက်ဖဝါးစောင်းဖြင့် ခုတ်ထစ်လိုက်တာကြောင့် မိုဘင်းရှမ် ရဲ့မျက်လုံးများက နောက်သို့ပြန်လှည့်သွားပြီး သူမက မြေပြင်ပေါ်သို့ လဲကျသွားသည်။

‎

‎

‎သူမ လဲကျသွားပြီးနောက်မှ မိုဘင်းရှမ် ရဲ့ ခန္ဓာကိုယ် ကိုရှာဖွေခဲ့ရာ သူမရဲ့ အိတ်ကပ်ထဲတွင် ဖောက်ထွင်းမြင်ရသော သလင်းကျောက်များစွာကို တွေ့ရှိခဲ့တယ်။ သလင်းကျောက်တွေကို မြင်တော့ ဒီအမျိုးသမီးက ဘာကြောင့် ဒါတွေကို သိမ်းထားရသလဲဆိုတဲ့ အကြောင်းကိုတွေးပြီး သူမ စိတ်ရှုပ်ထွေးသွားတယ်။ ဒါတောင်မှ သူမ သူတို့ယူထားလိုက်တုန်းပဲ့။

‎

‎

‎သူမသည် ကျောက်တုံးများကို အိတ်ကပ်ထဲသို့ထည့်ကာ သူမရဲ့အဖွဲ့နှင့်အတူ အမြန်ထွက်သွားလိုက်တယ်။ တိမ်ထူထပ်နေကာ လရောင်ကို ပိတ်ဆို့ထားသောကြောင့် ခန်းမထောင့်စွန်းသည် အမှောင်ထုတွင် ဖုံးလွှမ်းနေပြီး တံခါးစောင့်ယောက်ျားက သူတို့ရဲ့ လှုပ်ရှားမှုတွေကို လုံးဝသတိမထားမိပေ။

‎

‎

‎ပိုင်ရီကျီး သည် ပြတင်းပေါက်မှ မတက်မီ သူတို့ရဲ့ ကျောပိုးအိတ် ၊ မီးပုဆိန် နှင့် စတန့်သေနတ် တို့ကို ထုတ်ယူခဲ့ပြီး သူ့အဖွဲ့ရဲ့ နောက်မှ လိုက်လာခဲ့သည်။ ဝင်ပေါက်ဆီသို့ အပြေးအလွှားသွားကြရင်း၊ " ကျိူးလီဇီ ကို ဝင်ပေါက်မှာ ငါတို့စောင့်နေမယ်" လို့ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ သစ်သားစွမ်းရည်အသုံးပြုသူ ဟန်ဂျီယင်း က "အစ်ကို ပိုင်၊ ငါတို့ပစ္စည်းတွေကကော ဘယ်လိုလဲ"

‎

‎

‎"ထောက်ပံ့ရေးပစ္စည်းတွေကို ဆရာ ချောင် နဲ့ သူ့အဖွဲ့ က ဝှက်ထားတယ်။ အဲဒါတွေကို ပြန်ရချင်ရင် အဆောက်အအုံကို ရှာဖွေရလိမ့်မယ်။ အခုအချိန်မှာတော့ သူတို့ကို တိုက်လို့မရဘူး" ဟု ‎ပိုင်ရီကျီး က ပြောသည်။

‎

‎

‎ဟန်ဂျီယင်း က လက်သီးတွေကို တင်းတင်းဆုပ်ပြီး "တစ်နေ့တော့ ငါတို့ကို သူတို့လုပ်ခဲ့သမျှအတွက် သေချာပေါက် ပေးချေခိုင်းမယ်" လို့ပြောလိုက်တယ်။

‎

‎

‎

‎ဒါကိုကြားတော့ တခြားသူတွေက ပိုင်ရီကျီး ရဲ့လည်ပင်းကိုသာ စိုက်ကြည့်နေပြီး ဘာမှမပြောကြဘူး။

‎

‎

‎သူတို့ရဲ့ အကြည့်တွေကို သတိထားမိတော့ ပိုင်ရီကျီး က သူ့ရဲ့ တီရှပ်အင်္ကျီကို ဆွဲပြီး အမှတ်အသားတွေ ဖုံးဖို့ ကြိုးစားရင်း "ဘာမှ မဖြစ်ပါဘူး" လို့ ပြောလိုက်တယ်။

‎

‎

‎လီယောင် နှင့် အခြားလူများက သူ့စကားကြောင့် ခေါင်းညိတ်ကြသည်။ အမျိုးသားများအနေနှင့် အမျိုးသမီးတစ်ဦးက အတင်းအကြပ်ခိုင်းစေခြင်းမှာ မည်မျှအရှက်ရစေမည်ကို သိရှိကြတယ်။ ပြောစရာမလိုအောင်ပဲ့၊ အဲဒီအမျိုးသမီးက အသက်ကြီးပြီး ရုပ်ဆိုးတယ်။ ဒီကိစ္စကို ဘေးဖယ်ထားချင်တာက ပုံမှန်ပါပဲ့။

‎

‎

‎သူ့ညီအစ်ကိုတွေက သူ့အတွက် စိတ်မကောင်းဖြစ်နေမှန်း မသိဘဲ ပိုင်ရီကျီး က "ငါတို့ကားကို သွားယူရအောင်" ဟု အေးဆေးစွာပြောသည်။

