အခန်း (၄၀)
Vol. 3 Ch. 40
အခန်း-(၄၀)
သူမတောင်းဆိုတာကိုကြားတော့ ပိုင်ရီကျီး နဲ့ သူ့အဖွဲ့ဟာ ရိက္ခာတွေကို အလျင်အမြန် သယ်ကူလိုက်တယ်။ နားမလည်နိုင်သော အရေးတကြီးခံစားချက်က သူတို့ကို ပိုမြန်အောင် တွန်းပို့နေတယ်။
ရိက္ခာတွေသယ်ပြီးတာနဲ့ ကျိူးလီဇီ က ကားကိုဖုံးဖို့အတွက် တစ်ခုခုကိုရှာဖို့ သွားခဲ့တယ်။ ဒါကိုမြင်တော့
ပိုင်ရီကျီး က နောက်ကလိုက်လာပြီး "ဘာရှာနေတာလဲ"
“ကားကို ဖုံးထားစရာတစ်ခုလိုတယ်” လို့ ဧရိယာကို ရှာဖွေနေ ရင်း ပြန်ဖြေတယ်။
သူမသည် အဆောက်အဦးဘေးသို့ လျှောက်သွားတော့ လမ်းကြားရှိ အမှိုက်ပုံးများကို တွေ့လိုက်ရသည်။ စွန့်ပစ်ထားသော အမှိုက်များထဲတွင် သေတ္တာများ၊ စုတ်ပြဲနေသော အထည်များနှင့်—အရေးအကြီးဆုံးမှာ- တာပေါ်လင်အချို့ကို တွေ့ရသော်လည်း အချို့မှာ အပေါက်ငယ်များ ရှိနေသည်။
သူမက သူတို့ကို အမြန်ဆွဲထုတ်ပြီး "စီနီယာ ငါ့ကို ကူညီပါအုံး" လို့ပြောလိုက်တယ်။
ပိုင်ရီကျီး အနေနဲ့ သူမ အဘယ်ကြောင့် ဤမျှ တင်းတင်းကျပ်ကျပ်လုပ်နေတာကို နားမလည်သော်လည်း တာပေါ်လင်များကို သယ်ဆောင်ရန် ကူညီပေးနေဆဲဖြစ်သည်။ သူတို့နှစ်ယောက် ကားတွေကို ဖုံးအုပ်နေစဉ်တွင် လီယောင် နဲ့ ကျန်သူတွေကတော့ စားသောက်ဆိုင်ကို ရှာဖွေခဲ့ကြတယ်။
မီးဖိုချောင်အတွင်း၌ ရိက္ခာများ အပြည့်ထည့်ထားတာကို တွေ့လိုက်ရသည်။
"ကောင်းတာက ဒီမှာ စားစရာရှိသေးတယ်။ မဟုတ်ရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်" ဟု ချူကျိမြောင် က ပြောပြီး လေကို သက်တောင့်သက်သာ ရှူထုတ်လိုက်သည်။
ရေငတ်သလိုခံစားလိုက်ရပြီး လီယောင် က သူ့နှုတ်ခမ်းခြောက်တွေကို လျှာနဲ့သပ်လိုက်ပြီး " မြောင်မြောင်၊ မင်း ငါတို့ကို ရေနည်းနည်းလောက်ပေးဖို့ သက်သာလာပြီလား" လို့ မေးလိုက်တယ်။
ချူကျိမြောင် က သူ့အခြေနေကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ "ငါ ရလောက်တယ်"
ဒါကိုကြားတော့ လီယောင် ရဲ့ မျက်လုံးများက တောက်ပလာသည်။ သန့်ရှင်းသော ခွက်တစ်ခွက်ကို အလျင်အမြန်ရှာတွေ့သွားပြီး "တစ်ခွက်နှစ်ခွက်လောက်ပဲ့ ပေးလိုက်ပါ။ ကိုယ့်ကိုကိုယ် အရမ်းတွန်းအားမပေးပါနဲ့"
"ကောင်းပြီ"
သူမသည် ခွက်အထက်တွင် လက်ညိုးကို နေရာချကာ သူမရဲ့ စွမ်းအင်ကို အာရုံစိုက်လိုက်သည်။ တဖြည်းဖြည်းနဲ့ ရေစီးကြောင်းလေးတစ်ခုက ခွက်ထဲကို စီးကျလာတယ်။
