← Chapters

အခန်း (၄၁)

Vol. 3 Ch. 41

အခန်း (၄၁)

Vol. 3 Ch. 41

အခန်း-(၄၁)

‎ကျန်းယွမ် က အမိန့်ကို ကြားလိုက်သောအခါ အံ့အားသင့်သွားပြီး မျက်လုံးများ တဖျတ်ဖျတ်ဖြစ်သွားတယ်။ ဓာတ်ဆီဆိုင်မှာ ဖြစ်ပျက်ခဲ့တာတွေကို သတိရပြီးနောက် ကြောက်စရာကောင်းတဲ့ အရာတစ်ခု ပေါ်လာတော့မှာကို ခံစားလိုက်ရတယ်။

‎

‎

‎ခိုင်မာစွာ ခေါင်းညိတ်ရင်း လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ရန် ထွက်ခွာသွားခဲ့သည်။

‎

‎

‎ကျင်းရွှီယန်း ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။ ထိုနေရာ၌ မတ်တပ်ရပ်လျက် လက်သီးများကို ကျောနောက်ဖက်တွင် တင်းတင်းဆုပ်ထားတယ်။ မုန်တိုင်းက အပြင်ဘက်တွင် ပြင်းထန်လာပြီး ဖုတ်ကောင်များ၏ အော်သံကိုလည်း မကြားရပေ။ ကမ္ဘာပျက်ကပ်မစခင်အချိန်ကို ပြန်ရောက်သွားသလိုပဲ့။

‎

‎

‎သူပုံစံက တည်ငြိမ်ပြီးရင်း တည်ငြိမ်နေပေမယ့် အဲဒီအချိန်မှာ သူဘာတွေ တွေးနေလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး။

‎

‎

‎တစ်နာရီလောက်ကြာတော့ စစ်သားတွေက ဧည့်ခန်းထဲကို ပြန်ဝင်လာကြတယ်။ ကျန်းယွမ် က ကျင်းရွှီယန်း ထံ လျှောက်လာပြီး "ဗိုလ်ကြီး ပြီးပြီ" ဟု သတင်းပို့တယ်။

‎

‎

‎ကျင်းရွှီယန်း က သူ့အဖွဲ့ကို လှည့်ကြည့်လိုက်သည်။ ဒီတစ်ခါတော့ သူတို့ထဲက ဘယ်နှစ်ယောက် အသက်ရှင်မယ်ဆိုတာ မသေချာဘူး။ ခဏလောက် ခေါင်းငုံ့လိုက်ပြီး သူ့ရင်ထဲမှာရှိတဲ့ ခံစားချက်မုန်တိုင်းတွေကို ဖုံးကွယ်ထားလိုက်တယ်။ မော့ကြည့်လိုက်တဲ့အချိိန်မှာတော့ သူ့အမူအရာက ငြိမ်သက်သွားပြီ။

‎

‎

‎"မိုးရွာလို့မပြီးမချင်း ငါတို့ဒီမှာနေမယ်။ အခုအချိန်ကစပြီး လူတိုင်းက ကိုယ်အပူချိန်ကို နာရီဝက်တိုင်း စစ်ဆေးရမယ်။ နေမကောင်းဘူးဆိုရင် ချက်ချင်းသတင်းပို့ပါ" ဟု လေးနက်စွာပြောသည်။

‎

‎

‎စစ်သားများသည် သူ့စကားကြားသောအခါ မသေချာသော အကြည့်များဖလှယ်ကြတယ်။ ခဏအကြာတွင် ဝိန့်ခိုင် က "ဗိုလ်ကြီး၊ ကျွန်တို့ဘာဆက်လုပ်ရမလဲ" လို့မေးတယ်။

‎

‎

‎"အိပ်ရာဝင်ပါ"

‎

‎

‎အဖြေက သူတို့ကို ထိတ်လန့်စေတယ်။ ကမ္ဘာက သက်ရှိငရဲကြီးအဖြစ်သို့ ပြောင်းလဲသွားပြီးကတည်းက ဖုတ်ကောင်များသည် လမ်းများပေါ်တွင် ပြေးလွှားနေသဖြင့် သူတို့ရဲ့ ကပ္ပတိန်က ယင်းကဲ့သို့ အမိန့်ပေးခဲ့ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

