အခန်း (၃၉)
Vol. 3 Ch. 39
အခန်း-(၃၉)
မိုဘင်းရှမ် နာကျင်မှုကို သည်းခံရင်း အသက်ရှူမဝ၍ မောဟိုက်လာသည်။ "ကျွန်မ—ကျွန်မ မသိဘူး" ဟု အသံတိုးတိုးလေး တုန်ရီစွာ ပြောလိုက်သည်။
"ဖြန်းးး"
ထိုယောက်ျားရဲ့ ပါးရိုက်မှုကြောင့် နာကျင်မှုသည် သူမရဲ့ပါးမှာ ပြန့်နှံ့သွားသဖြင့် သူမခေါင်းကို စောင်းငိုက်လိုက်မိတယ်။
"သူတို့ဘယ်သွားတာလဲ" သူက ထပ်မေးတယ်။
မိုဘင်းရှမ် ရဲ့မျက်နှာပေါ်မှာ မျက်ရည်များစီးကျလာပြီး နှပ်ချေးများနဲ့ရောထွေးသွားကာ သူမကို ညစ်ပတ်သွားစေသည်။ သူမ ခေါင်းကို ခါယမ်းကာ ငိုရှိုက်ရင်း "ငါတကယ်မသိပါဘူး။ အခုပဲဘ ပိုင်ရီကျီး လာပြီး သူတို့ကို လွှတ်ပေး လိုက်တယ်။ သူတို့ မထွက်ခွာခင်မှာ သူတို့က ငါ့ကို တိုက်ခိုက်သွားတယ် သူတို့ဘယ်သွားမှန်း ငါတကယ်မသိဘူး"
ထိုလူသည် သူမရဲ့ မျက်လုံးများကို စိုက်ကြည့်ကာ စကားများ မှန် မမှန် အကဲဖြတ်လိုက်သည်။ ခဏအကြာတွင် သူမ မလိမ်ကြောင်း သေချာသွားခဲ့တယ်။ ညည်းညူသံဖြင့် သူသည် သူမကို မြေပြင်ပေါ်သို့ တွန်းချလိုက်ပြီး "ငါ မင်းကို နောက်မှ ရှင်းမယ်" လို့ပြောလာတယ်။
ထို့နောက် ဆရာချောင်အား သတင်းပို့ရန်အတွက် လှည့်ကာ ပြေးထွက်သွားသည်။
ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော မိုဘင်းရှမ် ရဲ့လက်များသည် လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်။ သူမရဲ့ ခန္ဓာကိုယ်က တုန်လှုပ်သွားသော်လည်း ဤသည်က ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ ဒေါသနှင့် မုန်းတီးခြင်းသာ ဖြစ်သည်။ ပိုင်ရီကျီး ရဲ့ အေးစက်သောအမူအရာကို သူမကို စွန့်ပစ်ထားခဲ့စဉ်က သူမမြင်နိုင်သေးသည်။
အံကိုကြိတ်ရင်း “ ပိုင်ရီကျီး… ချူကျိမြောင်… တစ်နေ့တော့ မင်းတို့နှစ်ယောက်လုံးကို သတ်ပစ်မယ်” လို့ အေးစက်စွာ ရေရွတ်လိုက်တယ်။
သူမရဲ့အသံက အက်ကွဲပြီး အားနည်းနေပေမယ့် အမုန်းတရားကတော့ မှားယွင်းစရာမရှိပါဘူး။
အစောင့်သည် ဆရာချောင်ရဲ့ အိပ်ရာနေရာကို ရောက်ရှိလာပြီး "ညီလေးချောင် ၊ ဟိုကောင်တွေ လွတ်သွားပြီ" ဟု အော်လိုက်တယ်။
ဒါကိုကြားတော့ ဆရာချောင် ရဲ့ မျက်ခုံးတွေတွန့်ချိူးသွားခဲ့တယ်။ သူ့ဘေးမှာ အိပ်နေတဲ့ ကျောင်းသူ အမျိုးသမီးကို တွန်းဖယ်ပြီး ထထိုင်လိုက်တယ်။ သူ့မျက်နှာကို ပွတ်သပ်ရင်း ဒေါသတကြီး မေးသည် " ဘယ်လိုလုပ် လွတ်သွားတာလဲ လူက ဘယ်မှာလဲ"