သို့သော်လည်း သူမရဲ့ စွမ်းအင်က အပြည့်အဝ ပြန်လည်ကောင်းမွန်မလာသေးဘဲ သူမရဲ့ခန္ဓာကိုယ်တွင်းရှိ အဆိပ်များသည် ဆက်လက်တည်ရှိနေကာ သူမရဲ့အမြုတေ ကို ပိတ်ဆို့ထားသည်။ ယခုအခါ သူမရဲ့ စွမ်းရည်ကို အသုံးပြုလိုက်တာကြောင့် မရေမတွက်နိုင်သော အပ်များ က သူမရဲ့ ဦးခေါင်းခွံကို ထိုးဆွနေသလို ခံစားရတယ်။ ခွက်တစ်ဝက်ပြည့်သွားသောအခါတွင် ချွေးအေးများက သူမရဲ့နဖူးကို ဖုံးလွှမ်းသွားသည်။
ဒါကိုမြင်တော့ လီယောင် က စိုးရိမ်တကြီးနဲ့ " မြောင်မြောင်၊ ရပ်လိုက်၊ လုံလောက်ပြီ"
ချူကျိမြောင် က ရပ်တန့်သွားပြီးပြန်လှည့်ကြည့်လိုက်တော့ သူမခန္ဓာကိုယ်က မူးဝေကာတယိမ်းတယိုင်ဖြစ်သွားသည်။
လီယောင် သည် သူမကို တည်ငြိမ်စေရန် လျင်မြန်စွာ လက်ဆွဲပြီး " မြောင်မြောင်"
အသက်ရှုကိုထိန်းလိုက်ပြီး ခွက်ကို ကမ်းပေးကာ "နေကောင်းပါတယ် အရင်သောက်လိုက်ပါ"
လီယောင် က ယူလိုက်ပေမယ့် နှုတ်ခမ်းကို စေ့ထားပြီး "မင်းအရင်သောက်ပါ" လို့ပြောလိုက်တယ်။
ချူကျိမြောင် က တုံ့ဆိုင်းနေပြီးမှ အငုံသေးသေးလေးသောက်လိုက် ပြီး ပြန်မပေးခင် “မင်းလည်း သောက်သင့်တယ်” လို့ပြောလိုက်တယ်။
ဤတစ်ကြိမ်တွင် လီယောင် က မငြင်းဘဲ ရေတစ်ငုံသောက်လိုက်သည်။ ရေကအကန့်အသတ်ရှိသောကြောင့် လူတစ်ဦးစီသည် တစ်ကျိုက်မျှသာသောက်ပြီး ပိုင်ရီကျီး အတွက် အချို့ကို ချန်ထားခဲ့သည်။ သူတို့ ပင်မဧရိယာသို့ ပြန်ရောက်သောအခါတွင် ကျိူးလီဇီ နှင့် ပိုင်ရီကျီး တို့က စားသောက်ဆိုင်ထဲသို့ ဝင်နေပြီဖြစ်သည်။
သူတို့ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာတွေကို မြင်တော့ ကျိူးလီဇီ က "အစာနဲ့ရေ ရှိတယ်။ အားအင်တွေကို ကူညီဖြည့်တင်းပေးလိမ့်မယ်"
သူမစကားကိုကြားတော့ ချီတုံချတုံဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ရိက္ခာတွေရှိရင်တောင်မှ အားလုံးက ကျိူးလီဇီ ရဲ့ဟာ ပဲ့လေ။ ခွင့်မပြုဘဲ ယူသွားတာက မမှန်ဘူးလို့ ထင်ပါတယ်။
သူတို့ရဲ့ အတွေးအမြင်တွေကို နားလည်ပြီး
ပိုင်ရီကျီး က "မင်းယူထားတာကို မှတ်ထားလိုက်ရုံပါပဲ့။ ထောက်ပံ့မှုတွေ ထပ်ရှာတွေ့တဲ့အခါ သူ့မကို ပြန်ပေးမှာပါ"
"အစ်ကို ပိုင် မီးဖိုချောင်မှာ စားစရာရှိတယ်။ ငါတို့ ရေနည်းနည်းပဲလိုတယ်" ဟု ချူကျိမြောင် က ပြောသည်။