‎

‎

‎ကျင်းရွှီယန်း က သူတို့ရဲ့ တုံ့ဆိုင်းမှုနှင့် သံသယများကို သတိပြုမိသော်လည်း ရှင်းပြရန် နည်းလမ်းမရှိပေ။ ဤမိုးရွာပြီးနောက် အိပ်မက်ဆိုးကာလကို ဖြတ်သန်းခဲ့ရသူများသာ— အိပ်စက်ခြင်းသည် ရှားပါးတဲ့ဇိမ်ခံမှုတစ်ခုဖြစ်ကြောင်း နားလည်နိုင်မည်ဖြစ်သည်။

‎

‎

‎သူ့စိတ်ထဲတွင် ရင်းနှီးသောပုံရိပ်တစ်ခု ပေါ်လာပြီး လက်သီးများကို ဆုပ်ထားလိုက်မိတယ်။ အသက်ပြင်းပြင်းရှူရင်း သူ့ရင်ထဲမှာ တိုးလာတဲ့ စိုးရိမ်စိတ်ကို တွန်းထုတ်လိုက်တယ်။

‎

‎

‎ယခုအချိန်တွင် သူလုပ်နိုင်သမျှကတော့ သူမဘေးကင်းဖို့ မျှော်လင့်ချက်ထားပြီး လင်အန်း တက္ကသိုလ်ကို အချိန် မနှောင်းမီတွင်အရောက်သွားရန်သာဖြစ်သည်။

‎

‎

‎တစ်ချိန်တည်းမှာပင် လင်အန်း တက္ကသိုလ်၏ ဟောပြောပွဲခန်းမ၌ ကျောင်းသားများက မိုးရွာနေသည် ကိုတွေ့သောအခါ ဝမ်းသာအားရဖြစ်သွားကြတယ်။

‎

‎

‎ဆရာချောင် သည် ပိုင်ရီကျီး နှင့် သူ့အဖွဲ့မှ တွေ့ရှိသော ရိက္ခာများကို သယ်ယူသွားပြီး ကျန်သူများကို နေ့တိုင်း ရေခွက်တစ်ဝက်နှင့် ဘီစကွတ်ဗူးအနည်းငယ်သာ ပေးသည်။ သူ့က တွန့်တိုနေပြီး ရေနှင့် အစာအားလုံးကို သူ့အတွက်သာ သိမ်းထားချင်ကြသည်ဟု အားလုံးကထင်မြင်ကြတယ်။

‎

‎

‎အမှန်က ချူကျိမြောင် ရဲ့ ရေအမျိုးအစားစွမ်းရည်ကြောင့် ပိုင်ရီကျီး နှင့် သူ့အဖွဲ့က အစာရရှိရန်သာ အာရုံစိုက်ကာ ရေအနည်းငယ်သာပြန်ယူလာခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် ဆရာချောင် ရဲ့အဖွဲ့သည် ရေကိုအလိုအပ်ဆုံးဖြစ်တယ်။

‎

‎

‎ကျောင်းသားတွေရဲ့ ထင်မြင်ချက်တွေကို သတိပြုမိတော့ ဆရာချောင် က မျက်လုံးတွေကို ကျည်းမြောင်းထားလိုက်ပြီး "အစ်ကို ယောင်း ငါတို့မှာ ရေဘယ်လောက်ရှိတယ်ဆိုတာ သွားကြည့်စမ်းပါ။ ပြီးတော့ မိုးရေစုဆောင်းဖို့ ဘူးအလွတ်တချို့ ပြန်ယူလာခဲ့"

‎

‎

‎သူ့ကိုစကားကြားတော့ အစ်ကိုယောင်း က ခေါင်းညိတ်ပြီး " ပိုင်ရီကျီး နဲ့ သူ့သူငယ်ချင်းတွေကိုကော ဘယ်လိုလဲ" လို့ မေးတယ်။