"ကျွန်တော်မသိပါဘူး"
သူ့ရဲ့စကားကြောင့် ဆရာချောင်ရဲ့မျက်နှာက မည်းမှောင်သွားပြီး "ဒီခွေးမကို သွားရှာ ၊ သူက
ပိုင်ရီကျီး ကို ခေါ်သွားတဲ့သူပဲ့။ တစ်ခုခုတော့ သိရမယ်"
သူ့ဒေါသကို သတိပြုမိတာကြောင့် ထိုလူက ခေါင်းတညိတ်ညိတ်နှင့် ပြေးထွက်သွားသည်။
သူထွက်သွားပြီးသည်နှင့် ဆရာချောင်လည်း မတ်တပ်ထရပ်ကာ ဘောင်းဘီကိုဝတ်ပြီး မိုဘင်းရှမ်
ဆီသို့ လျှောက်သွားလိုက်တယ်။
ရီမောနေသော မျက်လုံးများဖြင့် သူမရှေ့တွင် ငုတ်တုတ်ထိုင်လိုက်ကာ သူက သူမကို ခဏလောက်ကြည့်ပြီး " ဘင်းရှမ်၊ ပိုင်ရီကျီး ရဲ့အကျိုးအတွက် မင်းငါ့ကိုအစေခံဖို့ ငြင်းဆန်ခဲ့တယ်၊ ဒါပေမယ့် မင်းကိုကြည့်ပါဦး- သူက မင်းကိုမစဉ်းစားဘဲနဲ့ မင်းကိုနောက်မှာချန်ပြီး ပြေးထွက်သွားတယ်။ မင်းသူ့ကိုမုန်းနေသလား၊ ဒါမှမဟုတ် မင်းသူ့ကိုကြိုက်သေးလား?ယ"
မိုဘင်းရှမ် သည် ခေါင်းကို မော့လိုက်ပြီး သူမရဲ့ မျက်လုံးများ မှာအေးစက်နေကာ အထင်အမြင်သေးမှု အပြည့်ရှိသည်။ သူမက လှောင်ပြောင်ပြီး "ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ" တဲ့။
ဆရာချောင် သည် သူမရဲ့ ခေါင်းမာသောအကြည့်ကိုမြင်သောအခါ ရယ်မောလို့ "အစာငတ်ရင် နာကျင်ရမှာပေါ့၊ ငါ့မိန်းမဖြစ်ရင် မင်းဘယ်တော့မှ ဗိုက်ဆာမှာမဟုတ်ဘူးလို့ ငါအာမခံပါတယ်"
သူ့စကားကြားပြီးတာနဲ့ သူမရဲ့ခန္ဓာကိုယ်ကို တပ်မက်စွာစိုက်ကြည့်နေတာကို တွေ့လိုက်ရတော့ မိုဘင်းရှမ် ရဲ့အမူအရာက ရွံရှာမှုဖြင့်တွန့်လိမ်သွားတယ်။
တုံ့ဆိုင်းမနေဘဲ ထိုသူ မျက်နှာကို တံတွေးထွေးပြီး " ထွီး ငါ အစာငတ်ရင်တောင် မင်းလို အမှိုက်နဲ့ အိပ်ဖို့ ဘယ်တော့မှ နှိမ့်ချမနေဘူး"
ဆရာချောင် သည် မျက်လုံးများကိုမှိတ်ထားပြီး ပါးပြင်မှ တံတွေးများကို သုတ်လိုက်သည်။ ထို့နောက် ရုတ်တရက် သူမ၏လည်ပင်းကို ဆွဲကိုင်ကာ မြေပြင်ပေါ်မှမြှောက် လိုက်သည်။
သူမခြေထောက်တွေကို အပြင်းအထန်ကန်ထုတ်ရင်း မိုဘင်းရှမ် ရဲ့မျက်နှာက နီရဲသွားတယ်။ သူမရဲ့လက်များကို ချည်နှောင်ထားဆဲဖြစ်ပြီး သူမရဲ့လည်ပင်းကို ဆုပ်ကိုင်ထားရာမှ လွတ်မြောက်ဖို့ ကြိုးစားရန်အတွက် ခန္ဓာကိုယ်ကို တွန့်လှိမ်၍လှည့်ရုံသာလှည့်နိုင်ခဲ့သည်။
"အိုး...ဟင့်အင်း..."