"ဒါဆို မင်းလိုအပ်တာကို ယူသွား" ကျိူးလီဇီ က ပြတင်းပေါက်များနှင့် လေဝင်လေထွက်ပိုက်များကို စစ်ဆေးနေရင်း ပြန်ပြောသည်။
"ကျေးဇူးတင်ပါတယ်" ချူကျိမြောင် ကပြောလိုက်တယ်။
သူမခွင့်ပြုချက်ဖြင့် ရေအချို့ကိုရယူပြီး ချက်ပြုတ်ပါတော့တယ်။ လျှပ်စစ်မီးမရှိသော်လည်း မီးဖိုများက ဂတ်စ်များပွင့်ကာ ထမင်းဟင်းချက်နိုင်သည်။
ထိုအချိန်တွင်၊ ကျိူးလီဇီ က တိပ်များကို ရှာဖွေခဲ့ပြီး ရေစီးကြောင်းများ၊ အပေါက်များနှင့် ပြတင်းပေါက်များကို စတင်ပိတ်ခဲ့သည်။ ပထမထပ်ကို ပိတ်ပြီးတာနဲ့ ဒုတိယထပ်ကို ပြောင်းသွားတယ်။
တံခါးကိုဖွင့်လိုက်ပြီးတော့ သူမ ခဏတဖြုတ် အံ့အားသင့်သွားသည်—ဤအထပ်တစ်ခုလုံးက သိုလှောင်ခန်းဖြစ်သည်။ ဒီစားသောက်ဆိုင်က ဘာဂါနှင့် ပီဇာများကို အထူးပြုထားသောကြောင့် ရိက္ခာအအများစုတွင် ဂျုံမှုန့်၊ စည်သွတ်အစားအစာ၊ ဒိန်ခဲနှင့် ဝက်အူချောင်းများ ပါဝင်ပါသည်။
မဆိုင်းမတွဘဲ ပြတင်းပေါက်များနှင့် လေဝင်လေထွက်များကို အလုံပိတ်ခြင်းမပြုမီ၌ သူမရဲ့နေရာလွတ်ထဲ အရာအားလုံးကို အရင်သိမ်းဆည်းခဲ့လိုက်သည်။ ထို့နောက်တော့ တတိယထပ်သို့ တက်သွားခဲ့တယ်။
ဤအထပ်သည် စားပွဲများ၊ ကုလားထိုင်များ၊ စာရေးကိရိယာများနှင့် ဆိုဖာအစုံပါရှိသော ရုံးခန်းဖြစ်သည်။ သူမက နေရာကို လုံး၀မပိတ်မီတွင် အရာအားလုံးကို သိမ်းဆည်းခဲ့လိုက်သည်။ အပေါက် မရှိကြောင်း သေချာပြီးနောက်တွင် ညသန်းခေါင်မှ နှစ်မိနစ်အတွင်း၌ သူမရဲ့နာရီကိုသာ စောင့်ကြည့်နေခဲ့သည်။
ပြတင်းပေါက်နားမှာ ရပ်ပြီး ကောင်းကင်ကို မော့ကြည့်ရင်း '၅၊ ၄၊ ၃၊ ၂၊ ၁... ဒီအချိန်ပဲ့' ဆိုပြီး ခေါင်းငုံ့ပြီး ရေတွက်တယ်။
နောက်အခိုက်အတန့်တွင် မိုးခြိမ်းသံများက ကောင်းကင်ကို ဖြတ်၍ တောက်ပသော လျှပ်စီးလက်မှုများဖြင့်လင်းလက်လာကာ ခဏကြာတော့ မိုးရေစက်တွေ ကျလာတယ်။
အပြင်ဘက်တွင် လေပြင်းများ တိုက်ခတ်လာသဖြင့် မိုးက ပိုမို ပြင်းထန်လာကာ ပြတင်းပေါက်များဆီသို့ တဖွဲဖွဲကျလာသည်။ ကျိူးလီဇီ က အေးခဲနေပြီး မတ်တပ်ရပ်ကာ ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေသည်။
'ဒီမုန်တိုင်းပြီးရင် ကမ္ဘာကြီးက ပိုအန္တရာယ်များလာမယ်' ဟု သူမရဲ့ အတွင်းစိတ်က တွေးလိုက်မိတယ်။