‎

‎

‎ဆရာ ချောင် က လှောင်ပြောင်ပြီး "သူတို့ ထွက် ပြေးသွားတဲ့အတွက် သူတို့ကို နှောက်ယှက်စရာ မလိုဘူး။ သူတို့ တစ်ရက်လောက် ငတ်နေခဲ့တယ်။ ငါတို့ဆီကနေ ပြေးနိုင်ရင်တောင်မှ အကြာကြီး ရှင်သန်နိုင်ဖို့ အာမခံချက်က မရှိဘူး။ မုန်တိုင်းနဲ့ ဖုတ်ကောင်တွေနဲ့ ဆိုတော့ အစာရှာဖို့က ခက်လိမ့်မယ်"

‎

‎

‎ညီအစ်ကိုယောင်း က ခေါင်းညိတ်ပြီး “ဒါဆို ဘူးအလွတ်တွေရှာပြီး မိုးရေစုဆောင်းဖို့ ညီအစ်ကိုတွေကို အကြောင်းကြားလိုက်မယ်"

‎

‎

‎ဟောပြောခန်းမှ ထွက်သွားပြီးနောက်တွင်တော့ အစ်ကိုယောင်း က ဝန်ထမ်းအနားယခန်းသို့ လျှောက်သွားပြီး တံခါးကိုဖွင့်လိုက်သည်။ တံခါးဖွင့်လိုက်တဲ့အခိုက်မှာပဲ့ သူ အံ့ဩသွားတယ်။ အခန်းက ဗလာဖြစ်နေပြီး နံရံတွေနဲ့ ကြမ်းပြင်ပေါ်မှာ ဖုန်မှုန့်တွေကလွဲ တခြားဘာမှ မရှိတော့ဘူး။

‎

‎

‎အထဲကို ပြေးဝင်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ ပစ္စည်းတွေအကြောင်းပြောစရာမလိုလောက်အောင်ပဲ့ ဘီစကစ်တစ်စွန်းတစ်စတောင် မကျန်တော့ဘူး။

‎

‎

‎ရိက္ခာတွေမရှိရင် သူတို့မှာ ရက်ရှည် ရှင်သန်နိုင်ဖို့ နည်းလမ်းက မရှိတော့ဘူး။ ရေရှိသော်လည်း အစာရှာရန် အပြင်ထွက်ရသေးသည်။ အပြင်မှာရှိတဲ့ အန္တရာယ်တွေအကြောင်းတွေးရင်း သူ့မျက်နှာက ဖြူဖျော့သွားပြီး သတင်းပို့ဖို့ အမြန်ပြန်သွားခဲ့တယ်။

‎

‎

‎

‎ဟောပြောပွဲခန်းမသို့ ပြန်ရောက်သောအခါ လျင်မြန်သောခြေလှမ်းများဖြင့် ဆရာချောင်ထံ လျှောက်သွားခဲ့သည်။

‎

‎

‎မျက်နှာဖြူဖျော့ဖျော့နှင့် ထိတ်လန့်တကြားဖြစ်နေသည်ကို သတိပြုမိသောအခါ ဆရာချောင်က မျက်မှောင်ကြုတ်ကာ "ဘာဖြစ်နေတာလဲ"

‎

‎

‎အစ်ကိုယောင်း က ငုတ်တုတ်ထိုင်ပြီး "ညီလေးချောင် ပစ္စည်းတွေ ကုန်သွားပြီ" ဟု တိုးတိုးလေးပြောသည်။

‎

‎

‎ဒီစကားကိုကြားတာနဲ့ ဆရာ ချောင် က ထရပ်လိုက်ပြီး "မင်းဘာပြောလိုက်တာလဲ"

‎

‎

‎သူ့အော်သံကြားတော့ ကျောင်းသားတွေက သူ့ကို သံသယစိတ်တွေနဲ့ လှည့်ကြည့်လာကြတယ်။

‎

‎

‎ဆရာ ချောင် က ဒါကိုမြင်ပြီး အသံလျှော့လိုက်တယ်။ "ဘယ်လိုလုပ်ပြီးတော့ ပစ္စည်းတွေ အများကြီးက ပျောက်ကွယ်သွားတာလဲ"

‎

‎

‎“အစ်ကို ချောင် ၊ ပိုင်ရီကျီး နဲ့ သူ့အဖွဲ့က ရိက္ခာတွေ ယူသွားနိုင်တယ်” ဟု အစ်ကို ယောင်း က ဆိုသည်။