သူမ၏ အမြင်အာရုံများက မှုန်ဝါးလာသဖြင့် မျက်ရည်များ၊ နှာရည်များစီးကျလာကာ ရင်ဘတ်ကလဲ ထိတ်ထိတ်ပြာပြာနဲ့ နိမ့်ချီမြင့်ချီခုန်ရမ်းနေပြီး လေပြတ်လပ်မှုကြောင့် သူမရဲ့ အဆုတ်များ ခြောက်သွေ့လာသည်။
သူမ သေရတော့မည်ကို ကြောက်ရွံ့ထိတ်လန့်စွာနဲ့ ရိပ်မိလိုက်တယ်။
ဆရာချောင် က ကောက်ကျစ်သော အပြုံးဖြင့် သူမရဲ့ ရုန်းကန်မှုကို ကြည့်နေသည်။ သတိလစ်သွားခါနီးတော့မှ သူ့လက်ကို လွှတ်လိုက်တယ်။
မိုဘင်းရှမ် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး လေကိုရှူရှိုက်လိုက်တာကြောင့် "အပြင်းအထန် ချောင်းဆိုးသွားတယ်။ အဟွတ် အဟွတ် "
သေလုမျောပါးခံစားရခြင်းကြောင့် သူမရဲ့အရိုးများအတွင်းထိ ကြောက်ရွံ့ထိတ်လန့်မှုများက သူမရဲ့တစ်ကိုယ်လုံးကို တုန်လှုပ်သွားစေသည်။ သူမ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားတယ်။ သူမသည် ယခုအခါတွင် စူပါပါဝါတစ်ခုရှိနေပြီဖြစ်သည်။ သူမဒီမှာမသေနိုင်ဘူး။
ဆရာချောင် က သူမဆီသို့ ထပ်မံလက်လှမ်းလိုက်သော်လည်း သူ သူမကို မထိမီတွင် သူရဲ့လက်အောက်ငယ်သားက အနောက်သို့ အမြန်ပြန်ရောက်လာခဲ့တယ်။
"ညီလေးချောင် ငါတို့ သူ့ကို မတွေ့ဘူး"
ဤသတင်းကြောင့် ဆရာချောင် ရဲ့ မျက်နှာက ပို၍ မည်းမှောင်သွားသည်။ "အဲ ခွေးမနဲ့ ဒီကောင်တွေကို ရှာစမ်း။ အပြင်မှာ မှောင်နေတယ်၊ ဒီအဆောက်အဦးထဲမှာ ပုန်းနေရမယ်၊ အဝေးကို မသွားနိုင်ဘူး" လို့ အော်ဟစ်ရင်း သူ့လက်သီးတွေကို ဆုပ်ထားလိုက်တယ်။
"ဟုတ်ကဲ့"
သူ့စကားကိုကြားတာနဲ့ ထိုယောက်ျားကလည်း တခြားသူတွေကို နှိုးဖို့ ပြေးသွားတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ့ ဆရာချောင် ရဲ့ အဖွဲ့က အဆောက်အဦးတစ်ခုလုံးကို ထောက်လှမ်းပြီး ပိုင်ရီကျီး ရဲ့ အဖွဲ့ကို ရှာဖွေတယ်။
ထိုအဖွဲ့က ရှာဖွေနေစဉ်တွင် ကျိူးလီဇီ ပိုင်ရီကျီး နှင့် သူရဲ့အဖွဲ့ကတော့ လင်အန်း တက္ကသိုလ်နှင့် ကီလိုမီတာအနည်းငယ်အကွာဝေးတွေရောက်နေပြီဖြစ်သည်။
ဂျစ်ကားအတွင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သော
ဖုန်းယွင် က မှောင်မဲနေသော ကောင်းကင်ကို မော့ကြည့်ကာ " ရီကျီး တစ်ခုခုမထူးဆန်း နေဘူးလား"