‎

‎

‎"ကောင်းပြီ"

‎

‎

‎တစ်ချိန်တည်းမှာပင် ကျိူးလီဇီ က လေဝင်လေထွက်ပိုက်မှ ဆင်းလာခဲ့ပြီး ဝန်ထမ်းရဲ့ အနားယူခန်းထဲသို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ သူမသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့ရှေ့တွင်ရှိတဲ့ ရိက္ခာထုပ်များကို စစ်ဆေးလိုက်တယ်။

‎

‎

‎သူမရဲ့လက်ကို ဝှေ့ယမ်းပြီး နေရာလွှတ်မှာ သိမ်းထားလိုက်ရာ ဖုန်မှုန့်များမှလွဲ ဘာမှမကျန်ခဲ့တော့ပေ။

‎

‎

‎ပြီးတာနဲ့ ပြတင်းပေါက်ကို သော့ဖွင့်ပြီး ခုန်ထွက်လာတယ်။ သူမက တတိယထပ်တွင်ရှိနေပြီး အောက်သို့ဆင်းရန် ပိုက်များမရှိ၍ အေစီ ယူနစ်များသာရှိတဲ့ နံရံတွင် ဂရုစိုက် ရပ်ထားလိုက်တယ်။ ၎င်းတို့ကို ခြေကုပ်အဖြစ်အသုံးပြုကာ သူမသည် တစ်ခုမှတစ်ခုသို့ ခုန်ဆင်းကာ လျင်မြန်စွာ ဆင်းသက်လာတယ်။

‎

‎

‎ငါးမိနစ်မပြည့်ခင်မှာပဲ့ မြေပြင်ပေါ်ရောက်လာပြီး သူမ ကားကို နေရာလွတ်ကနေ ဆွဲထုတ်လိုက်တယ်။ ကားမောင်းသူထိုင်ခုံမှာ ထိုင်လိုက်တော့ မိုးရေစက်တွေက လေကာမှန်ပေါ် ကျလာတယ်။

‎

‎

‎ဒါကိုမြင်တဲ့အခိုက်မှာ သူမရဲ့အမူအရာက ပြောင်းလဲသွားတယ်။ မဆိုင်းမတွပဲ့ သူမသည် အင်ဂျင်ကို စတင်လိုက်ပြီး ဂတ်စ်ခလုတ်ကို နင်းလိုက်တယ်။

‎

‎

‎ပိုင်ရီကျီး နဲ့ သူ့အဖွဲ့ ဝင်ပေါက်မှာ စောင့်နေတာကို သိလိုက်ရတော့ သူမ သူတို့ဆီကို အရှိန်နဲ့ မောင်းသွားတယ်။ သူတို့ကားတွေဖြတ်သွားရင်းနဲ့ အချက်ပြဖို့ ကားရှေ့မီးကို ဖွင့်လိုက်တယ်။

‎

‎

‎ကားအတွင်းမှ ပိုင်ရီကျီး ကလည်းအချက်ပြမှုကို ဖမ်းမိပြီး ချက်ချင်း အနောက်မှ လိုက်သွားခဲ့သည်။ သူ့ကားအနောက်မှာတော့ လီယောင် ကလဲ ဒီလိုပဲ လုပ်ခဲ့ပြီး အဆက်မပြတ်သွားဖို့ ဂတ်စ်ခလုတ်ကို နင်းလိုက်တယ်။

‎

‎

လင်အန်း တက္ကသိုလ်က တံခါးစောင့်များသည်လဲ ‎ဤအတောအတွင်း တစ်ခုခုဖြစ်သွားတာကို ခံစားလိုက်ရတယ်။ မျက်မှောင်ကြုတ်ရင်း သံတုတ်ကို ကိုင်ကာ ဟောပြောပွဲခန်းမရဲ့ ထောင့်ဆီသို့ လျှောက်သွားလိုက်သည်။

‎

‎

‎လိီယောင် နှင့် အခြားသူများ ထွက်သွားပြီး မိုဘင်းရှမ် သာ မြေပြင်ပေါ်တွင် လဲလျောင်းနေတာကို တွေ့လိုက်ရသောအခါတွင် သူ့အမူအရာမှာ ဒေါသကြောင့်တွန့်လိမ်သွားသည်။ သူက မိုဘင်းရှမ် ရဲ့ ဗိုက်ကို ပြင်းပြင်းထန်ထန် ကန်လိုက်တယ်။

‎

‎

‎"ထစမ်း"

‎

‎

‎ကန်လိုက်သော အရှိန်ကြောင့် မိုဘင်းရှမ် နိုးလာသည်။ သူမက နာကျင်မှုကြောင့် တွန့်လိမ်နေပြီး ပြင်းထန်စွာ ချောင်းဆိုးသွားသည်။ ဒါပေမယ့် သူမ အသက်ရှုမဝခင်မှာပဲ့ အမျိုးသားက ဆံပင်တွေကို ကောက်ဆွဲလိုက်တယ်။

‎

‎

‎"ဟင့်အင်း" သူမသည် နာကျင်စွာဖြင့် ငိုကြွေးသံကို ထုတ်လွှတ်လိုက်သည်။

‎

‎

သူက ပါးစပ်ကို ဆွဲဖြဲပြီး ဒေါသတကြီး မေးလိုက်တယ် "သူတို့ ဘယ်သွားတာလဲ"

‎

‎

‎

All Chapters