‎

‎

‎"မဖြစ်နိုင်ပါဘူး၊ သူတို့ယူချင်ရင်တောင် ဘယ်မှာဝှက်ထားလဲဆိုတာတော့ သူတို့မသိဘူး။ ဒါတင်မကဘူး၊ သူတို့ကပစ္စည်းတွေကို အပေါက်ဝကနေ သယ်ထုတ်ရမှာ၊ အဲဒါတွေကို ငါတို့ သတိထားမိမှာပဲ့" လို့ ဆရာ ချောင် က မျက်မှောင်ကြုတ်ပြီး ပြန်ပြောတယ်။

‎

‎

‎အကိုယောင်း က "ညီလေး ချောင် ညီမ လု က ငါတို့ကို သစ္စာဖောက်ပြီး ပိုင်ရီကျီး ရဲ့ ရိက္ခာတွေကို ယူဖို့ ကူညီခဲ့တာ ဖြစ်နိုင်လား? မဟုတ်ရင် ဘာလို့ ရုတ်တရက် ပျောက်ကွယ်သွားရတာလဲ" လို့ မမေးခင် သူတို့နှစ်ယောက်စလုံး နှုတ်ဆိတ်သွားကြပါတယ်။

‎

‎

‎သူ့စကားကြားတော့ ဆရာချောင်က အဓိပ္ပါယ်ရှိသွားသလို ခံစားလိုက်ရတယ်။ သူ့စိတ်ထဲမှာ ဒေါသတွေ လျှံတက်လာပြီး "ဒီခွေးမလေးကို ငါတွေ့ရင် သူ့အရေပြားကို ခွာပစ်လိုက်မယ်" ဟု ကျိန်ဆဲလိုက်သည်။

‎

‎

‎"အစ်ကို ချောင် အခု ငါတို့ ဘာလုပ်သင့်လဲ" အစ်ကို ယောင်း က မေးတယ်။

‎

‎

‎အခုချိန်မှာတော့ ထောက်ပံ့ရေးပစ္စည်းတွေရှိလို့သာ ကျောင်းသားတွေကို ထိန်းနိုင်ခဲ့ပါတယ်။ မရှိရင် သူတို့ကို စနစ်တကျ ထိန်းသိမ်းဖို့က ခက်လိမ့်မယ်။

‎

‎

‎ဆရာ ချောင် ရဲ့အဖွဲ့၀င်အများစုသည် အာဏာကိုင်ဆောင်ခြင်း၏ ပျော်ရွှင်မှုကို မြည်းစမ်းပြီးဖြစ်သည်။ မထိတွေ့ဖူးသေးတဲ့ အမျိုးသမီး ကျောင်းသားတွေလည်း အများကြီး ရှိပါ သေးတယ်။ သူတို့ကိုလွတ်မြောက်သွားစေဖို့ကို ဘယ်လိုလုပ်ဆန္ဒရှိနိုင်မလဲ။

‎

‎

‎ခဏအကြာတွင် ဆရာချောင် က "လောလောဆယ် မိုးရေကို တတ်နိုင်သမျှ စုဆောင်းရမယ်။ အစားအသောက်အတွက်တော့ မိုးရွာပြီးရင် အပြင်ထွက်မယ်" လို့ ပြောပါတယ်။

‎

‎

‎အခုအချိန်မှာတော့ သူတို့အတွက် တခြားရွေးချယ်စရာ မရှိတော့ဘူး။ ထို့ကြောင့် အစ်ကို ယောင်း က ခေါင်းညိတ်ပြီး "ကောင်းပြီ" ဟုသာ ပြောနိုင်သည်။

‎

‎

‎သူတို့နှင့် မနီးမဝေးတွင် ထိုင်နေသော ကျောင်းသူလေးက မုန်းတီးမှုအပြည့်နဲ့ အေးစက်သော မျက်လုံးများဖြင့် သူတို့ကို စိုက်ကြည့်နေတယ်။ သူမ သွားများကို အံကြိတ်ကာ နာကျင်နေသော ခန္ဓာကိုယ်ကို ကျောင်းသားအုပ်စုဆီသို့ ဆွဲခေါ်သွားသည်။

‎

‎

‎

‎

‎

All Chapters