ပိုင်ရီကျီး လမ်းကိုပြန်မကြည့်မီတွင် သူ့ကို ခေတ္တမျှ စိုက်ကြည့်နေလိုက်တယ်။ ခဏအကြာတွင် သူက "ငါ ဖုတ်ကောင်တွေ မတွေ့မိဘူး" လို့ ပြောပါတယ်။
ခရီးသည်ထိုင်ခုံမှာထိုင်နေတဲ့ ဖုန်းယွင် က ပြတင်းပေါက်ကို လှမ်းကြည့်လိုက်ပြီး "ကောင်းကင်မှာ တိမ်တွေဖုံးနေတယ်၊ မိုးရွာမဲ့ပုံရတယ်"
နောက်ထိုင်ခုံတွင် မြေကြီးအမျိုးအစား စွမ်းရည်အသုံးပြုသူ လော်ကျင့် က "မိုးရွာတာ မကောင်းဘူးလား။ ကျွန်တော်တို့ရဲ့ ရိက္ခာတွေကို ယူသွားခံရပြီးပြီ။ မိုးရွာရင် အနည်းဆုံးတော့ သောက်ရေကို စုဆောင်းနိုင်မှာပါ" လို့ ပြောလာတယ်။
ပိုင်ရီကျီး က သူတို့ရဲ့ စကားများကို ကြားသောအခါ တိတ်ဆိတ်နေခဲ့သည်။ ကျိူးလီဇီ ရဲ့အစောပိုင်းတုံ့ပြန်မှုကို သုံးသပ်ကြည့်ရလျှင် ဤမိုးရွာခြင်းက ကောင်းသောကိစ္စမဟုတ်ပေ။ သူ့ရင်ဘတ်ထဲက ဖိနှိပ်ခံရတဲ့ ခံစားချက်က စက္ကန့်ပိုင်းလောက်အတွင်း ပိုလေးလာတယ်။
ကျိူးလီဇီ ရဲ့ စကားကိုလိုက်နာခြင်းသည် ရှင်သန်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း သူ့ဗီဇက ပြောပြနေသည်။ ထို့ကြောင့် သူစုဆောင်းရန်အတွက် အသက်စွန့်၍ စွန့်စားခဲ့ရသော ရိက္ခာများကို စွန့်လွှတ်ကာ သူမရဲ့ အစီအစဉ်အတိုင်း လိုက်လျှောက်ရန် မတွန့်ဆုတ်ခဲ့ပေ။
ထိုအတောအတွင်း ရှေ့ကားရှိ ကျိူးလီဇီ သည် မြို့တွင်းမှ အမိုးအကာများကို ရှာဖွေရန်အတွက် ပတ်ဝန်းကျင်ကို စစ်ဆေးနေသည်။ ကားမောင်းရင်း သူမ နာရီကို စိုက်ကြည့်နေတယ်။ ညသန်းခေါင်လောက်ရှိနေပြီ သူမမှာ အချိန်သိပ်မကျန်တော့ဘူး။
ငါးမိနစ်အကြာမှာတော့ သူမဟာ သုံးထပ် စားသောက်ဆိုင်တစ်ခုကို တွေ့လိုက်ရပါတယ်။ မဆိုင်းမတွဘဲ ကားဘီးကိုလှည့်ကာ ကားပါကင်ထဲသို့ မောင်းဝင်ခဲ့သည်။
ဒါကိုမြင်တော့ ပိုင်ရီကျီး နှင့် လီယောင် ကလဲ သူမအနောက်ကနေ လိုက်လာခဲ့တယ်။
သူမကားရပ်လိုက်ပြီးတာနဲ့ ကျိူးလီဇီ သည် အင်ဂျင်ပိတ်ကာ သော့ကိုဆွဲထုတ်လို့ သူမနေရာလွတ်ထဲမှာ လျှို့ဝှက်ခန်းနှင့် နောက်ထိုင်ခုံဆီရှိရိက္ခာများအားလုံးကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူမ ထွက်လာပြီး "အထဲက ပစ္စည်းတွေ ကူရွှေ့ပေးပါလား" လို့ ပြောလိုက်တယ်။