တစ်ချိန်တည်းမှာပင် တောင်လမ်းတစ်လျှောက်ရှိ အိမ်ကြီးတစ်ခုဤ ကျင်းရွှီယန်း သည် ပြတင်းပေါက်ဘေးတွင် ရပ်ကာ မိုးကို မျက်မှောင်ကြုတ်ကာ ကြည့်နေတယ်။ အချိန်အတော်ကြာခဲ့ပြီဆိုတော့ ဒီမိုးရွာတာကို သူ မေ့လုနီးပါးဖြစ်နေပြီ။
လှည့်ထွက်သွားပြီးတော့ သူ့အဖွဲ့ကို တစ်ယောက်ပြီးတစ်ယောက် မြန်မြန်နှိုးလိုက်တယ်။ ငါးမိနစ်လောက်ကြာတော့ အားလုံးက ဧည့်ခန်းထဲမှာ သူ့အမိန့်ကို စောင့်နေကြတယ်။
သူတို့ရှေ့မှာ ရပ်နေတဲ့ ကျင်းရွှီယန်း က "မင်းတို့သုံးနိုင်တဲ့ တိပ် ဒါမှမဟုတ် တခြားအရာတွေကို ရှာပါ—မြောင်းတွေ၊ ပိုက်တွေ၊ ရေပိုက်တွေ၊ ပြတင်းပေါက်တွေ၊ တံခါးတွေကို အလုံပိတ်ထားပါ။ ကွက်လပ်တွေ၊ အပေါက်တွေမရှိအောင် သေချာလုပ်"
အဖွဲ့သားနှစ်ယောက်က လက်ထောင်ပြပြီး တစ်ယောက်က "ဗိုလ်ကြီး၊ ကျွန်တော်နဲ့ အစ်ကို နှစ်ယောက်စလုံးက သတ္တုအမျိုးအစား စွမ်းရည်တွေ ရှိတယ်။ မြောင်းတွေ၊ ပိုက်တွေ၊ ရေပိုက်ခေါင်းတွေကို ပိတ်ပစ်နိုင်တယ်" ဟု ပြောသည်။
ကျင်းရွှီယန်း က ခေါင်းညိတ်ပြီး "ကောင်းပြီ၊ ငါ မင်းတ်ု့ကို ခွင့်ပြုမယ်"
ထို့နောက် ကျန်သူများဘက်သို့ လှည့်ကာ "ကျန်တဲ့သူတွေက ဝမ်မိုနဲ့ ဝမ်ကိုင်ကို ကူညီပေးပြီးထောင့်တိုင်းကို သေချာစစ်ဆေးပါ"
စစ်သည်များက လေးလေးမက်နက် မတ်တပ်ရပ်ပြီး "ဟုတ်ကဲ့ ဗိုလ်ကြီး"
မဆိုင်းမတွဘဲ သူတို့အလုပ်တွေကို စနစ်တကျ ထမ်းဆောင်ဖို့ လမ်းခွဲလိုက်ကြပြီး ကျန်းယွမ် ကတော့ ဧည့်ခန်းထဲမှာ ကျင်းရွှီယန်း နဲ့ နေခဲ့တယ်။
ကျန်းယွမ် ကတော့ ဗိုလ်ကြီး ရဲ့ တင်းမာနေသောအမူအရာကို လေ့လာပြီး စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူက ရှေ့ကို လှမ်းသွားပြီး "ဗိုလ်ကြီး၊ တစ်ခုခု ဆိုးသွားလိမ့်မယ်လို့ မင်း ထင်လား" ဟု မေးသည်။
ကျင်းရွှီယန်း သည် မုန်တိုင်းအဖြစ်သို့ လျင်မြန်စွာပြောင်းလဲလာသောမိုးကိုကြည့်ကာ " ကျန်းယွမ် ဒီမိုးက တစ်ခုခုမှားနေပြီထင်တယ် လူတိုင်းအိမ်ထဲမှာနေပါ။ မိုးရေကိုဘယ်သူမှမထိရဘူး" လို့ပြောလိုက်တယ်။
ကျန်းယွမ် သည် နားမလည်သော်လည်း ချက်ချင်း ခေါင်းညိတ်ကာ "နားလည်ပြီ" ဟု ပြန်ဖြေတယ်။
သူ လှည့်ထွက်သွားစဉ်တွင် ကျင်းရွှီယန်း က "သူတို့ရဲ့ ကိုယ်အပူချိန်ကို နာရီဝက်တိုင်း စစ်ကြည့်ပါ။ တစ်ယောက်ယောက်က အဖျားတက်ရင် သီးခြားအခန်းမှာ ခွဲထားပြီး ငါ့ကို သတင်းပို့ပါ"